Honest Hour

Honest Hour Mental, Physical, Spiritual Wellbeing တွေအတွက် တစ်နေရာတည်းမှာဆွေးနွေး၊ ကုစား၊ ပြောင်းလဲနိုင်မယ့် Honest Hour Application

08/12/2025

Episode 5 | နိုင်ငံရပ်ခြားမှာတစ်ယောက်တည်းနေတဲ့ အချိန်ဖြစ်တက်တဲ့ Home Sickness အကြောင်း

ပြည်ပရောက် မြန်မာတွေအတွက် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာနဲ့ အကူအညီတွေကို ဘယ်လိုပုံစံ (ဥပမာ - Online Platform, Community Group) နဲ့ ဖြန့်ဝေခြင်းက သူတို့အတွက် အလွယ်တကူ လက်လှမ်းမီပြီး အထိရောက်ဆုံးဖြစ်နိုင်မလဲ?

📣 30% Off အထိ ခံစားခွင့်ရမယ့် ✨ 𝐎𝐧𝐥𝐲 𝟏 𝐃𝐚𝐲 - 𝐑𝐞𝐭𝐫𝐞𝐚𝐭 𝐅𝐥𝐚𝐬𝐡 𝐒𝐚𝐥𝐞 ✨အေးချမ်းလှတဲ့ December  လလေးမှာ တစ်နှစ်တာလုံး ပင်ပန်းလာ...
07/12/2025

📣 30% Off အထိ ခံစားခွင့်ရမယ့် ✨ 𝐎𝐧𝐥𝐲 𝟏 𝐃𝐚𝐲 - 𝐑𝐞𝐭𝐫𝐞𝐚𝐭 𝐅𝐥𝐚𝐬𝐡 𝐒𝐚𝐥𝐞 ✨

အေးချမ်းလှတဲ့ December လလေးမှာ တစ်နှစ်တာလုံး ပင်ပန်းလာတဲ့ သင့်ရဲ့ စိတ်၊ ဝိညာဉ် နဲ့ ခန္ဓာကို Fresh ဖြစ်စေပြီး၊ စိတ်သစ် လူသစ်အသွင် တစ်ဖန်ပြန်အားမွေးနိုင်စေဖို့...

👉🏻 အတန်ဆုံး 𝐅𝐥𝐚𝐬𝐡 𝐒𝐚𝐥𝐞 နဲ့အတူ Honest Hour ရဲ့ 𝐌𝐢𝐧𝐝, 𝐁𝐨𝐝𝐲 & 𝐒𝐩𝐢𝐫𝐢𝐭❄️ 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 @𝐊𝐚𝐥𝐚𝐰 𝐑𝐞𝐭𝐫𝐞𝐚𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 လေးမှာ ပါဝင်နိုင်ဖို့ စီစဥ်ပေးထားပါတယ်။

🌟ဒါကြောင့် 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟕 ရက်နေ့ တစ်ရက်တည်းမှာ 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝐑𝐞𝐭𝐫𝐞𝐚𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 လေးကို 𝟑𝟎% 𝐎𝐟𝐟 နဲ့ ဝယ်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်မခံပါနဲ့...

Honest Hour နဲ့အတူ Holistic Coach တစ်ယောက်ဖြစ်တဲ့ Ma Zarchi Win ရဲ့ လမ်းညွှန်မှုနဲ့ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ရင်း ကိုယ့်ရဲ့ Inner Journey ကို စတင်နိုင်မယ့် ဒီခရီးစဥ်လေးမှာ...

🧘🏻‍♀️မနက်ခင်းလေးမှာ တစ်နေ့တာအတွက် စိတ်ရောကိုယ်ပါ Align ဖြစ်စေမယ့် Morning Yoga & Meditation

🤸🏻‍♂️ခန္ဓာကိုယ်ရဲ့ စွမ်းအင်စီးဆင်းမှုကို ညီညွတ်စေပြီး အတွင်းအားကို နိုးကြားစေမယ့် Activities တွေဖြစ်တဲ့ Qi Gong နှင့် Kung Fu Form Movement Exercise

🔥စိတ်ဖိစီးမှုများကို လုံးဝလျော့ကျစေပြီး deep relaxation stage ကို ရောက်ရှိစေမယ့် Sound Healing session

🥗 Kalaw ရဲ့ အေးမြတဲ့ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ Organic Meal (သဘာဝဒေသထွက် အစားအစာ) များကို သုံးဆောင်ကြမယ့် အစီအစဥ်တွေ ပါဝင်ထားပါတယ်။

𝐑𝐞𝐭𝐫𝐞𝐚𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬:
📆Date: 19th December to 21st December 2025
📍Location: Kalaw, Shan State
⭕️Seats are limited!

ဒီ Retreat Program လေးမှာပါဝင်ချင်တယ်ဆိုရင်တော့ Honest Hour ရဲ့ page ကနေဖြစ်စေ၊ 09 79 282 4522, 09 9670 77901 များသို့ဆက်သွယ်မေးမြန် စုံစမ်းနိုင်ပါတယ်ရှင့်။

06/12/2025

တစ်ခါတစ်ရံ သင်ဖန်တီးထားတဲ့ အတွင်းစိတ်ထဲကအသံတွေဟာ စစ်မှန်တဲ့ သင့်ရဲ့တန်ဖိုးတွေကို ဖုံးကွယ်ထားတာ သတိပြုမိရဲ့လား?




💞ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရင်း ပျော်ရွှင်စေတဲ့ အပြုအမူ၊ အလေ့အထလေးတွေဆိုတာ ဘာလေးတွေဖြစ်မလဲ.. ?ပျော်ရွှင်မှုဆိုတာ စားချင်တ...
05/12/2025

💞ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရင်း ပျော်ရွှင်စေတဲ့ အပြုအမူ၊ အလေ့အထလေးတွေဆိုတာ ဘာလေးတွေဖြစ်မလဲ.. ?

ပျော်ရွှင်မှုဆိုတာ စားချင်တာတွေဝယ်စားပြီး ကိုယ့်ကိုယ်ကို အလိုလိုက်တာလို့ ထင်နေကြတုန်းဆိုရင်တော့ ဒီစာလေးကို ဖတ်ဖို့လိုနေပြီနော်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ဆိုတာ ကိုယ့်အတွက်ကိုယ် ပြန်ကြည့်မိတဲ့ အချိန်တိုလေးတစ်ခုပဲ လိုအပ်ပါတယ်။

☀️မနက်ခင်းစောစောလေးမှာ နေရောင်ခြည်နွေးနွေးလေးကို ထိတွေ့ပြီး လေကောင်းလေသန့်ယူမလား။
🎶အကြိုက်ဆုံး သီချင်းတွေ နားထောင်ခြင်း၊အမြူးဆုံး သီချင်းလေးတစ်ပုဒ်နဲ့ စိတ်လွတ်လက်လွတ် ကလိုက်မလား?
🧠တစ်နေ့တာလုံး စိတ်ဖိစီးနေတဲ့အခါ ပင်ပန်းနေရတဲ့ ဦးနှောက်ကလေးကို ခနတာ အနားယူခွင့်ပေးလိုက်မလား။

ဒီလိုသေးငယ်တယ်လို့ ထင်ရတဲ့ ခြေလှမ်းလေးတွေကလည်း မထင်ထားလောက်တဲ့ အပြောင်းအလဲကို ယူဆောင်လာပေးနိုင်တယ် ဆိုရင်ရော.. ??

ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်မှုလေးတွေကို ဂရုစိုက်ပေးတာက တာဝန်တစ်ခုမဟုတ်ပဲ စိတ်ရော၊ကိုယ်ပါ ကျန်းမာပြီး ပျော်စရာကောင်းတဲ့ ဘဝလေးတစ်ခုကို ရယူနိုင်ပါတယ်။

ဒါဆိုရင်.. ဘယ်လို အတွေးအခေါ် အသစ်၊ နည်းလမ်းအသစ်လေးကိုသုံးပြီး ဘယ်လိုအလေ့အကျင့်မျိုးလေးကို စပြီး လုပ်တောင်ဖို့ တွေးထားကြပြီးပြီလဲ ဆိုတာလေး မျှဝေခဲ့ပါဦး 🤗
သင့်ရဲ့ Wellbeing အတွက် မရှိမဖြစ်လိုအပ်တဲ့ Honest Hour Wellbeing Application လေးကို download လုပ်ထားလိုက်တော့နော်…

Honest Hour Application ရယူနိုင်ရန်
Application Download link - For Android & IOS
https://onelink.to/9h8v9h
For Mi Phone and Android Users
https://app.honesthourmm.com/download/HonestHour1.8.apk
# Emotional_support_chat

သင်ရဲ့ စဉ်းစားပုံ၊ ခံစားပုံ၊ ပြုမူပုံတွေကို ပြောင်းလဲပြီး ပိုမိုကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ကြရအောင်‼️Cognitive Behavior...
03/12/2025

သင်ရဲ့ စဉ်းစားပုံ၊ ခံစားပုံ၊ ပြုမူပုံတွေကို ပြောင်းလဲပြီး ပိုမိုကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ကြရအောင်‼️

Cognitive Behavioral Therapy - CBT သိပ္ပံနည်းကျ သက်သေပြထားတဲ့ စိတ်ကုထုံးနည်းလမ်းတစ်ခုဖြစ်ပြီးတော့ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊ ဖိစီးမှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ Therapy တစ်ခု ဖြစ်ပါတယ်။

Unlock your Thoughts: Free CBT Workshop မှာတော့

✅ စိတ်ခံစားချက်နဲ့ အပြုအမူကို အတွေးအမြင်က ဘယ်လိုအကျိုးသက်ရောက်နေလ

✅ စိတ်ထဲဖြစ်နေတဲ့ အတွေးအမှားတွေကို ဘယ်လိုရှာဖွေ၊ ပြင်ဆင်ရမလဲ ဆိုတာကို လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။

🔺ဘယ်သူတွေ တက်ရောက်သင့်သလဲဆိုရင်တော့

👉စိုးရိမ်ပူပန်မှု၊ ဖိစီးမှုများကို ခံစားနေရသူများ
👉အတွေးအခေါ်၊ အပြုအမူပုံစံပြောင်းလဲလိုသူများ
👉မိမိကိုယ်မိမိ ပိုမို နားလည်လိုသူများ
👉CBT နည်းလမ်းကို စိတ်ဝင်စားသူများ
👉မိမိခံစားချက်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲလိုသူများ

Unlock your Thoughts: Free CBT Workshop

Date: 6th Dec 2025
Time: 7:00 to 8:00 PM
Speaker: Dr.ThinZar Hua Wynn
(Mental Health Clinician) မှ ဦးဆောင် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်ရှင်။

တက်ရောက်ဖို့အတွက် Comment မှာ “
Yes” လို့ရေးခဲ့ပေးပါရှင်။ Zoom Link လေးကို ပြန်လည်ပို့ပေးပါမယ်ရှင့်။

တစ်ယောက်တည်း ရင်ဆိုင်မယ့်အစား သင့်ရဲ့စိတ်ခံစားချက်တွေကို ဂရုစိုက်တတ်ဖို့ ပထမဆုံးအဆင့်ကို ဒီနေ့ပဲ စတင်လိုက်ပါ။

#စိုးရိမ်ပူပန်မှု #အခမဲ့သင်တန်း

Chronic Depression ဝင်တယ် ဆိုတာဘယ်လိုမျိုးလဲ??Depression အမျိုးအစားတွေ အများကြီးရှိနေပေမယ့် Persistent Depressive Disord...
02/12/2025

Chronic Depression ဝင်တယ် ဆိုတာဘယ်လိုမျိုးလဲ??

Depression အမျိုးအစားတွေ အများကြီးရှိနေပေမယ့် Persistent Depressive Disorder ဖြစ်တဲ့ Chronic Depression ဆိုတာကတော့ ရက်ပိုင်းလောက်ကလေး စိတ်ဓာတ်ကျရုံသာမက နှစ်ပိုင်းအထိ ကြာရှည်ပါတယ်။⏳

ဒီလို Chronic Depression ဖြစ်ပြီဆိုရင် လူတစ်ယောက်က ဝမ်းနည်းမှု၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေကို ခံစားရတဲ့အပြင် နေ့ရက်တွေရဲ့ အချိန်တော်တော်များများဟာ ပင်ပန်းနွမ်းနယ်တာကိုပါ ခံစားနေရမှာဖြစ်ပါတယ်။ အတွေး၊ ခံစားချက်၊ အိပ်စက်ခြင်း၊ ခွန်အား၊ တက်ကြွမှု နဲ့ နေ့စဥ်ဘဝတွေကို အများအပြားထိရောက်စေပါတယ်။ အာရုံစိုက်မှုနဲ့ ဆုံးဖြတ်ချက်ချရတဲ့ အခိုက်အတန့်တွေကိုပါ သက်ရောက်မှုရှိတာကြောင့် ပေါ့ဆလို့မရတဲ့ စိတ်ဓာတ်ကျခြင်းတစ်မျိုးဖြစ်ပါတယ်။

👉 မောပန်းနွမ်းနယ်မှု၊
👉 မျှော်လင့်ချက်မရှိ၊ တန်ဖိုးမရှိသလိုခံစားရခြင်း၊
👉 အစားအသောက်စားချင်စိတ်မရှိခြင်း (သို့) အစားအသောက်အလွန်စားခြင်း၊
👉 အာရုံစိုက်နိုင်မှု အားနည်းခြင်း၊
👉 အားအင် လျော့နည်းနေခြင်း၊
👉 ကိုယ့်တန်ဖိုးကိုယ် နားမလည်တော့ခြင်း၊
👉 အိပ်မပျော်ခြင်း (သို့) အလွန်အိပ်စက်ခြင်း တို့ကိုလည်း ခံစားနေရမှာပါ။

PDD (Persistent Depressive Disorder) ဖြစ်ပြီဆိုရင် ပတ်ဝန်းကျင်လူမှုရေး၊ အလုပ်နဲ့ တခြားအရာတွေပေါ်မှာလည်း အများကြီးသက်ရောက်မှု ရှိလာပါတယ်။ ဒီလိုအခြေအနေကြောင့် ဆုံးရှုံးမှုတွေ အများကြီး ကိုလည်း ဖိတ်ခေါ်လာနိုင်ပါသေးတယ်။ ဒါ့ကြောင့် PDDကို ကျွမ်းကျင်နားလည်သူ ပညာရှင်၊ ဆရာဝန်တွေနဲ့ တိုင်ပင် ဆွေးနွေးတာမျိုးကိုလည်း လုပ်သင့်ပါတယ်။

အကယ်၍ ဒီလိုစိတ်ပညာ ဗဟုသုတလေးတွေကို စိတ်ဝင်စားတဲ့သူတစ်ယောက် ဆိုရင်တော့ Honest Hour ကို Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါရစေ…

Emotional Support Chat ကိုအသုံးပြုဖို့ Honest Hour App ကို အခုပဲ Download လုပ်လိုက်တော့နော်….

Honest Hour Application ရယူနိုင်ရန်
Application Download link - For Android & IOS
https://onelink.to/9h8v9h
For Mi Phone and Android Users
https://app.honesthourmm.com/download/HonestHour1.8.apk

# Emotional_support_chat # Chronic_depression

01/12/2025

Episode 4 | နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းနေတဲ့အချိန် ဖြစ်တတ်တဲ့ Home Sickness အကြောင်း

နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း အထီးကျန်တယ်လို့ ခံစားနေရသူတွေအနေနဲ့ ဒီခံစားချက်ကို ကျော်လွှားပြီး ပတ်ဝန်းကျင်နဲ့ အဓိပ္ပါယ်ရှိတဲ့ ဆက်သွယ်မှုတွေ ပြန်လည်တည်ဆောက်ဖို့ ဘယ်ခြေလှမ်းတွေ စတင်သင့်ပါသလဲ?




Attention-deficit/hyperactivity disorder (တက်ကြွမှု လွန်ကဲခြင်း၊ အာရုံစူးစိုက်နိုင်စွမ်း ချို့တဲ့ခြင်း)  ဆိုတာကတော့ ကလေး...
30/11/2025

Attention-deficit/hyperactivity disorder (တက်ကြွမှု လွန်ကဲခြင်း၊ အာရုံစူးစိုက်နိုင်စွမ်း ချို့တဲ့ခြင်း) ဆိုတာကတော့ ကလေးတွေမှာသာမက လူကြီးတွေမှာပါ ဖြစ်တတ်တဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ချို့ယွင်းချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ငယ်ဘဝရဲ့ဖိအားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ADHD ဖြစ်ပြီဆိုရင်လည်း ပုံမှန်အားဖြင့် ကလေးအရွယ်မှာတည်းက လက္ခဏာပြပြီး လူငယ်အရွယ်ကနေ လူကြီးအရွယ်အထိ ကပ်ပါလာပါတယ်။

ADHD ဆိုတာ တက်ကြွလွန်းနေတာ၊ အာရုံမစိုက်နိုင်တာ ဆိုပြီး ပျမ်းမျှခေါင်းစဥ်တပ်ထားပေမယ့် ဒီထက်ပိုပြီး လေးနက်တဲ့ အပြုအမူတွေ ရှိနေပါသေးတယ်။

👤 အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း၊ အာရုံပျံ့ဖို့ လွယ်ကူခြင်း
👤အဖွဲ့အစည်းနဲ့လုပ်ဆောင်ဖို့ ခက်ခဲခြင်း၊ အချိန်ဆွဲခြင်း
👤အစီအစဥ်ချတာတွေနဲ့ အချိန်စီမံတာမျိုး မလုပ်နိုင်ခြင်း
👤နေ့စဥ်လုပ်ဆောင်ရမယ့် ကိစ္စတွေကို မေ့လွယ်ခြင်း
👤ပစ္စည်းခနခနပျောက်ဆုံးခြင်းနဲ့ တာဝန်တွေကိုမမှတ်မိနိုင်ခြင်း
👤ပတ်ဝန်းကျင်ကလူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိနေခြင်း၊ စကားအလွန်များခြင်း
👤တာဝန်ယူရမယ့် ကိစ္စတွေမှာ အာရုံမစိုက်နိုင်ခြင်း
👤အချိန်ကြာကြာ ငြိမ်နေဖို့ ခက်ခဲခြင်း၊ လှုပ်ရှားနေမှသာ သက်တောင့်သက်သာရှိသည်ဟု ခံစားရခြင်း
👤​လက်ရှိအကျိုးကိုသာ တွေးပြီး ဖြစ်လာမယ့် အကျိုးဆက်ကို မတွေးခြင်း

ဒါတွေကတော့ ADHD ရဲ့ သိသာတဲ့အချက်တွေဖြစ်ပါတယ်။ ADHD က လူလတ်ပိုင်းအရွယ်၊ လူကြီးအရွယ်အထိဖြစ်တတ်တာကြောင့် အသက်(16)နှစ် ကျော်လောက်မှာ တက်ကြွမှုလွန်ကဲတာ၊ အာရုံမစိုက်နိုင်တာနဲ့ ပတ်သတ်တဲ့ အချက် ငါးချက် (သို့) ခြောက်ချက် နဲ့ လက္ခာပြလာတတ်ပါတယ်။

ADHD ခံစားနေရတဲ့ ကလေးတွေအနေနဲ့ဆိုရင် ပတ်ဝန်းကျင် လူမှုရေးပြသနာ၊ မိသားစုပြသနာ၊ စိတ်ဖိအား နဲ့ ကျောင်းပညာရေးမှာပါ ပြသနာရှိလာနိုင်ပါတယ်။ ADHD ခံစားနေရတဲ့ လူကြီးတွေ အနေနဲ့ဆိုရင်လည်း အပြုအမူ နဲ့ပတ်သတ်ပြီး ပိုအန္တရာယ်များတဲ့ အလေ့အကျင့်တွေ (ဥပမာ- လိင်ပိုင်းဆိုင်ရာ မလုံခြုံသော အပြုအမူများ) နဲ့ ရင်ဆိုင်ရတတ်ပါတယ်။

အကယ်၍ ADHD နဲ့ပတ်သတ်ပြီး ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ဆွေးနွေးချင်တယ်ဆိုရင်တော့ Honest Hour ကို လှမ်းလာခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

Honest Hour Application ရယူနိုင်ရန်
Application Download link - For Android & IOS
https://onelink.to/9h8v9h
For Mi Phone and Android Users
https://app.honesthourmm.com/download/HonestHour1.8.apk

# ADHD

29/11/2025

မိဘနဲ့ဖွဲ့ခဲ့တဲ့ ဆက်ဆံရေးက နောက်ပိုင်း တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ အတားအဆီး ဖြစ်လာတဲ့အခါ...

တစ်နေ့လုံး အလုပ်တွေ၊ ဆုံးဖြတ်ချက်ရတာတွေ၊ လူမှုရေးကိစ္စတွေကြားမှာ... ကိုယ့်စိတ်ကိုယ် အမြဲပြန်မကြည့်နိုင်တာ သဘာဝပါပဲ။ဒါပေမ...
28/11/2025

တစ်နေ့လုံး အလုပ်တွေ၊ ဆုံးဖြတ်ချက်ရတာတွေ၊ လူမှုရေးကိစ္စတွေကြားမှာ... ကိုယ့်စိတ်ကိုယ် အမြဲပြန်မကြည့်နိုင်တာ သဘာဝပါပဲ။

ဒါပေမဲ့ ရုတ်တရက်
ရင်ဘတ်က သိပ်လာတဲ့အခါ...
လည်ပင်းက တင်းကြပ်လာတဲ့အခါ...
ဒါဟာ ကိုယ်ခန္ဓာက “ခဏလေး နားပါဦး! ငါ မောနေပြီ” လို့ အသံတိတ် ပြောနေတာပဲ။

ဒီနေ့ ၁၀ မိနစ်လောက်... အပြင်က အသံတွေကို ခဏပိတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ကြည့်လိုက်ပါ။

📍 "အသက်ရှုသံတစ်ချက်ချင်းစီ" ကို နားထောင်နေကြည့်ပါ။ (အရှိန်လျော့ပြီး ဖြေးဖြေးလေး ရှူပါ)
📍 "လက်ချောင်းတစ်ချောင်းချင်းစီရဲ့ ခံစားချက်"
📍 ကိုယ့်ခန္ဓာကိုယ်က အကြောတွေ တောင့်တင်းနေတဲ့ နေရာတွေကို ဂရုစိုက်ကြည့်ပြီး တစ်နေရာချင်းစီ လျော့ချကြည့်ပါ။

စိတ်ရောကိုယ်ပါ ခဏတာ ရပ်လိုက်တဲ့အခါ အရာအားလုံးက ပြန်လည် restore လုပ်ပေးသွားပါလိမ့်မယ်။
Body knows. Mind heals.

အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်မှာ လူတွေက သိရဲ့သားနဲ့ ဘာလို့ ဆက်နေနေကြတာလဲ ဆိုတာကလည်း စဥ်းစားချင်စရာ တစ်ခုပါပဲ။သနားလို့...
26/11/2025

အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်မှာ လူတွေက သိရဲ့သားနဲ့ ဘာလို့ ဆက်နေနေကြတာလဲ ဆိုတာကလည်း စဥ်းစားချင်စရာ တစ်ခုပါပဲ။

သနားလို့ဖြစ်စေ၊ အားနာလို့ဖြစ်စေ၊ တခြားမရှောင်လွှဲနိုင်တဲ့ အကြောင်းအရာတွေကြောင့်ဖြစ်ဖြစ် .. ဒီလို စိတ်မွန်းကျပ်စရာကောင်းတဲ့ ပတ်ဝန်းကျင်၊ ကိုယ့်အတွက် စိတ်အင်အားကုန်ခမ်းစေတဲ့ ပတ်ဝန်းကျင်မှာ နေတဲ့အခါ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေလဲဆိုတာ လေ့လာကြည့်ရအောင်။ 🤔

" 4 - types of Toxic Friends " ဆိုတာက ဘာတွေလဲ .. ?

👤 The Pot Stirrer ဆိုတာ သူငယ်ချင်းလို့ ခေါင်းစဥ်တပ်ထားပေမယ့် စိုးရိမ်ရမယ့် အခြေအနေတွေကို ဖန်တီးတတ်ပါတယ်။ ဒီလူရဲ့ လုပ်ကွက်လေးတွေကတော့ ခင်မင်မှုအပေါ်မှာ ရင်ဖွင့်တဲ့အခါ သေသေချာချာနားထောင်ပေးတဲ့အပြင် အကြံဉာဏ်တွေပြန်ပေးပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာတော့ တခြားပတ်ဝန်းကျင်မှာ ပြန်ပြောတတ်တဲ့ အလေ့အကျင့်ရှိနေတတ်တာပါ။ လုံခြုံတဲ့ ကိုယ်ရေးကိုယ်တာပြောဆိုလို့ရတဲ့ ဆက်ဆံရေးမျိုးကနေ ရုတ်တရက်ကြီး ရန်ဖက်ပမာ ဖြစ်သွားစေမယ့် လုပ်ရက်တွေအထိ ပြောင်းလဲသွားနိုင်ပါတယ်။ နှစ်ယောက်ကြားမှာ ပြသနာ (drama) တွေ ဖြစ်လာတဲ့အပြင် ပေါက်ကြားသွားတဲ့ ကိစ္စရပ်တွေအပေါ်မှာလည်း အပြစ်ရှိသူက ရင်ဖွင့်မိတဲ့ ကာယခံရှင်ဖြစ်အောင် ကစားပွဲကို ကစားမယ့်သူပါ။

👤 The Faker ဆိုတာ တစ်နည်းအားဖြင့် မျက်နှာဖုံးစွပ်ထားတတ်တဲ့သူပါ။ နောက်ကွယ်မှာ တိတ်တဆိတ် ဖုံးကွယ်ပြီး Gossip(အတင်းပြောခြင်း)၊ တခြား Negativity တွေကို ဖြန့်ဝေခြင်းတွေလုပ်နေပေမယ့် နှစ်ယောက်ကြားမှာရှိတဲ့ ခင်မင်မှုကိုတော့ အဆင်ပြေအောင် ထိန်းသိမ်းထားတတ်တဲ့အပြင် victim (အပြစ်မဲ့သူ)လို ဟန်ဆောင်ထားပါတယ်။ တခြားလူတွေရဲ့အမြင်မှာ toxic ဖြစ်တဲ့ သူက ကိုယ် လို့မြင်စေပြီးတော့ The Faker ကတော့ ကိုယ့်ကို ဇဝေဇဝါဖြစ်သွားအောင်လုပ်ပြီး သူတို့ပုံရိပ်ကိုထိန်းသိမ်းဖို့အတွက် ကိုယ့်ကိုအသုံးချသွားတာပါ။

👤 The Hero သူတို့အတွက် သူတို့ကိုယ်တိုင်က အမှန်ဆုံး၊ အတော်ဆုံးဆိုပြီး ယုံကြည်တတ်ကြပါတယ်။ ဒါကြောင့် သူငယ်ချင်းအနေနဲ့ ဖြစ်ဖြစ်၊ မိတ်ဆွေအနေနဲ့ ဖြစ်ဖြစ် ဝေဖန်၊ထောက်ပြမိရင် ချက်ချင်း စွန့်ပစ်သွားမယ့် Toxic Friend type ဆိုလည်းမမှားပါဘူး။ အခြေအနေအားလုံးကို ထိန်းချုပ်ချင်ကြပြီး သူတို့ကပဲ လူတွေကို စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်.. ကိစ္စတွေ(ဥပမာ- ငွေကြေး၊ လူမှုရေး)ကြောင့်ပဲ ဖြစ်ဖြစ် ကယ်တင်ပေးနိုင်မယ်လို့ ထင်နေတတ်ကြတာပါ။ အဓိက အချက်ကတော့ သူတို့က အကောင်းဆုံးဆိုတာကို ပြချင်တဲ့စိတ်ကပိုများနေတတ်ပါတယ်။ မိတ်ဆွေအုပ်စု၊ သူငယ်ချင်းအဖွဲ့တွေမှာဆိုရင်လည်း တခြားသူတွေရဲ့ သဘောထား၊ အစီအစဥ်တွေကို သဘောမတူပဲ တားဆီးတာမျိုး၊ မျက်နှာပျက်ရအောင်လုပ်တတ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အကျဥ်းချုပ်အနေနဲ့ဆိုရင်တော့ "ဦးဆောင်သူ" ဆိုပြီး မြင်စေချင်ပေမယ့် ဦးဆောင်မှုနဲ့ အသာစီးယူမှုကို မခွဲတတ်တဲ့သူဖြစ်ပါတယ်။

👤 နောက်ဆုံးအနေနဲ့ The Victim ကတော့ လုပ်ထားသမျှကို တာဝန်ယူဖြေရှင်းတာမျိုး မလုပ်တတ်ပဲ အကြောင်းပြချက်မျိုးစုံနဲ့ သနားခံတတ်တဲ့သူမျိုးပါ။ သူတို့အပြုအမူတွေက တခြားသူရဲ့ ထိခိုက်မှုတွေကို အလေးမထားတာ သိသာလွန်းတတ်ပြီး သူတို့ကိုယ်သူတို့အတွက်တော့ အပြစ်ကင်းချင်ယောင် ဟန်ဆောင်တတ်တဲ့အပြင် အသနားခံချ​င်တဲ့ ရည်ရွယ်ချက်က ပိုများတတ်ပါတယ်။

👥 ဒီလို Emotionally Intelligent မဖြစ်တဲ့သူတွေက လူမှုအသိုင်းအဝိုင်းမှာ အမြဲတမ်း ရှိနေနိုင်မှာ ဖြစ်တဲ့အတွက် ရှောင်လွှဲလို့မရပဲ ဆက်ဆံရမယ့် အခြေအနေမျိုးနဲ့ ကြုံလာတဲ့အခါ မိမိစိတ်ပျော်ဖို့အတွက်ပဲ ဆက်ဆံပြီး ရင်းရင်းနှီးနှီးနဲ့ ရင်ဖွင့်တာတွေ၊တိုင်ပင်တာတွေ မလုပ်သင့်ပါဘူး။ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးက ဘေးပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်နေတာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။ မိတ်ဆွေ အစစ်အမှန် နဲ့ Toxic ကို အခြေခံအနေနဲ့တော့ ဒီလို ပုံစံ (၄) မျိုးနဲ့ ခွဲခြားနိုင်ပါတယ်။

ပတ်ဝန်းကျင်ကြောင့်ဖြစ်ဖြစ်၊ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေတွေကြောင့်ဖြစ်ဖြစ် ရင်ဖွင့်၊ ဆွေးနွေးချင်ရင်တော့ Honest Hour က နွေးထွေးစွာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ 🌿

Emotional Support Chat ကိုအသုံးပြုဖို့ Honest Hour App ကို အခုပဲ Download လုပ်လိုက်တော့နော်….
Honest Hour Application ရယူနိုင်ရန်
Application Download link - For Android & IOS
https://onelink.to/9h8v9h
For Mi Phone and Android Users
https://app.honesthourmm.com/download/HonestHour1.8.apk

# Emotional_support_chat

စိတ်ခံစားချက်တွေ ပြင်းထန်ပြီး စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ကြီးစိုးနေတဲ့အခါ ဘယ်လိုလုပ်ကြမလဲ‼️ဘဝမှာ စိတ်ဖိစီးစရာတ...
26/11/2025

စိတ်ခံစားချက်တွေ ပြင်းထန်ပြီး စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ကြီးစိုးနေတဲ့အခါ ဘယ်လိုလုပ်ကြမလဲ‼️

ဘဝမှာ စိတ်ဖိစီးစရာတွေ၊ တာဝန်တွေ၊ စိုးရိမ်မှုတွေကို ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းချုပ်ရမှန်းမသိ ခံစားရဖူးပါသလား❓

ဒီလိုခံစားချက်မျိုးတွေကို ကျွန်မတို့အားလုံး အနည်းနဲ့အများ ကြုံတွေ့ကြဖူးလောက်မှာပါ။ ဒါပေမယ့်... အဲ့ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကို ပြန်ပြီးတည့်မတ်နိုင်အောင် ပထမဆုံး ဘာလုပ်ရမလဲ ဆိုတဲ့မေးခွန်းမျိုးရော မေးကြည့်ဖူးပါသလား…?

ဒီ “Emotional First Aid: What to Do When You Feel Overwhelmed” Free Workshop လေးမှာ

‼️ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ရုတ်တရက် စိတ်ပူပန်းခံစားရတဲ့အခါ၊

‼️စိတ်ဓာတ်ကျဆင်းနေတဲ့အခါမျိုးမှာ ချက်ချင်း သက်သာရာ ရစေမယ့် လက်တွေ့အသုံးချနည်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

ဒီ Workshop လေးကနေသင်ယူရမည့် အကြောင်းအရာတွေကတော့

🔺 စိတ်ဖိစီးမှုကို ချက်ချင်း လျှော့ချနိုင်မယ့် နည်းလမ်းများ

🔺 ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို ဘယ်လိုမှတ်သား၊ ဘယ်လိုစီမံမလဲဆိုတဲ့အကြောင်းနဲ့

🔺 စိတ်ပျက်အားငယ်စရာ ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်နည်း စတာတွေကိုလေ့လာရမှာဖြစ်ပါတယ်။

“Emotional First Aid: What to Do When You Feel Overwhelmed” Free Workshop
Date: 30th Nov 2025
Time: 7:00 to 8:00 PM
Speaker: Ma Judi Khine Pwint

တက်ရောက်ဖို့အတွက် Comment မှာ
"Yes” လို့ရေးခဲ့ပေးပါရှင်။ Zoom Link လေးကို ပြန်လည်ပို့ပေးပါမယ်ရှင့်။
တစ်ယောက်တည်း ရင်ဆိုင်မယ့်အစား သင့်ရဲ့စိတ်ခံစားချက်တွေကို ဂရုစိုက်တတ်ဖို့ ပထမဆုံးအဆင့်ကို ဒီနေ့ပဲ စတင်လိုက်ပါ။

Address


Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959792824522

Alerts

Be the first to know and let us send you an email when Honest Hour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Honest Hour:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Living in a developing country constantly demands us to adapt a change dynamically in our lives. It has been a challenging time for us to survive as well as living a meaningful life. Throughout this journey of life, everybody needs someone who can listen to you without judgment, understand and maybe become the tool for finding a solution. Many confusions, tough times or important life turning point requires a solution or a clear state of mind to go through.

We,Honest Hour offers a non-judgemental, safe and welcoming space for you to talk to our certified counsellors who are passionate about mental health and well being. You are heartily encouraged to find you way forward through our sessions. Our counselling sessions are done via online platforms via Skype, Zoom or google meet. Our goal is to help you cope with them in most effective manner.