21/10/2022
လူတိုင်းဟာ ကျန်းမာရေးကောင်းမွန်ဖို့အတွက် လက်တွေကို သန့်ရှင်းစွာထားဖို့ လိုအပ်ပါတယ်။
သင့်လက်ကို ပုံမှန်ဆေးခြင်း ဒါမှမဟုတ် အယ်လ်ကိုဟောပါတဲ့ လက်သန့်ဆေးရည်ကို အသုံးပြုခြင်းဟာ သင့်ကိုရော သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုပါ ကျန်းမာစေပါတယ်။
လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် ဆေးကြောခြင်းဟာ ဝမ်းလျှောရောဂါများကို ၃ဝ% ထိ လျှော့ချနိုင်ပြီး အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများကို ၂ဝ% ထိ လျှော့ချပေးနိုင်ပါတယ်။
လူမှုဝန်းကျင်တွင် လက်ဆေးခြင်း (သို့မဟုတ်) လက်ဆေးလေ့ရှိသည့် လူမှုဝန်းကျင်
သန့်ရှင်းသောရေ၊ ဆပ်ပြာနှင့် တစ်ကြိမ်သုံးပုဝါများ သို့မဟုတ် အယ်လ်ကိုဟောပါဝင်သည့်လက်သန့်ဆေးရည်ကို အသုံးပြု သည့် အလေ့အထများ လက်ဆင့်ကမ်းခြင်းသည် လူမှုဝန်းကျင်တွင် ရောဂါကူးစက်မှုများကို ကာကွယ်ရန် အရေးကြီးသည့် လက်သန့်ရှင်းရေးအလေ့အကျင့်များဖြစ်သည်။
လုပ်ငန်းခွင်တွင် လက်ဆေးခြင်း
ရုံးခန်းများ၊ စားသောက်ဆိုင်မီးဖိုချောင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တစ်ကိုယ်ရေသန့်ရှင်းရေးစံနှုန်းများ၊ လုပ်ငန်းခွင်လုံခြုံမှုနှင့် ကျန်းမာရေးစံနှုန်းများကို လိုက်နာရန် စည်းကမ်းတင်းကျပ်ထားသင့်သည်။
စာသင်ကျောင်းများတွင် လက်ဆေးခြင်း
သန့်ရှင်းသောရေ၊ ဆပ်ပြာနှင့် တစ်ကြိမ်သုံးပုဝါများ သို့မဟုတ် အယ်လ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်များကို အသုံးပြုပြီး လက်ဆေးသည့်အလေ့အထကို အသက်ငယ်ရွယ်သည့်အချိန်မှစ၍ စာသင်ကျောင်းများတွင် လက်ဆင့်ကမ်းပေးခြင်း သည် ကျောင်းတက်သူများအကြားတွင် ကာကွယ်နိုင်သည့်ရောဂါများကို လျှော့ချရန် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းများတွင် လက်ဆေးခြင်း
ကျန်းမာရေးစောင့်ရှောက်သည့်နေရာများတွင် ကောင်းမွန်သည့် လက်သန့်ရှင်းရေးအလေ့အထကို မြှင့်တင်ပေးခြင်းသည် လူနာရော ကျန်းမာရေးဝန်ထမ်းကိုပါ အခြားရောဂါများကူးစက်မှုမှ ကာကွယ်ပေးနိုင်ပြီး Covid – 19 ပျံ့နှံ့ခြင်းကိုလည်း လျှော့ချ ပေးနိုင်သည်။
နေအိမ်တွင် လက်ဆေးခြင်း
မိမိနေအိမ်တွင် လက်ဆေးသည့်အလေ့အထသည် သင့်မိသားစုဝင်များကို ဖျားနာခြင်းမှ ကာကွယ်ပေးနိုင်ရန် လွယ်ကူ ထိရောက်ပြီး အထောက်အပံ့ပေးနိုင်သော နည်းလမ်းကောင်းဖြစ်သည်။
Credit