Nyein Traditional Clinic

  • Home
  • Nyein Traditional Clinic

Nyein Traditional Clinic Myanmar Traditional Medicine for All

😔😔😔
03/04/2025

😔😔😔

10/01/2025

ကဖင်းဓာတ်ပါဝင်မှုကြောင့် ကော်ဖီသောက်ရင် လူတွေဟာ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွလာလေ့ ရှိပါတယ်။

ဦးနှောက်ထဲမှာ အဒီနိုဆိုင်း (Adenosine) ဆိုတဲ့ ဟိုမုန်းတစ်မျိုးရှိပါတယ်။ သူဟာ လူတွေကို အနားယူဖို့ လှုံဆော်ပေးတဲ့ ဟိုမုန်းဖြစ်ပါတယ်။ တစ်နေကုန် အလုပ်တွေလုပ်ပြီးရင် ညနေစောင်းတာနဲ့ လူကို အနားယူဖို့ ဒီဟိုမုန်းတွေ ထွက်လာပါတယ်။ ဒီဟိုမုန်းတွေ များလာရင် လူဟာ အိပ်ငိုက်လာမယ်။ အိပ်ချင်လာပါမယ်။

ကော်ဖီကိုသောက်လိုက်ရင်ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်အူနံရံကနေ တခဏချင်း စုပ်ယူပြီး သွေးထဲကို ရောက်သွားပါတယ်။ ပြီးတော့ ဦးနှောက်မှာရှိတဲ့ သွေးကြောတွေကတဆင့် Blood Brain Barrier ကိုဖြတ်ပြီး ဦးနှောက်ဆဲလ်တွေဆီကို ရောက်ပါတယ်။ကော်ဖီသောက်လိုက်ရင် ပါဝင်တဲ့ ကဖင်းတွေဟာ အဒီနိုဆိုင်းတွေကို နှောင့်ယှက်ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် အိပ်ငိုက်ခြင်းဆိုတာ မဖြစ်တော့ပါဘူး။ ဒါ့အပြင် သူ့မှာပါတဲ့ဂလူတမိတ် (Glutamate) နဲ့ အက်စပါတိတ် (Aspartate) လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် (၂)မျိုးဟာလဲ အာရုံကြောတွေကို လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီတွေကနေ စွမ်းအင်ရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် အစာမစားပဲနဲ့ ကော်ဖီသောက်ရင် စွမ်းအင်ရလို့ နေနိုင်တာဖြစ်ပြီး ဝတဲ့သူတွေဟာလဲ အဆီကျသွားတတ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကော်ဖီ၊ ရေနွေးကြမ်း၊ လက်ဖက်သုတ် စတာတွေ တစ်ညလုံးစားလိုက်သောက်လိုက်လုပ်ရင် မအိပ်ချင်တဲ့အတွက် ဦးနှောက်ဟာ နားရမဲ့အချိန်မှာ စာတွေထပ်မှတ်ရတဲ့အလုပ်ကို လုပ်ရလို့ Overload ဖြစ်လာပါတယ်။ ဒါကြောင့် ညဖက်အိပ်ရေးဝဝမအိပ်ထားသူတစ်ယောက်ဟာ နောက်တစ်နေ့မှာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်ရည်ဟာ သာမန်အခြေအနေမှာထက် ပိုလျော့နည်းနေမှာ ဖြစ်ပါတယ်။ နဂိုကျက်ပြီးသားစာတွေမေ့တာတို့ ဖြေတဲ့အခါမှ အလွဲလွဲအချော်အချော်ဖြစ်တာတို့ ဖြစ်ဖို့အလားအလာ အလွန်များပါတယ်။

ဒါ့ကြောင့် ကော်ဖီသောက်ရင် နံနက်ပိုင်းကနေ ညဦးပိုင်းအထိပဲ သောက်သင့်ပြီး သိပ်ညဥ့်နက်ရင်တော့ မသောက်သင့်ပါ။ ဥပမာ ၁၀ နာရီနောက်ပိုင်းဆို မသောက်သင့်တော့ပါ။

ကော်ဖီဟာ ကျန်းမာရေးအတွက်တော့ မရှိမဖြစ် လိုအပ်ချက်ထဲမှာ မပါပါဘူး။ ဒါပေမဲ့ နေ့တဒူဒူသောက်သုံးလေ့ရှိတော့ တစ်နေ့ဘယ်လောက်သောက်သင့်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ပညာရှင်များလေ့လာတဲ့အခါမှာ သူ့မှာပါဝင်တဲ့ ကဖင်းပေါ် မူတည်ပြီး သတ်မှတ်ပါတယ်။ ကဖင်းဓာတ်ဟာ တစ်နေ့ကို ၃၀၀ မီလီဂရမ်အထိ စိတ်ချလက်ချသောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။အနေတော် ကော်ဖီတစ်ခွက်မှာ ကဖင်းဓာတ်ဟာ ၁၀၀ မီလီဂရမ်ပါတာမို့ တစ်နေ့ကို ကော်ဖီ ၃ ခွက်အထိ စိတ်ချလက်ချသောက်နိုင်တယ်လို့ ဆိုလိုပါတယ်။ ကျွန်တော်တို့လူမျိုးရဲ့ဓလေ့မှာတော့ ၃ ခွက်ထက်ပိုသောက်တဲ့လူဟာအတော်ပဲနည်းတာမို့ ကော်ဖီကြောင့်မို့တော့ ကျန်းမာရေးပြဿနာဟာ ကျွန်တော်တို့ဆီမှာတော့ ပြောပလောက်အောင် မရှိပါ။

