ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင်

  • Home
  • Myanmar
  • Kalemyo
  • ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင်

ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင်, Kalemyo.

Hello JULY ⛈️☔💥🖤♥️💛🩵🤍💚
01/07/2025

Hello JULY ⛈️☔💥

🖤♥️💛
🩵🤍💚

 #မျက်ခွံကျခြင်း (Ptosis)အပေါ်မျက်ခွံ တဖက်(သို့)နှစ်ဖက်စလုံးသည် အောက်သို့လျောကျနေခြင်းကို မျက်ခွံကျခြင်း ( ) ဟုခေါ်ပါသည်...
20/06/2025

#မျက်ခွံကျခြင်း (Ptosis)

အပေါ်မျက်ခွံ တဖက်(သို့)နှစ်ဖက်စလုံးသည် အောက်သို့လျောကျနေခြင်းကို မျက်ခွံကျခြင်း ( ) ဟုခေါ်ပါသည်။

မျက်ခွံကျရသည့်အကြောင်းရင်းများ

✅ မွေးရာပါမျက်ခွံကျခြင်း
✅ မျက်ခွံကိုထောက်ပံ့ပေးထားသော အာရုံကြောများထိခိုက်ပျက်စီးခြင်း
✅ အသက်ကြီးသောအခါ ကြွက်သား၊ အရေပြားများ အားနည်းလာ၍ မျက်ခွံတွဲကျလာခြင်း တို့ဖြစ်ပါသည်။

▶️မျက်ခွံတွဲကျခြင်းသည် အမြင်အာရုံကိုထိခိုက်လာပါက ခွဲစိတ်ဖို့လိုအပ်ပါသည်။
▶️ခွဲစိတ်သည့်အခါ ထုံဆေးကိုအသုံးပြု၍ ခွဲစိတ်နိုင်ပါသည်။
▶️ခွဲစိတ်ပြီးသည့်အခါ သိသာထင်ရှားသော ပြောင်းလဲမှုကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဟု ဆိုသည့်အတိုင်း

လူကြီးမင်းတို့ရဲ့ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော အ‌ကြောင်းအရာများကို သိရှိရန် page ကို Like and follow လုပ်ထားပေးပါရန်
#မျက်ခွံကျခြင်း #မျက်စိရောဂါ #မျက်စိကျန်းမာရေး

**Blue Block (Blue Light Filter) မှန်သုံးခြင်း၏ ကောင်းကျိုးများ**  Blue Block မှန်တွေဟာ လူကြီး၊ လူငယ်မရွေး အထူးသဖြင့် ကွ...
12/06/2025

**Blue Block (Blue Light Filter) မှန်သုံးခြင်း၏ ကောင်းကျိုးများ**

Blue Block မှန်တွေဟာ လူကြီး၊ လူငယ်မရွေး အထူးသဖြင့် ကွန်ပျူတာ၊ ဖုန်း နဲ့ ဒီဂျစ်တယ်စခရင်တွေကို အချိန်ကြာကြာသုံးရသူတွေအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

# # # **Blue Block မှန်သုံးခြင်းရဲ့ အဓိကအကျိုးကျေးဇူးများ**

1. **မျက်စိညောင်းညာမှု သက်သာစေခြင်း**
- Blue Light (အပြာရောင်အလင်း) ဟာ မျက်လုံးကို ပင်ပန်းစေပြီး Digital Eye Strain (မျက်စိညောင်းညာမှု) ကိုဖြစ်စေနိုင်ပါတယ်။ Blue Block မှန်သုံးခြင်းဖြင့် မျက်စိညောင်းညာမှု၊ ခေါင်းကိုက်မှုတွေကို လျော့ကျစေနိုင်ပါတယ်။

2. **အိပ်စက်မှုအရည်အသွေး ကောင်းမွန်စေခြင်း**
- Blue Light ဟာ melatonin (အိပ်စက်မှုဟော်မုန်း) ထုတ်လုပ်မှုကို ဟန့်တားနိုင်ပြီး အိပ်မပျော်ခြင်း (insomnia) ကိုဖြစ်စေနိုင်ပါတယ်။ Blue Block မှန်သုံးခြင်းဖြင့် ညဘက်တွင် ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

3. **မျက်စိကျန်းမာရေး ကာကွယ်ပေးခြင်း**
- အချိန်ကြာကြာ Blue Light ထိတွေ့မှုဟာ မျက်စိအတွင်းတိမ် (Cataracts) နဲ့ Macular Degeneration (မျက်စိအမြင်အာရုံချို့ယွင်းမှု) တို့ကို ဖြစ်စေနိုင်ပါတယ်။ Blue Block မှန်သုံးခြင်းဖြင့် မျက်စိရဲ့ ရေရှည်ကျန်းမာရေးကို ကာကွယ်ပေးနိုင်ပါတယ်။

4. **အလုပ်လုပ်နိုင်စွမ်း ပိုမိုကောင်းမွန်စေခြင်း**
- Blue Light ကြောင့် မျက်စိညောင်းညာမှုနည်းပြီး အာရုံစူးစိုက်မှုပိုကောင်းစေကာ အလုပ်နဲ့ပညာရေးတို့တွင် ထိရောက်မှုရှိစေပါတယ်။

5. **အသားအရေကို ကာကွယ်ပေးခြင်း**
- Blue Light ဟာ အရေပြားကို ထိခိုက်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။ Blue Block မှန်သုံးခြင်းဖြင့် အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။

# # # **ဘယ်သူတွေ Blue Block မှန်သုံးသင့်သလဲ?**
- ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်အသုံးများသူများ
- ညဘက်အလုပ်လုပ်ရသူများ (Night Shift Workers)
- မျက်စိညောင်းညာလွယ်သူများ
- အိပ်စက်မှုပြဿနာရှိသူများ

**သုံးစွဲရန်အကြံပြုချက်**
- Blue Block မှန်ကို အလင်းရောင်ပြင်းထန်သော နေရာများ (သို့) ညဘက်အသုံးပြုတဲ့အခါ ပိုမိုထိရောက်စေပါတယ်။
- Anti-reflective Coating (AR) ပါသော Blue Block မှန်များကို ရွေးချယ်ပါ။

ဒီဂျစ်တယ်ခေတ်မှာ Blue Block မှန်သုံးခြင်းဟာ မျက်စိနဲ့ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ 😊


#ချယ်ရီဦးမျက်မှန်

လူကြီး လူငယ် ကြိုက်ကြတယ် ရှဲကိုင်း Quantity လဲကောင်းတယ် ဈေးလဲတန်တယ်လူကြီး လူငယ် တပ်ကြတယ်
09/06/2025

လူကြီး လူငယ် ကြိုက်ကြတယ် ရှဲကိုင်း
Quantity လဲကောင်းတယ် ဈေးလဲတန်တယ်
လူကြီး လူငယ် တပ်ကြတယ်

    အကြောင်းဒီတခါ ပြောပြပေးမှာကတော့ လူကြီးတွေကြားမှာ အပြောများ အဖြစ်များတဲ့ Floaters အကြောင်း ဖြစ်ပါတယ်....!☑️Floaters ဆ...
09/06/2025

အကြောင်း

ဒီတခါ ပြောပြပေးမှာကတော့ လူကြီးတွေကြားမှာ အပြောများ အဖြစ်များတဲ့ Floaters အကြောင်း ဖြစ်ပါတယ်....!

☑️Floaters ဆိုတာက မျက်လုံးထဲမှာ အနက်ပျောက် , အနက်မှုန် , ပင့်ကူမျှင် , ဆံချည်မျှင် , ရေစက် , အကောင်ပြေးနေသလို ပုံစံလေးတွေ မျက်လုံးထဲမှာ မြင်နေရခြင်း ဖြစ်ပါတယ်။🧖‍♀️🧖‍♀️

☑️ဘာကြောင့်ဖြစ်တာလဲဆိုတော့ မျက်လုံးအနောက်ခန်းမှာ ရှိတဲ့ Vitreous လို့ခေါ်တဲ့ Jelly တွေ အရည်ပျော်လာပြီး အမြင်လွှာနဲ့ကွာလာကာ လှုပ်ရှားလာတာ ဖြစ်ပါတယ်။ အဲ့တာကို PVD (posterior vitreous detachment) လို့ခေါ်ပါတယ်။

များသောအားဖြင့် လူကြီးတွေမှာ ဖြစ်တတ်ပါတယ်။
ဒါပေမယ့်...
➡️အဝေးမှုန်ပါဝါများတဲ့သူ🤓🤓
➡️အတွင်းတိမ်ခွဲစိတ်ထားတဲ့သူ
➡️မျက်လုံးထိခိုက်ဒဏ်ရာရထားတဲ့သူ
➡️မျက်လုံးအနောက်ခန်း ခွဲစိတ်ထားသူ
➡️မျက်လုံးအနောက်ခန်း လေဆာပစ်ထားသူ
မှာတော့ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်

☑️ဒါကြောင့် အဲ့လို အမှုန်တွေမြင်ရပြီးရင်တော့ မျက်လုံးလှုပ်လိုက်တိုင်း အမှုန်တွေ အမျှင်တွေလိုက်လှုပ်နေတတ်တာမျိုး မြင်နေရပါမယ်။

တခါတလေလည်း ပျောက်နေတတ်ပါတယ်။

တခါတလေလည်း အရင်ကထက် နည်းသွားတာ၊သေးသွားတာမျိုး ရှိတတ်ပါတယ်။

🚫ပျောက်အောင်ကုသလို့ မရသလို ၊
ပျောက်စေတဲ့ မျက်စဥ်း ၊ စားဆေးလည်း မရှိပါဘူး။

☑️ပုံမှန်အားဖြင့်တော့ စိတ်ပူစရာမရှိပါဘူး
ဒါပေမယ့် ကိုယ်တိုင်က ဂရုစိုက်တဲ့သူ စိတ်ပူတတ်သူ မျက်စိဆေးခန်းတွေနဲ့ လက်လှမ်းမှီတယ်ဆိုရင်တော့
စဖြစ်ပြီ ဆိုရင် မျက်စိဆေးခန်းတွေမှာ စမ်းသပ်စစ်ဆေးထားသင့်ပါတယ်။🤔🤔🤔

🚨🚨🚨သတိထားရမယ့်လက္ခဏာတွေကတော့

⛔ အမှုန်တွေ အမျှင်တန်းတွေ အရမ်းများလာခြင်း
⛔လျှပ်စီးကြောင်းလို အဖြူတန်းတွေမြင်လာခြင်း
⛔အမြင်အား တစ်ဖက်နဲ့ တစ်ဖက်မတူဘဲ အရမ်းကျသွားခြင်း၊ အရင်ကထက် သိသိသာသာ ပိုမှုန်လာခြင်း
⛔မြင်ကွင်းမှာ ကွယ်လာခြင်း
တစ်ခုခုဖြစ်လာရင်တော့ jelly အရည်ပျော်ရုံသာမကအမြင်လွှာပေါက်ခြင်း ၊ ကွာခြင်း အစရှိတဲ့ ပြသာနာများပါ တွဲလျက်ရှိနေနိုင်တာကြောင့် နီးစပ်ရာ မျက်စိဆေးရုံ ဆေးခန်းမှာ အမြန်ဆုံးသွားရောက် စစ်ဆေးကြည့်ဖို့ အကြံပြုအပ်ပါတယ်။
🚘🚘🚘

အားလုံး ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ။

မျက်စိနဲ့ ပတ်သက်တဲ့ ဗဟုသုတ အချို့ကို မျှဝေပေးပါတယ်။

ဒီအချက်တွေက မျက်စိကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်

ကြည်လင်ပြတ်သားသော အမြင်ပိုင်ရှင်များဖြစ်စေဖို့ #မျက်စိနဲ့ပတ်သက်ပြီး မျှဝေပေးခဲ့ပါတယ်

🔔Pageမှာ တင်တဲ့ဗဟုသုတစာလေးတွေလက်မလွတ်စေဖို့ Like & Follow လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။

#မျက်စိကျန်းမာရေး
#မျက်စိစွန်ခြင်း #ချယ်ရီဦး #မျက်စိကျန်းမာရေး

Photo credit.

👓👓👓တီတီတို့ ကြိုက်တယ့် Titaniumကိုင်း လူအကြိုက်များတယ့် ကိုင်းလေး ဈေးလဲသင့်တယ် ကွာလတီလဲ ကောင်းတယ် ပေါ့ပါးတယ် ချွေးမစားဘူ...
31/05/2025

👓👓👓တီတီတို့ ကြိုက်တယ့် Titaniumကိုင်း လူအကြိုက်များတယ့် ကိုင်းလေး

ဈေးလဲသင့်တယ် ကွာလတီလဲ ကောင်းတယ် ပေါ့ပါးတယ် ချွေးမစားဘူး အာ့ကြောင့်လူကြိုက်များတယ်🥰

ပါဝါ အဝေးအနီးတွဲလေးကို ဖုန်းကြည့်ကာကွယ်တယ့်မှန်ပါဝါ( Blue block )လေးနဲ့ထည့်ပေးထားတယ်😍

အနီးကြည့်ကြည့် အဝေးကြည့်ကြည့် ဆင်‌ပြေစေရပါမယ်ရှင် လာခဲ့ကြပါအုံးရှင်🥰

ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင်

ယားနာေပျာက်ဆေးတွေ အများကြီးရောက်ထားပါတယ်ရှင် ဆေးတွေ မပျက်ရအောင်လို့ အများကြီးမှာ ထားပါတယ်နော် လာရောက် ဝယ်ယူ အားပေးသူ အရေ...
29/05/2025

ယားနာေပျာက်ဆေးတွေ အများကြီးရောက်ထားပါတယ်ရှင် ဆေးတွေ မပျက်ရအောင်လို့ အများကြီးမှာ ထားပါတယ်နော်

လာရောက် ဝယ်ယူ အားပေးသူ အရောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်🥰

လက်လီ လက်ကား ရနော်
#ယားနာပျောက်ဆေး
#တရုတ်ယားနာ‌လိမ်းဆေး

မနေ့က လိုင်းပြန်ရပေမယ့် လိုင်းပေါ်မာ ပွဲတေ🤭 များလွန်းလို့ မင်မင် ပွဲဆက်တေ ကြည့်နေရလို့ ပိုစ့်မတင်ဖစ်တာပါရှင်  ခုလိုင်းတွ...
27/05/2025

မနေ့က လိုင်းပြန်ရပေမယ့် လိုင်းပေါ်မာ ပွဲတေ🤭 များလွန်းလို့ မင်မင် ပွဲဆက်တေ ကြည့်နေရလို့ ပိုစ့်မတင်ဖစ်တာပါရှင် ခုလိုင်းတွေ ပြန်ရပီဆိုတော့ ပိုစ့်တွေ ပြန်တင်ပါမယ်ရှင်

#ပါဝါ၊ #‌ေနကာ၊ #အလှတပ်မျက်ကပ်မှန်၊ #ပါဝါမျက်ကပ်မှန်၊ #အနီးကြည့်၊ #အဝေးကြည့်၊ #ဖုန်းကြည့် များစွာ ဈေးနှုန်းချိုသာစွာ ရရှိနိုင်ပါတယ်ရှင်
အားပေးကြပါအုံးရှင်။

Viber 09400308952
09943373252 ကိုလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

Online ကနေမှာထားတယ့်ကိုင်းလေးပါ မော်လိုက်ကလေးဝကမှာထားတာ‌ေလးပါ လိုင်းပေါ်ကနေလဲ မှာယူလို့ရပါတယ်ရှင် ပါဝါပြောပိးလဲ မှာလို့ ...
02/05/2025

Online ကနေမှာထားတယ့်ကိုင်းလေးပါ မော်လိုက်ကလေးဝကမှာထားတာ‌ေလးပါ
လိုင်းပေါ်ကနေလဲ မှာယူလို့ရပါတယ်ရှင်
ပါဝါပြောပိးလဲ မှာလို့ ရသလို စမ်းသပ်ထား ပါဝါစာရွက်လေးပြပီး လိုချင်တယ့် ကိုင်းလေးမေးဝယ်လို့ ပါတယ်ရှင်
အဝေးက မှာမယ့်သူ ဆိုရင်တော့ ငွေကြိုရှင်းပါနော်🥰 ကျေးဇူးတင်ပါတယ်ရှင်

01/05/2025

လိုင်းရတုန်းလေး တင်လိုက်အုံးမယ်ရှင်
sold out ထားတာလေးတေ ရိုက်မိထားတာလေးတေပါ တခါထဲစောင့်ယူသွားတယ့် ကိုင်းပုံတော့ customer ကို အားနာလို့ ပုံမရိုက်ထားမိဘူးရှင်။🙏🙏🥰🥰

လာရောက် အားပေးသူ အရောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်

 #အရေပြားယားနာများခံစားနေရသောမိတ်ဆွေများ အတွက်ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ၊ ယားနာအမျိုးမျိုး နှင့် အရေအပြားရောဂါ ခံရစားနေရသေ...
22/03/2025

#အရေပြားယားနာများခံစားနေရသောမိတ်ဆွေများ အတွက်

ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ၊ ယားနာအမျိုးမျိုး နှင့် အရေအပြားရောဂါ ခံရစားနေရသော မိဘပြည်သူများအတွက်အထူးသတင်းကောင်းလေးပါးပါရစေ

နှစ်ရှည်စွဲကပ်နေတဲ့ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူတွေကြောင့် စိတ်ညစ်နေရပါသလား ?

ဘယ်ဆေးသုံးသုံးမပျောက်ဘဲ ခေါင်းမာလွန်းတဲ့ အရေအပြား ရောဂါက သင့်ကို ဒုက္ခပေးနေပါသလား ?

ခြေသည်း လက်သည်းတွေပိုးစားပြီး ကြည့်မကောင်းဖြစ်နေပါသလားး ?

ဦးခေါင်းတစ်ခုလုံးဘောက်တွေထပြီး ယားယံနေပါသလား ?

အရေအပြားရောဂါ နှင့်ပက်သတ်ပြီး အနိသင်ကောင်းပြီး (ဘေးထွက်ဆိုးကျိုး လုံးဝမရှိသော) တန်ဖိုးကြီး ဆေးစွမ်းကောင်းတစ်လက်ကို သင်ရှာဖွေနေပါသလား ?

သုံးစွဲနိုင်သော ရောဂါများ

အရေပြားနှင့်ပတ်သက်သော ရောဂါ အမျိုးမျိုး သက်သာပျောက်ကင်းနိုင်ပါသည်
ပွေး ၊ ဝဲ ၊ နှင်းခူ ၊ ယားနာအမျိုးမျိုး (နွားသားရေပွေး ၊ ဂျွတ်တက်ပွေး ၊ ပန်းပြောက်ပွေး)
ခေါင်းပေါ်အကွက်ထနေသော ဓာတ်ပွေးများ
ခြေသည်း လက်သည်းများပိုးစားခြင်း ၊ ခြေဖနောင့်ကွဲခြင်း
အသဲအသန်သဘောဆန်သည့် အရေအပြားရောဂါ
မတည့်သည့် သဘောဆန်သောအရေအပြားရောဂါ
ဦီးရေပြဗောက်များအဆမတန်ဖြစ််ပြီးယားယံခြင်းခေါင်းပေါ်၌ဗောက်ထခြင်းအာရုံကြောသဘောဆန်သောအရေအပြားရောဂါ
အထိတွေ့သဘောဆန်သည့် အရေအပြားရောဂါ
အဆီလျှံသဘောသဘာဝ အရေအပြားရောဂါ
အရေအပြားထိခိုက်မှုအမျိုးမျိုး တို့အတွက် အထူးသင့်တော်သော ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါသည်။

အရေအပြားကိုထိခိုက်စေသည့်လိုင်းပြပိုးမွှားများအား အစစ်အမှန်ထိန်းချုပ်ခြင်းဖြင့် သုတ်သင်ရှင်းလင်းသောကြောင့် အမြစ်ပြတ်ပျောက်ကင်းစေပါသည်။

ဆေးတွေစုံနေပြီ ထိရောက်မှုမရှိဘူးဆိုတဲ့သူတွေ ကျွန်တော်တို့ဆေးနဲ့မှ အပြစ်ပြတ်ပျောက်သွားကြတာပါ

လူကြီးလူငယ် ကျား/မ မရွေးအသုံးပြုနိုင်ပါသည် (ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ)

နယ်ဝေးမှ မှာယူလိုသူများအတွက် ကားဂိတ် တို့မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးကို ပို့ပေးပါသည်

လက်လီ လက္ကား ရပါတယ်ရှင်

ဆေး ၁ ဘူးကို ၉၀၀၀ ကျပ်ပါ (ပေးရတဲ့စျေးနှုန်းထက် အများကြီး အဖိုးတန်ကြောင်း သုံးကြည့်မှသိပါလိမ့်မည်)

ဆေးဘူး မှာယူလိုပါက
09943373252
Viber 09400308952
ကိုဆက်သွယ်၍ မှာယူနိုင်ပါတယ်

#ယားနာပျောက်ဆေး #ယားနာလိမ်းဆေး
#တရုတ်ယားနာ #အရေပြားယားနာလိမ်းဆေး #ကလေးမြို့

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကြောင့် ကျန်းမာရေးအပေ...
17/03/2025

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများအား ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို လိုက်နာနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Address

Kalemyo

Telephone

+959450262049

Website

Alerts

Be the first to know and let us send you an email when ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share