ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း Shwe Bon San Medical Centre
  • Home
  • ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း Shwe Bon San Medical Centre
 #ရေ (လုံး၀)မသောက်သင့်ဆုံးအချိန်.?(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပ...
17/07/2025
#ရေ (လုံး၀)မသောက်သင့်ဆုံးအချိန်.?
(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ်။
(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီ၀က်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။
(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။
(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။
(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတှေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။
- ရေ(လုံး၀) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ. ?
#အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံးဖြစ်ကြပါတယ်တဲ့။ အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေးမသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။
အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့ အဆီအနှစ်တွေက(ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။
ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။
credit/coppy@
ကျမ္မာ ပျော်ရွှင် ကြပါစေ
🙏ဝါဆိုလပြည့် 🙏🙏ဓမ္မစကြာအခါတော်နေ့ 🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ နေ...
09/07/2025
🙏ဝါဆိုလပြည့် 🙏
🙏ဓမ္မစကြာအခါတော်နေ့ 🙏
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ သည်
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်
အမြတ်ထားရာ နေ့ထူးနေ့မြတ်အခါသမယ၌
မြန်မာပြည်သူပြည်သားများ၊ နိုင်ငံသူနိုင်ငံသား
များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ
ပြည့်ဝပါစေကြောင်း ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း မိသားစု မှဆုတောင်းမေတ္တာ
ပို့သအပ်ပါသည်🙏
#ဝါဆိုလပြည့်
07/07/2025
🍀Happy 14th years Anniversary 🍀
17/04/2025
🍀နှစ်သစ်ဆုတောင်း🍀
နှစ်သစ်မင်္ဂလာ အခါသမယမှစ၍ မြန်မာပြည်သူ၊ပြည်သားအားလုံး ဘေးခပ်သိမ်း ရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများဖြင့် ပြည့်စုံကြ၍ လောကီ၊လောကုတ္တရာ အကျိုးနှစ်ဖြာကို သယ်ပိုးနိုင်ကြသော ပြည်သူ၊ပြည်သားများ ဖြစ်ကြပါစေလို့ ဆုမွှန်ကောင်း တောင်းအပ်ပါတယ်ရှင်🙏🙏🙏
ရွှေဘုံစံဆေးခန်း(ဗဟန်း+မြောက်ဒဂုံ)ကို င်္သကြန်ပိတ်ရက် April 12 ရက်နေ့မှApril 17ထိပ်ိတ်ပြီး ဧပြီ 18ရက်နေ့ (သောကြာနေ့)နှစ်...
10/04/2025
ရွှေဘုံစံဆေးခန်း(ဗဟန်း+မြောက်ဒဂုံ)ကို င်္သကြန်ပိတ်ရက် April 12 ရက်နေ့မှApril 17ထိပ်ိတ်ပြီး ဧပြီ 18ရက်နေ့ (သောကြာနေ့)နှစ်ဆန်း၂ရက်နေ့ မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ််ရှင့်။
မြန်မာတနိုင်ငံလုံးမှာ မှီတင်း နေထိုင်ကြတဲ့ (၇) ရက် သားသမီးများ အားလုံးနဲ့ပြည်ပရောက် မြန်မာနိုင်ငံသားများပါမကျန်လာမည့်မြန်မာနှစ်သစ်ကစပြီး ဒီလို ရောဂါဆိုး ကပ်ဆိုးကြီး တွေကနေ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဖြတ်သန်းနိုင်ဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🙏
မန္တလေးတိုင်းမှာ ရှိတဲ့ နိုင်ငံတကာမှ MEDICAL Team များနှင့် အခမဲ့ဆေးခန်း လိပ်စာများ။*** CHINESE MEDICAL Team လမ်း ၃၀ / ၇...
04/04/2025
မန္တလေးတိုင်းမှာ ရှိတဲ့
နိုင်ငံတကာမှ MEDICAL Team များနှင့် အခမဲ့ဆေးခန်း လိပ်စာများ။
*** CHINESE MEDICAL Team
လမ်း ၃၀ / ၇၂လမ်းနှင့်၇၃လမ်းကြား၊ မန္တလေး
*** India Medical team
ချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်း၊ မန္တလေး
*** Bhutan Medical Team
ပေါင်းလောင်းအားကစားကွင်း၊ ပျဉ်းမနား
*** RUSSIA MEDICAL Team
၆၈လမ်းနှင့်၁၀၇ လမ်းထောင့်၊ မန္တလာသီရိဘောလုံးကွင်း၊ မန္တလေး
*** အခမဲ့ဆေးကုသိုလ်မန္တလေး
လမ်း80, 39လမ်း ၊ အလက(၂)မှာ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့မှ ဆေးအခမဲ့ကုသပေးလျက်ရှိနေပါတယ်။ လိုအပ်သည့် နေရာများကိုလည်း အုပ်စုခွဲကာ ကုသပေးလျက်ရှိပါတယ်။
နေ့၁၂:၀၀~ ၅:၀၀နာရီထိ April 1-10ထိ
ဆက်သွယ်ရန်
Aye kyi
-09755799893
Aanandar
09755549360
Thidar Naywin
09799203437
ThanThanswe
0975242879
Dr Aung Htet ko
Dr Sai Thiha zaw
လက်ရှိအချိန်ထိ သိရတဲ့ information များဖြစ်ပြီး တော်ရုံ Operation တွေထိ ကုသနိုင်လို့ ပြောကြပါတယ်။ လိုအပ်တဲ့ ကိုယ့်မိတ်ဆွေ အသိတွေကိုလမ်းညွှန်လို့ရအောင်ပါ။
Crd #
KO Soe Moe
ငလျင်ဘေးသင့် ပြည်သူများ အတွက်ရွှေဘုံစံရောဂါ‌ရှာဖွေရေးဆေးခန်း(ဗဟန်း+မြောက်ဒဂုံ)၊ရွှေဘုံစံပရင့်ဇက်စ် စိန်ရွှေရတနာဆိုင် မိသ...
02/04/2025
ငလျင်ဘေးသင့် ပြည်သူများ အတွက်
ရွှေဘုံစံရောဂါ‌ရှာဖွေရေးဆေးခန်း(ဗဟန်း+မြောက်ဒဂုံ)၊ရွှေဘုံစံပရင့်ဇက်စ် စိန်ရွှေရတနာဆိုင် မိသားစုတို့နှင့် (၇)ရက်သားသမီး အလှူရှင်များ၏ စုပေါင်းအလှူ‌ လေးပါရှင့်🙏🙏🙏
ပျက်စီးဆုံးရှုံးမှုတွေနဲ့ အားလုံးပူဆွေးဒုက္ခရောက်နေကြတဲ့ ငလျင်ဘေးသင့်ပြည်သူများအတွက် တစ်ဖက်တစ်လမ်းကနေ မင်မင်တို့နဲ့အတူ ဝိုင်း၀န်းကူညီပံ့ပိုးပေးကြတဲ့ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙏🙏🙏
လိုအပ်တဲ့နေရာတွေမှာ မင်မင်တို့ကိုယ်တိုင် သွားရောက်ပံ့ပိုးပေးမှာမို့ အလှူဒါနထပ်တူရရှိကြပါစေရှင့်🙏🙏🙏
(၇)ရက်သားသမီး အလှူရှင်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ ၊ကပ်ကြီး(၃)ပါးမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ၊လိုရာဆန္ဒတွေအားလုံးပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်🙏🙏🙏
ငလျင်ဘေးသင့်ပြည်သူများလည်း ကပ်ကြီး(၃)ပါးမှ အမြန်ဆုံးကျော်လွှားနိုင်ပြီး အရာအားလုံးကို အကောင်းဆုံး ပြန်လည်တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်🙏🙏🙏
ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း(ဗဟန်း+မြောက်ဒဂုံ)မိသားစုမှ မတည်အလှူငွေ-သိန်း100ကျပ်တိတိ
Edited
(၇)ရက်သားသမီးများ၏စုပေါင်းအလှူငွေ-13,364,000ကျပ်တိတိ
အလှူငွေစုစုပေါင်း-23,364,000ကျပ်တိတိ ရရှိပါတယ်ရှင့်🙏🙏🙏
ကင်ဆာရောဂါဟာ lifestyleကြောင့်90%ဖြစ်ပြီး မျိူးဗီဇကြောင့်10%ဒီနေ့ ကင်ဆာဆိုင်ရာ ဟောပြောဆွေးနွေးပွဲတစ်ခုမှာ ကင်ဆာအထူးကုဆရာဝ...
15/02/2025
ကင်ဆာရောဂါဟာ lifestyleကြောင့်90%ဖြစ်ပြီး မျိူးဗီဇကြောင့်10%
ဒီနေ့ ကင်ဆာဆိုင်ရာ ဟောပြောဆွေးနွေးပွဲတစ်ခုမှာ ကင်ဆာအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာမီနူဝယ်လီယာက အရေးကြီးတဲ့အချက်တစ်ခုကို ပြောကြားခဲ့ပါတယ်။ ကင်ဆာဖြစ်ပွားရခြင်းရဲ့ ၉၀% က ကျွန်တော်တို့ရဲ့ မှားယွင်းနေတဲ့ နေထိုင်မှုပုံစံ (Lifestyle) ကြောင့်ဖြစ်ပြီး ၁၀% သာ မျိုးရိုးဗီဇကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပြီး ကင်ဆာကို ကာကွယ်ဖို့ အရေးကြီးပါတယ်။
ကင်ဆာ (၈) မျိုးကို ကာကွယ်ပေးနိုင်သော အစားအစာများ
ကင်ဆာဖြစ်စေမယ့် အရာတွေကို ကာကွယ်ပေးနိုင်တဲ့ အစားအစာ (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအစားအစာ (၈) မျိုးကို စားသုံးရင် ဒီကင်ဆာတွေ ပျောက်ကင်းတယ်လို့ မဆိုလိုပါဘူး။ ကင်ဆာဖြစ်စေမယ့် အရာတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို မျှဝေအသိပေးခြင်း ဖြစ်ပါတယ်။
ထိုင်ဝမ်မြန်မာစာရေးဆရာမ Jin Li Chao ရေးသားထားတဲ့ "ကင်ဆာမနှစ်သက်သောအစားအစာများ" ကို မိတ်ဆွေတို့အတွက်၊ လူသားအားလုံးအတွက် ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
၁။ အစာအိမ်ကင်ဆာကို ကာကွယ်ပေးနိုင်တာက ကြက်သွန်ဖြူ ဖြစ်ပါတယ်။
၂။ ရင်သားကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာက ပင်လယ်ရေမှော် ဖြစ်ပါတယ်။
၃။ အသည်းကင်ဆာကို ကာကွယ်ပေးနိုင်တာက မှို ဖြစ်ပါတယ်။
၄။ ပန်ကရိယကင်ဆာကို ကာကွယ်ပေးနိုင်တာက ပန်းဂေါ်ဖီစိမ်း ဖြစ်ပါတယ်။
၅။ အူကင်ဆာတို့ကို ကာကွယ်ပေးနိုင်တာက ရေမျှစ် (သို့) ရေပြောင်းဖူး ဖြစ်ပါတယ်။
၆။ အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်တာက ကညွတ်ဖူး ဖြစ်ပါတယ်။
၇။ သားအိမ်ကင်ဆာကို ကာကွယ်ပေးနိုင်တာက ပဲပိစပ် ဖြစ်ပါတယ်။
၈။ အဆုတ်ကင်ဆာကို ကာကွယ်ပေးနိုင်တာက ဟင်းနုနယ်ရွက် ဖြစ်ပါတယ်။
လူသားအားလုံး ရောဂါဘယကင်းဝေးပြီး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
#ကင်ဆာ #ကျန်းမာရေးဗဟုသုတ #ကာကွယ်ခြင်း
Credit
RoyalA အာရုံကြောဆေး
Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
01/02/2025
Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
အိမ်သာဖုံးမပိတ်ဘဲ ရေဆွဲချမှုက ကြီးမားတဲ့အန္တရာယ်ရှိနေကြောင်း ဓာတ်ပုံတွေနဲ့ သက်သေပြခဲ့ .....လန်ဒန် ဇန်နဝါရီ ၂၄.လေ့လာမှုတွ...
29/01/2025
အိမ်သာဖုံးမပိတ်ဘဲ ရေဆွဲချမှုက ကြီးမားတဲ့အန္တရာယ်ရှိနေကြောင်း ဓာတ်ပုံတွေနဲ့ သက်သေပြခဲ့ .....
လန်ဒန် ဇန်နဝါရီ ၂၄.
လေ့လာမှုတွေအရ ဗြိတိန်လူမျိုးထက်ဝက်ခန့်ဟာ သန့်စင်ခန်းအတွင်း အိမ်သာဖုံးကို ပိတ်လေ့မရှိဘဲ ရေဆွဲချနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီလိုပြုမူနေတာဟာ ဘယ်လောက်ထိဆိုးဝါးသလဲဆိုတာကို ဓာတ်ပုံတွေကတဆင့် ဖော်ပြခဲ့ကြပြီး အန္တရာယ်ကြီးမားတယ်ဆိုတာကို သတိပြုစရာဖြစ်လာခဲ့ပါပြီ။
အိမ်သုံးသန့်ရှင်းရေးထုတ်ကုန်တွေကို ရောင်းချနေတဲ့ နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Harpic က နည်းပညာပိုင်းတော်တော် လေးကောင်းမွန်တဲ့ ကင်မရာကို အသုံးပြုပြီး အိမ်သာဖုံးမပိတ်ဘဲ ရေဆွဲချနေမှုကို ရိုက်ကူးမှုပြုလုပ်ခဲ့ပါတယ်။ ဒီလိုရိုက်ကူးမှုမှာ အိမ်သာခွက်အတွင်းက ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေဟာ ခြောက်ပေအကွာထိကို ပြန်လည်လွင့်စင်ပြီး ထွက်လာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါယ်။
ဓာတ်ပုံမှာမြင်တွေ့ရတာဆိုရင် ရောင်စုံမီးရှူးမီးပန်းတွေ ဖွာထွက်နေတာကို ပြသနေတာနဲ့ တူနေမှာဖြစ်ပေမဲ့ အမှန်တကယ်မှာတော့ ဒါဟာ အိမ်သာခွက်အတွင်းထဲမှာ ထည့်သွင်းထားတဲ့ လေဖိအားဘူးအတွင်းက ပြန်လည်ထွက်လာခဲ့တဲ့ အရည်စက်တွေသာဖြစ်ပါတယ်။ အိမ်သာအိုးအတွင်းရှိ ရေဟာ အန္တရာယ်ရောဂါပိုးတွေနဲ့ ထိတွေ့ မိတဲ့အခါမှာ ညစ်ညမ်းမှုဖြစ်စေနိုင်သလို ထပ်မံပြီးတော့လည်း ရှိနေ နိုင်တယ်ဆိုတာကို သတိပြုရမှာပါ။
ဒီအတွက်ကြောင့် တကယ်လို့များ အိမ်သာဖုံး၊ အိမ်သာခွက်တို့ကို ကိုင်တွယ်မိပြီးနောက် နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့မိခဲ့မယ်ဆိုရင် ရောဂါပိုးအန္တရာယ်တွေ သက်ရောက်စေနိုင်တယ်လို့ Harpic က သတိပေးခဲ့ပါတယ်။
လူပေါင်းနှစ်ထောင်အထိကို စစ်တမ်းပြုလုပ်ခဲ့ရာမှာ ဒီလိုအန္တရာယ်တွေရှိတယ်ဆိုတာကို မသိတာကြောင့် အိမ်သာဖုံးကိုမပိတ်ဘဲ ရေဆွဲချလေ့ရှိတယ်လို့ အများစုက ဖြေဆိုခဲ့ကြပါတယ်။
အဖုံးမပိတ်ဘဲ ပြုမူခြင်းဟာ အန္တရာယ်များတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပြီးနောက်မှာ ၉၅%ခန့်က သူတို့ရဲ့အပြုအမူနဲ့ အလေ့အထကို ပြောင်းလဲပစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြကြောင်း ဆိုပါတယ်။ ရေဆွဲချချိန်မှာ အိမ်သာဖုံးကို ပိတ်ပစ်ဖို့အတွက် Harpic က ပညာပေးခဲ့ပြီး ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ချိန်မှာလည်း လက်အိတ်တွေဝတ်ဆင်ထားဖို့အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။
Harpic ရဲ့ အခုလိုမျိုးထုတ်ဖော်ပြသပြီး အသိပညာပေးခဲ့မှုဟာ ကျန်းမာရေးအတွက် တော်တော်လေးကို ကောင်းမွန်ထိရောက်တယ်လို့လည်း ထောက်ခံခဲ့ကြပါတယ်။
အိမ်သာအသုံးပြုပြီးတိုင်း
ရေဆွဲချရာမှာ အဖုံးပိတ်ဖို့အတွက်လည်း ကမ်ပိန်းပြုလုပ်ဖို့အတွက်တောင်မှ စီစဉ်နေတယ်လို့သိရပြီး ကျန်းမာရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေရရှိမယ်လို့လည်း မျှော်လင့်နေကြပါတယ်။
 #ရုံးပတီသီး၁။ ။ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ တွေရှိနေပါတယ်။ အင်ဆ...
13/01/2025
#ရုံးပတီသီး
၁။ ။ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်
ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ တွေရှိနေပါတယ်။ အင်ဆူလင်ဆေးဆိုတာ ဆီးချိုသမားတွေမှာ အသုံးပြုတဲ့ ထိုးဆေးပါ။ ရုံးပတီသီးမှာပါတဲ့ Eugenol ဆိုတဲ့ အမျှင်ဓာတ်ဟာ အူအတွင်းမှ သကြားဓာတ် စုပ်ယူမှုကို ထိန်းသိမ်းပေးကာ သွေးတွင်းရှိ သကြားဓာတ် လွန်ကဲစွာ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးပေးပါတယ်။
ရုံးပတီသီးမှာ အမျှင်ဓာတ်များစွာနဲ့ ပျစ်ချွဲရည်တွေ ပါဝင်ပါတယ်။ ရုံးပတီသီးကို စားခြင်းအားဖြင့် အစားအစာ တွေကို ကြေညက်စေပြီး အစာမကြေတာကို သက်သာကာ ဝမ်းမှန်စေပါတယ်။ ရုံးပတီသီးမှာပါတဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်ကြောင့် အူတွင်းက အညစ်အကြေးတွေရဲ့ ရွေ့လျားမှုကို အဆင်ပြေချောမွေ့စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ရုံးပတီသီးက သဘာဝကပေးတဲ့ ဝမ်းမှန်ဆေးပါပဲ။
၃။ကိုယ်ဝန်ဆောင်တွေ နေ့စဉ် စားသုံးသင့်တဲ့
မီးဖိုချောင်မှ ဆေးတစ်လက်
ရုံးပတီသီးမှာ ပါဝင်တဲ့ ဖောလစ်ဓာတ်နဲ့ အာဟာရတန်ဖိုးတွေက ကိုယ်ဝန်ရခြင်းကို ကူညီပေးနိုင်သလို သန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးခြင်းကို ကူညီပေးရုံသာမက ကိုယ်ဝန်ပျက်ကျခြင်းကို တားဆီးပေးပြီး ကလေးတွေမွေးလာတဲ့အခါ အာရုံကြောဆိုင်ရာ ချွတ်ယွင်းချက်တွေ ပါမလာအောင် တားဆီးကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် ရုံးပတီသီးကို ပုံမှန်စားရင် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
၄။အရိုးတွေကို သန်မာစေခြင်း
ရုံးပတီသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ဘီတာမင် ကေ နဲ့ ဖော့လိတ်ဓာတ်တွေကြောင့် အရိုးတွေရဲ့ သိပ်သည်းဆကို မြင့်မားစေပြီး အရိုးတွေကို သန်မာစေကာ အရိုးပွရောဂါ မှ ကာကွယ် တားဆီးပေးပါတယ်။
၅။ပန်းနာရင်ကျပ်သမားတွေအတွက် မိတ်ဆွေကောင်း
ပန်းနာရင်ကျပ် ရောဂါဆိုတာ အဆုတ်လေပြွန်တွေ ရောင်ရမ်းပြီး အသက်ရှူရခက်တဲ့ ရောဂါတစ်မျိုးပါ။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်၊ ဘီတာမင် စီနဲ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေကြောင့် ပန်းနာရင်ကျပ် ရောဂါကို သက်သာစေပြီး ရင်ကျပ်တဲ့ အကြိမ်အရေအတွက်ကို လျော့ချပေးနိုင်ပါတယ်။
၆။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေခြင်း
ရုံးပတီပင်က အပွင့်နဲ့ သစ်ရွက်တွေကို ပြုတ်ပြီး သောက်ရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊အဆုတ်ရောင်ရောဂါ နဲ့ အအေးမိတုတ်ကွေးရောဂါ တွေကို သက်သာစေတယ်လို့ တိုင်းရင်းဆေးဆရာတွေက ဆိုကြပါတယ်။
၇။အပူဒဏ်ကြောင့်ဖြစ်တဲ့ နွမ်းနယ်ခြင်းတွေ ကင်းဝေစေခြင်း
ရုံးပတီသီးမှာပါတဲ့ ဒြပ်ပေါင်းတွေက အပူဒဏ်
ကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ နဲ့ စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေပါတယ်။
၈။အူမကြီးကင်ဆာဖြစ်ပွားနှုန်း လျော့နည်းစေခြင်း
ရုံးပတီသီးမှာပါတဲ့ အမျှင်ဓာတ် တွေကြောင့် ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးပါတယ်။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်တွေက ကင်ဆာဖြစ်စေနိုငိတဲ့ ဆဲလ်များပြောင်းလဲမှုကို တားဆီးကာကွယ်ပေးပါရုံသာမက ကိုယ်ခံအားကို တိုးပွားစေကာ ရောဂါပေါင်းစုံမှ ကာကွယ် ပေးနိုင်ပါတယ်။
၉။အဝလွန်ခြင်းမှ ကင်းဝေးစေခြင်း
ရုံးပတီသီးမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပြီး အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေက အစာမွတ်သိပ်မှုကို တားဆီးပေးပြီး မကြာခဏ အစာစားချင်စိတ်ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။
၁၀။သွေးအတွင်းအဆီ ကျစေခြင်း
ရုံးပတီသီးမှာပါဝင်တဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီတွေကို ကျစေကာ သွေးကြောကျစ်မာခြင်း၊ သွေးတွင်းအဆီ ပိတ်ခြင်းတွေကို တားဆီးပေးခြင်း အားဖြင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။
credit ကျန်းမာရေး
01/01/2025
Happy New Year 2025 wishes: Embrace 2025 with positivity and hope. Wishing you a year filled with joy, love, and endless possibilities.
Address
Opening Hours
Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00
Telephone
+959422244667
Alerts
Be the first to know and let us send you an email when ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း Shwe Bon San Medical Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း Shwe Bon San Medical Centre:
  • Want your practice to be the top-listed Clinic?
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram