Tun Clinic and Pharmacy

Tun Clinic and Pharmacy Tun Clinic and Medical store

05/12/2022

#ဘုရားက_ဘီလ်မပေးဘူး

အသက် ၇၀ အရွယ် လူတစ်ယောက်ဟာ ရုတ်တရက် ဆီးသွားမရလို့ ဆေးရုံမှာ လာပြတယ်။

ဆရာဝန်တွေက သူ့ကို စမ်းသပ်စစ်ဆေးကြပြီးတော့ သူ့ဆီးလမ်းကြောင်းမှာ ပိုးဝင်နေလို့ ချက်ချင်းခွဲစိတ်ကုရမယ်လို့ ပြောတယ်။

သူလည်း ခွဲစိတ်ဖို့ သဘောတူလိုက်တယ်။

ခွဲစိတ်ကုသပြီးသွားတော့ သူဟာ ဆီးကောင်းကောင်းပြန်သွားနိုင်တယ်။

ဆရာဝန်က ခွဲစိတ်ကုသမှုအတွက် ကျသင့်တဲ့ ဘီလ်စာရွက်လာပေးတယ်။

သူဟာ ဘီလ်စာရွက်ကို ကြည့်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်တယ်။

ဆရာဝန်က ဘာဖြစ်လို့ ငိုတာလဲ၊ ဘီလ်က ကျသင့်ငွေများလွန်းလို့လားလို့ မေးတယ်။

သူက ခုလို ပြန်ပြောတယ်။ "ဘီလ်ဈေးများလို့ ငိုတာ မဟုတ်ပါဘူး။ နှစ်ပေါင်း ၇၀ ကြာတဲ့အထိ နေ့တိုင်း သေးမှန်မှန်ပေါက်နိုင်ခဲ့တာကို ဘုရားက ဘီလ်တစ်ခါမှ မပို့ခဲ့ဘူးဆိုတာ စဉ်းစားမိလို့ ငိုမိတာပါ ဒေါက်တာရယ်"

× × x

သူပြောသလို ကျွန်တော်တို့ တွေးမိကြပါရဲ့လား။

နေ့စဉ် အသက်မှန်မှန်ရှုနေနိုင်တာ၊ ဆီးဝမ်းမှန်နေတာ၊ ကျန်းမာနေတာတွေဟာ ကျွန်တော်တို့အတွက် ဘယ်လောက် ကံကောင်းသလဲဆိုတာ စဉ်းစားမိကြပါရဲ့လား။

ငါ အိမ်ကြီးအိမ်ကောင်းနဲ့မနေနိုင်ဘူး၊ ကားကောင်းကောင်း ဝယ်မစီးနိုင်ဘူး၊ ငွေအများကြီးမရှာနိုင်ဘူးဆိုပြီး စိတ်ဆင်းရဲနေမယ့်အစား ကျန်းကျန်းမာမာနေရတာကို ရှုမြင်ပြီး စိတ်ချမ်းသာမှုရှာပါ။

ဗန်းမော်သိန်းဖေ
၀၄-၁၂-၂၀၂၂

ဆရာမရေ "စိတ်ချ တစ်ကတ်ပေးပါ၊ လက်ညှိုး တစ်ကတ်ပေးပါ" ဆိုပြီး လာလာ၀ယ်ကြတယ်။ကျွန်မကလည်း ဆေးရောင်းတာ သိပ်မကြာသေးတော့ Trade nam...
27/04/2022

ဆရာမရေ "စိတ်ချ တစ်ကတ်ပေးပါ၊ လက်ညှိုး တစ်ကတ်ပေးပါ" ဆိုပြီး လာလာ၀ယ်ကြတယ်။ကျွန်မကလည်း ဆေးရောင်းတာ သိပ်မကြာသေးတော့ Trade name တွေ အကုန် မသိသေးဖူးရယ်။ အခု အောက်မှာ ကျွန်မတို့ ဆေးဆိုင်မှာ ရနိုင်မဲ့ သားဆက်ခြား သောက်ဆေးလေးတွေရယ် barrier method အတွက်ပါ တင်ထားပေးပါတယ်နော်။

ရာသီ တုပ်ကွေး ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ။One dose ကို 25000 ပါ။
10/02/2022

ရာသီ တုပ်ကွေး ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ။
One dose ကို 25000 ပါ။

02/02/2022

Hello ချစ်ရသော ဆေး၀ယ်သူများနှင့် ‌လူနာများရှင့်
4/2/2022 ညနေ လေးနာရီမှ 5/2/2022 မနက် ဆယ်နာရီ အထိ ဆရာမတို့ရဲ့ ထွန်း ဆေးဆိုင်ရော ဆေးခန်းပါ ခဏတာ ပိတ်ပါမယ်ရှင့်။

Thada ဆီးချို တိုင်းစက် နှင့် ရေနွေးအိတ်များ ရပါပြီနော်...
20/11/2021

Thada ဆီးချို တိုင်းစက် နှင့် ရေနွေးအိတ်များ ရပါပြီနော်...

'ကျွန်မက အပျိုပါ။ ဆေးခန်းသွားပြတာ တားဆေးပေးလိုက်လို့' ဆိုပြီး ဆေးသောက်ရမှာ ရှက်နေကြတဲ့အမျိုးသမီးလေးတွေကို မြင်ဖူးတွေ့ဖူး...
14/06/2021

'ကျွန်မက အပျိုပါ။ ဆေးခန်းသွားပြတာ တားဆေးပေးလိုက်လို့' ဆိုပြီး
ဆေးသောက်ရမှာ ရှက်နေကြတဲ့အမျိုးသမီးလေးတွေကို မြင်ဖူးတွေ့ဖူးကြပါလိမ့်မယ်။
နေ့စဉ်သောက် ကိုယ်ဝန်တားဆေးကတ်လို့ပြောလိုက်ရင် လူတော်တော်များများက ကိုယ်ဝန်တားဖို့အတွက်ပဲ သုံးလို့ရတယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ နေ့စဉ်သောက်ကိုယ်ဝန်တားဆေးကတ်မှာ ကိုယ်ဝန်တားတာအပြင် တခြားအသုံးဝင်ပုံတွေ အများကြီးရှိပါတယ်။
ဒါကြောင့် နေ့စဉ်သောက် ကိုယ်ဝန်တားဆေးကတ်ကို တခြားဘယ်နေရာတွေမှာ သုံးလို့ရတယ်၊ အခြားဘာအကျိုးကျေးဇူးတွေ ရှိသေးတယ်ဆိုတာ အောက်မှာ ဆက်ဆွေးနွေးသွားပါမယ်။
▪️ ဝက်ခြံကို သက်သာစေပါတယ်

တချို့သော ဝက်ခြံတွေဟာ ဟော်မုန်းမညီမျှဘဲ ကျားဟော်မုန်းမြင့်တက်နေတဲ့အတွက်ကြောင့်ဖြစ်တဲ့အတွက် နေ့စဉ်သောက်ကိုယ်ဝန်တားဆေးမှာပါတဲ့ ဟော်မုန်းက ကျားဟော်မုန်းတွေကို လျော့ကျစေပြီး အဆီပြန်တာနဲ့ဝက်ခြံတွေကို သက်သာစေပါတယ်။
▪️ သင့်ကို ရာသီမှန်အောင် ထိန်းပေးပါတယ်

နေ့စဉ်သောက်တားဆေးကတ်က ဟော်မုန်းကို ချိန်ညှိပေးထားသလိုဖြစ်တာကြောင့် တားဆေးကတ်ကိုသာ မှန်မှန်သောက်မယ်ဆိုရင် ဆေးကတ်တစ်ကတ်မှာ ရာသီတစ်ခါ မှန်မှန်လာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့်ဖြစ်ဖြစ်၊ အစားအသောက်နဲ့ ကိုယ်အလေးချိန်အပြောင်းအလဲကြောင့်ဖြစ်ဖြစ် ရာသီစက်ဝန်းအလုပ်ပုံမှန်လုပ်တာကို တားဆီးနေတဲ့ အကြောင်းရင်းတွေကြောင့် ရာသီမမှန်တော့ဘူးဆိုရင် ဒီဆေးကတ်ကို သုံးနိုင်ပါတယ်။
▪️ ရာသီသွေးဆင်းများတာကို လျော့ကျစေပါတယ်

ရာသီသွေးဆင်းတာ သိပ်များရင် သွေးအားနည်းရောဂါနဲ့ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ သွေးဆင်းသိပ်များတာ သေချာရင် ထိန်းနိုင်ဖို့အတွက် ဆရာဝန်က နေ့စဉ်သောက်တားဆေးကတ်ကို ညွှန်နိုင်ပါတယ်။တားဆေးကတ်က ရာသီသွေးဆင်းများတာကို သက်သာစေပြီး ရာသီသွေးပုံမှန်ပမာဏပဲဆင်းအောင် ထိန်းပေးနိုင်ပါတယ်။
▪️ ရာသီလာချိန် ကိုက်ခဲနာကျင်တာကို သက်သာစေပါတယ်

Endometriosis လို့ခေါ်တဲ့ ရောဂါကြောင့် အမျိုးသမီးတွေ ရာသီလာချိန်မှာ အလုပ်အကိုင်ပျက်လောက်အောင် နာကျင်ကိုက်ခဲတာကို နေ့စဉ်သောက်တားဆေးကတ်က သက်သာစေနိုင်ပါတယ်။
▪️ မျိုးဥအိမ်ရေအိတ်ရောဂါတစ်မျိုးကြောင့် ယောက်ျားဟော်မုန်းများတဲ့လက္ခဏာတွေကို သက်သာစေပါတယ်

တချို့မျိုးဥအိမ်ရေအိတ်ရောဂါတွေမှာ ကျားဟော်မုန်းတွေများလာတတ်ပါတယ်။ ကျားဟော်မုန်းများခြင်းရဲ့ လက္ခဏာတွေကတော့ ဝက်ခြံပေါက်ခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေးထူလာခြင်း၊ အဆီကျိတ်များခြင်း၊ ခေါင်းမှဆံပင်ကျွတ်ခြင်းတွေဖြစ်ပါတယ်။ တားဆေးကတ်က အဲဒီလက္ခဏာတွေကို သက်သာစေပြီး မျိုးဥအိမ်ရေအိတ်တည်ခြင်းရောဂါရှိသူတွေမှာလည်း မျိုးဥအိမ်ပုံမှန်အရွယ်အစားရှိအောင် လုပ်ပေးပါတယ်။
▪️ ရာသီမလာခင်ဖြစ်တတ်သော ရောဂါလက္ခဏာပေါင်းစု (Premenstrual Tension Syndrome) ကို သက်သာစေပါတယ်

ရာသီမလာခင် ၁ ပတ်၊ ၂ ပတ်အလိုမှာစိတ်ပိုင်းဆိုင်ရာလက္ခ္ခဏာတွေ (စိတ်တင်းကျပ်တာ၊ စိတ်တိုလွယ်တာ၊ စိတ်အပြောင်းအလဲမြန်တာ၊ စိတ်ပူပန်မှုများတာ၊ စိတ်ဓာတ်ကျတာ)နဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေ (ဝက်ခြံထွက်တာ၊ ရင်သားတွေတင်းပြီး နာနေတာ၊ ခန္ဓာကိုယ် ဖောရောင်တာ၊ ကိုယ်အလေးချိန်တိုးလာတာ၊ ပင်ပန်းလွယ်တာ၊ ခေါင်းမူး ခေါင်းကိုက်တာ၊ အရိုးနဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ)တွေ ဖြစ်တတ်ပါတယ်။ အဲဒီလက္ခဏာတွေကို တားဆေးကတ်က သက်သာစေနိုင်ပါတယ်။


ဒီလိုရောဂါလက္ခဏာတွေဟာ ဘယ်အမျိုးသမီးမှာမဆိုဖြစ်နိုင်တာကြောင့် ကိုယ်ဝန်တားဖို့မဟုတ်ဘဲ လိုအပ်လာခဲ့ရင်လည်း နေ့စဉ်သောက်တားဆေးကတ်ကို သောက်ဖို့ ညွှန်ကြားနိုင်ပါတယ်။ သတိပြုရမှာ တစ်ခုကတော့ ရောဂါလက္ခဏာတစ်ခုခုရှိလာခဲ့ရင် သေချာစစ်ဆေးစမ်းသပ်မှုတွေပြီးမှ ဘယ်လိုဆေးကုသမှုယူသင့်လဲ ဆရာဝန်က ဆုံးဖြတ်ပေးနိုင်တာမို့ ကိုယ့်သဘောနဲ့ကိုယ် ဘယ်ဆေးကိုမှ မသောက်သင့်ပါဘူး။

Credit - Mate - မျိုးဆက်ပွါးကျန်းမာရေး

11/06/2021

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ
‌ℹℹℹ

‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

‌အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
‌တွေကြောင့်လို့သိရပါတယ်။

‌.🥗✅✅...Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

‌ ၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
‌- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
‌ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

‌ ၂ - ငှက်ပျောသီး
‌- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

‌ ၃ - မုန်လာဥနီ
‌ - မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
‌လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

‌ ၄ - ချယ်ရီသီး
‌- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
‌အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

‌ ၅ - ရေ
‌ - ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
‌က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၆ - ပန်းသီး
‌- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
‌ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၇ - တရုတ်နံနံကြီး
‌ - ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
‌ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

‌ ၈ - ကြက်သွန်နီ
‌ - ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
‌လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

‌ ၉ - ရေနွေးကြမ်း
‌- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
‌ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

‌ ၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
‌ - ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
‌အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

‌ ၁၁ - ဘယ်ရီသီးများ
‌ - ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
‌တားဆီးပေးနိုင်ပါတယ်။

‌...🥗❌...မစားသင့်သည့်အစားအစာများ

‌1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

‌2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

‌3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

‌4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

‌5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

‌6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

‌7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

‌8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

‌9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

‌CRD

10/06/2021

မိုး ရာသီ ရောက်တော့မယ် ဆိုတော့ တုပ်ကွေးတွေ
အဖြစ်များ လာ တော့မယ်
ရာသီတုပ်ကွေး ကာကွယ်ဆေး order တင်နိုင်ပါတယ်နော်
♻️တုပ်ကွေးကာကွယ်ဆေးဘာလို့ထိုးသင့်သလဲ?
ရာသီတုပ်ကွေးပေမယ့်ပြင်းထန်လာရင် ဆေးရုံတက်ဖို့လိုနိုင်တာက‌နေ တခါတရံအသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်တယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးခြင်းက အကောင်းဆုံးကာကွယ်ခြင်းဖြစ်ပါတယ်။ ပြီးတော့ တုပ်ကွေးလက္ခဏာတွေ (အဖျားတက်၊ လည်ချောင်းနာ၊ချောင်းဆိုး၊ ခေါင်းကိုက်၊ ကိုယ်လက်နာကျင်...)စတာတွေက Covid-19ရောဂါလက္ခဏာတွေနဲ့ဆင်တူလို့ စိုးရိမ်ပူပန်စရာဖြစ်နိုင်တယ်။

♻️ကာကွယ်ဆေးက ဘယ်လိုကာကွယ်နိုင်တာလဲ?
ကာကွယ်ဆေးထိုးပြီး2 ပတ်အကြာမှာ ခန္ဓာကိုယ်က virus ကို တိုက်ထုတ်နိုင်တဲ့ ပဋိဇီ၀ပစ္စည်းတွေ စထွက်လာပြီး ၀င်ရောက်လာတဲ့ flu virusရောဂါပိုးကို ကာကွယ်ပေးနိုင်စွမ်းရှိပြီ။
တချို့ကာကွယ်ဆေးက ထိုးလို့ရတဲ့အသက်အရွယ်၊ ပါဝင်ပစ္စည်းပေါ်မူတည်ပြီးကွဲပြားသလို စျေးလည်းကွာတယ်။
• Trivalent ခေါ် flu viral strain ရောဂါပိုး (၃)မျိုးအတွက်
• Quadrivalent ခေါ် flu viral strain ရောဂါပိုး (၄)မျိုးအတွက် စသည်ဖြင့် viral strain အမျိုးမျိုးပါတဲ့ဆေးတွေ ရှိတယ်။

♻️တုပ်ကွေးကာကွယ်ဆေး ဘယ်သူတွေထိုးသင့်သလဲ?
အသက်အငယ်ဆုံး (၆)လအရွယ်ကစပြီးလူတိုင်းထိုးထားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

♦️မဖြစ်မနေထိုးထားသင့်သူတွေက
• အသက် 65 နှစ်အထက် သက်ကြီးရွယ်အိုများ
• အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချို‌ရောဂါနဲ့ လေဖြတ်နေတဲ့ နာတာရှည်ရောဂါရှိသူများ
• ရောဂါခုခံနိုင်စွမ်းနည်းတဲ့ ကျောက်ကပ်ဆေးနေရသူများ၊ Thalassemia လိုသွေးရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါဝေဒနာရှင်များ
• နှစ်ရှည်လများ Aspirin ဆေးစွဲသောက်နေရသူများ
• HIV/AIDS ခုခံအားကျဆင်းမှုရောဂါဝေဒနာရှင်များ (ဆရာ၀န်နဲ့တိုင်ပင်ပြီးမှထိုးပါ)
• ကိုယ်ဝန်ဆောင်မိခင်များနဲ့ နို့တိုက်မိခင်များ

♻️တုပ်ကွေးကာကွယ်ဆေးဘယ်သူတွေမထိုးသင့်ဘူးလဲ?
• အသက် 6 လအောက်ကလေးတွေ
*** Guillian-Barre Syndrome လို့ခေါ်တဲ့ အာရုံကြောရောဂါဖြစ်ဖူးရင် ဆေးမထိုးခင် ဆရာ၀န်ကိုကြိုပြောပါ။***
***ကိုယ့်ဆီမှာ ကြက်ဥနဲ့ဓာတ်မတဲ့ရောဂါတစ်ခုခုရှိရင် ဆေးမထိုးခင် ဆရာဝန်ကိုကြိုပြောပါ။***

♻️ဘယ်အချိန်မှာကာကွယ်ဆေးထိုးရမလဲ?
• မြန်မာနိုင်ငံမှာတော့ မိုးရာသီ June-September တုပ်ကွေးရာသီမစခင်ကြိုထိုးထားရင် အကောင်းဆုံးဖြစ်ပါတယ်။
• ထိုးတဲ့အချိန်ဖျားမနေဖို့လိုတယ်။

♻️တုပ်ကွေးကာကွယ်ဆေးတစ်ခါထိုးဖူးရင်လုံလောက်သလား?
မလုံလောက်ပါဘူး။ နှစ်တိုင်း တုပ်ကွေးရာသီရောက်ရင် ပြန်ထိုးရပါတယ်။ ဘာလို့လဲဆိုတော့
၁) တုပ်ကွေးကာကွယ်ဆေးက ခန္ဓာကိုယ်ထဲမှာ တစ်ရာသီစာခန့်မျှပဲ ကာကွယ်နိုင်စွမ်းရှိတယ်။
၂) Flu virus က ပြောင်းလဲတတ်တဲ့ virus ဖြစ်လို့ ဆေးသုသေတနကတွေ့ရှိချက်ပေါ်လိုက်ပြီး ကာကွယ်ဆေးကို ထုတ်ရတယ်။

▪️အသက် (၆)လမှ (၈)နှစ်အထိကလေးတွေ ပထမဆုံးအကြိမ်ဆေးထိုးရင်တော့ တလခြားပြီး 2 ကြိမ်ထိုးရတယ်။
▪️ကိုယ်ဝန်ဆောင်မိခင်တွေထိုးထားရင် မွေးလာတဲ့ကလေးအသက် (၆)လအထိ ကာကွယ်ပေးနိုင်စွမ်းရှိတယ်။
▪️နို့တိုက်မိခင်တွေ ကာကွယ်ဆေးထိုးထားရင်တော့ နို့ရည်ကတစ်ဆင့် ပဋိဇီ၀ပစ္စည်းတွေက ကလေးဆီရောက်ပြီး ကာကွယ်နိုင်တယ်။

♻️ဆေးထိုးပြီးရင်ဘာဖြစ်လဲ?
ဆေးထိုးတဲ့နေရာ လက်မောင်း၊ပေါင်နေရာမှာ နီခြင်း၊ အဖျားငွေ့ရှိခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ တုပ်ကွေးကဲ့သို့လက္ခဏာများ ၁-၂ရက်လောက်ယာယီဖြစ်နိုင်ပါတယ်။
နာကျင်တာသက်သာဖို့ Paracetamol သောက်နိုင်ပါတယ်။
စေတနာမွန်ဖြင့်
ထွန်းဆေးကုခန်း

Address

Zatawon Street
Tugyi

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 06:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Tun Clinic and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram