La Pyae Ultrasound and clinic

La Pyae Ultrasound and clinic Ultrasound, Clinic, Pharmacy, ECG

လပြည့် ဆေးခန်း၊ Ultrasound နဲ့ ဆေးဆိုင် သည် Ultrasound နဲ့ ရောဂါ ရှာဖွေပေး တဲ့ ဆေးခန်း ဖြစ်ပါတယ်။ Mindray DC 40 fullHD စက် ၊ 21.5 inches monitor နှင့် probe ၄ ခု ( ၁။3D 4D volume transducer 2-8.5MHz၂။ General curved array 2.5-6MHz ၃။ Linear transducer 3-13.5MHz ၄။ Endocavity 2.4-13.5MHz TVS & Transrectal ) ဖြင့် ရောဂါ ရှာဖွေပေးပါသည်။
-ဆရာဝန်များ မှ ရည်ညွှန်း ပေးပို့ တဲ့ စာရွက် ( Referral form ) များနဲ့ လဲ Ultrasound လာရိုက်နိုင်ပါတယ်။
-မိမိဘာသာ လည်း ရောဂါရှာဖွေ လိုပါက လာရောက်နိုင်ပါတယ်။
Medical check up ကျန်းမာရေး စစ်ဆေးမူ ပြုလုပ်နိုင်ပါတယ်။
ဆေးကုသ လိုပါကလည်း စမ်းသပ်ကုသပေးပါသည်။
ECG နှလုံးစစ်ဆေးမူလည်း ပြုလုပ်နိုင်ပါသည်။
ဆေး အမျိုမျိုး လည်း ရောင်းချပေးပါသည်။
ကာကွယ်ဆေး ( တုတ်ကွေး၊ အသဲ​ရောင်အသားဝါ ဘီ၊ ခွေးရူးရောဂါ) များလည်း လာရောက် ဆေးထိုးနိုင်ပါသည်။
လပြည့်ဆေးခန်း တွင် ဓာတ်ခွဲခန်း မရှိပါ။

ဒီနေ့ 24.7.25 ရက်နေ့မှ 1.8.25ထိနော်မနက် 9နာရီမှညနေ5နာရီထိပါ။
24/07/2025

ဒီနေ့ 24.7.25 ရက်နေ့မှ 1.8.25ထိနော်
မနက် 9နာရီမှညနေ5နာရီထိပါ။

24/06/2025

#ယနေ့ထုတ်သတင်းစာ_အင်တာဗျူး
◼ “ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ ပုံမှန်စားခြင်းဖြင့် သည်းခြေအိတ်ကျောက်တည်ခြင်းကို ကာကွယ်နိုင်ပါတယ်”

Radiologist ဒေါက်တာထွေးထွေးတင်နှင့် တွေ့ဆုံမေးမြန်းခြင်း

သည်းခြေအိတ်ကျောက်တည်ခြင်းက အထိုင်များသောသူများ၊ ကိုယ်ဝန်ဆောင်များ၊ အစားအသောက်ပုံမှန်မစားသူများနှင့် လျင်မြန်စွာဝိတ်ချလိုသည့်သူများမှာ အများဆုံးဖြစ်နိုင်သောရောဂါတစ်ခုဖြစ်ပါသည်။ သည်းခြေကျောက်ကြောင့် သည်းခြေအိတ်ရောင်ခြင်း ကြိမ်ဖန်များစွာ ဖြစ်လာလျှင် သည်းခြေအိတ်ကင်ဆာဖြစ်လာသည်အထိ ဆိုးရွားသည့်ရောဂါတစ်ခုဖြစ်ပါသည်။ သည်းခြေကျောက်နှင့်ပတ်သက်သော ရောဂါလက္ခဏာ၊ ဆိုးကျိုး၊ ကာကွယ်ကုသနိုင်မည့်အပိုင်းများကို Radiologist ဒေါက်တာထွေးထွေးတင်နှင့်တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

သည်းခြေအိတ်ကျောက်တည်တာက ဘယ်ကနေစပြီး ဖြစ်နိုင်တာလဲဆိုတာလေး ပြောပေးပါဆရာမ။

သည်းခြေအိတ်ဆိုတာ အသည်းမှာရှိတဲ့ ပဲစေ့သဏ္ဌာန်ဘူးသီးပုံအိတ်လေးဖြစ်ပြီးအသည်းထဲမှာ တည်ရှိနေတာပါ။သည်းခြေအိတ်က အစာခြေတဲ့အခါမှာ အသုံးဝင်တဲ့သည်းခြေရည်ကို သိုလှောင်ထားတာပါ။ အဲဒီသည်းခြေရည်ကနေပျစ်ခဲမာပြီး သည်းခြေကျောက်ဖြစ်လာတာပါ။ သည်းခြေကျောက်က နှစ်မျိုးရှိတယ်။ Chlosterol(ကိုလက်စထရော) Stone နဲ့ Pigment stone ဆိုပြီး ရှိတယ်။

Chlosterol stone ကတော့အဝါရောင်ဖြစ်ပြီး Pigment stone ကတော့ အညိုရင့်ရောင်ဖြစ်တယ်။ အသည်းမှာ ကိုလက်စထရော ပမာဏများစွာ သည်းခြေရည်ထဲပါဝင်ပြီး ကိုလက်စထရောကျောက်တွေဖြစ်စေတယ်။ Pigment stone ကတော့ ခန္ဒာကိုယ်အတွင်း သွေးရောဂါများကနေ သွေးပျက်စီးမှုဖြစ်တာကြောင့် ဖြစ်လာတဲ့ ကျောက်ဖြစ်တယ်။

လက္ခဏာတွေက ဘယ်လိုပြလဲဆရာမ။

သည်းခြေကျောက်ဖြစ်နိုင်ခြေများတဲ့သူတွေကတော့ အသက် (၄ဝ) ကျော် အမျိုးသမီးတွေ၊ အဝလွန်သူတွေ၊ အထိုင်များတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အဆီစားလွန်းသူနဲ့ ဟင်းသီးဟင်းရွက်သစ်သီးဝလံအစားနည်းတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများတယ်။ သည်းခြေကျောက် ရှိတဲ့သူအများစုက ရောဂါလက္ခဏာမပြကြဘူး။ အာထရာဆောင်းရိုက်မှ သိကြတာများတယ်။ သည်းခြေကျောက်ကြောင့် ဝမ်းဗိုက်ညာဘက်အပေါ်နားအောင့်ခြင်းက သည်းခြေကျောက်နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာမှသိရတာပါ။ သည်းခြေကျောက်ကြောင့် သည်းခြေအိတ်ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်း၊ သည်းခြေပြွန်လမ်းကြောင်းပိတ်ခြင်းတွေကြောင့်ပဲ နာကျင်မှုကို ခံစားရတာပါ။

ဘယ်လောက်ထိဆိုးရွားပြီး အန္တရာယ်ဘယ်လောက်ရှိလဲ ဆိုတာလေး ရှင်းပြပေးပါ ဆရာမ။

သည်းခြေအိတ်ကြောင့် သည်းခြေအိတ်ရောင်ခြင်းသည်အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီးတော့ အသက်အန္တရာယ်ရှိပါတယ်။ သည်းခြေကျောက်က သည်းခြေအိတ်လမ်းကြောင်းပိတ်ပြီး အသားဝါခြင်း၊ ရောဂါပိုးဝင်ခြင်းတွေဖြစ်နိုင်တယ်။ သည်းခြေကျောက်ကြောင့် ပန်ကရိယလမ်းကြောင်းပိတ်ပြီး ပြင်းထန်တဲ့ ပန်ကရိယ ရောင်ရောဂါရစေတယ်။ သည်းခြေကျောက်က သည်းခြေအိတ်ကနေ လွတ်ထွက်သွားပြီး အူသိမ်လမ်းကြောင်းမှာ ပိတ်တာတွေလည်း ဖြစ်တတ်တယ်။ အသက်ကြီးသူတွေမှာ ဖြစ်နိုင်ပြီး အရမ်းတော့ဖြစ်ခဲပါတယ်။ သည်းခြေကျောက်ကြောင့် သည်းခြေအိတ်အကြိမ်များစွာ ရောင်ရမ်းပြီး အချိန်ကာလကြာတဲ့အခါမှာ သည်းခြေကင်ဆာဖြစ်လာတာတွေလည်း ရှိတယ်။

စပြီးဖြစ်ပြီဆိုရင် ဘာရောဂါနဲ့ မှားတတ်ကြလဲဆရာမ။

သည်းခြေကျောက်က အာထရာဆောင်းရိုက်မှသိနိုင်တာပါ။ သည်းခြေအိတ်ရောင်တာနဲ့ မှားနိုင်တဲ့ဝမ်းဗိုက်အပေါ်ဘက် အောင့်ခြင်းကြောင့် ဖြစ်စေတဲ့ရောဂါအများအပြားရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် အသည်းပြည်တည်ခြင်း၊ အသည်းရောင်ခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ခြင်း စတာတွေနဲ့မှားနိုင်တယ်။ အာထရာဆောင်းရိုက်ကြည့်မှသာ သေသေချာချာသိနိုင်မယ်။

ဘယ်လိုကုသနိုင်လဲ ဆရာမ။

သည်းခြေကျောက်အတွက် ဆေးတွေသောက်နိုင်တယ်။ အသုံးများတဲ့ဆေးတွေက Bileacid pill, Fame က ထုတ်တဲ့ Cholerush,Rawachol တွေအသုံးများပါတယ်။ သစ်သီးစားပေးခြင်း၊ ပန်းသီးရှလကာရည်သောက်ခြင်းဖြင့်လည်း သည်းခြေကျောက်ပျော်ရန် အားပေးပါတယ်။

နောက်တစ်မျိုးက သည်းခြေကျောက်ကို ခန္ဓာကိုယ်မှဖယ်ရှားခြင်းဖြစ်ပြီး Laproscopic (မှန်ပြောင်း)ဖြင့် ခွဲစိတ်ကုသခြင်း၊ ဗိုက်ခွဲပြီး သည်းခြေဖယ်ထုတ်တာတွေ လုပ်နိုင်ပါတယ်။ သည်းခြေကျောက်တစ်ခုတည်းကို ထုတ်တာမျိုးမဟုတ်ဘဲ သည်းခြေအိတ်တစ်ခုလုံးကို ဖယ်ထုတ်လိုက်ရတာပါ။

မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲဆိုတာလေး ပြောပေးပါဦး ဆရာမ။

မဖြစ်ဖို့ဆိုရင်တော့ အချိန်မှန်မှန်အစာစားခြင်း၊ ဘာကြောင့်လဲဆိုတော့ သည်းခြေရည်က အစာခြေတဲ့အခါမှာသုံးရတာကြောင့် ပုံမှန်စားသောက်ချိန်ကျော်လွန်ရင် အနည်ထိုင်ကျောက်ဖြစ်ဖို့ အားပေးတယ်။ ဒါကြောင့်ပါ။ ကိုယ်အလေးချိန်ချတယ်ဆိုရင် တဖြည်း ဖြည်းနဲ့ ပုံမှန်ချဖို့လိုအပ်ပါတယ်။ လျင်မြန်စွာ ကိုယ်အလေးချိန်ချတယ်ဆိုရင် သည်းခြေကျောက်ဖြစ်နိုင်တယ်။ ပြီးတော့ ဟင်းသီး ဟင်းရွက်များများစားတာတွေ၊ သစ်သီးဝလံစားတာတွေ၊ ပြီးရင် အဝမလွန်အောင် ထိန်းတာတွေကလည်း သည်းခြေကျောက်ဖြစ်တာကနေ ကြိုတင်ကာကွယ်နိုင်ပါတယ်။

မေးမြန်း - စံတော်ချိန်သတင်းအဖွဲ့

10/06/2025

#ယနေ့ထုတ်သတင်းစာ_အင်တာဗျူး
◼ “သားအိမ်ရေအိတ်ဆိုတာ အသက်အရွယ်မရွေး အမျိုးသမီးတိုင်းမှာ ဖြစ်နိုင်ပါတယ်”

Radiologist ဒေါက်တာထွေးထွေးတင်နှင့် တွေ့ဆုံမေးမြန်းခြင်း

အမျိုးသမီးများတွင် အသက်အရွယ်မရွေး ရေအိတ်ဖြစ်နိုင်ပြီး ပုံမှန်ဖြစ်စဉ်ကြောင့်ဖြစ်သော ရေအိတ်(Functionalcyst)နှင့် ရောဂါကြောင့်ဖြစ်သော ရေအိတ်ဟူ၍နှစ်မျိုးခွဲခြားနိုင်သည်။ သို့ဖြစ်၍ ရေအိတ်ဖြစ်ပေါ်ရသည့်အကြောင်းရင်း၊ ခံစားရမည့်လက္ခဏာ၊ ဆိုးကျိုးနှင့် ကာကွယ်ကုသမှုအပိုင်းများကို Radiologist ဒေါက်တာထွေးထွေးတင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

ရေအိတ်ဆိုတာ ဘယ်လိုမျိုး စတင်ဖြစ်လာတာပါလဲ ဆရာမ။

ရေအိတ်လို့ဆိုလိုက်ရင် ဖြစ်နေတဲ့သူရော၊ ဆရာဝန်ပါ မသိကြဘူး။ အာထရာဆောင်းရိုက်မှ ရေအိတ်ရှိတာကို သိရခြင်းဖြစ်ပါတယ်။

ဘယ်လိုအရာကြောင့် ရေအိတ်အများဆုံးဖြစ်တာပါလဲ ဆရာမ။

ရေအိတ်ဆိုတာအမျိုးသမီးတိုင်းမှာ ရှိနိုင်တယ်။ အမျိုးသမီးတွေ တစ်လတစ်ခါ ရာသီလာသောဖြစ်စဉ်တိုင်းမှာ ရေအိတ်ဖြစ်နိုင်တယ်။ ဒါကြောင့် အာထရာဆောင်းရိုက်တဲ့အခါ ရေအိတ်ကိုတွေ့တယ်ဆိုရင် ပုံမှန်ဖြစ်စဉ်ကြောင့်ဖြစ်သော ရေအိတ်(Functional cyst)နဲ့ရောဂါကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုပြီး နှစ်မျိုးခွဲခြားနိုင် တယ်။

ပုံမှန်ဖြစ်စဉ်ဆိုတာကတော့ မမျိုးပွားအင်္ဂါ(Ovary) မှ တစ်လတစ်ခါမျိုးဥတွေက ကြီးလာတဲ့အခါမှာလည်း အာထရာဆောင်းရိုက်တဲ့အခါ ရေအိတ်ဆိုပြီးတွေ့နိုင်တယ်။ အကြီးဆုံးကတော့၂ ဒသမ ၅ စင်တာမီတာရှိနိုင်ပြီး နှစ်လကနေ သုံးလအထိ ရှိနေနိုင်တယ်။

ရောဂါကြောင့်ဖြစ်တဲ့ ရေအိတ်မှာတော့ သာမန်အလုံးအကျိတ် ရေအိတ်ကနေ ကင်ဆာရေအိတ်အထိဖြစ်နိုင်တယ်။ ထိုရေအိတ်များထဲတွင် လူအများစုပြောနေကြတဲ့ ရေအိတ်က သွေးအိတ် (Endometrioticcyst) ကိုဆိုလိုတာဖြစ်တယ်။

ရေအိတ်ရှိတယ်ဆိုတဲ့ လက္ခဏာတွေက ဘာတွေပါလဲဆရာမ။

ရောဂါလက္ခဏာကတော့ ခါးနာတယ်၊ ဆီးစပ်တွေ အောင့်တယ်။ ဒါတွေအပြင် ဆီးကျဉ်တာတွေ၊ ဆီးအောင့်တာတွေ ခဏခဏဖြစ်တယ်။ ရေအိတ်ကြောင့်သားအိမ်နဲ့ဆီးလမ်းကြောင်း ပိုးဝင်တာတွေလည်း ခဏခဏဖြစ်နိုင်တယ်။

ဘယ်လိုအသက်အရွယ်တွေမှာ ပိုအဖြစ်များပါသလဲ ဆရာမ။

အမျိုးသမီးတိုင်းမှာတော့ ရှိနိုင်တယ်။ ဒါပေမဲ့ ပျိုဖော်ဝင်ပြီး လေးနှစ်လောက်ကစကာ သွေးဆုံးတဲ့အထိအဖြစ်များကြတယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်ပါသလဲ ဆရာမ။

ကုသနည်းကို နှစ်မျိုးခွဲနိုင်ပါတယ်။ ပထမတစ်မျိုး က Medical Treament အနေနဲ့(က)အကိုက်အခဲပျောက် ဆေးများနဲ့ နာကျင်ကိုက်ခဲမှုသက်သာအောင် ပေးပါသည်။ဥပမာ -mefenamic acid 500 mg (dolfenal) ကိုတစ်နေ့သုံးကြိမ်အထိ သောက်နိုင်ပါတယ်။(ခ) Hor-mone Therapy ဖြစ်တဲ့ တားဆေးကတ်၊ သုံးလခံဆေးနဲ့ Gona-dotropin-Releasing Hormone (GnRH) Agonists တို့နဲ့ အသုံးပြုနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ Surgical Treatment (က)သားအိမ်ကြည့်မှန်ပြောင်း(Laparoscopy)နဲ့ လိုအပ်သလို ခွဲစိတ်ကုသခြင်း၊ (ခ) Cystectomy (အရည်အိတ်ကို ခွဲစိတ်ထုတ်ပစ်ခြင်း)နဲ့ (ဂ) Other procedure Go drainage, sclerotherapy, diathermy, uterine artery embolizationတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ (ဃ) အမျိုးသမီးမျိုးပွားမှုနှုန်း အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်း (infertility treament) စတာတွေ ဖြစ်ပါ တယ်။

ဆိုးကျိုးတွေက ဘာတွေရှိနိုင်ပါသလဲ ဆရာမ။

ဆိုးကျိုးက သားအိမ်နဲ့မျိုးဥများရောဂါပိုးခဏ ခဏဝင်ခြင်း၊ ကလေးရဖို့ခက်ခဲခြင်း၊ ရေအိတ်ပေါက်ပြီး အရေးပေါ်ခွဲစိတ်ရတာတွေရှိကာ အသက်အန္တရာယ်ပါစိုးရိမ်ရတဲ့အထိဖြစ်စေနိုင်တယ်။

ရေအိတ်မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ဆရာမ။

အထူးသဖြင့် ရာသီလာရင် အောင့်တတ်သူတွေ၊ အာထရာဆောင်း(အထူးသဖြင့် TVS transvaginal ultrasound)ရိုက်ပြီး ရောဂါရှာသင့်ပါတယ်။အာထရာဆောင်းရိုက်၊ ရောဂါရှာပြီး အခြေအနေစောင့်ကြည့်တာတွေ၊ ဆရာဝန်နဲ့ တိုင်ပင်တာတွေလုပ်ပြီး ဆိုးရွားတဲ့အခြေအနေတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

မေးမြန်း - စံတော်ချိန်သတင်းအဖွဲ့

ဝမ်းဗိုက် အာထရာဆောင်း ရိုက်ရင် ဘာတွေ သိရမှာလည်း? အပိုင်း (၁)ရင်ဘတ် ဓာတ်မှန် ( chest X-ray) မှာ အဆုတ် နှလုံး နံရိုး စသည်ဖ...
25/04/2025

ဝမ်းဗိုက် အာထရာဆောင်း ရိုက်ရင် ဘာတွေ သိရမှာလည်း? အပိုင်း (၁)
ရင်ဘတ် ဓာတ်မှန် ( chest X-ray) မှာ အဆုတ် နှလုံး နံရိုး စသည်ဖြင့် ကောင်း ကောင်း ပုံဖော်ပေးနိုင် တာကြောင့် "ရင်ဘတ်ဓာတ် မှန်" သည် ရင်ဘတ်ရောဂါများ အတွက် အခြေခံ ရောဂါရှာဖွေပေးသော ဓာတ်မှန် ဖြစ်ပါသည်။
ဝမ်းဗိုက် ဓာတ်မှန် (plain X-ray abdomen ) ကတော့ ‌ကျောက် (ကျောက်ကပ် ကျောက်၊ သည်းခြေကျောက်၊ ဆီးအိမ်ကျောက် ) များကို မြင်ရပြီး အစာအိမ် နှင့် အူလမ်းကြောင်း ပေါက်သော အရေးပေါ် အခြေအ‌‌ေန ကို ဓာတ်မှန်ရိုက် ရှာနိုင် ပါသော်လည်း အသဲ သည်းခြေ ကျောက်ကပ် စသည် ဖြင့် ထင်ထင်ရှားရှား ပုံ မဖော်နိုင်ပါ။
အာထရာဆောင်းမှာတော့ လူနာ နှင့် လူနာရှင် တို့ မှ ဖန်သားပြင် မှ ပုံရိပ် ကို live မြင်ရခြင်း ဖြစ်ပါသည်။
အာထရာဆောင်း က အသံလှိုင်း ပုံဖော် စနစ် ဖြစ်ပါတယ်။
Probe ဖြင့် ဗိုက်ကို လှိမ့်နေစဉ် ဗီဒီယို liveကို ကြည့်ရင်း အကုန်လုံး ကွတ်ကွတ် ကွင်းကွင်း မြင်ရသည် ဟု အထင်ကြီး သွားပါတော့သည်။
အမှန် တကယ် မှာတော့ ဤမျှ မလွယ်ကူပါ။
အာထရာဆောင်း သည် အသဲ၊ သည်းခြေ၊ ကျောက်ကပ်၊ ဆီးအိမ်၊ သားအိမ်များ ကိုတော့ ကောင်းစွာ ပုံဖော်ပေးနိုင်ပါသည်။ အလုံး အကျိတ် များ ကိုလည်း၊ ထင်ရှား စွာမြင်နိုင်ပါသည်။
ကိုယ်ဝန်ဆောင် များ အတွက် လည်း အမှန် တကယ် အသုံးဝင်ပါသည်။
သို့ပါသော်လည်း လေရှိနေသော အင်္ဂါ ဖြစ်ပါသော အစာအိမ် အူလမ်းကြောင်း ပုံရိပ် ဖော်မူ က‌တော့ ပြသနာရှိပါသည်။
အချုပ် ပြောရပါ လျှင် -
Ultrasound abdomen and pelvis (ဝမ်းဗိုက် အာထရာဆောင်း) လာရိုက်ပါက --
အသဲ၊ သည်းခြေ၊ သည်းခြေပြွန်၊ ပန်ခရိယ၊ ဘေလုံး၊ ကျောက်ကပ်၊ ဆီးလမ်းကြောင်း ပိတ်/မပိတ်၊ သွေးကြောမကြီး (aorta) အခြေအနေ၊ ဆီးအိမ်၊ ရေဖျင်း ရှိ/မရှိ၊ သားအိမ်အခြေအနေ (ဆီးတင်း ရပါမည်။)၊ အလုံးအကြိတ်များ ကို သိရပါမည်။
အခြား special ultrasound များ ( ဥပမာ hernia ultrasound အူကျွံခြင်း၊ scrotal ultrasound) မှာ ultrasound abdomen တွင်မပါဝင်ပါ။

ဆီးပိုက် တပ်ထား သူများ အာထရာဆောင်း လာရိုက်ပါလျှင် ဆီးပိုက် ကြို ပိတ်ရမည်ဟု မသိကြပါ။ ဆရာဝန်များ နဲ့ ကျန်းမာရေးဝန်ထမ်း မျာ...
23/04/2025

ဆီးပိုက် တပ်ထား သူများ အာထရာဆောင်း လာရိုက်ပါလျှင် ဆီးပိုက် ကြို ပိတ်ရမည်ဟု မသိကြပါ။ ဆရာဝန်များ နဲ့ ကျန်းမာရေးဝန်ထမ်း များ ကို မေတ္တာ ရပ်ခံချင်ပါသည်။ မိမိတို့ လူနာများကို "တနာရီ ကြိုတင် ဆီးပိုက်ပိတ်ထားဖို့ " ပြောပေး စေလိုပါသည်။
ဆီးပိုက် တန်းလန်း လာကြသူများမှာ အသက် အရွယ် ကြီးသူများ ( အထူးသဖြင့် အသက် ၇၀၊ ၈၀ကျော် အဖိုးများ ဖြစ်ပါသည်။) ဖြစ်ပါ၍ အလွန်အားနည်းနေသူ များဖြစ်ပါသည်။ ဆေးခန်းရောက်မှ ဆီးပိုက် ပိတ်ရပါသည်။ ရေစသောက်ရပါသည်။ ဆီးပိုက် တပ်ထားလျှင် ရေဘယ်လောက်ကြိုသောက်ပါစေ၊ အပြင်ဆီးအိတ် သို့ ရောက်သွားသည်ကို လူနာ အများစု မသိကြပါ။ ဆီးပိုက် ပိတ်ရသည်မှာ မခက်ပါ။ သရေကွင်း၊ကြိုး တို့ ဖြင့် ဆီးပိုက် သို့မဟုတ် ဆီးအိတ်၏ ပလပ်စတစ် ပိုက်ပျော့ နေရာတွင် ပိတ်ထား ပေးရပါမည်။ ဤသို့ ပိတ်ထားခြင်း ဖြင့် ဆီးများ အပြင်ဆီးအိတ် မရောက်တော့ပဲ ဆီးအိမ်ထဲမှာပဲ စုနေစေခြင်းဖြင့် အာထရာဆောင်း ဖြင့် ဆီးအိမ်ရောဂါ ဆီးကျိတ်ရောဂါ သေချာစွာမြင်နိင်ပါသည်။ အကယ်၍ ဆီးအရမ်းတင်း အောင့်နေလျှင်လည်း ဆီးတချို့ ကို ကြိုး / သရေကွင်း ဖြုတ်၍ အပြင်ဆီးအိတ် သို့လွှတ်ထုတ်၍ ရပါသည်။
ဆီးပိုက်တပ်ထားသူ အများစုမှာ အသက် ၇၀၊ ၈၀ ကျော် များဖြစ်ကြ၍ ရေသောက်နှေးပါသည်။ ကျောက်ကပ် အားနည်းနေကြပြီ ဖြစ်၍ ဆီးဖြစ်လည်း မမြန်ပါ။
လူအများစုသည် အာထရာဆောင်း ရိုက်မည် ဆိုလျှင် ရေ‌ေသာက်ရမည်။ ဆီးတင်းရမည် ဟု အကြမ်းဖျင်းသိကြပါသည်။ ရေ အခုသောက် အခု ဆီး မဖြစ်ပါ။ သောက် လိုက်သောရေသည် အစာအိမ် သို့သာရောက်ပါသည်။ ခန္ဓာကိုယ် မှ ဆီးချက် လုပ်ငန်းစဉ် ဖြင့် သာ ဆီးအိမ် သို့ ဆီးရောက်ပါသည်။ ရေဓာတ်ဟာ ခန္ဓာကိုယ် အတွက် အရေးကြီးသောဓာတ် ဖြစ်ပါ သဖြင့် ရေခမ်းနေပါက သောက်လိုက်သောရေ တိုင်း ဆီးမဖြစ်ပါ။ ပိုလျှံသောရေကိုသာ ဆီးအဖြစ်ထုတ်ပါလိမ့်မည်။ အာထရာဆောင်း မလာမှီ တနာရီ ၂နာရီခန့် ဆီးသွားမထားမှ ရေသောက်လာမှ ဆီးတင်းပါလိမ့်မည်။

လပြည့် ဆေးခန်းမှာ Ultrasoud အာထရာဆောင်း  (တယ်လီဗေးရှင်း ဓာတ်မှန်) ကို Samsung Medison  ရဲ့ Sonoace X7 စက် Probe ၃ ခု၁။ G...
22/04/2025

လပြည့် ဆေးခန်းမှာ Ultrasoud အာထရာဆောင်း (တယ်လီဗေးရှင်း ဓာတ်မှန်) ကို Samsung Medison ရဲ့ Sonoace X7 စက် Probe ၃ ခု
၁။ General curved probe
၂။ Superficial probe
၃။ Intracavity probe များနဲ့ ရောဂါ ရှာဖွေ ပေး ပါတယ်။
ဆေးခန်းများ က ညွှန်ကြားထားသော စာရွက်ဖြင့် လည်း ultrasound လာရိုက်၍ ရပါသည်။ ညွှန်ကြားထားသော စာရွက် မပါလျှင်လည်း လာရိုက်လို့ ရပါတယ်။ medical check-up သဘောဖြင့် လည်း ဆေးစစ် ultrasound အာထရာဆောင်း ရိုက်၍ ရပါသည်။
Ultrasound စက် သည် အသံလှိုင်း ကိုသာ အသုံးပြုထားပါသဖြင့် ဓါတ်‌‌ေရာင်ခြည် မသင့်ပါ။ သို့ဖြစ်ပါ၍ လူနာအခြေအနေအရ လိုအပ်ပါက ထပ်မံ ရိုက်၍ရပါသည်။
***အစာအိမ် အခြေအနေ သိလိုသူများ သည် အာထရာဆောင်း မရိုက်မှီ ရေ၃ခွက် ကြိုသောက်သင့်ပါသည်။
***သည်းခြေကျောက် နှင့် သည်းခြေရောဂါ ကြည့်ရှူလိုသူများ ၄နာရီ ကြိုတင် အစာ မစားထားရန် လိုအပ် ပါသည်။ (ရေသောက်၍ ရပါသည်။ )
*** ကိုယ်ဝန်ဆောင် လနုသူ များ၊ အမျိုးသမီးရောဂါ စစ်ဆေး လိုသူများ၊ အမျိုးသား ဆီးကျိတ် စစ်ဆေး လိုသူများး၊ ဆီးအိမ်တင်းစေရန် အနည်းဆုံး ရေ တစ်လီတာ ပုလင်း သောက်ပြီး တနာရီ ကြိုတင်၍ ဆီး သွားမထားရပါ။

လပြည့် Ultrasound and clinic653/‌‌B၊မြေညီထပ်၊စံပြ(၃)လမ်း၊စံပြရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။စံပြဈေးကြီးရှေ့...
22/04/2025

လပြည့်
Ultrasound and clinic
653/‌‌B၊မြေညီထပ်၊စံပြ(၃)လမ်း၊စံပြရပ်ကွက်၊
သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။
စံပြဈေးကြီးရှေ့၊သံသုမာလမ်းဘက်။
ဆေးခန်းဖွင့်ချိန် - မနက် (၈)နာရီ မှ ည (၈)နာရီထိ
တစ်နေ့လုံး ဖွင့်ပါတယ်ရှင့် ။ ဆရာဝန် တစ်နေ့လုံး ရှိပါတယ်‌နော်။

ရင်သား Breast Ultrasound အပိုင်း (၄)ရင်သား‌ေရာဂါများကို ဖော်ပြသောအခါ နို့သီးခေါင်းကို အလယ်မှာ ထား၍ ရင်သားကို အပိုင်း ၄ ပ...
12/12/2022

ရင်သား Breast Ultrasound အပိုင်း (၄)
ရင်သား‌ေရာဂါများကို ဖော်ပြသောအခါ နို့သီးခေါင်းကို အလယ်မှာ ထား၍ ရင်သားကို အပိုင်း ၄ ပိုင်း ပိုင်းပြီး‌ေဖာ်ပြကြပါသည်။
-အပေါ် အပြင်ဘက် upper outer UOQ
-အပေါ် အတွင်းဘက် upper inner UIQ
-အောက် အပြင်ဘက် lower outer LOQ
-အောက် အတွင်းဘက် lower inner LIQ
ရင်သား တွင်တွေ့ ရှိရသော အလုံးအကျိတ် အရည်အိတ် များ တွေ့ရှိ ရသော နေရာကို တိကျစွာဖော်ပြရန် နာရီ စနစ် နှင့် နို့သီးခေါင်း မှ မည်မျှကွာဝေးသည်ဖော်ပြရပါသည်။ (ဥပမာ- 1cm from ni**le at 4 o'clock နို့သီးခေါင်းမှ တစ်စင်တီမီတာ အကွာအဝေး လေးနာရီ အနေအထား)
Color doppler, power doppler စသည့် doppler system သည် ultrasound တွင် သွေးကြော များ အခြေအနေ လေ့လာ ဆန်းစစ်ရန် သုံးပါသည်။ ရင်သားတခုလုံး၏ သွေးကြောများ ကို ကြည့်ရှူခြင်း ‌အလုံးအကြိတ်များရှိ သွေးကြောများကိုကြည့်ရှူခြင်း ဖြင့် ပြည့်စုံ မှန်ကန်သောအဖြေ များ ရရှိနိုင်ပါသည်။
Elastography ဆိုသည်မှာ အရာဝတ္ထူတခု၏ ကျုံနိုင်မူ ကျယ်နိင်မူ stiffness ကို တိုင်းတာနိုင်ရန် ultrasound စက်တွင် ထည့်ထားပေးသော special option ဖြစ်ပါသည်။ Strain elastography ( အနီ အပြာ အစိမ်း စသည့် အရောင်များဖြင့် ဖော်ပြ ) နှင့် shear wave elastography ( ပမာဏ တိတိကျကျ ဂဏန်း ဖြင့် ဖော်ပြ ) ဆိုပြီး ရှိပါသည်။ အကျိတ် မာခြင်း ပျော့ခြင်း ကို တိုင်းတာခြင်း ဖြစ်၍ မာသော အကျိတ်များသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါသည်။
ရင်သား ultrasound အဖြေ များ ကို ကင်ဆာ ဖြစ်နိုင်ခြေမည်မျှ များသည် ဟူသော အခြေအနေကို ထင်ဟပ် ဖော်ပြသော စနစ်ဖြစ်သော BI-RADS score ( Breast Imaging Reporting and Database System score ) ကိုသုံး၍လည်း အဖြေ ထုတ်ပေးကြ ပါသည်။ ACR (American college of Radiology ) မှ ထုတ်ပြန်ခဲ့သော tool တခု ဖြစ်၍ ကင်ဆာ ဖြစ်နိုင်ခြေကို တွက်ဆပေးထားပါသည်။
BIRADS 0- မပြည့်စုံ၍ အခြားစစ်ဆေးမူ လုပ်ရန်လို
BIRADS 1- Negative မည့်သည့်ရောဂါမှ မတွေ့။
BIRADS 2- Benign ကင်ဆာမဟုတ်၊ ကင်ဆာ ဖြစ်နိုင်ခြေ -0%
BIRADS 3- Probably Benign ကင်ဆာ ဖြစ်နိုင်ခြေ-

ရင်သား Breast Ultrasound အပိုင်း (၃)ရင်သား ultrasound ကို superficial linear probe (High frequency probe  5-10MHz ) ဖြင့...
26/11/2022

ရင်သား Breast Ultrasound အပိုင်း (၃)
ရင်သား ultrasound ကို superficial linear probe (High frequency probe 5-10MHz ) ဖြင့်သာ ပြုလုပ်ရမှာဖြစ်ပါတယ်။ ultrasound ပုံရိပ် ကောင်း များ ရရှိရန်အတွက် သင့်လျှော်သော probe အသုံးပြုရန် လိုအပ်ပါသည်။ အလွန်ကြီးမားသော အလုံးအခဲများ တိုင်းတာရန် ခက်ခဲမှသာလျှင် General curved probe 3-6MHz သုံးနိင်ပါသည်။ ယခုအခါ ဆေးခန်းအများစု ၌ ultrasound စက်များတွင် probe အနည်းဆုံးနှစ်ခု ရှိနေပါ၍ သင့်လျှော်သော Probe အသုံးပြုရောဂါရှာဖွေနိုင်ပါသည်။ အကယ်၍ High frequency probe မရှိပါက breast ultrasound မလုပ်သင့်ပါ။
ရင်သား Ultrasound လုပ်ရန် မည်သို့မျှ ကြိုတင် ပြင်ဆင်ရန်မလိုပါ။ သို့ပါသော်လည်း ရင်သား နှင့် ချိုင်းကို ပေါင်ဒါ၊ lotion၊ သနပ်ခါး၊ ဆေး နှင့် ဆေးမြစ်များ လိမ်းမထားရပါ။ အကယ်၍ လိမ်းထားပါက ultrasound မလုပ်မှီ ဖျက်ပေးရန်လိုပါသည်။
အပေါ်ပိုင်း အဝတ်အထည် အတွင်းခံ အပါအဝင် ချွတ်ပေးရန်လိုပါသည်။
ရင်သား Ultrasound လုပ်ရန် ညာဘက်ရင်သားဆိုပါက ပက်လက်လှဲ ပြီး လက်ကို တံတောင်ဆစ်ကွေး၍ ခေါင်းပေါ်တင်ထား ရပါတယ်။ ဘယ်ဘက်ရင်သား ဆိုပါက ညာဘက်စောင်းအိပ်ပြီး လက်ကို တံ‌ေတာင်ဆစ်ကွေး၍ ခေါင်းပါ်တင်ထားရပါတယ်။ ရင်သားစမ်းသပ်မူ မှာ ချိုင်းaxilla ကိုပါ စမ်းသပ်ရှာဖွေ ရပါသောကြောင့် အထက်ကဖော်ပြထား‌‌ေသာ အ‌ေနအထား သည် ချိုင်း ကိုပါတဆက်တည်း ultrasond လုပ်ရန် အဆင်ပြေပါသည်။ ရင်သားဂလင်းသည် ချိုင်းထိရောက်သော axillary tail ရှိ၍ ရင်သားဂလင်း ကို ချိုင်းထိစမ်းရန် လိုအပ်သလို ချိုင်းတွင်ရှိသော အကျိတ်အဖုများရှာရမည်ဖြစ်ပါ၍ အရေးကြီးပါသည်။
ရင်သား ultrasound အခြား ultrasound များကဲ့သို့ gel သုတ်လိမ်းပြီး ultrasound probe ဖြင့်ထိ ပွတ်ပြီး ရောဂါရှာဖွေရခြင်း ဖြစ်ပါသည်။
ရင်သား ultrasound သည် အန္တရာယ်ကင်းပြီး ‌ရင်သားကျန်းမာရေး အတွက် အရေးကြီးသောအဖြေ များ ပေးနိုင်ပါသည်။

Breast ရင်သား Ultrasoundအပိုင်း ၂-မည့်သည့် အသက်အရွယ် ပဲ ဖြစ်ဖြစ်-ငယ်ရွယ်သော မိန်းကလေးများ-ကိုယ်ဝန်ဆောင်များ-နို့တိုက်နေသ...
22/10/2022

Breast ရင်သား Ultrasound
အပိုင်း ၂

-မည့်သည့် အသက်အရွယ် ပဲ ဖြစ်ဖြစ်
-ငယ်ရွယ်သော မိန်းကလေးများ
-ကိုယ်ဝန်ဆောင်များ
-နို့တိုက်နေသောမိခင်များ
-Dense breast ရင်သား ဖွံထွား သိတ်သည်းဆများသူများ
-အမျိုးသားများ

အားလုံးသော အမျိုးသမီး နဲ့ အမျိုးသား များ သည် ရင်သား နဲ့ ပတ်သတ် လို့ အခြေအနေ သိရအောင် ရောဂါ ရှာမည် ဆိုပါ က ရင်သားUltrasound သာ ပထမဆုံး လုပ်သင့်ပါသည်။
-ဈေးပေါသည်။
-ဓာတ်ရောင်ခြည် မထိပါ။
-လိုအပ်ပါက အကြိမ်ကြိမ် ပြုလုပ်နိုင်ပါသည်။
-ရောဂါ အမျိုးအစား ကို ဤစက်တခုတည်း ဖြင့် သိနိင် ‌သော ရောဂါ ရှိသလို ဆက်လက် ရောဂါရှာရန် အတွက် အကြမ်းဖျင်း မည့်သို့ လုပ်သင့် ကြောင်း သိနိုင်ပါသည်။
ဥပမာ fibroadenocystic disease အရည်အိတ်များ ဆိုပါက နောက်ထပ် မည့်သည့်စက် နှင့်မှ ထပ်မံ ရောဂါ ရှာစရာ မလိုအောင် မှန်ကန်ပါသည်။
ကင်ဆာ ဖြစ်ရန် ၉၀%သေချာ သည် ဟု ပြောနိုင်သော အလုံး အကျိတ်များလည်းရှိပါသည်။ အသားစ ယူသင့်သည် ဟု မှတ်ချက်ပေးထားသော အကျိတ်များ၊ ကင်ဆာ ဖြစ်နိုင်ခြေ အလွန်နည်းပါးပါသော်လည်း စောင့်ကြည့် ပြန်ရိုက်သင့်သည်ဟု မှတ်ချက် ပေးထားသော အကျိတ်များ စသည် အားဖြင့် အလွန် အကျိုးရှိသော အဖြေများပေးနိုင်ပါသည်။
ကိုယ်ဝန်ဆောင်များ အတွက် သန္ဓေသား ဓာတ်ရောင်ခြည် မထိစေရန် အတွက် Ultrasound ကိုသာ ရွေးချယ် ရပါမည်။
နို့တိုက်မိခင်များ မှာလည်း ရင်သားနှင့် ပတ်သတ်‌သော အ‌ခြေအနေကို သိရှိရန် ပထမဆုံး ultrasound ဖြင့်သာ ရောဂါရှာသင့်ပါသည်။

Ultrasound သည် ဓာတ်မှန်ဆရာဝန် /sonologist မှ probe ဖြင့်ရင်သားထောက်နေစဉ် mornitor မှန်သားပြင် တွင် တခါတည်း ကြည့်ရှူ ရောဂါရှာခြင်း ( real time evaluation ) ဖြစ်ပါ၍ ဓာတ်မှန်ကဲ့ သို့ static ပုံယူခြင်း မဟုတ်ပါ။

သို့ဖြစ်ပါ၍ ရင်သားရောဂါများအတွက် examination တခုတည်းသာ လုပ်မည်ဆိုပါက ရင်သား Breast ultrasound ကိုသာ ရွေးချယ်ပါ။

Breast ရင်သား Ultrasound အပိုင်း (၁)အမျိုးသမီးများ ၏ ရင်သား အခြေအနေ ကို အောက်ပါဓါတ်မှန်စက်များဖြင့် ရောဂါရှာဖွေ နိုင်ပါသ...
19/10/2022

Breast ရင်သား Ultrasound
အပိုင်း (၁)
အမျိုးသမီးများ ၏ ရင်သား အခြေအနေ ကို အောက်ပါဓါတ်မှန်စက်များဖြင့် ရောဂါရှာဖွေ နိုင်ပါသည်။
၁။ Breast Ultrasound
၂။ Mammography, Digital mammography, Tomosynthesis or 3D mammography
၃။ Breast MRI - သံလိုက် စွမ်းအား ဖြင့် ပုံဖော်၍‌‌ ရောဂါရှာ‌‌ေဖွ‌ေပးသောစက်
၄ ။ Breast CT - CT scan ကို ရင်သားရောဂါရှာဖွေဖို့ မသုံးကြပါ။ CT ကို အခြားအကြောင်း တခုကြောင့် ရိုက်ရင်း (ဥပမာ အဆုတ် CT ရိုက်ရင်း) ရင်သားရောဂါ တွေ့ရှိခြင်း၊ ရင်သားကင်ဆာအခြေအနေ လေ့လာဆန်းစစ်ရင်း အသုံးပြုခြင်း ဖြစ်ပါသည်။

Breast ultrasond vs mammography
ရင်သား ultrasound ကတော့ အသံလှိုင်း အသုံးပြုပြီး ရောဂါရှာဖွေခြင်း ဖြစ်ပါသည်။ ဓာတ်ရောင်ခြည်မသုံးထားပါ။ ဘေးဥပါဒ် မရှိပါ။
Mammography ဆိုသည်မှာ ရင်သားဓာတ်မှန် ပါ။ ရင်သားဓာတ်မှန် ကို ပုံမှန် ဓာတ်မှန်စက်ဖြင့် ရိုက်၍မရပါ။ mammography ရိုက်ပါက ရင်သား ကို စက် အတွင်း ဖိရပါ၍ အနည်းငယ် မသက်မသာ ခံစားရပါသည်။ ဓာတ်ရောင်ခြည်အနည်းငယ် သင့်နိုင်ပါသည်။ မလိုအပ်ပဲ မရိုက်သင့်ပါ။ အရေးကြီး ဆုံး အချက်မှာ cancer screening တွင် အသုံးပြုနိုင်ပါသည်။ ဆိုလိုသည်မှာ ကင်ဆာရောဂါ ၏ ကနဦး အစောပိုင်း လက္ခဏာဖြစ်သော microcalcification ကို ရှာဖွေ နိုင်ပါ၍ နှစ်စဉ် သို့ ၂နှစ် တကြိမ် ကင်ဆာကြိုတင် ထောက်လှမ်းရာတွင် သုံးနိုင်ပါသည်။ ကင်ဆာမျိုးရိုး လိုက်တက်သူများ နှစ်စဉ် medical check up လုပ်သူများ ဤmammogram စက်ဖြင့် ရင်သား ဓာတ်မှန် ရိုက်ကြပါသည်။
ရင်သား ultrasound ကို Medical check up package များတွင် တွဲဘက် ထည့်ထားခြင်း ဖြင့် အဖြေပိုမိုမှန်ကန်စေပါသည်။
ဖွံထွားသိတ်သည်းဆ များသော ရင်သား (သို့မဟုတ်) dense breast များတွင် အချို့ရောဂါများ ဖုံးကွယ်ထားသလို ဖြစ်၍ ရင်သားultrasound က ထိုအားနည်းမူကို ဖြေရှင်းပေးနိင်ပါသည်။ ရင်သား Ultrasound တွင် cancer screening သို့မဟုတ်(ကင်ဆာထောက်လှမ်းမူ) တွင် အရေးကြီးသော microcalcification တစ်ချို့ ကို လွတ်နိုင်ပါ၍ cancer screening တွင် ultrasound တစ်ခုတည်းဖြင့် ရောဂါမရှာဖွေသင့်ပါ။

ရင်သားကျန်းမာရေးသည် အမျိုးသမီးများအတွက် အလွန်အရေးကြီး ပါသည်။ အဓိကအားဖြင့် ရင်သားကင်ဆာ ကို အစောဆုံး သိရှိ ရန် ကြိုးစားခြင်း ဖြစ်ပါသည်။

2D 3D 4D 5Dအပိုင်း(၁)2D ultrasound ဆိုသည်မှာ ကန့်လန့်ဖြတ် ပုံရိပ် များ (cross sectional images) ရယူခြင်း ဖြစ်ပါသည်။ လှုပ...
06/06/2022

2D 3D 4D 5D
အပိုင်း(၁)
2D ultrasound ဆိုသည်မှာ ကန့်လန့်ဖြတ် ပုံရိပ် များ (cross sectional images) ရယူခြင်း ဖြစ်ပါသည်။ လှုပ်ရှားနေသော ကန့်လန့်ပုံရိပ်များ တနည်း ဗွီဒီယို ကြည့်မြင်နေရခြင်း ဖြစ်ပါသည်။
3D ultrasound ဆိုသည်မှာ 2D ultrasound ပုံရိပ် များစွာကို ရှူ‌ထောင့်အမျိုးမျိုး (various angles ) မှ ယူပြီး ထိုပုံရိပ်များကို စုစည်းပြီး 3D ပုံရိပ်ဖော်ထားခြင်း ဖြစ်ပါသည်။ surface မျက်နာပြင် ပုံရိပ်ဖော် ထားခြင်းဖြစ်၍ ဓာတ်ပုံ ပုံရိပ်နှင့်တူပါသည်။
4D ultrasound ဆိုသည်မှာ 3D ပုံရိပ်ဖော်ပြီးပုံ ကို (live) လှုပ်ရှားမူ ကို တွေ့မြင်နေရခြင်း ဖြစ်ပါသည်။
5D ultrasound ဆိုသည်မှာ 3D 4D ဖြင့် ရရှိလာသောပုံရိပ်များ ကို မတူညီသော software ဖြင့် ပုံဖော်လိုက်ပါသဖြင့် မိခင် ဝမ်း ထဲတွင် တည်နေသော ပုံရိပ် (live image ) နီတာရဲ ပုံရိပ် ကို မြင်ရပါ၍ပိုမို သဘာဝကျသောပုံရိပ် ရရှိပါသည်။
5D ultrasound ကို အစော ပိုင်းကာလများတွင် ပိုမို တိကျသော calculation များ ကို 3D နည်းပညာ AI နည်းပညာ ဖြင့် တိကျစွာ တွက်ချက် အ‌ဖြေ ထုတ်ပေးသောစက် ကို 5D ဟု ခေါ်ခဲ့ကြပါသည်။
3D 4D ultrasound ၏ ကလေးမျက်နှာ ကောင်းမွန်စွာ မြင်နိုင်ရန်မှာ ၁။ ကလေးမျက်နှာ အနေအထား ၂။ အရည်ပမာဏ ၃။ Radiologist/Sonologist ၏ ကျွမ်းကျင်မူ တို့ အပေါ် မူတည်ပါသည်။
၁၈ ပတ်မှ ၂၈ပတ် အတွင်း ကလေးမျက်နှာ ဖော်ရန် အကောင်းဆုံးဟု ဆိုကြပါသည်။ "surface rendering " နည်းပညာ သုံးထားပါသဖြင့် ကလေးမျက်နာအထူဆုံး ဖြစ်သော တတိယပိုင်း ကိုယ်ဝန်ဆောင်ကာလ (3rd trimester) တွင် အရည်ပမာဏ နှင့် မျက်နာအနေအထား အဆင်ပြေပါက အကောင်းဆုံးဖြစ်နေပါသည်။ သို့ပါသော်လည်း ကလေးမျက်နှာဖော်ရန် ခက်ခဲသော အနေ အထားဖြစ်ပါက ဗိုက်ကြပ်နေပါက မည်သို့မျှ မျက်နှာပုံဖော်၍ မရသော အခြေအနေ ဖြစ်နေနိုင်ပါသည်။ အရည်ပမာဏ အထူးသဖြင့် မျက်နှာအနီးအရည် ပတ်လည် ဝိုင်းနေပါက လှပသော 3D ပုံရိပ် နှင့် အလွန်ကြည့်ကောင်းသော 4D ကလေး လှုပ်ရှားမူ ကို ရနိုင်ပါသည်။
မိခင်များ ‌အတွက် ကလေးမျက်နှာ မြင်ရသော စိတ်ကျေနပ်မူ ဖြစ်စေ သည်သာမက အရေးကြီးသော မွေးရာပါ အင်္ဂါ ချို့ ယွင်းမူ များရှာဖွေ ရာတွင် အလွန် အသုံး ဝင်ပါသည်။
မြန်မာနိုင်ငံ တွင် ကလေး မျက်နှာ ကြည့်ရန် မိခင် များ ၏ စိတ်ဝင်စားမူ ဖျော်ဖြေရေးအတွက် သာ အသုံးချနေကြပါသည်။

Address

စံပြ(၃)လမ်း
Thingangyun

Telephone

+959451498767

Website

Alerts

Be the first to know and let us send you an email when La Pyae Ultrasound and clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram