Nutritional Knowledge for Medical Professionals

  • Home
  • Nutritional Knowledge for Medical Professionals

Nutritional Knowledge for Medical Professionals for your health

❇️❇️. Protein intake in Renal Transplant patients.   ❇️❇️✅  ကျောက်ကပ်အစားထိုး (renal trasplant recipient,RTR )တွေမှာ fat...
03/10/2022

❇️❇️. Protein intake in Renal Transplant patients. ❇️❇️

✅ ကျောက်ကပ်အစားထိုး (renal trasplant recipient,RTR )တွေမှာ fatigue is frequently complaint ဖြစ်ပါတယ်၊
နှံးခွေ ပြီး အားမရှိသလို မောသလို ဖြစ်ဖြစ်နေတတ်ပါတယ်၊ fatigueဖြစ်နေရင် Quality of life(QOL)ပေါ်မှာလဲ သက်ရောက်မူရှိနေပါတယ်

study တစ်ခုမှာ protein intake with fatigue and QOL ရဲ့ဆက်စပ်မူကို in RTR in stable condition patients တွေမှာ လေ့လာထားတာလေးရှိပါတယ်။

✅ mean Protein intake 82.2+- 21.3g/day ရှိတဲ့ 730 RTR တွေကို လေ့လာကြည့်လိုက်တော့ ❓❓❓❔❔❔
✅moderate fatigue were present in 35% and
severe fatigue were present in 34% of RTRမှာ ရှိနေတာတွေ့ရပါတယ် ။

📝 Conclude လုပ်ရရင် ဒီ study resultကတော့ higher protein intake is independently associated with a lower risk of moderate and severe fatigue and better QOL in RTR ဖြစ်နေတယ်လို့တွေ့ရပါတယ်။
ဒါအပြင် higher BMI, long history of Dialysis, primary kidney Glomerulonephritis နဲ့ combined organ transplant ရှိတဲ့ RTR patients တွေက severe fatigue နဲ့ association ရှိတာတွေ့ရပါတယ်။

✅စိတ်ဝင်စားစရာပိုကောင်းတဲ့ တခြားRCT ကြီး2ခုရဲ့ results တွေကတော့ higher protein intake က reduced risk of mortality and graft failure နဲ့ association ရှိတာတွေ့ရပါတယ်တဲ့။
✅ဒါပေမဲ့လဲ different patients with different underlying pathology မို့ အဓိကအရေးကြီးတာကတော့ adequate protein intake ရှိဖို့ကို သက်ဆိုင်ရာ Nutritioonist တွေနှင့်တိုင်ပင်သင့်ပါတယ် လို့ အကြံပြု✍️ပါရစေ။

🖊️Written by
Dr Ei ( for your healthy day)
Credit Authors : Neto,A.et al
Said MY, Deetman PE .et al

Intermittent Fasting (IF)🧏‍♀️IF ဆိုတာ လွယ်လွယ်ပြောရရင်တော့ periods of voluntary abstinence from food and drink ပါပဲအချိန...
29/08/2022

Intermittent Fasting (IF)

🧏‍♀️IF ဆိုတာ လွယ်လွယ်ပြောရရင်တော့ periods of voluntary abstinence from food and drink ပါပဲ
အချိန်ပိုင်းလေးအတွင်းမှာ ရေကလွဲ ဘာမှ မစားမသောက်ပဲ နေကြတာပါ✖️✖️
ရှေးရှေးတုန်းက အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကနေ ဆင့်ပွားလာတဲ့ နည်းတစ်ခုပါပဲ

🧏‍♀️IF ကို time-restricted feeding/food timing လို့လဲ ခေါ်ကြပါသေးတယ်
Fasting အမျိုး အစား များစွာရှိပါတယ်
အဲ့တာတွေကတော့👉
1. Complete alternate-day fasting
2. Modified fasting regimens
3. Time-restricted feeding
4. Religious fasting
5. Ramadan fasting
6. Other religious fasts တို့ဖြစ်ပါတယ်

✅Fasting လုပ်ခြင်းအားဖြင့် circadian biology rhythm မှန်လာမယ်၊ gut microbiome တွေကိုလဲ အထောက်အကူပြုမယ်၊ lifestyle changes တွေကလဲ ကောင်းတဲ့ဘက်ကို ဦးတည်လာနိုင်ပါတယ်
✅IF ကို 12 to 21 hours per day လုပ်ခြင်းအားဖြင့် weight control, reduction in total cholesterol, triglycerides, glucose, insulin, IL-6 and TNF-alpha စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ recent publications 2 ခုက ဆ်ိုထားပါတယ်

🧏‍♀️Fasting လုပ်တဲ့ အချိန်ပေါ်မူတည်ပြီး အကျိုးကျေးဇူးကွာခြားနိုင်ပါတယ်
✅ညပိုင်းမှာ အနည်းဆုံး ၁၁ နာရီကြာမစားတဲ့ သူဟာ IF ရဲ့ အကျိုးကျေးဇူးပိုမိုရရှိပြီး
✖️မနက်ပိုင်း IF လုပ်သူများဟာ သိပ်ထူးခြားမှု မရှိဘူးလို့လဲ တွေ့ရှိထားပါတယ်

🧏‍♀️Fasting ကို ဘယ်လောက်ကြာကြာလုပ်မလဲကတော့ လူတစ်ဦးချင်းစီရဲ့ metabolic rate, underlying disease နဲ့ personal desire ပေါ်မှာ မူတည်ပါတယ်
များသောအားဖြင့်တော့ 12:12 ကနေစကြပါတယ်
14:10, 16:8, 18:6, 20:4 ထိတိုးပီး လုပ်လို့ရပါတယ်

မျှဝေခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်
Dr. Thin Zar Wai
Candidate of M.Sc Nutrition and Dietetics (UK)

Reference
Metabolic effects of intermittent fasting by Ruth E. Patterson. et.al.

Healthy Weight Loss(General Consideration)📌Weight Management လုပ်ရာမှာ Healthy Approach and sustainable control ဖြစ်ဖို့...
27/08/2022

Healthy Weight Loss(General Consideration)
📌Weight Management လုပ်ရာမှာ Healthy Approach and sustainable control ဖြစ်ဖို့က သိပ်အရေးကြီးပါတယ်.....
📌လူတစ်ဦးနဲ့တစ်ဦးရဲ့basal metabolic rate ,activity factor ,choice of food ,life style စသဖြင့် အမျိုးမျိုးကွာခြားလေ့ရှိတာကြောင့် Weight Management ဟာ Individualized လည်း အရမ်းဖြစ်ပါတယ်.....
📌Other Factors များအနေနဲ့ Nutrigenomic ,nutrigenetic စသဖြင့်လည်းရှိကြတာမို့ တစ်ဦးတစ်ယောက်ခြင်းစီအလိုက် Individualized လုပ်ပေးတာက ပိုသင့်လျော်တာဖြစ်ပါတယ်.....
📌Weight Management လုပ်ပေးရာမှာ calorie တွက်ချက် ပြီး လိုတာထက် လျော့စားခိုင်းတာမျိုးတစ်ခုတည်းမဟုတ်ပဲ သူရဲ့ လိုက်လုပ်နိုင်မယ့် နည်းလမ်းများနဲ့ သေချာcounselling လုပ်ပေးဖို့လည်း လိုအပ်လှပါတယ်.....
📌လူနာရဲ့ ခံနိုင်ရည်ရှိမှု နဲ့ သူရဲ့ Underlying Diseases,လူနာရဲ့ အသက်အရွယ်,သောက်နေသောဆေးများ,exercise ဘယ်လောက်ထိလုပ်နိုင်သလဲ,intermitted- fasting လိုမျိုးရော လုပ်နိုင်သလား(also good for hormonal control),လိုအပ်တဲ့ vitamins နဲ့ minerals တွေရောရနိုင်ပါ့မလား,target ဘယ်လောက်ထိသွားမှာလဲ(ဥပမာ 6လအတွင်း 10ပေါင်ချ ,15ပေါင်ချ စသဖြင့်) ,target ရပြီးရင်လည်း ဆက်ထိန်းသွားရမယ့် ကိုယ်အလေးချိန် limit စသဖြင့် long process တစ်ခုအနေနဲ့ စဉ်းစားပေးဖို့လိုအပ်ပါတယ်.....
​📌နောက်တစ်ခု ဆက်စဉ်းစားပေးရမှာက weight ချဖို့ စလိုက်တဲ့အခါမှာ Side effects များ မဖြစ်ပေါ်လာစေဖို့ပဲဖြစ်ပါတယ်.....(e.g Hypoglycaemia ရသွားတတ်တာမျိုး)
📌BMI category အရလည်း overweight,obesity grading မျိုးစုံရှိပြီး အာရှနဲ့ အနောက်နိုင်ငံသားတွေမှာလည်း ကွာခြားမှုရှိသလို body composition ကိုလည်း ပြန်ကြည့်ရပါတယ်.....
📌အချို့ အားကစားသမားလိုမျိုးတွေမှာ BMI အနေနဲ့များနေသော်ငြား fat နည်းနေတာမျိုး ဖြစ်တတ်ကြပြီး အချို့ လူတွေBMI သိပ်မများပေမယ့် fat တွေများနေတာမျိုးလည်းရှိတတ်ကြပါတယ်
ဒါ့ကြောင့် BMI အပြင် body composition ကိုလည်းပြန်ကြည့်ကြရပါတယ်.....
လေ့လာမှုတွေအရ တစ်ပတ်ကို ၂ပေါင်ခန့် (၁လ ၈-၁၀ပေါင်)ခန့် ချပေးခြင်းဟာ Safe ဖြစ်တယ်လို့ အဆိုပြုထားကြပါတယ်.....
ထို့ထက် ပိုချမယ်ဆိုရင်လည်း လူနာရဲ့ အခြေအနေ ,health condition နဲ့ ကိုက်ညီမှုရှိသင့်ပါတယ်.....
📌ချက်ချင်း လပိုင်းလေးအတွင်း အမြန်ချခြင်းကလည်း အမြန်ပြန်တက်တာမျိုးကို ဦးတည်စေပါတယ်.....
📌ထို့ကြောင့် Diet ရွေးချယ်မှု,exercise ပြုလုပ်စေမှု,ရေများများသောက်စေခြင်း,နည်းနည်းနှင့် အကြိမ်ရေများများစားစေခြင်း,stress reduction and life style modification,enough eating time ရှိစေခြင်း,fiber မဖြစ်မနေစားစေခြင်း စသည့် နည်းလမ်းများကို Weight Management for obesity(ဝိတ်ချမည့်လူနာများ)အတွက် ထည့်သွင်းစဉ်းစားပေးသင့်ပါတယ်
❤️Thanks for your interest!❤️
❤️Have a nice day!❤️
Professionals

ကလေးများ အဝလွန်ခြင်းဟာ lifestyle changes တွေအရ ယနေ့ခေတ်မှာ အဖြစ်များလာပြီး သတိပြုစရာ public health problem တစ်ခုဖြစ်လာနေ...
26/08/2022



ကလေးများ အဝလွန်ခြင်းဟာ lifestyle changes တွေအရ ယနေ့ခေတ်မှာ အဖြစ်များလာပြီး သတိပြုစရာ public health problem တစ်ခုဖြစ်လာနေတာ ဆရာ/ဆရာမ တို့သိပြီးဖြစ်ပါတယ်
Weight Reduction လုပ်ရာမှာ အရေးကြီးတဲ့ main point တွေကတော့ ... 💯 diet control 💯physical activity ပဲဖြစ်ပါတယ်
Individual ရဲ့ underlying problems တွေပေါ်မှာမူတည်ပီးတော့ further approach တွေဖြစ်တဲ့ medical treatment နဲ့ surgery တို့လည်း weight reduction management ထဲမှာပါဝင်ပါတယ်

Childhood Weight management ရဲ့ first goal ကတော့ weight gain ကို အတတ်နိုင်ဆုံး stop လုပ်ပြီး 🛑 normal growth in height ကို maintain လုပ်ထား 📈 ရခြင်းပဲဖြစ်ပါတယ်

☑️ ဒါကြောင့်မို့ obese ကလေးတွေမှာ adult life မရောက်ခင်အထိ appropriate rate of weight gain ကို သတ်မှတ်ပေးရပါတယ် ... ဆိုလိုတာကတော့ ကလေးတစ်ယောက်မှာ adult life ရောက်တဲ့အခါ ရှိသင့်တဲ့ ideal body weight and height ကို ကြိုတင်ခန့်မှန်းပီး အခုလက်ရှိ ရှိနေတဲ့ weight အရဆိုလျှင် adult life မရောက်ခင်အထိ ကလေးသည် တစ်နှစ်အတွင်း weight gain in pound ဘယ်လောက်ထိတက်လို့ရပါသလဲဆိုတာကို ခန့်မှန်းတွက်ချက်ပေးရတာ ဖြစ်ပါတယ်
☑️ Weight gain rate ကို ခန့်မှန်း ဘယ်လိုသတ်မှတ်ပေးလို့ရသလဲဆိုတာလေးကို share လုပ်ပေးပါရစေ

1. Adult Height Prediction (parents ရဲ့ height ကနေ ခန့်မှန်းခြင်း)
Mother’s height inches + father’s height inches (add 5 inches for boys / subtract 5 inches for girls) then divided by 2
E.g for girl >>> 65+68-5=128/2=64 inches

2. Ideal body weight for adult life (Hamwi equation)
For women, 100lb for the first 5ft of height and add 5 lb for each inch over 5ft of height
For men, 106lb for the first 5ft of height and add 6 lb for each inch over 5ft of height

3. Adult အတွက် ခန့်မှန်း height ရပြီဆိုရင် ideal body weight တွက်လို့ရပါပြီ
E.g for girl 64 inches(predicted height)>>>
100lb (for first 5ft) +20lb (for 4 inches over 5ft) = 120lb (ideal body weight)

4. Age that adult height reach (growth in height ရပ်သွားမဲ့ အချိန်)
ဒါကိုတော့ mother ရဲ့ history ကို မေးပြီး age of mother reached adult height ကိုယူပါတယ် ... E.g အမေက သူ့ရဲ့ adult height 65 inches ကို အသက် ၁၆ နှစ် မှာ ရောက်တယ်ဆိုကြပါစို့

ဒါဆို ကလေး ရဲ့ adult ideal bodyweight, predicted age of adult height reach နှင့် predicted adult height ကို ရပါပြီ

5. E.g for 8 years old girl weighs 80lb (95th percentile)
predicted adult height —> 64 inches
predicted adult ideal body weight —>120lb
predicted age of adult height reach —> 16 years, obese ကလေး ၁ ယောက်အတွက် သူ့ရဲ့ appropriate rate of weight gain until adult life ကို ခန့်မှန်းတွက်ချက်ကြည့်လို့ ရပါပြီ

✔️Number of years of growth remaining = 16 years (age when mother reached adult height) - 8 years (present age) = 8 years
✔️120 lb - 80lb = 40 lb to be gained over next 8 years
✔️Approximate rate of weight gain = 5lb per year for the next 8 years

ဒါဆိုရင်တော့ obese ကလေး ၁ ယောက်ရဲ့ weight management မှာ အသုံးဝင်မည့် rate of weight gain ကို ခန့်မှန်းတွက်ချက်လို့ အဆင်ပြေကြမယ်လို့ ထင်ပါတယ် 😇

Dr May Thyn Zan
-pio

ကိုယ်အလေးချိန် ဘယ်လောက်လျှော့ချရမလဲ?၊ ဘယ်လိုလျှော့ချရမလဲ? 💥ရှိသင့်သော ကိုယ်အလေးချိန်ထက်များခြင်း၊ အဝ လွန်ခြင်း များသည် ဆ...
25/08/2022

ကိုယ်အလေးချိန် ဘယ်လောက်လျှော့ချရမလဲ?၊ ဘယ်လိုလျှော့ချရမလဲ?

💥ရှိသင့်သော ကိုယ်အလေးချိန်ထက်များခြင်း၊ အဝ လွန်ခြင်း များသည် ဆီးချို၊နှလုံး၊သွေးတိုး၊ကင်ဆာ ရောဂါများနှင့် ဆက်စပ်လျက်ရှိပါတယ်။

ဒါ့ကြောင့် ကိုယ်အလေးချိန်များသောသူ၊ အဝလွန်သောသူများ မှာ မိမိ bodyweight ကို လျှော့ချဖို့လိုအပ်လာပါတယ်။

💫💫ဒါဆိုရင် ကျနော်တို့ clinical benefit ရအောင််အလေးချိန်ကို ဘယ်လောက်လျှော့ချရမလဲ၊ ဘယ်အတိုင်းအတာရောက်အောင်လျှော့ချရမလဲ?

overweight ဖြစ်နေတဲ့သူ၊ obese ဖြစ်နေတဲ့သူတွေမှာ ရှိရင်းစွဲ အလေးချိန်ရဲ့ 5 to 10% လျှော့ချရပါမယ်။

BMI 35 ထက်များသောသူများဆိုရင်တော့ 15% လျှော့ချသင့်ပါတယ်။
💥ကိုယ်အလေးချိန် ဘယ်လို လျှော့ချရမလဲ။

Diet alone နဲ့ လျှော့ချလိုရသလို exercise နဲ့လည်းတွဲဖက်၍ လျှော့ချနိုင်ပါတယ်။

ဒါပေမယ့် အဝလွန်နေသောသူ၊ လေ့ကျင့်ခန်းလုပ်ဖို့ ခက်ခဲတဲ့သူတွေမှာတော့ diet alone ကပိုအဆင်ပြေပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်
Dr Kyaw Soe Lin

Reference
Manual of Dietetic Practice Edited by Joan Gandy

 # # # Weight Management လုပ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သော"Set Point Theory" အကြောင်း သိကောင်းစရာ  # # #ဒီ Set Point Th...
24/08/2022

# # # Weight Management လုပ်ရာတွင်
ထည့်သွင်းစဉ်းစားသင့်သော
"Set Point Theory"
အကြောင်း သိကောင်းစရာ # # #

ဒီ Set Point Theory လေးကို ဘာကြောင့် မျှဝေပေးရတာလဲ ဆိုတာလေး
ဆရာတို့ ဆရာမတို့ကို
အရင်ဆုံးပြောပြပါရစေ ... 👌👌👌

လူတွေရဲ့ ခန္ဓာကိုယ်ဟာ ဝိတ်တော့ချ ပါရဲ့
Lifestyle Modifications လုပ်လိုက်ရင် Weight Reduction ရသွားလိုက်
ပြီးပြန်စားလိုက်ရင် Weight Gain ပြန်ရသွားလိုက် ဖြစ်နေတဲ့ "Yo Yo" effect ကို ခဏခဏ တွေ့နေရတာ က
ဒီ Set Point Theory နဲ့ ဆက်စပ်နေလို့ပါ ... ✔️✔️✔️

ပထမဦးစွာ ပြောရမယ်ဆိုရင် ....

W̤h̤a̤t̤ i̤s̤ S̤e̤t̤ P̤o̤i̤n̤t̤?̤
လူသားတို့ ရဲ့ Physical and Physiological အစိတ်အပိုင်းများစွာကို တစ်စိတ်တစ်ပိုင်းဖြစ်စေ အပြည့်အ၀ဖြစ်စေ ထိန်းချုပ်ထားနိုင်တာကတော့
မွေးရာပါဗီဇ လို့ခေါ်တဲ့ Genetic Factors တွေ ပါပဲ ...
ဒီလိုပဲ လူသားတစ်ယောက် ဝိတ် ဘယ်လောက် ကြားမှာ ရှိမလဲဆိုတာကို ထိန်းချုပ်တဲ့ဖြစ်စဉ်တွေ မှာ လည်း Genetically အရ ထည့်သွင်းစဉ်းစားရပါတယ် ...
ထိုထိန်းချုပ်မှုကြောင့် လူတစ်ယောက်မှာရှိလာတဲ့
ဝိတ်အပိုင်းအခြား (Weight Range) ဆိုတာကို Set Point လို့ ခေါ်ပါတယ် ...📝📝📝

Ṣẹṭ P̣ọịṇṭ Ṭḥẹọṛỵ ạṇḍ Ḅọḍỵ Ẉẹịg̣ḥṭ
လူတစ်ယောက်က သူ့ရဲ့ အမြဲတမ်းအတွက် ရှိနေတဲ့ Body Weight Range ကို ထိန်းသိမ်းထားနိုင်ဖို့ Regulatory Body Mechanism ကို ကောင်းကောင်း အသုံးပြုရပါတယ် ...
ဒီမှာ Basal Metabolic Rate ကလဲ
လူတစ်ယောက် အစား ပိုစားရင် လိုက်မြန်ပေးရပြီး
Temperatureလိုက်တက်ပေးရင်း နဂိုရှိရင်းစွဲ Weight ကို ထိန်းဖို့ Caloriesတွေကို Extra Energy‌အနေနဲ့ လိုက်ပြီး Burn ပေးရပါတယ် ..
....
လူတစ်ယောက် အစာလျှော့စားရင်တော့ BMR လိုက်နှေးပေးရပါတယ် ... လိုတဲ့ Calories တွေ ကို ပို မBurn သွားရအောင်ပါ ...
ဒါက သူ့နဂိုရှိရင်းစွဲ Body Weight ကို ထိန်းသိမ်းဖို့ အတွက် ခန္ဓာကိုယ်က လိုက်ပါဆောင်ရွက်ထိန်းညှိနေခြင်းသာ ဖြစ်ပါတယ် ...

ဥပမာ ဆိုပါဆို့ ......
လူတစ်ယောက်က Healthy Well-balanced Diet ကို စားတယ် .. Moderate Exerciseကို လုပ်တယ် ထိုအခါမှာ Body Weight က ဒီ Lifestyle Modifications အရ ပြောင်းလဲဖြစ်စဉ်တွေ ဖြစ်ပြီး ဝိတ်တွေကျ ရာကနေ ....
တစ်ခါတစ်လေ အပြင်မှာ Eating Out Habit ကို ကျင့်သုံးမိတဲ့အခါ ခန္ဓာကိုယ်က Body Weight ပြန်တက်တာမျိုး ကြုံရတတ်ပါတယ် ...
ဒါမှမဟုတ် လူတစ်ယောက် ဝိတ်ချ ထားတယ် ပေါင်ချိန်တော်တော်များများလည်း ကျထားပြီးပြီ ... ဒါပေမယ့် ...
၃-၄နှစ်နေတဲ့ အခါမှာ သူ့ရဲ့ နဂိုရှိရင်းစွဲ Body Weight ထိ Weight Gain ပြန် ရသွားတတ်ပါတယ် ....
ဒီလိုတွေ ဖြစ်ရခြင်းဟာ Set Point Theory ကြောင့်သာ ဖြစ်ပါတယ် ......✅✅✅

ဒီနေ့မှာတော့
Set Point Theory က Weight Management မှာ ထည့်သွင်းစဉ်းစားသင့်တဲ့
Theory တစ်ခု‌ဆိုတာ အကြမ်းဖျဉ်းအနေနဲ့
ဆရာတို့ ဆရာမတို့ကို မျှဝေပေးလိုက်ရခြင်း ဖြစ်ပါတယ် ... 🙌🙌🙌

ကျေးဇူးတင်စွာဖြင့်
ဒေါက်တာဇွန်

✔️✔️Weight Management for  overweight and obesity ✔️✔️✅client ကို အရင်ဆုံး weight Assessmentလုပ်ရပါမယ်✅Assessment of ove...
22/08/2022

✔️✔️Weight Management for overweight and obesity ✔️✔️

✅client ကို အရင်ဆုံး weight Assessmentလုပ်ရပါမယ်

✅Assessment of overweight and obesity
Methods used are
-BMI
-Waist Circumference
-Waist -hip ratio
- skinfold thickness
- Bioelectricical impedance( BIA)
- Dual energy X-ray absorptiometry (DEXA)
- Computerized topography (CT)
စသည်တို့ကို medically special required condition အရလိုအပ်သည့်အတိုင်းအသုံးပြုပြီးတိုင်းတာကြပါတယ်။

❇️Dietetic approaches to weight loss

Intentional weight loss ဖြစ်စေရန် အဓိက မူတည်တဲ့ အချက်က the maintenance of an energy deficit between energy intake and expenditure for success ဖြစ်ပါတယ်

လူအများစုက နည်းအမျိုးမျိုးနဲ့ ဝိတ်ချကြပါတယ် ခဏပဲ weight ကျသွားပြီး maintenance phase ကို မထိန်းနိုင်ကြပါဘူး ။အဲအချိန်မှာ body weight က ပြန်တက်လာကြတာပဲဆိုပြီး စိတ်ညစ်သွားတတ်ကြပါတယ် ။ ဒါကြောင့် clients ကို weight ချဖို့ နည်းလမ်းများရှင်းပြပေးနိုင်ရန်

❇️ Possible approaches to the management of overweight and obesity .

ဒီတစ်ခါမှာတော့ Client ရဲ့ BMI အရ weight ချရန် intervention အဆင့်ဆင့် လုပ်ဆောင်ပေးဖို့ လေ့လာကြည့်ရအောင်ပါ။(နောက်ပိုင်း post များတွင် weight management approaches များဆက်လက် ဖတ်ရူပေးပါရန် )

written by Dr Ei
For your healthy day
Candidate of M.Sc (Nutrition & Dietetic) UK

အသီးများရဲ့GI ( glycemic index) ဆီးချိုညွှန်းကိန်းများဒီ တခါ မှာတော့ဆီးချို ကလဲရှိ အသီး 🍓🍈🍇 စားရတာကိုလဲ ကြိုက် တဲ့ သူ မျ...
21/08/2022

အသီးများရဲ့GI ( glycemic index) ဆီးချိုညွှန်းကိန်းများ

ဒီ တခါ မှာတော့ဆီးချို ကလဲရှိ အသီး 🍓🍈🍇 စားရတာကိုလဲ ကြိုက် တဲ့ သူ များအတွက် ဆီးချိုညွှန်းကိန်း (Glycemic index ) GI အလိုက် စားနိုင်တဲ့ အသီး များကို ဖော်ပြပေးလိုက်ပါတယ်
📌Gl score - 56 နဲ့ အထက်ရှိသောအသီးများကတော့
🍉ဖရဲသီး -72
🍍နာနတ်သီး -66
🍈သခွားမွှေး -65
🍇 စပျစ်သီး -64
သင်္ဘောသီး- 60
တို့ဖြစ်ပါတယ် . ဒီအသီးများကိုကြိုက်နှစ်သက် တယ်ဆိုရင်တောင်မှ ပမာဏ အနဲငယ်လောက်သာစားသုံးသင့်ပါတယ်.
📌GI score - 55 နဲ့ အောက်မှာရှိသောအသီးများကတော့
🍊လိမ္မော်သီး ဆီးသီး-40
🍓 စတော်ဘယ်ရီ -41
🍑 မက်မွန် -42
🍇 စပျစ်သီး -53
🍎 ပန်းသီး -39
🍈 ဂရိတ်ဖရု -25
🍒 ချယ်ရီ -20
တို့ ဖြစ်ပါတယ် . GI score နိမ့် တဲ့ အသီးများကို တော့ ပိုမို ရွေးချယ်စားသုံးသင့်ပါတယ်

Snow (pharmacist)
Candidate of M.Sc Nutrition & Dietetic(UK)

``Preoperative Carbohydrate Loading´´✍️Post op surgical stress ကြောင့် non diabetic patient တွေမှာ insulin resistance ဖြ...
19/08/2022

``Preoperative Carbohydrate Loading´´

✍️Post op surgical stress ကြောင့် non diabetic patient တွေမှာ insulin resistance ဖြစ်တဲ့နှုန်းဟာ များလာပါတယ်
✍️Surgery မလုပ်ခင်မှာဆိုရင် fasting ကို များသောအားဖြင့် ၆ နာရီ လုပ်လေ့ရှိကြပါတယ်
✍️Insulin resistance ဟာ catabolic risk ပိုများစေပြီး delay recovery နဲ့ဆက်စပ်နေပါတယ်

🧏‍♀️carbohydrate loading ဆိုတာဘာလဲ? ဘယ်လိုလုပ်ကြမလဲ?
👋Carbohydrate loading ဆိုတာကတော့ elective case တွေမှာ IV glucose or carbohydrate rich drinks တွေကို ညပိုင်းနဲ့ OT မစခင် ၂ နာရီ အလိုမှာ ပေးတာကိုဆိုလိုပါတယ်

🧏‍♀️အဲ့လိုပေးရင် ဘာကောင်းသလဲ? Aspiration risk ရော များသလား?
👋ကောင်းကျိုးတွေကတော့ Insulin resistance ကို လျော့စေတဲ့အတွက် post op insulin လိုအပ်မှုကို လျှေ့ချပေးပြီး recovery rate ကိုတက်စေပါတယ်
👋Fruit based lemonade လိုမျိုးသောက်သုံးချင်းဟာ gastric emptying time မှာ ပြောင်းလဲမှုမတွေ့ရတဲ့အတွက် aspirtaion risk က မဖြစ်နိုင်ပါဘူး

✍️ခုဆိုရင် preoperative carbohydrate loading နဲ့ ပတ်သက်တဲ့ research and review တွေ အများကြီး ထွက်ပေါ်လာနေပြီး ကောင်းတဲ့ဘက်ကို သက်သေပြထားကြတဲ့အတွက် တကယ့် Clinical Practice မှာ အသုံးပြုရင် တကယ်ပဲ အကျိုးရှိနိုင်ပါတယ်လို့ ဝေမျှရင်း.....

Dr. Thin Zar Wai
Candidate of M.Sc Nutrition and Dietetics (UK)

နွားနို့သောက်ခြင်းနဲ့ ဝက်ခြံ ဘယ်လိုဆက်စပ်နေလဲဝက်ခြံ ထွက် နေတဲ့ သူတွေကို ဆရာဝန် တွေ က အဆီတွေ လျှော့စား နို့ လျှော့သောက် အ...
18/08/2022

နွားနို့သောက်ခြင်းနဲ့ ဝက်ခြံ ဘယ်လိုဆက်စပ်နေလဲ

ဝက်ခြံ ထွက် နေတဲ့ သူတွေကို ဆရာဝန် တွေ က အဆီတွေ လျှော့စား နို့ လျှော့သောက် အငံ လျှော့ စသဖြင့်မှာ တက်ကြပါတယ်။

အငံကတော့ ဝက်ခြံ နဲ့ relationship ရှိတယ် လို့ strong evidence မရှိသေးပါ။

ဒီတပတ်ကတော့ ဘာလို့ ဝက်ခြံ နဲ့ နို့/ နို့ထွက်ပစ္စည်းဘယ်လိုဆက်စပ်နေလဲ ဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဝက်ခြံ ဘာလို့ပေါက်တာလဲ ❓❓

☝အဆီဂလင်းကနေ sebum လို့ခေါ်တဲ့ အဆီ တွေ ပုံမှန်ထက်ပိုထွက်လို့
✌အရေပြားမှာရှိတဲ့ Keratin လို့ခေါ်တဲ့ ပရိုတင်းလေးတွေ ထူလာ ပြီး ချွေးပေါက်ကိုသွားပိတ်လို့
Comdome လို့ခေါ်တဲ့အဆီဖုလေးတွေဖြစ်လာတယ်။ အဲအဆီဖုလေးတွေကိုမျက်နှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေ က ဝင်လိုက်တဲ့ အခါယောင်ရမ်းပြီး ကြီးလာတက်ကြတယ်။

နောက်တခုက ဟော်မုန်းတွေကလဲ sebum အများကြီးထွက်ဖို့ အားပေးအားမြှောက်လုပ်ကြတယ်။
အဲလိုဆိုတော့ အစားအသောက်ဘက် ကကြည့်ရင် sebumအများကြီး ထွက်စေမယ့်အစားအသောက်၊ ဟော်မုန်း ကမောက်ကမ ဖြစ်စေမယ့်အစားအသောက်တွေ ရှောင်ဖို့လိုမယ်။

နွားနို့က လူခန္ဓာ ကိုယ်ရဲ့ hormone တွေ ကိုဘယ်လို affect ဖြစ်စေလဲ?

ဝက်ခြံ ရဲ့ hormone pathophysiology နဲ့ တွဲပြီး ရှင်းပြပါရစေ။

High concentration of IGF-1 က sebum တွေထုတ်တဲ့ sebocytes proliferation ကို stimulate လုပ်တယ်၊ အဲဒါက ဝက်ခြံ တွေကို ပိုထွက်စေတယ်။ နွားနို့ မှာ IGF-1 တွေ အများကြီး ပါပါတယ်။

နောက်တခု Androgen ဟာလည်း sebum production ကို stimulate လုပ် ပြီး ဝက်ခြံ တွေကိုပိုတိုးစေတယ်လို့သိရတယ်။ IGF-1 ဟာ ovaries and testicles androgen တွေကို ထွက်ဖို့လဲ stimulate လုပ်တယ်။ပြီးတော့ ဒီ androgen ရဲ့ bio availability ကို လျော့အောင်လုပ်ပေးမယ့် SHBG ( s*x hormone binding globulin) ကို အသည်းကထုတ်ပေး တာ ကို inhibitလုပ်လိုက် တယ်။

ဒါကြောင့် IGF-1 ကော androgen တွေက sebum production ကို stimulate လုပ်တယ် ။ ဒါဟာ acne formation ကိုဖြစ်စေတဲ့ one of the factor ပါ။

နောက်တခု ​ပြောချင်တာကတော့ ဝက်ခြံ ဖြစ်စေတဲ့ ဟော်မုန်း နောက်ဆုံး ပုံစံ DHT (dihydrotestosterone) ၊ သူဟာ testosterone ရဲ့ by product ဖြစ်တယ်။ testosterone ကနေ DHT ကိုပြောင်းဖို့ 5 alpha reductase လို့ခေါ်တဲ့ enzyme လိုတယ်။

နွားနို့ မှာ ဒီ 5 alpha reductase enzyme တွေ အများအပြား ပါဝင်တယ်။

ဒါဆိုရင် နွားနို့ က ဝက်ခြံ နဲ့ ဘယ်လို ဆက်စပ်နေလဲ သိသွားပြီလို့ထင်ပါတယ်။

Whole milk ( ပုံမှန် နွားနို့) Vs Skim milk (အဆီထုတ်ထားတဲ့ နွားနို့

ဘယ်ဟာက ဝက်ခြံ ကို ပို ဆိုးစေလဲ❔❔❔❓❓

ကျွန်တော်ကိုယ်တိုင် ထင် မိခဲ့တာက အဆီထုတ်ထားတဲ့ နွားနိူ့ က ဝက်ခြံ ထွက်တာ သက်သာမယ်လို့ ထင်ခဲ့ပါတယ်။ တကယ်တော့ အဲလိုမဟူတ်ပါဘူးတဲ့ ။ အဆီထုတ်ထားတဲ့ နို့ skim milk က ပိုပြီးဆိုးပါတယ်တဲ့။

ဘာလို့လဲ ဆိုတော့ လွယ်လွယ်မှတ်ရရင် skim milk လုပ်တဲ့ process ဟာ သဘာဝမဟုတ်တဲ့ အတွက် ဒီ process လုပ်လိုက်တဲ့အခါမှာ testosterone ကို counteract လုပ်မယ့် estrogen တွေ က ပုံမှန်နွားနို့ထက်စာရင်လျော့နည်းသွားလို့ပါ။

နွားနို​့ ဘယ်လောက်သောက်ရင် acne အတွက် safe ဖြစ်လဲ ❓❓❗❗

Study အများစုက တော့ နွာနို့ တခွက် နဲ့ အထက် နေ့စဥ်သောက်တဲ့ သူတွေမှာ ဝက်ခြံ ပိုပေါက်တယ် လို့ ဆိုကြတယ်။ ဘယ်လောက်သောက်လို့ရလဲ ဆိုတာကတော့ ကျတော်ဖတ်တဲ့ study တွေ ထဲ မှာ မတွေ့ မိသေးပါ။

ဒါဆိုရင် နောက်ဆုံး မှတ်ရမှာက နွားနို့ သောက်ခြင်းဟာ ဝက်ခြံ ပေါက်တာနဲ့ ဆက်စပ်နေတယ်။ နောက်တခု က whole milk နဲ့ skim milk မှာ skim milk က ပိုဆိုးစေပါတယ် ။ ဝက်ခြံ ပိုမဆိုးအောင် တရက် ဘယ်လောက်သောက်ရမယ် ဆိုတဲ့ ပမာဏ မတွေ့မိသေးပါ။

Dr.Nay Lin
Candidate of M.Sc Nutrition and Dietetics (UK)

"""Nutritional Support"""👩‍⚕️အားလုံးပဲ မင်္ဂလာပါ...ဒီနေ့မှာတော့ nutritional support ပေးတဲ့ပုံစံလေးတွေ အကြောင်း knowledge...
17/08/2022

"""Nutritional Support"""

👩‍⚕️အားလုံးပဲ မင်္ဂလာပါ...ဒီနေ့မှာတော့ nutritional support ပေးတဲ့ပုံစံလေးတွေ အကြောင်း knowledge sharing ပြုလုပ်ပေးချင်ပါတယ်ရှင်....
🙋လူနာ တစ်ယောက် oral intake ကျသွားတာဖြစ်စေ/oral မှ လုံးဝမစားနိုင်တော့တာဖြစ်စေ ကျွန်မတို့ဟာ nutritional support ကိုစဉ်းစားကြရပါတယ်......
📌ဒီအခါမှာလူနာရဲ့ အမျိုးမျိုးသော conditions နဲ့ factors တွေပေါ်မူတည်ပြီး ဘယ်လိုtype of formula နဲ့ဘယ်လို routeမျိုးကို သုံးမလဲ ဆိုတာလည်း ပြန်စဉ်းစားကြရပါတယ်....
📌ဒါကြောင့် အသေးစိတ်မဟုတ်သော်ငြား in general အနေနဲ့ သိသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်.....
🙋လူနာတစ်ယောက်ကို nutritional support ပေးရတော့မယ်ဆို ပထမ စဉ်းစားရမှာက.."Route of nutritional support"ဖြစ်ပါတယ်
📌Oral နဲ့စားနိုင်တယ် ဖြည့်စွက်ဖို့ပဲလိုအပ်တဲ့အခါမျိုးမှာ normal feed+oral nutritional support ပေးပါတယ်(ဥပမာ Ensure ထပ်ပေးတာမျိုး)
📌oral နဲ့ မလုံလောက်/မစားနိုင်တာမျိုးမှာ Gastrointestinal function ကိုကြည့်ပါတယ်...GI function ကောင်းရင် tube feeding ကို စဉ်းစားပါတယ်....
📌Tube Feeding မှာလည်း short term ,long term လိုအပ်မှုနဲ့ Disease ပေါ်မူတည်ပြီး ရွေးချယ်မှုကွာခြားသွားပါတယ်
📌Short Term (3 weeks needed)မှာတော့ PEG(percutaneous endoscopic gastrostomy) နဲ့ PEJ (percutaneous endoscopic jejunostomy)တို့ကိုပြုလုပ်လေ့ရှိပါတယ်
📌GI functionလုံးဝမကောင်းတော့ရင်တော့ parenteral nutrition (IV) nutrition ကိုပဲ စဉ်းစားရပါတယ်
PN မှာလည်း Total Parenteral Nutrition (TPN)နဲ့ Peripheral Parenteral Nutrition (PPN)ဆိုပြီး long term ,short term လိုအပ်မှုပေါ်မူတည်ပြီး ကွာခြားသွားပါတယ်..
📌နောက်တခုက Formula Selectionဖြစ်ပါတယ်.....
ဒါကိုစဉ်းစားရာမှာ......
(1)ဒီလူနာမှာ normal digestion and absorption ရှိနေလား(တနည်း GI function ကောင်းနေသေးလား?ဘယ်နားမှာ မကောင်းနေလဲ စသဖြင့်)
(2)တခြား organ dysfunctionတွေရောရှိနေသေးလား?
(3)လူနာက fluid restriction လုပ်ဖို့လိုအပ်နေလား?
(4)လူနာကို nutritional support ဘယ်လောက်ထိပေးဖို့လိုအပ်နေတာလဲ ?
စသဖြင့် စဉ်းစားရမှာဖြစ်ပါတယ်....
📌ဒါ့အပြင် Nutritional support ပေးရာမှာ oral intake စားနိုင် /မစားနိုင် တင်မဟုတ်ပဲ အခြားသော Factors များဖြစ်တဲ့ ရောဂါနဲ့လူနာပေါ်မူတည်ပြီး nutrient modifications,texture modification,food allergy or food intolerance modification,calorie intake and expenditure စသဖြင့် စဉ်းစားရတဲ့ အရာများစွာရှိသေးပြီးဒီနေ့မှာတော့ route ရွေးချယ်ပုံနဲ့ formulaရွေးချယ်မှုတို့ကို Generalized Approach အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်.....
❤️Have a nice day!ချစ်တဲ့ Dr Mo❤️
Mo Mo Support
Knowledge For Medical Professionals

ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ Childhood Obesity အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။ယခင်က ကလေးများတွင် Underweight and Malnutr...
16/08/2022

ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ Childhood Obesity အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။

ယခင်က ကလေးများတွင် Underweight and Malnutrition ကို ဂရုပြုစောင့်ကြည့်ခဲ့ကြသလို ယနေ့ခေတ်မှာတော့ Childhood Obesity သည်လည်း burden တစ်ခုဖြစ်လာခဲ့ပါတယ်။ Childhood Obesity Prevalence ဟာ 4.2% in 1990 , 6.7% in 2010 ကနေ 9.1% in 2020 အထိတက်လာနိုင်တယ် လို့ WHO ကခန့်မှန်းထားပါတယ်။

CDC growth chart အရ overweight, obesity ကို
အောက်ပါအတိုင်းသတ်မှတ်နိုင်ပါတယ် ...
Obesity – BMI>95th percentile for age and s*x
Overweight – BMI>85th and < 95th percentile for age and s*x

Childhood Obesity မှာ
- Primary or idiopathic obesity
- Secondary obesity (Due to endocrine diseases, central nervous system lesions, iatrogenic causes) လို့ခွဲခြားနိုင်တယ်။
Maternal Obesity, Rapid gestational weight gain, Glycemia during pregnancy တွေကြောင့် Offspring Obesity ဖြစ်နိုင်သလို
Childhood Obesity ဖြစ်စေတဲ့ အဓိကအချက်တွေကတော့
-Life Style Changing (Television, Video Games, Computer, Handphone များအသုံးများလာခြင်း)
-Unhealthy Diet Patterns (saturated fats, salty snacks, high glycemic foods and drinks, readymade foods and drinks များစားသုံးမှုများပြားလာခြင်း)
-Lack of Physical Activities/ Sedentary Behaviors တွေကြောင့်ဖြစ်ပါတယ်။
Childhood Obesity ဟာ ကလေးအသက် (၅)နှစ် ကနေ (၆)နှစ်အတွင်းမှာ အဖြစ်များကြတယ်။

Outcomes from Childhood Obesity to Adolescent တွေကတော့
Sleep apnoea, Asthma, Early puberty, Menstrual irregularities တို့အပြင်
Adulthood Morbidity တွေဖြစ်တဲ့ Hypertension, Cardiovascular diseases, Orthopedic diseases, Metabolic diseases,T2DM စသည်တို့ ဖြစ်နိုင်ပါတယ်။ ပုံမှန်ကလေးထက် Overweight ကလေးတွေမှာ Hypertension ဖြစ်နိုင်ချေ (၈)ဆ လောက် ပိုများနိုင်ပြီး Cholesterol level တက်နိုင်ချေ (၂.၄)ဆ ပိုများနိုင်ပါတယ်။ အသက် (၁၃)နှစ်မှ (၁၈)နှစ်အရွယ်တွေမှာတော့ Physical Problems အပြင် Depression, Lack of confident, Low self-esteem, Reduced focus in education စတဲ့ mental problems တွေ အဖြစ်များတဲ့အတွက် ကလေးရဲ့ Quality of Life ကို ထိခိုက်စေပါတယ်။

Obesity ကလေးတစ်ယောက်ကို Assess လုပ်ရာတွင် History Taking မှာ breastfeeding history, dietary pattern, and physical activity ကိုထည့်သွင်းမေးမြန်းသင့်ပါတယ်။
Physical Examination မှာတော့ weight and height for BMI, skin fold thickness, waist circumference တွေတိုင်းတာနိုင်ပါတယ်။

အဓိကအရေးကြီးသော Prevention အတွက်
ကလေးများရဲ့ အစားအသောက်/ Life style changes များအပေါ် Healthcare Providers တွေအနေနဲ့ Health Education ပေးရန်၊ Public Awareness ရစေဖို့လုပ်ဆောင်ရန် အရေးကြီးပါတယ်။

Suggestions for the Prevention
-Mother’s BMI should be normalize before gestation
-Mother should avoid smoking
-Gestational diabetics မှာ Glucose control ရအောင်လုပ်ရန်
-ကလေးမွေးပြီးချိန်မှာ ပထမ(၃)လအတွင်း Formula Milk အစား အမေနို့ကိုသာ တိုက်ကျွေးရန်
-ဖြည့်စွက်စာ စကျွေးချိန်မှာ Sweet Drinks and Foods များ၊ Snacks များ၊ ပြည့်ဝဆီပါဝင်သော အစားအစာများ ရှောင်ရှားရန်
-Sugary drinks အစား low fat or skim milk များ၊ non-caloric beverages များ တိုက်ကျွေးရန်
-အသီးအရွက်များများ ကျွေးရန်
-ကိုယ်လက်လှုပ်ရှား ကစားနည်းများ ဆော့ကစားစေရန်

Lifestyle changes ဖြင့် ကာကွယ်နိုင်၊ ကုသနိုင်သော childhood obesity အတွက် awareness ရရျ် နောက်ဆက်တွဲ non communicable diseases prevalence ကိုလျှော့ချနိုင်စေရန် ရည်ရွယ်တင်ပြလိုက်ရပါတယ်။

Dr MayThynZan
-pio

ကြက်ဥ ရဲ့ ပြီးပြည့်စုံတဲ့ ပရိုတင်း​ဘာကြောင့်ကြက်ဥကို protein လိုအပ်ချက်အတွက်ရွေးချယ်သင့်သလဲ?- အလွယ်တကူဝယ်ယူနိုင်တယ်- ဈေး...
15/08/2022

ကြက်ဥ ရဲ့ ပြီးပြည့်စုံတဲ့ ပရိုတင်း

ဘာကြောင့်ကြက်ဥကို protein လိုအပ်ချက်အတွက်ရွေးချယ်သင့်သလဲ?

- အလွယ်တကူဝယ်ယူနိုင်တယ်
- ဈေးနှုန်းသင့်တင့်မျှတတယ်
- အာဟာရတန်ဖိုးမြင့်မားတယ်

အရည်အသွေးကောင်းမွန်ပီး လတ်ဆက်တဲ့🐔🥚ကြက်ဥကိုဘယ်လိုရွေးချယ်မလဲ?

- ​ကြက်ဥရဲ့သက်တမ်း
- ထားသိုတဲ့ temperature
- ထားသိုမှုပုံစံ
- စိုထိုင်းမှုhumidity ပေါ်မူတည်ပီးရွေးချယ်နိုင်ပါတယ်

ကြက်ဥ မှာဘာတွေပါလဲ?
- cholesterol အနေနဲ့ ဥ အကြီးတစ်လုံးလုံးမှာ 240mg ပါပါတယ်
- ကြက် ဥ အနှစ် ရဲ့ 31% က cholesterol ပါဝင်ပီး vitamin C ကလွဲလို့ တခြားProtein နဲ့Vitamin တွေ အကုန်ပါဝင်ပါတယ်
- ကြက်ဥအကာ အဖြူ ကတော့ albumen 58% နဲ့ 60% protein ပါဝင်ပါတယ်
- Calorie အနေနဲ့ ဆိုရင်လဲ ဥ အကြီးတလုံးမှာ75 calorie လောက်ဘဲပါဝင်နေတာဖြစ်ပါတယ်
အထက်မှာဖော်ပြခဲ့တဲ့အတိုင်းကြက်ဥတလုံးမှာဆိုရင်တော့ အာဟာရတန်ဖိုးမြင့်မားပီး Protein နဲ့ vitamin မျိုးစုံ ပါဝင်တဲ့ အတွက် ပရိုတင်း ဖြည့်တင်းမှု အတွက် မှန်ကန်စွာရွေးချယ်သင့်ကြောင်းအကြံပြုတင်ပြပေးလိုက်ရပါတယ် .
Snow (pharmacist)
Candidate of M.sc Nutrition & Dietetic (UK)

📌📌📌 𝗛𝗮𝘃𝗲 𝘆𝗼𝘂 𝗲𝘃𝗲𝗿 𝗻𝗼𝘁𝗶𝗰𝗲𝗱 𝗮𝗯𝗼𝘂𝘁 𝗥𝗲𝗳𝗲𝗲𝗱𝗶𝗻𝗴 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲???📌📌📌📢📢📢 ဒီနေ့ မျှဝေပေးမယ့် ခေါင်းစဉ်လေးကတော့ 𝗥𝗲𝗳𝗲𝗲𝗱𝗶𝗻𝗴 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 (𝗥𝗦)...
14/08/2022

📌📌📌 𝗛𝗮𝘃𝗲 𝘆𝗼𝘂 𝗲𝘃𝗲𝗿 𝗻𝗼𝘁𝗶𝗰𝗲𝗱 𝗮𝗯𝗼𝘂𝘁 𝗥𝗲𝗳𝗲𝗲𝗱𝗶𝗻𝗴 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲???📌📌📌

📢📢📢 ဒီနေ့ မျှဝေပေးမယ့် ခေါင်းစဉ်လေးကတော့
𝗥𝗲𝗳𝗲𝗲𝗱𝗶𝗻𝗴 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 (𝗥𝗦)အကြောင်း
အကြမ်းဖျဉ်းလေးပါ .......

RS မှာ 𝙋𝙖𝙩𝙝𝙤𝙥𝙝𝙮𝙨𝙞𝙤𝙡𝙤𝙜𝙮 က ဘယ်လို လဲ ဆိုတာရယ် 🧨🧨🧨
𝙉𝙄𝘾𝙀 𝘾𝙧𝙞𝙩𝙚𝙧𝙞𝙖 𝙛𝙤𝙧 𝙍𝙎 အကြောင်းတို့ကို မျှဝေပေးပါ့မယ် ..... 🧨🧨🧨

ဦးစွာပထမ ပြောရလျှင်
RS ဟာ တကယ်ဆိုရင် အတွေ့ရများတဲ့ Nutrition-related Condition တစ်ခုတော့ မဟုတ်ပါဘူး ....
ဒါပေမယ့် RS ဟာ Awarenessမရလိုက်ရင်
Fatal Condition တစ်ခုဖြစ်‌သွားစေနိုင်တာမို့
ဆရာတို့ ဆရာမတို့ ရဲ့ ကုသမှုပိုင်းဆိုင်ရာများတွင်
Nutritional Emergency အဖြစ် စာရင်းထဲ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ် ...🚩🚩🚩

ဒါဆို
ဘယ်အချိန် ဘယ်အခြေအနေမျိုးမှာ RS ကို ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်မလဲ❓❓❓❓
လူနာတစ်ယောက် အစားမ၀င်တော့ဘဲ ရက်အကြာကြီး ရှိပြီး အစားပြန်စကျွေးတဲ့ အခါမျိုးမှာ အထူးသတိထားသင့်တဲ့ Fatal Shifts in Fluid and Electrolytes ကို ဖြစ်စေပြီး Metabolic Complication များရစေတတ်ပါတယ် ...

လူတစ်ယောက် ဟာ Starvation or Malnutrition ဖြစ်ပြီဆိုရင်
Body Mechanism အရ Catabolic State ကို ရောက်သွားရပါတယ် ....
အာ့အချိန်မှာ Glucose, Protein, Fat , Viaramin , Mineral တို့ depletion ဖြစ်ပြီး Salt and Water intolerance ရတတ်ပါတယ် ...

ဒီအခြေအနေမှာ
ရုတ်တရက် လူနာကို
အစာပြန်ကျွေးတဲ့ Refeeding State ကို ရောက်သွားတဲ့အခါ Body က ပြန်ပြီး Anabolic Response လုပ်ရပါတယ် ....
ထိုအခါမှာ Body Mechanism က Insulin Secrection တွေများစေပြီး
𝐆𝐥𝐮𝐜𝐨𝐬𝐞 𝐔𝐩𝐭𝐚𝐤𝐞
𝐓𝐡𝐢𝐚𝐦𝐢𝐧𝐞 𝐔𝐭𝐢𝐥𝐢𝐳𝐚𝐭𝐢𝐨𝐧
𝐏𝐨𝐭𝐚𝐬𝐬𝐢𝐮𝐦, 𝐌𝐚𝐠𝐧𝐞𝐬𝐢𝐮𝐦, 𝐏𝐡𝐨𝐬𝐩𝐡𝐚𝐭𝐞 𝐔𝐩𝐭𝐚𝐤𝐞
𝐏𝐫𝐨𝐭𝐞𝐢𝐧 𝐚𝐧𝐝 𝐆𝐥𝐲𝐜𝐨𝐠𝐞𝐧 𝐒𝐲𝐧𝐭𝐡𝐞𝐬𝐢𝐬 အစရှိသည်တို့ကို Emergency Condition ဖြစ်စေနိုင်လောက်အောင် အလုပ်တွေ ပိုပြီး လုပ်စေပါတယ် .....🚩🚩🚩

ထိုအချိန်မှာ အောက်ပါ Metabolic Complications များ၀င်လာတတ်ပါတယ် ...
(1) 𝗛𝘆𝗽𝗼𝗸𝗮𝗹𝗲𝗺𝗶𝗮
(2) 𝗛𝘆𝗽𝗼𝗺𝗲𝗴𝗮𝗲𝘀𝗮𝗺𝗶𝗮
(3) 𝗛𝘆𝗽𝗼𝗽𝗵𝗼𝘀𝗽𝗵𝗮𝘁𝗲𝗺𝗶𝗮
(4) 𝗧𝗵𝗶𝗮𝗺𝗶𝗻𝗲 𝗗𝗲𝗳𝗶𝗰𝗶𝗲𝗻𝗰𝘆
(5) 𝗦𝗮𝗹𝘁 𝗮𝗻𝗱 𝗪𝗮𝘁𝗲𝗿 𝗥𝗲𝘁𝗲𝗻𝘁𝗶𝗼𝗻

ဒါ့အပြင်
NICE Guidelines အရ RS နဲ့ ပတ်သက်တဲ့ Criteria များကို အောက်ပါ ပုံမှာ
ဖတ်ရှုလေ့လာ နိုင်ပါတယ် ..... 📝📝📝

ဆရာတို့ ဆရာမတို့ အနေနဲ့ RS ရဲ့ အရေးပါပုံနဲ့
ဘယ်လူနာဟာ RS ဖြစ်ဖို့ Chance များတဲ့ Criteria ထဲ ၀င်တယ်လို့ သတိထားမိရင်ပဲ
ဒီနေ့ Post လေး မျှဝေရကျိုး နပ်ပါပီ .... 🏳️🏳️🏳️

ကျေးဇူးတင်စွာဖြင့်
ဒေါက်တာဇွန်

 #  milkကို ရွေးချယ်နည်း  # #🥛🥛နို့သောက်ခြင်းက high quality protein ရရှိရန်အတွက်  good source တစ်ခုလည်းဖြစ်ပါတယ်။ တချို့...
13/08/2022

# milkကို ရွေးချယ်နည်း # #

🥛🥛နို့သောက်ခြင်းက high quality protein ရရှိရန်အတွက် good source တစ်ခုလည်းဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ နွားနို့ကို နေ့စဉ်ပုံမှန်စားတဲ့ regular mealမှာ မပါမဖြစ် သောက်သုံးလေ့ရှိပါတယ်၊

Cow Milk မှာ protein, fat, carbohydrate , vitamin A , vitamin B12 , riboflavin, folate,တွေအပြင် minerals အုပ်စုဖြစ်တဲ့ phosphorus , magnesium, calcium , potassium , zinc, selenium, and iodine နဲ့ low iron တွေ ပါဝင်ပါတယ်၊

milk ကို processing လုပ်တဲ့နေရာမှာ fortified vitamins များထပ်ထည့်ခြင်း ၊အဆီလျော့ထုပ်ခြင်းများ ပြုလုပ်ကြပါတယ်။ တချို့နိုင်ငံတွေမှာ နွားနို့သောက်ခြင်းကို နေ့စဉ် ပုံမှန် စားတဲ့ regular meal မှာ မပါမဖြစ်သောက်သုံးလေ့ရှိတာမို့ အဆီလျော့ရန်၊ calorie လျော့ရန် လိုအပ်တဲ့ population မှာ whole milk အစား low fat milk နဲ့ skimmed milk များကို ပြောင်းလဲ သောက်ပေးရမှာ ဖြစ်ပါတယ်။ အောက်က table လေးကိုလေ့လာကြည့်ရင် 🥛🥛🥛milk types 3မျိုးမှာ 250 ml တစ်ခွက်သောက်ရင်ရရှိနိုင်တဲ့ protein ပါဝင်မူပမာဏ အရမ်းကြီး ကွာခြားမူ မများပေမဲ့ fat composition နဲ့ တခြား nutrients composition တွေက သိသိသာသာ ကွာခြားတာတွေ့ရပါတယ်။
ဒါပေမဲ့ သာမာန်အားဖြင့် ကလေးတွေမှာတော့ cow milk နို့သောက်ရင် whole milk ကိုပဲ ရွေးချယ်လို့ရပါတယ် ၊low fat milk တွေပဲ ရှာဝယ်စရာမလိုပါဘူး။

👋👋👋``Weight နဲ့ height ကိုသုံးပီး အချိန်တိုအတွင်း nutritional status ကို assess လုပ်နိုင်တဲ့ Equation များ ´´👇👇👇📖 ဒီနေ့တ...
09/08/2022

👋👋👋``Weight နဲ့ height ကိုသုံးပီး အချိန်တိုအတွင်း nutritional status ကို assess လုပ်နိုင်တဲ့ Equation များ ´´
👇👇👇

📖 ဒီနေ့တော့ ကျနော်က Nutritional assessment အတွက် လွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့ Equation တစ်ချို့ကို share လုပ်ပေးချင်ပါတယ်

💬 လူတစ်ယောက်မှာ ခန့်မှန်းခြေ weight ဘယ်လောက်ရှိသင့်လဲ?
💁လူတိုင်း ကိုယ့်ရဲ့ ကိုယ်အလေးချိန်က ရှိသင့်တဲ့ အလေးချိန်ဟုတ်ရဲ့လား ဆိုတာ သိချင်ကြမှာပါ
ပေါင်ချိန်ဘယ်လောက်ဆို ကိုယ့်အတွက် အဆင်ပြေမလဲ သိရဖို့အတွက် ပထမဆုံးအနေနဲ့ ideal body weight (IBW) အလွယ်တွက်နည်းလေး ၂ ခုနဲ့ မိတ်ဆက်ပေးပါမယ်

1. IBW in kg =
👨 Height in cm - 100
👩 Height in cm - 110

2. Hamwi method (IBW in lb) =
👨 106 + 6 lbs for each inch over 5 feet
👩 100 + 5 lbs for each inch over 5 feet

📖 Underlying disease အမျိုးမျိုးကြောင့် Malnutrition ဖြစ်နိုင်တဲ့ အတွက် ဘယ်လောက် malnutrition ဖြစ်နေလဲ? ဘာ risk တွေ ရှိလဲ သိနိုင်တဲ့ Equations ၃ ခုကိုလဲ share လုပ်ပေးချင်ပါတယ်

1. Percentage of Ideal body weight တွက်ခြင်း ဖြင့် malnutrition risk ကို ခန့်မှန်းနိုင်ပါတယ်
% IBW = ( Current Body weight ÷ IBW ) × 100
80-90% = Mild malnutrition
70-79% = Moderate
60-69% = Severe
< 60% = Non survival

2. Percentage of Usual body weight တွက်ခြင်း ဖြင့်လဲ malnutrition ကို သိနိုင်ပါတယ်
% usual Bwt = ( Actual Bwt ÷ Usual Bwt ) × 100
85-90% = Mild malnutrition
75-84% = Moderate
2%
1 month = >5%
3 months = >7.5%
6 months = >10%

👩‍⚕ဒီတွက်နည်းလေးတွေကို Clinical Practice မှာ လွယ်လွယ်ကူကူ အသုံချနိုင်မယ်လို့ မျှော်လင့်ရင်း မျှဝေပေးလိုက်ပါတယ်

Dr. Thin Zar Wai
Candidate of M.Sc Nutrition and Dietetics (UK)

လူနာတွေဟာ ဘယ်အချိန်မှာ  Nutrition Support လိုအပ်သလဲ???လူတစ်ယောက်ဟာ Malnourished ဖြစ်ရင် အရမ်းသိသာပါတယ်။The impact of mal...
08/08/2022

လူနာတွေဟာ ဘယ်အချိန်မှာ Nutrition Support လိုအပ်သလဲ???

လူတစ်ယောက်ဟာ Malnourished ဖြစ်ရင် အရမ်းသိသာပါတယ်။

The impact of malnutrition

1️⃣ Muscle Function တွေမကောင်းတော့ဘူး။အဓိက က Energy မလုံလောက်ရင် ခန္ဓာကိုယ်မှာရှိတဲ့ fat တွေ muscle mass တွေ ကိုဖြိုခွဲ ပြီး Energy ရယူလို့ဖြစ်ပါတယ်။

2️⃣ Cardiac muscle တွေ လျော့နည်းသွားလို့ Cardiac output တွေ ကျပြီး Renal perfusion လဲ ကျသွားနိုင်ပါတယ်။ Thiamine နဲ့ electrolyte deficiencies တွေကလဲ Cardiac function ကိုထိခိုက်စေနိုင်ပါတယ်။ Respiratory muscle function တွေ ကျတာကလည်း cough pressure တွေကျလို့ အထဲထဲ က secretion တွေ မထုတ်နိုင်၊ RTI တွေ အလွယ်တကူ ဝင်ရောက်နိုင်တယ်။ ဒါမှမဟုတ် RTI ရှိပြီးသားသူတွေ မှာ recovery time ကြာရှည်စေပါတယ်။

3️⃣ GI function: chronic malnutrition ရှိတဲ့သူဟာ pancreatic function, intestinal blood flow တွေ changes ဖြစ်သွားတဲ့ အတွက် digestion and absorption ကို ထိခိုက်စေတယ်။ Colon မှာလည်း သူ့ function တွေ ဖြစ်တဲ့ reabsorption of water နဲ့ electrolyte တွေ lose ဖြစ်သွားလို့ diarrhea တွေ ဖြစ်ပါတယ်။ အဲဒါက severely malnourished patients တွေမှာ အဓိက mortality rate ကို တက်စေတဲ့ factors ဖြစ်စေတယ်လို့ study တွေ ​ မှာတွေ့ရပါတယ်။

4️⃣ Cell mediated immunity နဲ့ Cytokine တွေ impair ဖြစ်စေလို့ risk of infection ကိုလဲ အများကြီးတက်စေ ပြီး immune function ကိုအကြီး အကျယ် ထိခိုက်စေတယ်။ Malnourished Surgical patients တွေမှာ wound healing ကို delay ဖြစ်စေ တယ်။

5️⃣ Depression နဲ့ anxiety တွေကလဲ malnutrition ရဲ့ Consequence တွေပဲဖြစ်ပါတယ်။

Summary ပြန်ပြောမယ်ဆိုရင် ဆရာတို့ဆီ လာတဲ့ ဖျားနေတဲ့ လူနာတွေ malnourish ဖြစ်နေမယ်ဆိုရင် သူ့ရဲ့အဖျား ကြာရှည်မယ်၊ တဖက်က source ကို ကု တဖက်က nutrition ကိုလဲ Correct လုပ်ဖို့လိုပါတယ်။

ခု ကျွန်တော်တို့ တကယ့် practice မှာ ဖြစ်နေတာ က လူနာတွေရဲ့ Nutritional Status ကိုကောင်းကောင်း ဂရုမစိုက်မ မိ ကြဘူး။ သူ့ရဲ့ consequence အဖြစ် recovery time တွေ ကြာသင့်တာထက်ပိုကြာတယ်။ လူနာ ပိုက်ဆံပိုကုန်တယ်။ လူနာ အကြာကြီးအနား ယူနေရတဲ့အတွက် သူ့ဝင်ငွေ လျော့ပါတယ်။

ဆေးရုံတက်နေတဲ့ လူနာတွေဆိုရင် long hospital length stay, higher cost တွေအပြင် motality rate တွေ တက်ပါတယ်။

ခုဆိုရင် ရန်ကုန် မန္တလေးမှာ Nutritionists၊ Dietietians တွေ ရှိနေကြပြီဖြစ်လို့ ၊ malnoursihed patients တွေ ဆိုရင် ချက်ချင်း refer လုပ်ရင်တော့ patients တွေ အတွက်အကောင်းဆုံးဖြစ်မှာပါ။

ဘယ်အချိန်မှာ refer လုပ်မလဲ or Nutritional Support ပေး ကြမလဲ ဆိုတာကို အောက်က ပုံလေးတွေမှာ အသေးစိတ် ပြောပြ ပေးထားပါတယ်။

ဒါဆိုရင် ဘယ် အချိန်မှာ refer လုပ်မလဲ❔❔❓❓

Patient က အောက်ဖော်ပြပါ အချက်တစ်ခုခု ရှိနေပြီဆိုရင် Nutritionist နဲ့ တိုင်ပင်ပြီး Nutrition support ကောင်းကောင်းပေးသင့်နေပါပြီ။

☝ BMI က 18.5 အောက် ရောက်နေခြင်း
✌လွန်ခဲ့တဲ့ 3-6 months အတွင်း မှာ patient မှာ unintentional weight loss > 10% ရှိနေခြင်း
☝✌ Unintentional weight loss က လွန်ခဲ့တဲ့ 3-6 months အတွင်းမှာ >5% နဲ့ BMI က 20 အောက်ရောက် နေရင်လဲ

Clinical Nutritionist နဲ့ တိုင်ပင်ပြီး patient ရဲ့ Nutritional status ကို correct လုပ်သင့်နေပါပြီ။

တချို့ patients တွေဟာ malnourished မဖြစ်သေးသော်လည်း အောက်ဖော်ပြပါ အချက်တွေနဲ့ ကိုက်ညီနေရင် risk of malnutrition အဖြစ် စဥ်းစား နိုင်ပါတယ်။

🕐 အစာလုံးဝမဝင်တာ or နဲနဲပဲ ဝင်တဲ့ ရက်ဟာ ၅ ရက်ထက်ကျော်နေပြီဆိုရင်

🕑patient မှာ poor absorptive capacity ရှိနေပြီဆိုရင် (eg - damage to the intestine from infection,inflammation, trauma or surgery )and/or

🕒pt မှာ high nutrient losses ဖြစ်နေတယ်ဆိုရင် (eg- diarrhea,burn etc) and/or

🕓 Nutrition လိုအပ်တာ ကို ပုံမှန်ထက်ပိုနေရင် (eg- catabolism တွေများနိုင်တဲ့ case တွေ COPD, Cancer, chronic fever, TB etc)

Dr. Nay Lin
Candidate of M.Sc Nutrition & Dietetics
University of Bedfordshire, UK
STI University, Myanmar

Address


Telephone

+959974142545

Website

Alerts

Be the first to know and let us send you an email when Nutritional Knowledge for Medical Professionals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nutritional Knowledge for Medical Professionals:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram