Royal Care Specialist Clinic

  • Home
  • Royal Care Specialist Clinic

Royal Care Specialist Clinic နေ့စဉ်မနက်ရီ၈နာမှ-ညနေ၆နာရီအထိ ကျန်းမာရေးဝန်ဆောင်မှု့ပေးလျက်ရှိပါသည်။

27/01/2025

Vit D ဆေးပညာဗဟုသုတ

Crd - Dr Kyaw

Omicron လား Delta လားတွေးကြောက်မနေပါနဲ့🙅🏻‍♀️ Royal Careက မိဘ ပြည်သူများရဲ့ ကျန်းမာရေး အတွက် အမြဲအတူရှိနေပါမယ်🙏🏻🙏🏻🙏🏻Covid...
16/02/2022

Omicron လား Delta လားတွေးကြောက်မနေပါနဲ့🙅🏻‍♀️ Royal Careက မိဘ ပြည်သူများရဲ့ ကျန်းမာရေး အတွက် အမြဲအတူရှိနေပါမယ်🙏🏻🙏🏻🙏🏻
Covid Third Waveကာလထဲက မိဘပြည်သူများရဲ့ ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေတဲ့ Royal Care Clinic က မိဘ ပြည်သူများရဲ့ ကျန်းမာရေး လိုအပ်ချက်များအရ အကောင်းဆုံးသော ကျန်းမာရေးဝန်ဆောင်မှု့ များ ပေးလျက်ရှိပါတယ်။

👨‍⚕️👩‍⚕️ Royal Care ရဲ့ ဝန်ဆောင်မှု့အချိန် မနက်၈နာရီမှ ညနေ ၆နာရီ တင်မကဘဲ Covid ကာလမှာ မိဘ ပြည်သူများအတွက် ည ၁၁နာရီအထိ အထူးကု ဆရာဝန်ကြီးများနှင့် Online Booking တင်ပြီး အချိန်မရွေး မိနစ်ပိုင်းအတွင်း ပြသနိုင်ပြီဖြစ်ကြောင်းလည်း သတင်းစကားပါးပါရစေရှင်။

👩‍⚕️👨‍⚕️ကျွမ်းကျင် ဆရာဝန်များ သူနာပြု ဆရာဆရာမများနှင့် အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှု့/ ဓာတ်ခွဲ ခန်း ဝန်ဆောင်မှု့ များအပြင် Covidရောဂါပိုးရှိမရှိကိုလည်း Covid Antigen Test Kitဖြင့် အိမ်တိုင်ရာရောက် စစ်ဆေးပေးနေပါပြီ။

Covid ကာလမှာ မိဘ ပြည်သူများ က ကျန်းကျန်းမာမာနေပေးပါ။ Royal Care မိသားစု များမှ မိတ်ဆွေများ အတွက်အ မြဲ အသင့်ရှိနေပါမယ်။
အိမ်ကနေပဲ Royal Careရဲ့Hotline Phone-09970005225,095115498ကို သာဟဲလိုလေး လုပ်လိုက်ပါ။ မိဘပြည်သူများရဲ့ ကျန်းမာရေး အတွက် Royal Careမှ အရောက်လာခဲ့ပေးပါမယ်နော်🍀🍀🍀

06/11/2021

မင်္ဂလာပါရှင်
Covid 3rd Wave ကာလတုန်းက မိဘပြည်သူများကို အခမဲ့ကျန်းမာရေး ဝန်ဆောင်မှု့ပေးခဲ့တဲ့ ကျွန်မတို့ Online Charity Clinic-Health For All Pageလေးဟာ Covid လည်း ငြိမ်လာတဲ့ အချိန်မှာ ကျွန်မတို့ Charity Clinic မိသားစုဆရာဝန်များ မှ ဦးစီးပြီး Royal Care Specialist Clinic ဆိုပြီး မိဘပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု့ ပေးလျှက်ရှိပါတယ် ယခုအခါမှာ ကျွန်မတို့ Clinic Pageလေးဟာ နည်းပညာအခက်အခဲများကြောင့် Royal Care Online Clinic ဆိုပြီး Pageအသစ်မှ တဆင့် ကျန်းမာရေး ဝန်ဆောင်မှု့များ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
Royal Care Online Clinic မှ အိမ်တိုင်ရာရောက် သွေးဖောက်ခြင်းဝန်ဆောင်မှု့ Online မှတဆင့်အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးနိုင်ခြင်း စသည့်ဝန်ဆောင်မှု့များပေးလျက်ရှိပါသည်။
ထို့ကြောင့် Royal Care Online Clinic Page https://www.facebook.com/Royal-Care-Online-Clinic-110288524786342/ လေးကို Like & Follow လေး လုပ်ထားပေးပါအုံးရှင်။

နေ့စဉ် မနက် ၈ နာရီမှ - ညနေ ၆ နာရီထိ ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါသည်။

🏮 ဒီနေ့မှာ ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ (အဘိဓမ္မာ အခါတော်နေ့) မှာ (၇) ရက်သားသမီးအပေါင်း ကျန်းမာသုခပြည့်စုံပြီး စီးပွား...
20/10/2021

🏮 ဒီနေ့မှာ ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ (အဘိဓမ္မာ အခါတော်နေ့) မှာ (၇) ရက်သားသမီးအပေါင်း ကျန်းမာသုခပြည့်စုံပြီး စီးပွားဥစ္စာများလည်း ဒီရေအလားအတိုးပွါးကြပါစေလို့ ကျွန်မတို့ Royal Care Specialists Clinic မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏🙏🙏





🔺ဆီးချိုရောဂါဆိုတာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့အပြင် ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း ဆီးချိုရောဂါ ခံစ...
10/10/2021

🔺ဆီးချိုရောဂါဆိုတာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့အပြင် ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း ဆီးချိုရောဂါ ခံစားရသူအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အတော်လေး မြင့်တက်လာပါတယ်။
🔺ဆီးချိုဟာ ရုတ်တရက်သေဆုံးနိုင်တဲ့ ရောဂါတစ်ခုတော့ မဟုတ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည်ရောဂါ တစ်ခုပါ...

🔺ဒီကာလကြီးမှာ ကျွန်မတို့တွေဟာ ကိုဗစ်ရောဂါကြောင့် အိမ်ထဲက အိမ်အပြင် မထွက်ရတာများလာပါတယ်။
🔺 ကိုယ်လက်လှုပ်ရှားမူနည်းလာခြင်းက ဆီးချိုဝေဒနာရှင်များအတွက် ဆီးချိုအမှတ် ထိန်းရတာခက်ခဲစေနိုင်တဲ့အပြင် ဆီးချိုရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်တဲ့
✔️လေဖြတ်ခြင်း
✔️နှလုံးသွေးကြောပိတ်ခြင်း
✔️ကျောက်ကပ်ထိခိုက်ခြင်း
✔️မျက်လုံးအမြင်ထိခိုက်ခြင်း အစရှိတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့်မို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ နဲ့ အစားအသောက်ဆင်ခြင်စားသောက်ပေးဖို့က အလွန်အရေးကြီးပါတယ်။

🔺အခုလို ဆေးရုံ၊ ဆေးခန်း သွားဖို့ မလွယ်တဲ့ အချိန်တွေမှာ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” မှာ ဆီးချိုရောဂါ သည်တွေအတွက် Tele-Consultation (ဖုန်းမှတဆင့် ဆေးကုသမှု) ခံယူလို့ရပါတယ်ရှင်။
အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် စိတ်ရှည်ရှည်နဲ့ ညွှန်ကြား အကြံပေးကုသသွားမှာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ ဆွေးနွေး တိုင်ပင်ကုသနိုင်ပါတယ်ရှင့် ....🙏

❤️ကိုယ်ချစ်ရတဲ့ ဖေဖေ မေမေ/ ဖိုးဖိုး ဖွားဖွား / ဦးဦး ဒေါ်ဒေါ် တွေရဲ့ကျန်းမာရေးအတွက် ဆွေးနွေးကုသမှု ခံယူချင်တယ်ဆိုရင်တော့ ကျွန်မတို့ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” ရဲ့ Chat Box မှာ Booking တင်ထားနိုင်ပါတယ်ရှင်။

ဘိုကင်တင်ပြီး ၁ နာရီအတွင်း ကျွန်မတို့ဘက်က အထူးကုဆရာဝန်ကြီးက ပြန်လည်ဆက်သွယ်ပေးပြီး Tele-Consultation နဲ့ဆွေးနွေးကုသမှုခံယူနိုင်မှာဖြစ်ပါတယ်ရှင် 🙏

Booking Time ကတော့ ၂၄ နာရီလုံးတင်လို့ရပါနော် .....
ဆေးခန်းဖွင့်ချိန်ကတော့ မနက် (၈) နာရီ ကနေ ညနေ (၆) နာရီဖြစ်ပါတယ်ရှင်။

🔺ကျွန်မတို့ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” မှာ
✔️အထွေထွေရောဂါကုသမားတော်ဆရာဝန်ကြီး
✔️အထွေထွေရောဂါကု သမားတော်ဆရာဝန်ကြီး
✔️ခွဲစိတ် အထူးကုဆရာဝန်ကြီး
✔️သားဖွားမီးယပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး
✔️ကလေး အထူးကုဆရာဝန်ကြီးများမှ…..နေ့စဉ်မနက် (၈) နာရီမှ ညနေ (၆) နာရီထိ TELE-CONSULTATION ကနေတဆင့် ဆွေးနွေးကုသပေးလျက်ရှိပါတယ်ရှင် 🙏

🔺Home Care Lab Service ကိုတော့ ရန်ကုန်၊ ပဲခူး၊ မန္တလေးမြို့တွေအတွက်
✔️အိမ်တိုင်ရာရောက် သွေးဖောက် / ဆီးစစ် စစ်ဆေးပေးခြင်း
✔️အိမ်တိုင်ရာရောက် ရာသီတုပ်ကွေး ကာကွယ်ဆေး / အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးများ ထိုးနှံပေးခြင်း
✔️အိမ်တိုင်ရာရောက် ECG Services အစရှိတဲ့ ကျန်းမာရေး ဝန်‌ဆောင်မှုများကို ပေးနေပါတယ်ရှင် 🙏

ဒါကြောင့် လူကြီးမင်းတို့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ချယုံကြည်စွာ ဆွေးနွေးအကြံပေးနိုင်ဖို့ ကျွန်မတို့ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” မှ မိဘပြည်သူများနဲ့ အမြဲအတူတူ ရှိနေပါတယ်ရှင် 🙏




🧑🏻‍🦱 : “အာ သားကြီးရေ အခုတလော Work form Home ကာလဖြစ်လို့ ကွန်ပျူတာရှေ့ အချိန်ပြည့် ထိုင်လုပ်နေလိုက်တာ ခါးနဲ့ ကျောတွေ နာနေ...
07/10/2021

🧑🏻‍🦱 : “အာ သားကြီးရေ အခုတလော Work form Home ကာလဖြစ်လို့ ကွန်ပျူတာရှေ့ အချိန်ပြည့် ထိုင်လုပ်နေလိုက်တာ ခါးနဲ့ ကျောတွေ နာနေပြီကွာ”

👨 : “ခါးနာတယ်ဆိုတာက အလုပ်လုပ်တုန်းက မင်း 3Ps ကို မလိုက်နာလို့ကွ”

🧑🏻‍🦱 : “3Ps က ဘာတုန်းကွ”

👨 : “3Ps ဆိုတာက…
✔️Posture (ကိုယ်ဟန်အနေအထား)၊
✔️Put it close (ထိုင်ခုံကို ချိန်ညှိမှု)
✔️Positional Changes (ပုံစံအနေအထားပြောင်းလဲမှု) ဆိုတဲ့ အရာတွေပဲ .... မင်း အဲဒီအရာတွေကို လိုက်မလုပ်တော့ ကျောနာ၊ ခါးနာတာ ဖြစ်ပြီပေါ့ကွာ”

🧑🏻‍🦱 : “အဲဒီ Posture တွေအကြောင်းကို ဆက်ရှင်းပြစမ်းဦးဟ”

👨 : “Posture ဆိုတာက မင်းရဲ့ လည်ပင်းနဲ့ တံတောင်ဆစ်တွေကို ဖိအားမကျစေဖို့ ထိုင်သင့်တဲ့အကောင်းဆုံး ထိုင်ပုံထိုင် နည်းကို ပြောတာ ... အဲဒီနည်းထဲမှာ ကျောနာတာ၊ ခါးနာတာတွေ မရှိစေဖို့ ခေါင်းအုံးအသေး ဒါမှမဟုတ် လုံးထွေးထားတဲ့ တဘက်တွေ ထားသင့်တယ်....
Put it close ဆိုတာကျတော့ မင်းအနေနဲ့ Desktop အသုံးပြုတဲ့ သူဆိုရင် ထိုင်နေတဲ့ ထိုင်ခုံက မင်းရဲ့ Screen ထက် ၃ လက်မ ပိုနိမ့်ရမယ်၊ Laptop အသုံးပြုတဲ့ သူဆိုရင်တော့ Laptop Screen ကို ဒေါင်လိုက် ၁၂၀ ဒီဂရီထားရမယ်ဆိုတာကို ဆိုလိုတာ ...
Positional Changes ကျတော့ မင်း အနေနဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ မိနစ် ၄၀ ကနေ မိနစ် ၅၀ အတွင်း တစ်ကြိမ်ထပြီး အခန်းကို တစ်ပတ် လမ်းလျှောက်ပေးသင့်တယ်လို့ ဆိုလိုတာကွာ…”

🧑🏻‍🦱 : “အွန်း .... မဆိုးဘူးပဲ ဗဟုသုတ တိုးတာပေါ့ကွာ”

👨 : “ဗဟုသုတဘဲ တိုးမနေနဲ့ အဲဒါတွေက မင်းကိုယ်တိုင် လိုက်လုပ်သင့်တယ် .... ဒါပေမဲ့ လောလောဆယ်မှာ မင်း ခါးနာနေတာက ကြာရင် အဆင်မပြေဘူး ... ဆေးခန်းလေး ဘာလေးပြကြည့်စမ်းပါကွ”

🧑🏻‍🦱 : “ဟာ သားကြီးရဲ့ ဒီကာလကြီးမှာ ဘယ်ဆေးခန်းက ဖွင့်မှာလဲဗျာ”

👨 : “ဟေ့ကောင် ပူမနေနဲ့ !! မင်းဆေးခန်းသွားစရာမလိုဘူး .... 𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 ရှိတယ်လေကွာ”

🧑🏻‍🦱 : “ အာ့ ဘာကြီးတုန်း... သားကြီး ရှင်းပြစမ်းပါဦး”

👨 : “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 ဆိုတာက Tele-Consultation Service & Home-Care Lab Service လုပ်ပေးတဲ့ အွန်လိုင်းဆေးခန်းတစ်ခုကွ .... မင်းရဲ့ အခု ကျောနာ၊ ခါးနာကိုလည်း အဲဒီဆေးခန်းက အရိုးအထူးကုတွေနဲ့ အွန်လိုင်းဆွေးနွေးမှုနဲ့ ဆေးကုလို့ရနေပြီ .... မင်း တွေဝေမနေဘဲ ဖုန်းဆက်ပြီး ဆွေးနွေးကုသမှု ခံယူလိုက်တော့ကွာ”

🧑🏻‍🦱 : “ဟာ ဟုတ်လှချည်လား .... ဒီလိုမျိုး ရှိတာလား….ငါ မသိလိုက်ဘူး .... ဖုန်းနံပါတ်လေးလည်း ပေးပါဦးကွ”

👨 : “သူကဘိုကင်ကြိုတင်ရတယ်ကွ…မင်းသူတို့ 𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 Page ရဲ့ chat box ကနေ အရိုးအထူးကုနဲ့ ဆွေးနွေးချင်ပါတယ်လို့ Booking တင်ထားလိုက် .... Booking ကတော့ ၂၄ နာရီလုံး တင်ထားလို့ရတယ် ... သူတို့က အထူးကုဆရာဝန်ကြီးတွေနဲ့အချိန်ပြန်ညှိပြီး မင်းကို ၁ နာရီအတွင်း Tele-Consultation ပြရမယ့်အချိန်ကို ပြန်ပြောပေးလိမ့်မယ် … အဲ့ကျ မင်းက ဆရာဝန်ကြီးနဲ့ သူပြောတဲ့အချိန်မှာ ပြလိုက်ရုံဘဲ”

🧑🏻‍🦱 : “အေး ကျေးဇူးကွာ ငါဘိုကင်တင်ကြည့်ဦးမယ်… ဒါမယ့် တစ်ခုရှိတာ အခုတလော မင်းသိတဲ့အတိုင်း အိမ်မှာလဲစားသောက်စရာဝယ်စုထားရတော့ ပိုက်ဆံများများစားစားမရှိဘူးကွ… အထူးကုနဲ့ပြရမယ်ဆိုတော့ တော်တောပေးရမှာဘဲနော် 😔”

👨: “ဘယ်ကသာ…သူတို့ဆီက service ခတွေကလေ လူတိုင်းတတ်နိုင်တဲ့စျေးနှုန်းနဲ့ လုပ်ပေးထားလို့ ငါတောင်အံ့ဩရတယ်ကိုယ့်လူရေ… မင်း အဲ့အတွက်ဘာမှပူမနေနဲ့!! ဆရာဝန်ကြီးတွေက စိတ်ရှည်တယ် ကုသမှုကောင်းတယ်”

🧑🏻‍🦱 : “ဟာ ဟုတ်လား…ဒါဆို ငါအမြန်ဆုံးဘိုကင်သွားတင်ထားလိုက်တော့မယ် သားကြီးရေ.. ကျေးဇူးကွာ”
______________________________________________

ကျွန်မတို့ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” မှာ
✅အထွေထွေရောဂါကုသမားတော်ဆရာဝန်ကြီး
✅အထွေထွေရောဂါကု သမားတော်ဆရာဝန်ကြီး
✅ခွဲစိတ် အထူးကုဆရာဝန်ကြီး
✅သားဖွားမီးယပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး
✅ကလေး အထူးကုဆရာဝန်ကြီး များမှ နေ့စဉ်မနက် ၈နာရီမှ ညနေ ၆နာရီထိ TELE-CONSULTATION ကနေတဆင့် ဆွေးနွေးကုသပေးလျက်ရှိပါ တယ်ရှင် 🙏

Home Care Lab Service ကိုတော့ ရန်ကုန်၊ ပဲခူး၊ မန္တလေးမြို့တွေအတွက်
✔️အိမ်တိုင်ရာရောက် သွေးဖောက် / ဆီးစစ် စစ်ဆေးပေးခြင်း
✔️အိမ်တိုင်ရာရောက် ရာသီတုပ်ကွေး ကာကွယ်ဆေး / အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးများ ထိုးနှံပေးခြင်း
✔️အိမ်တိုင်ရာရောက် ECG Services အစရှိတဲ့ ကျန်းမာရေး ဝန်‌ဆောင်မှုများကို ပေးနေပါတယ်ရှင် 🙏

ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ချယုံကြည်စွာ ဆွေးနွေးအကြံပေးနိုင်ဖို့ ကျွန်မတို့ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” မှ မိဘပြည်သူများနဲ့ အမြဲအတူတူ ရှိနေပါတယ်ရှင် 🙏




#ခါးနာကျောရိုးနာ


အခုလို ဆေးရုံ၊ ဆေးခန်း သွားဖို့ မလွယ်တဲ့ အချိန်တွေမှာ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” မှာ အချိန်အကြာကြီးစောင့်စရာမလိုပဲ အ...
03/10/2021

အခုလို ဆေးရုံ၊ ဆေးခန်း သွားဖို့ မလွယ်တဲ့ အချိန်တွေမှာ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” မှာ အချိန်အကြာကြီးစောင့်စရာမလိုပဲ အထူးကု ဆရာဝန်ကြီးများရဲ့ အကြံပေးကုသမှု Tele-Consultation တွေအပြင် Home Care Service တွေကို ရယူနိုင်ပါပြီရှင် 🙇‍♀️🙇‍♀️

အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် စိတ်ရှည်ရှည် ညွှန်ကြား အကြံပေးမှာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို ဆွေးနွေးတိုင်ပင်ကုသနိုင်ပါတယ်။ 💁💁

🩺 Tele-Consultation ကိုတော့ ကျွန်မတို့ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” မှ မနက် ၈နာရီကနေ ညနေ ၆နာရီအတွင်း သက်ဆိုင်ရာ အထူးကု သမားတော်များ၊ အထွေထွေရောဂါကု ဆရာဝန်များက ဆွေးနွေးကုသပေးသွားမှာ ဖြစ်ပါတယ်။💁

ကျွန်မတို့ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” တွင်
အထွေထွေရောဂါကုသမားတော်ဆရာဝန်ကြီးများ
🩺 အထွေထွေရောဂါကု သမားတော်ဆရာဝန်ကြီး
🩺 ခွဲစိတ် အထူးကုဆရာဝန်ကြီး
🩺 သားဖွားမီးယပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး
🩺 ကလေး အထူးကုဆရာဝန်ကြီး များမှ နေ့စဉ်မနက် ၈နာရီမှ ညနေ ၆နာရီထိ ဆွေးနွေးကုသပေးလျှက်ရှိပါတယ်ရှင်။

🩺 Home Care Service ကိုတော့ ရန်ကုန်၊ ပဲခူး၊ မန္တလေးမြို့တွေအတွက်
✔️အိမ်တိုင်ရာရောက် သွေးဖောက် / ဆီးစစ် စစ်ဆေးပေးခြင်း
✔️အိမ်တိုင်ရာရောက် ရာသီတုပ်ကွေး ကာကွယ်ဆေး / အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးများ ထိုးနှံပေးခြင်း
✔️အိမ်တိုင်ရာရောက် ECG Services အစရှိတဲ့ ကျန်းမာရေး ဝန်‌ဆောင်မှုများကို ပေးနေပါတယ်ရှင် 🙏🙏

“𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” ရဲ့ Messenger Chat Bot ကလည်း 24 Hours တactive ဖြစ်တာကြောင့် Chat Bot ကတစ်ဆင့် Booking တင်ထားလို့ရပါတယ်ရှင်💁

Booking တွေကို ကျွန်မတို့ နောက်နေ့မနက်ပိုင်းဆေးခန်းဖွင့်ချိန်မှာ အတတ်နိုင်ဆုံး အစောဆုံးဖြစ်အောင် အမြန်ဆန်ဆုံး ပြန်ဆက်သွယ်ပေးပါတယ်ရှင်🙏🙏

သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေနဲ့ သေချာအချိန်ပေး ကုသဆွေးနွေးပေးသွားမှာဖြစ်လို့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေး အတွက်ဘဲဖြစ်ဖြစ် / ချစ်ရတဲ့ ဖိုးဖိုးဖွားဖွား ဖေဖေမေမေ သားသားမီးမီး တို့ရဲ့ကျန်းမာရေးအတွက်ဘဲဖြစ်ဖြစ် ကျွန်မတို့ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” ကအမြဲအဆင်သင့်ရှိနေပါတယ်ရှင် 🤗🤗

ကုသမှုနှုန်းထားအနေနဲ့လဲ အားလုံးတတ်နိုင်လောက်မယ့် ပမာဏနှုန်းထားနဲ့ Service charges အနည်းဆုံး ထားပေးထားတာဖြစ်လို့ ငွေကြေးအတွက်လဲ စိတ်မပူပါနဲ့ရှင် 🙇‍♀️

ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ချယုံကြည်စွာ ဆွေးနွေးအကြံပေးနိုင်ဖို့ ကျွန်မတို့ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” မှ မိဘပြည်သူများနဲ့ အမြဲအတူတူ ရှိနေပါတယ်ရှင် ❤️❤️





ဒီနေ့ “September 29”ရက်နေ့ဟာဆိုရင် “World Heart Day” ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ နှလုံးရောဂါခံစားနေတဲ့ နှလုံးရောဂါရှင်...
29/09/2021

ဒီနေ့ “September 29”ရက်နေ့ဟာဆိုရင် “World Heart Day” ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာ နှလုံးရောဂါခံစားနေတဲ့ နှလုံးရောဂါရှင်တွေ အားလုံးအတွက် 𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 ကနေ နှလုံးကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို မျှဝေပေးချင်ပါတယ်ရှင် ❣️❣️

ပထမဆုံး သိထားဖို့က….ကမ္ဘာပေါ်မှာ နှလုံးရောဂါခံစားနေရတာဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒါကြောင့် လုံးဝ၊ လုံးဝ စိတ်ဓာတ်ကျနေစရာ မလိုပါဘူးနော်။ 🙅🏻‍♀️🙅🏻‍♀️

နှလုံးသွေးကြောကျဥ်း ရောဂါ ဟာ ကမ္ဘာနှင့် အဝှမ်း အဖြစ်များပြီး သေဆုံးမှုနှုန်းလည်း အလွန်များပြားတာ ကြောင့် ဒီရောဂါလက္ခဏာ တွေကို ကြိုတင်သိပြီး ကာကွယ် ကုသဖို့ လိုအပ်ပါတယ်။💁🏻‍♀️

အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ ...
❕ရင်ဘတ်အောင့်ခြင်း
❕မောခြင်း
❕ပျို့အန်ခြင်း
❕မိုက်ခနဲ မူးခြင်း
❕ချွေးစေးပြန်ခြင်း စတဲ့ လက္ခဏာ တွေ ပြတတ်ပါတယ်။

ဒါကြောင့် သင့်မှာ ဒီလိုလက္ခဏာတွေ ဖြစ်နေပြီဆိုရင်တော့ လုံးဝ မပေါ့ဆသင့်ပါဘူးနော် ❌
သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးတွေနဲ့ အမြန်ဆုံးပြသသင့်ပါတယ်ရှင်။💁🏻‍♀️

ဒါ့အပြင် နှလုံးကျန်းမာရေးအတွက် ပုံမှန် စစ်ဆေးကုသတာမျိုးတွေလဲလုပ်ဖို့ လိုအပ်ပါတယ်။

✔️နှလုံးရောဂါ မျိုးရိုးရှိသူများ၊
✔️အသက် ၄၀ နှင့် အထက်ရှိသူများ
✔️နှလုံး၊ သွေးတိုးရောဂါ ခံစားနေရသူများ
✔️အ၀လွန်နေသာသူများ
✔️ကိုယ်လက်လှုပ်ရှားမှု ပုံမှန်မလုပ်ဖြစ်သူများ
✔️ဆေးလိပ်သောက်သူများ
✔️စိတ်ဖိစီးမှုများ ခံစားနေရသူများ
✔️ကိုယ်လက်စရော ပမာဏ မြင့်တက်နေသောသူများအနေနဲ့ နှလုံးကျန်းမာရေးစစ်ဆေးမှု (Medical Checkup) ကို ပုံမှန် ခံယူသင့်ပါတယ်။

တချို့ ဆီးချို ရောဂါ ရှိသူတွေမှာတော့ ရောဂါလက္ခဏာ မပြပဲ ဖြစ်တတ်တာကြောင့် ဆီးချို ၊ သွေးတိုး ရောဂါ ရှိတဲ့လူနာတွေ အတွက်က လက္ခဏာ မပြလည်း နှလုံးသွေးကြောကျဥ်း ရောဂါ ရှိမရှိ Routine Check up လုပ်သင့်ပါတယ်ရှင်။💁🏻‍♀️

တစ်ကယ်လို့ သင်ဟာ နှလုံးရောဂါခံစားနေရပြီဆိုရင်လည်း လုံးဝစိတ်ဓာတ်ကျ စရာမလိုပါဘူး။ နှလုံးရောဂါဆိုတာ ဂရုတစိုက်နဲ့ ပုံမှန်ကုသရင် ပျောက်ကင်းနိုင်ပါတယ်။ ပုံမှန် ဆေးစစ်ကုသတာမျိုး၊ ဆေးပုံမှန်သောက်တာမျိုး၊ လေ့ကျင့်ခန်းလုပ်ပေးတာမျိုးတွေက နှလုံးရောဂါကို သက်သာစေနိုင်ပါတယ်ရှင်။ ❣️❣️

နှလုံးကျန်းမာရေးအတွက်ဆိုရင် ကျွန်မတို့ရဲ့ Royal Care မိသားစုကလည်း သင်တို့နဲ့အတူတူရှိနေပါတယ်။
𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှာ နှလုံးရောဂါခံစားနေရသူတွေအတွက် အကောင်းဆုံးကာကွယ်ကုသမှုတွေပေးနိုင်ဖို့ ကြိုဆိုနေပါတယ်ရှင် ❤️

ကျွန်မတို့နှလုံးသားတွေအားလုံးကလည်း နီးစပ်နေတာကြောင့် နွေးထွေးတဲ့ ခံစားမှု / နွေးထွေးတဲ့ကုသမှုတွေနဲ့ နှလုံးရောဂါဝေဒနာရှင်များအားလုံး စိတ်ဓာတ်လုံးဝမကျဘဲ နွေးနွေးထွေးထွေးနဲ့ အမြန်ဆုံးကျော်ဖြတ်ကြမယ်နော် ❤️❤️






အားလုံးဘဲ မင်္ဂလာပါရှင် 🙏✨ကိုဗစ်ကာလတစ်လျှောက်လုံး လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် အမြဲတမ်းအတူ တစ်သားထဲ ရှိနေခဲ့တဲ့ ကျွ...
25/09/2021

အားလုံးဘဲ မင်္ဂလာပါရှင် 🙏

✨ကိုဗစ်ကာလတစ်လျှောက်လုံး လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် အမြဲတမ်းအတူ တစ်သားထဲ ရှိနေခဲ့တဲ့ ကျွန်မတို့ရဲ့ “Online Charity Clinic” ဟာ အရင်ထက် သာလွန်ကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ အများကြီးထပ်ပေးနိုင်ဖို့အတွက် အသစ်ပြောင်းလဲဖွင့်လှစ်လိုက်တဲ့ အမည်အသစ် ၊ လုပ်ငန်းအသစ်၊ ဝန်ဆောင်မှုအသစ်တွေနဲ့ မိတ်ဆက်ပေးပါရစေရှင် 🙏

🏥 Free Consultation အနေနဲ့ ကိုဗစ်ကာလတစ်လျှောက်လုံးမှာ ကျန်းမာရေး လမ်းညွှန်မှုတွေ ပြုလုပ်ပေးခဲ့တဲ့ ကျွန်မတို့ရဲ့ “Online Charity Clinic” ဟာ အခုချိန်မှာ လူကြီးမင်းတို့အတွက် နေအိမ်ကနေ ကျန်းမာရေးဆိုင်ရာ ကိစ္စအလုံးစုံကို ဆွေးနွေးတိုင်ပင်ပြီး ကုသပေးနိုင်မယ့်အပြင် သွေးစစ် ဆီးစစ် စတဲ့ ရောဂါဓာတ်ခွဲစစ်ဆေးတာတွေကိုပါ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး စျေးနှုန်းအသက်သာဆုံး အွန်လိုင်းဆေးခန်းအဖြစ် “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” နာမည်နဲ့ ပြောင်းလဲဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်ရှင် 🙏

🔺ဆေးရုံ၊ ဆေးခန်း သွားဖို့ မလွယ်တဲ့ အချိန်တွေမှာ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” က အထူးကု ဆရာဝန်ကြီးများရဲ့ အကြံပေးကုသမှု (Tele-Consultation Home Care Service) ကို ရယူပြီး ဆက်လက် လုပ်ဆောင်ရမယ့် အချက်အလက်တွေ / ကုသရေးအတွက် စိတ်ရှည်လက်ရှည်နဲ့ ညွှန်ကြား ကူညီပေးသွားမှာပါရှင် 🙏

🔺သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေနဲ့ သေချာအချိန်ပေး ကုသဆွေးနွေးပေးသွားမှာဖြစ်လို့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေး အတွက်ဘဲဖြစ်ဖြစ် / ချစ်ရတဲ့ ဖိုးဖိုးဖွားဖွား ဖေဖေမေမေ သားသားမီးမီး တို့ရဲ့ကျန်းမာရေးအတွက်ဘဲဖြစ်ဖြစ် ကျွန်မတို့ “𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” ကအမြဲအဆင်သင့်ရှိနေပါတယ်ရှင် 🙏

🔺ကုသမှုနှုန်းထားအနေနဲ့လဲ အားလုံးတတ်နိုင်လောက်မယ့် ပမာဏနှုန်းထားနဲ့အသက်သာဆုံးထားပေးထားတာမို့ စိတ်မပူပါနဲ့နော် 💁🏻‍♀️
အခုလိုခက်ခဲနေတဲ့ကာလမှာ Service charges အနည်းဆုံးယူပြီးကုသပေးတာကိုလဲ လူနာများအနေနဲ့ နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်ရှင် 🙏

🏥 𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 ကနေ ရရှိနိုင်မယ့် ကျန်းမာရေး ဝန်ဆောင်မှု အသေးစိတ်အချက်အလက်တွေကိုတော့ နောက်ပိုင်း Page မှာ ဆက်ကြေငြာပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါနော် 🙋🏻‍♀️

🔺လူကြီးမင်းတို့ ကျန်းမာရေးအတွက် အမြဲတမ်း အတူတစ်သားထဲ ရှိနေပေးမှာမို့ ကျွန်မတို့ Page လေးကို ဆက်လက်စောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေရှင် 🙏





15/09/2021

Covid တတိယလှိုင်းမှာ ကျွန်မတို့ Online Charity Clinic မှ လူနာ၉၀၀၀ကျော်ကို အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှု့ ပေးနိုင်ခဲ့ပါတယ်။ FOC Teleclinicတွင် နည်းပညာဆိုင်ရာ အခက်အခဲကြောင့်အဆင်မပြေမှု့တချို့ရှိခဲ့တာကိုလည်း တောင်းပန်ပါတယ်ရှင်🌸
ယခုချိန်တွင် Covid ကလဲ ငြိမ်လာပြီး ဆေးခန်းများလည်း ပြန်ဖွင့်လာပြီဖြစ်ရျ် Online ဆေးခန်းကို ခေတ္တနားပါရစေရှင်။ မိဘပြည်သူများလည်း ကိုယ်စိတ်ကျန်းကျန်းမာမာ ရှိကြဖို့ Online Clinic မိသားစုများမှ ဆုတောင်းပေးပါတယ်ရှင်🙏🏻🙏🏻🙏🏻

Address


Telephone

+959970005225

Website

Alerts

Be the first to know and let us send you an email when Royal Care Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram