Dr Myint Zaw Child Clinic

Dr Myint Zaw Child Clinic ကလေးအထူးကုဆေးခန်း

ခုချိန်အဖြစ်များကြပါတယ် ကလေးတွေမှာ
12/04/2023

ခုချိန်အဖြစ်များကြပါတယ် ကလေးတွေမှာ

ကလေးတွေမှာ ဖြစ်တတ်တဲ့ ရေ​ကျောက်(​ခေါ်) ပဲသီတာအကြောင်း

အခုလတ်တ​လော က​လေး​တော်​တော်များများသာမက ဆယ်​ကျော်သက်နဲ့လူငယ်အရွယ်​လေး​တွေမှာပါ ​ရေ​ကျောက်​(​ခေါ်) ပဲသီတာ​တွေ အဖြစ်များ​နေတာကို ​တွေ့ရပါတယ်။ နှစ်စဥ်နှစ်တိုင်း ဒီလိုဆောင်းအကုန်​နွေအကူးကာလမျိုးမှာ ကူးစက်မှုများ​ပြားလေ့ရှိပါတယ်။

​ရေ​ကျောက်ဟာ များ​သောအားဖြင့် အသက် ၁၀နှစ်​အောက် က​လေး​တွေမှာ အဖြစ်များတတ်ပြီး ၁၈နှစ်​အောက်ဆယ်​ကျော်သက်အရွယ်​လေး​တွေမှာလည်း ဖြစ်ပွား​လေ့ရှိပါတယ်။

​👉 ​ရေ​ကျောက်ဘာ​ကြောင့်​ပေါက်သလဲ❓

တချို့သိထားကြတဲ့အတိုင်း ​ရေ​ကျောက်ဆိုတာ ​ရေပုံမှန်မချိုးလို့၊ အပူများလို့ဖြစ်တာမျိုး လုံးဝမဟုတ်ပါဘူး။❌ Varicella Zoster (Chickenpox) လို့​ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး​ကြောင့် ​ရေ​ကျောက်​ပေါက်ရခြင်းဖြစ်ပါတယ်။

👉 ဘာ​ကြောင့် ကူးစက်ခံရသလဲ❓

​အများစုသတိမထားမိကြတာက ရေ​ကျောက်ဟာ အနာကထွက်တဲ့အရည်​နဲ့ထိ​တွေ့ခြင်းအပြင် အသက်ရှူလမ်း​ကြောင်းက​နေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာပါ။ ​ရေ​ကျောက်​ပေါက်​နေတဲ့က​လေးတစ်​​ယောက်က နှာချေ၊ ​ချောင်းဆိုးလိုက်တဲ့အခါ ​ဘေးမှာရှိတဲ့က​လေးဆီ
ကို ​ရောဂါပိုးကူးစက်ပျံ့နှံ့သွား​စေနိုင်ပါတယ်။🌬
ဒါ​ကြောင့် ​ရေ​ကျောက်ဟာ အလွန်ကူးစက်လွယ်ပါတယ်။ မူကြို​တွေ၊ ​ကျောင်း​တွေမှာလည်း က​လေး​တွေတစ်​ယောက်ပြီးတစ်​ယောက်ကူးစက်ခံရတတ်ပါတယ်။ ​တစ်အိမ်ထဲအတူ​နေ၊ မောင်နှမရှိတဲ့ က​လေး​တွေမှာဆိုရင် တစ်​ယောက်ဖြစ်ရင် ​နောက်တစ်​ယောက် ကူးစက်ခံရဖို့က ​သေချာသ​လောက်ရှိပါတယ်။👨‍👩‍👧‍👧

💉 အထူးသဖြင့် ​ရေ​ကျောက်ကာကွယ်​ဆေးမထိုးဖူးသူ၊ ​ရေ​ကျောက်တစ်ခါမှမ​ပေါက်ဖူးတဲ့ က​လေး​တွေမှာဆို ကူးစက်ခံရနိုင်​ခြေများပါတယ်။

👉 ​ရေ​ကျောက်ဆိုတာဘယ်လိုသိနိုင်မလဲ❓ ဘာလက္ခဏာ​တွေပြသလဲ❓

ခန္ဓာကိုယ်အနှံ့အပြားမှာ ယားယံ​စေတဲ့ အရည်ကြည်ဖု​လေး​တွေထွက်တာ၊ ဖျားတာ၊ ​ခေါင်းကိုက်တာ၊ အစာစားချင်စိတ်မရှိတာ စတာ​တွေဟာ ​ရေ​ကျောက်ရဲ့လက္ခဏာ​တွေဘဲဖြစ်ပါတယ်။
အရည်ကြည်ဖု​တွေဟာ ရင်ဘတ်၊ ​နောက်​ကျော၊ မျက်နှာ​တွေမှာ စ​ပေါက်လာ​လေ့ရှိပြီး ​လက်၊ ခြေ​ထောက် စသဖြင့် ခန္ဓာကိုယ်အနှံ့အပြားမှာ​ပေါက်လာနိုင်ပါတယ်။

​✅ ရေ​ကျောက်အနာ​တွေဟာ အဆင့် ၃ဆင့်အတိုင်း​ပေါက်​လေ့ရှိပါတယ်။
အဆင့် (၁) အနီ​ရောင်အစက်အ​ပြောက်​တွေ​ပေါ်လာတာ
အဆင့် (၂) အရည်ကြည်ဖု​တွေအဖြစ်​ပြောင်းသွားတာ၊ ယားယံတာ
အဆင့် (၃) အရည်ကြည်ဖု​တွေ​ပေါက်သွားပြီး​နောက် အနာ​ဖေးတက်လာတာ စတာ​တွေဖြစ်ပါတယ်။

👉 ​​ရေ​ကျောက်​ပေါက်​နေစဥ် ရေချိုးလို့ရလား❓

ရပါတယ်။ ​ရေချိုးခြင်းက ​ရေ​ကျောက်​ကြောင့် ယားယံခြင်း​တွေကို ​လျော့ပါး​စေနိုင်ပါတယ်။ ​ရေ​အေး​အေး​လေးနဲ့ချိုး​ပေးနိုင်ပါတယ်။ ဆပ်ပြာမသုံးပါနဲ့။ ​ရေချိုးပြီးတဲ့အခါ တဘက်နဲ့ပွတ်ဆွဲသုတ်တာမျိုးမလုပ်ဘဲ ​ရေ​ခြောက်​အောင် ခပ်ဖွဖွ​လေးသာ သုတ်​ပေးရပါမယ်။

👉 ​ရေ​ကျောက်​ပေါက်​နေစဥ် ဘာ​တွေ​ရှောင်၊ ဘာ​တွေ​ဆောင်ရမလဲ❓

✔ အဖျားကျ​စေဖို့၊ ကိုယ်လက်ကိုက်ခဲခြင်း​တွေ သက်သာ​စေဖို့ ပါရာစီတ​မောတိုက်​ကျွေး​ပေးနိုင်ပါတယ်။
✔ ​ရေဓါတ်ခန်း​ခြောက်ခြင်းမဖြစ်​​အောင်​ ​ရေများများတိုက်​ပေးပါ။
✔ အနာ​တွေကို မကုတ်မိ​စေဖို့ က​လေးကို လက်သည်းညှပ်​ပေးတာ (သို့) လက်အိတ်ဝတ်​ပေးတာမျိုး ပြုလုပ်​ပေးပါ။ ကုတ်မိတဲ့အခါ အမာရွတ်​တွေကျန်ခဲ့​စေနိုင်ပါတယ်။
✔ အယားသက်သာ​စေဖို့ calamine lotion ​ဆေးရည်​လေး လူး​ပေးနိုင်ပါတယ်။
✔ အဝတ်အစား​တွေကို ပွပွ​ချောင်​ချောင်​တွေသာ ဝတ်​ပေးရပါမယ်။

👉 ​ရေ​ကျောက်က တစ်သက်လုံးမှာ တစ်ခါဘဲ​ပေါက်တတ်တယ်ဆိုတာ မှန်သလား❓

မှန်ပါတယ်။ များ​သောအားဖြင့် ​ရေ​​ကျောက်​တစ်ခါပေါက်ဖူးတဲ့သူဟာ ဘဝတစ်​လျှောက်လုံးအတွက် ​ရေ​ကျောက်ကို တိုက်ထုတ်နိုင်ဖို့ ကိုယ်ခံအားရသွားတတ်ပါတယ်။ လူနည်းစုမှာ​တော့ အသက် ၅၀​ကျော်လာတဲ့အခါ ​နောက်တစ်ခါပြန်ဖြစ်နိုင်ပါတယ်။ ဒုတိယအကြိမ်ဖြစ်တဲ့အခါ အနီ​ရောင်အဖု​တွေဟာ ​မျက်နှာတစ်ခြမ်းမှာ သို့ ခန္ဓာကိုယ်တစ်ခြမ်းမှာ တစ်​နေရာထဲသာကွက်ပေါက်လေ့ရှိပြီး shingles လို့​ခေါ်ဆိုကြပါတယ်။

👉 ​ရေ​ကျောက်​ပေါက်ရင် စိုးရိမ်ရလား❓

စိုးရိမ်ဖို့မလိုပါ။ များ​သောအားဖြင့် ၄ရက်မှ ၁ပတ်အတွင်းမှာ လက္ခဏာ​တွေ သက်သာသွား​လေ့ရှိပါတယ်။ သို့​ပေမယ့် ခုခံအားနည်းလွန်းတဲ့ က​လေး​တွေ၊ အာဟာရဓါတ်မပြည့်ဝတဲ့ က​လေး​တွေမှာဆိုရင်​တော့ အဆုတ်​ရောင်တာ၊ ဦး​နှောက်​ရောင်တာ စသဖြင့် ပြင်းထန်တဲ့​နောက်ဆက်တွဲဆိုးကျိုး​တွေ ခံစားရ​စေတတ်ပါတယ်။
👉 ဘယ်​လောက်ဘဲ မပြင်းထန်တဲ့​ရောဂါမျိုးဖြစ်ပါ​စေ၊ က​လေး​နေ​မ​ကောင်းတဲ့အချိန်မှာ ​မေ​မေတို့က ​သေချာဂရုစိုက်​စောင့်​ရှောက်​ပေးဖို့လိုပါတယ်။ အနာကို မြန်မာ​ဆေး​တွေ​လျှောက်လူးတာ၊ အဖျားကျဖို့ မက်က​လောက်ခြစ်တာ စတာမျိုး​တွေဟာ က​လေးကို ပိုဒုက္ခ​ရောက်​စေနိုင်တာမို့ လုံးဝမပြုလုပ်သင့်ပါဘူး။

✅ ​ဒါ့အပြင် ရေ​ကျောက်ဟာ အလွန်ကူးစက်လွယ်တာမို့ မိမိက​လေးမှာ ​ရေ​ကျောက်​ပေါက်ခဲ့ရင် အခြားက​လေး​တွေကို ​နောက်ထပ်မကူးစက်​စေဖို့အတွက်​ ကျောင်းမလွှတ်ဘဲ တစ်ပတ်ခန့် အိမ်မှာသာ အနားယူခိုင်းသင့်ပါတယ်။

References
(1) https://www.cdc.gov/chickenpox/about/index.html....
(2) https://www.nhs.uk/conditions/chickenpox/
(3) https://www.mayoclinic.org/.../symptoms-causes/syc-20351282

07/12/2022

"Screen Time များလာတာကြောင့် မျက်စိဆွေခြင်း"

အသက်၅နှစ်အောက် ကလေးငယ်တွေအတွက် Screen Time ဆိုတာက လုံးဝမရှိသင့်တာကို ကျွန်မတို့မိဘတွေက ကလေးနေရင်ပြီးရောဆိုပြီး ဖုန်းကို ပေးထားလိုက်ကြပါတယ် ။ ဒီလိုမျိုးအလွယ်တကူဖြေရှင်းလိုက်တဲ့ နည်း‌လမ်းကြောင့် ကလေးငယ်လေးတွေရဲ့ မျက်လုံးကစောင်းလာပြီး မျက်လုံးစွေလာတာမျိုးတွေအထိပါဖြစ်လာပါတယ် ။ (Screen Timeလို့ပြောလိုက်တာမျိုးက ဖုန်း ၊ Tablet တွေအပြင် TV ကို အနည်းကပ်နဲ့ အချိန်တွေအကြာကြီးကြည့်တာမျိုးတွေလည်းပါပါတယ် )
မျက်လုံးစွေတယ်ဆိုတာမျိုးက ချက်ချင်းဖြစ်လာတာမျိုးမဟုတ်ဘဲ ဖုန်းကြည့်တာများလာပြီ ၊ Screen Time များလာပြီဆို ကလေးငယ်လေးတွေက မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်လာတာမျိုးကို အရင်ဆုံးလုပ်လာကြပါတယ် ။
ဒါကို သတိမထားမိဘဲ ဖုန်းကို ဆက်ပြီးကြည့်နေမယ်ဆိုရင်တော့ မျက်လုံးစွေတာဖြစ်လို့လာပါတယ် ။ ဒီအရာက အပြင်ပိုင်းမြင်တွေ့နေရတာမျိုးပါ ။ အခြားမမြင်ရတဲ့ အရာဆိုရင်တော့ ဖုန်း Screenအလင်းကြောင့် ညဘက် အိပ်ဖို့အတွက် ခက်ခဲလာတာတွေပါခံစားလာရမှာပါ ။

ဒါကြောင့်မလို့ကလေးနေရင်ပြီးရောဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ၅နှစ်အောက် ကလေး‌ငယ်လေးတွေကို ဖုန်းပေးသုံးတာမျိုးလုံးဝ မရှိသင့်ပါဘူး ။ ကလေးတွေ ဖုန်းကြည့်တာများလာတဲ့အခါ ဖြစ်တတ်တာလေးတွေကို သူတို့နားလည်လွယ်အောင်ပြောတာမျိုး ၊ ဖုန်းကိုကိုင်ရင် ဘယ်လိုဖြစ်သွားလဲဆိုတာမျိုးတွေကို‌လုပ်ပြတာမျိုး နဲ့ သူတို့ စိတ်ဝင်စားမယ့်အရာလေးတွေကိုပြတာမျိုးတွေကိုလုပ်သင့်ပါတယ် ။

ဖုန်းသုံးတာတွေ လျော့လာအောင် ကလေးနဲ့အတူတူဆော့ပေးတာမျိုး ၊ ပုံပြင်ပြောပြတာမျိုးတွေကို လုပ်ပေးသင့်ပါတယ် ။ ပုံပြင်ပြောပြတဲ့အခါမှာလည်းသူတို့ စိတ်ဝင်စားမယ့်ပုံပြင်စာအုပ်လေးတွေနဲ့ပြောပေးရပါမယ် ။ သူတို့စိတ်ဝင်စားမယ့် ပုံပြင်လေးတွေဆိုရင် ရုပ်ပုံထင်းထင်းလေးတွေနဲ့စာအုပ်လေးတွေ အများကြီးရှိပါတယ် ။ ပုံပြင်စာအုပ်လေးတွေကိုကြည့်ချင်တယ်ဆိုရင်တော့ https://trues.com.mm/collections/story-book မှာဝင်ကြည့်လို့ရပါတယ် ။

ချစ်တဲ့ ❤️
True's
*******************
True Learning မှ မိခင်တို့အတွက် ရင်တွင်းဖြစ်စာလေးများကို လွတ်လပ်စွာ share ပြီး တင်နိုင်ပါတယ်ရှင်။ တစ်ဆင့်ပြန် Copy လုပ်ပြီး မတင်ဖို့ မေတ္တာရပ်ခံပါရစေနော်။


#ကလေးစာပေ #ကလေးစာအုပ်

https://trues.com.mm/

07/11/2022

ကလေးနဲ့ နွားနို့

နွားနို့ဟာ ကလေးတို့ ကိုယ်ခန္ဓာကြီးထွားဖို့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အာဟာရဖြစ်ပါတယ်။ နွားနို့နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

၁။ နွားနို့ကိုဘယ်အချိန်စတိုက်မလဲ

ကလေးအသက် တစ်နှစ်ပြည့်ပြီးမှစတိုက်ရပါမယ်။ တစ်နှစ်မပြည့်သေးရင် တိုက်လို့မရဘူးလား မေးစရာရှိပါတယ်။ လုံးဝမတိုက်ပါနဲ့လို့ မေမေတို့ကိုပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နှစ်အောက်ကလေးရဲ့အစာအိမ်ဟာ မိခင်နို့နဲ့ တစ်နှစ်အောက်ကလေးအတွက်ဖော်စပ်ထားတဲ့ ဖော်မြူလာနို့မှုန့်ကိုပဲ ချေဖျက်နိုင်ပါသေးတယ်။ နွားနို့ကိုမချေဖျက်နိုင်သေးတဲ့အတွက် တစ်နှစ်အောက်မှာ မတိုက်သင့်သေးပါ။

၂။ နွားနို့ကိုဘာကြောင့် တိုက်သင့်သလဲ

လွယ်လွယ်ရှင်းရှင်းပြောရရင်တော့ အရိုးတွေ သွားတွေကြီးထွားဖို့အတွက် လိုအပ်တဲ့ ကယ်လစီယမ် ခေါ် ထုံးဓာတ်ပါလို့ပါ။ အသားဓာတ်နဲ့ ကစီဓာတ်လည်းပါဝင်လို့ ကလေးကိုခွန်အားဖြစ်စေပါတယ်။

၃။ နွားနို့တိုက်ပြီဆိုတော့ အမေနို့ရပ်ရမလား

မိခင်နို့ကို လုံးဝမရပ်ရပါ။ အနည်းဆုံး ကလေးအသက် ၂ နှစ်အထိ၊ အဆင်ပြေလျှင် ကလေးသောက်သလောက် အသက် ၄ -၅-၆ နှစ်ထိဖြစ်ပါစေ မိခင်နို့ကို တိုက်ပေးပါ။

၄။ ကလေးကို နွားနို့ တစ်နေ့ဘယ်လောက်တိုက်ရမလဲ

တစ်နှစ်အရွယ်ကလေးတစ်ယောက်သည် တစ်နေ့ကိုနွားနို့ ၂ ဖန်ခွက် ( ၄၀၀ ml ) သောက်နိုင်ပါသည်။ နွားနို့မတိုက်ဖြစ်လျှင် နွားနို့ ၄၀၀ ml နှင့် ညီမျှသည့် ဒိန်ချဉ်၊ ချိစ် တို့ကိုလည်းကျွေးလို့ရပါသည်။

အသက် ၂ နှစ်အရွယ်တွင် တစ်နေ့လျှင် နွားနို့ ၂ဖန်ခွက်ခွဲ ( ၅၀၀ ml ) အထိတိုးတိုက်နိုင်ပါသည်။ နွားနို့မသောက်ဖြစ်လျှင် နို့ထွက်ပစ္စည်းများ ( ဒိန်ချဉ်၊ ချိစ် စသည် ) ကျွေးလို့ရပါတယ်။

၅။ ကလေးကို ဘယ်လိုနွားနို့တိုက်သင့်ပါသလဲ

Ready made လာတဲ့နွားနို့တွေမှာ အဆီထုတ်ထားတဲ့နို့နဲ့ မလိုင်အပြည့်ပါတဲ့နို့ဆိုပြီးရှိပါတယ်။ အသက် တစ်နှစ်ကနေ ၂နှစ်အထိ ကလေးကို မလိုင်အပြည့်ပါတဲ့ Full cream milk အမျိုးအစားကိုပဲတိုက်ရမှာဖြစ်ပါတယ်။ ၂ နှစ်ကျော်ကလေးကိုတော့ အဝလွန်တဲ့လက္ခဏာရှိရင် အဆီထုတ်ထားတဲ့နို့တိုက်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ ပုံမှန်အဆီမထုတ်ထားတဲ့နို့ကိုပဲတိုက်နိုင်ပါတယ်။ ခြံထွက်နွားနို့ကို တိုက်လို့မရဘူးလားဆိုရင်တော့ သေချာစွာကျိုချက် ပိုးသတ်ထားလျှင်တိုက်လို့ရပါသည်။ အစိမ်းတိုက်လို့မရပါ။

၆။ နွားနို့မသောက်ချင်တဲ့ကလေးလေးတွေကို ဘယ်လိုကျင့်ပေးမလဲ

အချို့ကလေးက နွားနို့ကိုပြောင်းတိုက်လျှင်မသောက်တတ်သေးပါ။ ဒီလိုအဖြစ်မျိုးရှိလာလျှင် နွားနို့တစ်ဆ၊ မိခင်နို့ သို့မဟုတ် ဖော်မြူလာ ၃ ဆ ရောပြီးစတိုက်ပါ။ နွားနို့ပါဝင်မှု အချိုးကို တစ်ဖြည်းဖြည်း တိုးသွားပြီး မိခင်နို့ကိုလျှော့သွားပါ။ နောက်ဆုံးတွင် နွားနို့ချည်းသောက်တတ်သွားပါလိမ့်မယ်။ နွားနို့ကို တစ်နေ့တာလိုအပ်သည့်ပမာဏအထိ ကလေးကမသောက်ချင်ပါက ကလေးစားတတ်သော အစားအစာများတွင် ထည့်သွင်းကျွေးနိုင်ပါသည်။ ဥပမာ- နို့ထမင်း၊ ပူတင်း၊ ဒိန်ချဉ်၊ ချိစ် စသည်။

၇။ ဒိန်ချဉ်ကို ဘယ်လိုကျွေး

ဒိန်ချဉ်ကိုကျွေးရာမှာ ပိုးသဆ်ထားတဲ့နို့နဲ့ ပြုလုပ်ထားတာဖြစ်ရပါမယ်။ သကြားမပါရသေးပါဘူး။ သဘာဝအချိုဓာတ်ရစေတဲ့ အသီးအနှံလေးတွေနဲ့ဖြစ်ဖြစ်၊ ပျားရည်နဲ့ဖြစ်ဖြစ် ရောကျွေးလို့ရပါတယ်။ ကလေးအတွက်သီးသန့်ထုတ်ထားတဲ့ ဒိန်ချဉ်ဗူးလေးတွေလည်းရှိပါတယ်။ တစ်နေ့ကို ၂ အောင်စကနေ ၄ အောင်စအထိ ကျွေးနိုင်ပါတယ်။

၈။ နွားနို့နဲ့မတည့်တာကော ဖြစ်နိုင်လား

​ကလေးအနည်းစုမှာတော့ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စတိုက်ခါစရက်တွေမှာ သတိထားကြည့်ဖို့လိုပါတယ်။ ခန္ဓာကိုယ်မှာ အနီပြင်ထွက်ပြီးယားသလား ( ပါးစပ်ဝန်းကျင်မှာ ပိုထွက်တတ် )၊ ဝမ်းပျက်သလား၊ အန်သလား စတဲ့အချက်တွေကိုကြည့်ရပါမယ်။ သံသယရှိလျှင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ဒါပေမယ့် ဖြစ်ခဲပါတယ်။

နွားနို့တိုက်ခြင်းရဲ့အကျိုးကျေးဇူးကပိုများတာမို့ ကလေးငယ်တိုင်းကို သူတို့ရဲ့တစ်နေ့တာလိုအပ်ချက်ပြည့်မီအောင် ကြိုးစားတိုက်ပေးကြဖို့ မေမေ၊ ဖေဖေတို့ကို တိုက်တွန်းချင်ပါတယ်။

ရင်သွေးငယ်များ ကျန်းမာပျော်ရွှင်ကြပါစေ

မေတ္တာဖြင့်

#ဒေါက်တာအိ_ကလေးကျန်းမာ
's_milk_for_toddlers

Credid: Baby center: How to switch to cow's milk
Photos : internet

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Dr Myint Zaw Child Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category