10/03/2023
Hammer of Thor
U.S Made (80000 ks)
09452760031
လွယ်ကူထိရောက်သော သံပုရာသီး ယတြာ❤️🙏
*******************************************************
#ရှေးလူကြီးတော်တော်များများဟာ
ညမှောင်မှောင်အပြင်ထွက်သောအခါမျိုးမှာအတိုက်အခံအန္တရာယ်ကြားမှာသွားလာသောအခါ အချို့သူတွေသံပုရာသီးလေးတစ်လုံးကိုအဆောင်အဖြစ်ဆောင်သွားလေ့ရှိတာ သိကြမယ်ထင်ပါတယ်ဗျ
သံပုရာသီးဟာ အတိုက်အခံကိစ္စ ကျန်းမာရေးအညံ့ကိစ္စ ပယောဂကိစ္စတို့ကိုပြေပျောက်စေဖို့ ဓာတ်ရိုက်ယတြာတစ်ခုဖြစ်ပါတယ်။ဒီဓာတ်သဘောဟာ အဆိုးတွေကိုအကောင်းဘက်သို့ ပြန်လှည့်စေတဲ့ယတြာပါ
အလုပ်ရှာ၍ခက်ခဲနေသူများအလုပ်အမြန်ရလိုပါက_သံပုရာသီးချောချောလှလှ အနာအဆာကင်းကင်း တစ်လုံးကို လေးစိပ် စိပ်ပါ။
လမ်းဆုံလေးခွ နေရာတစ်ခုကိုသွား၍သံပုရာသီးတစ်စိတ်စီကို လမ်းတစ်ဖက်တွင် တစ်စိပ်အားပစ်ပါ
သံပုရာသီးကို လမ်းတစ်ခုတွင် တစ်စိပ်အား ပစ်တိုင်း သင့်တော်ရာအလုပ်တစ်ခုမြန်မြန်ရပါစေဟုစိတ်ကနစ်၍ယုံယုံကြည်ကြည်နဲ့ဆုတောင်းပါ
ဒီသံပုရာသီးစိပ် ပစ်သောယတြာကို တစ်နေ့တစ်ကြိမ် ၇ ရက်တိတိပြုလုပ်ရပါမယ်။တချို့လူများတွင် ၇ရက်မပြည့်ခင်အလုပ်ရသည် ဟုဆိုပါတယ်။ အလုပ်ရသွားလည်း ၇ရက်ပြည့်အောင်ဆက်၍ပြုလုပ်ရပါမယ်။ ဒါမှသာကောင်းသောအလုပ်ရ၍ အလုပ်မြဲပါလိမ့်မည်။
#နောက်တစ်ခုကျန်းမာရေးမကောင်းပါကအမြန်သက်သာစေရန်သို့မဟုတ်အပြိုင်အဆိုင်အတိုက်အခိုက်များနေပါက
အနိုင်ရစေရန်အတွက် မိမိနေအိမ်ရှိအိမ်သာထဲ ထောင့်တစ်ထောင့်မှာ စိတ်အညံ့ပျောက်စေရန်အတွက် ငါ့ဒဏ်နင်ခံဟုစိတ်ကဆုတောင်း၍သံပုရာသီးတစ်လုံးအားပစ်ထားပါ။
မိမိမှာအလွန်အတိုက်အခိုက် ရန်သူများနေလျှင် သံပုရာသီးကပုတ်သွားတာ သို့မဟုတ် ခြောက်သွားပါက သံပုရာသီး တစ်လုံး အသစ်ထပ်၍ပစ်ထားပါ။
သံပုရာသီး အတော်နဲ့ မခြောက်တော့ဘဲ မပုတ်တော့ဘဲစိမ်းနေပါက ထပ်မံလုပ်ရန်မလိုတော့ပါ အညံ့အတိုက်အခိုက်အျားပျောက်သွားပါလိမ့်မည်။
ခရီးသွားလိုပါကလည်း လမ်းခရီးအန္တရာယ်ကင်းစေရန်အတွက် ငါ့ဒဏ်နင်ခံဟု စိတ်ကဆုတောင်း၍သံပုရာသီးတစ်လုံးအားပစ်ထားခဲ့နိုင်ပါတယ်။
⚠️⚠️⚠️သတိပြုရန်
မှတ်ချက်။ ယတြာပြုလုပ်ရန်၀ယ်လာသောသံပုရာသီး (သို့) ပြုလုပ်ပြီးသောသံပုရာသီးကိုမစားရပါဘူး။ခရီးအတွက်ဆောင်ထားသောသံပုရာသီးအားလည်းမစားရပါဘူး။
စားမိပါကအခိုက်များဖြစ်စေ၍ ပို၍ပင်ဒုက္ခကြုံတွေရတတ်ပါတယ်။
ဒီယတြာလေးကတော့ ;အလွန် လွယ်ကူ
ရိုးရှင်းပြီး အလွန်ထိရောက်သောမြန်မာ့ရိုးရာယတြာဖြစ်ပါတယ်ခင်ဗျ
ပြုလုပ်ရတာလွယ်ကူလို့ ၇ရက်သားသမီးများအတွက် မေတ္တာဖြင့်ရေးသားမျှဝေလိုက်ပါတယ်...။
၇ ရက်သားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ🙏🙏🙏
#ဆရာဦးဘိုနိုင်(မြန်မာ့ရိုးရာဗေဒင်)
Ph_09428121824