ParaSafe Myanmar

  • Home
  • ParaSafe Myanmar

ParaSafe Myanmar ဖျားနာကင်းဝေး ParaSafe
(372)

ကလေးဘဝတုန်းက ဖျားပြီဆိုတိုင်း မေမေက နဖူးကိုအုပ်ပြီး ကိုယ်ပူချိန်တိုင်းပေးတယ်။ ပြီးတော့ ဆေးတိုက်ပြီး "ခဏနေရင် သက်သာသွားမယ...
24/08/2025

ကလေးဘဝတုန်းက ဖျားပြီဆိုတိုင်း မေမေက နဖူးကိုအုပ်ပြီး ကိုယ်ပူချိန်တိုင်းပေးတယ်။ ပြီးတော့ ဆေးတိုက်ပြီး "ခဏနေရင် သက်သာသွားမယ်" လို့ နှစ်သိမ့်ပေးတတ်တယ်။

မေမေပေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုက ဖျားနာချိန်တိုင်းအတွက် အကောင်းဆုံးဆေးတစ်ခွက်ပါပဲ။ 🤱

ကိုယ်တိုင်မိဘဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ကလေးတွေကိုလည်း မေမေပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံခြုံမှုကို ပေးချင်ကြပါတယ်။

ဒါပေမယ့် အလုပ်များနေတဲ့အချိန်တွေမှာ ကိုယ့်ကလေးက ဖျားနာလာရင် ဂရုစိုက်ပေးဖို့ အချိန်မရလို့ ဘယ်လိုလုပ်ရမလဲ😓

စိတ်မပူပါနဲ့နော်။ မေမေ့ရဲ့ချစ်ခြင်းမေတ္တာလို လုံခြုံမှုပေးမဲ့ ပါရာဆေ့ဖ် Syrup ရှိပါတယ်။🧑‍🍼

ပါရာဆေ့ဖ် Syrup က သင့်ရင်သွေးလေးဖျားနာနေတဲ့အချိန်မှာ ချိုမြတဲ့ ဆေးအရသာလေးနဲ့ အမြန်ဆုံး အဖျားကျလာအောင် ကူညီပေးပါတယ်။💖

ရင်သွေးလေးဖျားနေတဲ့အခါသာမက ခေါင်းကိုက်နေတဲ့အခါ၊ ကိုယ်လက်တွေ ကိုက်ခဲနေတဲ့အခါ၊ အအေးမိနေတဲ့အခါတွေမှာလည်း ဝေဒနာတွေကို ထိရောက်စွာ သက်သာစေပါတယ်။☺️

ဒါကြောင့် သင့်ရင်‌‌သွေးကို မေမေ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ တူတဲ့ လုံခြုံမှုကို ပေးစွမ်းနိုင်ဖို့ ပါရာဆေ့ဖ် ကို ရွေးချယ်လိုက်ပါနော်။😊

ဖျားနာ၊ ကိုက်ခဲမှုတွေကြောင့် စိတ်ညစ်နေပါသလား။ 🤒နေ့စဉ်ဘဝမှာ အလုပ်ပင်ပန်းတာ၊ ရာသီဥတုပြောင်းလဲတာတွေကြောင့် ခန္ဓာကိုယ်ဖျားနာ...
22/08/2025

ဖျားနာ၊ ကိုက်ခဲမှုတွေကြောင့် စိတ်ညစ်နေပါသလား။ 🤒

နေ့စဉ်ဘဝမှာ အလုပ်ပင်ပန်းတာ၊ ရာသီဥတုပြောင်းလဲတာတွေကြောင့် ခန္ဓာကိုယ်ဖျားနာ ကိုက်ခဲမှုတွေဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဆေးအမျိုးမျိုးဆောင်နေစရာမလိုဘဲ “ပါရာဆေ့ဖ်” တစ်မျိုးတည်းရှိရုံနဲ့ လုံလောက်ပါတယ်။ ☑️✨

ပါရာဆေ့ဖ် ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ။

✅ ဆေးပျော်ဝင်မှုနှုန်း မြင့်မားခြင်း
ပါရာဆေ့ဖ်မှာပါတဲ့ ပါရာစီတမောက ဆေးပျော်ဝင်မှုနှုန်း 96.3% အထိရှိလို့ သာမန်ပါရာစီတမောဆေးဝါးတွေထက် ပိုမိုထိရောက်မှု မြန်ဆန်စေပါတယ်။

✅ ဘက်စုံသုံးနိုင်ခြင်း
ဖျားနာခြင်းကအစပြုလို့ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ ဓမ္မတာလာစဉ်ကိုက်ခဲခြင်း၊ သွားကိုက်ခြင်း စတဲ့ ဝေဒနာအမျိုးမျိုးအတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

✅ အမြန်ဆုံး သက်သာစေခြင်း
ခန္ဓာကိုယ်က မြန်မြန်စုပ်ယူနိုင်တာကြောင့် ပါရာဆေ့ဖ်ကို သောက်ပြီးတာနဲ့ သိပ်မကြာခင်မှာပဲ ဝေဒနာတွေ သက်သာလာတာကို ခံစားရပါလိမ့်မယ်။

✅ဘေးကင်းလုံခြုံပြီး ယုံကြည်စိတ်ချရခြင်း
ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ အန္တရာယ်ကင်းကင်း သက်သာပျောက်ကင်းနိုင်ပါတယ်။

✅ဈေးနှုန်းသက်သာပြီး လွယ်ကူစွာဝယ်ယူနိုင်ခြင်း
ပါရာဆေ့ဖ်ကို ဆေးဆိုင်တွေမှာ အလွယ်တကူပဲ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါတယ်။

🤗 တစ်ကြိမ်ကို တစ်လုံး (သို့) နှစ်လုံး သောက်နိုင်ပြီး လိုအပ်ရင် ၄ နာရီခြားတစ်ခါ သောက်သုံးနိုင်ပါတယ်။

🤗 ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေလည်း စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။

ဖျားနာကိုက်ခဲမှုတွေကြောင့် နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ပါရာဆေ့ဖ်နဲ့အတူ အမြန်ဆုံးသက်သာပျောက်ကင်းအောင် လုပ်ဆောင်လိုက်ပါ။ 🩵✨

#ကိုက်ခဲဖျားနာSafeဖြစ်အောင်ပါရာဆေ့ဖ်ကိုဆောင်

19/08/2025

မိုးရာသီရဲ့ စိမ်းစိုစိုရှူခင်းတွေကြား ခရီးသွားရတာ ပျော်စရာပေမဲ့ ဖျားနာရင်တော့ ဒုက္ခပါပဲနော်😩

မိုးရေထဲ ခရီးပျော်ရင်း အအေးမိတာလား?
ခရီးပန်းလို့ ကိုယ်လက်တွေ ကိုက်ခဲနေလား?
လေအေးတွေတိုက်ခံရလို့ ဖျားချင်နေလား?

သောက်ရလွယ်ကူပြီး ဘယ်နေရာကိုမဆို အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ “ပါရာဆေ့ဖ်”က အထက်ပါဝေဒနာအားလုံးကို အမြန်ဆုံး ကုစားပေးနိုင်မှာပါ။🩵

မိုးရာသီမှာ ခရီးသွားတိုင်း ပါရာဆေ့ဖ် ကို မမေ့နဲ့နော်🥰

🩷 ၆ လကနေ ၂ နှစ်အရွယ်ကလေးတို့အတွက် ပါရာဆေ့ဖ် Syrup ကို ဘာအရသာလေးနဲ့ ထုတ်ပေးထားတယ်ထင်လဲ🥰ဝင်္ကပါထဲကတဆင့် အဖြေရှာကြည့်ကြရအော...
17/08/2025

🩷 ၆ လကနေ ၂ နှစ်အရွယ်ကလေးတို့အတွက် ပါရာဆေ့ဖ် Syrup ကို ဘာအရသာလေးနဲ့ ထုတ်ပေးထားတယ်ထင်လဲ🥰

ဝင်္ကပါထဲကတဆင့် အဖြေရှာကြည့်ကြရအောင်!✨

ပါရာဆေ့ဖ် Syrup က ကလေးတို့အကြိုက် အနံ့အရသာချိုမြိန်ရုံ သာမက အရည်အသွေးမှာလည်း British Pharmacopoeia (B.P.)ရဲ့ ဆေးဝါးစံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အယ်လ်ကိုဟောနဲ့ သကြား လုံးဝမပါဝင်လို့ ဘေးထွက်ဆိုးကျိုးကို စိတ်ပူစရာမလိုဘဲ သားသားမီးမီးတို့ကို စိတ်ချလက်ချ တိုက်ကျွေးနိုင်ပါတယ်နော်။ 😘

ဝင်္ကပါအဖြေမှန်လေးကိုလည်း Comment မန့်ရင်း သူငယ်ချင်းတွေနဲ့ တူတူ အဖြေတိုက်ကြည့်လိုက်ရအောင်နော် ...

အသက် ၂ နှစ်အောက်ကလေးတွေကို မိုးရေချိုးပေးသင့်လား? 🌧️👶အသက် ၂ နှစ်အောက်ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်က သေချာမဖွံ့ဖြို...
15/08/2025

အသက် ၂ နှစ်အောက်ကလေးတွေကို မိုးရေချိုးပေးသင့်လား? 🌧️👶
အသက် ၂ နှစ်အောက်ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်က သေချာမဖွံ့ဖြိုးသေးတာကြောင့် ရောဂါပိုးတွေဝင်ရောက်ဖို့ ပိုလွယ်ကူပါတယ်။ ဒါ့အပြင် မိုးရေထဲမှာပါလာတဲ့ ညစ်ညမ်းပစ္စည်းတွေနဲ့ ဓာတုပစ္စည်းတွေကလည်း ကလေးငယ်တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

အသက် ၂ နှစ်အောက်ကလေးတွေကို မိုးရေချိုးပေးခြင်းရဲ့ အန္တရာယ်များ ⚠️
💧အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါ
မိုးရေထဲမှာ အကြာကြီးနေရင် ကလေးတွေရဲ့ ခန္ဓာကိုယ်အပူချိန်က ကျဆင်းသွားနိုင်ပါတယ်။ အအေးမိခြင်း၊ တုပ်ကွေးရောဂါနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

💧အရေပြားရောဂါများ
မိုးရေထဲမှာ ဓာတုပစ္စည်းတွေနဲ့ ညစ်ညမ်းပစ္စည်းတွေပါဝင်နိုင်တာကြောင့် ကလေးငယ်တွေရဲ့ နူးညံ့တဲ့အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းနဲ့ အရေပြားရောင်ရမ်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

💧ရေစီးကြောင်းနဲ့အတူ ပါလာသော အန္တရာယ်များ
မိုးကြီးတဲ့အခါ ရေစီးကြောင်းတွေက အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေနဲ့ အမှိုက်သရိုက်တွေကို သယ်ဆောင်လာနိုင်ပါတယ်။ ဒီအရာတွေက ကလေးတွေကို ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။

💧ညစ်ပတ်နေတဲ့ မိုးရေများ
မိုးရေမှာ အညစ်အကြေးတွေပါနိုင်တာကြောင့် မိုးရေချိုးရင်း ကလေးတွေက သောက်မိရင် ဗိုက်နာတာ၊ ဝမ်းလျှောတာနဲ့ အခြားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ဘယ်အချိန်မှာ မိုးရေချိုးပေးလို့ရလဲ? ✅
အသက် ၂ နှစ်နဲ့အထက်ကလေးတွေက ကိုယ်ခံအားစနစ်ပိုကောင်းပြီး မိုးရေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့ ကလေးက နေမကောင်းဘူးဆိုရင် ဒါမှမဟုတ် ကျန်းမာရေးပြဿနာတစ်ခုခုရှိရင် မိုးရေချိုးပေးတာကို ရှောင်ကြဉ်သင့်ပါတယ်။

မိုးရေချိုးပေးတဲ့အခါ ဘယ်လိုဂရုစိုက်ရမလဲ? 🛀
📌ကလေးကို အချိန်ခဏ‌လေးပဲ ချိုးပေးပါ။
📌ချိုးပြီးတဲ့အခါ ချက်ချင်းရေခြောက်အောင် သုတ်ပေးပါ။
📌နွေးထွေးတဲ့ အဝတ်အစားတွေ ဝတ်ပေးပါ။

ကလေးကို မိုးရေနဲ့မထိတွေ့စေဘဲ မိုးရာသီရဲ့ ပျော်ရွှင်စရာတွေကို ခံစားစေချင်တယ်ဆိုရင်...
🌧️ ကလေးကို ပြတင်းပေါက်ကနေ မိုးရွာတာကို ကြည့်ခိုင်းပါ။
🌧️ အိမ်ထဲမှာ မိုးရွာတဲ့အသံနဲ့ တူတဲ့အသံတွေကို ဖွင့်ပေးပါ။
🌧️ မိုးရာသီအကြောင်း ပုံပြင်တွေ ဖတ်ပြပါ။

ကလေးကို မိုးရေချိုးပေးတော့မယ်ဆိုရင် အထက်မှာဖော်ပြထားတဲ့ အချက်အလက်တွေကို သေချာစဉ်းစားပြီး ကလေးရဲ့ကျန်းမာရေးကို အဓိကဦးစားပေးသင့်ပါတယ်နော်။

🩷 မိုးရေစိုလို့ဖြစ်စေ၊ မိုးအေးလို့ဖြစ်စေ ကလေးငယ်လေးမှာ ကိုယ်ပူပြီးဖျားနာတာတွေဖြစ်လာခဲ့မယ်ဆို လိုင်ချီးအနံ့အရသာနဲ့ ပါရာဆေ့ဖ် Syrup ကို တိုက်ပေးနိုင်ပါတယ်။

အသက်ခြောက်လကနေ ၂ နှစ်အရွယ်ကလေးတိုင်းအတွက် စံချိန်အမီဆုံး ပါရာစီတမောဆေးရည်ဆို ပါရာဆေ့ဖ်ကို သတိရပေးနော်။👶

#မိုးရေချိုးခြင်း

သားသားမီးမီးလေးတွေ နေမကောင်းဖျားနာတဲ့အခါ မိဘတိုင်းရဲ့ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတတ်ကြပါတယ်။ ဒီလို စိတ်ပူရတဲ့အချိန်တွေမှာ ...
09/08/2025

သားသားမီးမီးလေးတွေ နေမကောင်းဖျားနာတဲ့အခါ မိဘတိုင်းရဲ့ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတတ်ကြပါတယ်။ ဒီလို စိတ်ပူရတဲ့အချိန်တွေမှာ အဖျားကျဆေးကောင်းတစ်လက်က တကယ့်ကို အားကိုးရာပါ။

🥰ဒါကြောင့် သားသားမီးမီးလေးတို့ ဖျားနာတဲ့အခါ "ပါရာဆေ့ဖ်"ကို တိုက်သင့်လားဆိုတာကိုသိစေဖို့ အတွေ့အကြုံရှိပြီးသား ဖေဖေမေမေတို့က review လေးတွေ ပေးခဲ့ကြပါဦးနော်။

- "ပါရာဆေ့ဖ်" တိုက်ပြီး ဘယ်လောက်အကြာမှာ အဖျားကျသွားလဲ?
- ဆေးတိုက်ရတာ လွယ်ကူသလား? ကလေးက ဆေးအရသာကို ကြိုက်ရဲ့လား?
- တခြား အဖျားကျဆေးတွေနဲ့ ဘာတွေကွာခြားတယ်လို့ ခံစားရလဲ?
စတဲ့ ကိုယ်တွေ့အတွေ့အကြုံလေးတွေကို ရေးပေးခဲ့ရုံနဲ့ ငါးဦးတိတိကို ရွေးချယ်ပြီး ဖုန်းဘေလ်ငါးထောင်စီ လက်ဆောင်ပေးသွားမှာပါ။😍

ဖေဖေ မေမေ တို့ရဲ့ တန်ဖိုးရှိတဲ့ ကိုယ်တွေ့စကားသံတွေက တခြားမိဘတွေအတွက် အကောင်းဆုံးလမ်းညွှန်မှု ဖြစ်စေမှာမို့ ဖုန်းဘေလ်လည်းကံစမ်းရင်း တခြားမိဘတွေအတွက်လည်း အထောက်အကူပြုနိုင်အောင် ပါဝင်ပေးကြပါဦးနော်။☺️

🫣 ပါရာဆေ့ဖ်က ဘယ်လိုရောဂါဝေဒနာတွေကနေ Safe ဖြစ်စေလဲဆိုတာ မှတ်မိကြလား? ပုံထဲက မေးခွန်းလေးရဲ့ အဖြေမှန်ကတော့4. အထက်ပါအခြေအနေအ...
07/08/2025

🫣 ပါရာဆေ့ဖ်က ဘယ်လိုရောဂါဝေဒနာတွေကနေ Safe ဖြစ်စေလဲဆိုတာ မှတ်မိကြလား?
ပုံထဲက မေးခွန်းလေးရဲ့ အဖြေမှန်ကတော့
4. အထက်ပါအခြေအနေအားလုံး ဖြစ်ပါတယ်။

🔹လူကို ပူပင်ရစေတဲ့ ဖျားနာခြင်း
🔹စိတ်ရှုပ်စေတဲ့ ခေါင်းကိုက်ခြင်း
🔹ဒုက္ခပေးတတ်တဲ့ ကိုယ်လက်ကိုက်ခဲခြင်း အားလုံးကို အမြန်ဆုံးသက်သာစေဖို့ ပါရာဆေ့ဖ်က သင့်ရဲ့အကောင်းဆုံး အိမ်တွင်းဆေးဝါးပါပဲ။

ဒါဆိုရင် ဖျားနာတဲ့အခါ၊ ကိုက်ခဲတဲ့အခါ ပါရာဆေ့ဖ်ကို သတိရရမယ်ဆိုတာ သိပြီနော်။ 😉

👶ကလေးတွေဆိုတာ လှုပ်လှုပ်ရှားရှား ဆော့ကစားရတာကို ကြိုက်နှစ်သက်ကြပါတယ်။သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း လှုပ်ရှားဆေ...
26/07/2025

👶ကလေးတွေဆိုတာ လှုပ်လှုပ်ရှားရှား ဆော့ကစားရတာကို ကြိုက်နှစ်သက်ကြပါတယ်။သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း လှုပ်ရှားဆော့ကစားခြင်းက အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပါပဲ။

ဒါပေမဲ့ ကစားရင်းနဲ့ဖြစ်ဖြစ်၊ ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်ဖြစ် အဖျားဝင်တာ၊ ခန္ဓာကိုယ်ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။

😌ဒီလိုအချိန်မျိုးမှာ ကလေးတွေရဲ့ နာကျင်ကိုက်ခဲမှုကို လျှော့ချပေးပြီး အဖျားကို သက်သာစေဖို့အတွက် ပါရာဆေ့ Syrup က အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။

ဘာကြောင့်လဲ❓

🥰ပါရာဆေ့ Syrup မှာ ပါဝင်တဲ့ ပါရာစီတမောက အဖျားကို လျင်မြန်စွာ ကျစေရုံသာမက နာကျင်ကိုက်ခဲမှုတွေကိုလည်း ထိထိရောက်ရောက် သက်သာစေပါတယ်။

🥰ကလေးတွေအတွက် အထူးထုတ်လုပ်ထားပြီးလိုင်ချီးအရသာလေးနဲ့မို့ အလွယ်တကူ သောက်သုံးနိုင်ပါတယ်။ ဆေးသောက်ရခက်မှာကို ပူပန်စရာမလိုပါဘူး။

🥰သကြားလုံးဝမပါသလို၊ Alcohol လည်းမပါတာမို့ သွားပိုးစားမှာ၊ ဘေးထွက်ဆိုးကျိုးရှိမှာ စိုးရိမ်စရာမလိုတော့့ပါဘူးနော်...

🥰ဆေးညွှန်းအတိုင်း မှန်ကန်စွာ သောက်သုံးမယ်ဆိုရင် ကလေးငယ်တွေအတွက် လုံခြုံစိတ်ချရပြီး ဘေးထွက်ဆိုးကျိုး နည်းပါတယ်။

ပါရာဆေ့ Syrup ကို ဆေးပတ်လည်အောင်တိုက်ပြီးတာနဲ့ ကလေးငယ်တွေရဲ့ အဖျားနဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေပြီး ဆော့ကစားချိန်တွေကို အပြည့်အဝ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။⛹️

သင့်ရင်သွေးငယ်လေးကို နာကျင်ကိုက်ခဲမှုကင်းစွာနဲ့ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်ဖို့အတွက် ပါရာဆေ့ Syrup ကို အမြဲတမ်း ဆောင်ထားလိုက်ပါနော်။ 👯

အလုပ်တွေ ပျက်၊ အရေးကြီး ကိစ္စတွေ လွဲချော်မသွားစေဖို့... ပါရာဆေ့ က အမြန်ဆုံး ကူညီဖြေရှင်းပေးပါ့မယ်။ဘာကြောင့် ပါရာဆေ့က အမြ...
23/07/2025

အလုပ်တွေ ပျက်၊ အရေးကြီး ကိစ္စတွေ လွဲချော်မသွားစေဖို့... ပါရာဆေ့ က အမြန်ဆုံး ကူညီဖြေရှင်းပေးပါ့မယ်။

ဘာကြောင့် ပါရာဆေ့က အမြန်ဆုံး သက်သာစေတာလဲ?
ပါရာဆေ့ရဲ့ Fast-Action Formula (အထူးလျင်မြန်သော ဆေးအာနိသင်) က သာမန်ပါရာစီတမောဆေးဝါးတွေထက် ဆေးပျော်ဝင်မှုနှုန်း ၉၆.၃% ပိုများပြီး အာနိသင်မြန်ဆန်တာကြောင့် သောက်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲမှာ လျင်မြန်စွာ ပျော်ဝင်ပြီး အာနိသင်ကို ချက်ချင်းပြသပါတယ်။ ဒါကြောင့်...

🔥 ကိုယ်ပူချိန်ကို အချိန်တိုအတွင်း ကျစေတယ်။
🤕 နာကျင်ကိုက်ခဲမှုတွေကို ထိရောက်စွာ သက်သာစေတယ်။

ဘယ်လိုနာကျင်ကိုက်ခဲမှုတွေကို အမြန်ဆုံးသက်သာစေသလဲ?
✅ သာမန်အအေးမိဖျားနာခြင်း: နှာစေး၊ ချောင်းဆိုးနှင့်အတူ ဖြစ်တတ်တဲ့ ကိုယ်ပူချိန်တက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း။
✅ ခေါင်းကိုက်ခြင်း: အလုပ်ပင်ပန်းလို့ဖြစ်စေ၊ အိပ်ရေးပျက်လို့ဖြစ်စေ ခေါင်းကိုက်၊ ခေါင်းထိုးခြင်း။
✅ ကိုယ်လက်ညောင်းညာကိုက်ခဲခြင်း: အားကစားလုပ်ပြီး၊ အလုပ်ပင်ပန်းပြီး ကိုက်ခဲခြင်း။
✅ ခရီးပန်းနွမ်းနယ်ပြီး ဖျားနာကိုက်ခဲခြင်း: ခရီးဝေးသွားပြီး ဖျားချင်သလိုလို၊ ညောင်းညာကိုက်ခဲနေခြင်း။
✅ ဒဏ်ရာအသေးစားကြောင့် ကိုယ်ပူပြီး နာကျင်ခြင်း: ထိခိုက်ရှနာ ဒဏ်ရာအရှိန်ကြောင့် ဖျားနာခြင်း။

ဒီတော့... အဖျားနဲ့ နာကျင်မှုတွေကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလဟဿမဖြစ်ပါစေနဲ့။ ပါရာဆေ့ တစ်လုံးဆောင်ထားပြီး နေ့စဥ်ဘဝကို အရှိန်အဟုန်မပျက် ပြန်လည်ပိုင်ဆိုင်လိုက်ပါ။ 🥰🤗

20/07/2025

လူကျန်းမာမှ စိတ်လည်းချမ်းသာရမယ်ဆိုသလို နည်းနည်းလေးဖျားရင်တောင် စိတ်ညစ်ရတာမျိုးနော်။🥺

ခုချိန်ကစပြီး ကိုယ်ပူပြီး အဖျားတက်တဲ့အခါတိုင်း စိတ်မရှုပ်ရတော့အောင် အိမ်မှာ ပါရာဆေ့ ပါရာစီတမောကို ကြိုဆောင်ထားဖို့ အကြုံပြုပါရစေ။ 🙏

လူကြီးတွေအတွက် ပါရာဆေ့ ပါရာစီတမောဆေးပြား၊ ကလေးတို့အတွက် ပါရာဆေ့ Syrup🥰 ဒါဆို မိသားစုထဲမှာ ဘယ်သူဖျားဖျား ပါရာဆေ့နဲ့ကာကွယ်ထားလို့ရပြီပေါ့နော်။🤍

ParaSafe Myanmar ကို မိသားစုဝင်တစ်ယောက်လို အားပေးနေတဲ့ မိတ်ဆွေတို့အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Review ရေးရင်း ဖုန်းဘေလ...
19/07/2025

ParaSafe Myanmar ကို မိသားစုဝင်တစ်ယောက်လို အားပေးနေတဲ့ မိတ်ဆွေတို့အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Review ရေးရင်း ဖုန်းဘေလ်လက်ဆောင်ယူ အစီအစဉ်လေး ပြန်လာပါပြီ။ 🎁✨

ကျွန်တော်တို့ ParaSafe နဲ့ ပတ်သက်ပြီး...
❤️ ParaSafe Products များနှင့် ပတ်သက်၍ သော်လည်းကောင်း
❤️ ဒီ Page ကနေ မျှဝေပေးနေတဲ့ ကျန်းမာရေးဗဟုသုတများနှင့် ပတ်သက်၍ သော်လည်းကောင်း
❤️ ဒါမှမဟုတ် ParaSafe ကို ပိုကောင်းအောင် ဘယ်လိုလုပ်စေချင်တယ်ဆိုတဲ့ အကြံပြုချက်လေးတွေကို Review ရေးပေးရုံနဲ့ ဖုန်းဘေလ် ၅,၀၀၀ ကျပ် ကံထူးနိုင်မှာဖြစ်ပါတယ်။

📝 ဘယ်လိုပါဝင်ရမလဲဆိုတော့...

1️⃣ မိမိအသုံးပြုနေသော Facebook Account ဖြင့် "ParaSafe Myanmar" Page ရဲ့ Reviews Tab ကို ဝင်ပါ။
2️⃣ ParaSafe နဲ့ ပတ်သက်တဲ့ သင့်ရဲ့ အတွေ့အကြုံ၊ ကျေနပ်မှု (သို့) အကြံပြုချက်ကို စိတ်တိုင်းကျ ရေးသားပေးပါ။
3️⃣ ရေးပြီးသွားရင် Screen Shot ရိုက်ပြီး ဒီ Post ရဲ့ Comment မှာ မန့်ပေးလိုက်ရုံပါပဲ။

ဒါဆိုရင် ကံစမ်းမဲအစီအစဉ်မှာ အလိုအလျောက် ပါဝင်ပြီးသား ဖြစ်သွားပါပြီ။

မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့ Review တစ်ခုချင်းစီက ကျွန်တော်တို့ ParaSafe အတွက် ရှေ့ဆက်ပြီး ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဗဟုသုတတွေ မျှဝေပေးနိုင်ဖို့ အကြီးမားဆုံး အားဆေးတစ်ခွက်ပါပဲ။ 🥰

ကဲ... အခုပဲ ParaSafe Page မှာ Review လေးတွေရေးပြီး ဖုန်းဘေလ် ၅,၀၀၀ ကျပ် ကံထူးဖို့ အမြန်ဆုံးပါဝင်လိုက်ကြစို့နော်။ 💖

လူတိုင်းသိထားသင့်တဲ့ အခြေခံကျန်းမာရေးဗဟုသု‌တလေးတစ်ခုကို ပါရာဆေ့က မျှဝေပေးပါရစေ။ 🤍အဖျားသက်သာစေဖို့ အဓိကအသုံးပြုတဲ့ဆေးတစ်မ...
17/07/2025

လူတိုင်းသိထားသင့်တဲ့ အခြေခံကျန်းမာရေးဗဟုသု‌တလေးတစ်ခုကို ပါရာဆေ့က မျှဝေပေးပါရစေ။ 🤍

အဖျားသက်သာစေဖို့ အဓိကအသုံးပြုတဲ့ဆေးတစ်မျိုးက ဘာဖြစ်မလဲဆိုတာ ပုံမှာအဖြေရှာကြည့်ရအောင်။😌

အဖြေမှန်ကိုတော့ ကောမန့်မှာရေးပေးထားမယ်နော်။🥰ဘယ်သူတွေမှန်လဲ အဖြေတိုက်ကြည့်ရအောင်။✨

Address


Telephone

+959880002912

Alerts

Be the first to know and let us send you an email when ParaSafe Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ParaSafe Myanmar:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram