KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်း ကျန်းမာဖို့ စစ်ဆေးကြပါစို့။

မင်္ဂလာပါ🙏🙏KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် အဆင့်​မြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို စျေးနှုန်းချိုသာစွာဖြင့် တိကျမှန်...
10/03/2025

မင်္ဂလာပါ🙏🙏

KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် အဆင့်​မြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို စျေးနှုန်းချိုသာစွာဖြင့် တိကျမှန်ကန်သောအဖြေများရရှိအောင် စစ်ဆေးပေးနေပါပြီ

မြို့မ (၃)မော်သံလမ်း ဗိုလ်အောင်ကျော်လမ်းထိပ် မုဒုံမြို့
09693238812

ဗိုလ်နေဝင်းလမ်း ကျောင်းပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးရှေ့ သံဖြူဇရပ်မြို့
09693238812

ဖွင့်ချိန် မနက် ၈ နာရီ မှ ည ၈နာရီ အထိ
ပိတ်ရက်မရှိဖွင့်လှစ်နေပါပြီ

KPSH နဲ့အတူ အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု ရယူနိုင်ပါပြီ။✅ ဆေးရုံဆေးခန်း သွားလာဖို့ အခက်အခဲရှိသူများ၊ နာတာရှည် လှဲလျော...
25/02/2025

KPSH နဲ့အတူ အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု ရယူနိုင်ပါပြီ။

✅ ဆေးရုံဆေးခန်း သွားလာဖို့ အခက်အခဲရှိသူများ၊ နာတာရှည် လှဲလျောင်းနေရသူများအတွက် KPSH အဆင့်မြင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများတွင် အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု ရယူလို့ရပါပြီ။

🌟 လူကြီးမင်းတို့အတွက် ကျန်းမာရေးဝန်ဆောင်မှုများကို နွေးထွေးပျူငှာစွာ ဆောင်ရွက်ပေးနေတာကြောင့် ကျန်းမာရေးကိစ္စအဝဝအတွက်ဆို KPSH ကိုသတိရလိုက်ပါ။

KPSH အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများ၏လိပ်စာများ -

🔬မြို့မ (၃)မော်သံလမ်း ဗိုလ်အောင်ကျော်လမ်းထိပ် မုဒုံမြို့
📞 09 773992902 / 09693238812

🔬ဗိုလ်နေဝင်းလမ်း ကျောင်းပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးရှေ့ သံဖြူဇရပ်မြို့
📞 09 762026645 / 09693238812

⏰ ဖွင့်ချိန် မနက် ၈ နာရီ မှ ည ၈နာရီ အထိ

အူရောင်ငန်းဖျား ရောဂါ / တိုက်ဖွိုက်ရောဂါဆရာဆေးခန်းထိုင်တဲ့ ယုဇန၊ ဒဂုံဆိပ်ကမ်းမှာတော့ တိုက်ဖွိုက်အဖြေထွက်တဲ့ကလေးတွေ ဆေးခန...
25/02/2025

အူရောင်ငန်းဖျား ရောဂါ / တိုက်ဖွိုက်ရောဂါ

ဆရာဆေးခန်းထိုင်တဲ့ ယုဇန၊ ဒဂုံဆိပ်ကမ်းမှာတော့ တိုက်ဖွိုက်အဖြေထွက်တဲ့ကလေးတွေ ဆေးခန်းမှာ ဒီတစ်ပတ်ထဲတင် ဆယ်ယောက်ကျော်ရှိသွားပြီ။ ဒီရောဂါက အစားအသောက်ကတဆင့် ကူးတာဆိုတော့ တခြားမြို့နယ်တွေမှာပါ ဖြစ်နေနိုင်တာကြောင့် ဒီနေ့ အူရောင်ငန်းဖျား၊ တိုက်ဖွိုက် (Enteric Fever/ Typhoid) အကြောင်းတင်ပါတယ်။

♻ ဆရာဝန်တစ်ယောက်အနေနဲ့ပြောရရင်တော့အများကြီး၊ ဒါပေမယ့် ကလေးမိဘတွေသိဖို့တော့ အရေးကြီးတဲ့အချက်တွေပဲ ပြောပြပါမယ်။ ဒါလောက်တော့ သိထားရပါမယ်။ ကလေးအတွက်ဗဟုသုတ ယူပါ။

🍒 အူရောင်ငန်းဖျားက အစားအသောက်က ကူးပါတယ်။ ရေက တဆင့်လဲ ကူးတတ်ပါတယ်။ ဒါကြောင့် ဧရိယာတစ်ခုမှာ တစ်ယောက်ဖြစ်ရင် ပတ်ဝန်းကျင်မှာလဲ တစ်ယောက်ပြီးတစ်ယောက်တွေ့ရတတ်ပါတယ်။

🍒 ဘက်တီးရီးယားပိုး (Salmonella Typhi / Paratyphi) ကြောင့် ဖြစ်ပွားတဲ့ရောဂါတစ်မျိုးပါ။ ဒီတော့ ဆရာပြောနေကျအတိုင်း ဗိုင်းရပ်စ်ပိုးကြောင့် ဆိုရင် ပိုးသတ်ဆေးမလိုပေမယ့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေးတိုက်မှ သက်သာပါတယ်။ တအားအရေးကြီးလာရင် ဆေးရုံတက် ပိုးသတ်ဆေး ထိုးရပါတယ်။

🍒 လက္ခဏာတွေကတော့ အဓိက က အဖျားမကျတာပါပဲ။

အဖျားက တဖြည်းဖြည်း ထိုးတက်လာတာ လေးငါးရက်ဆေးတိုက်လဲမကျတဲ့အပြင် ၁၀၃၊ ၁၀၄ ထိ အဖျားတွေထိုးတက်ပါတယ်။

ဗိုက် နာကောင်းနာပါလိမ့်မယ်။

ချောင်းနည်းနည်းဆိုးကောင်းဆိုးပါလိမ့်မယ်။

အစားပျက်ကောင်းပျက်ပါလိမ့်မယ်။

အဓိက က အဖျားမကျတာပါပဲ။

🍒 ဆရာပြောနေကျအတိုင်း အဖျား ၄၈နာရီကျော်ရင် သွေးလွန်တုပ်ကွေး သတိရှိပါလို့ မှာဖူးပါတယ်။ ဒီ့ထက်လွန်ပြီး ငါးရက်ကျော်တစ်ပတ်လောက်ထိ အဖျားမကျရင်တော့ တိုက်ဖွိုက်ကိုစိတ်ပူပါတယ်။ အဲဒီမှာ ဆရာဝန်နဲ့ လူနာနဲ့ နားလည်မှုလွဲနိုင်တဲ့အချက်တစ်ခုက - တိုက်ဖွိုက်အတွက်စစ်ရတဲ့ Widal လို့ခေါ်တဲ့သွေးစစ်မှုဟာ ရောဂါ ခန္ဓာကိုယ်ထဲဝင်ပြီး တစ်ပတ်ကြာမှ စစ်လို့ရပါတယ်။ အဲဒီမတိုင်ခင် သုံးလေးရက်မှာအဖျားတက်နေပေမယ့် စစ်လို့မရပါဘူး။
အဲဒီမှာ လူနာရှင်က စိတ်တွေပူပြီး ကလေး အဖျားမကျလို့ ဆေးခန်းပြောင်းပြရင်း အဖျားရက်ကြာမှသွေးစစ်၊ ပိုးသတ်ဆေးပေးနဲ့ သက်သာလာတဲ့အခါ ​ရှေ့မှာပြခဲ့တဲ့ဆရာဝန်ကို မစစ်ဆေးရကောင်းလားဆိုပြီး အထင်လွဲသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ဘက်ကလဲ ရှင်းပြရသလို လူနာဘက်ကလဲ နားလည်မှုထားပေးစေချင်ပါတယ်။

🍒 အူရောင်ငန်းဖျားဖြစ်တဲ့အခါ နာမည်အတိုင်း အူရောင်တတ်တဲ့အတွက် အစာကြေလွယ်မယ့်အစားအစာတွေပဲကျွေးရပါမယ်။ ပြောရရင် အရည်များများ၊ အရည်ဆန်ဆန် ကျွေးရပါတယ်။လေပွမယ့်အစာတွေ အစာမာမာတွေရှောင်ရပါမယ်။

🍒 မိမိရဲ့ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး သူချိန်းတဲ့အတိုင်းရက်မှန်မှန်ပြပြီး ဆေးကိုပတ်လည်အောင်တိုက်ပါ။ မိသားစုဆရာဝန်က ထမင်းပြန်စားဆိုမှ ပြန်စားပါ။

ကျန်းမာကြပါစေ
စိုင်းမြတ်သူ
Copy from Dr.Sai Myat Thu

📌 ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ပြောကြားထားတဲ့ " လူသိနည်းသော အသည်း‌ရောင်အသားဝါ '𝗔' နှင့် '𝗘' "အကြောင်းကို အခုလို ပြန်လည်ဝ...
25/02/2025

📌 ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ပြောကြားထားတဲ့ " လူသိနည်းသော အသည်း‌ရောင်အသားဝါ '𝗔' နှင့် '𝗘' "အကြောင်းကို အခုလို ပြန်လည်ဝေမျှပေးလိုက်ပါတယ်...

✅ ဒီဆောင်းပါးကို 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 𝗩𝗼𝗹𝘂𝗺𝗲 (𝟰.𝟯) မှကောက်နုတ်ထားခြင်းဖြစ်ပါတယ်...


23/02/2025

အခုတလော အဖြစ်များနေတဲ့ အသည်းရောင်အသားဝါ

Hepatitis A ရောဂါသည် အသည်းကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ဤရောဂါသည် အသည်းရောင်အသားဝါ A ဗိုင်းရပ်စ် (Hepatitis A Virus - HAV) ကြောင့် ဖြစ်ပြီး၊ မသန့်ရှင်းသော အစားအစာများ၊ ရေများ သို့မဟုတ် ရောဂါပိုးရှိသူနှင့် နီးနီးကပ်ကပ် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ Hepatitis A ရောဂါသည် အခြား Hepatitis B နှင့် Hepatitis C တို့ကဲ့သို့ နာတာရှည်မဖြစ်စေဘဲ၊ ကုသပျောက်ကင်းနိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။

Hepatitis A ရောဂါ၏ လက္ခဏာများ

Hepatitis A ရောဂါ၏ လက္ခဏာများသည် ဗိုင်းရပ်စ်ပိုး ကူးစက်ပြီး ၂ ပတ်မှ ၆ ပတ်အတွင်း ပေါ်လာတတ်ပါသည်။ အချို့လူများတွင် လက္ခဏာမပြဘဲ ဖြစ်နိုင်သော်လည်း၊ အဓိက လက္ခဏာများမှာ -
- အသားဝါခြင်း၊ မျက်လုံးဝါခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ဗိုက်အောင့်ခြင်း (အထူးသဖြင့် အသည်းနေရာ)
- ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း
- အစားအသောက်ပျက်ခြင်း
- ဖျားခြင်း
- ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း

ကူးစက်ပုံ
Hepatitis A ဗိုင်းရပ်စ်သည် မစင်မှတစ်ဆင့် ပါးစပ် (Fecal-oral route) ကူးစက်နိုင်ပါသည်။ ဥပမာ -
- ရောဂါပိုးရှိသူ၏ မစင်နှင့် ထိတွေ့ပြီး လက်မဆေးဘဲ အစားအစာကို ကိုင်တွယ်ခြင်းမှတစ်ဆင့်
- မသန့်ရှင်းသော ရေကို သောက်သုံးခြင်း
- ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်း (ဥပမာ - လိင်ဆက်ဆံခြင်း)

ကာကွယ်နည်းများ
Hepatitis A ရောဂါကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါသည် -
1. **ကာကွယ်ဆေးထိုးခြင်း**
Hepatitis A ကာကွယ်ဆေးသည် ရောဂါကို ကာကွယ်ရာတွင် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါသည်။

2. **သန့်ရှင်းမှုကို အလေးထားခြင်း**
- လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောခြင်း (အထူးသဖြင့် အစားမစားမီ၊ အိမ်သာတက်ပြီးနောက်)
- သန့်ရှင်းသော ရေကို သောက်သုံးခြင်း
- အစားအစာများကို သေချာစွာ ချက်ပြုတ်ခြင်း

3. **ရောဂါပိုးရှိသူနှင့် ထိတွေ့မှု ရှောင်ကြဉ်ခြင်း**
ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

# # # ကုသမှု
Hepatitis A ရောဂါအတွက် သီးသန့်ကုသမှုမရှိပါ။ ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများကို လိုက်နာနိုင်ပါသည် -
- အနားယူခြင်း
- ရေဓာတ်ပြည့်ဝစေရန် အရည်များများ သောက်သုံးခြင်း
- အစားအသောက်ကို ပုံမှန်စားသုံးခြင်း (အဆီနည်းသော အစားအစာများ ရွေးချယ်ပါ)
- အရက်နှင့် အသည်းကို ထိခိုက်စေသော အစားအစာများကို ရှောင်ကြဉ်ခြင်း

# # # နောက်ဆက်တွဲဆိုးကျိုးများ
Hepatitis A ရောဂါသည် ယေဘုယျအားဖြင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေပါ။ သို့သော်၊ အချို့လူများတွင် အသည်းပျက်စီးခြင်း (Acute Liver Failure) ကဲ့သို့သော ပြင်းထန်သည့် အခြေအနေများ ဖြစ်နိုင်ပါသည်။

Hepatitis A ရောဂါသည် ကာကွယ်ဆေးထိုးခြင်း၊ သန့်ရှင်းမှုကို အလေးထားခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ရောဂါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသကာ လိုအပ်သော ကုသမှုကို ခံယူသင့်ပါသည်။

#ဟမ်စိုင်း(ဆေး-မန်း)copy

မနက်၈နာရီမှ ည၈နာရီအထိ ပိတ်ရက်မရှိစစ်ဆေးနိုင်ပါပြီ
20/02/2025

မနက်၈နာရီမှ ည၈နာရီအထိ ပိတ်ရက်မရှိစစ်ဆေးနိုင်ပါပြီ

08/01/2025
မင်္ဂလာပါ🙏                                                                  2025 January မှာ ဝန်ထမ်းများအတွက်           ...
04/01/2025

မင်္ဂလာပါ🙏 2025 January မှာ ဝန်ထမ်းများအတွက်

😮😮😮 Super Sunday Discount😮😮😮

10% Discount (ဝန်ထမ်းများသာလျှင်)

😊😊😊ဝန်ထမ်းများရဲ့အားလပ်ရက်ဖြစ်သော Super Sunday မှာ မိမိကိုယ်မိမိ ကျန်းမာရေးစစ်ဆေး မိသားစုအားပျော်ရွှင်စွာအချိန်များပေး😊😊😊

KPSH ရောဂါရှာဖွေးရေးဓာတ်ခွဲခန်းကို January လ Super Sunday တိုင်းတွင်လာရောက်စစ်ဆေးသော ဝန်ထမ်းများအား စစ်ဆေးကျသင့်မှုမှ 10% Discount လျော့စျေးရမှာမို့ စစ်ဆေးလိုပါက KPSH ကိုသတိရလိုက်ပါ Hello လုပ်ရုံဖြင့် သင့်ကျန်းမာရေး စစ်ဆေးမှုအတွက် Service ပေးမှာ KPSH ပါ (ဝန်ထမ်းကဒ်လေးတော့မမေ့နဲ့နော်)

KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် European Societyမှ စံနှုန်းယူကာ အသိအမှတ်ပြုလက်မှတ်ရရှိထားသော တခုတည်းသော ဓာတ်ခွဲခန်းဖြစ်ပြီး တိကျမှန်ကန်စိတ်ချရသော အဖြေများကို ခေတ်မှီစက်သစ်ကြီးများဖြင့် ဓာတ်ခွဲဘွဲ့ရပညာရှင်များမှ နေ့စဥ်ပိတ်ရက်မရှိ ဝန်ဆောင်မှုများပေးနေပါပြီ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုများလည်း ပေးနေပါပြီ

သွေးဆီးဝမ်းသလိပ်အသားစ အစရှိသည်များ စစ်ဆေးလိုပါက KPSHကို သတိရလိုက်ပါနော်

🔬မြို့မ (၃)မော်သံလမ်း ဗိုလ်အောင်ကျော်လမ်းထိပ် မုဒုံမြို့
📞 09 773992902 / 09693238812

🔬ဗိုလ်နေဝင်းလမ်း ကျောင်းပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးရှေ့ သံဖြူဇရပ်မြို့
📞 09 762026645 / 09693238812

Service အဆင်မပြေမှုရှိပါက 09693238812 သို့တိုက်ရိုက်ဆက်သွယ် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ

⏰ ဖွင့်ချိန် မနက် ၈ နာရီ မှ ည ၈နာရီ အထိ

မင်္ဂလာပါ🙏                                                                  2025 January အတွက် 😮😮😮Discount😮😮😮         10...
02/01/2025

မင်္ဂလာပါ🙏 2025 January အတွက် 😮😮😮Discount😮😮😮
10% Discount (သံဃာတော်များသာလျှင်) KPSH ရောဂါရှာဖွေးရေးဓာတ်ခွဲခန်းကို January လအတွင်းလာရောက်စစ်ဆေးသော သံဃာတော်များအား စစ်ဆေးကျသင့်မှုမှ 10% Discount လျော့စျေးရမှာမို့ စစ်ဆေးလိုပါက KPSH ကိုသတိရလိုက်ပါ Hello လုပ်ရုံဖြင့် သင့်ကျန်းမာရေး စစ်ဆေးမှုအတွက် Service ပေးမှာ KPSH ပါ

KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် European Societyမှ စံနှုန်းယူကာ အသိအမှတ်ပြုလက်မှတ်ရရှိထားသော တခုတည်းသော ဓာတ်ခွဲခန်းဖြစ်ပြီး တိကျမှန်ကန်စိတ်ချရသော အဖြေများကို ခေတ်မှီစက်သစ်ကြီးများဖြင့် ဓာတ်ခွဲဘွဲ့ရပညာရှင်များမှ နေ့စဥ်ပိတ်ရက်မရှိ ဝန်ဆောင်မှုများပေးနေပါပြီ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုများလည်း ပေးနေပါပြီ

သွေးဆီးဝမ်းသလိပ်အသားစ အစရှိသည်များ စစ်ဆေးလိုပါက KPSHကို သတိရလိုက်ပါနော်

🔬မြို့မ (၃)မော်သံလမ်း ဗိုလ်အောင်ကျော်လမ်းထိပ် မုဒုံမြို့
📞 09 773992902 / 09693238812

🔬ဗိုလ်နေဝင်းလမ်း ကျောင်းပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးရှေ့ သံဖြူဇရပ်မြို့
📞 09 762026645 / 09693238812

Service အဆင်မပြေမှုရှိပါက 09693238812 သို့တိုက်ရိုက်ဆက်သွယ် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ

⏰ ဖွင့်ချိန် မနက် ၈ နာရီ မှ ည ၈နာရီ အထိ

25/12/2024

အူမကြီးကင်ဆာမဖြစ်အောင် စောစောဆေးစစ်ကြရအောင်။
# # # # # # # # # # # # # # # # # # # # # # # # # # # # # # #

ဆေးစစ်တယ်ဆိုတာ ပြောတော့သာလွယ်တာ။ တကယ်ကတော့ သိပ်မလွယ်လှဘူးဆိုတာ ဝန်ခံပါတယ်။ အချိန်ပေးရတယ်။ ငွေရေးကြေးရေးကလေးကလဲ လိုအပ်သေးတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ကိုယ့်ရဲ့စိတ်ဓါတ်ကို ပြင်ဆင်ရတာပါပဲ။

အသက်ကလေးရလာလို့ ဆေးလေးတော့ စစ်ချင်စိတ်ပေါ်ချင်ပေါ်မယ်။ ဒါမှမဟုတ် ဗိုက်ကနာသလိုလို၊ ဝမ်းကသွားရတာ အရင်လို မဟုတ်သလိုလို ၊ ဟိုလိုလို ဒီလိုလိုကလေးတွေဖြစ်ရင် ဆေးစစ်ချင်စိတ်တော့ ပေါက်ပါရဲ့။ ဒါပေမယ့် ကျွန်တော်ပြောသလို ဆေးစစ်ရခြင်းရဲ့ ကုန်ကျစရိတ်ကတမျိုး၊ အချိန်မရှိသလိုလို မအားချင်ယောင်ဆောင်ရတာက တမျိုး၊ ဒီထက်ပိုပြီး ကျော်လွှားရခက်ခဲတာကတော့ ဆေးစစ်မှ ရောဂါတွေပေါ်လာပြီး စိတ်ဆင်းရဲနေရအုန်းမယ်ဆိုတဲ့ စိတ်ဒုက္ခပါပဲ။

အဲ့ဒီ စိတ်ဒုက္ခက ဆရာဝန်မဟုတ်တဲ့ သာမန်လူမဆိုထားနဲ့၊ ဆရာဝန်တွေမှာလဲ ဆေးစစ်ရင် ကြောက်တဲ့စိတ်ရှိကြတယ်။ တတ်နိုင်သလောက်ပတ်ပြေးချင်ကြတယ်။ ကျွန်တော့်မှာလဲ အဲ့ကြောက်စိတ်ရှိတယ်။ ဆေးစစ်ရင် ဆိုးဆိုးရွားရွားရောဂါတွေ့ဖို့ ရာခိုင်နှုန်းက နည်းပါတယ်။ ဒါပေမယ့် အဲ့နည်းလှတဲ့ ရာခိုင်နှုန်းထဲ ငါများပါသွားလေမလားဆိုပြီး တွေးကြောက်တယ်။

အဲ့တော့ ကျွန်တော် ဘယ်လိုအားတင်းလဲ သိလား။ ဆေးစစ်ရင်သာ ရင်ခုန်ရတာ၊ ဆေးစစ်ပြီးလို့ အဖြေကောင်းရင် သိပ်နေလို့ကောင်းတာပဲဆိုတာ ဆေးစစ်ဖူးတဲ့သူတိုင်းသိတယ်။ ငါ့တော့ အိုကေပဲဟေ့ဆိုပြီး နှစ်နဲ့ချီ စိတ်ချလက်ချဖြစ်သွားတယ် မဟုတ်လား။ ဒါက တချက်ပေါ့။

နောက်တချက်က အခုခေတ်မှာ ရောဂါအတော်များများဟာ စောစောသာသိရင် အတော်ကြီးကို ကုရသရတာ အဆင်ပြေတယ်။ စောစောကု စောစောပျောက်တယ်။ ဥပမာ အသည်းရောင် အသားဝါ စီပိုးတောင် စောစောသိရင် အေးဆေးဖြစ်နေပြီ။ HIV လူနာတွေ အရင်လို မသေတော့ဘူး။ ကင်ဆာတွေဆိုလဲ စောစောသိလို့ကတော့ ကုသရတာလွယ်ပြီး ပျောက်ဖို့ မျှော်လင့်ချက်က အများကြီးရှိလာပြီ။ နောက်ကျပြီးမှ သိရင် ကုရတာလဲခက်၊ ပိုက်ဆံလဲပိုကုန်၊ အသက်တွေလဲ တိုကုန်ရော။

ဒီလိုတွေ သိနေပါလျှက်နဲ့ ငါဆေးမစစ်လို့ မဖြစ်ပါဘူး။ ကြောက်ပေမယ့် စစ်မှ စစ်မှ။ ဆေးစစ်ရင်လဲ အဖြေတွေကောင်းဖို့က ကိုယ့်ဖက်မှာ အများကြီး။ မကောင်းဖို့ဆိုတာ ရှားမှရှား။ ငါ စစ်ရမယ်။ စစ်ပြီး စိတ်အေးသွားတာပဲ။ ဒါက ကျွန်တော့်ရဲ့ အားတင်းနည်းပေါ့ဗျာ။

ငယ်ငယ်က နိုင်ငံခြားက မင်းသား၊မင်းသမီးတွေ၊ နိုင်ငံကျော်ပုဂ္ဂိုလ်တွေ ဟိုလူ ကင်ဆာဖြစ် ဒီလူကင်ဆာဖြစ်တယ်ကြားရတတ်တယ်။ ဒါပေမယ့် အများစုက သေလဲမသေကြပါလား။ ဘယ်လိုပါလိမ့်ပေါ့။

ကိုယ်တိုင်ဆရာဝန်ဖြစ်လို့ နိုင်ငံခြားဆေးရုံရဲ့ အူမကြီးဌာနမှာ အလုပ်လုပ်တဲ့အခါ သူတို့ဆီမှာလဲ ကင်ဆာလူနာတွေကို ကိုယ်တိုင်ကြည့်ရတော့ ဟယ်ဒီလူနာတွေလဲ မသေကြဘူးဟဲ့၊ ကင်ဆာရောဂါကို ခွဲထာူကြတာ ၁၀ နှစ် အနှစ် ၂၀ ပဲရှိနေကြပြီ။ သူတို့ လူနာမှတ်တမ်း chart တွေဆိုတာ တတောင်လောက်ထူနေပြီ။ ကိုယ်နဲ့လာပြတဲ့ အူမကြီးကင်ဆာလူနာတွေက အကောင်းကြီး အေးဆေး။

အမ် ! ဒို့တိုင်းပြည်ကျ ကင်ဆာဖြစ်ရင် တဖြုတ်ဖြုတ်နဲ့ တဖြုန်ဖြုန်ကေးကုန်ပါလား။ ဘယ်နှာတုန်းဆိုပြီး စဉ်းစားဆင်ခြင်တဲ့ အခါမှာ သူတို့ရဲ့ကင်ဆာတွေက အဆင့်(၁) လောက်နဲ့ စောစောသိကြ၊ စောစောခွဲကြရတာက အကြောင်းရင်းကြီး တစ်ခုပဲဆိုတာ တဖြည်းဖြည်း သဘောပေါက်လာတယ်။ ဒို့ပြည်မှာက ကင်ဆာရယ်လို့ သိလိုက်ရရင် အဆင့်က (၃) နဲ့ (၄) ပဲ။ အဲ့တော့လဲ ဘယ်လိုလုပ် အဆင့်(၁) သမားကို သွားယှဉ်လို့ ရပါ့မလဲ။

ပြောချင်တာတွေများပြီး အခုထိလိုရင်းက မရောက်သေးဘူး။ ဒီနေ့တကယ်ပြောချင်တာက Colorectal cancer screening လို့ခေါ်တဲ့ အူမကြီးကင်ဆာမဖြစ်ခင် ၊ ဒါမှမဟုတ် ဖြစ်ခါစကလေးမှာသိအောင် စစ်ဆေးနည်းပါပဲ။

အူမကြီးကင်ဆာဆိုတဲ့ ရောဂါဟာ တစ်လ နှစ်လ ၊ လေးငါးခြောက်လနဲ့ စဖြစ်တဲ့ရောဂါမဟုတ်ပါဘူး။ အူမကြီးကင်ဆာဖြစ်ဖို့အတွက် အူနံရံမှာ အဆင့်ပေါင်းများစွာပြောင်းလဲရပါတယ်။ နှစ်နဲ့ချီကြာပါတယ်။ ဆိုလိုတာက အူမကြီးကင်ဆာဟာ ဆေးစစ်ဖို့ အချိန် အများကြီးရတဲ့ ရောဂါပါ။ မစစ်လို့သာ ကျွန်တော်တို့ လူနာတွေက မသိလိုက်ကြတာပါ။

အူမကြီးကင်ဆာဟာ များသောအားဖြင့် polyp လို့ခေါ်တဲ့ အသားပိုလေးက စပါတယ်။ အသားပိုလေးဟာ နှမ်းစေ့လေးလောက်ကစတယ်။ ဒါပေမယ့် အဲ့ နှမ်းစေ့လောက် အသားပိုလေးဟာ ကင်ဆာမဖြစ်သေးပါဘူး။ သူဟာ အသားပိုဘဝနဲ့ နှစ်ပေါင်းများစွာ အူမကြီးနံရံမှာ ရှိနေအုန်းမှာပါ။ ကင်ဆာပြောင်းဖို့ အလားအလာရှိတဲ့ အသားပိုဟာ တဖြေးဖြေးကြီးထွားလာပါတယ်။ အများအားဖြင့် 2 cm ကျော်လာတဲ့ အသားပိုတွေကတော့ ကင်ဆာဖြစ်ဖို့ အလားအလာ အများကြီးရှိနေပါပြီ။ 2 cm ဆိုတော့ မြန်မာလိုမျက်စိထဲမြင်အောင်ပြောရရင် ဆီးဖြူသီးခပ်သေးသေးအရွယ်လောက်ပေါ့။

ဒီ polyp လို့ခေါ်တဲ့ အသားပိုအဆင့်ဟာ လူနာအတွက် အရေးအကြီးဆုံးကာလပါပဲ။ ဒီ အသားပိုဘဝမှာသာ ဆရာဝန်က မှန်ပြောင်းနဲ့ ဒီအသားပိုကို ရှင်းထုတ်နိုင်ခဲ့ရင် ဒီလူနာဟာ အူမကြီးကင်ဆာဖြစ်ခြင်းကနေ ကာကွယ်လိုက်နိုင်ပါပြီ။ မှန်ပြောင်းနဲ့ အသားပိုကို ထုတ်လို့ရတာကိုး။ သိပ်ခက်တာမှ မဟုတ်တာ။

နှမ်းစိလောက် အသားပိုသေးသေးလေးကနေ ဇီးဖြူသီးလောက် အသားပိုကြီးကြီး ဖြစ်ဖို့က ၅ နှစ်ကနေ ၁၀ နှစ်လောက်အထိ ကြာနိုင်တယ်။ အဲ့ ဇီးဖြူသီးလောက် အသားပိုအကြီးကြီးတောင် ကင်ဆာဟုတ်ချင်မှ ဟုတ်အုန်းမှာ။ အဲ့တော့ ကျွန်တော်တို့ အချိန်တွေ ဘယ်လောက်ရလဲ။ တွက်ကြည့်စမ်းပါအုန်း။ နှစ်ပေါင်းများစွာရတယ်။

အူမကြီးကင်ဆာ အများစုဟာ ကင်ဆာအနေနဲ့ စဖြစ်လာကြတာ မဟုတ်ပေဘူး။ အသားပို ပိစိကွေးလေးတွေအနေနဲ့သာ စဖြစ်လာကြတာ။ အဲ့အသားပိုဘဝမှာ နှစ်ပေါင်းများစွာ အူမကြီးနံရံမှာ ရှိနေပြီးမှသာ တဖြည်းဖြည်းပိုကြီးလာကြ၊ တဖြည်းဖြည်း ကင်ဆာဆဲလ်တွေ အနေနဲ့ ပြောင်းလာကြတာ။ ဆေးပညာလိုဆို adenoma Carcinoma sequence လို့ ခေါ်တာပေါ့။

ဆရာဝန်တွေရဲ့ နည်းဗျူဟာက ဒီလို။ ဒီအူမကြီးကင်ဆာ ဖြစ်ပွါးမှုကျအောင် အသက် ၅၀ ကျော်လာတဲ့ လူတွေကို မှန်ပြောင်းကြည့်မယ်။ အသားပိုဘဝမှာ အကုန်မှန်ပြောင်းနဲ့ ဖြတ်ထုတ်ပြီး ရှင်းပစ်မယ်။ ဒါဆို ကင်ဆာဖြစ်ဖို့ အတော်ကို နည်းသွားမယ်။ မှန်ပြောင်းကိုလဲ ၁၀ နှစ်တခါကြည့်မယ်။ အသားပိုကနေ ကင်ဆာဖြစ်ဖို့ ဒါလောက် နှစ်ပေါင်းများစွာကြာတာ၊ ၁၀ နှစ်တခါ ကြည့်ရင်တောင် လုံလောက်တယ်။ ၁၀ နှစ်တခါ လူတွေ မှန်ပြောင်းကြည့်ရင်တောင် အသားပိုဘဝကနေ ကင်ဆာပြောင်းဖို့ ခဲယဉ်းသားပဲ။ အိုကေပြီပေါ့။

မှန်ပါတယ်။ အိုကေပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေက သူ့ရဲ့ပြည်သူလူထုကို အလကားမှန်ပြောင်းကြည့်ပေးတယ်။ လူထုကလဲ ပညာရေးရေချိန်မြင့်တော့ မှန်ပြောင်းကို လိုလိုလားလား အကြည့်ခံကြတယ်။ ဒါကြောင့် ချမ်းသာတဲ့တိုင်းပြည်တွေမှာ အူမကြီးကင်ဆာဖြစ်ပွါးမှုတွေက တအိအိကျလာတယ်။ ကျမှာပေါ့။ အသားပိုဘဝမှာ အပြတ်ရှင်းတာကိုး။ ကင်ဆာဘဝကို အပြောင်းမခံတော့ဘူးလေ။

အဲ ဒါပေမယ့် အသက် ၅၀ ကျော်တဲ့ လူတိုင်းကို အစိုးရက စိုက်ထုတ်ပြီး အူမကြီးမှန်ပြောင်းကြည့်ပေးဖို့ဆိုတာ ပြောတော့သာလွယ်တာ၊ တကယ်ကျ မလွယ်ပြန်ဘူး။ မြန်မာပြည် မပြောနဲ့ ၊ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာတောင် စရိတ်က အတော်ထောင်းတယ်။ အဲ့တော့ စျေးပေါပေါနဲ့ လူတွေ အများကြီးကို လွယ်လွယ်စစ်လို့ရတဲ့ စစ်ဆေးနည်းကို ရှာဖွေကြပြန်ရော။

အဲ့ဒီမှာ FOBT တို့ FIT တို့ဆိုတာ ပေါ်လာတယ်။ FIT ဆိုတာက ဝမ်းထဲမှာ သွေးပါမပါ စစ်တာ။ မျက်စိနဲ့ မမြင်ရတဲ့ သွေးပေါ့။ သူ့ရဲ့ စဉ်းစားနည်းက အူမကြီးမှာ အသားပိုပဲရှိရှိ၊ ကင်ဆာပဲရှိရှိ သွေးနည်းနည်းလေးထွက်တတ်တယ်။ ထွက်မှာပေါ့ အူမကြီးအသားအကောင်းမှ မဟုတ်တော့တာ။ အသားပိုတို့ ကင်ဆာတို့ဆိုတာ ပွစိစိ အသားတွေ မဟုတ်လား။ ဒီတော့ သွေးလေးမဆိုစလောက် ဝမ်းထဲမှာ ပါလာတာပေါ့။ အဲ့ မျက်စိနဲ့ မမြင်ရတဲ့ မဆိုစလောက်သွေးလေး အိမ်သာတက်ရင်း ပါမပါကို FIT test နဲ့ ဖမ်းတယ်။ ဝမ်းကို FIT test လုပ်ကြည့်တယ်။ FIT test positive ဆို ဝမ်းထဲမှာ သွေးပါနေပြီပေါ့။ negative ဆို မပါဘူးပေါ့။

ဒီတော့မှ FIT test positive သမားများ မှန်ပြောင်းကြည့်ရန်ကြွပါ။ negative သမားကတော့ မကြည့်နဲ့အုန်း၊ မှန်ပြောင်းဖိုး ပိုက်ဆံကုန်တာနဲ့ မတန်ဘူးလို့ ယူဆသကိုး ခင်ဗျ။

FIT test ရဲ့သဘောကတော့ မှန်ပြောင်းတန်းကြည့်တဲ့မူကို တိုက်ရိုက်မသွားဘဲ ချွေတာရေးအနေနဲ့ FIT test လေးအရင်လုပ်ကြည့်။ သွေးပါမှ positive ထွက်မှ မှန်ပြောင်းကြည့်ဆိုတဲ့ မူပါပဲ။

FIT test positive ဖြစ်ခြင်းဟာ ကင်ဆာဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ဘဲ မှန်ပြောင်းကြည့်သင့်တယ်လို့ ဆိုလိုတာသာဖြစ်ကြောင်း နားလည်ရပါမယ်။ FIT test positive ဖြစ်တာကို ကြောက်လန့်နေစရာမလိုပါဘူး။

FIT test positive ဖြစ်တယ်။ မှန်ပြောင်းကြည့်လိုက်တယ်၊ မှန်ပြောင်းအဖြေက ကောင်းတယ်ဆိုရင် FIT test positive ဖြစ်တာကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ မှန်ပြောင်းကြည့်ပြီးရင် FIT test ဟာ အရေးမပါတော့ပါဘူး။

အခုဆိုရင် အူမကြီးကင်ဆာမဖြစ်အောင် ဘယ်လို ကာကွယ်လို့ရလဲဆိုတာကို သဘောပေါက်လောက်ပါပြီ။ Colonoscopy လို့ခေါ်တဲ့ အူမကြီးမှန်ပြောင်း၊ Faecal Immunochemical Test လို့ခေါ်တဲ့ FIT test ရဲ့ စဉ်းစားတွေးခေါ်ပုံ သဘောသဘာဝတွေကိုလဲ နားလည်လောက်ပြီ ထင်ပါတယ်။

ဆေးစစ်မယ့်သူတွေ အနေနဲ့လဲ မှန်ပြောင်းကို တခါထဲတန်းကြည့်မယ်လို့ ဆုံးဖြတ်ထားရင် FIT test လုပ်နေစရာ မလိုပါဘူး။ မှန်ပြောင်းကြည့်နိုင်တာကတော့ အကောင်းဆုံးပါ။

မှန်ပြောင်းကြည့်ဖို့ မကြည့်ဖို့ စဉ်းစားနေတယ်၊ တွေဝေနေတယ်ဆိုရင် FIT test လုပ်ကြည့်ပါ။ positive ဆိုရင်တော့ ကြည့်သင့်ပါတယ်။ ဒါကတော့ ချွေတာရေးမူဝါဒပေါ့။

အခုနောက်ပိုင်း အူမကြီးကင်ဆာမူကတော့ အသက် ၅၀ မှစ၍ မှန်ပြောင်းကြည့်ပါ၊ ၁၀ နှစ်တခါ ကြည့်ပါ။ ဒီကြားထဲကို တနှစ်တခါ FIT test လေးလုပ်နေပါလို့ ပြောကြပါတယ်။

တချို့က အသက် ၄၅ မှာစကြည့်ခိုင်းပါတယ်။ ၅ နှစ်တခါဆိုတာလဲ ရှိပါတယ်။

တကယ်လို့ အသားပိုတွေ့ရင် တခါထဲထုတ်ပြီး အသားစအဖြေပေါ်မူတည်လို့ တနှစ်တခါ (သို့) ၂ နှစ်တခါ ပိုပြီး စိတ်စိတ်ကြည့်ဖို့ လိုနိုငိပါတယ်။

ကိုယ့်မိသားစုထဲ အူမကြီးကင်ဆာဖြစ်ရင်၊ မျိုးရိုးရှိခဲ့ရင်တော့ မျိုးရိုးဗီဇပါစစ်ပြီး အသက်၅၀ အထိ မစောင့်ပဲ ပိုပြီးစောစောကြည့်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ဆီမှာက မိသားစုဝင်တစ်ယောက် အူမကြီးကင်ဆာဖြစ်ပေမယ့် ကျန်တဲ့မိသားစုဝင်တွေက သိပ်စစ်ဆေးတဲ့ အလေ့အထ မရှိကြပါဘူး။ ဒါကို ဂရုပြုသင့်ပါတယ်။ အထူးသဖြင့် ကိုယ့်မိသားစုထဲ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အူမကြီးကင်ဆာဖြစ်ခဲ့ရင် ဆရာဝန်နဲ့ အသေအချာတိုင်ပင်ပြီး မိသားစုဝင်တွေ မှန်ပြောင်းကြည့် စစ်ဆေးသင့်ပါတယ်။

အရှေ့တောင်အာရှမှာ ဘယ်နိုင်ငံမှာ CRC screening လို့ခေါ်တဲ့ အူမကြီးမှန်ပြောင်း အခမဲ့စစ်ဆေးပေးခြင်းကို မလုပ်ပေးနိုင်သေးပါဘူး။ ဂရုစိုက်တတ်တဲ့ မိသားစုဟာ ကိုယ့်ဟာကိုယ်ပဲ လုပ်ရမယ့် အခြေအနေမှာပဲ ရှိနေပါသေးတယ်။

ဒါပေမယ့် ဒီစာစုလေးကြောင့် ဆေးပညာ အသိတစ်ခုရခဲ့ပြီး အူမကြီးကင်ဆာကို စစ်ဆေးဖြစ်ခဲ့လို့ လူတယောက်ကင်ဆာမဖြစ်တော့ဘူး၊ သို့မဟုတ် စောစောစီးစီးသိခဲ့တယ် ဆိုရင်တောင် ကျွန်တော်ရေးရကျိုးနပ်ပြီလို့ ယူဆပါတယ်။

Dr. မျိုးသက်အောင်
Consultant Surgeon / ပင်လုံဆေးရုံ

အူမကြီးကင်ဆာ အသိအမြင် ကျယ်ပြန့်ရေး မတ်( March) လ
Colorectal Cancer Awareness Month ၂၀၂၄
~~~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်စဉ် မတ်လဟာ အူမကြီးကင်ဆာ အသိအမြင် ကျယ်ပြန့်ရေးလ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမတ်လမှာ ကျွန်တော့်အနေနဲ့ အူမကြီးကင်ဆာနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ ကြိုးစားပြီးရေးသွားဖို့ ရှိနေပါတယ်။ အဟောင်းလေးတွေလဲ ပြန်တင်ပါမယ်။
The
အူမကြီးကင်ဆာနဲ့ ပက်သက်ပြီး တပိုင်းပြီးတပိုင်း ရေးသွားမယ်လို့ စိတ်ကူးပြီး အူမကြီးကင်ဆာခံစားနေရတဲ့ လူနာတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ တခြားစိတ်ဝင်စားသူတွေအနေနဲ့ အကျိုးတစုံတရာ ရှိလိမ့်မယ်လို့လဲ ယူဆမိပါတယ်။

မြန်မာနိုင်ငံမှာက ဆရာဝန်တွေက အချိန်ပေးနည်းတာတကြောင်း၊ လူနာများက မမေးရဲ၊ မမေးတတ်ကြတာတကြောင်းကြောင့် သိချင်မေးချင်ပါလျှက် မသိလိုက်ရ၊ မမေးလိုက်ရတာများကို ကျွန်တော့်စာလေးတွေက တစိတ်တပိုင်း အထောက်အကူပြုလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။

တတ်နိုင်သမျှ လူထုတွေ အူမကြီးကင်ဆာအကြောင်း သိရအောင် ဒီမတ်လအတွင်းတင်တဲ့ အူမကြီးကင်ဆာ post တွေကို share လုပ်ပေးဖို့လဲ မေတ္တာရပ်ခံပါတယ်။ အူမကြီးကင်ဆာက ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ကင်ဆာ ၃ ခုထဲမှာ အမြဲပါနေပါတယ်။ သင့် share မျှဝေမှုကြောင့် အူမကြီးကင်ဆာလူနာတစ်ယောက်က ရောဂါစောစောစီးစီး သိခွင့်ရခဲ့ရင် သူရောဂါလုံးဝပျောက်ကင်းတဲ့အထိ ကုသခွင့်ရသွားနိုင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။




#အူမကြီးကင်ဆာ

04/12/2024

မင်္ဂလာပါ🙏🙏

December Discount 😮 10%

KPSH ရောဂါရှာဖွေးရေးဓာတ်ခွဲခန်းကို December (5.12.2024) မှ (31.12.2024)အထိ လာရောက်စစ်ဆေးသောလူနာများအား စစ်ဆေးကျသင့်မှုမှ 10% Discount လျော့စျေးရမှာမို့ စစ်ဆေးလိုပါက KPSH ကိုသတိရလိုက်ပါ Hello လုပ်ရုံဖြင့် သင့်ကျန်းမာရေး စစ်ဆေးမှုအတွက် Service ပေးမှာ KPSH ပါ

KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် European Societyမှ စံနှုန်းယူကာ အသိအမှတ်ပြုလက်မှတ်ရရှိထားသော တခုတည်းသော ဓာတ်ခွဲခန်းဖြစ်ပြီး တိကျမှန်ကန်စိတ်ချရသော အဖြေများကို ခေတ်မှီစက်သစ်ကြီးများဖြင့် ဓာတ်ခွဲဘွဲ့ရပညာရှင်များမှ နေ့စဥ်ပိတ်ရက်မရှိ ဝန်ဆောင်မှုများပေးနေပါပြီ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုများလည်း ပေးနေပါပြီ

သွေးဆီးဝမ်းသလိပ်အသားစ အစရှိသည်များ စစ်ဆေးလိုပါက KPSHကို သတိရလိုက်ပါနော်

🔬မြို့မ (၃)မော်သံလမ်း ဗိုလ်အောင်ကျော်လမ်းထိပ် မုဒုံမြို့
📞 09 773992902 / 09693238812

🔬ဗိုလ်နေဝင်းလမ်း ကျောင်းပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးရှေ့ သံဖြူဇရပ်မြို့
📞 09 762026645 / 09693238812

Service အဆင်မပြေမှုရှိပါက 09693238812 သို့တိုက်ရိုက်ဆက်သွယ် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ

⏰ ဖွင့်ချိန် မနက် ၈ နာရီ မှ ည ၈နာရီ အထိ

Address

Bonaywin
Thanbyuzayat
XP5H+MHP,THANBYUZAYAT

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959773992902

Website

Alerts

Be the first to know and let us send you an email when KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category