အရက်နဲ့ ကဖင်းဓာတ်ဟာ မည်သို့မှ တုန့်ပြန်မှုမရှိပါ။ သီးခြားစီသာ ဖြစ်ပါတယ်။ အရက်ဟာ ကဖင်းထက် ပိုမို အစွမ်းထက်ပါတယ်။ အရက်ရဲ့ လုပ်ငန်းဆောင်တာအာနိသင်တွေကို ကဖင်းဟာ မည်သို့မှ ဟန့်တားနိုင်ခြင်း၊ ဆန့်ကျင်တားဆီးနိုင်ခြင်း မရှိပါ။ အရက်သောက်လို့မူးရင် ဆက်မူးနေမှာဖြစ်ပြီး ကော်ဖီ သောက်ရင်လဲ ဘာမှမထူးပါ။ အချို့ အရက်သောက်ပြီး ကားမောင်းတဲ့သူတွေဟာ ကော်ဖီထပ်သောက်ပြီးမောင်းတာမျိုးဟာ ဘာမှမထူးပါ။ အန္တရာယ်ရှိမြဲရှိမှာ ဖြစ်ပါတယ်။

ကော်ဖီမှာ အဓိကပါဝင်တဲ့ ကဖင်းကြောင့် အမျိုးသားတွေမှာ S***m တွေရွေ့လျားမှုကို နည်းစေပါတယ်။ ဆိုလိုတာက အဖိုမျိုးစေ့ဖြစ်တဲ့ S***m တွေဟာ လှုပ်ရှားမှု နှေးကွေးလေးလံသွားတဲ့အတွက် မမျိုးဥဆီကို ထိတွေ့ဝင်ရောက်မှုအတွက် သွားရာမှာ ကောင်းစွာ မသွားနိုင်လို့ သန္ဓေမအောင်နိုင်ဘူး ဖြစ်တာပါ။ အမျိုးသမီးတွေသောက်ရင်လည်း သန္ဓေသားမျိုးအောင်ဖို့ကို ဟန့်တားတာတွေဖြစ်စေပါတယ်။

ဟိုးအရင်တုန်းကတော့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကော်ဖီမသောက်ရဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါကလဲ ကိုယ်ဝန်ပျက်ကျတာတို့၊ ကလေးကြီးထွားမှုကိုထိခိုက်တတ်လို့ ပေါင်မပြည့်ကလေးလေးတွေ မွေးလာမှာစိုးလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက အမျိုးသမီးကိုယ်ဝန်သည်တွေကတော့ သိပ်ပြဿနာမဟုတ်ပါဘူး။ ကော်ဖီမသောက်ရဘူးလို့ ဆရာဝန်ကပြောလိုက်ရင် လိုက်နာဖို့ ဝန်မလေးကြပါဘူး။ အနောက်ဥရောပနိုင်ငံတွေမှာတော့ ဒီလိုမဟုတ်ဘူးလေ။ ကော်ဖီဟာ သူတို့ရဲ့နေထိုင်မှုပုံစံမှာ မရှိမဖြစ် အခန်းကဏ္ဍကနေ ပါနေတာဖြစ်တော့ ကိုယ်ဝန်ရှိလို့မသောက်ရရင် မဖြစ်ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ဝန်ဆောင် ၄၂၀၀၀ ကျော်ကို (၇)နှစ်ကြာ လေ့လာသုတေသနပြုလုပ်ချက်အရ အခုဆိုရင် ကိုယ်ဝန်ဆောင်တွေကို တစ်နေ့ ကဖင်းဓာတ် ၃၀၀ မီလီဂရမ် တစ်နည်းအားဖြင့် တစ်နေ့ ကော်ဖီ အနေတော် (၃)ခွက်သောက်နိုင်တယ်လို့ ဆိုပါတယ်။ တစ်နေ့(၁၀)ခွက်ထက်ပိုရင် သန္ဓေသားကြီးထွားမှုကို ထိခိုက်ပြီးပေါင်မပြည်တဲ့ကလေးလေးတွေမွေးတာတို့၊ ကလေးရဲ့နှလုံးခုန်နှုန်းတွေ မွေးခါစမှာ ပုံမှန်မဖြစ်တာတို့ ကိုယ်ဝန်ပျက်ကျတာတို့ ဖြစ်နိုင်ကြောင်းလဲ တဆက်တည်း သတိပေးထားပါတယ်။

တကယ်တော့ ကဖင်းဓာတ်ဆိုတာ ကော်ဖီတစ်ခုထဲမှာသာ ပါတာမဟုတ်ပါဘူ့။ ကျန်တဲ့အစားအစာတွေဖြစ်တဲ့ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်သုတ်၊ ချောကလက်၊ ကိုကာကိုလာဖျော်ရည်စတဲ့ နေ့စဥ်စားသောက်လေ့ရှိတဲ့ အစားအစာတွေအပြင် အချို့ဆေးဝါးတွေမှာလဲပါလေ့ရှိပါတယ်။ဥပမာ အအေးမိ၊ တုတ်ကွေးရောဂါမှာ သောက်လေ့ရှိတဲ့ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေမှာလဲ ပါလေ့ရှိတော့ တစ်နေ့တာ ကော်ဖီရော ဒီအစားအသောက်တွေ ဆေးတွေပါ စုစုပေါင်း ၃၀၀ မီလီဂရမ်ကို ဆိုလိုပါတယ်။ ကျန်တာတွေ စားသုံးမှုရှိခဲ့ရင် ကော်ဖီကို ထပ်လျော့သောက်ရမှာ ဖြစ်ပါတယ်။

အသက်ကြီးလာတဲ့အခါမှာ Free radical တွေရဲ့ တိုက်ခိုက်မှုကြောင့် ဦးနှောက်မှာရှိတဲ့ဆဲလ်တွေဟာ တဖြည်းဖြည်းနဲ့ ပျက်ဆီးလာပါတယ်။ အဲဒီအထဲမှာ Hydroxy radical တွေဟာ အဆိုးဆုံးဖြစ်ပါတယ်။ ကော်ဖီသောက်ရင် ကော်ဖီမှာပါတဲ့ Coffeeoyl-quinic acid ဟာ hydroxy radical တွေကို ဖျက်ဆီးပေးတဲ့အတွက်ဦးနှောက်မှာရှိတဲ့ဆဲလ်တွေ ပျက်ဆီးခြင်းမဖြစ်အောင် ကာကွယ်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် Dementia လို့ခေါ်တဲ့ သတိမေ့တာတို့ မှတ်ဥာဏ်ချို့ယွင်းတာတို့ကအစအော်ဇိုင်းမားရောဂါလိုမျိုးအထိ ကာကွယ်ရာမှာ များစွာအထောက်အကူပြုပါတယ်။ အတိုချုပ်ပြောရရင် ကော်ဖီတစ်နေ့ ၂ ခွက် ၃ ခွက်သောက်တာဟာ အသက်ကြီးသူတွေအတွက် အကျိုးရှိပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

21/09/2024

🏥🏥 ဝန်ထမ်းအလိုရှိသည် 🏥🏥

ငြိမ်း တိုင်းရင်းဆေးကုခန်း၊ မူဆယ်မြို့အတွက်

👉ဆေးခန်းအကူဝန်ထမ်း အမျိုးသမီး (၂)ဦး
(ပညာအရည်အချင်း - (၁၀) တန်းအောင်(သို့မဟုတ်)ဘွဲ့ရ)

နှင့်

👉ထမင်းချက်၊ သန့်ရှင်းရေးနှင့် အထွေထွေဝန်ထမ်း
အမျိုးသမီး (၁) ဦး

အလိုရှိပါသည်။

အလုပ်ချိန်၊ လစာနှင့် သိရှိလိုသည်များကို
Chat box မှဖြစ်စေ၊ လူကိုယ်တိုက်လာရောက်၍ဖြစ်စေ
စုံစမ်းမေးမြန်းနိုင်ပါသည်။

Ph - 09985085058/ 0943027624

01/05/2024

ဒူးရင်းသီးကို စားသုံးခြင်းဖြင့် ဆာလောင်မှုကို ပြေပျောက်စေပြီး အားအင်တိုးပွားစေပါတယ်။

ဗိုက်ဆာနေချိန်တွင် ဒူးရင်းသီးကိုစားလျှင် ဆာလောင်မှုကို ပြေပျောက်စေပြီး ပင်ပန်းနွမ်းနယ်နေသော အချိန်တွင်စားလျှင် အားအင်များ ပြန်လည်ရရှိခြင်းသည် ယင်းတွင်ပါဝင်သော အာဟာရဓာတ်များကြောင့်ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဒူးရင်းသီး ၁၀၀ ဂရမ် စားလျှင် ရေဓာတ်မှာ ၆၄ ဂရမ် ပါဝင်သောကြောင့် ရေငတ်ပြေစေသည့်အပြင် ကယ်လိုရီအနေဖြင့် ၁၄၇ ကီလိုကယ်လိုရီ ရရှိသည့်အတွက် အားအင်များပြည့်ဖြိုးလာခြင်း ဖြစ်သည်။ အဓိကအားဖြင့် ဒူးရင်းသီးတွင် ပါဝင်သော ကာဘိုဟိုက်ဒြိတ် ၂၇.၀၉ ဂရမ် နှင့် အဆီဓာတ် ၅.၃၃ ဂရမ် တို့ကြောင့်ဖြစ်ပါသည်။ ထိုကာဘိုဟိုက်ဒြိတ်များတွင်လည်း အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်နေသောကြောင့် ဒူးရင်းသီးစားပြီးလျှင် တော်တော်နှင့် ဗိုက်မဆာတော့ဘဲ အဆာခံနိုင်ခြင်းဖြစ်သည်။

ဒေါက်တာခင်မောင်လွင် (FAME)

01/05/2024

အပူချိန် ၄၀ ဒီကရီ ကျော်ရင် ဦးဏှောက်ဆဲလ်တွေ စပြီးကြောင်လာပါတယ်တဲ့။ ဦးဏှောက်ဆဲလ်တွေအကြိုက်ဆုံးအခြေအနေက ၂၂ ဒီကရီလောက်အခြေအနေတဲ့။

သိပ်ပူတဲ့အခါ ဦးဏှောက်က ခန္ဓာကိုယ် အေးအောင် ချွေးတွေထုတ်ပြီး အပူဓါတ်ကိုလျော့ဖို့ ကြိုးစားတယ်။ ခန္ဓာကိုယ်တွင်း ဆားဓါတ်လျော့လာတော့ သတ္ထုဓါတ် မညီမျှမှုဖြစ်လာတယ်။ ဓါတ်ဆားရည်သောက်ပေးရတယ်။

သိပ်ပူတဲ့အခါ အရေပြားပေါ်က အပူအအေးထိမ်းညှိတဲ့ သာမိုစတက်တွေ ကြောင်သွားတဲ့အခါ ဦးဏှောက်က လိုက်ညှိဖို့ကြိုးစားရင်း အထိတ်တလန့်ဖြစ်ပြီး အပူရှော့ဝင်တတ်တယ်။ ( Aircon ခန်း) အအေးထဲကနေ အပြင် (အပူ) ကိုသွားတဲ့အခါ ဦးဏှောက်က ချက်ခြင်းပြောင်းသွားတဲ့ အပူချိန် ကို အမြန်လိုက်ညှိရင်း ဆားကက်ကြောင်သွားတတ်တယ်။

ပူလို့ ရေသောက်တာ ကောင်းတယ်၊ ရေဟာ ခန္ဓာကိုယ်တွင်းက ထွက်မည့်ချွေးတွေနေရာက အရည်တွေနေရာ ကူပြီး အစားထိုးပေးပေမယ့် အပူဒဏ်ကြောင့် ခန္ဓာကိုယ်အေးသွားအောင် မကာကွယ်ပေးနိုင်ဘူး။

အပြင်အပူချိန် ၄၀* ကျော်ရင် လူ့ရဲ့ ဆဲလ်တွေအပေါ် အကျိုးသက်ရောက်လာတယ်။ အထူးသဖြင့်ဦးဏှောက်ဆဲလ်တွေ စွမ်းဆောင်ရည်ကျလာတယ်။ ဦးဏှောက်ဆဲလ်တွေပူတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုထိမ်းညှိပေးတဲ့ စနစ်ချို့ယွင်းသွားရင် သွေးလည်ပတ်မှုမြန်တာတို့၊ သတ္ထုဓါတ်တွေ မမျှတတာတို့ဖြစ်ပြီး လူဟာ အန္တရာယ်ရှိလာတယ်။ နောက်ဆုံး ဦးဏှောက်က သူအလုပ်မလုပ်နိုင်တော့ဘူးထင်ရင် ခဏ ပိတ်ပစ်လိုက်တယ်။ သတိလစ်သွားတာမျိုးပေါ့။ အသက်အန္တရာယ်ရှိပါတယ်။ အဲ့လိုအခြေအနေမှာ ခန္ဓာကိုယ်ရဲ့ အပူကို နည်းမျိုးစုံနဲ့လျော့ပြီး ဦးဏှောက်အအေးဓါတ်ရအောင်လုပ်ရပါတယ်။

အပူဒဏ်ကို ဦးဏှောက်က တွန်းလှန်ပေးဖို့ ခန္ဓာကိုယ်မှာ ဓါတ်ပေါင်းစုံမျှတဖို့လိုပါတယ်။ electrolyte တွေ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ဇင့်၊ ဗိုက်တာမင် ABCDE ပြည့်ဝတဲ့အစားအစာတွေ မိုးလင်းကတည်းက စားထားပါ။ ဥပမာ ဒန့်သလွန်ရွက်မှာ အဟာရပြည့်တယ်။ သောက်ပေးပါ။

ပူလွန်းလို့စိတ်ရှုပ်ရင် anxiety တက်လာပြီး လူဟာ ရှော့ ဖြစ်တတ်တယ်။ ဦးဏှောက်က ပူတာကိုထမ်းရတာတမျိုး၊ သောကကိုငြိမ်းရတာတမျိုးနဲ့ ဆားကက်တွေ ကမောက်ကမ နဲ့ မနိုင်ဝန်ထမ်းလာရတယ်။ စိတ်အေးအေးထားပါ။

ဒါကြောင့်သိပ်ပူရင် အေးတဲ့သဘာဝ လို့ ဦးဏှောက်က သတ်မှတ်ထားတဲ့ သစ်ပင်စိမ်းစိမ်းတွေ၊ ရေတွေနားမှာနေတဲ့လူတွေ သက်သာတယ်။ အပူကတော့ဒီအပူပါပဲ၊ ဦးဏှောက် သက်သာတော့ ဒဏ်မခံရတာပေါ့။

ပြင်ပ အပူရှိန် ကို ဦးဏှောက်ကို အကြောင်းကြားတဲ့ ဆက်သားတွေက မျက်နှာပေါ်က ပါးလွှာတဲ့အရေပြားအောက်က သွေးကြောလေးတွေက တခြားနေရာတွေထက် ဦးဏှောက်ဆီ အမြန် ပို့တတ်တယ်။ မျက်နှာကို sunscreen လိမ်းပါ၊ မျက်စိ မျက်နှာ ကို အအေးဓါတ် ကျွေးပါ။

ခန္ဓာကိုယ်အပူ ထက် ဦးဏှောက်ရဲ့ ဆဲလ်အပူရှိန် ကိုလျော့ချဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လူတွေဟာ နေပူရင် ထီး ဦးထုတ်ဆောင်းကြတယ်။ အဓိကကတော့ ဦးဏှောက်ပါပဲ။ ခေါင်းအေးအေးထားပါ၊ အပူဒဏ်ကိုကျော်လွှားဖို့ ဦးဏှောက် စက်ခန်းကမောက်ကမမဖြစ်အောင် အမြင်အေးအေးနေရာမှာနေ၊ ခန္ဓာကိုယ် သတ္ထုဓါတ်တွေ ညီမျှနေအောင် စားသောက်နေထိုင်ပါ။

လူပူရင်ပူ၊ ဦးဏှောက်အေးအောင်ကြိုးစားကြပါ။

Credit-

Kyaw Swa Min

12/04/2024
05/04/2024

အသားဓာတ် ပိုမိုရရှိဖို့ ကြက်ဥကို အစိမ်းစားသင့်သလား?

Gym ဆော့လို့ပဲဖြစ်ဖြစ်၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့ပဲဖြစ်ဖြစ်၊ ကင်ဆာရောဂါကြောင့် ပိန်ချုံးသွားတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် ပရိုတင်း (အသားဓာတ်)ကို ပိုမိုလိုအပ်လာတဲ့အခါမျိုးမှာ ကြက်ဥဟာ အလွန်ပဲ သင့်တော်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကြက်ဥအကာကို စားခြင်းဖြင့် ပရိုတင်းဓာတ်ကို လွယ်လွယ်ကူကူနဲ့ ပေါပေါများများရရှိနိုင်ပါတယ်။

ကြက်ဥကရတဲ့ ပရိုတင်းကို အူကနေများများစုပ်ယူနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကြက်ဥကို နည်းလမ်းတစ်မျိုးမျိုးနဲ့ ချက်ပြုတ်ပြီးစားတာပဲဖြစ်ပါတယ်။ ကြက်ဥကို အလုံးလိုက်ပြုတ်တာ (Boiling) နဲ့ ကြက်ဥကိုဖောက်ပြီးမှ ရေနွေးထဲထည့်ပြုတ်တာ (Poaching) စတဲ့နည်းလမ်းနှစ်ခုက‌တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြုတ်ရာမှာ ဆီမလိုတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ပိုမိုညီညွတ်သလို ပရိုတင်းပမာဏကိုလည်း နည်းမသွားစေပါဘူး။ ချက်ပြုတ်ခြင်းက ကြက်ဥအကာမှာပါဝင်တဲ့ ပရိုတင်းဓာတ်ကို အစာခြေဖျက်ရာမှာ ကောင်းမွန်စေပြီး အူကတစ်ဆင့် ကောင်းကောင်းစုပ်ယူနိုင်အောင် အားပေးပါတယ်။ သုတေသနလေ့လာချက်တွေအရ ကြက်ဥကို အစိမ်းစားရင် ပါဝင်တဲ့ပရိုတင်းဓာတ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ အူကစုပ်ယူနိုင်ပြီး၊ ချက်ပြုတ်စားသုံးပါက ၉၁ရာခိုင်နှုန်းအထိ တိုးမြှင့်စုပ်ယူနိုင်တာကို တွေ့ရပါတယ်။

ကြက်ဥကိုအစိမ်းစားသင့်ပါသလား?

မစားသင့်ပါဘူး။ ကြက်ဥကို အစိမ်းစားရင် Salmonella လို့ခေါ်တဲ့အူရောင်ငန်းဖျားရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားတစ်မျိုး ကူးစက်ခံရနိုင်ပြီး အစာအဆိပ်သင့်ခြင်းလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥကို ကျက်အောင်ချက်ပြုတ်စားသောက်ခြင်းဖြင့် အဆိုပါကူးစက်ရောဂါများကို ကာကွယ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် ကြက်ဥကို ချက်ပြုတ်စားသောက်ခြင်းဖြင့် ပါဝင်တဲ့ ပရိုတင်းဓာတ်တွေ လျော့မသွားတဲ့အပြင် ကြက်ဥမှာ ပါလာနိုင်တဲ့ ကူးစက်ရောဂါပိုးတွေကနေလည်း ကာကွယ်ပြီး ဖြစ်တာကြောင့် ကြက်ဥကို အစိမ်းမစားသင့်ကြောင်း ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရပါတယ်။

Credit -

ဒေါက်တာခင်မောင်လွင် (FAME)

Post အဟောင်းလေး ပြန်ရှဲပေးလိုက်ပါရစေနော် ⬇️
28/11/2023

Post အဟောင်းလေး ပြန်ရှဲပေးလိုက်ပါရစေနော် ⬇️

တန်ဆောင်မုန်းလပြည့်နေ့နှင့်မယ်ဇလီ
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့နှင့်
မယ်ဇလီ

ဆေးဖက်ဝင်မယ်ဇလီပင်အကြောင်း သိကောင်းစရာ

မယ်ဇလီပင်
အင်္ဂလိပ်အမည် - မတွေ့
ရုက္ခဗေဒအမည် - Senna Siamea
မျိုးရင်း - Fabaceae
မယ်ဇလီပင်သည် လီဂူမီနိုးစီအီး မျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒအမည်အားဖြင့် ကက်စီယာ ဆိုင်ရမ်းမီး ဟု ခေါ်ဝေါ်သည်။
မယ်ဇလီပင်သည် ဆယ့်နှစ်ရာသီ စိမ်းလန်းသော သစ်ပင်ဖြစ်၍ အထပ်အောက်မြန်မာနိုင်ငံရှိ သစ် တောများ၌ ပေါက်ရောက်သည်။ အစေ့ကို စိုက်ပျိုးခြင်းဖြင့် အလွယ်တကူ အပင်ပေါက်နိုင်သည့်အပြင် ကြီး လွယ်၍ ခိုင်ခံ့သော သစ်ပင်ဖြစ်ခြင်းကြောင့် တောလတ်ကျေးရွာများနှင့် ဘုန်းကြီးကျောင်းဝန်းများအတွင်း၌ မယ်ဇလီပင်များကို စိုက်ပျိုးထားတတ်ကြသည်။ မယ်ဇလီပင်သည် အမြင့်ပေ ၅၀ အထိရှိ၍ ထိပ်ဝိုင်းနေ သော အစိမ်းရင့်ရောင်အရွက်များဖြင့် ထူထပ်စွာ ဖုန်းအုပ်လျှက် ရှိသည်။ ယင်းအပင်ကို အရိပ်အာဝါသ အတွက်လည်း စိုက်ပျိုးကြသည်။
အပင်၏ အရွက်သည် ငှက်မွှေးပုံသဏ္ဍာန်ကဲ့သို့ ရိုးတံတစ်ဖက်တစ်ချက်တွင် ရွက်မွှာများစီ၍ ထွက် နေသည်။ ရိုးတံသည် ၆ လက်မမှ ၁၂ လက်မထိ ရှည်၍ ရိုးတံတစ်ခုတွင် ရွက်မွှာများ ၆ စုံမှ ၁၀ အထိ ရှိ သည်။ ရွက်မွှာတစ်ခုသည် ၁ လက်မမှ ၂ လက်မ ထိရှိသည်။ ထိပ်ဝိုင်းသည်။ အဝါရောင်အပွင့် သေးသေး ကလေးများသည် အကိုင်းရင်း၌ အခိုင်လိုက် ပွင့်ကြသည်။ သီးတောင့်များသည် ပြား၍ ၆ လက်မခန့် ရှည်သည်။ သေးသွယ်သည်။ မှည့်လာသောအခါ ညိုလာ၏။ သီးတောင့်ထဲတွင် အစေ့များရှိသည်။ မယ်ဇ လီပင်ကို စိုထိုင်းသော မြေမျိုး၌ စိုက်ပျိုးလျှင် ကောင်းစွာဖြစ်ထွန်း၍ မြေစေးမြေ၌ စိုက်လျှင် အပင်ကြီးသင့် သလောက်မကြီးဘဲ လှီ၍ နေတတ်သည်။
အရွက်နုကလေးများနှင့် အဖူးများကို ချက်ပြုတ်စားလေ့ရှိကြသည်။ တန်ဆောင်မုန်းလပြည့်နေ့ တစ်နေ့တာအတွင်း၌ မယ်ဇလီဖူးသုတ်စားခြင်းသည် မြန်မာ့ရိုးရာအရ ဆေးဖက်ဝင်သည်ဟု ဆိုသည်။ ချော မွတ်၍ မွဲပြာရောင်ရှိသော အပင်အခေါက်နှင့် အသီးများကို သားရေနယ်ရာ၌ အသုံးပြုကြသည်။ ရှမ်းပြည် နယ်တွင်မူ မယ်ဇလီပင်ကို ထင်းအလို့ငှာ စိုက်ပျိုးကြသည်။
မယ်ဇလီသားသည် ညိုမဲမဲအရောင်ရှိ၍ မာသည်။ ပြောင်လက်လာအောင် အရောင်တင်နိုင်သော သစ်သားလည်းဖြစ်သဖြင့် ဘီရိုကဲ့သို့ အိမ်အသုံးအဆောင်များ လုပ်ရန်အသုံးကြသည်။ ပုဆိန်ရိုး၊ သစ်သား၊ ဆောက်ပုတ်ရိုးမှ စ၍ အခြားတန်ဆာပလာ အရိုးများနှင့် လက်ကိုက်တုတ်များလုပ်ရန် အသုံးပြုကြသည်။
မယ်ဇလီကြီးပင်ဟူ၍ အပင်တစ်မျိုးရှိသေးသည်။ မြင်းကို သင်္ဘောမယ်ဇလီပင်ဟုလည်း ခေါ်ကြ သည်။ မယ်ဇလီပင်ကြီးများသည် ချုံရောင်ပင်ငယ်များဖြစ်၍ မြန်မာနိုင်ငံ အနှံံ့အပြားတွေ့ရသည်။ ဆေးဖက် ဝင်သော အပင်များဖြစ်သဖြင့် ခြံဝင်းအတွင်း၌ စိုက်ပျိုးထားတတ်ကြသည်။ ပွေးကဲ့သို့ယားယံသည့် အကွက် အနာများကို ထိုအပင်၏ အရွက်တို့ဖြင့် ပွတ်တိုက်ပေးလျှင် အနာပျောက်ကင်းနိုင်သည်။ အပွင့်များကို ဝမ်း နုတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။ တောင်မယ်ဇလီပင် သို့မဟုတ် တောမယ်ဇလီပင်ခေါ် အပင်တစ် မျိုးလည်း ရှိသေးသည်။ (ဝီကီပီးဒီးယားမှ)
မယ်ဇလီပင်များ၏ မူလဇာတိမှာ အာရှတိုက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းက ဖြစ်သည်။ မယ် ဇလီပင်များသည် အမြဲစိမ်းစိုနေသော အပင်အမျိုးအစားထဲတွင် ပါဝင်ပြီး ရေမြေကောင်းလျှင် အမြင့်ပေ ၆၀ လောက်ထိ ကြီးထွားနိုင်သော အပင်မျိုးဖြစ်သည်။ မယ်ဇလီပင်ကလေးများကို အစေ့မှစိုက်ပျိုးလျှင် ရေအေး ထဲတွင် ၁၂ နာရီကြာ စိမ်ထားပြီး ရေချစိုက်လျှင် အပင်ပေါက်ရန်လွယ်ကူသည်ဟု ဆိုသည်။ ၇ ရက်မှ ရက် ၂၀ အတွင်း အပင်ပေါက်လာတတ်သည်။ အကယ်၍ မျိုးစေ့ကို ရေနွေးထဲတွင် တစ်မိနစ်စိမ်ပြီး ရေအေး ထဲတွင် ၂၄ နာရီကြာစိမ်ထားပြီးမှ စိုက်ပျိုးမည်ဆိုလျှင် ၂၈ ရက်အတွင်း အပင်ပေါက်နိုင်သည်ဟု ဆိုသည်။ ပျိုးပင်ကို အိုးသေးသေးလေးထဲ သို့မဟုတ် ပျိုးအိတ်ကလေးထဲမှာ အရင်ပျိုးသင့်ပါသည်။ ပျိုးအိတ်ထဲတွင် အစေ့ ၂ စေ့မှ ၃ စေ့အထိ ထည့်ပျိုးသင့်သည်။ ၁ စင်တီမီတာအနက်မှာ မျိုးစေ့ချပြီး အပေါ်ယံက သဲ အနည်းငယ်ဖြူးပေးပါ။ နေရောင်ကြိုက်သော အပင်ဖြစ်သည့်အတွက် နေရောင်ခြည်ကောင်းစွာ ရရှိဖို့လိုပါ သည်။ ၁၂ ပတ်မှ ၁၄ ပတ်အတွင်း ပျိုးပင်အသေးကလေး တစ်ပေခန့်အရွယ်ရောက်လာသောအခါ မြေချ စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။
တန်ဆောင်မုန်းလပြည့်ည နှင့် ဆေးပေါင်းခ မဲဇလီဖူးသုပ်
မဲဇလီဖူးက ခါးတဲ့ အရသာ ရှိပါတယ်။ အေး၊ ခါး အရသာပါ။ (သီတ တေဇော အအေးဓာတ်နဲ့ ဝါယော အခါးဓာတ်တို့ ပေါင်းစပ်ပါဝင်ပါတယ်) အခါးဟူသမျှ လေဓာတ်ကြွပါတယ်။
လေငုပ်နေတဲ့ရောဂါတွေ၊ လေမလျှောက်တဲ့ ရောဂါတွေ၊ လေမသက် အနေခက်၊ လေမစုန် ငွေ ကုန်တဲ့ရောဂါတွေ၊ လေကြောင့် မူးဝေ၊ နှလုံးလေရိုက်တဲ့ ရောဂါတွေ၊ လေလမ်း၊ သွေးလမ်းမပွင့်တဲ့ ရော ဂါ၊ လေနဲ့ ပတ်သက်တဲ့ ဂူလုံးရောဂါ၊ အလုံးနဲ့ပတ်ဆို့ အန္တရာယ်ပြုတတ်တဲ့ မြစ်ပွားနာ (ကင်ဆာရောဂါ) လေမဆက်၊ လေငုပ်၊ အသံဝင်၊ အသံပျက်၊ အသံမထွက်ရောဂါ၊ အသက်ရှူမဝရောဂါ အစရှိတဲ့ လေ ရောဂါအမျိုးမျိုးအတွက် ဆေးဖက်ဝင်အစားအစာအဖြစ် စားသုံးသင့်ပါတယ်။
မဲဇလီဖူးကို ဘယ်အချိန်မှာ ခူးရမလဲ
ဆေးဖက်ဝင်တဲ့ အချိန်ကတော့ မဲဇလီပင်ပေါ်မှာ လရောင်ကျရောက်တဲ့အချိန် ခူးဆွတ်ပါ။ အပင်ရဲ့ အကိုင်းကို မချိုးပါနဲ့။ ဆေးပင်စောင့်နတ်က မကြိုက်ဖူးလို့ ပြောတာကြားဖူး ပြောတာကြားဖူးပါတယ်။ ရှေး လူကြီးတွေ စကားပါ။
မဲဇလီဖူးကို ခူးပြီး ရေသန့်စင်အောင် ဆေး၊ပြုပ်ပြီး သုပ်စားပါတယ်။ ခူးပြီး တစ်နာရီအတွင်း ပြုပ်ပြီး သုပ်စားရင် ပိုပြီး ဆေးဖက်ဝင်တယ်။ အနာမျိုး ၉၆ ပါး ပျောက်ကင်းတယ်။ ကုဋ္ဌနူနာတောင်ပျောက်ကင်း ပါတယ်။ (ရှေးဟောင်းပေစာဆေးကျမ်းများအဆိုပါ) အရေးကြီးတာကတော့ ရတနာသုံးပါးကန်တော့ပြီးမှ စားသုံးဖို့ လိုပါတယ်။
သတိပြုရန် - မဲဇလီပင်ဟာ အပင်လတ် ၁၀ ပေလောက်ထိမြင့်တဲ့ အပင်မျိုးဖြစ်ပါတယ်။ အပွင့်် အဝါရောင်ဝေဆာအောင် ပွင့်တယ်။ သင်္ဘောမဲဇလီမဟုတ်ပါ။ သင်္ဘောမဲဇလီမှာ ပွေးကိုင်းမဲဇလီဖြစ်ပြီး အဝါရောင် အဖူးကြီးထွက်ပါတယ်။ ပွေးပေါက်ရင် အဲဒီအရွက် နဲ့ ပွတ်ရတဲ့ အတွက် ပွေးကိုင်းမဲဇလီလို့ ခေါ်ပါတယ်။
မဲဇလီဖူးသုပ် သုပ်နည်း
မဲဇလီဖူးကို မန်ကျည်းသီးနည်းနည်းလေးထည့်ပြီး ပြုပ်ပေးပါ။ ရေဆူလာပြီးဆိုရင် ဆယ်လိုက်ပြီး နောက်ထပ် ရေအသစ်ထည့်ပြုပ်၊ နှစ်ခါလောက်လုပ်ပေးပါ။ (အခါးကြိုက်သူများက တစ်ခါပဲ ပြုပ်ပါသည်) ကျက်ပြီဆိုရင် ပြန်ဆယ်ရေကုန်အောင် ဆုပ်ညှစ်ပါ။ ပြီးရင် ဆုံမှာထည့်ထောင်းပေးပါ။ ညက်လေစား ကောင်းလေပါ။ ကြက်သွန်နီ ပါးပါးလှီးပြီး နနွင်းမှုန့် နည်းနည်းနဲ့ ဆီချက်ထားပါ။ ကြက်သွန်ဖြူ ပါးပါး လှီးထားပါ။ ခရမ်းချဉ်သီးကိုပါးပါးလှီးထားပါ။ မြေပဲလှော်၊ နှမ်းလှော်ထောင်းထားပါ။ ဇလုံး ဒါမှမဟုတ် ပန်းကန်ပြားထဲမှာ ထောင်းထားတဲ့ မဲဇလီဖူး၊ ခရမ်းချဉ်သီး၊ ဆီကျက်၊ မြေပဲ၊ နှမ်းထောင်းလေးနဲ့ ပုစွန် ခြောက်မှုန့်ကို ထည့်ပြီး ငံပြာရည်နည်းနည်း၊ အရသာမှုန့်နည်းနည်း ထည့်ရောနယ် ပေးပါ။ စပ်စပ်လေးစား ချင်ရင်တော့ ငရုတ်သီးစိမ်းလေးကို ပါးပါးလေးလှီးထည့်ပေးလိုက်ပါ။
တစ်ချို့က ခရမ်းချဉ်သီးကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို မထည့်တတ်ပါဘူး။ ဆေးပေါင်းခမဲ့ ည အတွက် ဆေးဖက်ဝင်စေမဲ့ ခါးဆိမ့်ဆိမ့် အရသာရှိတဲ့ မဲဇလီဖူးသုပ်လေးကို ရပါပြီ။ အညာသုပ်မှာ ခရမ်းချဉ် သီးမထည့်ပါ။ အခါးသုပ်က လေပိုသက်သာပါတယ်။
မဲဇလီဖူးကို ဈေးတွေမှာ ရောင်းချသူများစွာ ရှိပါတယ်။ လပြည့်နေ့မှာ ကြိုတင်ရောင်းချ သူတွေရှိ သလို လပြည့်နေ့ညမှာ ခူးဆွတ်ပြီး လပြည့်ကျော်တစ်ရက် မနက်စောစော ရောင်းချသူတွေလည်းရှိပါတယ်။ နို့ဆီဘူး၊ ပြည်ခြင်နဲ့ ရောင်းပါတယ်။ တချို့နွမ်းမှာစိုးလို့ ပြုပ်ပြီးမှ ရောင်းပါတယ်။
မဲဇလီဖူးကို မမည်းအောင်ပြုပ်နည်း
ရေနွေးကို ဆူအောင်တည်ထားပြီးမှ နနွင်းမှုန့်အနည်းငယ်ထည့်၊ ပြီးမှ နနွင်းမှုန့်အနည်းငယ်ထည့် ပြီးမှ မဲဇလီဖူးကို ထည့်ပြုတ်ပါ။ ဝင်းဝါနေတဲ့ မဲဇလီဖူးပြုတ်ကိုရရှိပြီး အသုပ်သုပ်ရာမှာ စားချင်သဖွယ်ဖြစ် နေပါမယ်။
လပြည့်နေ့ညက ခူးဆွတ်ပြီး သုပ်ထားတဲ့ မယ်ဇလီဖူးသုပ်လေးကို လပြည့်ကျော်တစ်ရက်နေ့ မနက် စောစောမှာ အိမ်နီးချင်းလူကြီး သူမတွေကိုလိုက်ပြီး ပေးဝေတာဟာလဲ မြန်မာဓလေ့ကောင်း ဖြစ်ပါတယ်။ ရောဂါဘယကင်းဝေးပါစေလို့ စိတ်ရင်းအမှန်နဲ့ ပေးဝေသူထံက ရရှိတဲ့ မဲဇလီဖူးသုပ်ကလေးဟာ ဘယ်ရော ဂါမဆို ပျောက်ကင်းနိုင်ပါတယ်။

ကြည်လွင်မြင့် (မုဒြာ)

Address


Telephone

+95943027624

Website

Alerts

Be the first to know and let us send you an email when Nyein Traditional Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nyein Traditional Clinic:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Practice
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share