Mahar Won Pharmaceuticals

  • Home
  • Mahar Won Pharmaceuticals

Mahar Won Pharmaceuticals Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mahar Won Pharmaceuticals, Medical and health, .

‼️‼️အထူးသတိပေးချက်‼️‼️အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်...
18/03/2025

‼️‼️အထူးသတိပေးချက်‼️‼️

အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလုံးခုန်မြန်။ ရေသောက်လည်း တံတွေးတွေ မထွက် အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျင် ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များလာတယ်လို့ ကြားရတယ်။
ညဘက်ပိုင်းမှာ နေမပူပေမဲ့ ပူအိုက်ပြီး အသားတွေ ပူလာ ၊ ချွေးမထွက်ပဲ ရေဆာ ရေငတ် မူးဝေ ခြေလက်ထုံကျင် နှလုံးခုန် မမှန်တာတွေဟာ အပူရှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။ Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေပါတယ်။ ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ထင်ပြီး ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။ အခုလို ရာသီမှာ အိမ်တိုင်းမှာ ဓာတ်ဆားထုတ်တွေ ဆောင်ထားသင့်ပါတယ်။ ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား သောက်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

Credit to # # #

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း
#မဟာဝဏ် တိုင်းရင်းဆေး
Credit ;

17/01/2025

မင်္ဂလာပါရှင် ကျန်းမာရေး ဗဟုသုတများအတွက် pageလေး ပြန်လည်အသုံးပြုတော့မည်ဖြစ်သည့်အတွက် shareလုပ်‌ေပးခြင်းဖြင့် အများပြည်သူများပါ ဗဟုသုတတိုးဖို့ ကူညီပေးပါအုံးရှင့်။

လပြည့်နေ့အခါသမယမှာ ကမ္ဘာသူ ကမ္ဘာသာများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ရောဂါဘယကင်းကွာကြပါစေရှင်....
01/08/2023

လပြည့်နေ့အခါသမယမှာ ကမ္ဘာသူ ကမ္ဘာသာများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ရောဂါဘယကင်းကွာကြပါစေရှင်....

ဆေးခန်းလာတဲ့ ပွင့်ခန္ဓါကိုယ်များအတွက် ဆရာမမှအစွမ်းထက်​ဆေးတလက်😁
27/06/2023

ဆေးခန်းလာတဲ့ ပွင့်ခန္ဓါကိုယ်များအတွက် ဆရာမမှအစွမ်းထက်​ဆေးတလက်😁

ဆားပလုတ်ကျင်း​ပေးတာ​တော့ မမှားဘူး​ပေါ့😁Photo credit
21/06/2023

ဆားပလုတ်ကျင်း​ပေးတာ​တော့ မမှားဘူး​ပေါ့😁

Photo credit

နာနတ်သီးစားရန် သင့်တော်သောအချိန်==================== 🍍 နာနတ်သီးစားလျှင် သူ့ချည်း သီးခြားစားခြင်းသည် အကောင်းဆုံးဖြစ်ပြီး ...
09/06/2023

နာနတ်သီးစားရန် သင့်တော်သောအချိန်
====================
🍍 နာနတ်သီးစားလျှင် သူ့ချည်း သီးခြားစားခြင်းသည် အကောင်းဆုံးဖြစ်ပြီး အစာနှင့် ဝေးဝေး (in between meals) စားသင့်ပါသည်။ ဥပမာ မနက်စာနှင့် နေ့လယ်စာကြား သို့မဟုတ် နေ့လယ်စာနှင့် ညနေစာကြားချိန်များတွင် စားသင့်ပါသည်။

🍍 အဘယ်ကြောင့်ဆိုသော် ယင်းတွင်ပါဝင်သော အင်ဇိုင်းများမှာ အစာအိမ်မှထုတ်သည့် အက်ဆစ်ဓာတ်တွင် ပျက်စီးတတ်ခြင်းကြောင့်ဖြစ်သည်။ အစာနှင့် အတူ‌ရောစားလျှင် အစာဝင်သည်နှင့် ထွက်လာသည့် အစာအိမ်အက်ဆစ်များမှ နာနာတ်သီးတွင် ပါဝင်သော အင်ဇိုင်းများကို လျော့နည်းစေသည့်အပြင် ထမင်းစားပြီးစားလျှင်လည်း ပျက်စီးမှုရှိနိုင်ပါသည်။

🍍 ထို့ကြောင့် အစာစားချိန် တစ်ခုနှင့်တစ်ခုကြား အလယ်တွင် စားခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့ရာတွင် အစာမကြေသူများ အစာကြေစေရန် ရည်ရွယ်ချက်နှင့်စားလျှင် အစာစားပြီး (ဥပမာ-ထမင်းစားပြီး) မှစားလျှင် အစာကြေစေရန် များစွာ အထောက်အကူပြုပါသည်။

🍍 နာနတ်သီးသည် ဗီတာမင်စီ ကြွယ်ဝသော သစ်သီး ဖြစ်သောကြောင့် ဗီတာမင်စီကို လေထဲမှာထားလျှင် အောက်ဆီဂျင်နှင့် ထိတွေ့ပြီး ဓာတ်တိုးသွားခြင်းကြောင့် နာနတ်သီး အဝါရောင် ရင့်သွားရခြင်းဖြစ်သည်။ ဤကဲ့သို့ အဝါရောင်ရင့်သွားလျှင် ဗီတာမင်စီ၏အာနိသင်ကို လျော့နည်းစေသောကြောင့် ခွဲပြီး အရောင်မရင့်ခင် ချက်ချင်းစားပေးသင့်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက်-"သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း(၅) နာနတ်သီး မှ ထုတ်နုတ်ဖော်ပြသည်။

03/06/2023

👵ဆီးချိုပုံမှန်ထိန်းနိုင်အောင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာ မသိသေးတဲ့သူတွေအတွက်
‎ ‏‏‎ ‎
#ဆီးချို ဖြစ်ပွားတဲ့ နှုန်း များလာတာနှင့်အမျှ ဆီးချိုဝေဒနာရှင်များ အနေနဲ့ အစား အသောက် ကို စနစ်တကျ တွက်ချက် စားတတ်ဖို့လိုအပ်တာအားလုံးအသိပါ။
‎‏‏‎ ‎
💯ဒါမှသာ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်တဲ့ ကျောက်ကပ်ပျက်တာ၊ မျက်စိ ကွယ်တာ၊ ခြေထောက် မှာ အနာတွေ ဖြစ်ပြီး ခြေထောက်ဆုံးရှုံးရတဲ့ အဆင့်တွေ မဖြစ်လေအောင်ကြိုတင်ကာကွယ်နိုင်မယ်။
‎‏‏‎ ‎
ဒါကြောင့် ဆီးချိုရောဂါရှိသူတွေမှာ အစားအသောက် ဆင်ခြင်ဖို့က အရေးအကြီးဆုံး သော့ချက်တယ်လို့ပြောကြတာပေါ့။
‎ ‏‏‎ ‎
❗အစားအသောက်လို့ဆိုရာမှာ ဆီးချိုရှိသူတွေအတွက် အဓိသတိထားစားရမှာ က carbohydrate (ကာဗိုဟိုက်ဒရိတ်) ပါ။
‎ ‏‏‎ ‎
လူတယောက် က တစ်နေ့ကိုအနည်းဆုံး carbohydrate (ကာဗိုဟိုက်ဒရိတ်) ကို 130 grams စားသင့်ပါတယ်။
‎ ‏‏‎ ‎
🍛အောက်ပါ အစားအစာတွေ က ( #ကာဗိုဟိုက်ဒရိတ် ) 15 grams ပါတဲ့ ပမာဏ တွေ ဖြစ်ပါတယ်။
‎ ‏‏‎ ‎
✅ #ထမင်း #ခေါက်ဆွဲ #ကြာဇံ - ထမင်းစားဇွန်း (၃) ဇွန်း
✅ #ပေါင်မုန့် - တစ်ချပ်
✅ #နံပြား - တ ဝက်
✅ #ပြောင်းဖူး - တပိုင်း
✅ #ကန်ဇွန်းဥ #အာလူး - တရုတ်ထမင်းပန်းကန်လုံး တ ဝက်
✅ #အသီး - တရုတ်ထမင်းပန်းကန်လုံးတစ်လုံး
✅ #သကြား - ထမင်းစားဇွန်း (၁) ဇွန်း
✅ #နို့ - တခွက်
✅ #ပဲပြုတ် ၊ ပဲနှပ် - တရုတ်ထမင်းပန်းကန်လုံး တ ဝက်
‎ ‏‏‎ ‎
🍴ဆီးချို ဝေဒနာရှင်တွေ အနေနဲ့ အစားစားတော့မယ်ဆိုရင်
➖➖➖➖➖
✔️မနက်စာ၊
✔️နေ့လည်စာ၊
✔️အ​ဆာပြေ
✔️ညစာ
✔️အဆာပြေ (မစားလဲရ) ဆိုပြီးစားလို့ရပါတယ်။
‎ ‏‏‎ ‎
မနက်စာ၊ နေ့လည်စာ၊ ညစာ ကဲ့သို့ အစာကြီးတွေ စားမယ်ဆိုရင်တော့ တနပ်စီ မှာ carbohydrate (ကာဗိုဟိုက်ဒရိတ်) 45-60 grams ကြားဝင်အောင် စားသင့်ပါတယ်။ မပိုသင့်ပါဘူး။
‎ ‏‏‎ ‎
⚠️အဆာပြေ စားမယ်ဆိုရင်တော့ carbohydrate (ကာဗိုဟိုက်ဒရိတ်) 15-20 grams အတွင်းသာ ဝင်အောင် စားသင့်ပါတယ်။ ပိုစားလို့မသင့်ပါဘူး။
‎ ‏‏‎ ‎
ဥပမာ - ထမင်း (၉) ဇွန်း၊ ပဲနှပ် ခွက် တဝက်၊ အသားဟင်း၊ အရွက်ကြော် စားမယ်ဆိုရင်
ထမင်း က နေ ကာဗိုက်ဟ်ုက်ဒရိတ် (၃ x ၁၅) = ၄၅
ပဲနှပ် ကနေ ကာဗိုဟိုက်ဒရိတ် (၁ x ၁၅) = ၁၅ ရမှာ ဖြစ်တော့ စုစုပေါင်း ကာဗိုဟိုက်ဒရိတ် ၆၀ ဂရမ် ဖြစ်သွား မှာ ဖြစ်ပါတယ်။
‎ ‏‏‎ ‎
🙏အခု တွက်ပြသလို ကိုယ်စားတဲ့ အစားအစာတိုင်း ကို စနစ်တကျ လိုက်တွက်ပြီး စားပေးဖို့ အရေးကြီးပါတယ်။

အကြမ်းဖျင်းတွက်ပြတာသာဖြစ်ပြီး၊ ခန္ဓာကိုယ်အရွယ်အစားပေါ်မူတည်ပြီး ပြောင်းလဲမှု့ရှိနိုင်ပါတယ်။
‎ ‏‏‎ ‎
တက်နိုင်သလောက် အမျှင်ဓါတ်များတဲ့ ကာဗိုဟိုက်ဒရိတ် တွေ စားပေးသင့်ပါတယ်။ ဥပမာ - ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း
‎ ‏‏‎ ‎
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#ကယ်လိုရီ
​လေးစားစွာဖြင့်ပြန်လည်မျှ​ဝေပါသည်
Mahar Won Pharmaceuticals

28/05/2023

သင့်ရာသီသွေးက ပြောပြနိုင်သော သိုင်းရွိုက်ပြဿနာ။
-------- ဒေါက်တာခင်မိုးမိုး

ရာသီသွေးပေါ်တာက အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်ရဲ့ ကျန်းမာရေးကို ရောင်ပြန်ဟပ်နေတတ်ပြီး သူက အစာခြေစနစ်၊ ခုခံအားစနစ်၊ အင်ဆူလင်တုံ့ပြန်နိုင်တာ၊ သိုင်းရွိုက်ဟော်မုန်း မညီမျှတတာ လိုမျိုး အကြောင်းအရာတွေကြောင့် အကျိုးသက်ရောက်မှုကို ခံရတတ်ပါတယ်။ သိုင်းရွိုက်အကျိတ်က ကိုယ်အပူချိန်နဲ့ စွမ်းအင် ထိန်းချုပ်တာ အပါအဝင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြုလုပ်ဖို့ ကူညီပေးတဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ် ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း လုံလုံလောက်လောက် မရှိရင် ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ် အများစုက နှေးကွေးသွားပြီး ဝမ်းချုပ်တာ၊ စိတ်ဓာတ်ကျတာ၊ အသားအရေ ခြောက်သွေ့တာ၊ ဆံပင်ပါးတာ၊ အအေးဒဏ် မခံနိုင်တာ၊ ကြွက်တက်တာ၊ အဆစ်နာကျင်တာ၊ အဝလွန်တာနဲ့ ရာသီသွေးမမှန်တာတွေ ဖြစ်လာတတ်ပါတယ်။

#သိုင်းရွိုက်ဟော်မုန်းပမာဏနဲ့ရာသီသွေးဆက်စပ်မှု။
သိုင်းရွိုက်က မမျိုးဥအိမ်နဲ့ တိုက်ရိုက် အကျိုးသက်ရောက်မှုရှိပြီး ဂလိုဗျူလင်နဲ့ပေါင်းစပ်နေတဲ့ လိင်ဟော်မုန်း s*x hormone-binding globulin SHBG နဲ့ တိုက်ရိုက်မဟုတ်သော တစ်ခြားနည်းလမ်းနဲ့ ဆက်စပ်မှု ရှိပါတယ်။ သိုင်းရွိုက်အကျိတ်က အမျိုးသမီးမျိုးပွားစနစ်ရဲ့ အဖွဲ့ဝင် မဟုတ်ပဲ ဟော်မုန်းစနစ်ရဲ့ အဖွဲ့ဝင် ဖြစ်နေပေမဲ့ သိုင်းရွိုက်ဟော်မုန်းကတော့ အမျိုးသမီး မျိုးပွားစနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ပါဝင်ကူညီပေးပါတယ်။ သိုင်းရွိုက်အကျိတ်က ဟော်မုန်းထုတ်လုပ်တာ နည်းလွန်း ဒါမှမဟုတ် များလွန်းနေရင် ။ရာသီသွေးပေါ်တာကလည်း နည်းလွန်း ဒါမှမဟုတ် များလွန်းတာတွေ ဖြစ်လာတတ်ပါတယ်။ သုံးလကြာအောင် ရာသီသွေးမပေါ်တာ ဒါမှမဟုတ် အသက် ၄၀ မတိုင်ခင် ငယ်ငယ်ရွယ်ရွယ်နဲ့ မီးယပ် သွေးဆုံးတာတွေက သိုင်းရွိုက်လုပ်ဆောင်ချက် ချို့ယွင်းတာကြောင့် ဖြစ်တတ်ပါတယ်။

#သင့်ရာသီသွေးကပြောပြနိုင်သောသိုင်းရွိုက်ပြဿနာ။

- သင့်ရာသီသွေးပေါ်တာက များလွန်းနေရင် (ဥပမာ ၂ နာရီခြားတစ်ခါ အမျိုးသမီးလစဉ်သုံးပစ္စည်းကို အသစ်လဲလှယ်ရတာ ဒါမှမဟုတ် သွေးခဲတုံးဆင်းတာ)သိုင်းရွိုက်ဟော်မုန်း လျော့နည်းတာကြောင့် ဖြစ်ပါတယ်။ Hypothyroidism လို့ခေါ်ပါတယ်။

- မကြာခဏ ရာသီသွေးပေါ်တာ ဒါမှမဟုတ် သွေးပေါ်ရက် တာရှည်နေတာကလည်း Hypothyroidism ကြောင့် ဖြစ်ပါတယ်။

- ဓမ္မတာလာရက် မရောက်ခင် ဘောင်းဘီသွေးစွန်းတာကလည်း Hypothyroidism ကြောင့်ပါပဲ။

- ဓမ္မတာမမှန်တာ ဒါမှမဟုတ် လကျော်တာတွေက သိုင်းရွိုက်အကျိတ်က ဟော်မုန်းထုတ်လုပ်တာ နည်းလွန်းတာ ဒါမှမဟုတ် များလွန်းတာကြောင့်ပါ။ Hypothyroidism or Hyperthyroidism ဖြစ်နေတာပါ။

- ကိုယ်ဝန်ဆောင်ထားရတာ၊ ကလေးမိခင်နို့တိုက်တာ ၊ မီးယပ်သွေးဆုံးတာတွေကြောင့်မဟုတ်ပဲ ဓမ္မတာသွေးမပေါ်တာက Hypothyroidism or Hyperthyroidism ကြောင့်ပါ။

- ရာသီသွေးပေါ်တာနည်းလွန်းတာ ဒါမှမဟုတ် တစ်ရက် နှစ်ရက်လောက်ပဲ သွေးပေါ်တာက Hyperthyroidism ကြောင့်ပါ။

#ဘာကြောင့်သိုင်းရွိုက်ပြဿနာကိုကုသမှုခံယူဖို့လိုအပ်ပါသလဲ။

ကျန်းမာရေးနောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ပေါ်လာအောင် သိုင်းရွိုက်ပြဿနာကို ကုသမှု ခံယူရပါမယ်။

Hypothyroidism ရဲ့လက္ခဏာတွေက mild ဖြစ်နေလို့ ရှာဖွေဖို့ခက်ခဲနိုင်တာ ဒါမှမဟုတ် ပြင်းထန်တဲ့အတွက် ဘဝအရည်အသွေးကို ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။

ိုကုသမှုမခံယူခဲ့ရင်အောက်ပါဆိုးကျိုးတွေရရှိနိုင်ပါတယ်။
- ကလေးမရနိုင်ခြင်း
- နှလုံးရောဂအာရုံကြောပျက်စီးခြင်း
- လည်ပင်းကြီးရောဂါ
- သားပျက်သားလျှောခြင်း
- စိတ်ကျန်းမာရေး ထိခိုက်နိုင်ခြင်း

ိုကုသမှုမခံယူခဲ့ရင်အောက်ပါဆိုးကျိုးတွေကိုရရှိနိုင်ပါတယ်။
- နှလုံးခုန်နှုန်း မြန်ခြင်း
- လက်တုန်ခြင်း
- အရိုးနဲ့ ဆံသား ကျွတ်ဆတ်ခြင်း
- နှစ်ထပ်မြင်ရခြင်း
- အလင်းရောင်ဒဏ် မခံနိုင်ခြင်း
- အိပ်စက်မှု ပြဿနာဖြစ်ခြင်း
- စိုးရိမ်စိတ်များခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း
- နှလုံးရောဂါဖြစ်ခြင်း

Hypo or Hyperthyroidism အတွက် ဆေးကုသမှု ခံယူပြီးရင်တောင် ဆရာဝန်က သင်ရဲ့ သိုင်းရွိုက်ဟော်မုန်းပမာဏကို မကြာခဏ စစ်ဆေးမှုပြုလုပ်နိုင်ပါတယ်။

ဆေးကုသမှု ခံယူတာကြောင့် ဝေဒနာ သက်သာနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ အဖြစ်နည်းပါး နိုင်ပါတယ်။
Crd good health journal
ပြန်လည်မျှ​ဝေပါသည်
Mahar Won Pharmaceuticals

🔶 ဓညင်းသီး 🔶 မြန်မာလူမျိုးတွေအနေနဲ့ ဓညင်းသီးနဲ့ မစိမ်းကြပါဘူး။ 🔹 ဓညင်းသီးပြုတ်🔹 ဓညင်းသီး မီးဖုတ် 🔹 ဓညင်းသီး ငါးပိချက်🔹 ဓ...
26/05/2023

🔶 ဓညင်းသီး 🔶

မြန်မာလူမျိုးတွေအနေနဲ့ ဓညင်းသီးနဲ့ မစိမ်းကြပါဘူး။

🔹 ဓညင်းသီးပြုတ်
🔹 ဓညင်းသီး မီးဖုတ်
🔹 ဓညင်းသီး ငါးပိချက်
🔹 ဓညင်းသီးကို တို့စရာအနေနဲ့ စားတာ စသဖြင့် စားလေ့ရှိကြပါတယ်။

🔺 ဒါပေမယ့် ဓညင်းသီးနဲ့ ပတ်သက်ပြီး သတိပြုစရာ အချက်တွေ ရှိပါတယ်။

🔺 ဓညင်းသီးမှာ ဘာပါလဲ??

🔸 ဓညင်းသီးမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ Dejenkolic acid ပါပါတယ်။

🔸 သူက ဆာလဖာပါတဲ့ အမိုင်နိုအက်စစ်တစ်မျိုး ဖြစ်ပါတယ်။
🔸 ဆာလဖာပါတဲ့အတွက် ခန္ဓာကိုယ်ကနေ ပြန်စွန့်ထုတ်တဲ့အခါ ဘဲဥပုပ်နံ့လို အနံ့မျိုး ထွက်စေပါတယ်။

▫ စားပြီးတဲ့အခါ
▫ ခံတွင်းနံ့နံတာ
▫ ဆီးသွားတဲ့အခါ၊ ဝမ်းသွားတဲ့အခါ အနံ့ပြင်းတာမျိုး ဖြစ်စေပါတယ်။

ဒီ Djenkolic acid က

🔺 ခန္ဓာကိုယ်အတွက်
🔺 အဓိကအနေနဲ့ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်အတွက် အဆိပ်အတောက် ဖြစ်စေပါတယ်။

❓ ဘာတွေ ဖြစ်စေနိုင်လဲ??

◽ ပျို့တာ
◽ အန်တာ
◽ ဝမ်းလျှောတာ
◽ ဗိုက်ရစ်နာတာ

🔺 ဆီးလမ်းကြောင်းမှာ ကျောက်တည်တာ
🔺 ခါးနာတာ
🔺 ဆီးပူတာ ဆီးကျင်တာ
🔺 ဆီးသွားတဲ့အခါ အနည်ပါတာ
🔺 ဆီးထဲ သွေးပါတာတွေ ဖြစ်စေနိုင်ပါတယ်။

ဒီထက်ပိုဆိုးတာကတော့

🔺 ဆီးသွားနည်းတာ
🔺 ဆီးလုံးဝ မသွားတော့တာ
🔺 ကျောက်ကပ်ပျက်စီးတာထိ ဖြစ်စေနိုင်ပါတယ်။

❓ ဓညင်းသီး ဘယ်နှလုံး စားရင် အဆိပ်သင့်တာ ဖြစ်နိုင်လဲ??

အတိအကျ ပြောလို့ မရပါဘူး။

လေ့လာချက်တွေအရ

🔸 တချို့မှာ ဓညင်းသီး ၅ လုံးလောက်စားပြီးတော့ ရေသောက်နည်းတဲ့သူတွေမှာ အဆိပ်သင့်တာမျိုး တွေ့ရသလို

🔸 ဓညင်းသီး ၁ လုံးတည်း စားပြီးတော့လည်း
အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေ
ကျောက်ကပ်ထိတာမျိုးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖျင်းအားဖြင့်

🔸 ဓညင်းသီး စားပြီး ၂ နာရီကနေ ၁၂ နာရီ အတွင်းမှာ အဆိပ်သင့်တဲ့ လက္ခဏာမျိုးတွေ ခံစားရတတ်ပါတယ်။

🔺 နောက် သတိထားသင့်တဲ့အချက်က

တချို့လူတွေမှာ အရင်တုန်းကလည်း ဓညင်းသီး စားနေကျကို ဘာမှမဖြစ်ဘဲနဲ့ ခုတစ်ခါစားတော့မှ ရုတ်တရက်ကြီး ထပြီး
ခါးနာ ခါးအောင့်
ဆီးသွားသွေးပါ စတာတွေ ဖြစ်တတ်တာမျိုးပါ။

အကြောင်းက

🔺 ဓညင်းသီးစားပြီး ခန္ဓာကိုယ်ထဲမှာ Djenkolic acid ကြောင့် အဆိပ်ဖြစ်နေပေမယ့် ပြင်ပမှာ ဘာလက္ခဏာမှ မခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။

🔺 ဒီလိုလူတွေမှာ ကိုယ်က အဆိပ်သင့်တာမျိုး ဖြစ်နေပေမယ့် ဘာမှမခံစားရတာကြောင့် အဆိပ်ဖြစ်မှန်း မသိဘဲ ဓညင်းသီး ထပ်ပြီး စားမိတာမျိုးတွေကနေ အဆိပ်သင့်ခြင်း ခံစားရတာပါ။

ဓညင်းသီးကြောင့်

🔸 အဆိပ်သင့်တာ
🔸 ကျောက်ကပ်ထိတာမျိုးက
🔸 ပုံမှန် ကျောက်ကပ်ကောင်းနေတဲ့သူတွေမှာ ဖြစ်နိုင်သလို

🔺 နဂိုတည်းက ကျောက်ကပ်အားနည်းတာ

🔺 ကျောက်ကပ်ရောင်တာ
🔺 နာတာရှည် ကျောက်ကပ်ဝေဒနါ ရှိသူတွေမှာဆိုရင်တော့ အဆိပ်သင့်တာ ပိုဆိုးနိုင်သလို

ဆိုးလွန်းရင်
🔺 ကျောက်ကပ်ပျက်စီးတာကနေ
🔺 အသက်အန္တရာယ် ရှိတဲ့ထိ ဖြစ်တတ်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။

Dr. Aye Myat Phyo Tin
( DR. Christine: Nutrition Diary )

#ဓညင်းသီး #ကျောက်ကပ်ပျက်စီးခြင်း #ဆီးကျောက်တည်ခြင်း
​လေးစားစွာဖြင့်ပြည်လည်မျှ​ဝေပါသည်
Mahar Won Pharmaceuticals

ကုတ်မဲခြင်း အရှင်းပျောက်အောင်ကုတ်မဲခြင်းကို ဆေးပညာလို acanthosis nigricans လို့ခေါ်တယ်။ ကတ္တီပါအမဲရောင်ခြယ်ကွက်နဲ့ တင်စာ...
24/05/2023

ကုတ်မဲခြင်း အရှင်းပျောက်အောင်

ကုတ်မဲခြင်းကို ဆေးပညာလို acanthosis nigricans လို့ခေါ်တယ်။ ကတ္တီပါအမဲရောင်ခြယ်ကွက်နဲ့ တင်စားကြတယ်။ အရေပြားအလွှာတွန့်တဲ့နေရာတွေမှာ အဖြစ်များပြီး ကုတ်၊ဂျိုင်း၊ပေါင်ခြံ စတဲ့နေရာတွေမှာ အဖြစ်များတယ်။ acanthosis nigricans ရဲ့ လက္ခဏာက အရေပြားထူတာနဲ့ မဲတာ။ အရေပြားအောက်ဆုံးလွှာရဲ့ အပေါ်က အထက်လွှာ(stratum spinosum)မှာ ပုံမှန်မဟုတ်ဘဲ အရေထူထပ်နေတဲ့အခါ ကုတ်မဲခြင်းကို ဖြစ်စေတယ်။

ကုတ်မဲတာမကုခင် ဖြစ်နိုင်တဲ့ရောဂါတွေကို အရင်ရှာရတယ်။ ကုတ်မဲခြင်းဟာ အဝလွန်ရောဂါနဲ့ ဆက်စပ်တယ်။ BMI 35 အထက်တွေ အတွေ့ရများတယ်။အဝလွန်တာအတွက် အဖြေကဘာတွေဖြစ်မလဲ။ ဝိတ်ချခြင်းပဲ။ တခါတရံ သွေးတွင်းအင်စူလင်ဓာတ်များပြီး ဆီးချိုရောဂါနဲ့ ဒွန်တွဲနေတတ်တယ်။ ဆီးချိုရောဂါလို့ ဆရာဝန်က နာမည်တပ်ရင်ဆီးချိုထိန်းဖို့လည်း လိုတယ်။ ဟော်မုန်းအပြောင်းလဲကလည်း ကုတ်မဲတာဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေမှာ မျိုးဥအိတ်ရောဂါ (polycystic o***y syndrome)ရှိသူမှာ ပိုအဖြစ်များတာ တွေ့ရှိရတယ်။ နောက်ဖြစ်နိုင်ချေက သိုင်းရွိုက်ဟော်မုန်းနည်းနေတာ။ သိုင်းရွိုက်ကြောင့် ဖြစ်ရင် သိုင်းရွိုက်ကို ကုသသင့်တယ်။ ကုတ်မဲတဲ့ ပြဿနာက ကော်တီဇော (cortisol) စတီးရွိုက်ဟော်မုန်းများတဲ့ cushing syndrome ရောဂါမှာလည်းတွေ့ရတတ်တယ်။ ဟော်မုန်းအပြောင်းအလဲ၊ကင်ဆာနဲ့ ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။

နောက်တစ်ခုက ရောဂါအနေအထားနဲ့ ကုဖို့လိုမလိုက လူနာပေါ်သာမူတည်တယ်။ ဝိတ်တက်ရင် ဝိတ်ချဖို့ပြောရတယ်။ အင်ဆူလင်များလို့ဖြစ်ရင် metformin, pioglitazone လိုဆေးမျိုးသောက်သင့်တယ်။ တခါတရံ isotretinoin (သို့) acitretin လိုသောက်ဆေးတွေလိုတယ်။ လိမ်းဆေးတွေကြောင့် hyperkeratosis (အရေပြားထူခြင်း)ကိုသက်သာစေတယ်။ လိမ်းဆေးထဲမှာ tretinoin 0.1%, adapalene 0.1%,hydroquinone 4%, Calcipotriene 0.005%, ammonium lactate 12%, Urea 20%, Salicylic acid 4%, glycolic acid 12% စတာတွေသုံးကြတယ်။

လိမ်းဆေးနဲ့မရရင် နောက်ဆုံးနည်းက လေဆာပစ်တာဖြစ်တယ်။ ကုတဲ့ဆရာဝန်ပေါ်မူတည်ပြီး ပျောက်ကင်းနိုင်ချေမတူကြဘူး။ တစ်ကြိမ်မက ပစ်ဖို့လိုတယ်။ လေဆာအမျိုးစားတွေထဲ လူနာနဲ့သင့်တော်တာကို အရေပြားဆရာဝန်ကရွေးချယ်ပေးရတယ်။

အကြံပြုချက်
-အဝလွန်သူအတွက် ဝိတ်ချဖို့ အရေးကြီးတယ်။ (BMI ရဲ့ ၂၀% လျှော့ချပေးသင့်တယ်)
-ဆီးချိုရှိတဲ့လူနာမှာ အင်ဆူလင်ထိန်းညှိပေးတဲ့ဆေးတွေ သောက်ဖို့ လိုတယ်။
-အာလူးချောင်းကြော်၊ အချို၊ အဆီအဆိမ့် လျှော့စားသင့်တယ်။
-နွားနို့သောက်တဲ့အခါ အဆီလျှော့ထားတဲ့နွားနို့မျိုးသာ သောက်သင့်တယ်။
-အစားအသောက်ထဲမှာ အမျှင်ဓာတ်များတဲ့ သစ်သီးဝလံနဲ့ အသီးအရွက်တွေ ကဲစားသင့်တယ်။
-အရေးကြီးဆုံးအချက်က ကုတ်မဲတဲ့နေရာတွေ ကုတ်ခြစ်တာနဲ့ ပွတ်သပ်ကိုင်တွယ်တာမျိုး ရှောင်ရှားသင့်တယ်။

ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
www.drayeminhtoo.com
​လေးစားစွာဖြင့်ပြန်လည်မျှ​ဝေပါသည်
Mahar Won Oharmaceuticals

23/05/2023

⚠️လူတွေမသိသေးတဲ့ #ကိုလက်စထရော တက်စေတဲ့အစားအစာများ
‎‏‏‎ ‎
တော်တော်များများထင်ကြပါလိမ့်မယ်။ ကိုလက်စထရောမြင့်တက်ခြင်း မတက်ခြင်းက က သူ့ရဲ့ ကိုယ်အလေးချိန်နဲ့ တိုက်ရိုက်အချိုးကျလိမ့်မယ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။
‎‏‏‎ ‎‏‏‎ ‎
❗ကိုယ်အလေးချိန်ပုံမှန်ဖြစ်သူတွေကို သွေးတွင်းအဆီ စစ်ကြည့်လိုက်တဲ့အခါမှာလည်း , , တွေများနေတာတွေ တွေ့ရပါတယ်။
‎‏‏‎ ‎
ဒါဆိုဘာလို့ဒီလိုဖြစ်ရတာလဲ
‎‏‏‎ ‎
🦞ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ #အချိုတွေ၊ တွေ၊ #ဝမ်းတွင်းကလီစာ တွေ၊ #ပင်လယ်စာ တွေ၊ ဆိတ်သား၊ ဘဲသား တွေ အစားများလို့ပါ။
‎‏
‎‏‏‎ ‎
🍛ကိုလက်စထရော ကျစေတဲ့ #အစားအစာ များ
‎‏‏‎ ‎
📌မပြည့်ဝဆီများ
➖➖➖➖➖
သံလွင်ဆီ၊ Rice bran ဆီ။ (အကောင်းဆုံးကတော့ သံလွင်ဆီ နဲ့ Rice bran ဆီ တွေပါ သံလွင်ဆီကတော့ ဈေးကြီးပေမယ့် Rice bran ဆီ ကတော့ ဈေးနှုနိး အသင့်အတင့်ရှိပါတယ်။ စူပါမားကတ်တွေ မှာ ဝယ်လို့ရမယ်ထင်ပါတယ်)
‎‏‏‎ ‎
📌အစေ့ အဆံ များ
➖➖➖➖➖
နေကြာစေ့၊ သီပာိုစေ့၊ မြေပဲ၊ ဗာဒံစေ့ (သူတို့တွေ က ကိုလက်စထရော ကျစေရတဲ့ အကြောင်းအရင်း က ကောင်းတဲ့ အဆီတွေပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရော တွေကို ဖယ်ရှားပေးတဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် တစ်ခု သတိထားသင့်တာကတော့ အဆိုပါ အစေ့အဆံတွေ က ကယ်လိုရီများပါတယ်။ စားလိုက်ရင် ကိလြက်သထရော ကျစေပေမယ့် ကယ်လိုရီ များတဲ့ အတွက်ကြောင့် ကိုယ်အလေးချိန် တက်လာစေပါတယ်။ ဒါကြောင့် တချို့သော လူတွေ မှာ ဝပေမယ့် ကိုလက်စထရော နည်းရတဲ့ အကြောင်း အရင်း က အစေ့အဆံ စားတာများလို့ပါ။)
‎‏‏‎ ‎
📌 #ထောပတ်သီး
➖➖➖➖➖
ထောပတ်သီးမှာ လည်း ကောင်းတဲ့ အဆီတွေများတဲ့ အတွက် ကိုလက်စထရော ကျစေပါတယ်။ ဒါပေမယ့် သူလည်း ကယ်လိုရီ များတဲ့ အသီးထဲ မှာပါပါတယ်။
‎‏‏‎ ‎
📌Oat meal
➖➖➖➖➖
ကျွန်တော်တို့ မြန်မာလူမျိုးနဲ့တော့ သိပ်မရင်းနှီးသေးပါဘူး။ တချို့လည်း စားတော့ စားနေကြပါပြီ။ သူက အမျှင်ဓါတ် (soluble fiber) ပါဝင်တာ များတဲ့ အတွက် ကိုလက်စထရော ကျစေပါတယ်။ မနက်စာ အနေနဲ့ စားလို့ အဆင်ပြေနိုင်ပါတယ်။ သူလည်း စူပါမတ်ကတ်တွေ မှာ ရနိုင်ပါတယ်။
‎‏‏‎ ‎
📌Whole Grain Bread ( #ပေါင်မုန့် ကြမ်း )
➖➖➖➖➖
ကိုလက်စထရော များသူတွေ အနေနဲ့ ပေါင်မုန့် အချောစားမယ့် အစား အစေ့အဆံ တွေပါထည့်လုပ်ထားတဲ့ ပေါင်မုန့်ကြမ်း စားပေးခြင်းဖြင့် အမျှင်ဓါတ် (soluble fiber) များတဲ့အတွက် ကိုလက်စထရော ကျစေပါတယ်။
‎‏‏‎ ‎
📌 #ပဲအမျိုးမျိုး
➖➖➖➖➖
ပဲနီလေး၊ ပဲဝါလေး၊ စားတော်ပဲ၊ ကုလာပဲ၊ မတ်ပဲ၊ ပဲပုပ်စေ့ စတာတွေမှာလည်း အမျှင်ဓါတ်(soluble fiber) တွေများတဲ့ အတွက် ကိုလက်စထရောကျစေပါတယ်။
‎‏‏‎ ‎
📌ခရမ်းသီး၊ ရုံးပတီသီး
➖➖➖➖➖
ခရမ်းသီး၊ ရုံးပတီသီးလိုမျိုး အသီးအနှံ တွေက အမျှင်ဓါတ်တော်တော်လေး ကြွယ်ဝတဲ့ အတွက် ကိုလက်စထရော များတဲ့ သူတွေစားသင့်တဲ့အစားအစာ တွေပါ။
‎‏‏‎ ‎
📌ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ကျွဲကောသီး၊ မာလကာ စတာတွေကလည်း pectin ပါတဲ့အတွက် LDL ကိုကလက်စထရော ကို တစ်ဖက်တစ်လှမ်းကနေ လျှော့ချပေးပါတယ်။
‎‏‏‎ ‎
📌ပင်လယ်ငါးများ -Omega 3 fatty acid များတဲ့ဘအတွက် triglycerides နဲ့ LDL cholesterol တွေကို လျှော့ချပေးပါတယ်။
‎‏‏‎ ‎

‎‏‏‎ ‎
🍛ကိုလက်စထရော များစေတဲ့ အစားအစာများ ကတော့
➖➖➖➖➖
🚫မလိုင်ပြည့်ပါသော နို့
🚫ဆီကြော်မုန့်များ
🚫အသင့်စား ဘီစကွတ်၊ ကွတ်ကီး၊
🚫အားလူးကြော်
🚫ပုဇွန်ဆီ၊ ဂဏန်းဆီ၊ ကမာ၊ ဂုံး
🚫ဆိတ်သား၊
🚫ဘဲသား
🚫ဝက်ခေါက်
🚫ကြက်အရေခွံ
🚫ကြက်အသည်း၊ အမဲအသည်း၊ ဝက်အသည်း၊
🚫ဆိတ်ဦးနှောက်၊ ဝက်ဦးနှောက်
🚫စားအုန်းဆီ
‎‏‏‎ ‎
မကောင်းတဲ့ ကိုလက်စထရော ရှိသလိုကောင်းတဲ့ ကိုလက်စထရော လည်းရှိပါတယ်။ အဲ့ဒါကတော့ HDL Cholesterol ပါ။
‎‏‏‎ ‎
🏃‍♀️HDL များဖို့အတွက် ကတော့ လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀ အနည်းဆုံး (သို့မဟုတ်) တစ်ပါတ် ကို မိနစ် ၁၅၀ အနည်းဆုံးလုပ်ပေးဖို့လိုအပ်ပါတယ်။
‎‏‏‎ ‎
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
#ကိုလက်စထရော #ပင်လယ်စာ
​လေးစားစွာဖြင့်ပြန်လည်မျှ​ဝေပါသည်
Mahar Won Pharmaceuticals

 #ဒူးခေါင်းကြီးရောင်ကိုင်းနေတာပဲ #လမ်းလျှောက်ဖိုမပြောနဲ့_အထိတောင်_မခံနိုင်ဘူး #ထိမိခိုက်မိလည်း_မရှိပါဘူး😰😰😰Gout (ဂေါက်ရေ...
22/05/2023

#ဒူးခေါင်းကြီးရောင်ကိုင်းနေတာပဲ
#လမ်းလျှောက်ဖိုမပြောနဲ့_အထိတောင်_မခံနိုင်ဘူး
#ထိမိခိုက်မိလည်း_မရှိပါဘူး

😰😰😰

Gout (ဂေါက်ရောဂါ) #ဒူလာရောဂါ လို့ခေါ်ကြတယ်

ဖြစ်ရတဲ့ အကြောင်းရင်း က Uric acid ဆိုတဲ့ ဓာတ်များလို့ဖြစ်ရတာ။

သူရဲ့ အဆစ်ရောင်တာက တခြားအဆစ်ရောင်ရောဂါတွေ နဲ့မတူပဲ အဆစ် တစ်ခု၊ ဒါမှာမဟုတ် (၂) ခု အဲ့လို အဆစ်နည်းနည်းပဲ ဖြစ်ပါတယ်။

အဖြစ်အများဆုံးက 🦶 ခြေမအရင်းနား နဲ့ ဒူးခေါင်း 🦵ပါ

👉👉👉

ဘာလို့အဲ့လို နာရတာလဲ !!!

👉 Uric acid က #အပ်သေးသေးလေးနဲ့ တူပါတယ်
(ပုံ ထည့်ပေးထားပါတယ်)

👉 ကျွန်တော် တို့ရဲ့ အဆစ်ဆိုတာ အရိုးနှစ်ခုရဲ့ အဆုံးတွေကို အရွတ်တွေ ကြွက်သားတွေနဲ့ တွဲဆက်ထားပါတယ်။

Uric acid ဆိုတာက အဆစ်တွေမှာစုရတာကိုကြိုက်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ Uric acid များလာတော့ အဆစ်တွေမှာ သွားစုပါတယ်။

#တပင်ရွှေထီး သူရဲကောင်းရွေးတုန်းက အပ်စိုက်ပြီး တူနဲ့ရိုက်ပြီး စမ်းသပ်ခဲ့တာ မှတ်မိကြမှာပေါ့ အပ်တစ်ချောင်းစိုက်ခံရရင် ဘယ်လောက်နာလဲဆိုတာ

အပ်သေးသေးလေးတွေ အများကြီးက အဆစ်မှာ လာစိုက်နေကြတာ ဆိုတော့ ဘယ်လောက် နာမလဲ စဉ်းစားကြည့်ကြပါ။
အပ်သေးသေးတွေလာစိုက်နေလို မခံရပ်နိုင်အောင်နာတဲ့ အပြင် အဲ့ဒီနားက ရောင်နေတော့ သွေးဖြူဥ (White Blood Cells) တွေကပါ ရန်သူလာတယ် ဆိုပြီး အဲ့ဒီအဆစ်ကို ဝိုင်းပြီးတိုက်ခိုက်ကြပါတယ်။

အဲ့တော့ အဆစ်က ရောင်သထက်ရောင် နာသထက်နာ နေပါတော့တယ်။

(လေတိုးရင်တောင် နာတယ် ပြောပါတယ် => ခံစားဖူးတဲ့သူတွေ သိကြပါလိမ့်မယ်)

- အဆစ်ကြီးက ရောင်ကိုင်း မခံရပ်နိုင်အောင်နာ
- လမ်းလျှောက်ဖို့မပြောနဲ့ လှုပ်တောင်မလှုပ်နိုင်
- ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်တော့ အဖျားနည်းနည်းရှိတတ်ပါတယ်

👉👉👉

🤔 ဘာလို့ Uric acid က များရတာလဲ !!!

၁။ စားတာများရင်
၂။ စွန့်ထုတ်တာ နည်းရင်

👉👉👉

၁။ Uric acid အနေနဲ့ တော့ ဘယ်သူမှ မစားပါဘူး (Nucleic acid) ဆိုတဲ့ Cells (အသားတွေပေါ့) တွေကိုတော့ စားကြပါတယ်

ငယ်ငယ်က သင်ဖူးတာ မှတ်မိကြမယ်ထင်ပါတယ်၊ Cells တွေမှာ Nucleus ရှိတယ်လေ ။ အဲ့ဒီ Nucleus ထဲမှာ Nucleic acid ရှိတယ် အဲ့ဒီဟာတွေစားရင် ခန္ဓာကိုယ်က Uric acid အဖြစ်ပြောင်းပေးလိုက်ပါတယ်။

Cells များရင် Nucleus များမှာပေါ့

Cells များတဲ့ အစာတွေက
- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ
(ဘော်ဒါတွေနဲ့ ဆိုင်ထိုင်ရင် Beer လေးကစ်ရင်း မြည်းလို့ကောင်းတာ မှန်သမျှ Beer အပါအဝင် Uric acid တတ်စေပါတယ်)
၂။ Uric acid စွန့်ထုတ်တာနည်းရင်

ဥပမာ - ဆီးဆေးသောက်နေရတဲ့သူတွေပေါ့

အဲ့ဒီလူတွေမှာ Uric acid များပါတယ်။

အဲ့တော့ အပေါ်က လက္ခဏာတွေပေါ်ပါတယ်။

💉 ဆေးထိုး၊ 💊 ဆေးစားလိုက်ရင် သက်သာသွားပါတယ်။

အဲ့တော့ ပြန်စား ပြန်သောက်ကြပါတယ်
👉 ပြန်ဖြစ်ကြပါမယ်

ခဏ ခဏ ဖြစ်ရင် အဆစ်တွေပျက်စီးပါမယ်
(ပုံ ပါပါတယ်)၊ ကျောက်ကပ်မှာကျောက်တည်ပါမယ် (ကျောက်ကပ်ပျက်ပါတယ်)

👉👉👉

Gout က ဖြစ်ဖူးထားရင် ကိုယ့် Life style ကို မပြင်ရင် ပြန်ဖြစ်တတ်ပါတယ်။

အကောင်းဆုံးက အစားအသောက် ဆင်ချင်ကြဖို့ပါ

- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ ရှောင်ရပါမယ်။
- အညွန့်အငြှောင့်တွေ ရှောင်ရပါမယ်

***ဒီရောဂါကတော့ ဆိုင်ထိုင်တတ်တဲ့ ယောက်ျားသားများမှာ ပိုဖြစ်တတ်ပါတယ်

😀 ဒူလာဘေး ကင်းဝေးကြပါစေ 😀

ဒူးခေါင်း စတဲ့ အဆစ်တစ်ခုပဲ ရောင်ရင် တခြားဖြစ်တတ်တာ (၂) ခုရှိပါသေးတယ်
- Septic arthritis (အဆစ်ထဲပိုးဝင်တဲ့ရောဂါ)
- Hemarthrosis ( သွေးရောဂါတစ်မျိုး)

Dr ဘုန်းစည်သူလွင်
11:00 pm/19.10.2020
​လေးစားစွာဖြင့်ပြည်လည်မျှ​ဝေပါသည်
Mahar Won Pharmaceuticals

Address


Telephone

+959402605570

Website

Alerts

Be the first to know and let us send you an email when Mahar Won Pharmaceuticals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mahar Won Pharmaceuticals:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Practice
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share