Dr Hsu Yadanar

  • Home
  • Dr Hsu Yadanar

Dr Hsu Yadanar ဆေးပညာဗဟုသုတ ဝေမျှပေးပါသည်

☀️ ဗီတာမင် D၊ နေရောင်ခြည်နှင့် အရိုးပွရောဂါ (Osteoporosis) အကြောင်း        ဗီတာမင် D သည် ခန္ဓာကိုယ်၏ အရိုးကျန်းမာရေးနှင့...
08/12/2025

☀️ ဗီတာမင် D၊ နေရောင်ခြည်နှင့် အရိုးပွရောဂါ (Osteoporosis) အကြောင်း

ဗီတာမင် D သည် ခန္ဓာကိုယ်၏ အရိုးကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်အတွက် အဓိကကျသော အဆီမှာပျော်ဝင်သည့် ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။

🔆ဗီတာမင် D ၏ လုပ်ငန်းဆောင်တာ
• ကယ်လ်စီယမ် စုပ်ယူမှု: ဗီတာမင် D သည် အရိုးတည်ဆောက်မှုအတွက် မရှိမဖြစ်လိုအပ်သော
ကယ်လ်စီယမ်နှင့် ဖော့စဖိတ်ဓာတ်များ အူလမ်းကြောင်းမှ စုပ်ယူမှုကို မြှင့်တင်ပေးပါတယ်။
• အရိုးတည်ဆောက်ခြင်း: ဗီတာမင် Dသည် အရိုးများတည်ဆောက်ခြင်း နဲ့ အရိုးကြံ့ခိုင်မှုကို ထိန်းသိမ်းရန် အလွန်အရေးပါပါတယ်။

နေရောင်ခြည်ရှိ UVB ရောင်ခြည်သည် အရေပြားပေါ်ရှိ ဓာတုပစ္စည်းများကို ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင် D အဖြစ် ပြောင်းလဲပေးပါတယ်။ဒါ့ကြောင့်နေထွက်ခါစ အပူချိန်မမြင့်ခင် နံနက်ပိုင်းတွင် နေ့စဉ် ၁၀ မိနစ်မှ ၃၀ မိနစ်ခန့် နေရောင်ခြည်နှင့် ထိတွေပေးပြီး ဗီတာမင် D လိုအပ်ချက်ကို ဖြည့်ပေးသင့်ပါတယ်။

🦴ဗီတာမင် D ချို့တဲ့မှုနှင့် အရိုးပွရောဂါ ဆက်စပ်မှု: ဗီတာမင် D ချို့တဲ့ပါက ခန္ဓာကိုယ်သည် ကယ်လ်စီယမ်ကို လုံလောက်စွာ စုပ်ယူနိုင်ခြင်း မရှိတော့တာကြောင့် ခန္ဓာကိုယ်က သဘာဝအလျောက် လိုအပ်သော ကယ်လ်စီယမ်ကို အရိုးများမှ ပြန်လည်ယူငင် အသုံးပြုရပါတယ်။

• အရိုးပွရောဂါ (Osteoporosis): ဤသို့ အရိုးမှ ကယ်လ်စီယမ် ဆုံးရှုံးမှုများပြားလာသောအခါ အရိုးများ၏ သိပ်သည်းဆ လျော့နည်းလာပြီး ကြွပ်ဆတ်ကာ အရိုးကျိုးလွယ်သည့် အရိုးပွရောဂါကို ဖြစ်လာစေပါတယ်။

• အရိုးပျော့ရောဂါ (Osteomalacia): Vitamin D ပြင်းထန်စွာ ချို့တဲ့ပါက လူကြီးများတွင် အရိုးနာကျင် ပျော့ပျောင်းသည့် Osteomalacia အထိ ဖြစ်စေနိုင်ပါတယ်။

ဒီအကြောင်းအရင်းများက ဗီတာမင် D ကိုဖြည့်စွက်ဆေးအနေနဲ့ သောက်သုံးဖို့ရာ အကြောင်းဖန်လာပါတယ်။ လူထု အတွင်း Vitamin D သောက်သုံးခြင်းရဲ့ ကောင်းကျိုးများကို တွင်တွင်ကျယ်ကျယ် ပြောဆိုလာကြတာမို့ သူသူငါငါ Vitamin D သောက်ဖို့ အာသီသ ပြင်းထန်လာကြပါတယ်။

ဗီတာမင် D ကို ဖြည့်စွက်သောက်သုံးခြင်းဟာ အရိုးကျန်းမာရေးအတွက် အလွန်အရေးပါသော အကျိုးကျေးဇူးများ ရရှိစေသော်လည်း၊ လိုအပ်မှသာ လိုသလောက် ပမာဏ သောက်သုံးရန်လည်းအရေးကြီးပါတယ်။

Vitamin D ဖြည့်စွက်ဆေး သောက်ရန်လိုအပ်သူများ
ဗီတာမင် D ချို့တဲ့သူများ၊ အသက်ကြီးသူများ၊ နေရောင်ခြည်နှင့် ထိတွေ့မှု နည်းပါးသူများ သို့မဟုတ် အချို့သော အစာချေဖျက်မှုဆိုင်ရာ ပြဿနာရှိသူများအတွက် လိုအပ်သော ဗီတာမင် D အဆင့်ကို ထိန်းသိမ်းရန် ဖြည့်စွက်ဆေးများသည် မရှိမဖြစ် လိုအပ်ပါတယ်။ဆေးများတွင် အများဆုံး ပါဝင်သော ပုံစံမှာ နေရောင်ခြည်မှ ရရှိတဲ့ ဗီတာမင် D3 (Cholecalciferol) ပုံစံအတိုင်း ဖြစ်ပါတယ်။

သောက်သုံးသင့်သော ပမာဏဟာ လူတစ်ဦးချင်း၏ ကျန်းမာရေးလိုအပ်ချက် သွေးတွင်း ဗီတာမင် D အဆင့် (Serum 25-hydroxyvitamin D) ပေါ်မူတည်၍ ကွဲပြားနိုင်ပါတယ်။

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူများအတွက် တစ်နေ့လျှင် 600 IU မှ 800 IU (International Units) ခန့် သောက်သုံးရန် အကြံပြုထားပါတယ်။

• အကယ်၍ ချို့တဲ့မှု ပြင်းထန်ပါက ဆရာဝန်၏ ညွှန်ကြားချက်အရ ပိုမိုများပြားသော ပမာဏ ကို သတ်မှတ်ကာလတစ်ခုအထိ သောက်သုံးရပါမည်။ကိုယ့်သဘောအရ သောက်သုံးခြင်းမလုပ်သင့်ပါ။ ဆရာဝန်နှင့် တိုင်ပင်၍ သွေးစစ်ဆေးပြီးမှသာ ဘယ်လောက် သောက်သင့်လဲဆိုတာ ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

🚨Vitamin D ဆေးအလွန်အကျွံ သောက်သုံးခြင်း၏ ဆိုးကျိုးများ (Vitamin D Toxicity)
ဗီတာမင် D သည် အဆီတွင်ပျော်ဝင်သော ဗီတာမင်ဖြစ်သောကြောင့် လိုအပ်သည်ထက် ပိုမိုများပြားသော ပမာဏကို ရေရှည် စားသုံးမိပါက ခန္ဓာကိုယ်တွင် စုပုံလာပြီး အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

❗️အဓိက ဆိုးကျိုး: သွေးတွင်း ကယ်လ်စီယမ်ဓာတ် လွန်ကဲခြင်း (Hypercalcemia)
ဗီတာမင် D အလွန်အကျွံသောက်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်ကို လိုအပ်သည်ထက် ပိုမိုစုပ်ယူပြီး သွေးထဲတွင် ကယ်လ်စီယမ်ပမာဏ မြင့်တက်လာစေပြီး နောက်ဆက်တွဲအနေနဲ့ ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။

❗️ကျောက်ကပ်တွင် ကယ်လ်စီယမ်များ စုပုံလာပြီး ကျောက်ကပ်ကျောက်တည်ခြင်း (Kidney Stones) ကို ဖြစ်စေနိုင်ပါတယ်။ ရေရှည်တွင် ကျောက်ကပ်ပျက်စီးခြင်း (Kidney Damage) အထိပါ ဖြစ်ပွါးနိုင်ပါတယ်။ ထိုသို့ဖြစ်၍ ဆီး မကြာခဏသွားခြင်းနှင့် ရေငတ်ခြင်း လွန်ကဲခြင်းတို့လည်း ခံစားရနိုင်ပါတယ်။

❗️Vitamin D လွန်ကဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်နာခြင်းနှင့် အစာစားချင်စိတ် လုံးဝပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

❗️သွေးတွင်း ကယ်လ်စီယမ်လွန်ကဲမှုသည် နှလုံးစည်းချက် မမှန်ခြင်း (Arrhythmia)၊ သွေးပေါင်ချိန် တက်ခြင်းနှင့် သွေးကြောနံရံများ မာကျောလာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်တယ်။

❗️စိတ်ဓာတ်ကျခြင်း (Depression)၊ စိတ်ရှုပ်ထွေးခြင်း၊ အာရုံစိုက်နိုင်စွမ်း လျော့နည်းပြီး ထိုင်းမှိုင်းနေခြင်းစသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတို့ကို ခံစားရနိုင်ပါတယ်။

❗️Vitamin D အလွန်အကျွံ သောက်သုံးမိပါက ကိုယ်ခန္ဓာ အားနည်းခြင်း: အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ အားနည်းခြင်းတို့သည်လည်း ဖြစ်တတ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဖြည့်စွက်ဆေးများ စတင်သောက်သုံးရန် စဉ်းစားပါက သင့်လျော်သော ဆေးပမာဏနှင့် အခြေအနေကို သိရှိရန်အတွက် ကျန်းမာရေးစောင့်ရှောက်သူများနှင့် တိုင်ပင်ဆွေးနွေးရန် အလွန်အရေးကြီးပါတယ်ရှင်။

ကျန်းမာရွှင်လန်းကြပါစေရှင့် 🌸။
ဒေါက်တာ_ဆုရတနာ

🍌လိင်တံထိပ် အရေပြား ဖြတ်ခြင်း (Circumcision) 🍌      လိင်တံထိပ် အရေပြား ဖြတ်ခြင်းကို ဘာသာရေး၊ ယဉ်ကျေးမှု၊ ကိုယ်ရေးကိုယ်တာ...
05/12/2025

🍌လိင်တံထိပ် အရေပြား ဖြတ်ခြင်း (Circumcision) 🍌

လိင်တံထိပ် အရေပြား ဖြတ်ခြင်းကို ဘာသာရေး၊ ယဉ်ကျေးမှု၊ ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုများအရ သို့မဟုတ် ကျန်းမာရေးဆိုင်ရာ အကြောင်းရင်း များကြောင့် ပြုလုပ်လေ့ရှိပါတယ်။ လိင်တံထိပ် အရေပြားဖြတ်ခြင်းကို မွေးကင်းစကလေးမှစပြီး အသက်အရွယ်မရွေး ပြုလုပ်နိုင်ပါတယ်။ လိင်တံထိပ်အရေပြားဖြတ်ခြင်းနဲ့ စပ်လျဉ်းတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများနှင့် အန္တရာယ်အချို့ ကို ဖော်ပြဆွေးနွေးပေးပါမယ်။

🩺 ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
အရေပြား ဖြတ်ထားခြင်းကြောင့်-
❗️သန့်ရှင်းရေး ပိုမိုလွယ်ကူခြင်း
လိင်တံထိပ်ကို ဆေးကြောသန့်စင်ရ ပိုမိုလွယ်ကူစေပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထောက်အကူပြုပါတယ်။

❗️ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (UTIs) အန္တရာယ် လျော့နည်းစေခြင်း
• မွေးကင်းစကထဲက အရေပြား ဖြတ်ထားသော ကလေးငယ်များတွင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းစေပါတယ်။ပြင်းထန်သော ပိုးဝင်မှုများသည် နောက်ပိုင်းတွင် ကျောက်ကပ် ပြဿနာများထိ ဖြစ်စေနိုင်တာကြောင့် မွေးကင်းစအချိန်မှစပြီး လိင်တံအရေပြားဖြတ်ထားခြင်းက များစွာအကျိုးရှိစေပါတယ်။

❗️လိင်မှတဆင့် ကူးစက်သော ရောဂါများ (STIs) အန္တရာယ် လျော့နည်းခြင်း
• လိင်တံထိပ် အရေပြား ဖြတ်ထားသော အမျိုးသားများသည် HIV အပါအဝင် အချို့သော လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်နိုင်ခြေ အနည်းငယ် လျော့နည်းနိုင်ပါတယ်။ သို့သော် လုံခြုံသော လိင်ဆက်ဆံမှု (ကွန်ဒုံးသုံးစွဲခြင်း) သည် မရှိမဖြစ် လိုအပ်ပါတယ်။

❗️လိင်တံ နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာများမှ ကာကွယ်နိုင်ခြင်း
လိင်တံထိပ်အရေပြားဖြတ်ထားခြင်းက
• Phimosis (လိင်တံထိပ်အရေပြားနောက်မဆုတ်နိုင်ခြင်း): အရေပြားနောက်ပြန်ဆုတ်ရန် ခက်ခဲခြင်း သို့မဟုတ် မဖြစ်နိုင်ခြင်း
• Balanitis / Balanoposthitis (လိင်တံရောင်ရမ်းခြင်း): လိင်တံထိပ် သို့မဟုတ် အရေပြားရောင်ရမ်းခြင်း စတဲ့ပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေသည်။ လိင်တံ ကင်ဆာ အန္တရာယ် လျော့နည်းခြင်း
လိင်တံ ကင်ဆာသည် ရှားပါးသော်လည်း အရေပြား ဖြတ်ထားသူများတွင် ပို၍ ရှားပါးသည်ကို တွေ့ရပါတယ်။

❗️ အမျိုးသမီး ပါတနာအတွက်သားအိမ်ခေါင်း ကင်ဆာ (Cervical Cancer) အန္တရာယ် လျော့ကျခြင်း
• အရေပြား ဖြတ်ထားသော အမျိုးသားများ၏ လိင်ဆက်ဆံဖော် အမျိုးသမီးများတွင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ခြေ အနည်းငယ် လျော့နည်းကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။

လိင်တံထိပ်ဖြတ်ခြင်းနဲ့ပတ်သက်တဲ့ အယူအဆအမှားများ-
• အချို့သူများက အရေပြား ဖြတ်ခြင်းသည် လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှု (sensitivity) ကို လျော့နည်းစေသည်ဟု ယုံကြည်သော်လည်း သိပ္ပံနည်းကျ ခိုင်မာသည့် သက်သေ အထောက်အထား မရှိပါဘူး။
• လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း (Sexual function) သို့မဟုတ် မျိုးအောင်နိုင်စွမ်း (Fertility) ကို ထိခိုက်မှု မရှိနိုင်ပါဘူး။

👍 လိင်တံထိပ် အရေပြား ဖြတ်ခြင်း (Circumcision) ကို

👶 ဘယ်အရွယ်က စတင်လုပ်လို့ရလဲ❓
လိင်တံထိပ် အရေပြားဖြတ်ခြင်းကို အဓိကအားဖြင့်
• မွေးကင်းစ အရွယ် (Newborns) တွင် အများဆုံးလုပ်လေ့ရှိပါတယ်။ မွေးပြီး ရက်အနည်းငယ် အတွင်း ဆေးရုံ သို့မဟုတ် ဆေးခန်းတွင် ပြုလုပ်လေ့ရှိသည်။ဤအရွယ်တွင် လုပ်ဆောင်ခြင်းဟာ လုပ်ရ အလွယ်ဆုံးနဲ့ အမြန်ဆုံးဖြစ်ပြီး၊ နောက်ဆက်တွဲ ပြဿနာ ဖြစ်နိုင်ခြေ နည်းပါးကာ အနာကျက်မြန်သည်။ ခွဲစိတ်မှုလည်း ပိုမိုရိုးရှင်းပါတယ်။

မွေးကင်းစမှာ Circumcision မလုပ်ခဲ့ဘူးဆိုရင်လည်း
• ကလေးငယ်များ/လူကြီးများ (Older Children and Adults):မှာ အသက်အရွယ်မရွေးပြုလုပ်နိုင်ပါတယ်။ သို့သော်၊ အသက်ပိုကြီးလာလေ၊ ခွဲစိတ်မှုသည် ပိုမိုရှုပ်ထွေးနိုင်ပြီး မေ့ဆေး (General Anesthesia) လိုအပ်နိုင်ကာ အနာကျက်ချိန် ပိုကြာပြီး နောက်ဆက်တွဲ ပြဿနာ ဖြစ်နိုင်ခြေ လည်း ပိုများနိုင်ပါသည်။

♻️ဘယ်လိုမျိုး လုပ်ရတာလဲ (လုပ်ထုံးလုပ်နည်း)❓
လုပ်ထုံးလုပ်နည်းသည် အသက်အရွယ်အလိုက် အနည်းငယ် ကွဲပြားသည်-
👶 မွေးကင်းစ/ကလေးငယ်များအတွက်:
• Circumcision လုပ်မည့်နေရာတွင် ထုံဆေး (Local Anesthetic) ကို လိမ်းခြင်း သို့မဟုတ် ဆေးထိုးခြင်းဖြင့် နာကျင်မှုကို လျော့အောင်အရင်လုပ်ပါတယ်။
ပြီးတဲ့ နောက် လိင်တံကို သန့်ရှင်းရေး ပြုလုပ်ပြီးနောက် အရေပြားဖြတ်ရန်အတွက် ကိရိယာ (Clamps or Plastic Rings) များကို အသုံးပြု၍ ပိုလျှံနေသော လိင်တံထိပ် အရေပြားကို ဖယ်ရှားပေးပါတယ်။ ထိုသို့ပြုလုပ်ရန် များသောအားဖြင့် ၅ မိနစ်မှ ၁၀ မိနစ်ခန့်သာ ကြာတတ်ပါတယ်။ ခွဲစိတ်ပြီးနောက် သွေးယိုစီးမှု မရှိအောင် ရယ်၊ ကူးစက်ပိုးမဝင်စေရန် ပိုးသတ်လိမ်းဆေး လိမ်းပြီး ပတ်တီးကို လိင်တံထိပ်တွင် အနည်းငယ် ပတ်ပေးလေ့ရှိပါတယ်။တပတ်အတွင်းမှာတော့ အနာကျက်ပါတယ်။

🧔 လူကြီးများအတွက်:
Circumcision လုပ်ဖို့ရာ များသောအားဖြင့် ထုံဆေး (Local Anesthetic) ဖြင့် လုပ်ဆောင်နိုင်သော်လည်း၊ လူနာ၏ ဆန္ဒအရ သော်လည်းကောင်း၊လိုအပ်ချက်အရသော်လည်းကောင်း မေ့ဆေးအပြည့် (General Anesthesia) လိုအပ်နိုင်ပါတယ် ။ ဒီအခါမှာတော့ ခွဲစိတ်ခန်းမှာပြုလုပ်ရတတ်ပါတယ်။
ခွဲစိတ်တဲ့လုပ်ထုံးလုပ်နည်းတွေကတော့ ကလေးတွေမှာလုပ်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ခွဲစိတ်ဆရာဝန်သည် အရေပြားကို ဖယ်ရှားရန်အတွက် ခွဲစိတ်ကိရိယာ (Scalpel) များကို အသုံးပြုခွဲစိတ်ပေးတာပဲဖြစ်ပါတယ်။ မတူတာတစ်ခုက ခွဲစိတ်ထားသော အရေပြားအနားသားများကို ပျော်(Dissolvable Stitches/Sutures) ဖြင့် ပြန်လည်ချုပ်ပေးတာပဲဖြစ်ပါတယ်။
ယင်းခွဲစိတ်မှုဟဋ မိနစ် ၃၀ မှ ၄၀ ခန့် ကြာနိုင်ပါတယ်။လူကြီးများမှာ အနာကျက်ရန် ၇ ရက်မှ ၁၀ ရက်ခန့် ကြာပြီး၊ ရောင်ရမ်းမှုနှင့် နာကျင်မှု ကို အနည်းငယ် ခံစားရနိုင်ပါတယ်။

⚠️ Circumcision လုပ်တဲ့အခါ ဖြစ်လာနိုင်တဲ့ အန္တရာယ်များနှင့် နောက်ဆက်တွဲ ပြဿနာများ
လိင်အင်္ဂါထိပ် အရေပြား ဖြတ်ခြင်း (Circumcision) ဟာ ယေဘုယျအားဖြင့် လုံခြုံပြီးအန္တရာယ်ကင်းတယ် ဆိုငြားလည်း အခြားခွဲစိတ်မှုတိုင်းလိုပဲ ရှားပါးနောက်ဆက်တွဲအန္တရာယ်အချို့ ရှိပါတယ်။
ဥပမာ-
• သွေးထွက်များခြင်း
• ပိုးဝင်ခြင်း (Infection)
• လိင်တံကို ထိခိုက်ပျက်စီးခြင်း
• ထုံဆေး (Anaesthesia) ၊မေ့ဆေးသုံးစွဲခြင်း၏ နောက်ဆက်တွဲပြဿနာများ
• ခွဲစိတ်ထားသော အရေပြား တိုလွန်းခြင်း သို့မဟုတ် ရှည်လွန်းခြင်း
• အနာကျက်ပုံ မမှန်ခြင်း စတာတွေရှိနိုင်ပါတယ်။

✅ အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်သင့်လဲ
ဘေးအန္တရာယ် အနည်းဆုံးနှင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်-

🔆ကျွမ်းကျင်သူရွေးချယ်ခြင်း (Qualified Practitioner):
အရေပြား ဖြတ်ခြင်းကို အရည်အချင်းပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုပေးသူ (ဥပမာ- ကလေးဆရာဝန်၊ သားဖွားဆရာဝန်၊ ဆီးလမ်းကြောင်း အထူးကု သို့မဟုတ် လေ့ကျင့်သင်ကြားထားသော ခွဲစိတ်ဆရာဝန်) ဖြင့်သာ ပြုလုပ်ပါ။

🔆ပိုးသန့်ခြင်း (Sterile Environment):
ခွဲစိတ်မှုကို ပိုးသန့်ထားသော ပတ်ဝန်းကျင် (ဆေးရုံ သို့မဟုတ် ပစ္စည်းအပြည့်အစုံနဲ့ သန့်ရှင်းရေးကို အလေးပေးသော ဆေးခန်း) တွင်သာ ပြုလုပ်ပါ။

🔆နာကျင်မှု ထိန်းချုပ်ခြင်း (Pain Management):
မဖြစ်မနေ ထုံဆေး သုံးစွဲရန် လိုအပ်ပြီး၊ နာကျင်မှု သက်သာစေရန် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို သုံးစွဲရပါမယ်။

🔆ခွဲစိတ်ပြီးနောက် ပြုစုစောင့်ရှောက်မှု (Post-Procedure Care):
ခွဲစိတ်ဆရာဝန်၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရပါမယ်၊
ယင်းတို့တွင်-
• ဒဏ်ရာကို သန့်ရှင်းခြောက်သွေ့အောင်ထားခြင်း
• မွေးကင်းစကလေးအတွက် ဒိုင်ယာပါ အလဲတိုင်း လိမ်းဆေး (Petroleum Jelly) လိမ်းပေးပြီး ပတ်တီး သို့မဟုတ် အနာကပ်ပစ္စည်း လဲလှယ်ပေးခြင်း။
• နာကျင်မှု သက်သာစေရန် ဆေးညွှန်ကြားချက်အတိုင်း ပေးခြင်း။
• ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်း၊ ပြည်ယိုခြင်း သို့မဟုတ် ဆီးသွားပုံမမှန်ခြင်း စသည့် ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာ လက္ခဏာများ ကို ဂရုစိုက် စောင့်ကြည့်ခြင်းတို့ ပါဝင်ပါတယ်။

✅ အရေးကြီးသော အကြံပြုချက်
သင့်ကလေးအတွက် သို့မဟုတ် ကိုယ်တိုင်အတွက် အရေပြား ဖြတ်ခြင်းကို စဉ်းစားနေပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင် နှင့် ကနဦး တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါသည်။ ဆရာဝန်က အကျိုးကျေးဇူးများ၊ အန္တရာယ်များနှင့် လုပ်ငန်းစဉ်ကို ရှင်းပြနိုင်မည်ဖြစ်ပြီး သင့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ရန် ကူညီပေးပါလိမ့်မည်။

မေတ္တာဖြင့် 🌸
ဒေါက်တာ_ဆုရတနာ
#လိင်တံထိပ်ဖြတ်ခြင်း

ယနေ့ခေတ် ဆေးပညာတိုးတက်လာတာနဲ့အမျှ Bပိုး၊ Cပိုး၊ ကာလသားပိုးနဲ့ HIV ပိုးတွေ ရှိမရှိကို one stop စစ်ဆေးလို့ရလာပါပြီ။ ဒါပေမဲ...
02/12/2025

ယနေ့ခေတ် ဆေးပညာတိုးတက်လာတာနဲ့အမျှ Bပိုး၊ Cပိုး၊ ကာလသားပိုးနဲ့ HIV ပိုးတွေ ရှိမရှိကို one stop စစ်ဆေးလို့ရလာပါပြီ။ ဒါပေမဲ့ အများမသိနေတာက ဘယ်အချိန်မှာ စစ်ဆေးမှ ပိုးတကယ်ရှိမရှိ သေချာသိနိုင်မလဲ ဆိုတဲ့အကြောင်းပါ။ ဒီတော့ ရောဂါပိုး ကူးစက်ခံရပြီးနောက် ပိုးရှိမရှိ စစ်ဆေးနိုင်တဲ့ အချိန်ကာလ (Window Period) ဟာ ပိုးအမျိုးအစားနဲ့ စစ်ဆေးတဲ့ နည်းလမ်းပေါ်မူတည်ပြီး ကွာခြားပါတယ်။ဒီအကြောင်းကို အပြည့်အစုံ ရှင်းပြပါမယ်။

🦠 ပိုးအမျိုးအစားအလိုက် စစ်ဆေးရန် အကောင်းဆုံးအချိန်တွေကို စစ်ဆေးနည်းလမ်းအလိုက် ဖော်ပြပေးလိုက်ပါတယ်။

1. HIV ပိုး (Human Immunodeficiency Virus)

HIV အတွက် စစ်ဆေးမှုအမျိုးမျိုးရှိပြီး အဖြေပေါ်ဖို့ ကြာချိန်လည်း ကွာခြားပါတယ်-

🧪Antigen/Antibody Combo Lab Test (သွေးကြောထဲကနေ သွေးဖောက်စစ်ခြင်း):
• စောနိုင်ဆုံးတွေ့ နိုင်တဲ့ အချိန်- ၁၈ ရက် မှ ၄၅ ရက် အတွင်း။
• ယုံကြည်စိတ်ချရဆုံး အချိန်: ၆ ပတ် (၄၂ ရက်) မှ ၃ လ (၉၀ ရက်) အကြာ။

🧪Rapid Antigen/Antibody Test (လက်ချောင်းထိပ်မှ သွေးဖောက်စစ်ခြင်း) / Home Test Kits:
• ယုံကြည်စိတ်ချရဆုံး အချိန်: ၃ လ (၉၀ ရက်) အကြာ။

🧪NAT (Nucleic Acid Test) (အစောဆုံး စစ်ဆေးနည်း):

• စောနိုင်ဆုံး အချိန်: ၁၀ ရက် မှ ၃၃ ရက် အတွင်း။ (ဒါပေမဲ့ ဒီနည်းက ကုန်ကျစရိတ်များပြီး ပုံမှန် အားဖြင့် စစ်လေ့မရှိဘူး)

✅ အကြံပြုချက်: HIV အတွက် ၄ ပတ် (၂၈ ရက်) မှ ၆ ပတ် (၄၂ ရက်) ကြာတဲ့အခါ 4th Generation Combo Test လိုမျိုး စစ်ဆေးမှု ပြုလုပ်သင့်ပြီး၊ စိတ်ချရတဲ့ အဖြေရဖို့အတွက် ၃ လ (၉၀ ရက်) အကြာမှာ ထပ်မံစစ်ဆေးသင့်ပါတယ်။

2. ကာလသားပိုး (Syphilis)

• စောနိုင်ဆုံး အချိန်: ထိတွေ့မှုရှိပြီး ၃ ပတ် မှ ၆ ပတ် အတွင်း စစ်ဆေးနိုင်ပါတယ်။
• ယုံကြည်စိတ်ချရဆုံး အချိန်: ၃ လ (၉၀ ရက်) အကြာမှာ စစ်ဆေးရင် အဖြေပိုပြီး တိကျပါတယ်။

3. B ပိုး (Hepatitis B - HBV)

Hepatitis B Surface Antigen (HBsAg) ကို စစ်ဆေးခြင်းဖြင့် လက်ရှိ ကူးစက်ခံထားရခြင်း ရှိမရှိကို သိရှိနိုင်ပါတယ်-
• စောနိုင်ဆုံး အချိန်: ထိတွေ့မှုရှိပြီး ၁ ပတ် မှ ၉ ပတ် (သို့) ၄ ပတ် မှ ၁၀ ပတ် အတွင်း စစ်ဆေးလို့ရပါတယ်။ (ပျမ်းမျှအားဖြင့် ၄ ပတ် ခန့်)
• စိတ်ချရဆုံး အချိန်: စစ်ဆေးမှု အမျိုးအစားပေါ် မူတည်ပြီး ၆ ပတ် မှ ၆ လ အထိ စောင့်ဆိုင်းနိုင်ပါတယ်။

4. C ပိုး (Hepatitis C - HCV)

🧪HCV RNA Test
• စောနိုင်ဆုံး အချိန်: ၁ ပတ် မှ ၂ ပတ် အတွင်း စစ်ဆေးနိုင်ပါတယ်။

🧪HCV Antibody Test (ကိုယ်ခံအား စစ်ဆေးခြင်း):
• စောနိုင်ဆုံး အချိန်: ၆ ပတ် မှ ၁၂ ပတ် အတွင်း စစ်ဆေးနိုင်ပါတယ်။
• ယုံကြည်စိတ်ချရဆုံး အချိန်: ၆ လ အကြာအထိ စောင့်ဆိုင်းရနိုင်ပါတယ်။

⚠️ အရေးကြီးသော မှတ်စု
• "Window Period" ဆိုတာ ပိုးကူးစက်ခံရပြီးနောက် သွေးထဲမှာဖြစ်စေ၊ ကိုယ်ခန္ဓာမှာဖြစ်စေ၊ စစ်ဆေးမှုကနေ အဖြေဖော်ပြနိုင်လောက်အောင် ပိုးပမာဏ (သို့) ကိုယ်ခံအား (Antibodies) တွေ ဖြစ်ပေါ်လာဖို့ လိုအပ်တဲ့အချိန်ကို ဆိုလိုတာပါ။ ဒီကာလအတွင်း စစ်ဆေးရင် ပိုးရှိနေပေမဲ့လည်း အဖြေမှား (False Negative) ထွက်နိုင်ပါတယ်။

• ထိတွေ့မှုရှိတယ်လို့ ယူဆရင် အမြန်ဆုံး ကျန်းမာရေး ဝန်ဆောင်မှု ပေးတဲ့ ဆေးခန်း ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လိုအပ်ရင် အကာအကွယ် ဆေးဝါးတွေ (ဥပမာ- HIV အတွက် PEP) ကို အချိန်မီ စားသုံးရနိုင်ပါတယ်။

ဒီပိုးတွေအတွက် စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ဆောင်မှု ပေးသူနဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေရှင်💖

ဒေါက်တာ_ဆုရတနာ
ိုး ိုး #ကာလသားပိုး

Credit to original owner  #ရန်ကုန်  #ဆေးရုံဆေးခန်းဖုန်းနံပါတ်များ (ထပ်မံဖြည့်စွက်)၊ December 1, 2025✅ #မြောက်ဥက္ကလာဆေးရု...
02/12/2025

Credit to original owner

#ရန်ကုန် #ဆေးရုံဆေးခန်းဖုန်းနံပါတ်များ (ထပ်မံဖြည့်စွက်)၊ December 1, 2025

✅ #မြောက်ဥက္ကလာဆေးရုံကြီး-(မေဓါဝီ)-ပြင်ပလူနာဋ္ဌာန
#နှလုံးရောဂါ (တနင်္လာ ကြာသာပတေး)
#ကင်ဆာ (ဗုဒ္ဓဟူး သောကြာ )
#ကျောက်ကပ် (ကြာသာပတေး မနက်ပိုင်း )
#အသည်းရောဂါ (ဗုဒ္ဓဟူး သောကြာ )

✅ #ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာအချိန်ဇယား
#နှလုံးရောဂါ (တနင်္လာ ကြာသာပတေး သောကြာ ) မနက်ပိုင်း
#အစာအိမ်နှင့်အူလမ်းကြောင်း ( တနင်္လာ ကြာသာပတေး မနက်ပိုင်း)
(အင်္ဂါ ဗုဒ္ဓဟူး သောကြာ နေ့လည်ပိုင်း)

✅ #ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး-(ဂျပန်ဆေးရုံ) (ပြည်လမ်းနှင့်ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် ၊ သရက်တောဘုန်းကြီးကျောင်းမျက်နှာချင်းဆိုင် )
တနင်္လာမှ သောကြာထိ ပြင်ပလူနာကြည့်ရက်။

✅ #ခုတင် ၅၀၀ ဆေးရုံကြီး ( အမှတ် ၇၄/ ၈၀ မင်းရဲကျော်စွာလမ်း ၊လမ်းမတော်မြို့နယ် ) ပြင်ပလူနာကြည့်ရက်
#ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ( ဗုဒ္ဓဟူး သောကြာ )
#အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ (အင်္ဂါ သောကြာ )
#အသည်းရောဂါ ( အင်္ဂါ ဗုဒ္ဓဟူး ကြာသာပတေး မနက်ပိုင်း )

✅ #သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး (စံပြဆေးရုံ) ပြင်ပလူနာကြည့်ရက်
#ဆီးနှင့်ကျောက်ကပ် (အင်္ဂါ ဗုဒ္ဓဟူး )
#အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ( တနင်္လာ ကြာသာပတေး )

✅ #ရန်ကုန်ကလေးဆေးရုံကြီး-(ဟယ်လ်ပင်) အမှတ် ၂ ၊ ပြည်ထောင်စုရိပ်သာလမ်း ဒဂုံမြို့နယ်) 01222807 ,01222808 , 01222809

✅ #ရန်ကင်းကလေးဆေးရုံ (သစ္စာလမ်း အမှတ်၆ ရပ်ကွက် ၊ ရန်ကင်းမြို့နယ်) 018550684~7

✅ #အရိုးရောဂါအထူးကုဆေးရုံကြီး-(၁၃၂-ဟံသာဝတီလမ်း-ကြည့်မြင့်တိုင်)
#ပြင်ပလူနာကြည့်ရက်
#ကျောရိုးခါးရိုး-တနင်္လာ-ဗုဒ္ဓဟူး-သောကြာ
#လက်ပိုင်းဆိုင်ရာ-အင်္ဂါ-ကြာသာပတေး (မနက် ၈နာရီမှ ၁၂ ထိ)

✅ #ဦးလှထွန်း_မေတ္တာရိပ်မွန် (ကင်ဆာဖောင်ဒေးရှင်း )အမှတ် ၂ လမ်းမကြီးဘေး ကျောက်လမ်းမှတ်တိုင်နှင့် ဦးထွန်းမြတ်မှတ်တိုင်ကြား ၊ အရှေ့ဒဂုံ ရန်ကုန်မြို့ )
#လူနာစုံစမ်းရန် 09772726697
#လှူဒါန်းရန် 09421151535

✅ #ဗဟိုအမျိုးသမီးဆေးရုံကြီး ပြင်ပလူနာကြည့်ရက်
#ကိုယ်ဝန်ဆောင်_တနင်္လာ ဗုဒ္ဓဟူး သောကြာ
#အမျိုးသမီးရောဂါ_အင်္ဂါ ကြာသာပတေး

✅ #နားနှာခေါင်းလည်ချောင်းဆေးရုံကြီး ( တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်လမ်းထိပ် ၊ ဦးချစ်မောင်လမ်းမပေါ် ) 094084511888

✅ #သုခကာရီ-လူမှုကယ်ဆယ်ရေးအသင်း (အမှတ် ၇၃၀ ၊ စာဂလမ်း ၄ ရပ်ကွက် တောင်ဥက္ကလာ ) 09797944777 , 09695026695

✅ #ဘားလမ်း-မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ (အမှတ် ၁၉၆ , ၂၀၀ မဟာဗန္ဓုလပန်းခြံလမ်း၊ အပေါ်ဘလောက် ၂ရပ်ကွက် ၊ကျောက်တံတားမြို့နယ် ) 01376648 ,09971111900

✅ #ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (အမှတ် ၃၈ ကိုယ့်မင်းကိုယ့်ချင်းလမ်း ဗဟန်းမြို့နယ် ရန်ကုန် ) 01541795 , 01545782 , 09683817970

✅ #ရွှေရတုတိပိဋကစက္ခုပါလ_မျက်စိဆေးရုံ (ဒဂုံဆိပ်ကမ်း ၈၈ရပ်ကွက် သုခိတာလမ်း တိပိဋကပညာလင်္ကာရကျောင်းတိုက်အတွင်း ) 09406080851 , 09406080852

✅ #သွားနှင့်ခံတွင်းရောဂါအထူးကုဋ္ဌာန ၊တက္ကသိုလ်များဆေးရုံ၊(တက္ကသိုလ်ရိပ်သာလမ်းနှင့် သထုံလမ်းထောင့် ) #တနင်္လာမှ သောကြာနေ့ထိ

✅ ကျောက်ကပ်ဆေးရန် စုံစမ်းရမည့်နေရာများ
ခုတင် ၅၀၀ ဆေးရုံ
သင်္ဃန်းကျွန်း စံပြဆေးရုံ
အင်းစိန်ဆေးရုံ
ထွန်းဖောင်ဒေးရှင်း ( 0978758077, 09880111263
ဘားလမ်း မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ

📢📢 အပေါ်တွင်ရေးထားသောအထဲမှ အစိုးရဆေးရုံကြီးများမှာ ဖုန်း ဆက်လို့ရမှာ မဟုတ်ပါ။ လူကိုယ်တိုင် မနက်စောစော သွားပါ။အချိန်ဇယားအပြည့်အစုံ photo များကို မန့်မှာ ကြည့်ပါ။ စနေ တနင်္ဂနွေတွင် ပြင်ပလူနာဌာနများ ပိတ်ပါသည်။

---------------------------------------------------------
1 . #ကွယ်ကဘောဆေးရုံ (အမှတ်၁၄၄ မင်းကြီးလမ်း ရွာမအရှေ့ အင်းစိန်) 09253132573, 09253132574, 01647123 ,01647000,01641086, 09892007185

2. #မိုးသီးဆေးရုံ ( အမှတ်၂၃၈. ၂၃၉ ဇေယျာသီရိရပ်ကွက် ယမုံနာလမ်းမကြီးဘေး ဒေါပုံမြို့နယ် ) 01559012 ,01559594, 09261996363 ,09443023893, 09443023890

3. #မိုးသီးဆေးခန်း ( အမှတ် ၇၄ ရေကျော်လမ်းမကြီး YMBAခန်းမရှေ့ ပုဇွန်တောင်မြို့နယ် ) 01293504 ,01299157 ,0949276991, 09795511730

4 . #နှင်းဆီကုန်းဆေးရုံ (Rose Hill ) နားနှာခေါင်းလည်ချောင်း ။ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ် ။ 01552547, 01552906 ,01558401 ,09883807755 , 09883807744

5. #စွမ်းထက်ဆေးခန်း (နားနှာခေါင်းလည်ချောင်း) ဗျိုင်းရေအိုးစင်လမ်း တာမွေ ။ 01548139 , 0973093708

6. #မေတ္တာဦးဆေးခန်း (မျက်စိ) ( အမှတ်၄၉၉ ပြည်လမ်း ၈ရပ်ကွက် ကမာရွတ်မြို့နယ် ) 09940003200,094568600005,
094568600001

7. Eye Care Centre (မျက်စိ) မင်းရဲကျော်စွာလမ်း လမ်းမတော် ။ +951386800 ,09448282821

8. #ယူနိုက်တက်ဗီးရှင်း မျက်စိ ( ရွှေဘုံသာ ) 09450628445

9. vision (အမေရိကန်ဗီးရှင်း မျက်စိ) ရွှေဘုံသာ 09453403324 ,09750779103

10. #ရွှေနဒီဆေးခန်း (ရွှေဘုံသာလမ်း) 09773884383 , 09769060761

11. #နီနီဆေးခန်း 09403997772 ,
09976668111 (မြောက်ဥက္ကလာဆေးရုံကြီးအနီး )
09976668222 ,09976668555

12. #နီနီဆေးခန်း 09977991400 ,012314503

14. #ကုန်းဘောင်ဆေးခန်း ( ရွှေဘုံသာလမ်းအပေါ် ) 09421154786

15. #ဝင်းသုခဆေးခန်း ( မြောက်ဒဂုံ ပင်လုံ ) 09963225505

16. #နေရှင်နယ်ဆေးခန်း ( National ) (နှလုံးနှင့် အဆုတ်ရောဂါအထူးကုဆေးခန်း ) အမှတ်၁၉၉ ဘုန်းကြီးလမ်းအလယ်ဘလောက် လမ်းမတော် ။ 09443155566 , 09443055566 ,09443177444 ,09450602449

17.. #အသောကံဆေးခန်း ( ၆ကွေ့ မြောက်ဥက္ကလာ ) 09401534110

18. #ဝင်းဆမ်းမားရင်း ဆေးခန်း ( အမှတ်၈၂၇ / ဘီ သုမင်္ဂလာလမ်း တောင်ဥက္ကလာ 09699364094 , 095122221

19. #အာယုဆေးရုံ 0193762000, 019376201 ,09767811122 ,09767811144

20. #ဂရန်းဟန်သာဆေးရုံ (နာနတ်တောလမ်းနှင့်ကြည့်မြင့်တိုင်ကမ်းနားလမ်းထောင့် ကမာရွတ်မြို့နယ်) ( 012317600 ,09265490550 ,09949220440 ,012317617 , ,09422049911

21. #ရွှေလမင်းဆေးရုံ မြောက်ဥက္ကလာ (018660460 ,018655612 ,09428418657 , 09895354213 ,
#ရွှေလမင်းဆေးရုံ-လမ်းမတော် 012304826 ,012314892 ,09458294515 ,09899338812

22. ်တော်လေး (မင်္ဂလာတောင်ညွန့်) 09760203062

23. #ကျော်ဆေးခန်း (မင်္ဂလာတောင်ညွန့်) 09740890008

24. #ချမ်းမြေ့ဆေးခန်း (သာကေတ) 09778135533

25. #ဇဝနဆေးခန်း (သင်္ဃန်းကျွန်း) 09266694004

26. #ကျော်မဟာ (ကျောက်မြောင်း) 09450460927

27. #တော်ဝင်ဆေးခန်း (၁၅လမ်းထိပ်) 09889889720
09889889730 , 09889889740
, 01225787 , 01225980

28. -Care ( #မင်္ဂလာ-ကဲ ဆေးခန်း) နန္ဒဝန်စျေးအနီး တောင်ဥက္ကလာ ။ 09974469447 ,09750040701 ,09750040702

29. #စံ-ဆေးခန်း (Standard )အမှတ်၂ စျေးအနီး သာကေတ 09775229029 , 09799755145

30. #ကောင်းမြတ်မွန် ဆီးချိုသွေးချိုအထူးကုစင်တာ ( အမှတ် ၂၆ ဗဟိုလမ်း စမ်းချောင်း ) 017501176 , 0936691902 ,0936691918 ,09767211066

31. #မင်းဆေးခန်း (အရိုးအကြောဆေးခန်း ) ( ၈လမ်း လမ်းမတော် ) 01222473 ,09693675898 ,018222473 ,09793967973 ,09986677323 (စနေ တနင်္ဂနွေ ပိတ်)

32 . #ကုမုဒြာဆေးခန်း (အရိုးအကြော သပြေညိုလမ်း စမ်းချောင်း ) 09449203096 , 09964510758

33. #နေခြည်ဆေးခန်း အရိုးအကြော (ကြည့်မြင့်တိုင် နတ်စင်လမ်း ဆင်မလိုက်အဝေးပြေး ) 09979261052 , 09756690530

34. #နိုင်ဆေးခန်း အရိုးအကြော ( သုဓမ္မာလမ်း ကန်သာယာပန်းခြံရှေ့ မြောက်ဥက္ကလာ ) 09442515323 , 09262072940

35. #ကံ့ကော်ဖူး အရေပြားဆေးခန်း (သင်္ဃန်းကျွန်း ) 0930922846 ,0930194104 , 09420158024

36. #သီဟသိဒ္ဓိဆေးကုခန်း ဦးချစ်မောင်အိမ်ရာရှေ့ ဗဟန်း 09443012279

37. #သက်လုံဆေးရုံ (မြောက်ဥက္ကလာ ) 09964590227 ,019690227, 019690152 , 0973255011

38. #ရွှေဗဟိုဆေးရုံ (တာမွေ ) 09263683904

39. ( Dagon Medicare Hospital ) ၂က ,၂ခ ဆရာစံလမ်း ၂၇ ရပ်ကွက် မြောက်ဒဂုံ ) 09779550009 ,09985500089 ,09985500099

40. #လင်းရောင်ခြည်ဆေးခန်း (အောက်ကြည့်မြင့်တိုင် ) 09984471174 , 09444445211 ,09444445277, 01218376

41. #အေးသုခဆေးခန်း (အင်းစိန် စော်ဘွားကြီးကုန်း ) 09757677207 ,09757677581 ,08943114666

42. #အာရှတော်ဝင် ဆေးရုံ(အမှတ် ၁၄ ဗဟိုလမ်း အောင်ချမ်းသာရပ်ကွက် စမ်းချောင်းမြို့နယ် ) 017538055 , 012304999 ,09778778885 , 09765480706 , 09443993737

43. #မြရတနာ ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း ( မြရတနာ ၅ လမ်း ၊ ခ ရပ်ကွက် ၊ မြောက်ဥက္ကလာ ) 09750798900

44. #ဗဟိုစည်ဆေးရုံ 012300631, 09441144667 , 09940766453 ,012300510

45. ရွှေဂုံတိုင်ဆေးရုံ (ဗဟန်း) 01541457 ,01542400, 8603618 ,
09765653761 ,09449111199 , 01544128

46. -women centre (အမှတ် ၇ အရှေ့ရွှေတိဂုံလမ်း ဗဟန်းမြို့နယ် ၊ ,09765653761~5 / , 09449111199 ,01541457 ,01542400 , 09 965120735

47. #ပင်လုံဆေးရုံ (မြောက်ဒဂုံ) 01581329 , 01581616 , 01583089, 01 8010045 ,01 8010908 , 09777779003 / 4

48. #အောင်ရတနာဆေးရုံ (သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်းမ သင်္ဃန်းကျွန်း ) 018551355 , 09964551355 ,09964551366

49. #မိုးမေတ္တာဆေးရုံ ၊စံရိပ်ငြိမ် (အမှတ် ၃၀ အောင်မြေသာစည် ၁လမ်း ၁ရပ်ကွက် ကမာရွတ်မြို့နယ် ) 017523564 , 017523568 ,09406250030 , 09966914754

50. -အိုအီးစီ ဆေးခန်း (အစာအိမ် အူလမ်းကြောင်း သည်းခြေလမ်းကြောင်း မှန်ပြောင်းကြည့်ဌာန ) (လမ်း၂၀ ထိပ် လသာမြို့နယ်) 018385700 , 09799699112 , 09799699113 / 114 ) , 09976799336, 09976799335

51. KBCဆေးရုံ (ကေဘီစီဆေးရုံ (အင်းစိန် ကညနရှေ့ ) 09882622688 , 09262441822 , 09970007255

52. ပါရမီဆေးရုံ (ချော်တွင်းကုန်းမှတ်တိုင်အနီး မရမ်းကုန်းမြို့နယ်) 09774555566

53 . #စိမ်းလဲ့ဝေအထူးကုဆေးခန်း (အမှတ် ၁၈၆ ဗိုလ်ချုပ်လမ်း ၂ရပ်ကွက် ရွှေပြည်သာမြို့နယ် ) 09885995511, 09885995522, 09885995544

54. #ကန်သာယာဆေးရုံ (ပြည်လမ်း ၆မိုင်ခွဲ လှိုင်မြို့နယ် ) 017515602 ,09340090002, 01505284 , 09340125245

55. Fertility Center (မိုးကောင်းရတနာဆေးရုံ ပထမထပ် ) 09346156747

56. #နီနီဆေးခန်း 012314956 ,02314503

57. #စံပြဆေးခန်း ( အမှတ် ၂၄ မအူကုန်းလမ်း မအူကုန်းရပ်ကွက် တာမွေမြို့နယ် ) 09442442606 , 09970001991 , 09754923459

58. #ဆု-အထူးကုဆေးခန်း (ကံဘဲ့လမ်း ရန်ကင်း) 01570729, 0973259449, 09894522003

59. #ပါရဂူဆေးရုံ ( အနော်ရထာလမ်း ၄၈လမ်းထောင့် ဗိုလ်တထောင်မြို့နယ် )09444923687 , 09897058233 ,09897058244

60. #ဝိတိုရိယဆေးရုံ ( Victoria)+9519666141 , +959783666141 / 142 /143/ 144 ) တော်ဝင်လမ်း ၉မိုင် မရမ်းကုန်း

61. ေးရုံ ( အိုအက်စီ ၊မြောက်ဥက္ကလာ ) 014706622 , 0943208326

62. #ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ) 09421042679 ,09772889922,
09772889911

63. #သုခကမ္ဘာဆေးရုံ (အမှတ်၆၁၅/E မာလာမှတ်တိုင်အနီး ပြည်လမ်း ၂ရပ်ကွက် ကမာရွတ်မြို့နယ် ) 09404040860 , 09941602790 , 09755337229

64. #ဆာကူရာဆေးရုံ 017512668, 01510079, 01512668 09965121864 , 09424405952 / 53

65. #သျှင်ပါကူဆေးရုံ (ဖိုးစိန်လမ်း ဗျိုင်းရေအိုးစင်လမ်းထိပ် (ဗဟန်း) 01548779 , 01549820 , 01554805 , +951209368 ,

66. #အကယ်ဒမီဆေးရုံ (အောက်ကြည့်မြင့်တိုင်လမ်း အလုံမြို့နယ် ။ ) 01202890 , 01212889 , 09948212890 ,01212890

67. #မင်းနန္ဒာဆေးရုံ (ဒေါပုံ) 09795469066, 09444558831 ,09890323833

68. #သီရိစန္ဒာဆေးရုံ 013640259 ,013640262 ,013647344
သီရိစန္ဒာဆေးခန်း 013640340, 013647311 , 09263959677 ,09426647761

69. #လကမ္ဘာဆေးရုံ မြောက်ဥက္ကလာ 09456021511 , 09259499720 , 09259499727

70. #ကျေးဇူး (ဆေးခန်း ) 095060790

71. #နေဇာအထူးကုဆေးခန်း (အမှတ် ၂၆၇-၂၇၃ ရွှေဘုံသာအလယ်လမ်း ပန်းဘဲတန်း) 01388083, 01383744 , 01254969

72. #နဒီဧရာ(သင်္ဃန်းကျွန်း) 09423388622 ,09400244207

73. #မိုးကောင်းရတနာဆေးရုံ (မိုးကောင်းလမ်း ၁၅ရပ်ကွက် ရန်ကင်းမြို့နယ် ) 09696908881 /3 ,09340221960, 09340221962 ,09420705981

74. #ပြည်သာယာဆေးခန်း (ရန်ကင်း) 09269037711, 09269037722

75. #ခိုင်ရတနာဆေးရုံ (သာကေတ) 09885747474

76. #မြင့်သော်တာဆေးခန်း(ကန်လမ်း , လှိုင်မြို့နယ် ) 09989655610 ,09942888749 , 09899990720

77. #ရွှေတော်ဝင်ဆေးခန်း ( မဒဂုံ )
09799992342

78. #တက်လန်းဆေးရုံ
09-515 4664, 01-654 585, 01-233 4585, 09407897774
အမှတ် (61)၊ သံသုမာလမ်းမကြီး(မင်းရဲကျော်စွာလမ်းနှင့် သံသုမာလမ်းထောင့်)၊ 7ရပ်ကွက်၊ တောင်ဥက္ကလာပ

79. #ကောင်းမြတ်မင်္ဂလာဆေးခန်း ဘုန်းကြီးလမ်း 09409949911

80. #လင်းရောင်ခြည်ဆေးခန်း ကြည့်မြင့်တိုင် 09444445211

81. #ရွှေတိုင်ဆေးခန်း ကြည့်မြင့်တိုင် 09777785380

82. #အေးသုခဆေးခန်း (အရှေ့ကြို့ကုန်း အင်းစိန် ) 09757677207 ,09757677681

83. #ပီတိဆေးခန်း (သိမ်ဖြူလမ်း မင်္ဂလာတောင်ညွန့် ) 09420000749 , 09251024549

84. #ဇီဝမော် ဆေးခန်း ( စဥ့်အိုးတန်းလမ်း လသာ အောက်ဘလောက် ။ 095059598 , 09790174835 ,09950312677 ,09691141744

85. #ရာဇဓိရာဇ်ဆေးရုံ (ဒဂုံမြို့သစ်အရှေ့ပိုင်း) 09979467250 , 09255807680

86. #စီးတီးဝင်းဆေးရုံ win တောင်ဒဂုံ ၂၆ရပ်ကွက် ။ 09899588500

87. #အရှေ့အနောက်ပါရမီဆေးရုံ (၃၆ရပ်ကွက် မြောက်ဒဂုံ ) 09250178136 , 09257727995

88. #ဇီဇဝါဆေးခန်း (၁၅ရပ်ကွက် တောင်ဥက္ကလာ) 09250288012

89. Grace 09944030377

90. #မေတ္တာဆေးရုံ ( မေတ္တာလမ်း ၁၂ရပ်ကွက် တောင်ဥက္ကလာ ) 09262840600 , 09882628622

(91) 09780162447
ရွှေဂုံတိုင် 01544463 , 01544464

(92) #ကောင်းစုအောင်ဆေးရုံ (မြို့ဦးစေတီအနီး ရွှေပြည်သာမြို့နယ်) 09961688885 ,09799787231, 09940009441

(93). ရွှေပုပ္ပါးဆေးခန်း ( ရန်ကင်းပန်းခြံအိမ်ရာ ၊ဆရာစံလမ်းမကြီး၊ ရန်ကင်းမြို့နယ်) 01556316 ,01556001 ,01556002

(94) အောင်ရတနာဆေးခန်း ( ၁၆ကွေ့) 09898229494

(95) . #နေခြည်ဆေးကုခန်း (အရိုးအကြော) ဆေးခန်း ၁ -အမှတ်၁၀၁/၁၀၃ နတ်စင်လမ်း ကြည့်မြင့်တိုင်
#ဆေးခန်း ၂ - 005 A တိုက်B ယုဇနလမ်း Hiway Complex ကမာရွတ် 09756690530 ,09979261052

(96) ဇီးကွက်မျက်စိအထူးကုဆေးရုံ (လမ်းသစ်လမ်း အင်းစိန်ပန်းခြံမှတ်တိုင်အနီး ရိုးမဘဏ်ရှေ့ ) 09783383313 ,09783383323

(97) သုခနွယ် (ဗိုလ်ကလေးစျေးလမ်းနှင့်ကုန်သည်လမ်းထောင့်) 01200493, 01297440 , 095018892 , 098297440 , 018200493

(98) #ပြည့်စုံအောင် (​အောင်တော်မူလမ်း မြေနီကုန်း ) 01526980 , 09958739024 , 095190810

(99) . #သံသာဆေးခန်း (အမှတ် ၄၅/ခ ဗညားဒလလမ်း တာမွေ ၊ ရှင်ပါကူဆေးရုံမျက်နှာချင်းဆိုင် ) 09255359334 , 09782848770 ,

(100) Cross (မော်တင်ဆေးရုံ )လမ်းသစ်လမ်း ၁၁ရပ်ကွက် လမ်းမတော်မြို့နယ် ။ 01230055 , 012300652 , 09250375597

(101) #မဟာမြိုင်ဆေးရုံ ( အမှတ် ၃၀၈ ပြည်လမ်း စမ်းချောင်းမြို့နယ် ) 01504927 ,09940299990 , 09940299991 , 09755798897

(102) UHC ဆေးရုံ ( ဗဟန်းမြို့နယ် ) 09759633391 , 09759633392

(103) #ပုလဲသီတာဆေးရုံ ( ဝါးတန်းလမ်း လမ်းမတော်မြို့နယ် ) 0122249 , 01227372 ,01226800

(104) #ပန်းလှိုင်တော်ဝင် 095137812 , 09772889922

(105) #လင်းရောင်ခြည်ဆေးခန်း (အောက်ကြည့်မြင့်တိုင်လမ်း ၊ အနောက်ပိုင်းဆေးရုံအနီး ကြည့်မြင့်တိုင်မြို့နယ် ) 09444445210 , 09444445277 ,0933886975 , 09777746662

(106) #ဝင်းသုခဆေးခန်း ( ၃၅ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်း ) 09963225505 ,09963225515

(107) #အေးရိပ်သာဆေးခန်း ( ရွှေဘုံသာလမ်း အထက် . .ပန်းဘဲတန်း ) 01382033 , 09251977371 ,09972982811 ,09777194460

(108) #မြတ်သုခဆေးခန်း ( ဂျိုးဖြူလမ်းသွယ် ၁ ဝါယာလက် မင်္ဂလာဒုံ ) 09255799625 ,0931458756

(109) #ကောင်းမြတ်ဆေးခန်း (ရွှေတောင်တန်း လမ်းတို) 09770101050 ,09770101060

(110) #နီနီ ( အလုံ ) 09977991401

(111) #အတိသုခဆေးခန်း ( သရက်တော. . တောင်ရပ်ကွက် ကြည့်မြင့်တိုင် ) 09752155552 ,09752155553 ,09752155559 ,

(112) #မြတ်မွန်ရတနာဆေးခန်း (သိမ်ဖြူလမ်း မင်္ဂလာတောင်ညွန့် ) 01383818 ,0942010542

(113) #ချမ်းမြေ့မေတ္တာဆေးရုံ ( သန်လျင် ) 0562022600 , 09420123047

(114)ကြယ်စင်ဆေးခန်း (နားနှာခေါင်းလည်ချောင်းဆေးခန်း ) အမှတ် ၇၅/စီ မြေညီ ဗညားဒလလမ်း သျှင်ပါကူဆေးရုံဘေး တာမွေနားနှာခေါင်းလည်ချောင်းဆေးရုံဆေးရုံရှေ့ ဗဟန်းမြို့နယ် ) 09883491914 , 09883491915

(115) #မြင့်မြတ် စိတ်ကျန်းမာရေးအထူးကုဆေးခန်း (မြောက်ဒဂုံ ) 09777405789

(116) #ကျန်းမာပါစေ အထူးကုဆေးခန်း ( အထက်ပန်းဆိုးတန်းလမ်း ကျောက်တံတားမြို့နယ် ) 09886002200 , 0975810004 ,09768100035

(117) Clinic ဆေးခန်း ( ၁) မင်းရဲကျော်စွာလမ်း အလုံမြို့နယ် ဗဟိုအမျိုးသမီးဆေးရုံရှေ့ 09400400662 , 09400400663

(118) Clinic ဆေးခန်း (၂) မေဓါဝီလမ်း မြောက်ဥက္ကလာ ၊ သက်လုံဆေးရုံဘေး ။ 09400400870 ,09400200651 ,

(119) #ကောင်းမြတ်ဆေးခန်း 09770101050, 09770101060

(120) #သီတာမင်း အထူးကုဆေးခန်း (ရွှေဘုံသာလမ်းအပေါ် ) 01246422

(121) #ကံ့ကော်ဆေးခန်း 09264588829 ,

(122) Doctor ဆေးခန်း ( ကမ်းနားလမ်းမ ဆင်မင်းစျေးရှေ့ အလုံမြို့နယ် ) 09447164575 ,09954405404

(123) #ပိတောက်ဆေးခန်း (မင်္ဂလာဒုံ ရာသက်ပန်မှတ်တိုင်အနီး ) 09423747325

(124) #သစ္စာဆေးခန်း (မြောက်ဒဂုံ) 09269999760

(125) #ကန်ရိပ်သာ Wellness Centre ( အမှတ် ၁၅ ကန်ရိပ်သာလမ်း မရမ်းကုန်းမြို့နယ် ) 09977809091 ,09450604041

(126) သမားတော်အထူးကုဆေးခန်း ( ၈မိုင် ပြည်လမ်း မရမ်းကုန်းမြို့နယ် ) 01652417 , 01652418 ,09403093259 , 09408547755, 09408547744 , 09408547733

(127) ချမ်းမြေ့သာဆေးခန်း ( ရွှေတောင်တန်းလမ်း လမ်းမတော်မြို့နယ် ) 018228021 , 09765136237

(128) Royal Malikha (ရွိုင်ရယ် မလိခ ) 09897733440

(129) သုခစစ် ဆေးခန်း (ပင်လုံလမ်းမကြီး ၊ ၃၅ ရပ်ကွက် ၊ မြောက်ဒဂုံ ) 09963225515 , 09963225505

(130) ကောင်း ဆေးရုံ ( အောင်မင်္ဂလာဒုံလမ်း ဖော့ကန်စျေးအနီး အင်းစိန်မြို့နယ် ) 0973158943 , 09253321288 , 640569 , 645648

(131). #အင်းယားဆေးခန်း (အမှတ် ၉ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ် ) 09440650050 ,09773334483

(132). #မြင့်အင်စန်း ( အရေပြားနှင့်အလှအပဆိုင်ရာ) 018382247 , 018256045 , 09888082228 , 09965058586

(133). #ဒဂုံဆိပ်ကမ်းဆေးရုံ (အမှတ်၁၆၈ ကနောင်မင်းသားကြီးလမ်း ၈၇ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ် ) 0973074006

(134) ပြည့်စုံသုခအထူးကုဆေးခန်း (အမှတ် ၁၂/ခ မြင်တော်သာလမ်းမကြီးနှင့် အောင်ဇေယျလမ်းထောင့် ၄​ မြောက်ရပ်ကွက် သာကေတမြို့နယ် ) 09446999114 , 09772248889

(135) #ပြည်ကျော်အထူးကုဆေးခန်း ( ၇၁ ရပ်ကွက်ရုံးရှေ့ တောင်ဒဂုံမြို့နယ် ) 09791777444 ,09793777444

(136) #အနှိုင်းမဲ့အထူးကုဆေးခန်း (အခန်း ၁ ၊ ယောမင်းကြီးလမ်း ဒဂုံမြို့နယ်) 09765079279 ,09780802575 ,09449546393

(137) #မြ (ပါရမီ) ဆေးရုံ ( ပါရမီလမ်းနှင့်ဦးဖိုးမှန်လမ်းကြား ၊ ၁၆ရပ်ကွက် လှိုင်မြို့နယ် ) 09963208088 ,09793113155 ,09793113156

(138) #ဝင်းဇီဝကဆေးခန်း ( Winziwaka Clinic ) အမှတ် ၄၆ ၊ ဗိုလ်ရွဲလမ်း (မောင်ခိုင်လမ်း) အောက် ၊ လသာမြို့နယ် ) 01251436 , 01256232 , 09795350886 ,09950880804 , 09773437803

(139) #လင်းပါရဂူ ( မျက်စိ နား နှာခေါင်း လည်ချောင်း ဆေးခန်း ) အမှတ်၁၅ အနောက်မြင်းပြိုင်ကွင်းလမ်း ၊ တာမွေအဝိုင်းကြီးအနီး ဗဟန်းမြို့နယ် ) 01549829

(140) #လှိုင်တော်ဝင်ဆေးရုံ (မကွေးလမ်း ၊ လှိုင်သာယာမြို့နယ် ) 09427878800 , 09783688800 , 09427878900

{141) #ခိုင် ဆေးရုံ ( ထီးလှိုင်ရှင်လမ်း ၊ လှိုင်သာယာမြို့နယ် ) 013645451 , 013645452

(142) #သမိုင်း ပုဂ္ဂလိက အထူးကုဆေးရုံ (သမိုင်းလမ်းဆုံ မရမ်းကုန်းမြို့နယ် ) 019669311 , 019669312 , 09765489284

(143) မြင်တော်သာ အထူးကုဆေးခန်း ( ၄ မြောက်ရပ်ကွက် ၊ မြင်တော်သာလမ်းမကြီး ၊ သာကေတ ) 09797468963

(144) Tech ဟိုင်းတက် အထူးကုဆေးခန်း ( အမှတ် ၃၀ ၊ လမ်းသစ်လမ်း အလယ်လမ်း ၊ လမ်းမတော်မြို့နယ် ) 09420405087 , 09770022513

(145) #ဇော်ဂျီ မိခင်နှင့်ကလေး အထူးကုဆေးခန်း ( အမှတ် ၃၁ ၊ သံသုမာလမ်း ရန်ကုန်သစ်ရပ်ကွက် ဝေဘူလမှတ်တိုင် သင်္ဃန်းကျွန်းမြို့နယ် ) 09978066219 , 09750742401 , 09259262636

(146) #အေးမေတ္တာအထူးကုဆေးခန်း ( ဗိုလ်ဆွန်ပတ်လမ်း အပေါ်ဘလောက် ) 09260205554

(147) General Hospital မိသားစုအထွေထွေရောဂါကုဆေးရုံ ( ပင်လုံလမ်းမကြီး ၃၇ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း ) 095048853 , 09799580329 , 09974041115

(148) #စန်းသော်တာ မျက်စိဆေးရုံ ( အမှတ် ဘီ ၄/ ဘီ ၁ ၊ သမိုင်းလမ်းဆုံ ၊ ၃ ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ရန်ကုန် ) 098616909 , 09424794621

(149) ခိုင်သဇင်အထူးကုဆေးခန်း ( ဂိတ်ဟောင်းမှတ်တိုင် ၂၅ ရပ်ကွက်၊ တောင်ဒဂုံ) 09791777760, 09456783434 , 09253777067

(150) ဇီဝကအထူးကုဆေးခန်း ( လေးထောင့်ကန်လမ်းမကြီး သင်္ဃန်းကျွန်းမြို့နယ် ) 018551371, 018551372

(151) ရတနာအထွေထွေရောဂါကုနှင့် သားဖွားဆေးရုံ ( ၁၉ရပ်ကွက် လှော်ကားလမ်း တောင်ဒဂုံ ) 09777420750 , 09799122484

(152) သစ္စာအထူးကုဆေးခန်း (ဘုရင့်နောင်လမ်း မြောက်ဒဂုံ ) 09250511842 , 09752936575 , 09752936576

(153) မြင့်မိုရ်သုခ အထူးကုဆေးခန်း (တိုက် ၆၊ လှိုင်ဘူတာရုံလမ်းနှင့် အေးရိပ်မွန်လမ်းမကြီးထောင့် ၊ ၃ ရပ်ကွက်၊ ) 09444558847 , 09444558857

(154) သူရိန်မွန် ဆေးခန်း ( အမှတ် G 3 ၊ ရွှေဂုဏ်သူအိမ်ရာ အောက်ကြည့်မြင့်တိုင်လမ်းမကြီး ၊ ကြည့်မြင့်တိုင်မြို့နယ် ) 01508049 , 09777324744 ,09777324744

(155) ခိုင် ဆေးခန်း ( အမှတ် ၁၆၆ ၊ လေးထောင့်ကန်လမ်းမကြီး ဘုရားလမ်းမှတ်တိုင် ၊ သင်္ဃန်းကျွန်းမြို့နယ် ) 013551584 , 0973237793 , 09785367328

(156) မေတ္တာရွှေရည် အထူးကုဆေးခန်း ( ပါရမီလမ်း ) 0943115905

(157) ဇီဝသုခ အထူးကုဆေးခန်း ( တိုက် ၂၃ ၊ ကမာကြည်လမ်း ၊ ၈ ရပ်ကွက် သာကေတမြို့နယ် ) 09796728826 , 09796728827

(158) ချမ်းသာဆေးရုံ ( ခေမာသီလမ်း ၊ မြောက်ဥက္ကလာ ) 019699908 , 019699855 , 095184732

(159) နေလ အထူးကုဆေးခန်း ( အောင်ရတနာအိမ်ရာ ၊ သုဝဏ္ဏ ၊ သင်္ဃန်းကျွန်းမြို့နယ် ) 0933424665

(160) ထက်အာရှ အထူးကုဆေးခန်း ( အမှတ် ၃၄၁ ၊ ရွှေဘုံသာ အထက်လမ်း၊ ပန်းဘဲတန်းမြို့နယ် ) 01242471 , 01374735

(161) သုခကြွယ်ဆေးရုံ ( ခေမာသီလမ်းမကြီး ၊ စျ စျေးအနီး ၊ မြောက်ဥက္ကလာ ) 01692225 , 01692226 , 01692227

(162) ရွှေညောင်ပင်ဆေးခန်း ( အမှတ် ၂ ၊ အနောက်မြင်းပြိုင်ကွင်းလမ်း ၊ တာမွေ ) 01548595 , 01542846 , 09250022361

✳️✳️ fbပေါ် တွေ့သမျှ စုစည်းပေးထားခြင်းသာ ။ အားလုံး credit ပါ။
လွယ်ကူအဆင်ပြေသော တနေ့တာဖြစ်ပါစေ။

Address


Telephone

+959420053396

Website

Alerts

Be the first to know and let us send you an email when Dr Hsu Yadanar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram