Dr. NI

Dr. NI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. NI, Taungoo.

အစက ပုံမှန်ဆရာ၀န်တစ်ဦး
COVID မှာ Online က​နေ အခမဲ့ လူနာကြည့်ပေးတယ်
အမြွှာလေး​တွေ မွေးပြီး​နောက် ၁​ယောက်က ​ရောဂါပါလာ​တော့ ​က​လေးကျန်းမာ​ရေးတင်မက ဦး​နှောက်ဖွံ့ဖြိုး​ရေးနဲ့ ပြန်လည်သန်စွမ်း​ရေး​ပါ ​လေ့လာရဖို့ ဖြစ်လာတယ်
သိတာ​တွေ ဝေ​မျှ​ဖို့ ဒီမှာစာဆက်​ရေးမယ်

က​လေးရဲ့ ဥာဏ်ရည်က မိခင်ဆီက ဆင်းသက်တယ်ဆိုတာ မှန်ရဲ့လား?အများစု လက်ခံယုံကြည်ကြတာရှိတယ်ဥာဏ်ရည်နဲ့ဆိုင်တဲ့ ဗီဇ (gene) ဟာ X c...
21/05/2025

က​လေးရဲ့ ဥာဏ်ရည်က မိခင်ဆီက ဆင်းသက်တယ်ဆိုတာ မှန်ရဲ့လား?

အများစု လက်ခံယုံကြည်ကြတာရှိတယ်
ဥာဏ်ရည်နဲ့ဆိုင်တဲ့ ဗီဇ (gene) ဟာ X chromosome ​ပေါ်မှာ အများအပြားရှိ​တာမို့ က​လေးရဲ့ ဥာဏ်ရည်ဟာ မိခင်နဲ့ ပိုသက်ဆိုင်တယ်ဆိုပြီး

တကယ်​တော့ အဲ့ဒီအဆိုဟာ လွဲ​နေပါတယ်တဲ့
က​လေးတစ်​ယောက် ဥာဏ်ရည် နိမ့်ခြင်း မြင့်ခြင်းကို လွှမ်းမိုးတဲ့ ဗီဇ(gene) မျိုး​ပေါင်း ရာနဲ့ချီ ရှိပါတယ်တဲ့
အကုန်လုံးက X chromosome ​ပေါ်မှာပဲ ရှိတာ မဟုတ်ပဲ အခြား chromosome ​တွေမှာလဲ ရှိပါတယ်တဲ့
ဒါ​ကြောင့် က​လေးရဲ့ ဥာဏ်ရည်ဟာ မိခင်​ရော ဖခင်​ရောနဲ့ မျှတူ သက်ဆိုင်ပါတယ်တဲ့

​နောက်ထပ် စိတ်ဝင်စားဖို့​ကောင်းတာက က​လေးရဲ့ IQ က မိဘဆီက တိုက်ရိုက်မျိုးရိုးလိုက်တာမဟုတ်ပဲ (မိဘ IQ ​ကောင်းတိုင်း က​လေးက IQ ​ကောင်းချင်မှ​ကောင်းမယ်) မိဘရဲ့ အမူအကျင့်​တွေဖြစ်တဲ့
▪︎ စူးစမ်းလိုစိတ်
▪︎ အာရုံစူးစိုက်နိုင်မှု
▪︎ မှတ်ဥာဏ်
▪︎ ဇွဲလုံ့လရှိမှု
▪︎ ​လောကဓံ ခံနိုင်ရည်
စတာ​တွေကသာ မျိုးရိုးလိုက်တာဖြစ်ပြီး ဒီအမူအကျင့်​တွေက က​လေးရဲ့ သင်ယူနိုင်စွမ်းနဲ့ IQ ကို ပုံ​ဖော်သွားမှာပဲ ဖြစ်ပါတယ်

က​လေးက ဘယ်လိုဘယ်ပုံ မိခင်ဝမ်းက ထွက်လာသည်ဖြစ်​စေ မိဘရဲ့ ပျိုး​ထောင်မှု​ပေါ် မူတည်ပြီး ဥာဏ်ရည် အတိုးအ​လျော့ ဖြစ်နိုင်ပါ​သေးတယ်

(၁) က​လေးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့ မိဘမျိုး ( ) နဲ့ဆိုရင် က​လေးဥာဏ်ရည် ပိုဖွံ့ဖြိုးပါတယ်

က​လေးပူဆာသမျှ ဟိုဟာဝယ်​ပေး ဒီဟာ၀ယ်​ပေးတာကို ဆိုလိုတာ မဟုတ်ပါဘူး
ဥပမာ က​လေး နို့ဆာတယ်၊ ရှူး​ပေါက်ချတယ်၊ အ​မှောင်​ကြောက်တယ်, ငို​နေတယ် ဆိုပါစို့
ချက်ချင်းနို့တိုက်တယ်၊ ​သေး၀တ်လဲ​ပေးတယ်၊ ဖက်ထားမယ်၊ ​ချော့သိပ်မယ် စသဖြင့် ဖြည့်ဆည်း​ပေးတဲ့အခါ က​လေးဆီမှာ ချစ်ခြင်း​မေတ္တာခံစားရပြီး oxytocin ​ဟော်မုန်းထွက်ပါတယ်၊ oxytocin က ဦး​နှောက်ကို ပိုဖွံ့ဖြိုးမှု​စေပါတယ်
ဆန့်ကျင်ဘက်အ​နေနဲ့ လျစ်လျူရှုတာ များတဲ့အခါမျိုးမှာကျ​တော့ က​လေးဆီမှာ စိတ်ဖိစီးမှုဖြစ်ပြီး Cortisol လို့​ခေါ်တဲ့ stress hormone ထွက်ပါတယ်၊ Stress က ဦး​နှောက်ဖွံ့ဖြိုးမှုကို ​နှေး​စေပါတယ်

(၂) သင်ယူစရာ များပြားတဲ့ ပတ်ဝန်းကျင် ( ) မှာဆိုရင်လဲ က​လေးဥာဏ်ရည် ပိုဖွံ့ဖြိုးပါတယ်

က​လေးငယ်​တွေက တိုက်တွန်းစရာ မလိုပဲ သူ့အသက်အရွယ်အလိုက် ပတ်ဝန်းကျင်က​နေ အမြဲသင်ယူ​နေတာပါ၊ သင်ယူ​လေ ဦး​​နှောက်ဖွံ့ဖြိုး​လေပါ
"ဟိုဟာမလုပ်နဲ့ ဒီကို မသွားနဲ့" ပိတ်ပင်လွန်းရင် သင်ယူချင်စိတ် ​လျော့ပါတယ်
အချို့မိဘကျ​တော့ က​လေးကို အရုပ်​တွေ​တော့ ဝယ်​ပေးပါရဲ့ ​မွေးပွရုပ်​တွေချည်း အိမ်ခန်းအပြည့်၊ အခြားအရုပ် ဘာမှမရှိ (မည်သူ့မှ မရည်ရွယ်၊ ဥပမာ ​ပြောတာပါ)
အဲ့လိုအဖြစ်မျိုးဆို က​​လေးမှာ သင်ယူစရာ အပ်​ကြောင်းထပ်လာပါမယ်၊ ဒါ​ကြောင့် ​မတူညီတာမျိုး​တွေ ထားရှိ​ပေးသင့်ပါတယ်

(၃) စိတ်လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင် ( ) မှာ ကြီးပြင်းခွင့်ရတဲ့ က​လေးဟာ ဥာဏ်ရည် ပိုဖွံ့ဖြိုးပါတယ်

ဥပမာ ချစ်ခြင်း​မေတ္တာ မရတာ၊ ပူပန်​နေရတာ၊ ကပ်​ဘေးသင့်တဲ့ အရပ်​ဒေသမှာ ​ရောက်​နေတာမျိုး​တွေဆို က​လေးမှာ stress ​ဟော်မုန်းတက်ပြီး ဦး​နှောက်ဖွံ့ဖြိုးမှု ​နှေး​စေပါတယ်။ ဒါ​ကြောင့် ​ရှောင်လွှဲလို့ မရရင်​တောင် မိဘ​တွေက ပူပန်စရာ ကိစ္စ​တွေကို က​လေး​ရှေ့ ​ရှောင်သင့်ပါတယ်

ဆို​တော့ အနှစ်ချုပ်ရရင် က​လေးတစ်​ယောက်ရဲ့ ဥာဏ်ရည်ဟာ မိဘ၂ဖက်လုံးရဲ့ မျိုးရိုးဗီဇ၊ ရှင်သန်ရာ ပတ်ဝန်းကျင်၊ မိဘ​တွေရဲ့ ချစ်ခြင်း​မေတ္တာနဲ့ ပျိုး​ထောင်မှု​တွေ အားလုံးအ​ပေါ် မူတည်ပါတယ်

ပွင့်​သေားပန်းတိုင်း လန်းကြပါ​စေ

Dr. NI
(လွတ်လပ်စွာ share နိုင်ပါတယ်၊ ကူးယူ​ဖော်ပြမည်ဆိုပါက credit to Dr. NI ဟု အပြည့်အစုံ ​ဖော်ပြရပါမည်)

အခုတ​လော ဗိုက်​ခေါက်ထူတာ အမြန်ချတဲ့ mesofat ဆိုတဲ့ "အဆီ​ဖျော်​ဆေး" အ​ကြောင်း စိတ်ဝင်စားလို့ ​လေ့လာကြည့်ဖြစ်ပါတယ်တချို့လဲ...
12/05/2025

အခုတ​လော ဗိုက်​ခေါက်ထူတာ အမြန်ချတဲ့ mesofat ဆိုတဲ့ "အဆီ​ဖျော်​ဆေး" အ​ကြောင်း စိတ်ဝင်စားလို့ ​လေ့လာကြည့်ဖြစ်ပါတယ်
တချို့လဲ တကယ်ဗိုက်ချပ်တယ်​ပြောကြတယ်
တချို့က ခဏ​ပဲခံတယ် ဗိုက်ပြန်ပူတာပဲတဲ့

အဲဒါနဲ့ သိပ္ပံနည်းကျအချက်​တွေ ​လေ့လာရင်း သိလာတာ​လေး​တွေ ​ဝေမျှပါဦးမယ်

🚫 (ကိုယ်ဝန်​ဆောင်၊ နို့တိုက်မိခင်၊ အသည်း​ရောဂါရှင်၊ သည်း​ခြေ​ကျောက်တည်သူများ သက်ဆိုင်ရာ ဆရာ၀န်နှင့်သာ တိုင်ပင်ပါ)

အဆီ​ဖျော်​ဆေးဆိုတာ လက်​မောင်း၊ ​ပေါင်၊ ဗိုက် စတဲ့ အ​ရေပြား​အောက်က အဆီလွှာကို ​အရည်ဖျော်လိုက်တဲ့​ဆေးပါ (အလှအပအတွက်​ပေါ့)
အူကလီစာထဲက အဆီ​တွေ၊ အသည်းအဆီဖုံးတာ​တွေကို​တော့ မ​ဖျော်နိုင်ပါဘူး

⏰️​ ဆေးထိုးပြီး ၁၂-၇၂နာရီအတွင်း အ​ရေပြား​အောက်က အဆီ​တွေဟာ အရည်​ပျော်ပြီး ​(Free Fatty Acid & Glycerol) အသွင်နဲ့ ​သွေးထဲ​ရောက်သွားပါတယ်

⏰️ ​သွေးထဲ​ရောက်ပြီး အဆီ​တွေကို ၅-၇ရက်အတွင်း မြန်မြန်​လောင်ကျွမ်း​​အောင် စွန့်ထုတ်နိုင်​အောင် ကြိုးစားနိုင်ရင် အလှအပ​ရေးရာ ဆရာ၀န်​တွေ ညွှန်းသလို သိသာတဲ့ အာနိသင် ရပါတယ်

မကြိုးစားနိုင်ရင်​တော့ ​သွေးထဲက အဆီ​တွေက အ​ရေပြား​အောက် လွတ်​နေတဲ့​နေရာမှာ ပြန်စုပါတယ်
(​နဂို​နေရာမှာ ပြန်မစုရင်​တောင် အခြား​နေရာ တစ်ခုခုမှာ သွားစုမှာပါ)

အာနိသင် ထိထိ​ရောက်​ရောက်ရဖို့ ၅ရက်အတွင်း လုပ်​ဆောင်သင့်တာ​လေး​တွေ ရှိပါတယ်

■ ​ဆေးထိုးပြီးပြီးချင်း ပထမ ၆နာရီအတွင်း (​ရေဓါတ်ဖြည့်အဆင့်)
🌷 ​ရေ​နွေး​နွေး ၂ဖန်ခွက် ​သောက်ပါ (ပြန်ရည်​ကြော စီးဆင်းအားကောင်းဖို့ လိုအပ်ပါတယ်)
🌷 အိပ်ရာ​ပေါ် ချက်ချင်းလဲ​လျောင်းခြင်း ​ရှောင်ပါ
🌷 ၁၀ မိနစ် အနည်းဆုံး လမ်း​လျှောက်ပါ (​သွေးလည်ပတ်မှုအား​ကောင်းဖို့ လိုအပ်ပါတယ်)

■ ​ဆေးထိုးပြီး ၆-၂၄နာရီအတွင်း (အဆီ​တွေ ​သွေးထဲများများ​ရောက်ဖို့ အဆင့်)
🌷 ​ရေ​နွေးထဲ သံပုရာသီးညှစ်ပြီး​သောက်ပါ (အသည်းက အဆီစွန့်ထုတ်​အောင် လှုံ့​ဆော်ဖို့ပါ)
🌷 Green tea ​သောက်ပါ (အလားတူပါပဲ)
🌷 အနည်းဆုံး နာရီဝက် လမ်း​လျှောက်ပါ (ပြင်းပြင်းထန်ထန် လုပ်စရာ မလိုပါ)
🌷 တစ်​နေ့လုံး လှုပ်လှုပ်ရှားရှား​နေပါ (၁နာရီထက် ပိုကြာ​အောင် ငြိမ်မ​နေပါနဲ့)
🌷 မနက်စာကို ပရိုတိန်းဓါတ်များတာ စားပါ (ဥပမာ - ကြက်ဥ၊ ​ကွေကာအုပ်)
🌷 ​နေ့လည်စာနဲ့ ညစာကို ကစီဓါတ်နည်းတာ၊ အရွက်ပြုတ်၊ မပြည့်ဝဆီ (ဥပမာ အဆီ​ပေါတဲ့ငါး၊ သံလွင်ဆီ၊ ​ထောပတ်သီး၊ အ​စေ့အဆန်) စားပါ
(အဆီချ​နေတာ အဆီစားလို့ ဖြစ်ပါ့မလား ​တွေးနိုင်ပါတယ်၊ အသည်းရဲ့ အဆီစွန့်စနစ် အလုပ်လုပ်​အောင်လို့ မပြည့်၀ဆီနဲ့ မျှား​ခေါ်ရပါမယ်)
🌷 ​ဆေးထိုးထားတဲ့ ​နေရာတစ်​လျှောက်ကို ညင်သာစွာ နှိပ်နယ်ပါ (ပြန်ရည်​ကြောစနစ် အလုပ်လုပ်ဖို့ပါ)
🌷 အသည်းရှိတဲ့ ညာဖက်နံရိုး​အောက်ကို ​ရေ​နွေးအိတ် ကပ်​ပေးနိုင်ပါတယ်

■ ဒုတိယ​နေ့ + တတိယ​နေ့ (အဆီ​​လောင်ကျွမ်းခြင်းနဲ့ ပြန်မစုဖို့ တားဆီးခြင်းအဆင့်)
🌻​ရေဓါတ် များများဖြည့်ရပါမယ် (အနည်းဆုံး ၃လီတာ)
🌻ကစီဓါတ်နည်း၊ အရွက်ပြုတ်၊ မပြည့်ဝဆီပါတဲ့အသား စားရပါမယ် (ပမာဏနည်းနည်းစီနဲ့ ၄နာရီခြား စားနိုင်ရင် ပို​ကောင်း)
🌻 အချို၊ ဆီ​ကြော်၊ fast food၊ အရက် ​ရှောင်ပါ
🌻လှုပ်လှုပ်ရှားရှား​နေပါ၊ လမ်း​လျှောက်ပါ၊
🌻yoga သို့မဟုတ် အသက်ရှူ​လေ့ကျင့်ခန်း အနည်းဆုံး ၁၀ မိနစ်လုပ်ပါ (ပြန်ရည်​ကြော စီးဆင်းအား​ကောင်းဖို့)

■ စတုတ္ထ​နေ့ + ပဥ္စမ​နေ့ (​​သွေးတွင်းအဆီ ရှင်းထုတ်တဲ့​အဆင့်)
🪻​ရှေ့၂ရက်ကလို ​နေထိုင်စား​သောက်လှုပ်ရှားရပါမယ်
🪻Sauna (​ချွေးထုတ် ​ရေချိုးခြင်း) သို့မဟုတ် Epsom salt (ဆားခါး) နဲ့ ​ရေချိုးရပါမယ် (အ​ရေပြားမှ အဆီစွန့်ထုတ်ခြင်း)
🪻Detox ​သောက်ရပါမယ် (သကြားနီဥ + ကြက်သွန်ဖြူ + ဂျင်း + ပန်းပွင့်စိမ်း/ကိုက်လန်/မုန်လာဥ)

■ အပို​ဆောင်းအ​နေနဲ့ ဒီ​ဆေး​တွေ ​သောက်လို့ရပါ​သေးတယ်
🌸 Omega 3 fatty acid (အဆီ​ချေဖျက်)
🌸 L- carnitine (အဆီ​ချေဖျက်)
🌸 Milk thistle (အသည်း အလုပ်လုပ်)
🌸 Magnesium citrate (အူလမ်း​ကြောင်းမှ ပိုစွန့်ထုတ်ဖို့)

အနှစ်ချုပ်ရ​သော် အဆီ​ဖျော်​ဆေးထိုးပြီး ၅ရက်အတွင်း ​သေချာလိုက်နာနိုင်ရင် လ​နဲ့ချီ ကြိုးစားထားသ​လောက် အာနိသင် ရနိုင်ပြီး

မလိုက်နာရင်​တော့ ခဏတာပဲ လှမှာပါ

Dr. Ni

(ခွင့်မ​တောင်းပဲ share နိုင်ပါသည်။ ကူးယူ​ဖော်ပြမည်ဆိုပါက Credit to Dr. Ni ဟု ​ဖော်ပြရပါမည်)

Photo made by AI

သမီးငယ်​လေးနဲ့ စာဖတ်ဝါသနာ 📚📚သမီး​​လေး​တွေက အမြွှာဖြစ်တာ​ရော၊ ​နေ့လမ​စေ့ပဲ ​မွေးတာ​ရော​ကြောင့် ​ဆေးရုံတက်​နေရတာမို့ အသက် ...
21/11/2024

သမီးငယ်​လေးနဲ့ စာဖတ်ဝါသနာ 📚📚

သမီး​​လေး​တွေက အမြွှာဖြစ်တာ​ရော၊ ​နေ့လမ​စေ့ပဲ ​မွေးတာ​ရော​ကြောင့် ​ဆေးရုံတက်​နေရတာမို့ အသက် ၁လခွဲမှ မိသားစုနဲ့ အတူ​နေခွင့်ရ၊ စာစဖတ်ပြ​ပေးဖြစ်ပါတယ်။
ဒါ​ပေမယ့် သမီးငယ်​လေးက အသက်၂လမှာကတည်းက စာအုပ်​တွေကို စိတ်ဝင်စားမှု ပြနေပြီမို့ နည်းနည်း​တော့ ​စောတယ်ထင်ပါတယ်။ (သမီးကြီးက​တော့ ကျန်းမာ​ရေး မ​ကောင်းတာမို့ ဖွံ့ဖြိုးမှုထက် ကျန်းမာ​ရေးကိုပဲ ဦးစား​ပေးဖြစ်ပါတယ်။)
အဓိက​တော့ သူတို့ကိုထိန်း​ပေးတဲ့ဆရာမ​ ​​လေ့ကျင့်​ပေးတာပါ။
ဆရာမရဲ့ သမီးငယ်ကို စာအုပ်​တွေ စိတ်ဝင်စား​အောင် ဆွဲ​ဆောင်ပုံ သ​ဘောကျလို့ ဝေမျှပါဦးမယ်။
လို​တော့လဲ ယူ​ပေါ့။

အဲ့အ​ကြောင်း မ​ပြောခင် theory အ​ခြေခံတစ်ချို့ အရင်​ပြောမယ်​နော်။

ပထမဆုံးအချက်က က​လေး​တွေရဲ့ ဦး​နှောက်က activities ​တွေကို မှတ်သားတဲ့အခါ စိတ်ခံစားမှုနဲ့ တွဲပြီး မှတ်ပါတယ်တဲ့။
နို့စို့တာဖြစ်ဖြစ်၊ ​ဆေးတိုက်တာဖြစ်ဖြစ်၊ ဘယ်အပြုအမူမဆို သူတို့အတွက် ​ပျော်ရွှင်တဲ့ ခံစားချက် ထပ်ခါထပ်ခါ ရမယ်ဆို က​လေးက အဲ့ဒါကို ထပ်ထပ်လုပ်ချင်ပါတယ်တဲ့။
မ​​​ပျော်ရွှင်ရရင်​တော့ တဖြည်းဖြည်း ငြင်းဆန်လာပါတယ်တဲ့။

ဒုတိယအချက်က က​လေး​တွေက စကားရဲ့ အဓိပ္ပါယ်​တွေကို နားမလည်ကြ​သေး​ပေမယ့် ​"လေယူ​လေသိမ်း" ကို​တော့ တအားငယ်လွန်းချိန်မှာ​တောင် ခံစားတတ်​နေကြပါပြီ။

တတိယအချက်က က​လေး​တွေရဲ့ အမြင်အာရုံပါ။
​မွေးစက​နေ ပထမ ၁-၂လ​လောက်မှာ အဖြူနဲ့ အမည်း ၂​ရောင်ပဲ မြင်ရပါ​သေးတယ်၊ အဲ့​နောက်မှာ အနီနဲ့ အစိမ်း၊ ပြီး​တော့ အပြာနဲ့အဝါ၊ တစ်ဖြည်းဖြည်း စုံလာပြီး ၆လပြည့်ခါနီးမှာဆို လူကြီးတစ်​ယောက်လို ​ရောင်စုံ မြင်နိုင်လာတာပါ။
ဒါ​ကြောင့် ကိုယ့်က​လေး သူ့အသက်အရွယ်အလိုက် ​​​ကောင်း​ကောင်းမြင်နိုင်မယ့် အ​ရောင်ကို ​ရွေးချယ်​ပေးနိုင်ရင် သူ ပိုစိတ်ဝင်စားပါတယ်။

​နောက်ဆုံးအချက်က အ​လေ့အကျင့်တစ်ခုဖြစ်လာ​အောင် ​နေ့စဥ်မှန်မှန် လုပ်သွားဖို့ပါ။

သမီး​တွေ ​ဆေးရုံကဆင်းလို့ အိမ်ပြန်​ရောက်​တော့ လုပ်​ပေးဖြစ်တာက black & white flash card ကြည့်ရတာပါ။
Right brain training လို အမြန်ပြတာမျိုး မဟုတ်ပါဘူး။
မျက်လုံးလှုပ်ရှားမှုကြွက်သားနဲ့ ထိန်းချုပ်အာရုံ​ကြော (cranial nerves 3rd ,4th ,6th) ကို ​လေ့ကျင့်ဖို့အတွက် ဖြည်းဖြည်းချင်းပြတဲ့ ​လေ့ကျင့်ခန်းပါ။
တစ်နည်းအားဖြင့် follow objects (အရာဝတ္ထု​တွေ​နောက် လိုက်ကြည့်ခြင်း) ဆိုတဲ့ ဖွံ့ဖြိုးမှု milestone ကို အရင်ဖြည့်တာ​ပေါ့။

Follow objects လုပ်နိုင်တော့ ​ဆရာမက စာအုပ်စဖတ်ပြပါတယ်။
● က​လေး မြင်နိုင်တဲ့ စာအုပ်နဲ့ စပြီး ဖတ်ပြပါတယ်။
(ဥပမာ- ​အိမ်​ရောက်ခါစမှာ အဖြူအမည်း စာအုပ်၊ ​နောက်ပိုင်း နီ စိမ်း ဝါ ပါတဲ့စာအုပ်၊ အခု​တော့ ​​ရောင်စုံ)
● အိပ်ခါနီး စာဖတ်တဲ့အ​လေ့အကျင့်ရဖို့အထိ မရည်ရွယ်​သေးပဲ ​နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် က​လေး စိတ်ကြည်မယ့်အချိန်ကိုပဲ အရင်​ရွေးပါတယ်။
● က​လေး အာရုံစိုက်နိုင်တဲ့ အချိန်ပမာဏ​လောက်ပဲ ဖတ်ပြပါတယ်၊ ​နောက်မှ တဖြည်းဖြည်း တိုးပါတယ်။
● ​နေ့တိုင်းမှန်မှန် ဖတ်ပြပါတယ်။
● သ​ဘောအကျဆုံးက ဆရာမက စာဖတ်ပြတဲ့ ပုံစံပါ။
ဇာတ်မြူးပြဇာတ်တစ်ခုကို ကြည့်​နေရသလိုမျိုး၊
​တော်ကြာ​နေ ရယ်ရလိုက်၊ ​တော်ကြာ​နေ လန့်သွားလိုက်၊ ​လေယူ​လေသိမ်းအမျိုးမျိုးနဲ့ က​လေးက ​မျော​နေ​တာ
တစ်ဖက်ကလဲ ပုံကို လက်နဲ့​ထောက်ပြလိုက်၊ က​လေးဖက် စကားလှည့်​​ပြောလိုက်နဲ့ က​လေးက ​ပျော်​နေ​ရော။

(ကိုယ်​တွေဆို​လေ ဆရာဝန်ပီပီ ​လှေနံဓါးထစ်တာများ!
က​လေးကို ရင်ခွင်ထဲထည့် အနူးညံ့​ဆုံး​လေသံနဲ့ "ဟိုး​ရှေး​ရှေးတုန်းက​လေ" ဆိုပြီး အစချီလိုက်တာနဲ့ က​လေးက ဟိုဖက်လှည့်သွားပြီ၊ ဆက်ဖတ်ပြ​နေလဲ အရူးလိုပဲ၊ က​လေးက စိတ်ကို မ၀င်စား​တော့တာ။)

က​လေးက အသက်၂လ​လောက်မှာ စာအုပ်ကို လိုက်ကြည့် စိတ်ဝင်စားမှု ပြလာပြီး ​​နောက်​တော့ စာဖတ်ပြရင် တအား​ပျော်ပါတယ်၊ စိတ်ဝင်တစား လိုက်ကြည့်နိုင်တာ ၁၅မိနစ်​လောက်ကို အသာ​လေးပါ၊ ဘယ်သူပဲ ဖတ်ပြပြလဲ ရသွားပါတယ်။
ဝါသနာ အစပျိုးတာ​လေးတစ်ချက်​ပေါ့။

စာလုံး​တွေ၊ ဝါကျ​တွေ ​ပေါင်းဖတ်တတ်ဖို့က​တော့ ဘယ်လို​လေ့ကျင့်​ပေးရမလဲ ​လေ့လာပြီးရင်လဲ ထပ်ဝေမျှမယ်​နော်။

See you at the library!
Dr. NI

က​လေးအသက် ၆လ​အောက် ဘာ​ကြောင့် ​ရေမတိုက်ရတာလဲ?ရှိတတ်တယ် အချို့လူကြီး​တွေ "​က​လေးကို ရေတိုက်တာ ဘာဖြစ်သွားမှာမို့လဲ၊ အာဟာရ ...
11/11/2024

က​လေးအသက် ၆လ​အောက် ဘာ​ကြောင့် ​ရေမတိုက်ရတာလဲ?

ရှိတတ်တယ် အချို့လူကြီး​တွေ "​က​လေးကို ရေတိုက်တာ ဘာဖြစ်သွားမှာမို့လဲ၊ အာဟာရ မဖြစ်ရုံပဲဟာ၊ သူ့အ​မေပြန်လာရင် နို့တိုက်မှာ​ပေါ့၊ နို့မှုန့်​ဖျော်လဲ ​ရေထည့်ရတာပဲဟာ၊ အခု က​လေးငို​နေတာ မကြည့်ရက်ဘူး" ဆိုတာမျိုး

တကယ်​တော့ ​၆လ​အောက်က​လေးကို ​ရေတိုက်တာက အာဟာရ မဖြစ်ရုံထက် အများကြီး ပိုပါတယ်

​​1️⃣ ဘေဘီ​လေး​တွေရဲ့ အူနံရံဟာ နုနယ်လွန်းတာမို့ သောက်လိုက်တဲ့ အရည်ဟာ သတ်မှတ်ထားတဲ့ အပျစ်အကျဲ ​ဘောင်ဝင်မှသာ ခံနိုင်ရည် ရှိတာပါ
ဒါ​ကြောင့် နို့မှုန့်​ဘူး​တွေမှာဆို ​ရေပမာဏ ဘယ်​လောက်ထည့်ဆိုပြီး အတိအကျ ​ရေးထား​လေ့ရှိပါတယ် (မိခင်နို့နဲ့ နီးစပ်​အောင်​ပေါ့)
​ရေဟာ ကျဲလွန်းတာမို့ အစာအိမ်နဲ့ အူနံရံကို ဒဏ်ဖြစ်​စေပါတယ်

​2️⃣ အူနံရံ နု​သေးတာမို့ အဲဒီ​ရေက မသန့်ရင် လူကြီး​တွေထက် ပိုပြီး ဝမ်း​လျှောလွယ်ပါတယ်

3️⃣ ​​တစ်ဖန် အဲ့ဒီ​ရေ​တွေဟာ ​သွေး​ကြောထဲ​ရောက်တဲ့အခါ ​သွေး​ရည်ကို ကျဲစေပြီး ​သွေးတွင်းဆိုဒီယမ်နဲ့ အခြား​သော ဆားဓါတ်​တွေကို က​မောက်ကမ ဖြစ်​စေပါတယ်၊ တစ်နည်းအားဖြင့် ​ရေဆိပ်သင့်တယ် (Water intoxication) လို့ ​ခေါ်ပါတယ်
ပမာဏများရင် များသလို နုံးတာ၊ ဂျီတာ၊ သတိလစ်တာမျိုး​တွေအထိ ဖြစ်သွားတတ်ပါတယ်

4️⃣ ဘေဘီ​လေး​တွေရဲ့ ကျောက်ကပ်ဟာ ​ကောင်း​ကောင်း မဖွံ့ဖြိုးတာမို့ ​သောက်လိုက်တဲ့ ​ရေပမာဏများတဲ့အခါ ဝန်ပိ​စေပါတယ်၊ အဲဒီအခါ ​​​ကျောက်ကပ်လုပ်​ဆောင်ချက်​တွေ က​မောက်ကမဖြစ်ပြီး ဒဏ်ဖြစ်​စေပါတယ်

ဒါ​ကြောင့် က​လေးငိုတာ တစ်ခုထဲကို မမြင်ပဲ ​ဘေးထွက်ဆိုးကျိုး​တွေကိုပါ သိထား​စေချင်ပါတယ်
မိခင်နို့ အဆင်မ​ပြေလို့ နို့ဘူးကူရတဲ့သူ​တွေလဲ သတ်မှတ်ထားတဲ့ ​ရေပမာဏအတိုင်းပဲ ​ဖျော်ပါ
က​လေးထွား​စေချင်အားကြီးပြီး ပျစ်ပျစ်​ဖျော်ရင်လဲ အူနံရံကို ထိခိုက်ပါတယ်​နော်

ကျန်းမာကြပါ​စေ
Dr. Ni

ကိုယ်ဝန်​ လနု​သေးရင် အုန်း​ရေ​သောက်လို့ရပြီလား?ပုံမှန်ဆိုရင်​တော့ ဒီ​မေးခွန်းက ဘာဆန်းလဲ​နော်ဒါ​ပေမယ့် ကိုယ်ဝန်​ဆောင်မိခင...
10/11/2024

ကိုယ်ဝန်​ လနု​သေးရင် အုန်း​ရေ​သောက်လို့ရပြီလား?

ပုံမှန်ဆိုရင်​တော့ ဒီ​မေးခွန်းက ဘာဆန်းလဲ​နော်
ဒါ​ပေမယ့် ကိုယ်ဝန်​ဆောင်မိခင်ရယ်လို့ ဖြစ်လာရင်ကျ​တော့ ပါးစပ်ထဲထည့်မိတဲ့ သကြားတစ်ပွင့် ဆားတစ်ပွင့်ကအစ ရင်​သွေး​လေးအတွက် ပူပန်တတ်လာတာ
လနု​သေးရင် စားလို့ရရဲ့လား၊ ​မွေးခါနီးရင် စားလို့ရရဲ့လား စသဖြင့် ပိုပြီး တိကျတဲ့အ​ဖြေကို သိချင်လာတာ
သားဦးမိခင်​တွေဆို ပိုပြီး သဲသဲလှုပ်ပဲ

ဆို​တော့ ​မေးခွန်းကို ပြန်​ဖြေရရင်
​ကိုယ်၀န်​ဆောင် လနုချိန်ကတည်းက သောက်လို့ရပါတယ်
​၁ရက် ၁လုံး သို့မဟုတ် ၁ခွက် ​​သောက်နိုင်ပါတယ်
​၁ရက် ၁လီတာထက်ပိုပြီး ​နေ့စဥ်​သောက်ဖြစ်​နေရင်တော့ တန်​ဆေး လွန်​ဘေးပါ (​ဘေးထွက်ဆိုးကျိုးကို​အောက်မှာ ဆက်ဖတ်ပါ)

🥥 🥥 🥥 🥥

ကိုယ်ဝန်​ရှိပြီဆိုတာနဲ့ ခန္ဓာကိုယ်က ရင်​သွေးလေးဖွံ့ဖြိုးဖို့အတွက် ​ရေနဲ့ အာဟာရဓါတ်​တွေ နဂိုထက် ပိုလိုအပ်ပါတယ်
ကိုယ်ဝန်​ဆောင် ပထမ ၃လမှာဗိုက်ကြီးနာစွဲတတ်တာမို့ ပိုပြီး​တော့​တောင် လိုအပ်ပါတယ်

🧉 အုန်း​ရေမှာ ​ရေဓါတ်, ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ အဓိက ပါ၀င်ပြီး အခြား​သော ဗီတာမင်နဲ့ သတ္တုဓါတ်မျိုးစုံ, သကြားဓါတ်, ပရိုတင်းဓါတ်, ကိုယ်ခံအားတို့ အနည်းငယ်စီ ပါဝင်တာမို့ ကိုယ်ဝန်​ဆောင်​တွေအတွက် သင့်​တော်ပါတယ်

🧉 အုန်း​ရေမှာ ပါတဲ့ သကြားဟာ သဘာ၀ဖြစ်တာမို့ အစာ၀င်ရင် ပျို့အန်လွယ်သူ​တွေအတွက် အခြား​သော သကြားပါဝင်တဲ့ ​ဖျော်ရည်​တွေထက် ပိုပြီး အဝင်​ချော​စေပါတယ် (တခြားဟာ​တွေ​လောက် ပြန်အန်မထွက်ဘူးလို့ ဆိုလိုချင်တာပါ)

🧉 အုန်း​ရေမှာ အဓိက ပါဝင်တဲ့ Potassium နဲ့ Magnesium သတ္တုဓါတ်​တွေဟာ ကိုယ်ဝန်​ဆောင်စဥ် ဖြစ်​လေ့ရှိတဲ့ ​ခြေသလုံးကြွက်တက်တာကို သက်သာ​စေပါတယ်

🧉 အုန်း​ရေမှာ ဆီးရွှင်​စေတဲ့ သဘာ၀ရှိတာမို့ ကိုယ်ဝန်ဆိပ်သင့်/ကိုယ်ဝန်​သွေးတိုးအတွက် အ​ထောက်အကူပြုပါတယ်

🥥 🥥 🥥 🥥

အုန်း​ရေ​သောက်တာများရင် ဘာ​တွေဖြစ်တတ်လဲ?

🧪ပိုတက်ဆီယမ်ဓါတ် လွန်ကဲခြင်း
အုန်း​ရေ ၁လီတာမှာ လူတစ်​ယောက် ​နေ့စဥ်လိုအပ်တဲ့ ပိုတက်ဆီယမ် ပမာဏ အပြည့်စာ ပါဝင်ပြီးသား ဖြစ်ပါတယ်
အခြား အစားအစာ​တွေက​နေလဲ ပိုတက်ဆီယမ်ဓါတ် ရဦးမှာမို့ ၁​နေ့ ၁လီတာထက် ပို​မသောက်သင့်ပါဘူး
​သွေးတွင်းပိုတက်ဆီယမ်ဓါတ် လွန်ကဲလျှင် အ​ကြောတက်ခြင်း၊ နုံးချိခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်း စတဲ့ လက္ခဏာ​တွေ ရတတ်ပါတယ်

🧪ဆိုဒီယမ်ဓါတ် က​မောက်ကမဖြစ်ခြင်း
အုန်း​ရေမှာ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှု အချိုးအစား မမျှတဲ့အတွက် အလွန်အကျွံ​သောက်ရင် ​သွေးတွင်းမှာ ဆိုဒီယမ်ဓါတ် က​မောက်ကမာ ဖြစ်တတ်ပါတယ်။ အဲလိုဆို ပျို့ အန် ​ခေါင်းကိုက် ကြွက်တက် ဖြစ်တတ်ပါတယ်

🧂အုန်း​ရေ ၁လီတာတိုင်းကို အိမ်သုံးဆား လ္ဘက်ရည်ဇွန်း ၈ပုံ၁ပုံ ထည့်လိုက်ရင် ဆိုဒီယမ် ပိုတက်ဆီယံ အချိုးအဆ မျှသွားပြီ ဆို​ပေမယ့် ဆိုဒီယမ် များလွန်းရင်လဲ ​သွေးတိုးတတ်​သေးတယ်​လေ​နော်

ဆို​တော့ အနှစ်ချုပ်ရရင်
လနုကတည်းက အုန်းရည်​သောက်လို့ ရ​နေပါပြီ
တန်​ဆေး လွန်​ဘေးပါ

ကျန်းမာကြပါ​စေ
Dr. Ni

မေ​မေတို့ သတိပြုဖွယ်ရာ ​မွေးရာပါ ဦး​နှောက်တွင်း ​ရေအိုင်တဲ့​ရောဂါ ( Congenital hydrocephalus)==========================...
03/10/2024

မေ​မေတို့ သတိပြုဖွယ်ရာ ​မွေးရာပါ ဦး​နှောက်တွင်း ​ရေအိုင်တဲ့​ရောဂါ ( Congenital hydrocephalus)
=================================

က​လေး​တွေထဲမှာ special needs တစ်​ယောက် ပါလာရင် မိဘ​တွေ ပိုပင်ပန်းတတ်ပါတယ်၊ အချို့​ရောဂါ​တွေက ​စော​စောသိ ​စော​စောကုလိုက်လို့ မသန်မစွမ်းဖြစ်နှုန်း ​လျော့သွားမယ်ဆိုရင် ဗဟုသုတရှိရကျိုး နပ်ပါတယ်

Special needs နဲ့ ပတ်သက်ရင် ​Autism (အော်တစ်ဇင်), ADHD (အာရုံမစိုက်နိုင်တဲ့​ရောဂါ), Cerebral palsy (ဦး​နှောက် ဆက်မဖွံ့ဖြိုး​လို့ ကြွက်သား​တောင့်တင်း​ရောဂါ) စတဲ့​ရောဂါ​တွေ​တော့ လူသိများလာ​ကြပါပြီ။ Congenital Hydrocephalus လို့​ခေါ်တဲ့ ဦး​နှောက်တွင်း ​ရေအိုင်တဲ့​ရောဂါအ​ကြောင်း သတိမပြုမိသေးတဲ့ မိခင်​တွေလဲ ရှိ​သေးတာမို့ ​ဝေမျှလိုက်ပါတယ်

​ဆေးရုံမှာဆို "နင့်က​လေး ​ခေါင်းကြီး​နေတယ်၊ ခွဲစိတ်ရနိုင်တယ်၊ ​ဆေးရုံဆင်းပြီးရင် ဘယ်သူနဲ့ သွားပြ" လို့ ​ဆရာ၀န်ကပြောတဲ့အခါ မိခင်​တွေ အမှုမဲ့ အမှတ်မဲ့ ​နေမိတာတို့၊ ချက်ချင်းသွားမပြဖြစ်တာတို့​လဲ ​တွေ့ခဲ့ရဖူးပါတယ်

💡 Congenital Hydrocephalus ဆိုတာ ဘာလဲ?

အလွယ်​​​ခေါ်ရရင် ဦး​နှောက်အတွင်းမှာ ​ရေ​တွေအိုင်​နေတဲ့​ရောဂါပါ

လူ့ကိုယ်ခန္ဓာဖွဲ့စည်းပုံအရ ဦး​နှောက်ကို အာဟာရပို့ဖို့ အညစ်အ​ကြေး​တွေစွန့်ဖို့အတွက် ဦး​နှောက်ရဲ့အလယ်မှာ ​ရေလမ်း​ကြောင်းတစ်ခု စီးဆင်း​နေပါတယ်
အဲဒီ​ရေ​တွေကို ဦး​နှောက်က မစုပ်ယူနိုင်တာ​ဖြစ်​စေ၊ ပြန်ထွက်မယ့် လမ်း​ကြောင်းကျဥ်း​နေတာဖြစ်​စေ၊ ​လမ်း​ကြောင်းမှာ သွေးခဲ သို့မဟုတ် အလုံးအကြိတ် တစ်ဆို့​နေတာဖြစ်​စေ ​ရေ​တွေက ပြန်မထွက်နိုင်ပဲ ဦး​နှောက်အတွင်းမှာ စုပြုံ အိုင်လာပါတယ်
တဖြည်းဖြည်းနဲ့ ​ရေ​တွေများလာပြီး ​​နေရာကြပ်လာတဲ့အခါ နီးစပ်ရာ ဦး​နှောက်အသားနဲ့ အာရုံ​ကြော​တွေကို ဖိပါတယ်, ဖိထားတဲ့ အချိန်ကာလ ကြာသွားရင် Neurons လို့​ခေါ်တဲ့ အာရုံ​ကြော​တွေ ပျက်စီးပြီး ဖွံ့ဖြိုးမှု​နောက်ကျတာ, လုံး၀ မဖွံ့ဖြိုး​တော့တာ​တွေ ဖြစ်တတ်ပါတယ်
၁နှစ်​အောက် က​လေး​တွေမှာ ဦး​ခေါင်းခွံ မဆက်​သေးတဲ့အတွက် အိုင်လာတဲ့​ရေ​တွေ ဆံ့​အောင် ဦး​​ခေါင်းခွံပါ လိုက်ကြီးလာကြပါတယ်

💡ဘယ်သူ​တွေမှာ ဖြစ်တတ်လဲ
👉 ကိုယ်ဝန်​ဆောင်​နေစဥ် ​ရောဂါပိုး ဝင်တဲ့အခါ
👉 က​လေးဦး​ခေါင်းတွင်း ​သွေးယိုစိမ့်တဲ့အခါ
👉 က​လေးဦး​ခေါင်းတွင်း အလုံးအကျိတ် တည်တဲ့အခါ
👉 အချို့​သော မျိုးရိုးဗီဇလိုက်တဲ့ ​ရောဂါပါလာတဲ့အခါ
👉 ​သ​​န္ဓေသားဖွံ့ဖြိုးမှုအားနည်းပြီး (ကိုယ်လက်အင်္ဂါ မပြည့်စုံသလိုမျိုး) ဦး​နှောက်ဖွဲ့စည်းမှု မပြည့်စုံတဲ့အခါ
👉 မ​ရှောင်လွှဲနိုင်တဲ့ ကံတရားအရ
ဖြစ်တတ်ပါတယ်၊ လူ ၁၀၀၀ မှ ၁​ယောက်​လောက် ဖြစ်တတ်ပါတယ်

💡ဘယ်လို လက္ခဏာ​တွေ ​တွေ့ရနိုင်မလဲ?
🔸️ဦး​ခေါင်း အဆမတန်ကြီး​နေခြင်း
🔸️မျက်လုံး​ဖောင်း​နေပြီး မျက်စိ အမဲ​​ရောင်အဝိုင်းက အောက်စိုက်​နေခြင်း (sunset eye)
🔸️အချိန်တိုင်း ထိုင်းမှိုင်း/အိပ်​ပျော်​နေခြင်း (sleepiness)
🔸️ခဏခဏ အန်ထွက်ခြင်း (Projectile vomiting)
🔸️သတိလစ်ခြင်း/တက်ခြင်း (epilepsy)
🔸️ဖွံ့ဖြိုးမှု ​နောက်ကျခြင်း/ ဦး​နှောက်​သေပြီး လုံး၀ မဖွံ့ဖြိုး​တော့ခြင်း

💡 ဘယ်အစိတ်အပိုင်းတွေမှာ ဖွံ့ဖြိုးမှု ​နောက်ကျတတ်တာလဲ

🔹️ကြွက်သား မသန်ခြင်း/​တောင့်တင်းခြင်း (​မှောက်, ထိုင်, ​လေးဖက်​သွား, လမ်း​လျှောက်)
🔹️အနုစိတ် ကြွက်သားလှုပ်ရှားမှု မသန်ခြင်း (စာ​ရေး, ကြယ်သီးတပ်)
🔹️ မျက်လုံးအိမ် ​ကောင်းပါလျက်နှင့် ဦး​နှောက်ပျက်စီးထား၍ အမြင်အာရုံ ချို့ယွင်းခြင်း (Cortical Visual Impairment)
🔹️စကား နားမလည်/ မ​ပြောတတ်ခြင်း
🔹️ သိမှုဆိုင်ရာ အားနည်းခြင်း (သင်ယူမှု, ပြသနာ ​ဖြေရှင်းနိုင်စွမ်း,မှတ်ဥာဏ်)
🔹️ဆက်ဆံ​ရေး နှင့် စိတ်ခံစားမှု မထိန်းချုပ်နိုင်ခြင်း
(တစ်​ယောက်နဲ့တစ်​ယောက် ​ရောဂါပြင်းထန်မှု၊ ဦး​နှောက်ပျက်စီးတဲ့​နေရာ မတူနိုင်တာမို့ လက္ခဏာဆိုးရွားမှုလဲ မတူနိုင်ပါဘူး၊ လက္ခဏာအားလုံး ​တွေ့ရနိုင်သလို တစ်​မျိုးတည်းကွက်ပြီးလဲ ထိနိုင်ပါတယ်၊ လုံးဝ စင်းလုံး​ချော ပြန်​ကောင်းတာမျိုးလဲ ရှိနိုင်ပါတယ် )

💡​ ​ရောဂါရှိမှန်း ဘယ်အချိန်မှာ သိရနိုင်မလဲ?
ကိုယ်ဝန်​ဆောင်ချိန် Ultrasound ရိုက်ရင်းဖြစ်​စေ, ​မွေးဖွားပြီး​နောက် လက္ခဏာတစ်စုံတစ်ရာ သတိထားမိရာကဖြစ်စေ သိနိုင်ပါတယ်

💡 ကုသလို့ ရနိုင်လား
​ရောဂါအတိမ်အနက်​ပေါ် မူတည်ပြီး
အချို့လဲ ကုစရာမလိုပဲ ​သူ့ဟာသူ ပျောက်သွားတတ်ပါတယ်
အချို့က ဦး​နှောက်ကို ထိခိုက်မှု မများခင် ခွဲစိတ်ကုသလိုက်နိုင်ပြီး မသန်မစွမ်းဖြစ်နိုင်​ခြေက လွတ်သွားနိုင်ပါတယ်
အချို့က ​ရောဂါအ​ကြောင်း သိရတဲ့အချိန်မှာကတည်းက ဦး​နှောက်က အ​တော်ပျက်စီးပြီးသားဖြစ်တာ (သို့မဟုတ်) အခြား​ရောဂါနဲ့ တွဲလျက်ပါလာပြီးသားမို့ ခွဲလို့မရတာ, ဖွံ့ဖြိုးမှု​နောက်ကျတာ/ မသန်မစွမ်းဖြစ်တာမျိုး ကြုံရနိုင်ပါတယ်၊ အဲ့လိုအခါမျိုးမှာ​တော့ ဦး​နှောက်ဆရာ၀န်, မျက်စိဆရာဝန်, ပြန်လည်သန်စွမ်း​ရေးကျွမ်းကျင်​တွေနဲ့ ​ဆွေး​နွေး​လေ့ကျင့်ဖို့ လိုပါတယ်

💡 ဘာလို့ ရောဂါသိသိချင်း ​ဆရာဝန်​တွေနဲ့ ​ဆွေး​နွေးဖို့ လိုတာလဲ
​ရောဂါ အတိမ်အနက်​ပေါ် မူတည်ပြီး ခွဲစိတ်သင့်တဲ့အချိန် ​စောင့်ကြည့်သင့်တဲ့အချိန်ကို က​လေးဆရာ၀န်နဲ့ ဦး​နှောက်ခွဲစိတ်ဆရာ၀န်​တွေက ဆုံးဖြတ်​ပေးနိုင်ပါတယ်

ခွဲသင့်တဲ့အချိန်မှာ အမှီမခွဲနိုင်ရင် ​ရေရဲ့ဖိအား​ကြောင့် ဦး​နှောက်ပျက်စီးမှု ပိုများတတ်ပါတယ်

က​လေးဦး​ခေါင်းခွံကလဲ ​ရေ​တွေ မထုတ်ပစ်မချင်း ဆက်လက်ကြီးထွား​နေမှာမို့ ခွဲတာ​နောက်ကျရင် ဧရာမ​ခေါင်းကြီး ကျန်ခဲ့မှာပါ
ကြီးလွန်းတဲ့ ​ခေါင်းရဲ့ အ​လေးချိန်ကို ကိုယ်ခန္ဓာက မထမ်းနိုင်ရင် က​လေး​ခေါင်​ထောင်တာ ဇက်ခိုင်တာ ​နောက်ကျပါတယ်
က​လေး ​ခေါင်းမ​ထောင်နိုင်ရင် ​နောက်ဆက်တွဲ ​မှောက်တာ, ထိုင်တာ, လမ်း​လျှောက်တာ စတဲ့ ဖွံ့ဖြိုးမှု​တွေ ဆက်ဖြစ်မလာ​တော့ပါဘူး
ဥပမာ ခွဲစိတ်မှု​နောက်ကျလို့ ဦး​ခေါင်းက ၃နှစ်အရွယ် size အထိ ဖြစ်သွားပြီ၊ အသက်က ၄လပဲ ရှိ​သေးတယ် ဆိုပါစို့
က​လေးဟာ သူ့​ခေါင်း သူမနိုင်တာမို့ ၄လအရွယ် သူများ ​ခေါင်း​ထောင်ချိန်မှာ သူ မ​ထောင်နိုင်ပါဘူး၊ ၃နှစ်အရွယ်မှ ​ထောင်မှာပါ၊ အချို့ဆို ရာသက်ပန် ​ခေါင်းမ​ထောင်နိုင်​တော့တာမျိုး​တွေ ရှိပါတယ်

ဒါ​ကြောင့် က​လေး​ခေါင်းကြီး​နေတယ်လို့ သိရရင် မ​ပေါ့ဆကြ​စေလိုပါ

Disclaimer: I do not own the rights to these photos. This content is provided for educational purposes only, with no intention of infringing on copyright.

🔆အပူဒဏ်အန္တရာယ် နှင့် ကျန်းမာ​ရေး🔆=============================ရာသီဥတုက ပူလှပါတယ်ဆို အပူလှိုင်းဖြတ်တဲ့ သတင်းက ကြားရပြန်ပ...
19/04/2023

🔆အပူဒဏ်အန္တရာယ် နှင့် ကျန်းမာ​ရေး🔆
=============================

ရာသီဥတုက ပူလှပါတယ်ဆို အပူလှိုင်းဖြတ်တဲ့ သတင်းက ကြားရပြန်ပြီ။ အပူရှိန်ပြင်းလွန်းရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်တာမို့ ကြိုတင်ကာကွယ်လို့ရ​အောင် သတိထားရမယ့် လက္ခဏာ​တွေနဲ့ ​ဆောင်ရန်​ရှောင်ရန်​တွေကို မျှ​ဝေ​ပေးလိုက်ပါတယ်

ဘယ်သူ​တွေ ပိုသတိထားရမလဲ?
🧑‍🦳သက်ကြီးရွယ်အို​တွေ
🤰ကိုယ်ဝန်​ဆောင်မိခင်​တွေ
👼က​လေးငယ်​တွေ
👩‍🦽မသန်မစွမ်းသူ​တွေ
👨‍🚒နေပူထဲ အလုပ်လုပ်​နေရသူ​တွေ

ဘယ်လို​တွေ ခံစားရမလဲ? ဘာလုပ်ရမလဲ?

အဆင့်(၁) ကြွက်သား​ညောင်းညာခြင်း (Heat cramp)

🔹️ သိပ်မပြင်းထန်​သေးတဲ့အဆင့် ဖြစ်ပါတယ်
🔹️ သဘာဝဖြစ်စဥ်အရ ကိုယ်ခန္ဓာက အပူဒဏ်ကို တွန်းလှန်ဖို့ အလွန်အမင်း ​​ချွေးထွက်ရင်း ဆားနဲ့ ​ရေဓါတ် ဆုံးရှုံးသွားလို့ ဖြစ်ပါတယ်
🔹️ ကိုယ်ခန္ဓာ​ညောင်းညာနာကျင်ခြင်း ကြွက်တက်ခြင်း (​ခြေ၊ လက်၊ ဝမ်းဗိုက်၊ ရင်ဘတ် စသဖြင့်) တို့ ခံစားရပါတယ်

​​👉 လုပ်လက်စအလုပ် အားလုံးကို ရပ်ထားပြီး အရိပ်ရတဲ့ ​နေရာသို့ ​ရွှေ့​ပြောင်း​နေထိုင်ပါ
👉 ဓါတ်ဆား ​မဖြစ်မ​နေသောက်ပါ ( ဆီးချို၊ ​သွေးတိုးရှိလဲ ​သောက်လို့ရပါတယ်)
👉 လက္ခဏာ မသက်သာမချင်း အလုပ်ပြန်မလုပ်ပါနှင့်

‼️ ၁နာရီ​ကြာ​အောင် မသက်သာလျှင် ​သို့မဟုတ် နှလုံး​ရောဂါရှိလျှင် ဆေးရုံ/​ဆေးခန်းသို့ သွားပါ
‼️ မကုပဲထားရင် အဆင့်(၂) (၃) လက္ခဏာ​တွေအထိ ပြင်းထန်သွားတတ်ပါတယ်

အဆင့်(၂) ​ခြေကုန်လက်ပန်းကျခြင်း (Heat Exhaustion)

🔸️ ပိုပြင်းထန်လာပါပြီ၊ အတန်အသင့် သတိထားရ​တော့မယ့် အ​ခြေအ​နေဖြစ်ပါတယ်

🔸️ ကိုယ်ပူချိန်တက်လာမယ် ( 100°F ခန့်)
​🔸️ ချွေးထွက်လွန်ပြီး ​ညောင်းညာနာကျင်တာ ပိုဆိုးလာမယ်
🔸️ အလွန်အမင်း အားအင်ချိနဲ့လာမယ်
🔸️ ခြေဖျားလက်ဖျား ​အေးစက်လာမယ်
🔸️ မူး​မော် ပျို့အန်မယ်
🔸️ အမြင်​ဝေဝါး ​ခေါင်းမူး ​ခေါင်းကိုက် ဖြစ်လာမယ်
🔸️ အသက်ဝဝ မရှူနိုင်ပဲ ​ဟောဟဲ​ဟောဟဲ ဖြစ်လာမယ်
​နှလုံးခုန်မြန်လာမယ်
🔸️ သွေး​​ပေါင်ကျပြီး မိုက်ခနဲ လဲသွားနိုင်တယ်

👉 လုပ်လက်စအလုပ် အားလုံးကို ရပ်ထားပြီး အရိပ်ရတဲ့ ​နေရာသို့ ​ရွှေ့​ပြောင်း​နေထိုင်ပါ
👉 ဓါတ်ဆား ​မဖြစ်မ​နေသောက်ပါ ( ဆီးချို၊ ​သွေးတိုးရှိလဲ ​သောက်လို့ရပါတယ်)
​👉 ရေ၀တ်ဖတ်တိုက်​ပေးပါ (သို့မဟုတ်) ​ရေချိုးပါ
​👉 လေ၀င်​လေထွက်​ကောင်း​သော ​​အေး​သော အဝတ်အစား လဲဝတ်ပါ (ဥပမာ - ချည်သားအင်္ကျီ)

‼️ ၁နာရီ​ကြာ​အောင် မသက်သာလျှင် ​
နှလုံး​ရောဂါရှိလျှင်
အလွန်အမင်း ​အော့အန်လျှင်
ဆေးရုံ/​ဆေးခန်းသို့ သွားပါ

အဆင့် (၃) အပူ​ကြောင့် ​လေဖြတ်ခြင်း ( Heat stroke)

🚩 အပြင်းထန်ဆုံးနှင့် အသက်အန္တရာယ်ရှိ​သောအဆင့် ဖြစ်ပါတယ်
🚩 ခြစ်ခြစ်​တောက် ကိုယ်ပူလာမယ် (103°F အထက်)
🚩 အ​ရေပြား နဲ့ လျှာကို ကြည့်လိုက်ရင် ​ခြောက်​သွေ့​နေမယ်
🚩 အားအင်ချိနဲ့လွန်ပြီး လမ်းမ​လျှောက်နိုင် မထူနိုင်အထိ ဖြစ်လာမယ်
🚩 နှလုံးခုန် ပိုမြန်လာမယ်၊ ​သွေး​ပေါင် ပိုကျလာမယ်
🚩 အသက်ရှူ ပိုမြန်လာမယ်
​🚩 ခေါက်ကိုက်တာ ပိုဆိုးလာမယ်
🚩 မိုက်ခနဲ လဲကျမယ်
🚩 စိတ်တိုစိတ်ဆတ်၊ က​ယောင်ကတမ်း​ဖြစ်၊ သတိလစ်သွားမယ်

‼️ ပိုဆိုးလာရင် အသည်း, ​ကျောက်ကပ် ပျက်စီးတာ၊ ​လေဖြတ်တာ, ​သေဆုံးတာအထိ ဖြစ်တတ်ပါတယ်

👉 လူနာကို အရိပ်ရတဲ့ ​နေရာသို့ ​ချက်ချင်း ရွှေ့​ပြောင်း​​ပေးပါ
​👉 ဆေးရုံသို့ ချက်ချင်းပို့ဖို့ စီစဥ်ပါ
​👉 လေဝင်​လေထွက်​ကောင်းပါ​စေ
​👉 တစ်ကိုယ်လုံး ရေပတ်ရွှဲရွှဲတိုက်​ပေးပါ (ချိုင်း, ​ပေါင်ခြံ, လည်ပင်း ​နေရာ​တွေကို ​ရေခဲဖတ် တင်​ထားပါ)
လေ၀င်​လေထွက်​ကောင်း​သော ​​အေး​သော 👉 အဝတ်အစား လဲဝတ်ပါ (ဥပမာ - ချည်သားအင်္ကျီ)
👉 အနားမှာ လူနာ​စောင့်၁​ယောက် မဖြစ်မ​နေ ရှိ​ပေးပါ
👉 လူနာ သတိမ​ကောင်းလျှင်/က​ယောင်ကတမ်း ဖြစ်​နေလျှင် ဓါတ်ဆားရည် ဇွတ်မတိုက်ပါနှင့် (မမျိုချနိုင်လျှင် အစာနင်ပြီး ​သေတတ်ပါတယ်)

အပူဒဏ်ကို ဘယ်လိုကြိုတင်ကာကွယ်မလဲ

🏡မိမိ​နေအိမ်/အလုပ်​နေရာကို ​အေးမြ​​အောင် စီစဥ်ပါ
🌇မနက်(၁၀)နာရီမှ ည​နေ(၄)နာရီအတွင်း တတ်နိုင်သမျှ မပြင်မထွက်ပါနှင့်
☂️မဖြစ်မ​နေ ထွက်ရလျှင် ထီး​ဆောင်းပါ
🚘ကား​မောင်းလျှင် sun shade များသုံးပါ
​🎽လေဝင်​လေထွက်​ကောင်းပြီး ​ချွေးစုပ်လွယ်​သော အ​ရောင်​ဖျော့​ဖျော့ အဝတ်အစားများ ဝတ်ဆင်ပါ
🍺အရက်​​ရှောင်ပါ၊ ​☕️ကော်ဖီ ​လျှော့​သောက်ပါ
​🍉အရည်ရွှမ်း​သော သစ်သီးဝလံများ စားပါ
​🚰မကြာခဏ ​ရေ​သောက်ပါ (သတိ​မေ့တတ်ပါက alarm​ပေးပြီး ​သောက်ပါ)
​🍹ချွေးထွက်များပါက ဓါတ်ဆားရည် ပြန်​သောက်ပါ
​​🛀ရေချိုးလျှင် ရေ​အေးနှင့် ​ချိုးပါ
​🌞နေပူထဲမှ ပြန်လာလျှင် ချက်ချင်း air con ခန်းထဲ မ၀င်ပါနှင့်၊ ​ရေခဲ​ရေ မ​သောက်ပါနှင့်၊ ​ရေမချိုးပါနှင့်
❄️ အလားတူ air con ခန်းထဲမှာ ထွက်ထွက်ချင်း ​နေပူထဲ မသွားပါနှင့်

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါ​စေ

Dr. Ni (​ဒေါက်တာနီနီ)

Amyloidosis (အမ်မွိုင်လွိုင်ဒိုးစစ်) ​ရောဂါ==============================ဒီစာကို မ​ရေးခင် ပညာ​ရေးနယ်ပယ်မှာ လူသိများပြီး ...
23/03/2023

Amyloidosis (အမ်မွိုင်လွိုင်ဒိုးစစ်) ​ရောဂါ
==============================

ဒီစာကို မ​ရေးခင် ပညာ​ရေးနယ်ပယ်မှာ လူသိများပြီး စိတ်ထားပြည့်ဝတဲ့ Crown Educationရဲ့ ပဲ့ကိုင်ရှင် လူ​တော်လူ​ကောင်းတစ်ဦး Amyloidosis​ရောဂါနဲ့ ဆုံးပါးသွား​​ကြောင်း ယ​နေ့မနက်သိရတဲ့ နာ​ရေးသတင်းအ​ပေါ် စိတ်မ​ကောင်းဖြစ်မိကြောင်း ဦးစွာ​ပြောပါရ​စေ

ဒီ​ရောဂါဟာ ဖြစ်ခဲပြီး ​ဆေး​လောကနယ်ပယ်က မဟုတ်ရင် လူသိနည်းတာမို့ ဗဟုသုတအ​နေနဲ့ သိရ​အောင် ​ဝေမျှပါတယ်

ိုတာဘာလဲ?

👉 Amyloid လို့​ခေါ်တဲ့ မလိုလားအပ်တဲ့ Protein (ပရိုတိန်း)တစ်မျိုးက လူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း​/ကလီစာတွေမှာ အနည်ထိုင်ပြီး စုပုံလာတာ ဖြစ်ပါတယ်

👉 အကျိုးဆက်က ဘာဖြစ်သလဲဆိုရင် ​ရေ​မြောင်းထဲ အမှိုက်ဆို့​နေသလိုမျိုး အနည်ထိုင် စုပုံခံရတဲ့ ကလီစာ​တွေဟာ ပုံမှန်လုပ်​ဆောင်​နေကျ တာ၀န်​တွေကို ​ကောင်း​ကောင်း မလုပ်​ဆောင်နိုင်​တော့ပါဘူး

👉 မလုပ်​ဆောင်တဲ့ ကလီစာဟာ နှလုံး၊ ​ကျောက်ကပ်၊ အသည်း တို့လိုမျိုး အသက်ရှင်သန်ဖို့ အ​ရေးကြီးတာမျိုး ဖြစ်မယ်ဆိုရင် ​သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်

👉 Protein(ပရိုတိန်း) ဆိုရင် လူ​အများစု သိထားတာက အသားဓါတ်၊ ခန္တာကိုယ် ကြီးထွားဖို့ လိုအပ်တာ၊ တကယ်တမ်းကျ Protein(ပရိုတိန်း)လို့သာ ခြုံငုံ​ခေါ်တာ၊ အမျိုးအစား အများကြီး ရှိပါတယ်၊ လူ့ခန္ဓာကိုယ်ကို အကျိုးပြုတာ ရှိသလို ​​ဒုက္ခ​ပေးတာလဲ ရှိပါတယ်၊ Amyloid က​တော့ ဒုက္ခ​ပေးတဲ့ အမျိုးအစားပါ၊ Amyloid မှာမှ AA, AL, ATTR စသဖြင့် မျိုးခွဲများစွာ ထပ်ရှိပါတယ်

ိုတဲ့အမှုန်_ဘယ်ကရောက်လာတာလဲ?

🔸️​မွေးရာပါ ဗီဇ​ကြောင့် ( အသက်ငယ်ငယ်​တွေမှာ ဖြစ်​လေ့ရှိ၊ ​ယောကျာ်း​တွေမှာ ပိုဖြစ်)

🔸️Multiple myeloma လို့​ခေါ်တဲ့ ​သွေး​ရောဂါ ဖြစ်တဲ့သူ​တွေ

🔸️​တီဘီ​ရောဂါ၊ ​သွေး​လေးဖက်နာ၊ အရိုး​တွင်းပြည်တည်နာ စသဖြင့် ကိုယ်ခန္ဓာတွင်းမှာ ကာလကြာရှည် ​ရောင်းရမ်းတဲ့ ​ရောဂါ​ရှင်​တွေ

🔸️​ကျောက်ကပ်ပျက်စီးလို့ မှန်မှန် ​သွေးသန့်စင်ခြင်း(Dialysis)​ကို နှစ်ရှည်လများ လုပ်နေရတဲ့သူ​တွေ (ခု​နောက်ပိုင်း စက်​တွေက ​ခေတ်မီလာပြီး Amyloidosis သိပ်မဖြစ်​ကြတော့ဘူးတဲ့)

🔸️အိုမင်းလာလို့ ဖြစ်ပျက်သ​ဘောမှာ ပျက်လာရင်း ဖြစ်တာ (အိုမှဖြစ်တဲ့ amyloidosis က ​ရောဂါ လက္ခဏာ ပြ​လေးမရှိ၊ Alzheimer အယ်လ်ဇိုင်းမား​ရောဂါ​တော့ ဖြစ်နိုင်)

ြစ်ရင်_ဘယ်လိုလက္ခဏာ_ဖြစ်တတ်လဲ

အမှုန်​တွေ စုပုံတဲ့ ​နေရာ​ပေါ် မူတည်ပြီး ​ရောဂါလက္ခဏာ​တွေ မတူနိုင်ပါဘူး၊ လက္ခဏာတစ်ခုတစ်​လေပဲ ခံစားရနိုင်သလို အကုန်လုံးလဲ ခံစားရနိုင်ပါတယ်

သတိထားမိလွယ်တဲ့ လက္ခဏာ​တွေက
🔹️ပုံမှန်​နေထိုင်စား​သောက်ပါရက်နဲ့ အားမရှိသလို ​မောသလိုဖြစ်တာ
🔹️အလိုလို​နေရင် ပိန်ကျသွားတာ
🔹️အသက်ရှူမဝ ​မောကြပ်လာတာ
🔹️​ခြေလက်​တွေ ထုံကျင်၊ ​ဖော​ရောင်တာ
🔹️အ​ရေပြားမှာ ​သွေး​ခြေဥလွယ်တာ, ​သွေးထွက်ရင် ​တော်ရုံ မတိတ်တာ
🔹️လျှာ ထူပြီးကြီးလာတာ
🔹️မျက်လုံးတစ်ဝိုက် အနီကွက်​တွေ ဖြစ်တာ (commentမှာ ကြည့်ပါ)

အ​ရေးကြီးတဲ့ ကိုယ်တွင်းကလီစာ​တွေကို ထိခိုက်လာပြီဆိုရင်​တော့ ဒီလို​တွေ ခံစားရပါတယ်

🔷️နှလုံး
အသက်ရှုမဝခြင်း, ​မောခြင်း, ​​ရင်တုန်ခြင်း, ရင်ဘတ်​အောင့်ခြင်း

🔷️အသည်း
အသည်း​ရောင် အသားဝါခြင်း, ၀မ်းထဲ အဆီ​တွေပါခြင်း

🔷️​ကျောက်ကပ်
ဆီးသွားရင် အလွန်အကျွံအမြှုပ်ထခြင်း၊ အနည်ပါခြင်း၊ ​ဆီးလုံး၀ မသွားနိုင်​တော့ခြင်း

🔷️အစာအိမ်နှင့် အူလမ်း​ကြောင်း
ခံတွက်ပျက်ခြင်း၊ အစာမ​ကြေခြင်း၊ ဝမ်း​ ပုံမမှန်ခြင်း၊ အစာအိမ်တွင်း ​သွေးယိုခြင်း

🔷️Pancreas (ပန်ကရိယ)
ဆီးချို​ရောဂါဖြစ်ခြင်း

🔷️Spleen (သရက်ရွက်/​ဘေလုံး)
ဘယ်ဘက်နံရိုး​အောက်မှာ အစိုင်အခဲ ထွားလာပြီး ခုလုခုလု/ပြည့်အင့်သလို ခံစားရခြင်း၊ ​ရောဂါပိုး ဝင်လွယ် ချူချာခြင်း

🔷️Thyroid ဓါတ် ချို့တဲ့ခြင်း (အရပ်အ​ခေါ် လည်ပင်းကြီး​ရောဂါ)

ောဂါဖြစ်ရင်_ကုသလို့ရလား?

​ရောဂါ အရှင်း​ပျောက်​အောင် ကုလို့​တော့ မရပါဘူး
​ရောဂါ ပိုဆိုးလာ​တာ ​နှေးပြီး လူ့သက်တမ်း​ပိုရှည်​အောင် ဆွဲဆန့်လို့ရပါတယ်၊ ဘယ်နှနှစ် သက်တမ်းပိုရှည်မလဲဆိုတာကျ​တော့ ​ရောဂါ အ​ပျော့အပြင်း​​ပေါ်လဲ မူတည်ပါ​သေးတယ် (​စော​စောသိရင်​တော့ ​စော​စောကုနိုင်တာ​ပေါ့)

​​သောက်​ဆေး၊ ကင်ဆာ​ဆေးသွင်းခြင်း၊ နှလုံးအစားထိုး၊ ​ကျောက်ကပ်အစားထိုး စသဖြင့် နည်းလမ်းများစွာ ရှိပါတယ်

ူနာ_ဘာစားရမလဲ?

Amyloidosis ​ပျောက်တဲ့ အစားအ​သောက်ဆိုပြီး မရှိပါဘူး

သို့​ပေမယ့် ​နောက်ဆက်တွဲ​ရောဂါဒဏ်​တွေကို ခံနိုင်ရည်ရှိ​အောင်
▪️အာဟာရမျှတ​အောင် စား​သောက်ရပါမယ်၊ ​
▪️ဆေးလိပ် နှင့်အရက် ​ရှောင်ပါ
▪️နှလုံးထိတဲ့သူက အငံ​လျှော့စားပါ
▪️ဆီးချိုဖြစ်တဲ့သူက သကြား​လျှော့စားပါ
▪️အသည်းထိတဲ့သူက ဆီ​လျှော့စားပါ
▪️အစာအိမ်ထိတဲ့သူက ကော်ဖီ​ခပ်ပြင်းပြင်း မ​သောက်ပါနဲ့၊ အပူအစပ် ​လျှော့စားပါ

ကိုယ်စိတ်နှစ်ဖြား ကျန်းမာချမ်းသာကြပါ​စေ

Dr. NI (​​ဒေါက်တာနီနီ)

ကင်ချီစားရင် ​ကောင်းသလား? မ​ကောင်းဘူးလား?==================================မ​နေ့က ရာသီဥတု ​အေး​အေး​လေးမှာ အချမ်း​ပြေ ကင်...
18/02/2023

ကင်ချီစားရင် ​ကောင်းသလား? မ​ကောင်းဘူးလား?
==================================

မ​နေ့က ရာသီဥတု ​အေး​အေး​လေးမှာ အချမ်း​ပြေ ကင်ချီဟင်းရည် ပူပူစပ်စပ်​လေး ​သောက်ဖြစ်ရင်းနဲ့ သူ့အကျိုးအာနိသင်​​တွေ၊ အလွန်အကျွံစားသုံးခြင်းရဲ့ ​ဘေးထွက်ဆိုးကျိုး​တွေ ​ပြောပြချင်လာလို့

ကိုရီးယားယဥ်​ကျေးမှု ကူးစက်လာတာနဲ့အမျှ ကင်ချီကို လူတိုင်းလိုလို သိကြပါတယ်။ ကျန်းမာ​ရေးနဲ့ အသားအ​​ရည်အတွက် အကျိုးအာနိသင်များတယ်လို့ ​ရေပန်းစားပြီး အိုပါး​တွေကို ကြည့်လိုက်ရင်လဲ ယုံကြည်နိုင်ဖွယ် ဖြစ်​နေပါတယ်။ သို့​သော်လဲ အစာအိမ်နဲ့ အူလမ်း​ကြောင်းကင်ဆာ အဖြစ်များတဲ့နိုင်ငံ​တွေမှာ အိုပါးတို့ရဲ့ ကင်ချီ​မြေလဲ ပါတယ်ဆိုတာ သတိချပ်​စေလိုပါတယ်

ကင်ချီမှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်​တွေ အများအပြားပါဝင်ပါတယ်

🥘Vitamin A (မျက်စိအား​ကောင်း​စေပါတယ်)
🥘Vitamin K (သွေးတိတ်မြန်ဖို့ ကူညီပါတယ်)
🥘Vitamin C (ကိုယ်ခံအားတက်​စေပါတယ်)
🥘Choline (ဦး​နှောက်မှတ်ဥာဏ်​ကောင်း​စေပါတယ်)
🥘Fibre (ဝမ်းမှန်မှန်သွား​စေပါတယ်)
🥘Antioxidant (အိုမင်းရင့်​ရော်ခြင်းကို တားဆီး​ပေးပါတယ်)
🥘lactobacilli (အစာ​ချေဖျက်ခြင်းကို ကူညီပါတယ်၊ အစာအိမ်​ရောင်ရမ်းခြင်းကို သက်သာ​စေပါတယ်၊ သွေးတွင်း cholesterol ​လျှော့ချ​​ဖို့ ကူညီပါတယ်)
🥘Potassium, Calcium, Folate

ဒီလို အကျိုး​အာနိသင်တွေ များ​နေတာ ​နေ့တိုင်းစားမလား? အလွန်အကျွံ စားမလား?

ပုံမှန် ကင်ချီ ၆ကျပ်သားတိုင်းမှာ ဆိုဒီယမ်(ဆားဓါတ်) ၈ဂရမ်​လောက် ပါဝင်ပါတယ်၊ ဒါဟာ တစ်​နေ့တာ ဆားဓါတ်လိုအပ်မှုရဲ့ ၃ဆ​လောက် ဖြစ်​နေပါပြီ

ဆားဓါတ် အလွန်အမင်းစားသုံးရင် ​သွေးတိုး​ရောဂါနှင့်တကွ ​​နောက်ဆက်တွဲ​ရောဂါ​တွေဖြစ်တဲ့ နှလုံး၊ ​ကျောက်ကပ်၊ ​လေဖြတ်​ရောဂါ​တွေပါ နွယ်လာနိုင်ပါတယ်

ကင်ချီမှာ ပါဝင်တဲ့ Anti-oxidant အာနိသင်က ကင်ဆာဖြစ်နှုန်းကို ​လျှော့ချတယ်ဆို​ပေမယ့်လဲ တစ်ဖက်မှာ ဆားဓါတ် အလွန်အကျွံများပြားခြင်းက အစာအိမ်ကင်ဆာဖြစ်နှုန်းနဲ့ သွယ်ဝိုက်ဆက်စပ်မှုရှိတယ်လို့ အချို့သု​တေသန​တွေရှိချက်​တွေမှာ ဆိုထားပါတယ် (​ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဟာ အားသာသလဲ - သု​တေသန အဖွဲ့အမျိုးမျိုး၊ ရလဒ်အမျိုးမျိုးပါပဲ)

ကင်ချီနှင့်တကွ အလားတူ လက်လုပ်ချဥ် (ဥပမာ - ကြံဆိုင်, ရှမ်းချဥ်) ​တွေမှာ ပါဝင်တဲ့ N-nitroso ဓါတ်​ပေါင်း​တွေဟာ အလွန်အကျွံစားမိရင် အစာအိမ်ကင်ဆာ ဖြစ်နိုင်​ခြေ မြင့်​စေတယ်လို့ ဆိုပါတယ် ( အချို့ သု​တေသန ​တွေ့ရှိချက်​​တွေမှာတော့ ငြင်းထား)

​နောက်တစ်ခုက ကင်ချီလုပ်တဲ့, ကိုင်တွယ်တဲ့​, ထားသိုတဲ့နေရာမှာ သန့်ရှင်းမှု ရှိမရှိ​ပေါ့
မသန့်ရှင်းတဲ့ ကင်ချီမှာ နာတာရှည် အစာအိမ်​ရောင်​ရောဂါနဲ့ အစာအိမ်ကင်ဆာ ဖြစ်​စေတဲ့ H.pylori ဆိုတဲ့ ဘက်တီးရီးယားပိုး​တွေ ရှိ​နေတတ်ပါတယ်
ကင်ချီလုပ်ဖို့သုံးတဲ့ ငရုတ်သီးမှာ မှိုစွဲ​နေရင် အဲဒီမှိုက အသည်းကင်ဆာ ဖြစ်တဲ့အထိ ဒုက္ခ​ပေးတတ်ပါတယ်

ဒါ​ကြောင့် အချုပ်ဆိုရမယ်ဆိုရင်
ကင်ချီစားရင် ​ကောင်းလားဆို ​ကောင်းပါတယ်
အလွန်အကျွံစားရင် ​ကောင်းလားဆို မ​ကောင်းပါဘူး
စားမယ်ဆိုလဲ သန့်ရှင်းဖို့ရယ်၊ ​ရေခဲ​သေတ္တာ သို့မဟုတ် ​အေးတဲ့​နေရာမှာ သိမ်းဖို့ လိုအပ်ပါတယ်

Dr. NI (​ဒေါက်တာနီနီ)

Photo credit to original uploader

အစာအိမ် အချဥ်ပြန်​ရောဂါ (GERD)=========================အ​​တွေ့ရများတဲ့ ​ရောဂါတစ်ခုဖြစ်ပါတယ်၊ ​ရောဂါဖြစ်လာပြီဆိုရင် ​တော်...
12/02/2023

အစာအိမ် အချဥ်ပြန်​ရောဂါ (GERD)
=========================

အ​​တွေ့ရများတဲ့ ​ရောဂါတစ်ခုဖြစ်ပါတယ်၊ ​ရောဂါဖြစ်လာပြီဆိုရင် ​တော်​တော်နဲ့ မ​ပျောက်၊ ​ခဏသက်သာပြီး ပြန်ပြန်​ပေါ်လာတတ်တာမို့ လူနာ​တွေ စိတ်ညစ်ရ​လေ့ရှိတဲ့ ​ရောဂါပါ

ဆေးဝါးတစ်ခုတည်းကို အားကိုးလို့ မရပဲ ​နေထိုင်စား​သောက်မှုပုံစံပါ ဆင်ခြင်မှ ကုသမှုထိ​​ရောက်တဲ့ ​ရောဂါမျိုးလည်း ဖြစ်ပါတယ်

ိုတာဘာလဲ

👉 အစာအိမ်ရဲ့ ၀င်​ပေါက် မလုံလို့ အစာ​ခြေရည်​(Acid) တွေက လည်မျိုထဲ ပြန်လျှံတက်တဲ့ ​ရောဂါလို့ အလွယ် မှတ်သားလို့ ရပါတယ်

#ဘယ်သူ​တွေမှာGERDဖြစ်တတ်လဲ

🎈 အရက်၊ ​ဆေးလိပ် ​သောက်တဲ့သူ​တွေ

🎈 အစာ​ခြေရည် (Acid) အထွက်လွန်သူများ (ဥပမာ စိတ်ဖိစီးမှု များတဲ့သူ​တွေ)

🎈 အဝလွန်သူများ၊ ကိုယ်ဝန်​ဆောင်များ၊ ဗိုက်နဲ့ခါး တင်းကျပ်စွာ စည်း​နှောင်ဝတ်ဆင်သူများ

🎈Hiatus hernia လို့​ခေါ်တဲ့ ရင်​ခေါင်းကြွက်သားက အစာအိမ်ကို ညှစ်ထားတဲ့ ​ရောဂါရှိသူများ

🎈အစာမ​ကြေလွယ်သူများ

🎈လည်မျို​ရောင်ရမ်း​နေသူများ၊ အစာအိမ် ဝင်​ပေါက်လုံ​အောင် ညှစ်​တဲ့ ကြွက်သားအားနည်းသူများ

🎈 အချို့​သော ​ဆေးဝါးများ စွဲ​သောက်​နေရသူများ (ဥပမာ - Amitriptyline, Isosorbide)

ြစ်လာရင်ဘယ်လိုလက္ခဏာ​ခံစားရတတ်လဲ

🙁 ​​လေချဥ်တက်တာ
🙁 လည်ပင်းထဲ တစ်ဆို့ဆို့ဖြစ်သလို ခံစားရတာ
🙁 ရင်ဘတ်ထဲ ပူ​နေတာ
🙁 အစာစားပြီးရင် ရင်ဘတ်ထဲ အောင့်သလိုလိုဖြစ်တာ
🙁 ​ရက်ရှည် ချောင်း​ခြောက်ဆိုးတာ
🙁 ပုံမှန်ထက် တံ​တွေးပိုထွက်တာ
🙁 အသံဝင်/အသံ​ပြောင်းတာ
🙁 ​အန်တဲ့အခါ ​သွေးပါတာ
🙁 လဲ​လျောင်း​နေတုန်း အစာသီးတာ

​နောက်ဆက်တွဲအ​နေနဲ့
☹️ ​သွေးအားနည်းတာ
☹️ လည်မျို အနာဖြစ်ပြီး အမာရွတ်ကျန်တာ
☹️ လည်မျို ကင်ဆာအထိ ဖြစ်တတ်ပါတယ်

#ဘယ်လိုလက္ခဏာ​ခံစားရရင်မဖြစ်မ​နေ​ဆေးခန်းပြသင့်လဲ

🚩 အစာမျိုချဖို့ ခက်​နေတာ, အစာနင်တာ
🚩 အစာမျိုချရင် နာတာ
🚩 လည်ပင်း, ရင်ဘတ်နဲ့ ​ကျောကုန်း ​အောင့်တာ
🚩 အန်ရင် ​သွေးပါတာ
🚩 ကတ္တရာစီးလို ​ဝမ်းမဲမဲ ​စေးကပ်ကပ် သွားတာ
🚩 တစ်ချိန်လုံး တံ​တွေး တပျစ်ပျစ်ထွက်​နေတာ
🚩 ရုတ်တရက် ကိုယ်အ​လေးချိန် ကျသွားတာ (၁လအတွင်း နဂိုရှိရင်းစွဲရဲ့ ၃-၅% ကျတာ)
🚩 အသံဝင်/အသံ​ပြောင်းတာအတွက် ​ဆေး​သောက်လဲ ပြန်မ​ကောင်းတာ
🚩 အသက်ရှူရင် တရွှီရွှီမြည်​နေတာ

​ဖြစ်လာပြီဆိုဘယ်လိုပြုမူ​နေထိုင်ရမလဲ?

⛔️ ​ဆေးလိပ်ဖြတ်ပါ
⛔️ အရက် ​လျှော့​သောက်ပါ (ဖြတ်လျှင် ပို​ကောင်း)
⛔️ တင်းတင်းကျပ်ကျပ် အဝတ်အစားများ ​မ၀တ်ပါနှင့်
⛔️အကိုက်အခဲ ​ပျောက်​ဆေးများ မကြာခဏ မ​သောက်သင့်ပါ
⛔️ ပူ​သော စပ်​သော မာ​သော အစားအစာများ ​ရှောင်ပါ
⛔️ ​ထောပတ်, ဒိန်ခဲကဲ့သို့ အဆီအနှစ်များ​သော နို့ထွက်ပစ္စည်းများ ​ရှောင်ပါ
⛔️ ချောကလက်, ​ကော်ဖီကဲ့သို့ ကဖင်းပါ​သော အစားအစာများ ​​လျှော့ပါ
⛔️ သံပုရာသီးကဲ့သို့ citrus ပါ​သော သစ်သီးများ ​​တတ်နိုင်သမျှ ​လျှော့ပါ
⛔️ အစာစားပြီး ၂နာရီအတွင်း မလဲ​လျောင်းပါနှင့်
⛔️ ညအိပ်ခါနီး ၃နာရီအတွင်း အစာမစားသင့်ပါ

✅️ ကစီဓါတ်နည်း​သော အစားအစာများ စားပါ
✅️ အစာ​ပျော့​ပျော့ စားပါ
✅️ အစာကို ​ကြေညက်​အောင် ဝါးပြီးမှ မျိုချပါ
✅️ တစ်ခါစား နည်းနည်းနဲ့ အကြိမ်​ရေ ခဏခဏစားပါ
✅️ ဗိုက်ဆာ​နေချိန် စားစရာ မရှိပါက ​ရေ​အေး​သောက်​ပေးပါ (အစာ​ချေ​ရည်ရဲ့ အက်ဆစ်ဓါတ် ပြင်းအား ​လျော့​စေရန်), (ပီ​ကေဝါးနိုင်သည်)
✅️ အချိန်မှန်မှန် ​ဆေး​သောက်ပါ (​ဆေး​သောက်ဖို့ မ​မေ့ပါနှင့်)
✅️ အိပ်ရာ ​ခေါင်းရင်းကို ​ခြေရင်းထက် ၆လက်မခန့် မြှင့်ပြီး အိပ်ပါ
✅️ ဘယ်ဘက် ​စောင်းအိပ်ပါ
✅️ ဗိုက်ပူ ခါးတုတ်သူများ ကိုယ်အ​လေးချိန် ​လျှော့ချပါ ( လမ်း​လျှောက်, ​ပြေး, စက်ဘီးစီး, ဝိတ်မလို့ ရပါတယ်၊ အိပ်ထမတင် မရပါ)

ွက်သင့်​တော်​သောအစားအစာများ

🥬ဆလတ်ရွက်, 🎍ကညွတ်, 🥦ပန်း​ဂေါ်ဖီ, ​🎃ရွှေဖရုံသီး, 🥒သခွားသီး,
တရုတ်နံနံ, ပူစီနံ, 🫚ဂျင်း, 🧄ကြက်သွန်ဖြူ
🍲အုတ်ဂျုံ, 🫘ပဲနီ​လေး, 🌾ဆန်လုံးညို
🥛အဆီထုတ်ထား​သော နွားနို့
​🥑ထောပတ်သီး, 🍌ငှက်​ပျောသီး, 🍉ဖရဲသီး, သခွား​မွှေး, 🍎ပန်းသီး
ဗာဒံ​​စေ့
🫕 အသားစွပ်ပြုတ်
🧉ပျားရည်
🫖ချန်မိုမိုင်း ​ရေ​နွေးကြမ်း

ွားနို့နဲ့တည့်သလား

အဆီထုတ်ထားတဲ့ နွားနို့ဟာ အစာ​ခြေရည်ရဲ့ အက်ဆစ်ဓါတ်ကို ​ချေဖျက်​ပေးပါတယ်
သို့​ပေမယ့် ​ထောပတ် ဒိန်ခဲလို အဆီများတဲ့ နို့ထွက်ပစ္စည်း​တွေက GERDကို ပိုဆိုး​စေပါတယ်

ှာProteinစားလို့ရသလား

အဆီဖယ်ထားတဲ့ အသား သို့မဟုတ် ​ကောက်ပဲသီးနှံက ရတဲ့ ပရိုတိန်း (Protein) ဓါတ်က GERD နဲ့ တည့်ပါတယ်
ဥပမာ - ကြက်သား, ပင်လယ်စာ, တို့ဟူး, ကြက်ဥအကာ, ပဲနီ​လေး

ှာအက်ဆစ်နည်း​စေတဲ့​ဆေးကို​ရေရှည်​သောက်ရင်ဆိုးကျိုးဖြစ်​စေတာဟုတ်ပါသလား

GERDမှာ Omeprazole လို အက်ဆစ်နည်း​စေတဲ့​ဆေးကို နှစ်​ပေါက်​အောင် ​​ပေးရတဲ့ အ​ခြေအ​နေမျိုး​တွေ ရှိပါတယ်၊ နှစ်ရှည်စွဲ​သောက်ရင် ​ဘေးထွက်ဆိုးကျိုး​တွေ ရှိတာမှန်​ပေမယ့် လုံး၀မ​ပေးလို့လဲ မရပါဘူး

တစ်ချို့လူနာ​တွေ ရှိပါတယ်၊ ​ဆေးရဲ့ ​ဘေးထွက်ဆိုးကျိုးကို ​ကြောက်လို့ သဘာ၀ဓါတ်စာနဲ့ပဲ ကုချင်ကြပါတယ်၊ ​ရောဂါအ​ပျော့သမား​တွေက ဓါတ်စာနဲ့ ​ပျောက်ကင်းနိုင်​ပေမယ့် ​ရောဂါပြင်းထန်ရင်ကျ​တော့ ​ဆေးဝါးကူဖို့ လိုကိုလိုပါတယ်

​ရောဂါရဲ့ ဘယ်အ​နေအထားဆို ​​သောက်​ဆေး​ညွှန်းမယ် ဘယ်အချိန်မှာ ​သောက်​ဆေး​လျှော့မယ် ရပ်မယ်ဆိုတာကို သက်ဆိုင်ရာ ဆရာ၀န်​တွေက ညွှန်ကြားပါလိမ့်မယ်

စာလဲရှည်ပြီမို့ ဒီမှာရပ်ပါပြီ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ​စေ

Dr. NI (​ဒေါက်တာနီနီ)

Photo credit to original uploaders

Address

Taungoo

Telephone

+66616084137

Website

Alerts

Be the first to know and let us send you an email when Dr. NI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. NI:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram