Win Specialist Clinic and Diagnostic Center

  • Home
  • Win Specialist Clinic and Diagnostic Center

Win Specialist Clinic and Diagnostic Center Physician Clinic, Maternity Clinic, Emergency Physician Clinic, General Practice Clinic and diagnostic center

08/07/2025

Job Vacancy Announcement

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်း အထူးကုဆေးခန်းနှင့် ဓါတ်ခွဲခန်းတွင်အတူလက်တွဲ လုပ်ကိုင်ရန် ...

Laboratory Technician Grade 1 - 1 ဦး ( Full time or Part Time)

- သက်ဆိုင်ရာ certificate ရရှိထားသူ ဖြစ်ရပါမည်။
- လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးပါမည်။
- Computer ကျွမ်းကျင်စွာအသုံးပြုနိုင်ရပါမည်။
- လစာ- ညှိနှိုင်း
- နားရက် - တစ်ပတ် ၁ ရက်

လျှောက်ထားလိုလျှင် -

Please send your CV to

Viber Phone - 09 785069884

Email - winspecialistclinic.hlaing@gmail.com

Address- No(16), Marlarmyaing 2nd Street, 16th Quarter, Hlaing Township, Yangon.

၂၀၂၅ခုနှစ် ဇူလိုင်လ (၉)ရက် နေ့တွင်ကျရောက်မည်ဖြစ်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) တွင် ၇ ရက်သားသမီး အပေါင်း စိတ်၏ချမ်းသာခ...
08/07/2025

၂၀၂၅ခုနှစ် ဇူလိုင်လ (၉)ရက် နေ့တွင်ကျရောက်မည်ဖြစ်သော

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) တွင်

၇ ရက်သားသမီး အပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ။

၉-၇-၂၀၂၅ တွင် ဆေးခန်းနှင့် ဓာတ်ခွဲခန်း ပိတ်မည်ဖြစ်ပါသဖြင့် ဝန်ဆောင်မှုများကို ၁၀-၇-၂၀၂၅ တွင် ပုံမှန်အချိန်အတိုင်း မနက် (၈:၀၀)နာရီမှ ည(၈:၀၀) နာရီအထိ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပါသည်။

၀၉၇၈၅၀၆၉၈၈၄
၀၉၈၈၅၀၆၉၈၈၄

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် ကဆုန်လပြည့်နေ့🌕ကဆုန်လပြည့်နေ့သည် မြန်မာနိုင်ငံနှင့် အခြားထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် အလွန်အ...
11/05/2025

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် ကဆုန်လပြည့်နေ့

🌕ကဆုန်လပြည့်နေ့သည် မြန်မာနိုင်ငံနှင့် အခြားထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် အလွန်အရေးပါသော ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာနေ့တစ်နေ့ဖြစ်သည်။

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များသည် ကဆုန်လပြည့်နေ့တွင် ရိုးရာဓလေ့ တစ်ခုအဖြစ် "ညောင်ရေသွန်းပွဲ" ကို ဆင်နွဲကြသည်။

ဗုဒ္ဓဘာသာဝင်များသည် ဘုရားရှင် ဘုရားဖြစ်တော်မူခဲ့သော ဗောဓိညောင်ပင် (သို့မဟုတ် မူလဗောဓိညောင်ပင်ကို ကိုယ်စားပြုသော ညောင်ပင်) ရှိသော စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုဝေးကြပြီး စန္ဒကူးနံ့သာ ရောစပ်သော မွှေးရနံ့များပါဝင်သော ရေဖြင့် ဗောဓိညောင်ပင်၏ အမြစ်ရင်းသို့ မြေအိုးများဖြင့် သွန်းလောင်းကြသည်။

ဤအပြုအမူသည် ဘုရားရှင်အား ဘုရားဖြစ်တော်မူစဉ် အမိုးအကာပေးခဲ့သော ညောင်ပင်အား ရိုသေလေးစားခြင်းနှင့် ကျေးဇူးတင်ခြင်းကို ပြသသည့် အပြုအမူလည်းဖြစ်သည်။

မေလသည် မြန်မာနိုင်ငံတွင် အပူဆုံးနှင့် အခြောက်သွေ့ဆုံးလများထဲမှ တစ်ခုဖြစ်သောကြောင့် ညောင်ပင်ကို ရေလောင်းခြင်းဖြင့် သစ်ပင်ကိုရေဓာတ်ဖြည့်တင်းသော အပြုအမူတစ်ခုလည်းဖြစ်စေသည်။

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် ကဆုန်လပြည့်နေ့မှသည် အနယ်နယ်အရပ်ရပ်မှ မြန်မာလူမျိုးအားလုံး အလုပ်အကိုင်ကောင်းမွန်ကြပြီး သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးကာ ကျန်းမာချမ်းသာကြပါစေလို့ ဝင်းဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဝင်းဆေးခန်း
အမှတ် (၁၅-၁၆) မာလာမြိုင် (၂) လမ်း (၁၆)ရပ်ကွက် လှိုင်မြို့နယ်။ အုတ်ကျင်း။
09785069884, 09885069884

အပူရှပ်ခြင်းအကြောင်း သိကောင်းစရာ🏭စက်မှုလုပ်ငန်း နဲ့ လူနေမှုထူထပ်တဲ့ မြို့ပြလိုနေရာမျိုးတွေမှာ အထူးသဖြင့် ယခုလိုပူပြင်းတဲ...
11/05/2025

အပူရှပ်ခြင်းအကြောင်း သိကောင်းစရာ

🏭စက်မှုလုပ်ငန်း နဲ့ လူနေမှုထူထပ်တဲ့ မြို့ပြလိုနေရာမျိုးတွေမှာ အထူးသဖြင့် ယခုလိုပူပြင်းတဲ့ရာသီမှာ အပူချိန်နဲ့ စိုထိုင်းဆတွေ အရမ်းမြင့်တက်နိုင်ပါတယ်။

🥵အပူရှပ်ခြင်းဆိုတာဘာလဲ?

အပူရှပ်ခြင်းဆိုတာ ခန္ဓာကိုယ်က အပူချိန်များလွန်းတာကြောင့်ဖြစ်တဲ့ အခြေအနေတစ်ခုပါ။

အပူချိန်မြင့်မားတဲ့နေရာမှာ အချိန်ကြာမြင့်စွာနေခြင်းနဲ့ ရေဓာတ်ဆုံးရှုံးခြင်း (ချွေးထွက်လွန်ပြီး ရေနဲ့ ဆားဓာတ်တွေ အလွန်အကျွံဆုံးရှုံးခြင်း) ကြောင့် ဖြစ်တတ်ပါတယ်။

ဒါဟာ ခန္ဓာကိုယ်က အေးမြအောင် ထိန်းညှိဖို့ ရုန်းကန်နေရတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အချိန်မီမကုသရင် အသက်အန္တရာယ်ရှိတဲ့ အပူလွန်ခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။

☀️ဘယ်သူတွေ အန္တရာယ်ပိုများလဲ?

လူတိုင်းအပူရှပ်နိုင်ပေမယ့် ပိုမိုထိခိုက်လွယ်သူတွေလည်းရှိပါတယ်
👨🏼‍🦳သက်ကြီးရွယ်အိုများ
👶🏻 ကလေးငယ်များ
🫀 အချို့သော နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ စိတ်ရောဂါနဲ့ အဝလွန်သူများ
👨🏻‍🦰ပူပြင်းတဲ့ဒေသကို အသစ်ရောက်လာသူများ။
👷🏽‍♂️ပူပြင်းတဲ့ရာသီဥတုမှာ ခွန်အားသုံးလှုပ်ရှားမှုတွေ လုပ်ဆောင်နေရသူများ အထူးသဖြင့်
🥵ရေဓာတ်လုံလောက်စွာ မဖြည့်တင်းဘဲ လုပ်ဆောင်နေရသူများ။

✨အပူရှပ်ခြင်းရဲ့ လက္ခဏာများ

☀️ချွေးထွက်များခြင်း
☀️ခြေလက်အေးစက်ပြီး ဖြူဖျော့စေးထိုင်းနေခြင်း
☀️သွေးခုန်နှုန်းမြန်ခြင်း
☀️ကြွက်တက်ခြင်း (ခြေ၊ လက်၊ ဝမ်းဗိုက်)
☀️မူးဝေခြင်း ခေါင်းကိုက်ခြင်း ပျို့အန်ခြင်း
☀️အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
☀️သတိလစ်ခြင်း

🤔အပူရှပ်တဲ့လက္ခဏာတွေတွေ့ရင် ဘာလုပ်သင့်လဲ?

💦အေးမြတဲ့နေရာကို ရွှေ့ပါ။ နေရောင်ထဲကနေ အရိပ်ရတဲ့ နေရာ ဒါမှမဟုတ် လေအေးပေးစက်ရှိတဲ့နေရာကို သွားပါ။
💦တင်းကျပ်တဲ့ အဝတ်အစားတွေကို ချောင်လည်အောင်ဖြေလျော့ပါ။ ဖယ်ရှားပါ။
💦ခန္ဓာကိုယ်ကို အေးမြအောင်လုပ်ပါ
💦နဖူး၊ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံတွေလိုနေရာတွေကို အေးမြတဲ့ရေစိုအဝတ်နဲ့ ကပ်ပေးပါ။
💦ဖြစ်နိုင်ရင် ရေအေးနဲ့ ရေချိုးပါ။
💦အငွေ့ပျံခြင်းဖြင့် အေးမြစေဖို့ ယပ်တောင် ပန်ကာ အသုံးပြုပေးပါ။
💦ရေကို ဖြည်းဖြည်းချင်းသောက်ပါ၊ သတိရှိပြီး မအန်ဘူးဆိုရင် ရေအေး၊ အုန်းစိမ်း၊ ဓာတ်ဆားပါတဲ့ ဖျော်ရည်တို့ကို ဖြည်းဖြည်းချင်း တိုက်ပါ။

❌သကြားပါတဲ့၊ ကဖင်းဓာတ်ပါတဲ့နဲ့ အရက်ပါတဲ့ အဖျော်ယမကာတွေကို ရှောင်ပါ။
↗️ခြေထောက်တွေကို အနည်းငယ်မြှင့်ထားပါ။ လူကို လှဲခိုင်းပြီး ခြေထောက်တွေကို အနည်းငယ်မြှင့်ထားခြင်းဖြင့် ဦးနှောက်ဆီ သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။

ဘယ်အချိန်မှာ ဆေးကုသမှုခံယူသင့်လဲ?

အောက်ပါအခြေအနေတွေ ဖြစ်ပေါ်လာရင် ချက်ချင်း ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်
👉လက္ခဏာတွေ ပိုဆိုးလာခြင်း သို့မဟုတ် တစ်နာရီထက် ပိုကြာရှည်ခြင်း။
👉အန်ခြင်းနဲ့ အရည်တွေကို မသောက်နိုင်ခြင်း။
👉စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် တုန်လှုပ်ခြင်း။
👉တက်ခြင်း သို့မဟုတ် သတိလစ်ခြင်း။
👉ခန္ဓာကိုယ်အပူချိန် 40*C (104*F) သို့မဟုတ် ပိုမြင့်တက်ခြင်း (ဒါဟာ အသက်အန္တရာယ်ရှိတဲ့ အပူလွန်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်)။

☀️အပူရှပ်ခြင်း အပူလွန်ခြင်းရောဂါလက္ခဏာများကာကွယ်နိုင်မယ့် အလေ့အကျင့်ကောင်းများကတော့

💦ရေဓာတ်ကို လုံလောက်နေအောင် ရေငတ်မနေရင်တောင် ရေဘူးအမြဲဆောင်ပြီး တစ်နေ့တာလုံး ရေများများသောက်နေပါ။
(ဆီးအရောင် အဝါဖျော့ဖျော့အရောင်က ရေဓာတ်လုံလောက်မှုကို ဖော်ပြပါတယ်။)

💦ချောင်ချိပြီး အရောင်ဖျော့တဲ့၊ ချည်သားလို လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။
⛹️‍♀️နေ့လယ်အပူချိန်အမြင့်ဆုံးအချိန်တွေမှာ ခွန်အားစိုက်ထုတ်ရတဲ့ လှုပ်ရှားမှုတွေကို ရှောင်ပါ။ မဖြစ်မနေအပြင်မှာ အလုပ်လုပ်ရမယ်၊ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုရင် မနက်စောစော ဒါမှမဟုတ် ညနေပိုင်း အပူချိန်လျော့နည်းချိန်မှာ လုပ်ဆောင်ဖို့ ကြိုးစားပါ။ အရိပ်ထဲမှာ မကြာခဏ အနားယူပါ။

💦လေအေးပေးစက်ရှိတဲ့ ပတ်ဝန်းကျင်ကို ရှာဖွေပါ။ ဈေးဝယ်စင်တာတွေ၊ စာကြည့်တိုက်တွေ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အအေးခန်းတွေလို လေအေးပေးစက်ရှိတဲ့နေရာတွေမှာ အထူးသဖြင့် အပူချိန်အမြင့်ဆုံးအချိန်တွေမှာ အချိန်ဖြုန်းပါ။ နာရီအနည်းငယ်ကြာ အေးမြတဲ့ပတ်ဝန်းကျင်မှာ နေရုံနဲ့တောင် အများကြီးသက်သာစေနိုင်ပါတယ်။

💦နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။ အပြင်ထွက်တဲ့အခါ ဦးထုပ်အကျယ်နဲ့ နေကာမျက်မှန်တပ်ပါ။ အရေပြားကိုကာကွယ်ဖို့ SPF မြင့်တဲ့ Suncream နေရောင်ကာခရင်မ်ကို လိမ်းပါ။

💦အိမ်သာနဲ့ အခြားသူများကိုလည်း ဂရုစိုက်ပါ။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကျန်းမာရေးအခြေအနေမကောင်းသူလည်း အေးမြပြီး ရေဓာတ်လုံလောက်မှုရှိနေပါစေ။

💦မြို့ပြအပူချိန်မြင့်တက်မှုအန္တရာယ်ကို သတိပြုပါ။ ရန်ကုန်လိုမြို့တွေမှာ ကွန်ကရစ်နဲ့ ကတ္တရာလမ်းတွေကြောင့် အပူချိန်ပိုများနိုင်ပါတယ်။ မြို့ပြဒေသတွေမှာ အထူးသတိထားပါ။

အန္တရာယ်တွေကို နားလည်ခြင်း၊ လက္ခဏာတွေကို သိရှိခြင်းနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ပူပြင်းတဲ့ရာသီမှာ ကျွန်တော်တို့အားလုံး ပိုပြီးဘေးကင်းပြီး ကျန်းမာနိုင်ပါတယ်။ အေးမြစွာနေထိုင်ပြီး သတင်းအချက်အလက်တွေကို အမြဲသိရှိနေပါ။

အပူကြောင့်မိသားစုထဲ နာမကျန်းလက္ခဏာများခံစားနေရပြီဟု သံသယရှိရင် ဝင်းဆေးခန်း မှာ ပြသကုသမှုခံယူနိုင်ပါပြီ

ဝင်းဆေးခန်း
အမှတ် (၁၅-၁၆) မာလာမြိုင် (၂) လမ်း (၁၆)ရပ်ကွက် လှိုင်မြို့နယ်။ အုတ်ကျင်း။
09785069884, 09885069884

𝐇𝐚𝐩𝐩𝐲 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 𝐃𝐚𝐲 𝐨𝐟 𝐓𝐚𝐛𝐚𝐮𝐧𝐠 ✨🙏🏻တပေါင်းလပြည့်နေ့ မြတ်ဗုဒ္ဓပြည်တော်ဝင်အခါသမယနေ့လေးမှာ ပျော်ရွှင်အေးချမ်းစွာဖြင့် ဖြတ်သန...
13/03/2025

𝐇𝐚𝐩𝐩𝐲 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 𝐃𝐚𝐲 𝐨𝐟 𝐓𝐚𝐛𝐚𝐮𝐧𝐠 ✨🙏🏻

တပေါင်းလပြည့်နေ့ မြတ်ဗုဒ္ဓပြည်တော်ဝင်အခါသမယနေ့လေးမှာ ပျော်ရွှင်အေးချမ်းစွာဖြင့် ဖြတ်သန်းနိုင်ပါစေလို့ 𝐖𝐢𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 𝐚𝐧𝐝 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫 မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


Happy Lunar New Year ✨🐍စီးပွားရေးများ ဒီရေအလားတိုးတက်အောင်မြင်သော တရုတ်နှစ်သစ်ကူးအခါသမယကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Wi...
29/01/2025

Happy Lunar New Year ✨🐍

စီးပွားရေးများ ဒီရေအလားတိုးတက်အောင်မြင်သော တရုတ်နှစ်သစ်ကူးအခါသမယကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Win Specialist Clinic and Diagnostic Center မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


Urgent LSCS မလုပ်ခင်လေး ကြည့်လိုက်တဲ့ client ရဲ့ result လေး ကျေနပ်အဲ့နေ့ မနက်ခင်းကတည်းက contraction နည်းနည်းရနေပေမယ့် La...
16/01/2025

Urgent LSCS မလုပ်ခင်လေး ကြည့်လိုက်တဲ့ client ရဲ့ result လေး ကျေနပ်

အဲ့နေ့ မနက်ခင်းကတည်းက contraction နည်းနည်းရနေပေမယ့် Labour pain မရှိသေးတော့ OG မမကို ပြဖို့စောင့်နေရင်း ကြည့်လိုက်တဲ့ လူနာလေး

Melasma treatment - tropical cream only x 3 weeks result

လူနာ လည်းကျေနပ်/လူနာတဖြစ်လဲ ဒေါက်တာလဲဝမ်းသာ

🎉𝑯𝒂𝒑𝒑𝒚 𝑵𝒆𝒘 𝒀𝒆𝒂𝒓🎉ကျန်းမာပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ။၂၀၂၅ တစ်နှစ်တာလုံး ရောဂါဘယကင်းဝေးကာ ချစ်ရသူတွေနဲ့ သက်ဆုံးတိုင်နေထို...
31/12/2024

🎉𝑯𝒂𝒑𝒑𝒚 𝑵𝒆𝒘 𝒀𝒆𝒂𝒓🎉
ကျန်းမာပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ။

၂၀၂၅ တစ်နှစ်တာလုံး ရောဂါဘယကင်းဝေးကာ ချစ်ရသူတွေနဲ့ သက်ဆုံးတိုင်နေထိုင်နိုင်ကြပါစေလို့ 𝗪𝗶𝗻 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 𝗖𝗹𝗶𝗻𝗶𝗰 & 𝗗𝗶𝗮𝗴𝗻𝗼𝘀𝘁𝗶𝗰 𝗖𝗲𝗻𝘁𝗲𝗿 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🩵🩵

&diagnosticCenter




🤍𝑯𝒂𝒑𝒑𝒚 𝑲𝒂𝒓𝒆𝒏 𝑵𝒆𝒘 𝒀𝒆𝒂𝒓🤍ယနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ မှစ၍ အနာကင်း အဆင်းလှကာ သက်ရှည်ကျန်းမာပျော်ရွှင်ကြပါစေလို့ 𝗪𝗶𝗻 𝗦𝗽𝗲...
30/12/2024

🤍𝑯𝒂𝒑𝒑𝒚 𝑲𝒂𝒓𝒆𝒏 𝑵𝒆𝒘 𝒀𝒆𝒂𝒓🤍

ယနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ မှစ၍ အနာကင်း အဆင်းလှကာ သက်ရှည်ကျန်းမာပျော်ရွှင်ကြပါစေလို့ 𝗪𝗶𝗻 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 𝗖𝗹𝗶𝗻𝗶𝗰 & 𝗗𝗶𝗮𝗴𝗻𝗼𝘀𝘁𝗶𝗰 𝗖𝗲𝗻𝘁𝗲𝗿 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။💓🙏💓

&diagnosticCenter



𝐓𝐲𝐩𝐡𝐨𝐢𝐝 𝐅𝐞𝐯𝐞𝐫 (အူရောင်ငန်းဖျားရောဂါ) ဆိုတာဟာ 𝐒𝐚𝐥𝐦𝐨𝐧𝐞𝐥𝐥𝐚 𝐓𝐲𝐩𝐡𝐢 လို့ခေါ်တဲ့ ဘက်တီးရီးယားကနေ ဖြစ်ပေါ်လာတဲ့ ရောဂါ တစ်မျိုးဖြ...
28/12/2024

𝐓𝐲𝐩𝐡𝐨𝐢𝐝 𝐅𝐞𝐯𝐞𝐫 (အူရောင်ငန်းဖျားရောဂါ) ဆိုတာဟာ 𝐒𝐚𝐥𝐦𝐨𝐧𝐞𝐥𝐥𝐚 𝐓𝐲𝐩𝐡𝐢 လို့ခေါ်တဲ့ ဘက်တီးရီးယားကနေ ဖြစ်ပေါ်လာတဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ရောဂါပြင်းထန်လာတဲ့အခါ အသက်အန္တရာယ်အထိပါ စိုးရိမ်ရတာမို့လို့ မပေါ့ဆသင့်တဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။

ရောဂါ ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကတော့

👉 မသန့်ရှင်းတဲ့ရေကို သောက်သုံးမိတဲ့အခါ

👉 အပြင်စာတွေ စားသုံးမိတဲ့အခါ

👉 𝐓𝐲𝐩𝐡𝐨𝐢𝐝 𝐅𝐞𝐯𝐞𝐫 ရှိသူရဲ့ ဝမ်းနဲ့ ထိတွေ့မိတဲ့အခါ

အစရှိတဲ့ အကြောင်းအရာတွေကနေ တစ်ဆင့် ကူးစက်ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။

🦠 ဖျားနာခြင်း(နေ့စဥ် အဖျား တက်တက်လာခြင်း)
🦠 ပင်ပန်းနွမ်းနယ်ခြင်း
🦠 ကိုယ်လက် မအီမသာဖြစ်ခြင်း၊ကိုက်ခဲနာကျင်ခြင်း
🦠 ချွေးထွက်များခြင်း
🦠 အစာစားချင်စိတ်မရှိခြင်း
🦠 ဗိုက်အောင့်ခြင်း
🦠 ဝမ်းလျောခြင်း
🦠 ဗိုက်အလွန်အမင်း ဖောင်းလာတတ်ခြင်း
အစရှိတဲ့ လက္ခဏာတွေဟာ အူရောင်ငန်းဖျားရောဂါ ရဲ့ လက္ခဏာတွေမို့လို့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အချိန်မှီပြကာ ကုသသင့်ပါတယ်။

အူရောင်ငန်းဖျားရောဂါ ရှိ မရှိ ဘယ်လို စစ်ဆေးလို့ရသလဲ?

သွေး၊ ဝမ်း ကနေ တဆင့် စစ်ဆေးနိုင်သလို လိုအပ်ရင် အူရောင်ငန်းဖျား 𝐃𝐍𝐀 အတွက် ပဋိဓာတ် ရှိမရှိ ကိုလည်း စစ်ဆေးလို့ရပါတယ်။

အူရောင်ငန်းဖျားရောဂါ ကို ဘယ်လို ကာကွယ် ကုသလို့ရသလဲ?

အူရောင်ငန်းဖျားရောဂါဟာ အစားအသောက်ကနေ ကူးစက်တာဖြစ်တဲ့အတွက် တတ်နိုင်သမျှ အစားအသောက်ပြင်ဆင်တဲ့နေရာမှာ သန့်သန့်ရှင်းရှင်းဖြစ်ဖို့နဲ့ အစာမစားခင် လက်ဆေးဖို့ အရေးကြီးပါတယ်။

𝐓𝐲𝐩𝐡𝐨𝐢𝐝 𝐅𝐞𝐯𝐞𝐫 (အူရောင်ငန်းဖျားရောဂါ) ကို ပိုးသတ်ဆေးပေးပြီး ကုသတာဟာ ထိရောက်တဲ့ ကုသနည်းတစ်မျိုးပါပဲ။ ပိုးသတ်ဆေးကို သောက်ဆေး၊ထိုးဆေး အစရှိသဖြင့် လူနာအပေါ်မူတည်ပြီး ပေးပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပတ်လည်အောင် သောက်ဖို့တော့ လိုအပ်ပါတယ်။

သင့်တင့်တဲ့ နှုန်းထားတစ်ခုနဲ့ ဆေးစစ်ချက်တွေကို တိကျ ​မှန်ကန် မြန်ဆန်စွာ အ​ဖြေထုတ်ပေးတဲ့ 𝗪𝗶𝗻 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 𝗖𝗹𝗶𝗻𝗶𝗰 & 𝗗𝗶𝗮𝗴𝗻𝗼𝘀𝘁𝗶𝗰 𝗖𝗲𝗻𝘁𝗲𝗿 မှာ 𝐓𝐲𝐩𝐡𝐨𝐢𝐝 𝐅𝐞𝐯𝐞𝐫 (အူရောင်ငန်းဖျားရောဂါ) ရောဂါလက္ခဏာတွေ စတင်ခံစားနေရပြီဆိုရင် ရောဂါရှိ မရှိ စစ်ကြည့်ဖို့ကို တိုက်တွန်းပါရစေ🤗🤗

𝗔𝗱𝗱𝗿𝗲𝘀𝘀 : 𝗡𝗼.𝟭𝟱-𝟭𝟲, 𝗠𝗮𝗿𝗹𝗮𝗿𝗺𝘆𝗮𝗶𝗻𝗴 𝟮 𝗻𝗱 𝗦𝘁𝗿𝗲𝗲𝘁, 𝟭𝟲𝘁𝗵 𝗪𝗮𝗿𝗱, 𝗛𝗹𝗮𝗶𝗻𝗴 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽.

𝗢𝗽𝗲𝗻𝗶𝗻𝗴 𝗧𝗶𝗺𝗲 : 𝟬𝟴:𝟬𝟬 𝗔𝗠 𝘁𝗼 𝟬𝟴:𝟬𝟬 𝗣𝗠
📞𝟬𝟵 𝟴𝟴𝟱𝟬𝟲𝟵𝟴𝟴𝟰

📞 𝟬𝟵 𝟳𝟴𝟱𝟬𝟲𝟵𝟴𝟴𝟰

&diagnosticCenter


Address

Marlarmyaing 2nd Street

Opening Hours

Monday 16:00 - 19:00
Tuesday 16:00 - 19:00
Wednesday 16:00 - 19:00
Thursday 16:00 - 19:00
Friday 16:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959785069884

Website

Alerts

Be the first to know and let us send you an email when Win Specialist Clinic and Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share