Aung San Clinic Tachileik

  • Home
  • Aung San Clinic Tachileik

Aung San Clinic Tachileik Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung San Clinic Tachileik, Medical Service, .

05/01/2022
မယ်ယန်းတိုးဂိတ်အနီး တာချီလိတ်မြို့
05/01/2022

မယ်ယန်းတိုးဂိတ်အနီး တာချီလိတ်မြို့

ဆီးချိုသွေးချို လူနာများအတွက် စူပါအစားအစာများ *************************************************ဒီအစားအစာများသည် ဆီးချိုသ...
19/11/2021

ဆီးချိုသွေးချို လူနာများအတွက် စူပါအစားအစာများ
*************************************************
ဒီအစားအစာများသည်
ဆီးချိုသွေးချို ရောဂါရှိသူများအတွက်
ကျန်းမာရေးနဲ့အလွန်ညီညွတ်စေပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီအစားအစာတွေမှာ
ကာဗိုဟိုက်ဒရိတ်က မပါသလောက်ဖြစ်ပြီး
သွေးတွင်းသကြားဓာတ်ကိုလည်း တည်ငြိမ်စေပါတယ်။

Credit

12/11/2021
🎈🎈 ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့ လက္ခဏာ (၉) မျိုး🎈🎈================================ကျောက်ကပ်ရောဂါဟာ ထူး...
17/10/2021

🎈🎈 ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့
လက္ခဏာ (၉) မျိုး🎈🎈
================================

ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။

၁. အချိန်တိုင်းလိုလိုမောပန်းနေခြင်း

ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။

၂. ခံတွင်းပျက်ခြင်း

ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အတွက် အလိုလို အစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။

၃. မျက်လုံးတစ်ဝိုက် မို့နေခြင်း

ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့လက္ခဏာ တစ်ခုလို့ဆို ရမှာပါ။

၄. အိပ်မပျော်ခြင်း

ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။

၅. ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများ ကြုံခြင်း

ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။

၆. ခြေဆစ်လက်ဆစ်များ ရောင်ရမ်းခြင်း

ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။

၇. အသားအရေခြောက်ပြီး

ယားယံခြင်းကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်ပါ။

၈. မူးဝေအော့အန်ခြင်း

ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။

၉. ဟီမိုဂလိုဘင်လျော့ကျခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ ဖြစ်လာစေပါတယ်။
Credit
#ဒါကိုလီ🇲🇲

ဆောင်းရာသီတွင်အဖြစ်များသော🎇အစာမကြေ၊အစာအိမ်ရောင် ခြင်း🎇 ပျောက်ကင်းရန် နည်းလမ်းကောင်းများ အစာအိမ်နာ ပြီး ဗိုက်အောင့်တာ လူတ...
17/10/2021

ဆောင်းရာသီတွင်အဖြစ်များသော
🎇အစာမကြေ၊အစာအိမ်ရောင် ခြင်း🎇
ပျောက်ကင်းရန် နည်းလမ်းကောင်းများ

အစာအိမ်နာ ပြီး ဗိုက်အောင့်တာ လူတိုင်း
ဖြစ်ဖူးကြမှာပါ။
ဒီလိုနာကျင် ခြင်းဟာအရမ်းခံစားရခက်တယ်ဆိုတာလဲ ကြုံဖူးတဲ့သူတွေ သိကြပါတယ်။
အစာအိမ်နာ တာက ပျောက်သွားပြီးရင်လဲ အစားအသောက်မဆင်ခြင်ယင် ပြန်ဖြစ်တတ်ပါသေးတယ်။

အစာအိမ်ရောင်၊နာတာ ဆိုတာ ဘာလဲ

အစာအိမ် နံရံမှာ ဖုံးအုပ်ထားတဲ့ အလွှာပါးလေး ရောင် လို့ အစာအိမ်နာ ဆိုတာ ဖြစ်တာပါ။

အစာအိမ်နာ ၂ မျိုး ရှိပါတယ်။
Acute Gastritis ( အစာအိမ် ရုတ်တရက်ရောင်/နာခြင်း)
Chronic Gastritis( နာတာရှည် ရောင်/နာ ခြင်း)

တချို့ အစာအိမ်နာတဲ့ သူတွေ ဟာ ရေရှည်
ကြရင် အစာအိမ် အနာ ဖြစ်တာနဲ့ အစာအိမ် ကင်ဆာ တွေဖြစ်တတ်ပါတယ်။

ဒါပေမယ့်ကြောက်စရာမလိုပါဘူး လူအများအတွက်ကတော့ အစာအိမ်ရောင်တာ က
မပြင်းထန်ပဲနဲ့ အချိန်တိုတိုအတွင်းမှာ
ဆေးသာက်ခြင်း သို့ အနေအထိုင်ဆင်ခြင်တာနဲ့ ပျောက်ကင်းကြပါတယ်။

လက္ခဏာ များ

အရှိုက် နေရာက ပူပြီး အောင့်ခြင်း
ပျို့ အန် ခြင်း
အစာစားပြီးတဲ့ အခါ ဝမ်းဗိုက် အပေါ်ပိုင်း က
ပြည့်တင်းနေခြင်း
အစားအသောက်ပျက်ခြင်း
ဝမ်းအမည်းတွေသွားခြင်း

ဘာလို့ အစာအိမ် ရောင်တာလဲ

အကိုက်အခဲ ပျောက်ဆေး တွေ သောက်ခြင်း ( Aspirin, Ibuprofen, Naproxen စသဖြင့်)
အရက်သောက်ခြင်း
ဆေးလိပ်သောက်ခြင်း
စိတ်ဖိစီးမှု များခြင်း
ဘက်တီးရီးယားကြောင့် ဖြစ်ခြင်း ( H Pylori)
ခန္ဓာကိုယ် ခုခံအားက အစာအိမ်ကိုပြန် တိုက်ခိုက်ခြင်း

ရှောင်ရန် ( ပိုဆိုးစေတဲ့ အစားအသောက်များ)

အရက် ၊ ဘီယာ
ဆေးလိပ်
အပူအစပ်
ကော်ဖီ
ဘိလပ်ရည်
အချိုလွန်ကဲ တဲ့အရာများ
သစ်သီး - လိမ္မော် သီး၊နာနတ်သီး၊ငှက်ပျောသီး၊ ခရမ်းချဥ်သီး၊ သံပရာသီး ၊ စပျစ်သီး etc

လိုက်နာရန်

1အစားအသောက် အချိန်မှန်စားပါ။
2အိပ်ရေးမပျက်ပါစေနဲ့။
3နံနက်စာမစားပဲမနေပါနဲ့။
4နိုးနိုးခြင်း မနက်စာစားပါ။
5ပူနွေးတဲ့ အစားအသောက် စားပါ။
6တစ်ခါထဲ အများကြီးမစားပါနဲ့။
7စားနေကြပမာဏ ကို ၅ ကြိမ်လောက်ခွဲစားပါ။
8ကော်ဖီ ၊လက်ဘက်ရည် အရမ်းသောက်ချင်
နေတယ်ဆိုရင်တောင် တစ်ခုခုစားပြီးမှသောက်ပါ။
9ရေများများသောက်ပါ။


ဘယ်လိုသိနိုင်မလဲ

အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေအပြင်
အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း
သွေးစစ်ခြင်း
H Pylori ပိုးစစ်ခြင်း ( ရှူထုတ်လိုက်တဲ့ လေကိုစစ်ခြင်း)
တို့မှတဆင့် အစာအိမ် ရောင်မရောင် အတည်ပြုနိုင်ပါတယ်။
Crd

မိတ်ဆွေများအားလုံး
ကျန်းမာပျော်ရွင်ချမ်းမြေ့ကြပါစေ🙏

(၂) ပတ်လောက် အားလုံးStay at home နေလိုက်ကြရင်အစုလိုက် အပြုံလိုက် သေရမဲ့ဘေးကဆေးရုံမရ အောက်စီဂျင်ပြတ်လို့သေရမဲ့ဘေးက အတော်ဝ...
07/07/2021

(၂) ပတ်လောက် အားလုံး
Stay at home နေလိုက်ကြရင်

အစုလိုက် အပြုံလိုက် သေရမဲ့ဘေးက
ဆေးရုံမရ အောက်စီဂျင်ပြတ်လို့
သေရမဲ့ဘေးက အတော်ဝေးသွားမယ်...

🔺ရတဲ့သူ အိမ်မှာ နေကြပါ
🔺မဖြစ်မနေ ထွက်ရမဲ့သူ
Mask ၂ ထပ်တပ်ပါ
🔺လက်ကို မမေ့မလျော့ဆေးပါ
🔺အပြင်ကရောက်လျှင် ဘယ်သူ့မှ
မတွေ့ပဲ၊ ပါသည့်ပစ္စည်းများ ဆေးကြောပါ၊ ရေချိုး ခေါင်းလျှော် အဝတ်စားလဲပါ၊ မိမိက ရောဂါ သယ်ဆောင်သူ မဖြစ်ပါစေနှင့်
🔺Bar၊ Club တွေ mask မပါပဲ
သွားနေကြတာတွေ ရပ်သင့်ပြီ
🔺တင်ထားတဲ့ post တွေကြည့်ပြီး
ဆေးအပြင်းတွေ အိမ်မှာ မသုံးပါနဲ့
🔺လက္ခဏာ မစခင် (၂) ရက်မှာ
ပိုးပြန့်စေနိုင်နေပြီမို့ လူတိုင်း ရောဂါ ရှိနိုင်တယ်လို့ သတိထားပြီး အစားအတူ မစားပါနဲ့
🔺အိမ်မှာကုသရင် (၁၀) ရက်မြောက်
နေ့အထိ သတိထား စောင့်ကြည့်ပါ
🔺လိုအပ်ရင် ဝယ်ဖို့ အောက်စီဂျင်
ဖြည့်တဲ့နေရာများ စုံစမ်းထားပါ
🔺ကာကွယ်ဆေး ထိုးပြီးသူများလည်း
ပြန်ဖြစ်နိုင်၍ မထိုးထားသကဲ့သို့ပင်
သတိထားနေထိုင်ကြပါ....

"Covid-19 လက္ခဏာများ"ကိုဗစ်-၁၉ရောဂါသည် လူတစ်ဦးနှင့်တစ်ဦးတွင် လက္ခဏာပြသပုံခြင်း မတူကြပါ🙅‍♂️ယေဘုယျအားဖြင့် virus ပိုးကိုယ်...
06/07/2021

"Covid-19 လက္ခဏာများ"

ကိုဗစ်-၁၉ရောဂါသည် လူတစ်ဦးနှင့်တစ်ဦးတွင် လက္ခဏာပြသပုံခြင်း မတူကြပါ🙅‍♂️

ယေဘုယျအားဖြင့် virus ပိုးကိုယ်ထဲဝင်ရောက်ပြီး ၅ရက်မှ ၆ရက်အတွင်း လက္ခဏာပေါ်တတ်ပါသည်။

တခါတရံတွင် ၁၄ရက်အထိလဲကြာနိုင်ပါသည်။

အတွေ့ရအများဆုံး လက္ခဏာများ👇
• ဖျားခြင်း
• ချောင်းခြောက်ဆိုးခြင်း
• နုံးချိခြင်း

အထက်ပါ(၃)ခုလောက်အတွေ့ရမများသော်လည်း ဖြစ်နိုင်သည့် လက္ခဏာများ👇
• ကိုယ်လက်နာကျင်ကိုက်ခဲခြင်း
• လည်ချောင်းနာခြင်း
• ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
• မျက်စိနာခြင်း
• ခေါင်းကိုက်ခြင်း
• အနံ့ပျောက်ခြင်း
• အရသာပျောက်ခြင်း
• အရေပြားပေါ်တွင် အကွက်ထခြင်း
• ခြေချောင်း၊ လက်ချောင်းများ အရောင်ပြောင်းခြင်း

ပြင်းထန်သည့်ရောဂါလက္ခဏာများ👇
• အသက်ရှူရခက်ခြင်း
• မောခြင်း
• ရင်ဘတ်အောင့်ခြင်း
• စကားမပြောနိုင်တော့ခြင်း
• မလှုပ်ရှားနိုင်တော့ခြင်း

ကူးစက်ခံရသူအများစုသည် သာမန်မပြင်းထန်သည့်လက္ခဏာ များသာခံစားရပြီး ဆေးရုံတက်စရာမလိုပဲ ပြန်ကောင်းနိုင်ပါသည်။

သာမာန်လက္ခဏာများသာ ပေါ်ပြီး အောက်ဆီဂျင်ဓာတ် ၉၅နှင့် အထက်ရှိသူများသည် မိမိနေအိမ်မှာပဲနေကာ over the counter(OTC) ဆေးများသောက်သုံးနိုင်ပါသည်။

ပြင်းထန်လက္ခဏာများပေါ်ပေါက်ပါက (သို့မဟုတ်) အောက်ဆီဂျင်၉၅အောက်ကျပါက ချက်ခြင်းဆေးကုသမှုခံယူရန်လိုအပ်ပါသည် 🚑


"ရာသီတုပ်ကွေး လက္ခဏာများ"

ရာသီတုပ်ကွေး virus ပိုးဝင်ပါက အောက်ပါလက္ခဏာများ ရုတ်တရက်ပေါ်တတ်ပါသည်။
• ဖျားခြင်း
• ဖျားချင်သလိုဖြစ်ကာ ချမ်းခြင်း
• ချောင်းဆိုးခြင်း
• လည်ချောင်းနာခြင်း
• နှာရည်ယို နှာပိတ်ခြင်း
• ကိုယ်လက်ကိုက်ခဲခြင်း
• ကြွက်သားများနာကျင်ခြင်း
• ခေါင်းကိုက်ခြင်း
• နှုံးချိခြင်း၊အားပြတ်ခြင်း
• ပျို့အန်ခြင်းနှင့် ဝမ်းပျက်ခြင်း (ကလေးများတွင် ပိုအတွေ့ရများသည်။)

မှတ်ချက်- ရာသီတုပ်ကွေးဖြစ်သူတိုင်း မဖျားပါ။

ရာသီတုပ်ကွေးသည်လည်း လူတစ်ဦးနှင့်တစ်ဦးတွင် ရောဂါပြင်းထန်ပုံခြင်း မတူညီတတ်သောကြောင့် သေချာစောင့်ကြည့်ရန်လိုပါသည်။

တခါတရံ နောက်ဆက်တွဲရောဂါများဝင်ရောက်ကာ အသက်ဆုံးရှုံးသည်အထိဖြစ်တတ်ပါသည်။

ထို့ကြောင့် covid 19 နှင့် seasonal flu တို့သည် ရောဂါလက္ခဏာများ ဆင်တူယိုးမှားဖြစ်တတ်ပြီး နှာခေါင်းတို့ဖတ်ယူပြီး စစ်ဆေးမှသာအတိအကျသိရှိနိုင်မည်ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ကိုယ်ခံအားကောင်းမွန်သူများအနေဖြင့် သာမန်မပြင်းထန်သည့် အဆင့်တွင်သာပြန်ကောင်းနိင်ခြေများသောကြောင့် over the counter ဆေးများကိုဝေဒနာသက်သာအောင်သောက်ရင်း၊အောက်ဆီဂျင်ဓာက်ကိုမကြာခဏတိုင်းကာစောင့်ကြည့်ရင်းဖြင့် ကပ်ရောဂါဆိုးကြီးကို အလွယ်တကူကျော်ဖြတ်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည် 🙏

⚠️မှတ်ချက်။ ။ပိုးသတ်ဆေးများနှင့် steroid ဆေးများပေးခြင်းသည် ကျွမ်းကျင်သည့်ဆရာဝန်က လူနာတစ်ဦးချင်း၏အခြေအနေပေါ်မူတည်ပြီးသာ ပေးရသောဆေးများဖြစ်သောကြောင့် ကိုယ့်သဘောနှင့်ကိုယ်မသောက်ကြရန် အထူးသတိပေးချင်ပါသည်။

Dr. သင်းသင်းဇော် (So Pyay TeleClinic)

"ကလေးကို ဘာကျွေးမလဲ"❌အသားကျွေးရင် သန်ထတယ်❌အရွက်ကျွေးရင် လေထတယ်❌ပဲကျွေးရင် လေပွတယ်❌ဥ ကျွေးရင် မေ့တတ်တယ်❌အသီးကျွေးရင် ဝမ်း...
12/05/2021

"ကလေးကို ဘာကျွေးမလဲ"

❌အသားကျွေးရင် သန်ထတယ်

❌အရွက်ကျွေးရင် လေထတယ်

❌ပဲကျွေးရင် လေပွတယ်

❌ဥ ကျွေးရင် မေ့တတ်တယ်

❌အသီးကျွေးရင် ဝမ်းလျှောမယ်

❌နို့တိုက်ရင် ဝမ်းပျက်မယ်

❌ငှက်ပျောသီးစားရင် ငှက်ဖျားဖြစ်မယ်

⁉️ဟိုဟာနဲ့ ဒီဟာရောမကျွေးနဲ့။ ဒီဟာနဲ့ ဟိုဟာ ရောမကျွေးနဲ့။ ဟိုဟာက အပူစာ၊ ဒီဟာက အအေးစာ။

⚫️အယူများစွာ ရှိပါသေးသည်။ အထက်ပါ အယူများအရဆိုလျှင် ကလေးကို ကျွေးဖို့ ဘာမှ မကျန်တော့ပါ။

✅အသားကို ကျက်အောင် ချက်ကျွေးလျှင် အသားကြောင့် သန်မထပါ။ ကြက်သားကို အနည်းဆုံး မိနစ် ၃၀-၄၀ ချက်ဖို့လိုပြီး ဝက်နှင့် အမဲ၊ ဆိတ်စသည့် အသားနီများကို အနည်းဆုံး ၁ နာရီချက်ပါ။ အသားအတွက် စီးပွားဖြစ်မွေးသော မွေးမြူရေးတိရိစ္ဆာန်များကို လုပ်ငန်းရှင်များက ပုံမှန် သန်ချပေးနိုင်လျှင် ပိုကောင်းသည်။

အသားက ကလေးဦးနှောက်အတွက် အရေးကြီးဆုံးသံဓာတ်ကို ပေးပြီး ခန္ဓာကိုယ်ကို ကြီးထွားစေသည်။

✅အမျှင်ဓာတ်များသော အရွက်များသည် အူမကြီးထဲတွင် နေရာပမာဏကြီးကြီးယူသည်ကို လေပွသည်ဟု ရှေးလူကြီးများ သတ်မှတ်ခဲ့ပုံပေါ်သည်။ တကယ်တမ်းတွင် အရွက်များများကျွေးခြင်းသည် ဗိုက်တာမင် ရရှိစေရုံမက ကလေးကို ဝမ်းမှန်စေသည်။ အရွက်ပုံမှန်စားခြင်းသည် အူမကြီးကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါတို့ကို ကာကွယ်ပေး၍ အသက်ကြီးသည်အထိ အကျိုးများစွာရစေသည်။

✅ပဲအမျိုးမျိုးကို အစာအိမ်နှင့် အူလမ်းကြောင်းတွင် အာဟာရဓာတ်စုပ်ယူဖို့ ချေဖျက်ပြီးသည့်အခါ လေဓာတ် ထွက်ပေါ်သည်က ပုံမှန်ဖြစ်သည်။ အူထဲမှ အနည်းငယ်သော လေပမာဏက လူကို ဒုက္ခမပေးပါ။ လူနည်းစု ပဲစားပြီးလျှင် ဖြစ်တတ်သော ရင်ပြည့်ခြင်း၊ လေလည်ခြင်း၊ ဗိုက်ကယ်ခြင်းများကို ကာကွယ်ရန် စားချိန်တွင် ကျေညက်အောင် ဝါးစားပါ။ ပလုပ်ပလောင်း ထည့်ပြီး အမြန်မျိုချခြင်းကို ရှောင်ပါ။

ပဲအမျိုးမျိုးက ကလေးကို ဉာဏ်ရည်ကောင်းစေပြီး ကြွက်သားများ သန်မာဖို့ အထောက်အကူပြုပါသည်။

✅ကြက်ဥ၊ ငုံးဥတို့၏ အကာတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်သော ပရိုတင်းဓာတ်များပါဝင်၍ ကြက်ဥနှစ်က ဦးနှောက်ဖွဲ့စည်းမှုနှင့် နေ့စဉ်တာဝန်များတွင် လိုအပ်သည်။ ကလေးငယ်များကို ကျက်အောင် ချက်ကျွေးပါ။ လူကြီးများကို တစ်ပတ်လျှင် ကြက်ဥ ၃-၄ လုံးထက် ပိုမစားသင့်ဟု သတိပေးကြသော်လည်း ကြီးထွားမှု လိုအပ်သောကလေးများတွင် ကြက်ဥနေ့စဉ် ကျွေး၍ ဘေးဖြစ်ကြောင်းမတွေ့ရှိပါ။

✅သစ်သီးအမျိုးမျိုးသည် အမှည့်မလွန်လျှင်၊ ယင်မနားလျှင်၊ မသန့်ရှင်းသော လက်နှင့် မကိုင်တွယ်လျှင် ဝမ်းမလျှောစေပါ။ အသီးများက ကလေးကို ဗိုက်တာမင်အမျိုးမျိုးနှင့် အမျှင်ဓာတ်ပေးနိုင်၍ ပုံမှန်ကျွေးပါ။

✅သန့်ရှင်းလတ်ဆတ်သော၊ ပိုးသတ်ထားသော နွားနို့ကြောင့် ဝမ်းမပျက်စေပါ။ သန့်ရှင်းသော နွားနို့ကို သောက်ရက်နှင့် သောက်တိုင်း ဝမ်းသွားခြင်းသည် နွားနို့ကို ချေဖျက်နိုင်သော အင်ဇိုင်းချို့တဲ့၍ ဖြစ်သည်။ နွားနို့သည် ၁ နှစ်အထက် ကလေးများ၏ အရိုးသန်မာပြီး ကြွက်သား ကြီးထွားဖို့ အရေးကြီးဆုံး အာဟာရအရင်းမြစ်ဖြစ်သည်။

✅ငှက်ပျောသီး မကောင်းကြောင်း အယူမှား များစွာရှိသော်လည်း လတ်ဆတ်သန့်ရှင်းသော ငှက်ပျောသီးက ကလေးကို ဗိုက်တာမင်အမျိုးမျိုး၊ အမျှင်ဓာတ်၊ ကလေး ကြီးထွားစေမည့် ကစီဓာတ်၊ အသားဓာတ် စသည့် အာဟာရဓာတ်စုံလင်စွာ ပေးသော အသီးတစ်မျိုးဖြစ်ပါသည်။ ငှက်ပျောသီးကြောင့် ငှက်ဖျားလည်းမဖြစ်ပါ။

နေနေမိုးဆွေ (Child Health Myanmar Page) ရေးသားချက်များအား ကူးယူ၍ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်.
Photo Credits to Google

Address


Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959428223880

Website

Alerts

Be the first to know and let us send you an email when Aung San Clinic Tachileik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share