Hanuman by STTN

  • Home
  • Hanuman by STTN

Hanuman by STTN သုံးစွဲသူများအားလုံး အဆင်ပြေကြပါစေ

Over 50 မိတ်ဆွေများ အတွက် ကျန်းမာရေးလမ်းညွှန်အဘိုးတန်သုတ များ....🚶🏃🤸🏌️🙈🙉🙊                 အရိုး ●အရိုးတွေ ချောင်လာတယ် ●ဒ...
05/11/2025

Over 50 မိတ်ဆွေများ အတွက် ကျန်းမာရေးလမ်းညွှန်
အဘိုးတန်သုတ များ....
🚶🏃🤸🏌️🙈🙉🙊

အရိုး

●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

ကြွက်သား

■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက်အ
ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

အကြော. အဆစ်.

●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ် ( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

အတွင်းကလီစာများ

▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

▪~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း ညဖက်ဆီးခဏခဏ
သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့
အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

နှလုံး

နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော
တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check
သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

အသည်း

◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက် အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)

ကျောက်ကပ်

¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

သရက်ရွက်

◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း
ကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ ( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်
သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး
ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ (ရှောကနဲ အဖြောင့်လိုက်သွားပြီး
ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ
ထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် - တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ ( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

အူမကြီး

● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ် ( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ် ( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင်ပြဿနာ
မရှိပါ။
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ
ထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား မကောင်းတော့ဘူး ဗီတာမင်
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့

အသက် ၄၀ အရွယ်
လုပ်သင့်သည့်အချက်များ

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။


အသက်ကြီးသူများလိုက်နာရန်

မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ
ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။

●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကို များများသောက်ပေးပါ။

●လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး သွားလာပါ။

●တုတ်ထောက်မပျင်းနှင့် -

အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်ဆောင်ခြင်းသည်
အားကိုးတခုဖြစ်သည် -

မိမိကိုယ်ကို လဲမကျအောင် တုတ်ကောက် က အကူရသည်။
.............✍

credit - original
#ကျန်းမာရေးအသိပညာ

တောကြက်ဟင်းခါး🍀🍀🍀🍀🍀🍀🍀အလေ့ကျပေါက်ပြီး အသီးပုပုလေးတွေသီးတာပါမကွေး နဲ့ မန်းလေးမှာ တော့ ကျနော် တတော်များများတွေ့မိပါတယ်အရှင်...
04/11/2025

တောကြက်ဟင်းခါး
🍀🍀🍀🍀🍀🍀🍀
အလေ့ကျပေါက်ပြီး အသီးပုပုလေးတွေသီးတာပါ
မကွေး နဲ့ မန်းလေးမှာ တော့ ကျနော် တတော်များများတွေ့မိပါတယ်
အရှင်နာဂသိမ် ပုံပြ အဘိဓါန် ဆေးကျမ်းတွင်
ဤသို့ဖော်ပြထားပါသည်

အရသာ နှင့် အကျိုးသွား
ပဉ္စငါးပါးကိူ အသုံးပြုနိုင်၏ ၊ ခါး၏ ၊ စပ်ရှားရှား ရှိ၏၊ အေး၏၊ ဝိပါက စပ်၏၊
ဂုဏ်နှင့်စွမ်းရည် ။ မလတို့ကို ဖြိုခွဲတတ်၏၊ ကြေကျက်လွယ်၏၊ လေကိုဖြစ်စေ၏၊ ဝမ်းကိုသက်စေ၏၊ ပိုးကို နိုင်၏၊ ဆာလောင်ခြင်းကို ဖြစ်စေ၏၊ သည်းခြေ သလိပ်ကို နိုင်၏၊ မျက်စေ့ရောဂါ ဝစ္စမဂ် နာကျင်ခြင်း၊ ယောနိတွင်ဖြစ်သော ရောဂါများ၊ ပိုးရောဂါ ၊ သွေးဖောက်ပြန် ခြင်း၊ သွေးအား နည်းခြင်း၊ ဆီးနှင့် စပ်သော ရောဂါများ၊ ပန်းနာ၊ အနာပေါက်၊ လေပြွန်တန်တွင် ပူသော ရောဂါတို့ကို ပျောက်ကင်းစေ၏။

ပါးစပ် ကွဲလောင်ခြင်း

၎င်းသတ္ထုရည် နျှု့ မြေဖြူ မှုန့် နှင့် ရော ပွတ် ပေးလျှင် ပျောက်သည်။

ယားနာ

အပင်၏ ပဉ္စငါးပါးကို သစ်ကြပိုးခေါက် ပိတ်ချင်း၊ ဆန်၊ ဗာဒံစေ့၊ ရောပြီး လူးပေးပါက ယားနာလို အရေပြားရောဂါ ပျောက်၏။

အဆစ်ရောင်

အသီးနုများ၏ သတ္ထုရည်ကို မီးပေါ်မှာ နွှေးပြီး လိမ်းသော် အဆစ်ယောင်ရောဂါ ပျောက် ကင်းစေ၏။

ကာလဝမ်းရောဂါ

အသီး သတ္ထု ရည်ကို ဆီ နှင့် ရော သောက်က ပျောက်ကင်း၏

လည်ချောင်းနာ

အသီးခြောက်ကို သွေးပြီး လူးသော် လည်ခြောင်း ရောင် သော ရောဂါ ပျောက်စေ၏။

သမားတော်တိုင်းရင်းဆေး...အားလေးစားစွာဖြင့်

#ဟင်းချက်နည်းနှင့်မြန်မာ့ဆေးမီးတိုများ

ပြန်လည်မျှဝေသည်

ခုတလော တစက်ဆီ လို့ ခေတ်စားတာမဟုတ်ဘူးဘက်စုံသုံး ဆီ တဲ့ ဘာဖြစ်ဖြစ် သူ့ပဲ ရူ သူ့ပဲ လိမ်း နေရလို့တဲ့😅နေ့တိုင်း မရောင်းရတဲ့ ရ...
03/11/2025

ခုတလော တစက်ဆီ လို့ ခေတ်စားတာမဟုတ်ဘူး

ဘက်စုံသုံး ဆီ တဲ့

ဘာဖြစ်ဖြစ် သူ့ပဲ ရူ သူ့ပဲ လိမ်း နေရလို့တဲ့😅

နေ့တိုင်း မရောင်းရတဲ့ ရက်မရှိဘူး
လာ၀ယ်တာတွေ မပါသေးဘူး😁

ပို့နေရတာတွေ ပဲ ကြွားမိနေလို့

သူလေးကြောင့်
အစစအရာရာ အသုံးတည့်နေလို့
ဂုဏ်ယူနေရရော ပဲ 🙈

20mlတစ်ဘူး 23500ks
10ဘူး 200000 ks

crd

အရင်တုန်းက ကျွန်မတို့အဖေဟာ ထိုင်ခုံကနေ ထဖို့တောင် ခက်ခဲတယ်။ လှေကားတက်ရင် လက်ရန်းကို အတင်းဆုပ်ကိုင်ပြီး ဖြည်းဖြည်းချင်းသွ...
01/11/2025

အရင်တုန်းက ကျွန်မတို့အဖေဟာ ထိုင်ခုံကနေ ထဖို့တောင် ခက်ခဲတယ်။ လှေကားတက်ရင် လက်ရန်းကို အတင်းဆုပ်ကိုင်ပြီး ဖြည်းဖြည်းချင်းသွားရတယ်။ ဘာလို့လဲဆိုတော့ ဒူးက နာကျင်လွန်းလို့ စိုးရိမ်ရတယ်။
ကြာကြာထိုင်ပြီးရင် မထနိုင်ဘူး၊ ခါးနာ၊ ခြေထောက်နာပြီး လမ်းလျှောက်တာ မသွက်လက်ဘူး။ ဆရာဝန်ကလည်း အရိုးတွေ အရမ်းပါးလာပြီဖြစ်လို့ လဲကျတာကို သတိထားဖို့ ပြောထားတယ်။ 🦴😔

​☕️ တစ်နေ့မှာတော့ အဖေက ဆိတ်ဖူး ရေကို တစ်ပတ်မှာ ၂-၃ ကြိမ် စပြီးသောက်တယ်။
တစ်လတည်းနဲ့ သိသာတဲ့ ပြောင်းလဲမှုတွေ တွေ့ရတယ်။ လမ်းလျှောက်တာ ပိုသွက်လက်လာတယ်၊ နာကျင်တာတွေ လျော့နည်းလာတယ်၊ အရင်ကထက် အားပိုရှိလာတာ တွေ့ရတယ်။ 🧓✨

​🫙 ပြုလုပ်နည်းက အရမ်းလွယ်ပါတယ်။
• ​ဆိတ်ဖူး ၂၀ ကျပ်သား ခန့်ယူပါ။
• ​ရေသန့် ၅၀၀ မီလီလီတာနဲ့ ရောပြီး ကြိတ်ပါ။
• ပြီးရင် အရည်ကိုပဲ စစ်ယူပါ။
• ​သောက်တဲ့အခါ ရေနွေးကြမ်းနည်းနည်း ထပ်ထည့်ပါ။
• ​သံပရာသီး နည်းနည်း ညှစ်ထည့်ပြီး
အရသာ ချိုမွှေးအောင် ပျားရည်နနည်း ထည့်ပါ။ 🍋🍯

​မနက်တစ်ခွက်၊ ညနေတစ်ခွက် စုစုပေါင်း တစ်နေ့ ၂ ခွက် သောက်ရင် လုံလောက်ပါတယ်။
အရသာကလည်း မပြင်းဘဲ သောက်ရလွယ်ကူတယ်။ တစ်လပြည့်တော့ ဆရာဝန်ကပါ အရိုးသိပ်သည်းဆ (Bone Mass) သိသိသာသာ တိုးတက်လာပြီလို့ ချီးကျူးသွားခဲ့ပါတယ်။ 👨‍⚕️💬

​🏃‍♂️ အဖေဟာ အိမ်ပေါ်တက်ရင် အရင်လို လက်ရန်းကို ကိုင်စရာမလိုဘဲ လှေကားကို သွက်သွက်လက်လက် တက်နိုင်လာတယ်။ နာကျင်ဖူးတဲ့ ဒူးကလည်း မခံစားရသလောက်ပါပဲ။

​🌿 ဒူးအဆစ်ရောင်တာ၊ အရိုးကျိုးလွယ်တာ၊ အရိုးအဆစ်ပြဿနာတွေ စဖြစ်နေသူတွေ အတွက်…
အရမ်းမဆိုးသေးခင်မှာ စောစောသောက်သုံးသင့်ပါတယ်။ ဒီနည်းလေးကို ပုံမှန်လုပ်ပြီး သောက်ကြည့်ပါ။
ဘေးကင်းပြီး ခန္ဓာကိုယ်ကို သဘာဝအတိုင်း ကောင်းကောင်း ဂရုစိုက်ပေးနိုင်ပါတယ်။ 🧡

ကျန်းမာလို့ ချမ်းသာကြပါစေ...🙏🏻

MON SOUNG

လူအများစုက “ကြက်ဥပြုတ်” ကို သာမန်မနက်စာတစ်ခုလို့ပဲ မြင်ကြပါတယ်။ဒါပေမဲ့ ထိုင်းရိုးရာဆေးပညာအရ ကြက်ဥဟာ "မြေဓာတ်နဲ့ ရေဓာတ်" ...
31/10/2025

လူအများစုက “ကြက်ဥပြုတ်” ကို သာမန်မနက်စာတစ်ခုလို့ပဲ မြင်ကြပါတယ်။
ဒါပေမဲ့ ထိုင်းရိုးရာဆေးပညာအရ ကြက်ဥဟာ "မြေဓာတ်နဲ့ ရေဓာတ်" မျှတမှုရှိပြီး စွမ်းအင်ပေးတယ်၊ သွေးအားကောင်းစေတယ်၊ ပြီးတော့ အစာခြေတဲ့ မီးဓာတ် ကို ကောင်းကောင်းအလုပ်လုပ်စေဖို့ အားဖြည့်ပေးတယ်လို့ သတ်မှတ်ထားပါတယ်။
အထူးသဖြင့် မနက်ခင်း (၆:၀၀ မှ ၉:၀၀) လိုမျိုး ခန္ဓာကိုယ်ရဲ့ "အစာခြေမီးဓာတ်" အကောင်းဆုံး အလုပ်လုပ်တဲ့အချိန်မှာ ကြက်ဥပြုတ်ကို စားရင် ခန္ဓာကိုယ်က ကြက်ဥကနေ အာဟာရဓာတ်တွေကို အပြည့်အဝ စုပ်ယူနိုင်ပြီး အညစ်အကြေးတွေ ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။
💛 ကြက်ဥပြုတ်ရဲ့ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများ
✅ ၁။ နှလုံးကို အားဖြည့်ပေးပြီး မကောင်းတဲ့အဆီ (LDL) ကို လျှော့ချပေးခြင်း
ကြက်ဥထဲက ပရိုတင်းဓာတ်က နှလုံးကြွက်သားကို သန်မာစေပါတယ်။ ကြက်ဥထဲက ကောင်းတဲ့အဆီ (HDL) က သွေးကြောထဲက မကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးတာကြောင့် သွေးစီးဆင်းမှု ကောင်းမွန်စေပြီး နှလုံးရောဂါနဲ့ သွေးကြောပိတ်ဆို့မှုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
✅ ၂။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး သွေးအားကို ပြန်လည်ဖြည့်တင်းပေးခြင်း
ကြက်ဥမှာ ဗီတာမင် D, A, B12 နဲ့ ဆီလီနီယမ် (Selenium) တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်စွမ်းရှိတယ်၊ သွေးဖြူဥကို အားကောင်းစေပြီး ညဉ့်နက်တဲ့သူ ဒါမှမဟုတ် အလုပ်ပင်ပန်းတဲ့သူတွေရဲ့ သွေးအားကို ပြန်လည်ဖြည့်တင်းပေးပါတယ်။
✅ ၃။ ကြွက်သားနဲ့ အရိုးများကို အားဖြည့်ပေးခြင်း
ကြက်ဥထဲက အမိုင်နိုအက်ဆစ် (Amino Acids) တွေက တစ်ရှူးတွေကို ပြန်လည်တည်ဆောက်ပေးပြီး ပြုပြင်ပေးပါတယ်။ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ် (Phosphorus) ဓာတ်တွေက အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။
✅ ၄။ အမြင်အာရုံနဲ့ ဦးနှောက်ကို အားဖြည့်ပေးခြင်း
ကြက်ဥအနှစ်ထဲက လူတင် (Lutein) နဲ့ ဇီယန်သင်း (Zeaxanthin) ဓာတ်တွေက မျက်လုံးကွန်ယက်အာရုံကြော (Retina) ယိုယွင်းမှုကို ကာကွယ်ပေးပါတယ်။ ကိုလင်း (Choline) ဓာတ်က ဦးနှောက်ကို အားကောင်းစေပြီး အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။
✅ ၅။ အတွင်းပိုင်းမှ အလှအပကို မြှင့်တင်ပေးခြင်း
ကြက်ဥထဲက ပရိုတင်းနဲ့ ဘိုင်အိုတင် (Biotin) ဓာတ်တွေက လက်သည်းနဲ့ ဆံပင်ကို သန်မာစေပါတယ်။ အသားအရေကို စိုပြေဝင်းပစေပြီး သွေးကြောနီ (သွေးဖျော့) တွေကို ဖြစ်ပေါ်စေကာ ဆဲလ်တွေ ယိုယွင်းပျက်စီးမှုကို နှောင့်နှေးစေပါတယ်။
"ကောင်းမွန်တဲ့အစားအစာဟာ ဈေးကြီးဖို့ မလိုအပ်ပါဘူး။
မနက်တိုင်း စားတဲ့ ကြက်ဥပြုတ်တစ်လုံးတည်းကသွေးအားကောင်းစေဖို့၊ နှလုံး၊ ဦးနှောက်နဲ့ ဆံပင်ကို အားဖြည့်ပေးဖို့ဆိုတာ တကယ့်ကို အခြေခံကစပြီး ကျန်းမာရေးကို ဂရုစိုက်တာပါပဲ။"


♥️♥️ ခါးနာ ​လေ့ကျင့်ခန်းများ ♥️♥️■■■■■■■■■■■■■■■■■■■■■
30/10/2025

♥️♥️ ခါးနာ ​လေ့ကျင့်ခန်းများ ♥️♥️
■■■■■■■■■■■■■■■■■■■■■

 #ဒူးဆစ်ကိုက်  #ဒူးဂေါက်ကြောတင်း  #ခြေသလုံးနာတတ်သူတွေအတွက် မဖြစ်မနေ ၁ ဗူးတော့ ဆောင်ထားလိုက်ပါ 🤩 🔸Black Seasame Seeds - န...
30/10/2025

#ဒူးဆစ်ကိုက်
#ဒူးဂေါက်ကြောတင်း
#ခြေသလုံးနာတတ်သူတွေအတွက် မဖြစ်မနေ ၁ ဗူးတော့ ဆောင်ထားလိုက်ပါ 🤩

🔸Black Seasame Seeds - နှမ်းနက်စေ့ 🔸
- ကြွက်သားနာကျင်မှုတွက်ကောင်းမွန်စေတယ်
- အရိုးအဆစ် အရွတ်ကြောနယကျင်ယောင်ရမ်းမှုကို ကောင်းမွန်စေတယ်

🔸 Lemongrass - စပါးလင်မွေး 🔸
- အရေပြားတွင်မှိုစွဲခြင်း ယားယံခြင်းများတွက်ကေားင်းမွန်စေတယ်

🔸 Agar wood - သစ်မွှေးဆီ 🔸
- ရွှေနဲ့တန်ဖိုးတူပြီး နှလုံးကျန်းမာရေး ,အစာချေစနစ် နှင့်အသက်ရှူလမ်းကြောင်းစနစ်တွင်အထူးကောင်းမွန်စေတယ်

🔸 Jewel vine 🔸
- အဆစ်အမြစ်ယောင်းရမ်းမှုတွက် ကောင်းပြီး ခါးအောက်ပိုင်းနာကျင်မှုတွင်ကောင်းမွန်စေတယ်

🔸Cryptolepis dibia 🔸
- အနာကျက်လွယ်စေတယ်
- သွေးကြောတွင်းကြွက်သားများ ပြေလျော့စေတယ်

🔸Tumerio 🔸
- အရေပြားယားယံမှုကို သက်သာစေတယ်
- ကြွက်သားတောင့်တင်းမှုသက်သာစေတယ်

🔸 Black cumin 🔸
- အစာချေစနစ်တွက်အထူးကောင်းမွန်တယ်
- လေထိုး လေအောင့် အစာမကြေခြင်းများတွက်ကောင်းမွန်စေတယ်

🔸 Cinnamon 🔸
- ကြွက်သားတောင့်တင်းမှုများပြေလျော့ပြီး ပေါ့ပါးလန်းဆန်းစေတယ်

🔸 Phlai 🔸
- ယောင်ရမ်းနာကျင်မှုတွက် သက်သာစေပြီး ဘယ်ရီဘယ်ရီရောဂါကို ကာကွယ်ဟန့်တားကူတယ်

🔸 Borneo camphor,Menthol, Camphor 🔸
- ကြွက်သားနာကျင်မှုများတွက် ပြေလျော့စေပြီး ပိုးမွှားအပျော့စားများကို သေစေနိုင်တဲ့ အာနိသင်ရှိတယ်

🔸 Moringa oil 🔸
- မက္ကနီဆီယမ်, ကယ်လစီယမ် နှင့် ဗီတာမင် - ဒီ ပါဝင်ထားပြီး အရိုးအဆစ်သန်မာစေတယ်

⚜ ထိုင်းနိုင်ငံတွင် The best Creation award ရရှိထားပါသည် ⚜


ိုင်းရင်းဆေး

 #ထုံကျင်ခြင်းကသင့်ကိုဘာတွေပြောပြနိုင်ပါသလဲ🤔??===============ခန္ဓကိုယ်တွင် ထုံခြင်းလက်က္ခဏ ဖြစ်ပေါ်ပါက ဘယ်လိုရောဂါမျိုးည...
30/10/2025

#ထုံကျင်ခြင်းကသင့်ကိုဘာတွေပြောပြနိုင်ပါသလဲ🤔??
===============
ခန္ဓကိုယ်တွင် ထုံခြင်းလက်က္ခဏ ဖြစ်ပေါ်ပါက ဘယ်လိုရောဂါမျိုးညွှန်ပြနိုင်ပါသလဲ ?

✅လက်မ လက်ညှိုး၊ လက်ခလယ် နှင့် လက်သကြွယ် (လက်ခလယ်နဲ့ ကပ်လျက်ဖက်တခြမ်း) ထုံခြင်း

တခြားနေရာတွင် ထုံခြင်းမရှိဘဲ လက်မ လက်ညှိုး၊ လက်ခလယ် နှင့် လက်သကြွယ် (လက်ခလယ်နဲ့ ကပ်လျက်ဖက်တခြမ်း) တွင် ထုံနေလျှင် ဖြစ်နိုင်ချေမှာ အာရုံကြောဖိခံရခြင်း၊ အရိုးအောက်တွင်ရှိသောအမြှေးပါးအရွှတ်ရောင်ရမ်း ခြင်း၊ အရိုးကြီးထွားလာပြီး လမ်းကြောင်းများ ကျဉ်းသွားခြင်းကြောင့်သွေးလည်ပတ်မူမကောင်းခြင်းသို့မဟုတ် အရိုးနုကိုဖုန်းထားသောတစ်သျှူးအမြှေးပါးများပျက်ဆီး ခြင်း၊ အရွှတ် များ ပျက်ဆီးခြင်းခြင်း ပို၍ထူသွားခြင်း ကြောင့်ဖြစ်နိုင်ပါသည်။

✅လက်မ လက်ညိူး လက်ခလယ် ထုံခြင်း

ညောင်းညာကိုက်ခဲပြီးလက်တလျှောက်ကိုက်ခဲမူရှိပါက ဖြစ်နိုင် သည်မှာ လက်ဖဝါးကအာရုံကြောဖိထားခြင်းရသော ကြောင့် ဖြစ်နိုင်သည်။ဖြစ်ရခြင်းအကြောင်းရင်းမှာ လက်ကိုတနေရာပုံစံအနေအထားတမျိုးထဲ တောင့် ထာခြင်း၊ ဓား၊ ကတ်ကြေး၊ ဆံပင်လေမုတ်စက် နှင့် အချိန်ကြာများစွာ ကွန်ပျူတာ သုံးခြင်း ကြောင့် အိပ်ရာဝင်ချိန်သို့မဟုတ်နံနက်ယံ၌နှိုးသောအခါညောင်းညာ ကိုက်ခဲ လက္ခဏာများရှိတတ်သည်။

✅လက်သန်းထုံရခြင်း

လက်သန်းထုံရခြင်းသည် လက်ကိုအချိန်ကြာမြင့် စွာကွေးထားခြင်၊း ဖုန်းအကြာကြီးစကားပြောခြင်းကြောင့် ချိုင်းကြားမှ လက်သန်းအထိရှည်သော အာရုံကြော ဖိခြင်းခံရသောကြောင့်ဖြစ်သည်။

✅ခြေချောင်းနှင့်လက်ချောင်းထိပ်များ၌ထုံခြင်း

ခြေချောင်းနှင့်လက်ချောင်းထိပ်များ၌ထုံပါကဖြစ်နိုင်ချေများ မှာ ဗီတာမင် B1, B6 ,B12 ချို့တဲ့ခြင်းလက္ခဏာတစ်ခုဖြစ်ခြင်း သို့မဟုတ် ကျောက်ကပ် ကင်ဆာ ရောဂါသို့မဟုတ် ဓာတုပစ္စည်းတခုခုထိတွေ့မူရှိခြင်း တို့ဖြစ်နိုင်ပါသည်။

✅အိပ်ရာမ ဝင်ခင်သို့မဟုတ် ညသန်းခေါင်ယံတွင်လက်ချောင်းထိပ်ဖျား ထုံခြင်း

အိပ်ရာမ ဝင်ခင်သို့မဟုတ် ညသန်းခေါင်ယံတွင်လက်ချောင်းထိပ်ဖျား ထုံခြင်းရှိပါက ၎င်းသည် လက်ကိုအချိန်ကြာမြင့်စွာအသုံးပြုခြင်း ( ဉပမာ- ဖုန်းကို အချိန်ကြာမြင့်စွာခဏခဏ သုံးခြင်း မော်တော်ဆိုက်ကယ်ကိုအချိန်ကြာမြင့်စွာစီးခြင်း )ကြောင့် လက်ကောက်ဝတ်ကအရွှတ်များ အာရုံကြော ကိုဖိထားသောကြောင့်ဖြစ်သည်။

✅လက်သူကြွယ် လက်သန်း နှင့် လက်ဖဝါးအပြင်ဖက်တစ်ခြမ်း ထုံခြင်း

လက်သူကြွယ် လက်သန်း နှင့် လက်ဖဝါးအပြင်ဖက်တစ်ခြမ်း ထုံပါက ၎င်းသည် တံတောင်ဆစ်ကအာရုံကြော ဖိထား၍သွေးလှည့်ပတ်မူ မကောင်းသောကြောင့် ဖြစ်သည်။ ထုံခြင်းမှရှောင်ရှားရန် ထိုင်နေသောသို့မဟုတ်အိပ်နေသည့်ကိုယ်ဟန်အနေအထားကိုချက်ချင်း ပြောင်းလဲသင့်ပါသည်။

✅လက်မနှင့်လက်ညှိးကြားထုံကျင်ခြင်း

လက်မနှင့်လက်ညှိးကြားထုံကြင်ခြင်းသည် လက်မောင်းတွင်အာရုံကြောများထပ်နေခြင်းကြောင့် ဖြစ်သည်။ထို့ကြောင့်မိမိထိုင်နေသောထိုင်ခုံတွင်ထိုင် သည့်အနေအထား မကြာခနပြောင်းပေးရမည်။ ထို့နောက်ထိုင်ခုံပေါ်တွင်ထိုင်နေရာကလက်ကိုနောက် ပစ် ထား၍မထိုင်ရပါ။

✅လက်မောင်းကနေလက်ဖျားထိထုံကြင်ခြင်း

လက်မောင်းကနေလက်ဖျားထိထုံကြင်ခြင်းသည် လည်ပင်းက အရိုး က အာရုံကြောကို သွား၍ဖိထားသောကြောင့် ဖြစ်နေခြင်းဖြစ်သည်။ထို့ကြောင့်စိုးရိမ် စရာဖြစ်သဖြင့်ဆရာဝန်နှင့်အမြန်ဆုံးပြသ၍ကုသင့် ပါသည်။

✅ခြေဖမိုးမှ ဒူးခေါင်းအောက် ဖက် အရှေ့ခြမ်းတွင် ထုံခြင်း

ခြေဖမိုးမှ ဒူးခေါင်းအောက် ဖက် အရှေ့ခြမ်းတွင် ထုံခြင်းရှိပြီးသို့သော်လက်ဖျားထုံကြင်ခြင်းမရှိပါကအချိန်ကြာကြာတရားအားထုတ်ထိုင်ခြင်း၊ထိုင်ခွေပုံစံကြာကြာထိုင်းခြင်းကြောင့်ဒူးခေါင်းရှိအာရုံကြောများဖိအားများ၍သွေးကြောမလည်ပတ်နိုင်သောကြောင့်ဖြစ်သည်။

✅ခြေဖျားမှတင်ပါးထိထုံကြင်ခြင်း

ခြေဖျားမှတင်ပါးထိထုံကြင်ခြင်းသည်အထူးသတိပြုရမည်။ အကြောင်းရင်းမှာကြောရိုးက အရိုးဆစ် များရွေ့လျား၍အာရုံကြောကိုဖိအားပေးညှပ်နေခြင်းဖြစ်သည်။

✅ခြေဖျား ခြေဖဝါး လက်ဖျားကနေတဆင့်ခန္ဓာကိုယ် ထဲထိထုံကြင်ခြင်း

ခြေဖျား ခြေဖဝါး လက်ဖျားကနေတဆင့်ခန္ဓာကိုယ် ထဲထိထုံကြင်ခြင်း၏အကြောင်းရင်းသည်အရက် သောက်သောသူများ၌သာတွေ့လေ့ရှိပါသည်။အဘယ်ကြောင့်ဆိုသော်အယ်ဂိုလ်ဟောသည်ခန္ဓာကိုယ်အတွင်းရှိအာရုံကြောများကိုပျက်စီးစေသည်။

အထက်ပါ ဝေဒနာများကိုသက်သာစေရန်

ကျန်းမာသောနေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ကုသနိုင်ပါသည်။ သို့သော် ၂ ရက် ၃ ရက်ကြာသည်အထိ မသက်သာခဲ့လျှင် ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ဖြင့် ပြသရပါမည်။ ထိုင်းနိုင်ငံ ဝေ့ဌာနီဆေးရုံကြီး၏ ဦးနှောက်နှင့်အာရုံကြောအထူးကုဌာနမှလည်း သင့်ကို ကုသပေးဖို့အမြဲအသင့်ရှိပါသည်။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်
ဝေ့ဌာနီဆေးရုံကြီး

‎ကျမ်းမာရေးနင့်ပတ်သတ်သည့် ဗဟုသုတများကိုနေ့စဥ် နှင့်အမျှတင်ဆက် ပေးနေတာမို့ pageကိုlike shareလုပ်သွားမို့ မေတ္တာရပ်ခံပါတယ်ရှင့် အားလုံးဘဲကျန်းမာ ချမ်းသာကြပါစေ🙏🙏🙏🙏


#ကျန်းမာရေးဗဟုသုတရကြပါစေ
ိုင်ရင်းဆေး

ညဘက်မှာ အိပ်မပျော်ခြင်းက အသက်အရွယ်မ‌ရွေးဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလေ ပိုပြီးအိပ်မပျော်တဲ့ရောဂါက ပိုပြီးဖြစ်နိုင်ခြေများပ...
29/10/2025

ညဘက်မှာ အိပ်မပျော်ခြင်းက အသက်အရွယ်မ‌ရွေးဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလေ ပိုပြီးအိပ်မပျော်တဲ့ရောဂါက ပိုပြီးဖြစ်နိုင်ခြေများပါတယ်။ 👴‼️

အိပ်မပျော်ခြင်းရောဂါ ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေများစွာရှိပါတယ်။ ❗
#စိတ်ဖိစီးမှုနဲ့ အတွေးလွန်မှုတွေက အိပ်မပျော်ခြင်းကို ပိုပြီးဖြစ်စေနိုင်ပါတယ်
#အိပ်ရေးဝဝအိပ်စက်နိုင်ရန်အတွက် အိပ်ဆေးများကိုပဲ အမြဲအားကိုးနေ၍လည်းမရပါ။ အိပ်ဆေးများတွင် #ဘေးထွက်ဆိုးကျိုးများစွာရှိပါသည်။

သဘာဝတိုင်းရင်းဆေးစစ်ဖြစ်သော ်ခွာ ရဲ့ပါဝင်ပစ္စည်း‌များသည် စိတ်ဖိစီးမှုကို လျော့ချစေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေသော အာနိတင်များပါဝင်ပါသည်

စိတ်ဖိစီးမှုများပြီး #အိပ်မပျော်သူများအတွက် ခြေဖနှောင့်တွင် ကပ်ပေးခြင်းဖြင့် သက်သာမှုရယူနိုင်ပါသည် ✅

crd


ိုင်းရင်းဆေးကပ်ခွာ

ငွေမကုန်ဘဲ ကျန်းမာစေနည်း --------------------------------၁။ရေများများသောက်ဖို့ ပိုက်ဆံမကုန်ပါဘူး ။၂။လေဝဝရှူဖို့ ပိုက်ဆံမ...
29/10/2025

ငွေမကုန်ဘဲ ကျန်းမာစေနည်း
--------------------------------
၁။ရေများများသောက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၂။လေဝဝရှူဖို့
ပိုက်ဆံမကုန်ပါဘူး ။

၃။မိမိနဲ့သင့်လျော်တဲ့
အားကစားတစ်ခုခုကို
အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ဖို့
ခန္ဓာကိုယ်ချွေးထွက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၄။ Online ပိတ်ပြီး
ညစောစောအိပ်ဖို့
ပိုက်ဆံမကုန်ပါဘူး ။
အိပ်ရေးဝဖို့ တစ်ပြားမှမကုန်ပါဘူး ။

၅။ မိမိစားနေကျ အစားအစာတွေကို
သေချာပြန်စစ်ဆေးပြီး
ဘယ်ဟာကိုရှောင်ရမယ်
ဘယ်ဟာကိုဖြည့်စားရမယ်ဆိုတာသိရင်
စားနေကျ ဟာထက် ပိုမကုန်ပါဘူး ။

၆။ fb ကြည့်တဲ့အခါ …
ကုသိုလ်ပြုဖို့ မျှဝေဖို့
ဟာသတွေကြည့်ရှုပြီးရယ်မောဖို့
သင်သုံးနေကျထက် ပိုမကုန်ပါဘူး ။

ဒေါသထွက်စရာ page တွေ
စိတ်ဆင်းရဲစရာ page တွေ
ကိုယ့်ကိုဒေါသထွက်စေတဲ့လူတွေကို
unfollow လုပ်ပြီး
ရယ်စရာကောင်းတာတွေ
စိတ်ကြည်နူးစရာတွေကိုပဲ like လုပ်ထားပါ ။

Bill ကုန်ခံပြီး စိတ်ဆင်းရဲမခံပါနှင့်။
Bill ကုန်ခံပြီး ဒေါသကိုမဝယ်ပါနှင့် ။
Bill ကုန်ခံပြီး အသက်မတိုပါစေနှင့် ။

၇။ ဘာသာရေးလုပ်ဖို့ပိုက်ဆံမလိုပါဘူး ။
ဘယ်ဘုရားကမှ ပိုက်ဆံရှိမှတရားရမယ်။
ပိုက်ဆံအကုန်ခံမှ ကောင်းကင်ဘုံရောက်မယ်
မမိန့်ခဲ့ပါ။
တစ်ပြားမှကုန်စရာမလိုပဲနှင့်
ဘုရားရှိခိုးနိုင်ပါသည်။
ကပ်ဆိုးဆိုက်နေသော လောကကြီးတွင်
နေ့စဉ်နာရီဝက်ခန့် ဘုရားတရားရိပ်၌
ခိုလွုံ ပါ ။

၈။ တစ်ကယ့်မိတ်ဆွေကောင်းတွေနဲ့နေရဖို့
ဆွေးနွေးတိုင်ပင်ဖို့ ရယ်ရယ်မောမောပြောနိုင်ဖို့စိတ်လွတ်ကိုယ်လွတ်ရှင်သန်ဖို့
ငွေသိပ်မကုန်ပါဘူး ။

ငွေကုန်ရမှ ပေါင်းလို့ရမယ်ဆိုရင်လည်း
ဒါဟာ မိတ်ဆွေကောင်းမဟုတ်ပါဘူး ။
မိတ်ဆွေကောင်းတွေနဲ့အမြဲဆက်သွယ်နေထိုင်ပါ ။

မိတ်ဆွေ...
တစ်ပြားမှမကုန်ပဲ လုပ်လို့ရတာတွေကို
သင်မလုပ်ခဲ့ရင်....
အများကြီးကုန်မှ လုပ်လို့ရမှာတွေကို
တစ်ချိန်ကျ သင်လုပ်ရတော့မှာပါ.... ။

သိန်းရာချီကုန်မှအသက်ဆက်ရမယ့်
ရောဂါဘယတွေမဖြစ်ခင်
တစ်ပြားမှမကုန်ဘဲ
မိမိကိုယ်မိမိ ကယ်တင်ကြရအောင် …

ှာဖွေ

 #ဂုတ်ကျီးပေါင်း  #ဇက်ကျီးပေါင်း  #ခါးကျီးပေါင်း  #ဒူးကျီးပေါင်း ရောဂါအမျိုးမျိုးတို့အတွက် ဆေးစွမ်းကောင်းတစ်လက်. 💯ကျီးပေ...
28/10/2025

#ဂုတ်ကျီးပေါင်း #ဇက်ကျီးပေါင်း #ခါးကျီးပေါင်း #ဒူးကျီးပေါင်း ရောဂါအမျိုးမျိုးတို့အတွက် ဆေးစွမ်းကောင်းတစ်လက်. 💯

ကျီးပေါင်းရောဂါအမျိုးမျိုးအတွက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်တဲ့ ထိုင်းနိုင်ငံထုတ် ထိုင်းတိုင်းရင်းဆေးကပ်ခွါနှင့်လိမ်းဆေးဆီ. 💯

👩🏻‍⚕️. ကျီးပေါင်းဖြစ်ခြင်းဟာ အရိုးရှိတဲ့နေရာတိုင်းမှာအသက်ရွယ်ကြီးသူတွေမှာသာမက ခုလိုအချိန်မှာလူငယ် လူလတ်ပိုင်းတွေပါအဖြစ်များလာပါတယ်

👩🏻‍⚕️. နေ့စဉ်လူနေမှုဘဝတွေထဲမှာ မပါမဖြစ် ဖုန်း ကွန်ပျူတာတွေသုံးရတဲ့အခါ ကိုယ်နေဟန်ထား မမှန်ခြင်းတွေကြောင့်လည်း ပိုဖြစ်ပေါ်တတ်ပါတယ်

👩🏻‍⚕️. ညဘက်အိပ်တဲ့အခါ. ခေါင်းအုံးပုံစံအနေထားမမှန်တာတွေကလည်း ရေရှည်မှာကျီးပေါင်းဖြစ်စေတတ်ပါတယ်

👩🏻‍⚕️. ကျီးပေါင်းရောဂါစဖြစ်ပြီဆိုထဲက နာကျင်ကိုက်ခဲမူတွေဖြစ်လာမယ် နေလို ထိုင်လို မကောင်းတဲ့အပြင် ဂရုမစိုက်ဘဲပစ်ထားမိရင်ပိုဆိုလေးပါဘဲ😢

👩🏻‍⚕️. ကျီးပေါင်းရဲ့အစပျိုးလက္ခဏာများကတော့

✔️. ဇက်ကြောတက်သလိုဖြစ်တာ
✔️. နောက်စေ့ နောက်ကြောမှတဆင့်‌ လည်ပင်း ပခုံးကြွက်သားတွေနာကျင်ခြင်း
✔️. ခေါင်းလှည့်စဉ် မူးဝေခြင်း
✔️. ညအိပ်ချိန်. ခေါင်းလှုပ်ရှားလျှင် လည်ကုပ် ပခုံးနေရာများတွင်နာကျင်ခြင်း
✔️. နောက်ပိုင်းမှာ လက်နှစ်ဖက်ရဲ့ လက်ဖျားလေးတွေပါထုံကျဉ်လာတတ်ပြီး ပစ္စည်းကိုင်ရင် လွတ်ကျတတ်တဲ့အထိဖြစ်နိုင်ပါတယ်

👩🏻‍⚕️. ကျီးပေါင်းဝေဒနာဟာ စသိသိခြင်းမှာ ကုသမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်ပြီ မကုသဘဲ ကြာသွားမယ်ဆိုရင်တော့ နာတာရှည်ဝေဒနာဆိုလဲ မမှားပါဘူးရှင့်☺️

👩🏻‍⚕️. ကျီးပေါင်းဝေဒနာပိုမဆိုးလာစေရန် အတွက်

👩🏻‍⚕️. ဦးခေါင်းလေ့ကျင့်ခန်းပြုလုပ်ပေးခြင်း

👩🏻‍⚕️. ဖုန်းကွန်ပျူတာကြည့်ချိန်

👩🏻‍⚕️. အိပ်စက်အနားယူချိန်တို့မှာကိုယ်နေဟန်ထားမှန်အောင်နေထိုင်ခြင်းအပြင်

👩🏻‍⚕️. ထိုင်းနိုင့်ငံကထုတ်တဲ့ဟန်နုမာန်ဆေးကပ်ခွါလေးကို ညပိုင်းကပ်ပေးပြီ မနက်ပိုင်းမှာ လိမ်းဆေးဆီလေးကို တနေ ၂/၃ကြိမ်ထိလိမ်းဆေးခြင်းဖြစ်သက်သာပျောက်ကင်းနိုင်ပါတယ်ရှင့်. 💯

🍂🌿 #အစွမ်းထက်တိုင်းရင်းဆေးများကိုခေတ်မှီနည်းပညာနဲ့ ဆေးကပ်ခွာပုံစံပြုလုပ်ထားတာမို့

#ကျီးပေါင်းဖြစ်ရာ_နာကျင်ရာနေရာတွေမှာ အလွယ်တကူကပ်ပေးခြင်းဖြင့် ဝေဒနာသက်သာ‌မှုကိုရယူနိုင်ပါပြီနော်♻️



#ထိုင်းတိုင်းရင်းဆေးကပ်ခွါနှင့်လိမ်းဆေးဆီ. 💯

လိမ်းဆေးဆီ တစ်ဗူး 23500 ကျပ် ဖြစ်ပါတယ်ရှင့်

အမြို့မြို့အနယ်နယ်တိုင်းကို ပစ္စည်းရောက်ငွေချေပိုဆောင်ပေးပါတယ်ရှင့်

Address


Alerts

Be the first to know and let us send you an email when Hanuman by STTN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hanuman by STTN:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram