Than Htike Aung

  • Home
  • Than Htike Aung

Than Htike Aung Practice make perfect

16/01/2023
မြေပဲဆီစစ်စစ်
16/01/2023

မြေပဲဆီစစ်စစ်

99.999999 Organic
09/01/2022

99.999999 Organic

သဘာဝ ပဲဆီစစ်စစ် မှာယူနိုင်ပါတယ်
09/01/2022

သဘာဝ ပဲဆီစစ်စစ် မှာယူနိုင်ပါတယ်

13/11/2021

သဘာဝ နှမ်းဆီစစ်စစ် စားချင်သူများ contact cb or 09951150264

31/12/2020

ဘဝမှာ အောင်မြင်မှုကို သင့်အနေနဲ့ ဘယ်လိုသက်မှတ်တိုင်းတာမလဲ?

ဘဝမှာ အောင်မြင်မှုက ဘာတွေလဲ?

ပိုက်ဆံ ချမ်းသာတာ အောင်မြင်မှုလား?

စိတ်ချမ်းသာနေတာ အောင်မြင်မှုလား?

ပျော်ရွှင်မှုက အောင်မြင်မှုလား?

အခြွေ အရံ ပေါများမှု ရှိတာ အောင်မြင်မှုလား?

ဘွဲ့ ဒီဂရီ ရရှိခြင်းဟာ အောင်မြင်မှုလား?

ရာထူး ကြီးကြီးမားမား ရရှိနေခြင်းဟာ အောင်မြင်မှုလား?

ဂုဏ်ဒြပ်တွေ သိက္ခာ ရှိမှုတွေဟာ အောင်မြင်မှုလား?

အောင်မြင်မှု ကို လူတွေ အမျိုးမျိုး သက်မှတ်ကြတယ်။
အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြတယ်။

ကိုယ်ရဲ့ အောင်မြင်ဟာ ကိုယ်တိုင်းတာတဲ့ စံသက်မှတ် ချက် အတိုင်းပဲဖြစ်တယ်။

သင့်အနေနဲကော အောင်မြင်မှာကို ဘယ်လို

တိုင်းတာသက်မှတ်တယ်ဆိုတာ comments မှာ

ရေးပေး ခဲ့ပါအူး

30/12/2020

သတ္တိဆိုတာ
သေမင်းနဲ့တွေ့ရင်တောင် သေမင်ထွက်ပြေးနိုင်တဲ့
ရဲရင့်မှုဖြစ်တယ်

22/12/2020

English For You - Learning English is much easier now! Beginner Levels - Lesson 2: How Are You? Beginner Level: https://goo.gl/geABxo Elementary Level: https...

22/12/2020

English For You - Learning English is much easier now!Beginner Levels - Lesson 1: Nice To Meet You! Beginner Level: https://goo.gl/geABxoElementary Level: ht...

21/12/2020

#ဂရန်လျှောက်နိုင်သည့်မြေ
1)လိုင်စင်မြေ
2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ
3)စကွာတာမြေ

#ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ
1)နိုင်ငံသားစီစစ်ရေးကတ်ပြား
2)ပါမစ်(သို့)လိုင်စင်မြေ
3)မှတ်ပုံတင်စာချုပ်စာတမ်းး(စကွာတာမြေ)
4)နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည်။

#စီစစ်/လက်ခံခြင်း
အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။ တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄) ရက်မတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာနိုင်ပါသည်။
အမည်ပေါက် မဟုတ်ပါက #၁၄ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာနိုင်သည်။

#ဂရန်သစ်ထုတ်ပေးခြင်း
ကန့်ကွက်မှုတစုံတရာ မရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
ပါမစ်(သို့) လိုင်စင်မူရင်းကို ဋ္ဌာနသို့အပ်နှံရပါမည်။
ဋ္ဌာနမှုးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ(၁) ဦးစီဖြင့် မြေငှားစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးပါသည်။

#ဒါတွေသင်လုပ်ရမည်
လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)ပေးဆောင်ရမည်။ သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရမည်။

#မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံး/ပျက်စီးလျှင်မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးလျှင်သော်လည်းကောင်း၊ ပျက်စီးလျှင်သော်လည်းကောင်း မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားနိုင်ပါသည်။ ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင်မြေငှားစာချုပ် (ဂရန်)မိတ္တူမှန် ထုတ်ပေးပါမည်။ နိုင်ငံသားစီစစ်ရေးကတ်ပြား၊မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ၊ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက်၊ ရဲစခန်းသို့တိုင်ကြားချက်၊ မှတ်ပုံတင်စာချုပ်စာတမ်း(သို့မဟုတ်)တရားရုံးစီရင်ချက်နှင့် ဒီဂရီအရလျှောက်ထားခြင်းဖြစ်လျှင် ယင်းအထောက်အထားများ၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

#စီစစ်ထုတ်ပေးခြင်း
-ဋ္ဌာနမှကွင်းဆင်းစစ်ဆေးခြင်း
-မြို့နယ်ထွေ/အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄)ရက်အတွင်း -ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်းနှင့် သတင်းစာများတွင်သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။
-ကန့်ကွက်သူမရှိ၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက ဂရန်သစ်ထုတ်ပေးစဉ်သကဲ့သို့ပင် -သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်မိတ္တူ ထုတ်ပေးပါသည်။
-မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ဂရန်မိတ္တူ တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

#မြေငှားစာချုပ်(ဂရန်) #သက်တမ်းတိုးခြင်း
-သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုးလျှောက်ထားရမည်။
-အမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် -ဒီဂရီရထားသူကသာ လျှောက်ထားနိုင်သည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူမဟုတ်ပါက -ပိုင်ဆိုင်မှုစာချုပ်စာတမ်း(သို့) တရားရုံးစီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာမူရင်း တို့ဖြင့်လျှောက်ထားရမည်။
-သက်တမ်းကုန်ဆုံးသောအခါ ဂရန်အားပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

#မြေငှားဂရန်စာချုပ်ခွဲစိတ်ပေးခြင်း
-သက်တမ်းရှိမြေငှားစာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးနိုင်ပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် -မြေကွက်ခွဲ အတည်ပြုပုံစံနှင့်မြေကွက် ခွဲစိတ်တိုင်းတာသည့်မြေပုံများတင်ပြရမည်။
-အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာကြေငြာခြင်းမပြုဘဲ အမည်ပေါက်သူမှလျှောက်ထားခြင်းမဟုတ်ပါက -သတင်းစာတွင်(၁၄)ရက်အချိန်ပေး ကြေငြာပါသည်။
-ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ်အား ပြန်လည်သိမ်းယူမည်။
-မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထို့သို့ဂရန်ခွဲထုတ်ကြောင်းကို မူလစာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

#အမည်ပေါက်ပြောင်းလဲပေးခြင်း
-မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက စာချုပ်သက်တမ်း၊ -တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။
-ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး စာချုပ်မူရင်း -(သို့မဟုတ်)မြေငှားဂရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ်တမ်းရေးဖြည့်၍ ပြည်လည်ထုတ်ပေးမည်။
-ဂရန်မြေဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။

Credit Photo – YCDC

Credit to ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

09/12/2020

မိမိကိုယ်မိမိယုံကြည်မှု တည်ဆောက်ရာမှာ လိုက်နာရမည့်အချက် (၅)ချက်

၁. ရှေ့ဆုံးတန်းမှာ ထိုင်ပါ။
၂.မျက်လုံးအချင်းချင်း တေ့တေ့ဆိုင်ဆိုင် ဆုံဖို့
လေ့ကျင့်ပါ။
၃.၂၅ ရာခိုင်နှုန်း ပို၍မြန်မြန်လမ်းလျောက်ပါ။
၄.လက်တွေ့ ကျကျ လုပ်ဆာင်ပါ။
၅.ကြီးမားစွာပြုံးပြပါ။

05/12/2020

ဘဝမှာ

လိုအပ်တာတွေ များလာတဲ့အခါ ၃ပတ်စောင့်တဲ့

အကျင့်လေးကို မွေးမြုပါ။

၃ပတ်စောင့်လိုက်ခြင်းအားဖြင့် ကိုယ့်အတွက်

တကယ်လိုအပ်လား မရှိမဖြစ်လိုအပ်တာ

၊မဝယ်ဘဲနေလို့ရလား

ဆိုတာ သေချာ စဉ်းစားပါ။

မလိုအပ်ပဲ ဝယ်မိရင် ပိုက်ဆံဖြုန်းရာရောက်ပါတယ်။

ငွေကြေးချမ်းသာတဲ့သူက ပြသနာ မရှိပေမဲ့ သာမန်လူ

ဝန်ထမ်းတစ်​ောယက်အနေနဲ့ သိသာပါတယ်။

မလိုအပ်တာတွေ ဝယ်မိတဲ့အတွက် မိမိတကယ်

အသုံးလိုတဲ့အရာတွေ လက်လွတ်ရတက်ပါတယ်။

ဒါ့ကြောင့် ၃ပတ်စောင့်ဆိုင်းတဲ့ အကျင့်လေး

မွေးမြုသင့်ပါတယ်။

ကိုယ်တကယ်တမ်း လိုအပ်မှသာ ဝယ်သင့်ပါတယ်။

Death rate 26
02/12/2020

Death rate 26

27/11/2020

ပြသနာကို ကြိုတင်ကာကွယ်နိုင်ခြင်းသည်

ပထမတန်းစားပညာရည် ဖြစ်၏

ပြသနာကို ဖြေရှင်းနိုင်ခြင်းသည်

ဒုတိယတန်းစား ပညာရည်ဖြစ်၏

ပြသနာကို ဖော်ထုပ်နိုင်ခြင်းသည် တတိယတန်းစား

ပညာရည်ဖြစ်သည်။

Crdd MMH

21/11/2020

အသိညဏ်ရှိသော လူမှုနယ်ပယ်တွင် နားလည်မှုတည်ဆောက်နိုင်သလို အမြင်ကျဉ်းမြောင်းစွာ တစ်ဖတ်သက်ရှုမြင်ပါ နားလည်မှုတည်ဆောက်၍မရနိုင်။

နားလည်မှုသည် တစ်ခါတစ်ရံ သိတက်မှု စာနာမှု့တို့အပေါ်တွင် အခြေခံပြီး

တစ်ခါတစ်ရံ ပစ္စက္ခအခြေအနေကို ကောင်းစွာ သုံးသက်နိုင်မှု အပေါ်တွင်လည်း အခြေတည်တယ်

နေဇင်လတ်

31/10/2020

ဘဝကို ပျော်ရွှင်စွာ တည်ဆောက်ပါ

ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတဲ့သူတွေနဲ့ မပျော်မရွှင် နေထိုင်ကြသူတွေ ဟာ ကမ္ဘာလောက သဘာဝကြီးကြီ မတူကွဲပြားစွာ ရှုမြင်ကြတယ်။
ဘဝကို ပျော်ပျော်ရွှင်ရွှင် နဲ့နေထိုင်ပြုမူဆောင်ရွက်တဲ့ သူတွေဟာ ဖြစ်လာပြသနာ ကို ခေါင်းအေးအေးထား စဉ်းစား အဖြေရှာကြပြီး အကောင်းဘက်ကနေပဲ
မြင်ပြီး ပြုမူဆောင်ရွက်ကြပြီ အောင်မြင်မှုကို ရရှိကြတယ်။
ပျော်ပျော်ရွှင်ရွှင် မနေတဲ့ သူတွေကတော့ ကြုံလာရတဲ့ ပြသနာကို မစဉ်းစား၊မဆင်ခြင်ပဲ မကောင်းတဲ့ ဘက်ကနေ အမြဲမြင်ပြီ နောက်ဆုံး အောင်မြင်မှုနဲ့ လွဲချောကြရတယ်။
စိတ်ထောင်း လို့ ကိုယ်ကြေ ဆိုတဲ့ စကားအရ စိတ်ပူပန်နေခြင်းဟာ ကိုယ်ခန္ဓာ အိုးမင်ရင့်ရော်စေခြင်း ကို့ဖစ်ပေါ်စေပါတယ်။
ဒါ့ကြောင့် ကြုံတွေ့ ရတဲ့ မည်သည့် ပြသနာကိုမဆို ခေါင်းအေးအေးထား စဉ်းစားအဖြေရှာ ပြီး အကောင်းဘက်ကနေ ရှုမြင်ပြီးအောင်မြင်မှုကို ပိုင်ဆိုင်ကြစေကြောင်း။

ကြိုးကြာ

31/10/2020

လူ့ဘဝမှာ သင်ယူတာတွေ၊လက်ရှိရောက်ရှိ လိုက်လျောညီထွေ ဖြစ်နေတဲ့ ဘဝကနေ ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။
ကမ္ဘာကြီးဟာ အမြဲတမ်း စက္ကန့်နှင့်အမျှ ပြောင်းလဲတိုးတက်နေတာပါ။
သင်ရပ်တန့်လိုက်မယ်ဆိုရင်
နောက်ကျကျန်ခဲ့လိမ့်မယ်။

ကြိုးကြာ # # #

21/10/2020

အသက်ကို ညဏ်စောင့်

နည်းပညာတွေ တိုးတက်လာတာနှင့်အမျှ လူးသားတွေလည်း တစ်မျိုးမရိုးအောင်ကို နည်းပညာတွေ ဖန်တီးလာကြတယ်။
အစားအသောက်တွေဆိုလည်း အရင်ကနဲ့မတူအောင်ကို တီထွင်စန်းသစ် ထုပ်လုပ်လာကြတယ်။
ကြာရှည်ခံအောင် ဓာတုဆေးဝါးတွေနဲ့ ပြုလုပ်လာကြတယ်။ လူသားတွေ ဟာလည်းအသစ်အစန်းကို စားသုံးလာကြတယ်။
အရင်ကနဲ့မတူတဲ့ ရောဝေဒနာတွေ ခံစားလာကြတယ်။ ကံရှိသလောက် အသက်ရှင်ကြမှာ ဆိုပေမဲ့။
ကံဆိုတာ အလုပ်ပါ။
အသက်ကို ညဏ်စောင့် ဆိုတဲ့ စကားအရ
အသက်ရှင် ရပ်တည်ဖို့ ညဏ်ပညာကို အသုံးချ စဥ်းစားဖို့ လိုတယ်။
ဒီ တော့ အသက်ရှင်ဖို့ အတွက် သွားလာလနေထိုင် စားသောက်မှုတွေက အစ သတိကြီးစွာ ထား နေထိုင်ဖို့ အထူးပင်လိုအပ်လှတယ်။
ဥပမာ ပြောရရင်
ခုချိန်မှာ covid 19 ရောဂါ ပြန့်နှံ့ကူးစပ်ခံနေရတဲ့အချိန် ဖြစ်တယ်။
ကာကွယ် ရမဲ့နည်းလမ်းတွေ၊သတိပေးတားမြစ်ချက် တွေ ရှိတယ်။
ပြည်သူတွေ လုပ်ဆောင်ဖို့ တားမြစ်ချက်တွေ၊စည်းကမ်းတွေ ထုပ်ထားတယ်။
သို့ပေမဲ့
လူတစ်ချို့သာ လိုက်နာဆောင်ရွက်ကြပြီး တစ်ချို့က မလိုက်နာတဲ့အတွက် ခုဆို ကူးစပ်ခံရသူအရေတွက် များလားသလို သေဆုံးသူတွေလည်း အတော်ပင် များလာနေတယ်။
နောက်ထက် မကူးစပ်နိုင်ဖို့
သေဆုံးမှုတွေ မရှိစေဖို့
သတိနှင့် ယှဥ် ညဏ်နဲ့မြင်ပြီး
အထူးအလေးထား ဆောင်ရွက်ဖို့ တိုက်တွန်းပါရစေ

ကြိုးကြာ

Address


Telephone

+959951150264

Website

Alerts

Be the first to know and let us send you an email when Than Htike Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Than Htike Aung:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Practice
  • Videos
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share