Thoon Myat Warso

  • Home
  • Thoon Myat Warso

Thoon Myat Warso Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thoon Myat Warso, Astrologist & Psychic, .

ဝါဆိုရဲ့ followers အတွက် ၂၀၂၄ ခုနှစ် ၁၂ လပိုင်း အတွင်း  ကောင်းမြတ်သောနေ့ရက်များ ရက်ရာဇာနေ့ရက်ထက်ရက်တံခွန်နေ့ရက်သည် ပို၍သ...
05/12/2024

ဝါဆိုရဲ့ followers အတွက်
၂၀၂၄ ခုနှစ် ၁၂ လပိုင်း အတွင်း
ကောင်းမြတ်သောနေ့ရက်များ

ရက်ရာဇာနေ့ရက်ထက်
ရက်တံခွန်နေ့ရက်သည် ပို၍သာလွန်မွန်မြတ်ပေ၏။

ရက်တံခွန်နေ့ရက်ထက်
အမြိတ္တစုတ်နေ့ရက်သည် ပို၍သာလွန်မွန်မြတ်ပေ၏။

အမြိတ္တစုတ်နေ့ရက်သည်
ပြဿဒါးနေ့ရက်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။
ထို့ကြောင့်
အမြိတ္တစုတ်နေ့ရက်တွင်သာ
ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းများကို
ပြုလုပ်ဆောင်ရွက်ကြပေသည်။

မကောင်းသောနေ့ရက်များစွာရှိပါသည်။
ဝါရမိတ္တူရက်ကြီး၊ ဝါရမိတ္တူရက်ငယ်၊
မဟာရက် (ခေါ်) ရက်တံကျင်၊ ရှမ်းရက်၊
သမားညိုရက်၊ သမားဖြူရက်၊ ကိန္နယုတ်ရက်၊
ရက်ယုတ်မာ၊ ရသေ့ကျော်ကိန်းရက်၊ လဒဏ်သင့်နေ့၊
နဂါးပေါ်ရက်၊ ပြဿဒါးနေ့၊
အထက်ပါနေ့ရက်များသည်
မကောင်းသောနေ့ရက်များဖြစ်ပါသည်။

မကောင်းသောနေ့ရက်များနှင့်တိုက်ဆိုင်နေသော
ရက်ရာဇာနေ့၊ ရက်တံခွန်နေ့များကို စီစစ်ဖယ်ထုတ်၍
အစင်အကြယ်ကောင်းသော
ရက်ရာဇာနေ့၊ ရက်တံခွန်နေ့ရက်များကိုသာလျှင်
သီးသန့်ရွေးချယ်တင်ပြထားပါသည်။

အိမ်ခြံမြေ၊ ယာဥ်ကား၊ ဆိုင်ကယ်၊
ရွှေ၊ ကျောက် အစရှိသည့် ရတနာပစ္စည်းအမျိုးမျိုး၊
TV..၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်
အစရှိသည့် စက်ပစ္စည်းအမျိုးမျိုး၊
အိမ်ထောင်ပစ္စည်း ပရိဘောဂအမျိုးမျိုးနှင့်
တည်တံ့ခိုင်မြဲသောတန်ဖိုးကြီးအရာများကို
ဝယ်လျှင်သော်၎င်း .....

အရေးကြီးသော စာချုပ်စာတမ်းများကိစ္စ၊
လက်ထပ်မင်္ဂလာ စာချုပ်စာတမ်းများကိစ္စ၊
ငွေကြေးနှင့်သက်ဆိုင်သော စာချုပ်များ၊
စရံပေးခြင်း၊ ငွေပေးချေခြင်း စသည့်ကိစ္စများ
အစရှိသော စာချုပ်များချုပ်ဆိုရာတွင်၎င်း၊

စေ့စပ်တောင်းရမ်းခြင်း၊ နားဖောက်ခြင်း၊
လက်ထပ်မင်္ဂလာပွဲပြုလုပ်ခြင်းများ၊
အလှူပွဲအမျိုးမျိုးပြုလုပ်ခြင်းများ၊
အစည်းအဝေးအမျိုးမျိုး၊
အခမ်းအနားအမျိုးမျိုးများ ပြုလုပ်ရာတွင်၎င်း၊

ပန္နက်ရိုက်ခြင်း..
အိမ်ဆောက်ခြင်း၊ အိမ်ပြုပြင်ခြင်း၊
လှေကားများ တပ်ဆင်ခြင်း၊
လမ်းတံတားများ ဆောက်လုပ်ခြင်း၊
လမ်းခင်းခြင်း၊ ခြံမြေဖို့ခြင်း၊ ခြံကာခြင်း၊
ဆိုင်ဆောက်ခြင်း၊ ဆိုင်ပြုပြင်ခြင်း၊
ဆိုင်စတင်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊
လုပ်ငန်းစတင်လုပ်ခြင်းများနှင့်
နေရာထိုင်ခင်းပြောင်းရွှေ့ခြင်းများ။

ကလေးမွေးစားခြင်း၊
အိမ်မွေးတိရစ္ဆာန်များကို စတင်မွေးမြူခြင်း၊

အလုပ်လျှောက်ခြင်း၊ လျှောက်လွှာတင်ခြင်း၊
အစရှိသောကိစ္စအဝဝတို့အတွက်
ကောင်းသောနေ့ရက်များကို
တွက်ချက်ပြီးရေးသားဖော်ပြလိုက်ပါသည်။

Thoon Myat Warso (Tarot Astrologer)

2025အတွက်ကံအကောင်းဆုံးမွေးနေ့အစဥ်လိုက်....🌻🖤
27/11/2024

2025အတွက်ကံအကောင်းဆုံးမွေးနေ့အစဥ်လိုက်....
🌻🖤

ဝါဆိုရဲ့ followers အတွက်.       ကျမ်းမာရေးညံ့ချိန်တွင် ရှောင်သင့်သော                      နမန္တာသင်္ချိုင်းအရပ်ကျမ်းမာရေ...
27/11/2024

ဝါဆိုရဲ့ followers အတွက်. ကျမ်းမာရေးညံ့ချိန်တွင် ရှောင်သင့်သော
နမန္တာသင်္ချိုင်းအရပ်

ကျမ်းမာရေးသည် လွန်စွာမှအရေးကြီး၏။
ကျမ်းမာရေးညံ့ပါက
အလုပ်အကိုင်စီးပွားရေးများ မလုပ်နိုင်တော့ပဲ
ရှာဖွေထားသမျှ ဆေးဖိုးအ​​​ဖြစ် ကုန်ရလေသည်။
မိသားစုထဲတွင် ကလေးဖြစ်စေ လူကြီးဖြစ်စေ
ကျမ်းမာရေးညံ့ပါက ရှိသမျှလူအားလုံးသည်
မရွှင်လန်းနိုင်ပဲ သောကရောက်ရလေသည်။

ဗုဒ္ဓဘုရားရှင်မှ (အာရောဂျ ပရမံ လာဘံ)
(ကျမ်းမာခြင်းသည် လာဘ်တစ်ပါး) ဟု
ဟောကြားထား၏။

ကျမ်းမာရေးနှင့်ပတ်သက်၍
ကျမ်းမာရေးညံ့ချိန်တွင် အသက်အရွယ်အလိုက်
စားသုံးသင့်သော အစားအသောက်နှင့်
ရှောင်သင့်သော အစားအသောက်များကို
ရေးတင်ခဲ့ပြီးပါပြီ......။ ။

အခုအခါ နမန္တာသင်္ချိုင်းအရပ်ကို တင်ပြပါမည်။
နမန္တာသင်္ချိုင်း၏ အဓိပ္ပါယ်မှာ
(နံတို့၏ သင်္ချိုင်းကျရာအရပ်) ကို ဆိုလိုပါသည်။

ထိုနမန္တာသင်္ချိုင်းအရပ်သို့
မသွားရ၊ မလာရ၊ စီးပွားမရှာရ၊ မနေထိုင်ရ ဟု
ဆိုလိုခြင်း မဟုတ်ပါ။
ကျမ်းမာရေးညံ့နေသည့်အချိိန်တွင်
လက်ရှိအိပ်နေသော အိပ်ရာနေရာမှ
နမန္တာသင်္ချိုင်းထောင့်အရပ်သို့ ပြောင်းရွှေ့အိပ်ခြင်း။
လက်ရှိနေသောအိမ်မှ နမန္တာသင်္ချိုင်းအရပ်သို့
ပြောင်းရွှေနေထိုင်ခြင်း၊ တည်းခိုခြင်း၊
ဆေးကုသခြင်းများ ပြုလုပ်ပါက.
သက်သာပျောက်ကင်းရန် ခက်ခဲတတ်သောကြောင့်
နမန္တာသင်္ချိုင်းအရပ်ကို ရှောင်သင့်ပါသည်။

အချိန်မရွေးအသုံးပြုနိုင်အောင်
ဓာတ်ပုံကို save ယူ သိမ်းထားခြင်းဖြင့်
နောင်အခါ အချိန်မရွေး
ဖုံးထဲတွင် ပြန်ကြည့်နိုင်မည် ဖြစ်ပါသည်။

Thoon Myat Warso (Tarot Astrologer)

ဝါဆိုရဲ့ followers အတွက်ဒီနှစ် တန်ဆောင်မုန်းလပြည့်နေ့ က ထူးခြားပါတယ်။ဘာကြောင့် ထူးခြားသလဲဆိုရင်လပြည့်နေ့တစ်ရက်ထဲမှာပဲ စန...
12/11/2024

ဝါဆိုရဲ့ followers အတွက်

ဒီနှစ် တန်ဆောင်မုန်းလပြည့်နေ့ က ထူးခြားပါတယ်။
ဘာကြောင့် ထူးခြားသလဲဆိုရင်
လပြည့်နေ့တစ်ရက်ထဲမှာပဲ စန်း(လမင်း) က
ဘရဏီနက္ခတ်နဲ့ ကြတ္တိကာနက္ခတ်
နက္ခတ်နှစ်မျိုးစလုံးကို တစ်ရက်ထဲမှာပဲ
ဖြတ်သန်းသွားမှာဖြစ်လို့ ထူးခြားလှပါတယ်။

အသေးစိတ်ရှင်းပြရရင်...
(စန်း) လို့ခေါ်တဲ့ (လမင်း) က
၁၅ ရက်နေ့ နံနက် ၁း၃၃ နာရီမှ ည ၁၀း၅၄ နာရီအထိ
ဘရဏီနက္ခတ်ကို ဖြတ်သန်းပြီးနောက်
၁၅ ရက်နေ့ ည ၁၀း၅၅ နာရီမှ
၁၆ ရက်နေ့ ည ၈း၂၇ နာရီအတွင်းမှာ
ကြတ္တိကာနက္ခတ်ကို ဆက်လက်ဖြတ်သန်းမှာ
ဖြစ်လို့ပါပဲ .....။

နက္ခတ်တွေရဲ့ အစွမ်းသတ္တိ
🌻🌻🌻🌻🌻🌻🌻🌻🌻

ဘရဏီနက္ခတ်က
(နှစ်ဘက်မြင်နက္ခတ်) အမျိုးအစား ဖြစ်ပြီး.
(မဟိဒ္ဓန၊ သူဌေးသူကြွယ်နက္ခတ်) ဖြစ်တဲ့အတွက်
(ပီယသိဒ္ဓိ၊ လာဘသိဒ္ဓိ၊ ရာဇသိဒ္ဓိ) အစရှိတဲ့
အစွမ်းသတ္တိတွေရှိပါတယ်။
ကြတ္တိကာနက္ခတ် က
(နှစ်ဘက်ကန်းနက္ခတ်) အမျိုးအစားဖြစ်ပြီး
(စောရနက္ခတ်) ဖြစ်တဲ့အတွက်
(ကာယသိဒ္ဓိ) အစွမ်းသတ္တိတွေရှိပါတယ်။

ပီယသိဒ္ဓိ၊ လာဘသိဒ္ဓိ လိုချင်ရင် ဘရဏီနက္ခတ်
🌻🌻🌻🌻🌻🌻🌻🌻🌻
လူချစ်လူခင်ပေါများမှု လိုချင်ရင်၊
မျက်နှာပွင့်လန်းမှုများ လိုချင်ရင်၊
အချစ်ရေး အိမ်ထောင်ရေး ကောင်းမွန်စေချင်ရင်၊
အလုပ်အကိုင် အောင်မြင်မှု လိုချင်ရင်၊
စီးပွားရေး အောင်မြင်မှု လိုချင်ရင်၊
အရောင်းအဝယ်များ အောင်မြင်မှု လိုချင်ရင်၊
မိမိပြောဆိုသမျှ အောင်မြင်မှု လိုချင်ရင်၊
ငွေကြေးနှင့်ပတ်သက်၍ကံကောင်းမှုများ လိုချင်ရင်
ဘရဏီနက္ခတ်နဲ့ စန်းယှဥ်ချိန်မှာ
မယ်ဇလီဖူးကို စားသုံးသင့်ပါတယ်။

ကာယသိဒ္ဓိလိုချင်ရင် ကြတ္တိကာနက္ခတ်
🌻🌻🌻🌻🌻🌻🌻🌻
ကျမ်းမာရေးကောင်းခြင်း၊ အသက်ရှည်ခြင်း၊
အနာရောဂါကင်းရှင်းပြီး
ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးလိုချင်ရင်
ကြတ္တိကာနက္ခတ်နဲ့ စန်းယှဥ်ချိန်မှာ
မယ်ဇလီဖူးကို စားသုံးသင့်ချိန်ဖြစ်ပါတယ်။

မှတ်ချက်
🖤🖤🖤🖤
မယ်ဇလီဖူးကို စားသုံးနေစဥ်အတွင်း၌
ဓာရဏပရိတ်၊ ပရိတ်ကြီး ၁၁ သုတ်၊ ပဋ္ဌာန်း၊
အစရှိသည့် မိမိနှစ်သက်ရာတရားတို့ကို
ဖွင့်ထားခြင်းဖြင့်
ကျက်သရေမင်္ဂလာများ ရယူနိုင်ကြပါစေသတည်း။

မယ်ဇလီဖူးကို စားသုံးသင့်တဲ့အချိန်ကို
ဓာတ်ပုံဖြင့် အသေးစိတ် ဖော်ပြပေးထားပါတယ်။

Thoon Myat Warso (Tarot Astrologer)

ဝါဆိုရဲ့ followers အတွက်လာဘ်ရွှင်ဓနသိဒ္ဓိနက္ခတ်    ၉ ရက် ၁၁ လ ၂၀၂၄ ခုနှစ် စနေနေ့ ဆေးကောင်း တစ်စက်၊ အင်းကောင်း တစ်ကွက်၊နက...
09/11/2024

ဝါဆိုရဲ့ followers အတွက်
လာဘ်ရွှင်ဓနသိဒ္ဓိနက္ခတ်
၉ ရက် ၁၁ လ ၂၀၂၄ ခုနှစ် စနေနေ့

ဆေးကောင်း တစ်စက်၊ အင်းကောင်း တစ်ကွက်၊
နက္ခတ်ကောင်းရင် တစ်ချက်.....

ညဘက်တွင် မြင်တွေ့နေရသော
"လမင်းကြီး" ကို
ငွေသော်တာ ဟု၎င်း သော်တာ ဟု၎င်း
စန်းသော်တာ ဟု၎င်း စန္ဒာ ဟု၎င်း
ခေါ်ဝေါ်သုံးစွဲကြပါသည်။

နက္ခတ္တဗေဒင်ပညာတွင်
ထို လမင်းကြီးကို
(စန်း) ဟု၎င်း (တနင်္လာဂြိုဟ်) ဟု၎င်း
ခေါ်ဝေါ်သုံးစွဲကြပါသည်။

စန်း ဟုခေါ်သော လမင်းကြီးကို
မင်္ဂလာရှိသောဂြိုဟ်၊ ငွေဂြိုဟ်ဟူ၍
သတ်မှတ်ထားကြပါသည်။

ကောင်းကင်တွင် နက္ခတ် ၂၇ လုံး ရှိ၏။
ထို နက္ခတ် ၂၇ လုံးထဲမှ
ဓနသိဒ္ဓိနက္ခတ် ကို
လာဘ်လာဘရွှင်စေသောနက္ခတ်၊
လာဘ်လာဘကိုပေးစွမ်းနိုင်သောနက္ခတ်၊
ဥစ္စာဓနကို ပေးစွမ်းနိုင်သောနက္ခတ် ဟု
သတ်မှတ်ထားပါသည်။.

ဓန= ရတနာ၊ ငွေကြေး၊ ဥစ္စာပစ္စည်းများ။
သိဒ္ဓိ= အလိုရှိရာပြီးမြောက်အောင်မြင်ခြင်း။

ဓနသိဒ္ဓိနက္ခတ်နယ်ပယ်အတွင်းသို့
စန်း ဟုခေါ်သော လမင်းကြီးမှ
ဖြတ်သန်းချိန်တွင်
လာဘ်လာဘများနှင့်
သက်ဆိုင်သောအရာများအားလုံးနှင့်
ဥစ္စာဓနနှင့်သက်ဆိုင်သောအရာအားလုံး
ကောင်းမြတ်သောအားအစွမ်းများ
ကမ္ဘာမြေပေါ်သို့ ကျရောက်ချိန်ဖြစ်၏။

၉ ရက် ၁၁ လ ၂၀၂၄ ခုနှစ်
စနေနေ့ နေ့လယ် ၁၂း၄၈ နာရီမှစ၍
ဓနသိဒ္ဓိနက္ခတ်နယ်ပယ်အထဲသို့
စန်းဟုခေါ်သော လမင်းကြီးသည်
စတင်ဝင်ရောက်ဖြတ်သန်းမည်ဖြစ်ပြီး
၁၀ ရက် ၁၁ လ ၂၀၂၄ ခုနှစ်
တနင်္ဂနွေနေ့ နံနက် ၁၁း၅၉ နာရီအချိန်တွင်
ဓနသိဒ္ဓိနက္ခတ်နယ်ပယ်အထဲမှ
စန်းဟုခေါ်သော လမင်းကြီးသည်
စတင်ထွက်ခွာမည်ဖြစ်သည်။

ဓနသိဒ္ဓိနက္ခတ်နယ်ပယ်အထဲတွင်
စန်းဟုခေါ်သော လမင်းကြီးမှဖြတ်သန်းရာ၌
၂၃း၁၁ နာရီ ကြာအောင်ဖြတ်သန်းမည်ဖြစ်၏။

စဝင်ချိန်မှစ၍ ပြန်ထွက်သည့်အချိန်အတွင်း၌
ငါးပါးသီလခံယူခြင်း၊
သက်သတ်လွတ်စားခြင်း၊
မိမိနှစ်သက်ရာ အဓိဋ္ဌာန်တစ်ခုခုဝင်ခြင်း၊
ပုတီးစိတ် အဓိဋ္ဌာန်ဝင်ခြင်းများ၊
စျေးထဲမှငါးအရှင်ဝယ်၍
(ဇီဝိတဒါန) ဘေးမဲ့လွှတ်ပြီး ဆုတောင်းခြင်း၊
ဒုက္ခရောက်နေသောသတ္တဝါများကို
ကယ်တင်၍ ဆုတောင်းခြင်း၊
သတ္တဝါများကို မေတ္တာပို့ပေးခြင်း၊
မိမိနှစ်သက်ရာကုသိုလ်ကောင်းမှုများပြုလုပ်၍
လေးလေးနက်နက်ဆုတောင်းခြင်းဖြင့်
လာဘ်လာဘများကောင်းမွန်ခြင်း၊
အလုပ်အကိုင်စီးပွားရေးများ
အောင်မြင်ဖြစ်ထွန်းခြင်း၊
အကြံအစည်ဟူသမျှ အောင်မြင်ဖြစ်ထွန်းခြင်း
ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးစေခြင်း
စသည့်အကျိုးထူးများ မလွဲဧကန်ရရှိပါမည်။

ဓနသိဒ္ဓိနက္ခတ်နယ်ပယ်ထဲ၌ စန်းမွန်းတည့်ချိန်
အားအရှိဆုံးအချိန်သည်
၁၀ ရက် ၁၁ လ ၂၀၂၄ ခုနှစ် တနင်္ဂနွေနေ့
နံနက် ၀၀ နာရီ ၂၃ မိနစ် ၃၀ စက္ကန့် ဖြစ်ပါသည်။
(စနေနေ့ ညသန်းခေါင်ကျော်အချိန်ဖြစ်၏)

ထိုအချိန်ဝန်းကျင်တွင်
မိမိတို့ နှစ်သက်ရာဂါထာတို့ကို
ရွတ်ဖတ်သရဇ္စျာယ်ခြင်းများပြုလုပ်၍
ဆုတောင်းခြင်း၊
အောင်ခြင်းရှစ်ပါး၊ ဓာရဏပရိတ် အစရှိသည့်
ပရိတ်အခွေ၊ ပဋ္ဌာန်းအခွေများဖွင့်၍
ဆုတောင်းခြင်းများဖြင့်
မိမိတို့အလိုဆန္ဒများ ပြည့်ဝစေမည်ဖြစ်ပါသည်။

Thoon Myat Warso (Tarot Astrologer)

နိုဝင်ဘာလအစမှာ...စတုတ္တအဆင့်...အင်းစမနဝင်းကြီးစီခြင်း....🙏🙏🙏🌻🌻🌻
01/11/2024

နိုဝင်ဘာလအစမှာ...
စတုတ္တအဆင့်...အင်းစမနဝင်းကြီးစီခြင်း....🙏🙏🙏🌻🌻🌻

ဝါဆိုရဲ့ followers အတွက်လာဘ်ရွှင်ဓနသိဒ္ဓိနက္ခတ်    ၁၃ ရက် ၁၀ လ ၂၀၂၄ ခုနှစ် တနင်္ဂနွေနေ့🌻🌻🌻ညဘက်တွင် မြင်တွေ့နေရသော"လမင်းက...
12/10/2024

ဝါဆိုရဲ့ followers အတွက်
လာဘ်ရွှင်ဓနသိဒ္ဓိနက္ခတ်
၁၃ ရက် ၁၀ လ ၂၀၂၄ ခုနှစ် တနင်္ဂနွေနေ့🌻🌻🌻

ညဘက်တွင် မြင်တွေ့နေရသော
"လမင်းကြီး" ကို
ငွေသော်တာ ဟု၎င်း သော်တာ ဟု၎င်း
စန်းသော်တာ ဟု၎င်း စန္ဒာ ဟု၎င်း
ခေါ်ဝေါ်သုံးစွဲကြပါသည်။

နက္ခတ္တဗေဒင်ပညာတွင်
ထို လမင်းကြီးကို
(စန်း) ဟု၎င်း (တနင်္လာဂြိုဟ်) ဟု၎င်း
ခေါ်ဝေါ်သုံးစွဲကြပါသည်။

စန်း ဟုခေါ်သော လမင်းကြီးကို
မင်္ဂလာရှိသောဂြိုဟ်၊ ငွေဂြိုဟ်ဟူ၍
သတ်မှတ်ထားကြပါသည်။

ကောင်းကင်တွင် နက္ခတ် ၂၇ လုံး ရှိ၏။
ထို နက္ခတ် ၂၇ လုံးထဲမှ
ဓနသိဒ္ဓိနက္ခတ် ကို
လာဘ်လာဘရွှင်စေသောနက္ခတ်၊
လာဘ်လာဘကိုပေးစွမ်းနိုင်သောနက္ခတ်၊
ဥစ္စာဓနကို ပေးစွမ်းနိုင်သောနက္ခတ် ဟု
သတ်မှတ်ထားပါသည်။.

ဓန= ရတနာ၊ ငွေကြေး၊ ဥစ္စာပစ္စည်းများ။
သိဒ္ဓိ= အလိုရှိရာပြီးမြောက်အောင်မြင်ခြင်း။

ဓနသိဒ္ဓိနက္ခတ်နယ်ပယ်အတွင်းသို့
စန်း ဟုခေါ်သော လမင်းကြီးမှ
ဖြတ်သန်းချိန်တွင်
လာဘ်လာဘများနှင့်
သက်ဆိုင်သောအရာများအားလုံးနှင့်
ဥစ္စာဓနနှင့်သက်ဆိုင်သောအရာအားလုံး
ကောင်းမြတ်သောအားအစွမ်းများ
ကမ္ဘာမြေပေါ်သို့ ကျရောက်ချိန်ဖြစ်၏။

၁၃ ရက် ၁၀ လ ၂၀၂၄ ခုနှစ်
တနင်္ဂနွေနေ့ နံနက် ၅း၂၈ နာရီ အချိန်မှစ၍
ဓနသိဒ္ဓိနက္ခတ်နယ်ပယ်အထဲသို့
စန်းဟုခေါ်သော လမင်းကြီးသည်
စတင်ဝင်ရောက်ဖြတ်သန်းမည်ဖြစ်ပြီး
၁၄ ရက် ၁၀ လ ၂၀၂၄ ခုနှစ်
တနင်္လာနေ့ နံနက် ၃း၅၁ နာရီ အချိန်တွင်
ဓနသိဒ္ဓိနက္ခတ်နယ်ပယ်အထဲမှ
စန်းဟုခေါ်သော လမင်းကြီးသည်
စတင်ထွက်ခွာမည်ဖြစ်သည်။

ဓနသိဒ္ဓိနက္ခတ်နယ်ပယ်အထဲတွင်
စန်းဟုခေါ်သော လမင်းကြီးမှဖြတ်သန်းရာ၌
၂၂း၂၃ နာရီ ကြာအောင်ဖြတ်သန်းမည်ဖြစ်၏။

စဝင်ချိန်မှစ၍ ပြန်ထွက်သည့်အချိန်အတွင်း၌
ငါးပါးသီလခံယူခြင်း၊
သက်သတ်လွတ်စားခြင်း၊
မိမိနှစ်သက်ရာ အဓိဋ္ဌာန်တစ်ခုခုဝင်ခြင်း၊
ပုတီးစိတ် အဓိဋ္ဌာန်ဝင်ခြင်းများ၊
စျေးထဲမှငါးအရှင်ဝယ်၍
(ဇီဝိတဒါန) ဘေးမဲ့လွှတ်ပြီး ဆုတောင်းခြင်း၊
ဒုက္ခရောက်နေသောသတ္တဝါများကို
ကယ်တင်၍ ဆုတောင်းခြင်း၊
သတ္တဝါများကို မေတ္တာပို့ပေးခြင်း၊
မိမိနှစ်သက်ရာကုသိုလ်ကောင်းမှုများပြုလုပ်၍
လေးလေးနက်နက်ဆုတောင်းခြင်းဖြင့်
လာဘ်လာဘများကောင်းမွန်ခြင်း၊
အလုပ်အကိုင်စီးပွားရေးများ
အောင်မြင်ဖြစ်ထွန်းခြင်း၊
အကြံအစည်ဟူသမျှ အောင်မြင်ဖြစ်ထွန်းခြင်း
ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးစေခြင်း
စသည့်အကျိုးထူးများ မလွဲဧကန်ရရှိပါမည်။

ဓနသိဒ္ဓိနက္ခတ်နယ်ပယ်ထဲ၌ စန်းမွန်းတည့်ချိန်
အားအရှိဆုံးအချိန်သည်
၁၃ ရက် ၁၀ လ ၂၀၂၄ ခုနှစ် တနင်္ဂနွေနေ့
ညနေ ၄ နာရီ ၃၉ မိနစ် ၃၀ စက္ကန့် ဖြစ်ပါသည်။

ထိုအချိန်ဝန်းကျင်တွင်
မိမိတို့ နှစ်သက်ရာဂါထာတို့ကို
ရွတ်ဖတ်သရဇ္စျာယ်ခြင်းများပြုလုပ်၍
ဆုတောင်းခြင်း၊
အောင်ခြင်းရှစ်ပါး၊ ဓာရဏပရိတ် အစရှိသည့်
ပရိတ်အခွေ၊ ပဋ္ဌာန်းအခွေများဖွင့်၍
ဆုတောင်းခြင်းများဖြင့်
မိမိတို့အလိုဆန္ဒများ ပြည့်ဝစေမည်ဖြစ်ပါသည်။

Thoon Myat Warso (Tarot Astrologer)

ဝါဆိုရဲ့ followers တွေအတွက် ☀☀☀၂၀၂၄ ခုနှစ် ၁၀ လပိုင်း အတွင်း  ကောင်းမြတ်သောနေ့ရက်များဖော်ပြလိုက်ပါသည်...ရက်ရာဇာနေ့ရက်ထက်...
10/10/2024

ဝါဆိုရဲ့ followers တွေအတွက်
☀☀☀
၂၀၂၄ ခုနှစ် ၁၀ လပိုင်း အတွင်း
ကောင်းမြတ်သောနေ့ရက်များဖော်ပြလိုက်ပါသည်...

ရက်ရာဇာနေ့ရက်ထက်
ရက်တံခွန်နေ့ရက်သည် ပို၍သာလွန်မွန်မြတ်ပေ၏။

ရက်တံခွန်နေ့ရက်ထက်
အမြိတ္တစုတ်နေ့ရက်သည် ပို၍သာလွန်မွန်မြတ်ပေ၏။

အမြိတ္တစုတ်နေ့ရက်သည်
ပြဿဒါးနေ့ရက်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။
ထို့ကြောင့်
အမြိတ္တစုတ်နေ့ရက်တွင်သာ
ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းများကို
ပြုလုပ်ဆောင်ရွက်ကြပေသည်။

မကောင်းသောနေ့ရက်များစွာရှိပါသည်။
ဝါရမိတ္တူရက်ကြီး၊ ဝါရမိတ္တူရက်ငယ်၊
မဟာရက် (ခေါ်) ရက်တံကျင်၊ ရှမ်းရက်၊
သမားညိုရက်၊ သမားဖြူရက်၊ ကိန္နယုတ်ရက်၊
ရက်ယုတ်မာ၊ ရသေ့ကျော်ကိန်းရက်၊ လဒဏ်သင့်နေ့၊
နဂါးပေါ်ရက်၊ ပြဿဒါးနေ့၊
အထက်ပါနေ့ရက်များသည်
မကောင်းသောနေ့ရက်များဖြစ်ပါသည်။

မကောင်းသောနေ့ရက်များနှင့်တိုက်ဆိုင်နေသော
ရက်ရာဇာနေ့၊ ရက်တံခွန်နေ့များကို စီစစ်ဖယ်ထုတ်၍
အစင်အကြယ်ကောင်းသော
ရက်ရာဇာနေ့၊ ရက်တံခွန်နေ့ရက်များကိုသာလျှင်
သီးသန့်ရွေးချယ်တင်ပြထားပါသည်။

အိမ်ခြံမြေ၊ ယာဥ်ကား၊ ဆိုင်ကယ်၊
ရွှေ၊ ကျောက် အစရှိသည့် ရတနာပစ္စည်းအမျိုးမျိုး၊
TV..၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်
အစရှိသည့် စက်ပစ္စည်းအမျိုးမျိုး၊
အိမ်ထောင်ပစ္စည်း ပရိဘောဂအမျိုးမျိုးနှင့်
တည်တံ့ခိုင်မြဲသောတန်ဖိုးကြီးအရာများကို
ဝယ်လျှင်သော်၎င်း .....

အရေးကြီးသော စာချုပ်စာတမ်းများကိစ္စ၊
လက်ထပ်မင်္ဂလာ စာချုပ်စာတမ်းများကိစ္စ၊
ငွေကြေးနှင့်သက်ဆိုင်သော စာချုပ်များ၊
စရံပေးခြင်း၊ ငွေပေးချေခြင်း စသည့်ကိစ္စများ
အစရှိသော စာချုပ်များချုပ်ဆိုရာတွင်၎င်း၊

စေ့စပ်တောင်းရမ်းခြင်း၊ နားဖောက်ခြင်း၊
လက်ထပ်မင်္ဂလာပွဲပြုလုပ်ခြင်းများ၊
အလှူပွဲအမျိုးမျိုးပြုလုပ်ခြင်းများ၊
အစည်းအဝေးအမျိုးမျိုး၊
အခမ်းအနားအမျိုးမျိုးများ ပြုလုပ်ရာတွင်၎င်း၊

ပန္နက်ရိုက်ခြင်း..
အိမ်ဆောက်ခြင်း၊ အိမ်ပြုပြင်ခြင်း၊
လှေကားများ တပ်ဆင်ခြင်း၊
လမ်းတံတားများ ဆောက်လုပ်ခြင်း၊
လမ်းခင်းခြင်း၊ ခြံမြေဖို့ခြင်း၊ ခြံကာခြင်း၊
ဆိုင်ဆောက်ခြင်း၊ ဆိုင်ပြုပြင်ခြင်း၊
ဆိုင်စတင်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊
လုပ်ငန်းစတင်လုပ်ခြင်းများနှင့်
နေရာထိုင်ခင်းပြောင်းရွှေ့ခြင်းများ။

ကလေးမွေးစားခြင်း၊
အိမ်မွေးတိရစ္ဆာန်များကို စတင်မွေးမြူခြင်း၊

အလုပ်လျှောက်ခြင်း၊ လျှောက်လွှာတင်ခြင်း၊
အစရှိသောကိစ္စအဝဝတို့အတွက်
ကောင်းသောနေ့ရက်များကို
တွက်ချက်ပြီးရေးသားဖော်ပြလိုက်ပါသည်။

Thoon Myat Warso (Tarot Astrologer)

ဝါဆိုရဲ့ followers တွေအတွက် ☀☀☀☀၂၀၂၄ ခုနှစ် ၁၀ လပိုင်းအတွင်း    ပြဿဒါးနေ့ရက် အမျိုးအစားများပြဿဒါး၏ အဓိပ္ပာယ်မှာ(ပျက်စီးခ...
29/09/2024

ဝါဆိုရဲ့ followers တွေအတွက်
☀☀☀☀
၂၀၂၄ ခုနှစ် ၁၀ လပိုင်းအတွင်း
ပြဿဒါးနေ့ရက် အမျိုးအစားများ

ပြဿဒါး၏ အဓိပ္ပာယ်မှာ
(ပျက်စီးခြင်း) ဖြစ်ပါသည်။

ပြဿဒါးနေ့ရက်တွင်
ခရီးမသွားလာရ၊ ဘာမှမလုပ်ကိုင်ရ ဟူ၍
သတ်မှတ်ထားခြင်း မဟုတ်ပါ။
ပြဿဒါးနေ့ရက်၏ အမျိုးအစားအပေါ်မူတည်၍
ပျက်စီးတတ်ခြင်းများ ရှိပါသည်။

ပြဿဒါးနေ့ရက်နှင့်ပတ်သက်၍
(၁) နတ်ပြည်ပြဿဒါး။
(၂) လူ့ပြည်ပြဿဒါး။
(၃) နဂါးပြည်ပြဿဒါး။ ဟူ၍
ပြဿဒါး ၃ မျိုး ခွဲခြားထားပါသည်။

၁၀ လပိုင်းအတွင်း၌ နဂါးပြည်ပြဿဒါး မရှိပါ။

နတ်ပြည်ပြဿဒါးနေ့ရက်
==================

နတ်ပြည်ပြဿဒါးနေ့ရက်တွင်
နတ်ကွန်း၊ နတ်စင်များ စတင်ဆောက်လုပ်ခြင်း။
နတ်ပွဲ စတင်ပြုလုပ်ခြင်း။
နတ်နှင့်ဆိုင်သော အသုံးအဆောင်ပစ္စည်းများ
အသစ်လဲလှယ်ခြင်းများ။
(နတ်အုန်းသီးအသစ်လဲခြင်းများ)။
နတ်နှင့်ဆိုင်ရာ ကန်တော့ပွဲများ စတင်ထိုးခြင်း။
နတ်နှင့်ပတ်သက်သော ဆေးများထိုးခြင်း။
(မင်းကြီးမင်းလေးဆေး၊ ပုဏ္ဏကဆေး၊
အာဠာဝကဆေး၊ အစရှိသော ဆေးများထိုးခြင်း။)
နတ်နှင့်ဆက်နွယ်ပတ်သက်နေသော
အဆောင်၊ လက်ဖွဲ့၊ ခါးလှဲ့၊ အင်း၊ စ.မ
ရေးဆွဲပြုလုပ်ခြင်းများ အစရှိသော
နတ်နှင့်ဆိုင်သောအရာများကို မလုပ်ကိုင်သင့်ပါ။

လူ့ပြည်ပြဿဒါးနေ့ရက်
=================

လူ့ပြည်ပြဿဒါးနေ့ရက်တွင်
စေ့စပ်ကြောင်းလမ်းခြင်းများ၊
လက်ထပ်မင်္ဂလာပြုလုပ်ခြင်း။
လက်ထပ်စာချုပ်၊ အရောင်းအဝယ်စာချုပ်၊
ချေးငှားခြင်းစာချုပ်၊ အာမခံစာချုပ်
အစရှိသော စာချုပ်အမျိုးမျိုးချုပ်ဆိုခြင်းများ။
ငွေချေးငှားခြင်း၊ ပစ္စည်းချေးငှားခြင်းများ။
လုပ်ငန်းအသစ် စတင်လုပ်ကိုင်ခြင်းများ။
အရောင်းအဝယ် စတင်လုပ်ကိုင်ခြင်းများ။
ဆိုင်းဘုတ်တင်၊ ဆိုင်းဘုတ်ထောင်ခြင်းများ။
ဆိုင်သစ် စတင်ဖွင့်လှစ်ခြင်းများ။
အိမ်သစ်သို့ စတင်ပြောင်းရွှေ့တက်ခြင်းများ။
သူများကလေး မွေးစားခြင်းများ။
နားထွင်းမင်္ဂလာပြုလုပ်ခြင်းများ
အစရှိသည်တို့ကို မပြုလုပ်သင့်ပါ။

Thoon Myat Warso (Tarot Astrologer)

ဝါဆိုရဲ့ follower တွေအတွက်ကျမ်းမာရေးညံ့ချိန် အသက်အရွယ်အလိုက်ဗေဒင်ပညာအရ ရှောင်ရန် ဆောင်ရန် အပိုင်း (၁)    အလွန်တရာမှ အဖို...
14/09/2024

ဝါဆိုရဲ့ follower တွေအတွက်
ကျမ်းမာရေးညံ့ချိန် အသက်အရွယ်အလိုက်
ဗေဒင်ပညာအရ ရှောင်ရန် ဆောင်ရန် အပိုင်း (၁)

အလွန်တရာမှ အဖိုးတန်ရှားပါးလှသော
ကျမ်းကြီးကျမ်းခိုင်ထဲမှ
ကျမ်းမာရေးညံ့ချိန်တွင် အသက်အရွယ်အလိုက်
စားသောက်သင့်သောအစားအစာများနှင့်
ရှောင်သင့်သောအစားအစာများကို
ကျမ်းရင်းအတိုင်း ရေးသားဖော်ပြလိုက်ပါသည်။

မူလကျမ်းရင်းအတိုင်း ပါဠိစာနှင့်တကွ
မြန်မာဘာသာဖြင့် အနက်ပြန်ပေးထားပါသည်။

တွက်နည်းမှာ အလွန်လွယ်ကူပါသည်။
လက်ရှိရောက်နေသောအသက်ကို (၇) ဖြင့်စားပြီး
ရရှိသော အကြွင်းအလိုက် အဖြေကြည့်ရပါမည်။
ယခုဆောင်းပါ၌ အကြွင်း (၁) ကို
ဓာတ်ပုံဖြင့် ဖော်ပြရေးသားပေးလိုက်ပါသည်။

ဗေဒင်ပညာကို ယုံကြည်သူများနှင့်
ဗေဒင်ပညာကို စုဆောင်းထားချင်သူများ
ဓာတ်ပုံကို save ယူ၍ သိမ်းထားနိုင်ပါသည်။
တစ်ချိန်ချိန်မှာ သင့်အတွက် တန်ဖိုးရှိလာပါလိမ့်မည်

ကျန်သော အကြွင်းအဖြေများကိုလည်း
ဆက်တိုက် ရေးသားဖော်ပြပေးပါမည်။

Thoon Myat Warso (Tarot Astrologer)

မွေးနေ့မှစ၍..သက်ရှည်ကျန်းမာပြီးဘေးအန္တရာကင်းရှင်းစေရန်အလို့ငှာ....ချစ်ရတဲ့ချစ်သူလေးမှ...ဆရာဝေအားနဝင်းစီးပေရန်...လာရောက်....
05/09/2024

မွေးနေ့မှစ၍..သက်ရှည်ကျန်းမာပြီးဘေးအန္တရာကင်းရှင်းစေရန်အလို့ငှာ....
ချစ်ရတဲ့ချစ်သူလေးမှ...ဆရာဝေအား
နဝင်းစီးပေရန်...လာရောက်...surpiseတိုက်ထားပါတယ်.. 😊😊😊
ဆရာဝေအားတဲ့နေ့နဝင်းစီးရန်...ဓာတ်ခန်းသို့လာခဲ့ပါ...🌻🖤🖤

ဝါဆိုရဲ့ followers အတွက်၂၀၂၄ ခုနှစ် ၉ လပိုင်း အတွင်း  ကောင်းမြတ်သောနေ့ရက်များ☀☀☀☀ရက်ရာဇာနေ့ရက်ထက်ရက်တံခွန်နေ့ရက်သည် ပို၍...
02/09/2024

ဝါဆိုရဲ့ followers အတွက်
၂၀၂၄ ခုနှစ် ၉ လပိုင်း အတွင်း
ကောင်းမြတ်သောနေ့ရက်များ
☀☀☀☀

ရက်ရာဇာနေ့ရက်ထက်
ရက်တံခွန်နေ့ရက်သည် ပို၍သာလွန်မွန်မြတ်ပေ၏။

ရက်တံခွန်နေ့ရက်ထက်
အမြိတ္တစုတ်နေ့ရက်သည် ပို၍သာလွန်မွန်မြတ်ပေ၏။

အမြိတ္တစုတ်နေ့ရက်သည်
ပြဿဒါးနေ့ရက်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။
ထို့ကြောင့်
အမြိတ္တစုတ်နေ့ရက်တွင်သာ
ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းများကို
ပြုလုပ်ဆောင်ရွက်ကြပေသည်။

မကောင်းသောနေ့ရက်များစွာရှိပါသည်။
ဝါရမိတ္တူရက်ကြီး၊ ဝါရမိတ္တူရက်ငယ်၊
မဟာရက် (ခေါ်) ရက်တံကျင်၊ ရှမ်းရက်၊
သမားညိုရက်၊ သမားဖြူရက်၊ ကိန္နယုတ်ရက်၊
ရက်ယုတ်မာ၊ ရသေ့ကျော်ကိန်းရက်၊ လဒဏ်သင့်နေ့၊
နဂါးပေါ်ရက်၊ ပြဿဒါးနေ့၊
အထက်ပါနေ့ရက်များသည်
မကောင်းသောနေ့ရက်များဖြစ်ပါသည်။

မကောင်းသောနေ့ရက်များနှင့်တိုက်ဆိုင်နေသော
ရက်ရာဇာနေ့၊ ရက်တံခွန်နေ့များကို စီစစ်ဖယ်ထုတ်၍
အစင်အကြယ်ကောင်းသော
ရက်ရာဇာနေ့၊ ရက်တံခွန်နေ့ရက်များကိုသာလျှင်
သီးသန့်ရွေးချယ်တင်ပြထားပါသည်။

အိမ်ခြံမြေ၊ ယာဥ်ကား၊ ဆိုင်ကယ်၊
ရွှေ၊ ကျောက် အစရှိသည့် ရတနာပစ္စည်းအမျိုးမျိုး၊
TV..၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်
အစရှိသည့် စက်ပစ္စည်းအမျိုးမျိုး၊
အိမ်ထောင်ပစ္စည်း ပရိဘောဂအမျိုးမျိုးနှင့်
တည်တံ့ခိုင်မြဲသောတန်ဖိုးကြီးအရာများကို
ဝယ်လျှင်သော်၎င်း .....

အရေးကြီးသော စာချုပ်စာတမ်းများကိစ္စ၊
လက်ထပ်မင်္ဂလာ စာချုပ်စာတမ်းများကိစ္စ၊
ငွေကြေးနှင့်သက်ဆိုင်သော စာချုပ်များ၊
စရံပေးခြင်း၊ ငွေပေးချေခြင်း စသည့်ကိစ္စများ
အစရှိသော စာချုပ်များချုပ်ဆိုရာတွင်၎င်း၊

စေ့စပ်တောင်းရမ်းခြင်း၊ နားဖောက်ခြင်း၊
လက်ထပ်မင်္ဂလာပွဲပြုလုပ်ခြင်းများ၊
အလှူပွဲအမျိုးမျိုးပြုလုပ်ခြင်းများ၊
အစည်းအဝေးအမျိုးမျိုး၊
အခမ်းအနားအမျိုးမျိုးများ ပြုလုပ်ရာတွင်၎င်း၊

ပန္နက်ရိုက်ခြင်း..
အိမ်ဆောက်ခြင်း၊ အိမ်ပြုပြင်ခြင်း၊
လှေကားများ တပ်ဆင်ခြင်း၊
လမ်းတံတားများ ဆောက်လုပ်ခြင်း၊
လမ်းခင်းခြင်း၊ ခြံမြေဖို့ခြင်း၊ ခြံကာခြင်း၊
ဆိုင်ဆောက်ခြင်း၊ ဆိုင်ပြုပြင်ခြင်း၊
ဆိုင်စတင်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊
လုပ်ငန်းစတင်လုပ်ခြင်းများနှင့်
နေရာထိုင်ခင်းပြောင်းရွှေ့ခြင်းများ။

ကလေးမွေးစားခြင်း၊
အိမ်မွေးတိရစ္ဆာန်များကို စတင်မွေးမြူခြင်း၊

အလုပ်လျှောက်ခြင်း၊ လျှောက်လွှာတင်ခြင်း၊
အစရှိသောကိစ္စအဝဝတို့အတွက်
ကောင်းသောနေ့ရက်များကို
တွက်ချက်ပြီးရေးသားဖော်ပြလိုက်ပါသည်။

Thoon Myat Warso (Tarot Astrologer)

Address


Telephone

+959797112559

Website

Alerts

Be the first to know and let us send you an email when Thoon Myat Warso posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thoon Myat Warso:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram