Dr.Nang Soung Hnin Oo

  • Home
  • Dr.Nang Soung Hnin Oo

Dr.Nang Soung Hnin Oo ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း

27/04/2022
ရေများများသောက်ကြပါနော်🧏🏻‍♀️
26/04/2022

ရေများများသောက်ကြပါနော်🧏🏻‍♀️

မင်္ဂလာပါရှင့်🤗ဒီ page မှာ ဆေးပညာဆိုင်ရာ ဗဟုသုတလေးတွေနဲ့ အချို့သော ဘဝ အမောပြောစရာလေးတွေကို အခါခွင့်သင့်သလို တင်သွားပေးမှ...
26/04/2022

မင်္ဂလာပါရှင့်🤗
ဒီ page မှာ ဆေးပညာဆိုင်ရာ ဗဟုသုတလေးတွေနဲ့ အချို့သော ဘဝ အမောပြောစရာလေးတွေကို အခါခွင့်သင့်သလို တင်သွားပေးမှာမို့ လွတ်လပ်ပေါ့ပါးစွာ ဝင်ရောက်လေ့လာနိုင်ပါတယ်နော်

@😂ရီချင်ရင် comment မှာသွားရီနော်😂

❓အရက်သောက်ခြင်းကြောင့် ဘာတွေဖြစ်တတ်လဲ(၁) ရေဓာတ်ခမ်းခြောက်စေတယ်အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ်ပိုနည်းလာတတ်တယ်။ ဒီ...
24/04/2022

❓အရက်သောက်ခြင်းကြောင့် ဘာတွေဖြစ်တတ်လဲ

(၁) ရေဓာတ်ခမ်းခြောက်စေတယ်

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ်ပိုနည်းလာတတ်တယ်။ ဒီအရည်တွေသောက်လို့ ရေငတ်ပြေမယ်မထင်ပါနဲ့။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲကရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခန်းခြောက်နိုင်တဲ့အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။

(၂) အသားခြောက်စေနိုင်တယ်
လူတွေက အသက်ကြီးလာရင် အရေပြားတွေပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ ဒါကတော့ သဘာဝအလျောက်ဖြစ်တဲ့ ရင့်ရော်မှုဖြစ်စဉ်ဆိုတော့ ကိုယ်ထိန်းချုပ်လို့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့နေထိုင်ပြုမှုပုံတွေကြောင့် ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ်ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်နဲ့ရုပ်ရင့်စေပါလိမ့်မယ်။
(၃) အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေတယ်

အယ်လ်ကိုဟောက အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတချို့ကို ထိခိုက်စေပြီး မြန်မြန်ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေပိုများစေနိုင်တယ်ဆိုပေမယ့် တော်တန်ရုံသောက်တဲ့သူတွေမှာတောင် အသည်းအဆီဖုံးခြင်းဖြစ်လာနိုင်ပါတယ်။ နောက်ပြီးကျောက်ကပ်လုပ်ဆောင်ချက်တွေမှာလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

(၄) ဦးနှောက်စွမ်းဆောင်ရည်ကို နှေးစေတယ်
အရက်တစ်ငုံသောက်လိုက်တိုင်း ကိုယ့်ခေါင်းကို (ဦးနှောက်အာရုံကြောကို) အရင်တန်းထိမှာပဲ။ ခေါင်းထဲမှာ မူးနေချင်တာကိုး။ သက်တမ်းကြာကြာ အရက်များများသောက်ခဲ့သူတွေမှာ ဦးနှောက်ဆဲလ်တွေကျုံ့လာနိုင်ပြီး အရက်ကြောင့်ဖြစ်တဲ့ ဦးနှောက်ထိခိုက်မှု (ARBD) နဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေဖြစ်လာစေနိုင်တယ်။ ဆုံးဖြတ်သုံးသပ်နိုင်စွမ်းမရှိတာ၊ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုအားနည်းလာတာ၊ အာရုံစူးစိုက်ရခက်တာ၊ စိတ်တိုဒေါသဖြစ်လွယ်တာ စတာတွေအပါအဝင် လက္ခဏာမျိုးစုံရှိလာတတ်ပါတယ်။

(၅) ကိုယ်ခံအားစနစ်ကို အားနည်းစေတယ်
အယ်လ်ကိုဟောက တီဘီရောဂါ၊ နမိုးနီးယားရောဂါတို့လို အသက်အန္တရာယ်ပေးနိုင်တဲ့ရောဂါတွေကို ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါဟာ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်တစ်ရှူးတွေကို တိုက်ခိုက်မှုကြောင့်ဖြစ်လာတာလို့လည်း သုတေသနတွေကလေ့လာခဲ့ကြပါတယ်။

(၆) နှလုံးကို ထိခိုက်စေတယ်
ဝိုင်နီမှာ ကိုလက်စထရောပမာဏကို ထိန်းညှိပြီး သွေးကြောကျန်းမာရေးကို ကာကွယ်ပေးတယ်ဆိုတဲ့ polyphenols ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ တစ်နေ့တစ်ခွက်လောက် ဆေးဖြစ်ဝါးဖြစ်သောက်ရင် နှလုံးအတွက်ကောင်းတယ်လို့ သုတေသနတချို့ကဖော်ပြကြတယ်။ ဒါပေမယ့်များသွားရင် နှလုံးခုန်မမှန်တာ၊ သွေးပေါင်တက်တာတွေ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ကျန်းမာချင်လို့တော့ အယ်လ်ကိုဟောကို အားမကိုးပါနဲ့။

(၇) အိပ်ရေးပျက်စေနိုင်တယ်

အိပ်ပျော်အောင်လို့ အရက်သောက်ပြီး အိပ်ပစ်လိုက်တယ်ဆိုတာ မှန်ကန်တဲ့အနားယူနည်းမဟုတ်ပါဘူး။ အရက်သောက်ပြီး မှောက်သွားခဲ့ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ့်အစား တရေးနိုးမှာ အရက်ကြောင့် မျက်စိကြောင်နိုင်သလို အိပ်နေရင်းလည်းဂနာမငြိမ်ဖြစ်နေစေနိုင်တယ်။

24/04/2022
ကျန်းမာရေးနှင့် ဆေးပညာဆိုင်ရာ အကြံပြုချက်များကိုလဲ မကြာခန တင်ပေးသွားမှာ ဖြစ်ပါတယ်
24/04/2022

ကျန်းမာရေးနှင့် ဆေးပညာဆိုင်ရာ အကြံပြုချက်များကိုလဲ မကြာခန တင်ပေးသွားမှာ ဖြစ်ပါတယ်

💓 ​ဆေးဆိုင်နဲ့ပတ်သက်တဲ့ အကြံဉာဏ် ရယူလိုပါသလား❤ ဘယ်လောက်ရင်းနှီးပြီး ဘယ်လို စတင်သင့်သလဲ ဆွေးနွေးလိုပါသလား💝 ဆေးဆိုင်ဖွင့်ဖ...
24/04/2022

💓 ​ဆေးဆိုင်နဲ့ပတ်သက်တဲ့ အကြံဉာဏ် ရယူလိုပါသလား
❤ ဘယ်လောက်ရင်းနှီးပြီး ဘယ်လို စတင်သင့်သလဲ ဆွေးနွေးလိုပါသလား
💝 ဆေးဆိုင်ဖွင့်ဖို့ ဘာလုက်ရမှန်း မသိဖြစ်နေပါသလား
ဒေါက်တာ နန်းဆောင်းနှင်းဦး Nang Soung Hnin Oo နှင့် ဆွေးနွေးတိုင်ပင်ကြည့်လိုက်ပါ
ဆေးဆိုင်နှင့် ပတ်သက်သမျှ လုပ်ငန်းဆောင်တာများကို ဝန်ဆောင်မှု ပေးနေပါပြီ

24/04/2022
24/04/2022

Address


Telephone

+959666181155

Website

Alerts

Be the first to know and let us send you an email when Dr.Nang Soung Hnin Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Nang Soung Hnin Oo:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram