KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်း ကျန်းမာဖို့ စစ်ဆေးကြပါစို့။

မင်္ဂလာပါ🙏🙏KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် အဆင့်​မြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို စျေးနှုန်းချိုသာစွာဖြင့် တိကျမှန်...
10/03/2025

မင်္ဂလာပါ🙏🙏

KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် အဆင့်​မြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို စျေးနှုန်းချိုသာစွာဖြင့် တိကျမှန်ကန်သောအဖြေများရရှိအောင် စစ်ဆေးပေးနေပါပြီ

မြို့မ (၃)မော်သံလမ်း ဗိုလ်အောင်ကျော်လမ်းထိပ် မုဒုံမြို့
09693238812

ဗိုလ်နေဝင်းလမ်း ကျောင်းပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးရှေ့ သံဖြူဇရပ်မြို့
09693238812

ဖွင့်ချိန် မနက် ၈ နာရီ မှ ည ၈နာရီ အထိ
ပိတ်ရက်မရှိဖွင့်လှစ်နေပါပြီ

KPSH နဲ့အတူ အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု ရယူနိုင်ပါပြီ။✅ ဆေးရုံဆေးခန်း သွားလာဖို့ အခက်အခဲရှိသူများ၊ နာတာရှည် လှဲလျော...
25/02/2025

KPSH နဲ့အတူ အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု ရယူနိုင်ပါပြီ။

✅ ဆေးရုံဆေးခန်း သွားလာဖို့ အခက်အခဲရှိသူများ၊ နာတာရှည် လှဲလျောင်းနေရသူများအတွက် KPSH အဆင့်မြင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများတွင် အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု ရယူလို့ရပါပြီ။

🌟 လူကြီးမင်းတို့အတွက် ကျန်းမာရေးဝန်ဆောင်မှုများကို နွေးထွေးပျူငှာစွာ ဆောင်ရွက်ပေးနေတာကြောင့် ကျန်းမာရေးကိစ္စအဝဝအတွက်ဆို KPSH ကိုသတိရလိုက်ပါ။

KPSH အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများ၏လိပ်စာများ -

🔬မြို့မ (၃)မော်သံလမ်း ဗိုလ်အောင်ကျော်လမ်းထိပ် မုဒုံမြို့
📞 09 773992902 / 09693238812

🔬ဗိုလ်နေဝင်းလမ်း ကျောင်းပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးရှေ့ သံဖြူဇရပ်မြို့
📞 09 762026645 / 09693238812

⏰ ဖွင့်ချိန် မနက် ၈ နာရီ မှ ည ၈နာရီ အထိ

အူရောင်ငန်းဖျား ရောဂါ / တိုက်ဖွိုက်ရောဂါဆရာဆေးခန်းထိုင်တဲ့ ယုဇန၊ ဒဂုံဆိပ်ကမ်းမှာတော့ တိုက်ဖွိုက်အဖြေထွက်တဲ့ကလေးတွေ ဆေးခန...
25/02/2025

အူရောင်ငန်းဖျား ရောဂါ / တိုက်ဖွိုက်ရောဂါ

ဆရာဆေးခန်းထိုင်တဲ့ ယုဇန၊ ဒဂုံဆိပ်ကမ်းမှာတော့ တိုက်ဖွိုက်အဖြေထွက်တဲ့ကလေးတွေ ဆေးခန်းမှာ ဒီတစ်ပတ်ထဲတင် ဆယ်ယောက်ကျော်ရှိသွားပြီ။ ဒီရောဂါက အစားအသောက်ကတဆင့် ကူးတာဆိုတော့ တခြားမြို့နယ်တွေမှာပါ ဖြစ်နေနိုင်တာကြောင့် ဒီနေ့ အူရောင်ငန်းဖျား၊ တိုက်ဖွိုက် (Enteric Fever/ Typhoid) အကြောင်းတင်ပါတယ်။

♻ ဆရာဝန်တစ်ယောက်အနေနဲ့ပြောရရင်တော့အများကြီး၊ ဒါပေမယ့် ကလေးမိဘတွေသိဖို့တော့ အရေးကြီးတဲ့အချက်တွေပဲ ပြောပြပါမယ်။ ဒါလောက်တော့ သိထားရပါမယ်။ ကလေးအတွက်ဗဟုသုတ ယူပါ။

🍒 အူရောင်ငန်းဖျားက အစားအသောက်က ကူးပါတယ်။ ရေက တဆင့်လဲ ကူးတတ်ပါတယ်။ ဒါကြောင့် ဧရိယာတစ်ခုမှာ တစ်ယောက်ဖြစ်ရင် ပတ်ဝန်းကျင်မှာလဲ တစ်ယောက်ပြီးတစ်ယောက်တွေ့ရတတ်ပါတယ်။

🍒 ဘက်တီးရီးယားပိုး (Salmonella Typhi / Paratyphi) ကြောင့် ဖြစ်ပွားတဲ့ရောဂါတစ်မျိုးပါ။ ဒီတော့ ဆရာပြောနေကျအတိုင်း ဗိုင်းရပ်စ်ပိုးကြောင့် ဆိုရင် ပိုးသတ်ဆေးမလိုပေမယ့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေးတိုက်မှ သက်သာပါတယ်။ တအားအရေးကြီးလာရင် ဆေးရုံတက် ပိုးသတ်ဆေး ထိုးရပါတယ်။

🍒 လက္ခဏာတွေကတော့ အဓိက က အဖျားမကျတာပါပဲ။

အဖျားက တဖြည်းဖြည်း ထိုးတက်လာတာ လေးငါးရက်ဆေးတိုက်လဲမကျတဲ့အပြင် ၁၀၃၊ ၁၀၄ ထိ အဖျားတွေထိုးတက်ပါတယ်။

ဗိုက် နာကောင်းနာပါလိမ့်မယ်။

ချောင်းနည်းနည်းဆိုးကောင်းဆိုးပါလိမ့်မယ်။

အစားပျက်ကောင်းပျက်ပါလိမ့်မယ်။

အဓိက က အဖျားမကျတာပါပဲ။

🍒 ဆရာပြောနေကျအတိုင်း အဖျား ၄၈နာရီကျော်ရင် သွေးလွန်တုပ်ကွေး သတိရှိပါလို့ မှာဖူးပါတယ်။ ဒီ့ထက်လွန်ပြီး ငါးရက်ကျော်တစ်ပတ်လောက်ထိ အဖျားမကျရင်တော့ တိုက်ဖွိုက်ကိုစိတ်ပူပါတယ်။ အဲဒီမှာ ဆရာဝန်နဲ့ လူနာနဲ့ နားလည်မှုလွဲနိုင်တဲ့အချက်တစ်ခုက - တိုက်ဖွိုက်အတွက်စစ်ရတဲ့ Widal လို့ခေါ်တဲ့သွေးစစ်မှုဟာ ရောဂါ ခန္ဓာကိုယ်ထဲဝင်ပြီး တစ်ပတ်ကြာမှ စစ်လို့ရပါတယ်။ အဲဒီမတိုင်ခင် သုံးလေးရက်မှာအဖျားတက်နေပေမယ့် စစ်လို့မရပါဘူး။
အဲဒီမှာ လူနာရှင်က စိတ်တွေပူပြီး ကလေး အဖျားမကျလို့ ဆေးခန်းပြောင်းပြရင်း အဖျားရက်ကြာမှသွေးစစ်၊ ပိုးသတ်ဆေးပေးနဲ့ သက်သာလာတဲ့အခါ ​ရှေ့မှာပြခဲ့တဲ့ဆရာဝန်ကို မစစ်ဆေးရကောင်းလားဆိုပြီး အထင်လွဲသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ဘက်ကလဲ ရှင်းပြရသလို လူနာဘက်ကလဲ နားလည်မှုထားပေးစေချင်ပါတယ်။

🍒 အူရောင်ငန်းဖျားဖြစ်တဲ့အခါ နာမည်အတိုင်း အူရောင်တတ်တဲ့အတွက် အစာကြေလွယ်မယ့်အစားအစာတွေပဲကျွေးရပါမယ်။ ပြောရရင် အရည်များများ၊ အရည်ဆန်ဆန် ကျွေးရပါတယ်။လေပွမယ့်အစာတွေ အစာမာမာတွေရှောင်ရပါမယ်။

🍒 မိမိရဲ့ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး သူချိန်းတဲ့အတိုင်းရက်မှန်မှန်ပြပြီး ဆေးကိုပတ်လည်အောင်တိုက်ပါ။ မိသားစုဆရာဝန်က ထမင်းပြန်စားဆိုမှ ပြန်စားပါ။

ကျန်းမာကြပါစေ
စိုင်းမြတ်သူ
Copy from Dr.Sai Myat Thu

📌 ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ပြောကြားထားတဲ့ " လူသိနည်းသော အသည်း‌ရောင်အသားဝါ '𝗔' နှင့် '𝗘' "အကြောင်းကို အခုလို ပြန်လည်ဝ...
25/02/2025

📌 ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ပြောကြားထားတဲ့ " လူသိနည်းသော အသည်း‌ရောင်အသားဝါ '𝗔' နှင့် '𝗘' "အကြောင်းကို အခုလို ပြန်လည်ဝေမျှပေးလိုက်ပါတယ်...

✅ ဒီဆောင်းပါးကို 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 𝗩𝗼𝗹𝘂𝗺𝗲 (𝟰.𝟯) မှကောက်နုတ်ထားခြင်းဖြစ်ပါတယ်...


23/02/2025

အခုတလော အဖြစ်များနေတဲ့ အသည်းရောင်အသားဝါ

Hepatitis A ရောဂါသည် အသည်းကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ဤရောဂါသည် အသည်းရောင်အသားဝါ A ဗိုင်းရပ်စ် (Hepatitis A Virus - HAV) ကြောင့် ဖြစ်ပြီး၊ မသန့်ရှင်းသော အစားအစာများ၊ ရေများ သို့မဟုတ် ရောဂါပိုးရှိသူနှင့် နီးနီးကပ်ကပ် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ Hepatitis A ရောဂါသည် အခြား Hepatitis B နှင့် Hepatitis C တို့ကဲ့သို့ နာတာရှည်မဖြစ်စေဘဲ၊ ကုသပျောက်ကင်းနိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။

Hepatitis A ရောဂါ၏ လက္ခဏာများ

Hepatitis A ရောဂါ၏ လက္ခဏာများသည် ဗိုင်းရပ်စ်ပိုး ကူးစက်ပြီး ၂ ပတ်မှ ၆ ပတ်အတွင်း ပေါ်လာတတ်ပါသည်။ အချို့လူများတွင် လက္ခဏာမပြဘဲ ဖြစ်နိုင်သော်လည်း၊ အဓိက လက္ခဏာများမှာ -
- အသားဝါခြင်း၊ မျက်လုံးဝါခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ဗိုက်အောင့်ခြင်း (အထူးသဖြင့် အသည်းနေရာ)
- ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း
- အစားအသောက်ပျက်ခြင်း
- ဖျားခြင်း
- ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း

ကူးစက်ပုံ
Hepatitis A ဗိုင်းရပ်စ်သည် မစင်မှတစ်ဆင့် ပါးစပ် (Fecal-oral route) ကူးစက်နိုင်ပါသည်။ ဥပမာ -
- ရောဂါပိုးရှိသူ၏ မစင်နှင့် ထိတွေ့ပြီး လက်မဆေးဘဲ အစားအစာကို ကိုင်တွယ်ခြင်းမှတစ်ဆင့်
- မသန့်ရှင်းသော ရေကို သောက်သုံးခြင်း
- ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်း (ဥပမာ - လိင်ဆက်ဆံခြင်း)

ကာကွယ်နည်းများ
Hepatitis A ရောဂါကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါသည် -
1. **ကာကွယ်ဆေးထိုးခြင်း**
Hepatitis A ကာကွယ်ဆေးသည် ရောဂါကို ကာကွယ်ရာတွင် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါသည်။

2. **သန့်ရှင်းမှုကို အလေးထားခြင်း**
- လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောခြင်း (အထူးသဖြင့် အစားမစားမီ၊ အိမ်သာတက်ပြီးနောက်)
- သန့်ရှင်းသော ရေကို သောက်သုံးခြင်း
- အစားအစာများကို သေချာစွာ ချက်ပြုတ်ခြင်း

3. **ရောဂါပိုးရှိသူနှင့် ထိတွေ့မှု ရှောင်ကြဉ်ခြင်း**
ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

# # # ကုသမှု
Hepatitis A ရောဂါအတွက် သီးသန့်ကုသမှုမရှိပါ။ ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများကို လိုက်နာနိုင်ပါသည် -
- အနားယူခြင်း
- ရေဓာတ်ပြည့်ဝစေရန် အရည်များများ သောက်သုံးခြင်း
- အစားအသောက်ကို ပုံမှန်စားသုံးခြင်း (အဆီနည်းသော အစားအစာများ ရွေးချယ်ပါ)
- အရက်နှင့် အသည်းကို ထိခိုက်စေသော အစားအစာများကို ရှောင်ကြဉ်ခြင်း

# # # နောက်ဆက်တွဲဆိုးကျိုးများ
Hepatitis A ရောဂါသည် ယေဘုယျအားဖြင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေပါ။ သို့သော်၊ အချို့လူများတွင် အသည်းပျက်စီးခြင်း (Acute Liver Failure) ကဲ့သို့သော ပြင်းထန်သည့် အခြေအနေများ ဖြစ်နိုင်ပါသည်။

Hepatitis A ရောဂါသည် ကာကွယ်ဆေးထိုးခြင်း၊ သန့်ရှင်းမှုကို အလေးထားခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ရောဂါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသကာ လိုအပ်သော ကုသမှုကို ခံယူသင့်ပါသည်။

#ဟမ်စိုင်း(ဆေး-မန်း)copy

မနက်၈နာရီမှ ည၈နာရီအထိ ပိတ်ရက်မရှိစစ်ဆေးနိုင်ပါပြီ
20/02/2025

မနက်၈နာရီမှ ည၈နာရီအထိ ပိတ်ရက်မရှိစစ်ဆေးနိုင်ပါပြီ

Address

Bonaywin
Thanbyuzayat
XP5H+MHP,THANBYUZAYAT

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959773992902

Website

Alerts

Be the first to know and let us send you an email when KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to KPSH ရောဂါရှာဖွေရေးဓာတ်ခွဲခန်း:

Share

Category