
15/09/2025
“ကိုယ်ဝန် သေချာအပ်ထားတယ် ကလေးမွေးပြီး သွေးသွန်တာဖြစ်မှာ စိတ်ပူစရာလိုသေးလား”
🩸(Postpartum Hemorrhage - PPH)
🤰ကိုယ်ဝန်စောင့်ရှောက်မှုခံယူခြင်းနှင့်
👩🍼ကလေးမွေးဖွားခြင်းက ဆေးခန်းပြကုသမှုခံယူရတဲ့ ရောဂါတွေထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ ပျော်ရွှင်မှုနဲ့ အဆုံးသတ်ရလေ့ရှိတယ်လို့ပြောလို့ရပါတယ်။
😥ဒါပေမယ့် မမျှော်လင့်ထားတဲ့ မိခင်နဲ့ ကလေးထိခိုက်ပျက်စီးတဲ့အခြေအနေတွေကလည်း မေ့ထားလို့မရတဲ့ ဖြစ်နိုင်ချေတွေအဖြစ် ရှိနေပါတယ်။
🩸ကလေးမွေးပြီးနောက် သွေးသွန်ခြင်း ဆိုတဲ့ ဖြစ်ရပ်ဟာလည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေတစ်ခု ဖြစ်ပါတယ်။ မိခင် သေဆုံးခြင်းရဲ့ ၂၇% က မွေးပြီးသွေးသွန်ခြင်းကြောင့် ဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ မီးဖွားတဲ့ အမျိုးသမီး ၁၄သန်းခန့် ကြုံတွေ့ရတာမို့ ကိုယ်ဝန်သေချာအပ်ထားတဲ့ မိခင်လောင်း တွေမှာလည်း မရှားလှတဲ့ နောက်ဆက်တွဲပြဿနာဖြစ်ပါတယ်။
သွေးထွက်လာတဲ့ အကြောင်းအချက်တွေကိုရှာကြည့်ရင် အဓိက အားဖြင့် ၄ မျိုးရှိတတ်ပါတယ်။
🩸Tone (သားအိမ်ကျုံ့အား မကောင်းခြင်း)
ဒါကတော့ PPH ဖြစ်ရတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းပါ။ ကလေးမွေးဖွားပြီးရင် သားအိမ်ဟာ သဘာဝအလျောက်ကို ကျုံ့ပြီးတော့ သွေးထွက်တာကို ရပ်တန့်အောင် လုပ်ပေးပါတယ်။ ဒါပေမဲ့ အချို့သော မွေးလူနာတွေမှာ အကြောင်းအမျိုးမျိုးကြောင့် သားအိမ်က ကောင်းစွာ ပြန်မကျုံ့ဘဲ သွေးကြောတွေက ပွင့်နေပြီး သွေးတွေ ဆက်လက်စီးဆင်းနေတာကြောင့် သွေးဆင်းလွန်ကဲတာ ဖြစ်ပါတယ်။
🩸Trauma (ထိခိုက်ဒဏ်ရာရခြင်း)
မီးဖွားစဉ်အတွင်း မွေးလမ်းကြောင်း၊ သားအိမ်ခေါင်း သို့မဟုတ် မိန်းမကိုယ်တို့မှာ ပေါက်ပြဲဒဏ်ရာတွေ ရနိုင်ပြီး ဒီဒဏ်ရာတွေကနေလည်း သွေးဆင်းလွန်ကဲတာ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဒဏ်ရာက သိပ်မမြင်သာဘဲ အတွင်းထဲမှာ သွေးခဲနေတာမျိုးလည်း ရှိနိုင်ပါတယ်။
🩸 Tissue (အသားစများ ကျန်ရှိနေခြင်း)
ကလေးမွေးဖွားပြီးနောက် အချင်း (placenta) ဟာ သားအိမ်ထဲကနေ လုံးဝထွက်သွားဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ အချင်းရဲ့ အစိတ်အပိုင်းတွေ ဒါမှမဟုတ် အသားစလေးတွေ ကျန်ရှိနေခဲ့ရင် သားအိမ်ကို ကောင်းစွာမကျုံ့နိုင်အောင် တားဆီးထားတဲ့အတွက် သွေးဆင်းများတာ ဖြစ်နိုင်ပါတယ်။
🩸 Thrombin (သွေးမတိတ်ခြင်း)
ဒါကတော့ ကိုယ်ခန္ဓာရဲ့ သွေးခဲစေတဲ့စနစ် (blood clotting system) မှာ ပြဿနာရှိလို့ ဖြစ်တာပါ။ မျိုးရိုးလိုက်တဲ့ သွေးရောဂါ (ဥပမာ- ဟေမိုဖီးလီးယား) ရှိတာမျိုး ဒါမှမဟုတ် ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးခဲမှုဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် သွေးက ကောင်းစွာမတိတ်တော့ဘဲ ဆက်လက်စီးဆင်းနေတာမျိုး ဖြစ်နိုင်ပါတယ်။
🩸ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းဖူးခြင်း
🩸မွေးဖွားရခက်ခဲခြင်း
🩸ကလေးအရွယ်အစားကြီးခြင်း
🩸အမြွှာကိုယ်ဝန်
🩸 မိခင်တွင် သွေးအားနည်းရောဂါရှိခြင်း
🩸 အချင်းရှေ့ရောက်နေခြင်း (Placenta Previa)
🩸ကိုယ်ဝန်ဆောင်စဉ် သွေးဆိပ်တက်ခြင်း သွေးတိုးခြင်း (Preeclampsia) စတဲ့အချက်တွေကလည်း သွေးဆင်းများတာကိုဖြစ်စေနိုင်ပါတယ်။
မွေးပြီးသွေးထွက်လွန်ခြင်းက ဆင်းရဲချမ်းသာမရွေး ဖြစ်နိုင်တာမို့လို့ ကလေးမွေးပြီးချိန်မှာ အသက်အန္တရာယ်ပေးတဲ့ နောက်ဆက်တွဲ ရောဂါဖြစ်တာကြောင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ နေရာမှာ မွေးဖွားဖို့လိုအပ်ပါတယ်။
ဝင်း အထူးကုဆေးခန်း
ဖုန်း - 09785069884, 09885069884