22/02/2026
🏋️♂️ ဝိတ်ချတဲ့အခါအသားအရေ လျော့တွဲသွားမှာလား???
ကိုယ်အလေးချိန် အများကြီး လျော့ချလိုက်တဲ့အခါ အသားအရေ အနည်းငယ် လျော့တွဲခြင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ နည်းလမ်းတွေကို လိုက်နာနိုင်မယ်ဆိုရင် အသားအရေ တင်းရင်းပြီး ကြွက်သားကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်ပါတယ်။
🍀 ဝိတ်ချမယ်ဆို ဖြည်းဖြည်းမှန်မှန် သွားပါ (Slow & Steady)
အလွန်မြန်တဲ့နှုန်းနဲ့ ဝိတ်ချခြင်းက အသားအရေ ပြန်လည်တင်းရင်းဖို့ အချိန်မလုံလောက်နိုင်ပါဘူး။ ဖြည်းဖြည်းမှန်မှန် ဝိတ်ချခြင်းက အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ထိန်းသိမ်းပေးပြီး လျော့တွဲမှုကို လျှော့ချပေးနိုင်ပါတယ်။
🍀 အဓိက အာဟာရဓာတ်များကို မျှတအောင် စားသုံးပါ
အသားဓာတ်(Protein):ကြွက်သား မဆုံးရှုံးစေရန် အရေးကြီးပြီး အသားအရေဖွဲ့စည်းမှုအတွက် လိုအပ်သော Collagen ဖွဲ့စည်းမှုကိုလည်း အထောက်အကူပြုပါတယ်။ကြက်ရင်အုံ၊ ငါး၊ကြက်ဥ၊ ပဲအမျိုးမျိုး စသည်တို့ကို စားသုံးပါ။
ကစီဓာတ်(Carbohydrates):လေ့ကျင့်ခန်းလုပ်ရန် စွမ်းအင်ရရှိစေရန် Whole grains (ဆန်လုံးညို၊ အုတ်ဂျုံ) နှင့် အာလူးစတဲ့ complex carbohydrates များကို ရွေးချယ်စားသုံးပါ။
ကျန်းမာသော အဆီဓာတ် (Healthy Fats):ဗီတာမင်များ စုပ်ယူမှုကောင်းစေပြီး အသားအရေ စိုပြေကျန်းမာစေရန် ထောပတ်သီး၊ ငါးကြီးဆီ၊ အခွံမာသီးများ စားသုံးပါ။
🍀 Strength Training ကို Diet နဲ့ တွဲလုပ်ပါ
တစ်ပတ်ကို ၃ ရက်မှ ၅ ရက် အထိ Strength training လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက အဆီလျော့သွားသော နေရာများကို ကြွက်သားများဖြင့် အစားထိုးဖြည့်တင်းပေးနိုင်ပါတယ်။
🍀 ရေဓာတ်နှင့် အာဟာရဓာတ်များကိုလည်း ဂရုစိုက်ပါ
ရေဓာတ် မလုံလောက်ပါက အသားအရေ ခြောက်သွေ့ပြီး လျော့တွဲသလို ခံစားရနိုင်ပါတယ်။ထို့ကြောင့် တစ်နေ့လျှင် ရေ ၁.၅ လီတာမှ ၃ လီတာခန့် လုံလောက်စွာ သောက်ပေးပါ။
ထို့အပြင် Vitamin C၊ Vitamin E နှင့် Antioxidants ကြွယ်ဝသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို စားသုံးခြင်းက အသားအရေကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
🍀 လုံလောက်သော အိပ်စက်အနားယူမှု ရယူပါ
တစ်နေ့လျှင် ၇ နာရီမှ ၈ နာရီခန့် အိပ်စက်အနားယူခြင်းက အသားအရေဆဲလ်များနှင့် ကြွက်သားများ ပြန်လည်တည်ဆောက်ရန် အရေးကြီးပါတယ်။
✨ အသက်အရွယ်၊ မျိုးရိုးဗီဇနှင့် ဝိတ်ချသည့် ပမာဏပေါ်မူတည်ပြီး ရလဒ်များ ကွဲပြားနိုင်ပါသည်။
✨ ကျန်းမာသော ခန္ဓာကိုယ်နှင့် လှပသော အသားအရေကို အတူတကွ ထိန်းသိမ်းနိုင်ကြပါစေ။