Healing by Swint

  • Home
  • Healing by Swint

Healing by Swint Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healing by Swint, Astrologist & Psychic, .
(5)

🍀 2024 နှစ်ဦးအစ ပထမလ ကံကြမ္မာ🎁Pick A pile✍️ General Reading # Swint☺️
30/12/2023

🍀 2024 နှစ်ဦးအစ ပထမလ ကံကြမ္မာ
🎁Pick A pile
✍️ General Reading

# Swint☺️

စနေသားသမီးများအတွက် ၂၀၂၄ တစ်နှစ်စာ ကံကြမ္မာ🍀 ဘဝအတွက် ထူးခြားသော အပြောင်းအလဲ ရုတ်တရက် ပေါ်မည်၊အခွင့်အလမ်းသစ်ရရှိမည်၊အကြံအ...
27/12/2023

စနေသားသမီးများအတွက် ၂၀၂၄ တစ်နှစ်စာ ကံကြမ္မာ
🍀 ဘဝအတွက် ထူးခြားသော အပြောင်းအလဲ ရုတ်တရက် ပေါ်မည်၊အခွင့်အလမ်းသစ်ရရှိမည်၊အကြံအစည်သစ် အောင်မြင်မည်၊ အမှုအခင်းများ ရှိပါက အောင်နိုင်မည်၊ပြဿနာ မုန်တိုင်းစဲရျ် အောင်မြင်အေးချမ်းမှု ရရှိမည်၊တဇွတ်ထိုး လုပ်လိုစိတ်များ ရှောင်ကြဥ်ပါ၊ခေါင်းမာခြင်း၊ တဇွတ်ထိုး လုပ်ခြင်းကြောင့် မိမိပင် နာကျင်ရတတ်မည်၊ အရာရာ စဥ်းစားချင့်ချိန်ရျ် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခြင်းဖြင့် မိမိဆောင်ရွက်သော ကိစ္စများတွင် အောင်မြင်နိုင်မည်၊ကာလအတန်ကြာ ရင်းနှီးမြှုပ်နှံထားသော အသီးအပွင့်၏ အကျိုးရလဒ်ကို ခံစားရမည်ဖြစ်သည်၊လုပ်ငန်းများ ပြည်ပအထိ ပေါက်ရောက်အောင်မြင်မည်၊
🏅တိုင်းတပါးမှ ပညာအတတ်ရမည်၊ထူးခြားသော ပညာများ လေ့လာရမည်၊
💊ကျန်းမာရေး အညံ့ကင်းလွတ်မည့်ကာလဖြစ်မည်၊သမားကောင်းတွေ့မည်၊ဒူးနာ ဝေဒနာ နှင့် အစားမှားခြင်း ဂရုပြုပါရန်၊
💰 မတရားဖိနှိပ်လိမ်ကောက်ထားသော မိမိပိုင် ၊ မိသားစုပိုင် ပစ္စည်း or ငွေကြေးများ ပြန်လည်ရရှိမည်၊ငွေကြေးကိစ္စ ပြောဆိုဆောင်ရွက်မှုများ အဆင်ပြေမည်၊
❤️ပျိုရွယ်သူများ မိမိ မနှစ်သက်ပဲ အခြေအနေအရ တွဲရသူက တဖက် မိမိနှစ်သက်လိုလားသူက တဖက် ဘဝအတွက် ဆုံးဖြတ်ချက် ချရန် ခက်ခဲနေလိမ့်မည်၊ဖြစ်လိုသူများကို ဦးစားမပေးပဲ ဖြစ်ပေါ်လာသောအခြေအနေကို စနစ်တကျ သုံးသပ်ရမည်၊

✍️ GENERAL READING

# Swint ☺️

သောကြာ သားသမီးများအတွက် ၂၀၂၄ ကံကြမ္မာ🍀 မိမိအတွက် တက်လမ်းအောင်မြင်မှုများ စနစ်တကျ အကောင်အထည် ဖော်နိုင်မည်၊မူလကြံစည်ထားသည်...
27/12/2023

သောကြာ သားသမီးများအတွက် ၂၀၂၄ ကံကြမ္မာ

🍀 မိမိအတွက် တက်လမ်းအောင်မြင်မှုများ စနစ်တကျ အကောင်အထည် ဖော်နိုင်မည်၊မူလကြံစည်ထားသည်နှင့်မတူ ခြားနားသော ဘဝအခြေအနေနှင့် ပြောင်းလဲ တိုးတက်မည်၊ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်း အဆင်ပြေမည်၊လူမျိုးခြား၊ ဘာသာခြား များနှင့် လုပ်ငန်းတွဲလုပ်ရျ် အောင်မြင်မည်၊ပစ္စည်း အခိုးခံရကိန်း ရှိမည်၊ရည်ရွယ်ထားသော လမ်းကြောင်း၊ ဦးတည်ချက်ပြောင်းခြင်း၊ပိုမိုကျယ်ပြန့်သော အမြင်နှင့်တွေးခေါ် ဆောင်ရွက်အောင်မြင်ခြင်း စသည့်အခြေအနေကောင်းများ ကြုံရမည်၊မိသားစု or မိတ်ဆွေကောင်းများ အကျိုးပေးမည်၊
🏅 ပညာရေး ကိစ္စများ အစဦးပိုင်းတွင် အနှောက်အယှက်များ ရှိမည်၊မဖြစ်မနေ ဆောင်ရွက်မှုကြောင့် အဆုံးတွင် အောင်မြင်သော အနေအထား ရှိမည်၊
💊 မတော်တဆ ထိခိုက်မှုလေးများ ရှိမည်၊ယာဥ်မတော်တဆ ထိခိုက်မှု၊ ရေလမ်းခရီး အန္တရာယ် ရှိမည်၊
💵 ကြိုးစားမှု၏ ရလဒ် ခံစားရမည်၊အရင်းအနှီးမရှိပဲ လုပ်ငန်းလုပ်လိုစိတ် ပြင်းထန်မည်၊အထောက်အပံ့ကောင်းစွာရရှိမည်၊
🤍ချစ်သူ မရှိသော လူလွတ်များ ခရီးသွားခြင်းဖြင့် ဖူးစာ ဆုံမည်၊ကွဲကွာနေသော ချစ်သူများ၊မိသားစုများ ပြန်လည်ပေါင်းစည်းနိုင်သော နှစ်ဖြစ်မည်၊

✍️ GENERAL READING

# Swint ☺️

ကြာသပတေး သားသမီးများအတွက် ၂၀၂၄ တစ်နှစ်စာ ကံကြမ္မာ🍀 အမှန်တရားကို ပြောဆိုတတ်ခြင်း၊အခက်အခဲ အတားအဆီးကို ကိုယ်ပိုင်ဥာဏ်စွမ်း ...
27/12/2023

ကြာသပတေး သားသမီးများအတွက် ၂၀၂၄ တစ်နှစ်စာ ကံကြမ္မာ

🍀 အမှန်တရားကို ပြောဆိုတတ်ခြင်း၊အခက်အခဲ အတားအဆီးကို ကိုယ်ပိုင်ဥာဏ်စွမ်း ဥာဏ်စနှင့် ကျော်လွှားနိုင်ခြင်းတို့ကို ကာဆီးထားခံရခြင်း၊ မိမိ သိသော တတ်သော ဗဟုသုတများကို အကောင်အထည်ဖော်ရန် ပိတ်ပင်တားဆီး ခံရခြင်းများ ကြုံရတတ်မည်၊အရာရာ ထူးချွန်ထက်မြက်နေသဖြင့် ပတ်ဝန်းကျင်နှင့် သဟဇတ ဖြစ်နေမှုထက် အခက်တွေ့ နေလိမ့်မည်၊လူမှုရေး၊ အလုပ်အကိုင်ထက် မိသားစု ချစ်ခြင်းနှင့် ငွေကြေးကံ ပိုမြင့်မားနေတတ်မည်၊၂၀၂၄ တွင် ပစ္စည်းလှောင်ခြင်း၊ စျေးကစားခြင်းများ မပြုရန်အထူး သတိပြုပါ၊စိတ်ကူးဖြင့် လုပ်ရျ် မရ၊ မှန်းသည်နှင့် လက်တွေ့ ကွာဟနေတတ်မည်၊
🏅ပညာရေး - ဥာဏ်ပညာ အထူးမြင့်မားမည်၊ပြင်ပမှ အတတ်ပညာများပါ ဆည်းပူးလေ့လာရမည်၊ သို့သော် တပွဲထိုး လုပ်တတ်သောသူများ အထူးသတိရှိရမည့် နှစ်ဖြစ်မည်၊ ​
💊ကျန်းမာရေး - ညာခြေထောက် ၊ ညာလက် မတော်တဆ ထိခိုက်တတ်မည်၊မိမိက ဒုက္ခမပေးဟု ထင်ထားသော ရောဂါများ ဒုက္ခပေးတတ်မည်၊
💰ကံတရား နှင့်သော် လည်းကောင်း ကိုယ်ပိုင် အစွမ်းအစဖြင့်သော် လည်းကောင်း ငွေဝင်မည်၊ကိုယ်ရေးကိုယ်တာထက် သူတပါးအတွက် ငွေကုန်များမည်၊
❤️လူလွတ်များ မိမိနှင့် ချစ်သူများကြား အထင်မြင် လွဲမှားမှုများ ဖြေရှင်းရတတ်မည်၊မိသားစုများအဖို့ ပျော်ရွှင်စရာ ခရီးရှည်များ ရှိနေလိမ့်မည်၊

အကျိုးပေးဂဏာန်း - 9,10
ရှောင်ရမည့် ဂဏာန်း - 8,12

✍️ GENERAL READING

# Swint ☺️

ဗုဒ္ဓဟူး နှင့် ရာဟု သားသမီးများအတွက် ၂၀၂၄ တစ်နှစ်စာ ကံကြမ္မာ🍀 ကိုယ်ပိုင် အစွမ်းအစနှင့် တိုးတက်မည်၊မာနကင်းစင်မှု မိမိကိုယ...
27/12/2023

ဗုဒ္ဓဟူး နှင့် ရာဟု သားသမီးများအတွက် ၂၀၂၄ တစ်နှစ်စာ ကံကြမ္မာ

🍀 ကိုယ်ပိုင် အစွမ်းအစနှင့် တိုးတက်မည်၊မာနကင်းစင်မှု မိမိကိုယ်ကို နှိမ့်ချတတ်မှုကြောင့် ထူးခြားသော အောင်မြင်မှု ရမည်၊ဦးတည်လိုက်တိုင်း၊ နေရာတိုင်း အနှောင့်အယှက် ကြုံမည်၊ မဖြစ်မနေ လုပ်ဆောင်မှုကြောင့် အဆုံးပိုင်းတွင် အောင်မြင်မှု ရမည်၊နည်းလမ်းကောင်းများ ညွှန်ပြပေးနိုင်သော အကြီးအကဲ၊ မိတ်ဆွေကောင်းများ တွေ့မည်၊ကာလအတန်ကြာ လမ်းစ ပျောက်နေသလို ဖြစ်နေရာမှ လမ်းစ ပြန်ပေါ်မည်၊ငွေကို အဓိက မထားပဲ အတတ်ပညာ နှင့် ဆောင်ရွက်ပါက အောင်မြင်မည်၊ တခါတရံ စိတ်ခံစားချက်များ မွန်းကြပ်မှုကြောင့် သီးသန့်နေလိုစိတ် ရှိသော်လည်း ၂၀၂၄ တစ်နှစ်တာ အတွက် လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊သူငယ်ချင်းမိတ်ဆွေများနှင့် ပူးပေါင်းသွားလာခြင်းများက သင့်အတွက် ပိုရျ် အဆင်ပြေ ပျော်ရွှင်နိုင်မည်ဖြစ်သည်၊ လုပ်ငန်းတက်လမ်း ပွင့်မည်၊
🏅ပညာရေး ကောင်းမွန်မည်၊ ပညာရေး လမ်းကြောင်းတွင် ပေါ်ပေါက်နေသော အခက်အခဲများ ကျော်လွှာနိုင်မည်၊ဆရာကောင်း တွေ့မည်၊
💊ကျန်းမာရေး - ကြုံတွေ့နေသော ကျန်းမာရေး အညံ့များ သူတပါး လမ်းညွှန်မှုဖြင့် ပျောက်ကင်းမည်၊ အအေးမိခြင်း၊ ညဘက် အိပ်မပျော်ခြင်း များ ရှိမည်၊
💰မျှော်မှန်းထားသော ငွေကြေး လက်ဝယ်ရရှိတတ်မည်၊မိမိမှာ ၂၀၂၄ တွင် ငွေစုရန် ဆန္ဒရှိပင်သော်လည်း သူတပါးကြောင့် ငွေကုန်ကြေးကျများနေမည်၊
🤎သစ္စာတရားနှင့် စစ်မှန်သော မေတ္တာ ရရှိမည်၊အထင်လွဲမှုများရှိပါက ဖြေရှင်းရန်မလိုပဲ အဆင်ပြေမည်၊ ကာလအတန်ကြာ ဝေးသွားနေကြသူများ ပြန်လည်ဆုံတွေ့နိုင်မည်၊
အကျိုးပေးဂဏာန်း - 3
ရှောင်ရမည့် ဂဏာန်း - 9

✍️GENERAL READINDG

# Swint ☺️

အဂ်ါ သားသမီးများအတွက်၂၀၂၄ တနှစ်စာ ကံကြမ္မာ🍀ဘဝအတွက် ထူးခြားသော ပြောင်းလဲခြင်း ဖြစ်မည်၊ကုသိုလ်ကံ အလှည့်အပြောင်း၊ဘဝအလှည့်အပ...
27/12/2023

အဂ်ါ သားသမီးများအတွက်၂၀၂၄ တနှစ်စာ ကံကြမ္မာ

🍀ဘဝအတွက် ထူးခြားသော ပြောင်းလဲခြင်း ဖြစ်မည်၊ကုသိုလ်ကံ အလှည့်အပြောင်း၊ဘဝအလှည့်အပြောင်းလေးတွေ ရှိမည်၊အဆိုး၏ အဆုံး ၊ အကောင်း၏ အစ ကာလဖြစ်မည်၊ ယုံကြည်ချက်၊ ခံယူချက် စွဲမြဲခြင်း၊ ဂုဏ်သိက္ခာထိန်းသိမ်းခြင်း၊ အဆိုးနှင့် မကောင်းသော စိတ်သဘာဝကို ဖိနှိပ်ရျ် ကောင်းသောစိတ်ဖြင့် ရပ်တည်နိုင်မည်၊မိမိကိုယ်တိုင် မှန်ကန်သော နည်းလမ်းကို လျှောက်လှမ်းနိုင်လျှင် မိမိအတွက် ကောင်းသော အရာများ ရောက်ရှိလာနိုင်မည်၊လုပ်ငန်း or မိသားစုတွင် မတူညီသော အတွေးအခေါ်များနှင့် ပဋိပက္ခရှိမည်၊ အပြိုင်အဆိုင်ကြား ရည်မှန်းချက် အောင်မြင်မည်၊မရောက်ဖူးသော အရပ်ဒေသ or ပြည်ပခရီးသွားရမည်၊မိမိ ပင်က်ုယ်စိတ်က အဆိုးနှင့်အကောင်း အမြဲဒွန်တွဲနေမည်၊
🏅ပညာရေး အထူးကောင်းမွန်သော နှစ်ဖြစ်မည်၊ ပြည်ပ မှ အတတ်ပညာများ၊မိမိသင်ယူလိုသော အတတ်ပညာများ သင်ယူလေ့လာ ထူးချွန်လိမ့်မည်၊
💉ဖြစ်ပေါ်နေသော ဝေဒနာဟောင်းရှိပါက သက်သာ ပျောက်ကင်းလိမ့်မည်၊ဆေးထိုး၊ ဆေးသောက်မှားခြင်း သတိထားပါရန်
💰အမှန်တရား နှင့် သစ္စာကို အခြေခံရျ် ငွေဝင်မည်၊ငွေထွက်ပေါက် တဖြည်းဖြည်းလျော့နည်းရျ် ငွေအဖတ်တင်မည်၊ငွေကြေးကိစ္စပြောဆိုဆောင်ရွက်ခြင်းများ အောင်မြင်နိုင်မည်၊
💜ဖြစ်လိုသည်များ ကို ဦးစားမပေးပဲ ဖြစ်ပေါ်လာသော အခြေအနေကို စနစ်တကျ သုံးသပ်လက်ခံနိုင်ရမည်၊အချစ်ရေး အတွက် ဆုံးဖြတ်ချက် ချမှတ်သောအခါ မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်ထက် မိမိအကျိုး လိုလားသူများနှင့် တိုင်ပင်ရျ် ဆုံးဖြတ်ချက်ချက်ပါရန်
အကျိုးပေးဂဏာန်း - 0, 10
ရှောင်ဂဏာန်း - 5

✍️GENERAL READING

# Swint ☺️

တနလ်ာသားသမီးများအတွက် ၂၀၂၄ တစ်နှစ်စာ ကံကြမ္မာ🍀ဆုံးဖြတ်ရခက်လောက်အောင် ရွေးချယ်စရာ အခွင့်အလမ်းတွေ ရောက်ရှိလာတတ်ပီး အများအာ...
27/12/2023

တနလ်ာသားသမီးများအတွက် ၂၀၂၄ တစ်နှစ်စာ ကံကြမ္မာ

🍀ဆုံးဖြတ်ရခက်လောက်အောင် ရွေးချယ်စရာ အခွင့်အလမ်းတွေ ရောက်ရှိလာတတ်ပီး အများအားဖြင့်မှန်ကန်သော ဆုံးဖြတ်ချက် ချမှတ်နိုင်မည်၊ ကာလအတန်ကြာ အဖြေရှာမရသော ပြဿနာများ၊ ပုစ္ဆာများ မှ အဖြေကောင်းရရှိမည်၊ အခက်အခက်များ ကိုယ်တိုင်အောင်မြင်သလို သူတပါးက်ုလည်း ဖြေရှင်းပေးနိုင်မည်၊ ရှိရင်းစွဲ အနေအထားထက် ပိုမိုမြင့်မားသော အနေအထားသို့ ကူးပြောင်းတိုးတက်မည်၊ကာလအတန်ကြာ ပြတ်တောက်နေသော ရပ်ဝေးမှာ အဆက်အသွယ် ပြန်ရမည်၊ အပြိုင်အဆိုင်များမည်၊ပြိုင်ဘက်များ၏ ထိုးနှက်မှုများကြောင့် အပြောင်းအရွေ့ ပြုလုပ်ရခြင်း or စိတ်ဓါတ်ကျခြင်းများ ကြုံမည်၊
💵 ငွေဝင်ကိန်းနှင့် အတူ မိသားစု or အပေါင်းအသင်းများရဲ့ ငွေကြေး​ ပြသနာများကြောင့် အလွန်စိတ်ရှုပ်ရတတ်မည်၊
🏅ပညာရေး အထူးကောင်းမွန်သော နှစ်ဖြစ်မည်၊တပါးသူ အံ့သြလောက်အောင် မိမိ အစွမ်းအစ ပြသနိုင်မည်၊
💊ကျန်းမာရေး ကြီးကြီးမားမား အညံ့မရှိပါ၊ ဦးခေါင်း နှင့် မျက်ရိုးကိုက် ဝေဒနာ များ၊ ဆီးရောဂါ၊သွား နှင့် သွားဖုံးရောဂါ သတိပြုပါ၊ ရေလမ်းခရီးသွားလာပါက လှေ၊ သမ္မာန်စီးရပါက မတော်တဆ ထိတ်လန့် မှု ရှိမည်၊
💜အချစ်ရေး အညံ့မရှိပါ၊ လူလွတ်များ အချစ်ရေး စန်းပွင့်မည်၊ပျိုရွယ်သူများ ငွေကြေးထက် ပညာ၊ သိက္ခာ၊သီလ ကို ဦးစားပေးသူကို ရွေးချယ်ရမည်၊ ချစ်သူ အပေါ် နောက်ဆံတင်းနေရခြင်း၊ စိတ်မချခြင်း အပူရှိမည်၊အိမ်ထောင်ရှင်များ နှစ်သစ်တွင် ဘုရားဆင်းတုပုံ၊ ရဟန်းပုံများ လက်ခံရရှိပါက စနစ်တကျ ပူဇော်ထားရှိပါက အကျိူးထူးမည်၊
အကျိုးပေးဂဏာန်း - 5,7
ရှောင်ရမည့် ဂဏာန်း - 6
မှတ်ချက် * 5 ဂဏာန်း နဲ့ အခြားကိစ္စ အကျိုးပေးတယ်၊ ငွေကြေးကိစ္စအတွက်တော့ ထင်သလောက် အကျိုး မပေးဘူးနော်၊

✍️GENERAL READING

# Swint ☺️

တနဂ်နွေ သားသမီးများအတွက် ၂၀၂၄ တနှစ်စာ ကံကြမ္မာ🍀 အတတ်ပညာ၊ စိတ်ဆုံးဖြတ်ချက် ခိုင်မာမှု၊တွေးခေါ် သုံးသပ်ချက် မှန်ကန်မှုကြော...
27/12/2023

တနဂ်နွေ သားသမီးများအတွက် ၂၀၂၄ တနှစ်စာ ကံကြမ္မာ

🍀 အတတ်ပညာ၊ စိတ်ဆုံးဖြတ်ချက် ခိုင်မာမှု၊တွေးခေါ် သုံးသပ်ချက် မှန်ကန်မှုကြောင့် အောင်မြင်မှု ရရှိမည်၊စကားများများ မပြောသင့်၊ လုပ်သင့်သည်ကိုသာ ရဲရဲလုပ်ပါ၊အခက်အခဲ မှန်သမျှ သိမ်မွေ့စွာ ဖြေရှင်းလျှင် အဆင်ပြေမည်၊တဇွတ်ထိုးလုပ်ခြင်း၊ ခေါင်းမာခြင်းတို့ကို လျော့ပါ၊သူတပါး ကိုင်တွယ်ရျ် မရသော လုပ်ငန်းပြသနာများ မိမိအရည်အချင်းဖြင့် ကိုင်တွယ်ဖြေရှင်းပါက အဆင်ပြေအောင်မြင်မည်၊လုပ်ငန်းခွင်တွင် အလွန်ဂွကျပြီး ရန်လို၊ အနှောင့်အယှက်ပြုကာ မိမိလုပ်သမျှ အပြစ်မြင်တတ်သော ပုဂ္ဂိုလ်များအား လွှမ်းမိုး အောင်မြင်မည်၊ရည်မှန်းချက်များ ကို စိတ်ရှည်သည်းခံစောင့်ဆိုင်းရပီးမှပြည့်ဝမည့်ကာလကို ရောက်ရှိကာအကျိုးခံစားရမည်၊နိုင်ငံခြား ခရီးစဥ် ၊ ပြည်တွင်း ခရီးများ သွားလာရန် ရှိမည်၊ကိုယ်တန်ဖိိုးထားသော သူ နှင့် အရာဝတ္ထုပစ္စည်းများ ပျက်စီးဆုံးရှုံးရခြင်း ကြောင့် ကြေကွဲခံစားရမည်၊ စစ်မှန်သော မိတ်ဆွေကောင်းများနှင့် ဆုံစည်းရမည်၊ အကူအညီကောင်းများရတတ်မည်၊
💰ဝင်ငွေကောင်းမည်၊ ကာလအတန်ကြာ ငွေကြေးအခက်အခဲများကို အမျိုးသမီး မိတ်ဆွေ ကူညီဖြေရှင်းပေးလိမ့်မည်၊ငွေလမ်းကြောင်း အသစ်ပွင့်မည်၊
🏅ပညာရေး အထူးကောင်းမွန်မည်၊ ဥာဏ်စွမ်းဖြင့် အရာရာ အလွယ်တကူ ကျော်ဖြတ်အောင်မြင်မည်၊
💊ကျန်းမာရေး - ကြီးကြီးမားမား အညံ့မရှိပါ၊သွား၊ သွားဖုံးရောဂါ၊ ခေါင်းတခြမ်းကိုက်ရောဂါ၊ နှလုံးရောဂါ ဝေဒနာ အနည်းငယ် ဒုက္ခပေးမည်၊ သမားကောင်းနှင့် တွေ့ရျ် ဆေးကုသမှု ခံယူပါက သက်သာပျောက်ကင်းနိုင်ပါမည်၊
❤️ပျိုရွယ်သူများအဖို့ နှစ်ဦးရင်ဆိုင် ကြုံတွေ့နေရသောအခက်အခဲများ ဖြတ်သန်းကျော်လွှားနိုင်မည်၊အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်အား မိမိလိုရာ ပုံသွင်းရျ် သည်းခံချော့ပါက ပြောသမျှအောင်နိုင်မည် 😁
တနှစ်စာ အကျိုးပေး ဂဏာန်း -6, 8
ရှောင်ဂဏာန်း- 3

✍️ GENERAL READING

# Swint ☺️

🎁🎁🎁 Merry Christmas and New Year ပညာဒါန အခမဲ့ ကြည့်ပေးမယ်ရှင် ☺️☺️☺️ 🍀 page လေးကို like and share လေး ပြုလုပ်ပေးသူတိုင်း...
25/12/2023

🎁🎁🎁 Merry Christmas and New Year ပညာဒါန အခမဲ့ ကြည့်ပေးမယ်ရှင် ☺️☺️☺️

🍀 page လေးကို like and share လေး ပြုလုပ်ပေးသူတိုင်းကို messenger မှာ SS ပြပီး မေးသူအမည်၊ နေ့နံလေးနှင့် မေးခွန်း(၃)ခု တခါတည်း ရေးပေးထားကြပါနော်

📅 ပညာဒါန ကာလလေးက ၂၅၊၂၆ နှင့် ၂၇ ရက်အတွင်းသာ

⭐ မေးခွန်း (၃) ခုထက် ပို မေးလိုသူများ ပညာကြေး ရှိပါမည်ရှင် ☺️

🙏 ပညာဒါနကာလအတွင်း SS ပြရျ် မေးသူများ အားလုံး ကြည့်ပေးပါမည်၊☺️ အများနှင့်မလို့ အချိန်လေး တခုတော့ စောင့်ပေးကြပါနော် ၊အလှည့်ကျရင် ပြန်ဖြေကြားထားပါ့မယ်ရှင်

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

🎁(၇) ရက် သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ⏰ From 25,12,2023 to 31.12.2023တနဂ်နွေ သားသမီးများအတွက် - ရည်မှန်းထားသော အလုပ...
25/12/2023

🎁(၇) ရက် သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ
⏰ From 25,12,2023 to 31.12.2023

တနဂ်နွေ သားသမီးများအတွက် - ရည်မှန်းထားသော အလုပ်အကိုင် or အချစ်ရေး or ငွေကြေး စသည်များ အောင်မြင်မှု ရမည်၊ အောင်ပွဲများ၊ ဂုဏ်ပြုပွဲများ တက်ရောက်ရမည်၊ အရာရာ စိတ်တိုင်းကျ ပျော်ရွှင်နေသောကာလက်ု ဖြတ်သန်းရမည်။

တနလ်ာ သားသမီးများအတွက် - လူပေါင်းမှား ၊ ဆုံးဖြတ်ချက်မှားတတ်မည်၊ အမြတ်အစွန်း ရမည်ဟု ထင်မှတ်ပီး ငွေမြှပ်နှံရာမှ မြှုပ်သောငွေ ပြန်ဖော်ရခက်မည်၊ကိုယ်ပိုင်လုပ်ငန်း လုပ်သူအဖို့ မနာလို အနှောင့်အယှက်ပြုခြင်း ကြုံရမည်၊ပစ္စည်း or ငွေကြေး အပျောက်အရှရှိမည်၊

အဂ်ါ သားသမီးများအတွက် - ငွေကြေး ကံမြင့်မားနေပီး ပျော်ရွှင်မှုများဖြင့် မိသားစု နှင့်အတူ အချိန်ကုန်ဆုံးစေမည့် ကာလဖြစ်မည်၊ရည်မှန်းထားသော ငွေကြေး လက်ဝယ်ရရှိမည်၊မိတ်ဆွေ၊ မိသားစု အကူအညီ အထောက်အပံ့ကောင်း များစွာရမည်။

ဗုဒ္ဓဟူး သားသမီးများအတွက် - အတတ်ပညာ၊ သီအိုရီအတိုင်း လက်တွေ့ လုပ်ရျ် မရသော ကာလဖြစ်မည်၊ အရာရာ တိုးတက်မှု နှေးကွေးသော နေရာတွင် မိမိက ထူးချွန်ထက်မြက်နေရျ် အခက်တွေ့နေလိမ့်မည်၊ ကိုယ်ရေးကိုယ်တာ ကိစ္စထက် သူတပါးအတွက် ငွေကုန်ကြေးကျများနေမည်။

ကြာသပတေး သားသမီးများအတွက် - အရာရာ စိတ်ရှုပ်စရာများနှင့် ကြုံတွေ့နေမည်၊ ပထမတွင် လုပ်ငန်းအဖွဲ့အစည်းမှ အချင်းချင်း or မိသားစု or မိတ်ဆွေ များနှင့်လည်း ညှိုနှိုင်း လုပ်ဆောင်ရသော အရာများ ကိုယ်ထင်သလောက် မဖြစ် ရျ် ခနတာ ကျောခိုင်းချင်စိတ်များ ဖြစ်ပေါ်လာတတ်မည်၊နောက်ပိုင်းမှ အောင်မြင်မှု အသီးအပွင့် ခံစားရမည်။

သောကြာ သားသမီးများအတွက် - လုပ်ငန်းနေရာ or နေအိမ် or ချစ်သူ အပြောင်းအလဲ ရှိမည်၊ ကောင်းသော ပြောင်းလဲခြင်း ဖြစ်မည်၊ အပြိုင်အဆိုင် ကြား တိုးတက်အောင်မြင်မည်၊ဤကာလအတွင်း အဆုံးသတ်စရာရှိသည်များ အဆုံးသတ်ရျ် အသစ်စ စရာကိစ္စများကြုံမည်။ဝင်ငွေကောင်းသော်လည်း ငွေမမြဲပါ။

စနေ သားသမီးများအတွက် - မိမိကိုယ်ရေးကိုယ်တာထက် သူတပါးကိစ္စကို ဦးစားပေး လုပ်ဆောင်ရတတ်မည်၊ အမှန်တရားအတိုင်း အရာရာ ဖြစ်ပေါ်မည်၊အရေးပါသော စကားပြောခြင်း၊ လုပ်ငန်းဆုံးဖြတ်ခြင်းများတွင် အောင်မြင်မည်၊

✍️GENERAL READING

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

☘️2024 နိုင်ငံရပ်ခြားကံ ☘️🤩နိုင်ငံရပ်ခြားသို့ သွားရောက်ရန် ရည်ရွယ်ထားသူများ💡Pick A Pile✍️General Readingချစ်ခြင်းများစွာ...
19/12/2023

☘️2024 နိုင်ငံရပ်ခြားကံ ☘️
🤩နိုင်ငံရပ်ခြားသို့ သွားရောက်ရန် ရည်ရွယ်ထားသူများ

💡Pick A Pile
✍️General Reading

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

⭐ခုနှစ်ရက်သားသမီးတွေရဲ့ တပတ်စာကံတနဂ်နွေ သားသမီး - ရရန်ရှိသော Or  ကြန့်ကြာနေသော ငွေကြေးများ၊အလုပ်များ ဒီတပတ် လက်ဝယ် ရရှိမ...
17/12/2023

⭐ခုနှစ်ရက်သားသမီးတွေရဲ့ တပတ်စာကံ

တနဂ်နွေ သားသမီး - ရရန်ရှိသော Or ကြန့်ကြာနေသော ငွေကြေးများ၊အလုပ်များ ဒီတပတ် လက်ဝယ် ရရှိမည်၊ စာချုပ်စာတမ်းနှင့် ပတ်သက်ရျ်၊ငွေကြေးအပေးအယူ များလဲ သတိထား ပေးပါရန်၊
ယတြာ - မရှိသူအား တနိုင် ပေးကမ်းစွန့်ကြဲခြင်းဖြင့် ငွေကြေးကံ မြှင့်တင်ပေးနိုင်ပါသည်။

တနလ်ာ သားသမီး - ငွေဝင်မည်၊ သူတပါးအတွက် အကုန်အကျများမည်၊သူတပါး မလုပ်ဆောင်နိုင်သော လုပ်ငန်းများ လုပ်ဆောင်နိုင်လိမ့်မည်၊ တပတ်လုံး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်နေတတ်မည်။ခေါင်းမာခြင်းနှင့် ဒေါသထားခြင်း သတိထားပါရန်၊
ယတြာ - အိမ်ဘုရားတွင် လိမ္မော်သီး ကြိုက်နှစ်သက်သည့် အရေအတွက် လှုပေးပါရန်။

အဂ်ါ သားသမီး -ရည်ရွယ်ချက်များ အောင်မြင်မည်၊အခွင့်အလမ်းသစ်များ ပိုင်ဆိုင်ရမည်၊ကိုယ့်အတွက်သော်လည်းကောင်း၊ သူတပါးအတွက်သော် လည်းကောင်း ဝန်ထုပ်ဝန်ပိုးများ ထမ်းရတတ်မည်၊စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်မည်၊
ယတြာ - အပြင်သွားပါက အဝါရောင် (or)လိမ္မော်ရောင် အဝတ်အစား များ ရွေးချယ် ဝတ်ဆင်ပါရန်

ဗုဒ္ဓဟူး သားသမီး - မိမိအတွက်တက်လမ်း၊ အောင်မြင်မှုများ စနစ်တကျ အကောင်အထည် ဖော်နိုင်သော ကာလဖြစ်မည်၊ပြဿနာ အဟောင်းများ ပြန်လည် ဖြေရှင်း အဆင်ပြေမည်၊ လူမျိုးခြား၊ ဘာသာခြားများ၏ အကူအညီရရှိလိမ့်မည်၊ ငွေကြေးကံ ပွင့်မည်၊ငွေ​ဝင်သော်လည်း ငွေမမြဲပေ၊ ထီကံကောင်းမည်၊
ယတြာ - မွေးနေ့မှာ မည်သူ့ကို မဆို ဘောပင် (၂)ချောင်း အလှူပြုပေးပါရန်

ကြာသပတေး သားသမီး - အပြိုင်အဆိုင်၊ အတိုက်အခံလေးတွေ ကြုံရမည်၊ အောင်မြင်ပါလိမ့်မည်၊သဘောထား မတူညီသူများ နှင့် လုပ်ငန်း တွဲလုပ်ရတတ်မည်၊ ဘယ်အရာမဆို အလျင်စလို ဆုံးဖြတ်ချက် မချမှတ်စေချင်ပါ၊မှန်ကန်သော နည်းလမ်းဖြင့် စဥ်းစား လုပ်ဆောင်ပါရန်။
ယတြာ - အောင်သပြေ (၇)ခက် အပြင်ဘုရားတွင် လှူပေးပါရန်

သောကြာ သားသမီး - လုပ်ပိုင်ခွင့် အာဏာများ အပြည့်အဝ လုပ်ဆောင်ခွင့် ရမည်၊မှန်းထားသည့်အခြေအနေ အပြောင်းအလဲ အနည်းငယ် ရှိလိမ့်မည်၊ငွေဝင်မည်၊မတော်တဆ ဓား ထိခိုက်မှု သတိထားပါ၊ဒီကာလ ဒေါသ ရှေ့ထားခြင်းမှလျော့ပါရန်၊
ယတြာ - မျက်နှာသုတ်ပဝါ တစ်ထည် မြင့်မြတ်သော သူအား လှူပေးပါရန်

စနေ သားသမီး - စိတ်ချမ်းမြေ့ဖွယ် ကာလ ရရှိမည်၊ကာလအတန်ကြာ ခါးစည်းခံနေရသော စိတ်သောက၊စိတ်အနှောင့်အယှက်များ ကင်းလွတ်မည်၊ရသင့်လျှက် ကြန့်ကြာနေသည်များ ပြန်ရမည်၊စုပေါင်းစပ်ပေါင်း အကျိုးပေးမည်၊
ငွေကြေး ကံကောင်းမည်၊
ယတြာ - ဘုရားတွင် ရေသပ္ပါယ်ပေးပါရန်

🍀General Reading

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

အမြဲတမ်း အားပေးပီး ချစ်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်ရှင့် 🥰🙏
17/12/2023

အမြဲတမ်း အားပေးပီး ချစ်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်ရှင့် 🥰🙏

💜 ရာသီဖွားလေးတွေ ဆောင်သင့်တဲ့ ကျောက်လေးတွေပါ၊ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်ရှင်☺️ချစ်ခြင်းများစွာဖြင့်ဆရာမ စွင့်စွင့်ခိုင...
15/12/2023

💜 ရာသီဖွားလေးတွေ ဆောင်သင့်တဲ့ ကျောက်လေးတွေပါ၊ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်ရှင်☺️

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

☘️ လူတိုင်း ဘဝ စာမျက်နှာက မတူကြပါဘူး၊ကိုယ့်ကျမှ ကံတရားကလဲ မျက်နှာမပေးဘူးလို့ မသတ်မှတ်စေချင်ဘူး၊☘️ စွင့်ခိုင်လဲ ခုအသက်အရွ...
12/12/2023

☘️ လူတိုင်း ဘဝ စာမျက်နှာက မတူကြပါဘူး၊ကိုယ့်ကျမှ ကံတရားကလဲ မျက်နှာမပေးဘူးလို့ မသတ်မှတ်စေချင်ဘူး၊
☘️ စွင့်ခိုင်လဲ ခုအသက်အရွယ်အထိ ကြုံတွေ့လာတဲ့ အရာတွေ အများကြီးရှိပါတယ်၊ချော်လဲ ပြန်ထ နဲ့ ခြေလှမ်းခဲ့ရတာတွေ ရှိပါတယ်၊
☘️ကံဆိုတာ ညံ့လဲ ကောင်းမှုတွေ နဲ့ ဆက်ပလိုက်မယ်လို့ ကိုယ်တိုင်က စိတ်ဆုံးဖြတ်ထားပီးသားပါ၊☺️ဒါကြောင့် ဘာလာလာ မကြောက်တော့ဘူး၊အဲလိုလဲ တွေးပလိုက်တယ်😁၊ဒီဘဝမှာတော့ မသေခင်အထိ ကြုံနေရမှာပဲကိုး။
☘️ဒါကြောင့် ချစ်ရတဲ့သူတွေလဲ ဖြစ်နိုင်ရင် အဲလိုစိတ်ထားကြနော်၊Fighting 💪💪💪 အားလာပေးတာ 🥰

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

⭐တင်တဲ့ ပိုစ့်လေးတွေမှာ ရေးပေးထားတာလေးတွေ တွေ့ရတော့ အရမ်း ပျော်ရပါတယ်ရှင်🥰😍😘❤️ကျေးဇူးအများကြီး တင်ပါတယ်နော် ချစ်ခြင်းမျာ...
12/12/2023

⭐တင်တဲ့ ပိုစ့်လေးတွေမှာ ရေးပေးထားတာလေးတွေ တွေ့ရတော့ အရမ်း ပျော်ရပါတယ်ရှင်🥰😍😘
❤️ကျေးဇူးအများကြီး တင်ပါတယ်နော်

ချစ်ခြင်းများစွာဖြင့်
ဆရာမစွင့်စွင့်ခိုင်

☘️(၇)ရက်သားသမီး တစ်ပတ်စာ ကံကြမ္မာတနဂ်နွေသားသမီးများ - မိတ်ကောင်းဆွေကောင်း များနှင့် ပြန်လည်တွေ့ဆုံတတ်ခြင်း၊ အကူအညီကောင်း...
09/12/2023

☘️(၇)ရက်သားသမီး တစ်ပတ်စာ ကံကြမ္မာ

တနဂ်နွေသားသမီးများ - မိတ်ကောင်းဆွေကောင်း များနှင့် ပြန်လည်တွေ့ဆုံတတ်ခြင်း၊ အကူအညီကောင်းများ ရရှိတတ်မည်၊အတိတ်က ဖြစ်စဥ်များ အထူးတလည် သတိရ အောင်းမေ့နေတတ်မည်၊အခြားသူများရဲ့ အခက်အခဲများကို ကူညီပေးရတတ်မည်။

တနလ်ာသားသမီးများ - အလုပ်သစ်၊ အကြံအစည်သစ်များ စနစ်တကျ ဖန်တီးနိုင်မည်၊မိသားစု နှင့်သော်၎င်း ၊ မိတ်ဆွေများနှင့်သော် ၎င်း ကောင်းသောခရီး သွားရကိန်း ရှိမည်၊ငွေဝင်ခြင်းဖြင့် ကံပွင့်မည်၊အပြိုင်အဆိုင် အခက်အခဲကြားမှ တိုးတက်အောင်မြင်မည်။😊

အဂ်ါသားသမီးများ -သင် စောင့်ဆိုင်းနေသော အရာများ (or) ဆန္ဒများသင့်ဆီ အရှိန်အဟုန်နှင့် ရောက်ရှိလာလိမ့်မည်၊ ဦးတည်ချက် မှန်ကန်ရန်တော့ လိုအပ်ပါမည်၊ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူများ ပြည်ပနှင့် ဆက်သွယ်သော လုပ်ငန်းများ လုပ်ဆောင်ရတတ်မည်၊မထင်မှတ်ထားတဲ့ အံ့သြခြင်းများ ကြုံတွေ့ရတတ်မည်။😬

ဗုဒ္ဓဟူး နှင့် ရာဟုသားသမီးများ - ရည်မှန်းချက်များ ပြည့်ဝအောင်ရန် အချိန်အနည်းငယ်သာ လိုတော့သည်မို့ ကျေနပ်နေလိမ့်မည်၊ဒီတပတ် စိတ်အေးချမ်းခြင်း or သောက ကင်းဝေးနေလိမ့်မည်၊မိမိအနီး သူတပါးချစ်သူများ စကားများငြင်းခုံနေပါက ကြားမှ ဝင်မပါပဲ နေသာသလိုနေလိုက်ပါရန်☺️

ကြာသပတေး သားသမီးများ - လူအများရဲ့ အားကိုးရသူ ခေါင်းဆောင်ဖြစ်နေတတ်ပါမည်၊နိုင်ငံခြားဘာသာနဲ့ ဆိုင်သော အတတ်ပညာများ၊ရည်ရွယ်ထားသော အတတ်ပညာများ ဒီတပတ်မှ စရျ် သင်ကြားရတတ်ပါမည်၊နိုင်ငံခြားကံ ၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သော သတင်းများ ကြားရတတ်မည်၊

သောကြာသားသမီးများ - စုပေါင်းစပ်ပေါင်းလုပ်ငန်းများ အကျိုးပေးလုပ်ဆောင်ရတတ်မည်၊ငွေကြေးအဆင်ပြေမှုထက် မိမိလုပ်လိုသော အလုပ်ကို လုပ်ရျ် ငွေမမြဲ၊ငွေပြတ်မည်၊မေတ္တာရေးတွင် တပါးသူ တားဆီးနေမည့်ကြားမှ အချစ်ကို ဦးစားပေး ဆုံးဖြတ်လိမ့်မည်၊ချစ်သူမရှိပါက ချစ်သူရမည်၊

စနေသားသမီးများ - ဒီတပတ် ရွေးချယ်စရာတွေ များနေတတ်ပီး ဒွီဟ ဖြစ်နေလိမ့်မည်၊ရွေးချယ်သင့်သော ဦးတည်ချက်ကို အာရုံစုစည်းရျ် မှန်ကန်အောင် ရွေးချယ်ရန် လိုအပ်မည်၊ကျန်းမာရေးနှင့် အလုပ် ထိခိုက်အောင် အပျော်မမက်မိစေရန် ဂရုပြုပါ၊

⭐ General Reading

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

General Reading လေးတွေ Booking ယူလို့ ရပီနော်🥰🍀 အချစ်ရေး၊ အိမ်ထောင်ရေး🍀 စီးပွားရေး၊ ငွေကြေး🍀 နိုင်ငံခြားကံ များကို တားရေ...
08/12/2023

General Reading လေးတွေ Booking ယူလို့ ရပီနော်🥰

🍀 အချစ်ရေး၊ အိမ်ထောင်ရေး
🍀 စီးပွားရေး၊ ငွေကြေး
🍀 နိုင်ငံခြားကံ များကို တားရော့လေး နဲ့ အဖြေရှာပေးပါတယ်ရှင်
🍀စီးပွားရေး လုပ်ငန်းရှင်များအတွက် ငွေကြေးကံလေးတွေကို တပတ်စာ၊ တလစာ package လေးတွေနဲ့ ကြည့်ပေးပါတယ်နော်


ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

🏠 အိုးအိမ်  ကံကြမ္မာ(လက်ရှိကာလ အိမ်ရှာနေသူများ၊အပြောင်းအရွှေ့ လုပ်လိုသူများ အိမ်ငှား/အိမ်ပိုင်များအတွက်)🍀 Pick A Photo💡G...
06/12/2023

🏠 အိုးအိမ် ကံကြမ္မာ
(လက်ရှိကာလ အိမ်ရှာနေသူများ၊အပြောင်းအရွှေ့ လုပ်လိုသူများ အိမ်ငှား/အိမ်ပိုင်များအတွက်)

🍀 Pick A Photo
💡General Reading

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

⭐ ကိုယ့်မှာ ရှိနေတဲ့ အရာတွေတောင် တခါတလေ ခဏလောက် ထားသွားချင်တာတွေ ရှိနေတတ်ကြပါတယ်၊🍀 အဲအချိန် တားရော့လေး ကြည့်ပီး စွင့်ခို...
04/12/2023

⭐ ကိုယ့်မှာ ရှိနေတဲ့ အရာတွေတောင် တခါတလေ ခဏလောက် ထားသွားချင်တာတွေ ရှိနေတတ်ကြပါတယ်၊
🍀 အဲအချိန် တားရော့လေး ကြည့်ပီး စွင့်ခိုင် ဆီမှာ အဖြေရှာရင်း မိုတီ ယူကြရအောင်နော် ☺️

ဥာဏ်ပူဇော်ခ - စေတနာကြေး 🥰

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

Hello December 🍀 ကံကောင်းခြင်းတွေ သင့်ဆီရောက်ရှိပီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေရှင်☺️☺️☺️ချစ်ခြင်းများစွာဖြင့်ဆရာမ စွင့်စ...
01/12/2023

Hello December

🍀 ကံကောင်းခြင်းတွေ သင့်ဆီရောက်ရှိပီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေရှင်☺️☺️☺️

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

🤩 နမိတ်ကောင်းပြီး ငွေမြဲစေဖို့ ပိုက်ဆံအိတ် အရောင်လေးတွေ အကြောင်း🤩⭐ အရောင်လေးတွေ သိသလောက် Sharing လုပ်ပေးထားပါတယ် ☘️ရှောင...
29/11/2023

🤩 နမိတ်ကောင်းပြီး ငွေမြဲစေဖို့ ပိုက်ဆံအိတ် အရောင်လေးတွေ အကြောင်း🤩

⭐ အရောင်လေးတွေ သိသလောက် Sharing လုပ်ပေးထားပါတယ်

☘️ရှောင်ရန်၊ ဆောင်ရန်များ
1. သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊
2.ပိုက်ဆံအိတ် နှင့် ပိုက်ဆံများကို တရိုတသေ ကိုင်တွယ်ခြင်း၊
3.မလိုအပ်တဲ့ စာရွက်များ၊ ပိုက်ဆံအနွမ်းများ ထည့်ထားခြင်း များ ရှောင်ကြည်သင့်ပါတယ်၊
4.အရောင်များကို မကြာခဏ လဲကိုင်ပေးသင့်ပါတယ်
5.ကိုယ်ဘယ်လောက်ကြိုက်ကြိုက် အရမ်းဟောင်းနေပြီး အပေါက်အပြဲပါနေတဲ့အိတ်ဆို ဆက်မကိုင်သင့်တော့ပါဘူး။

# Credit

ချစ်ခြင်းများစွာဖြင့်
ဆရာမစွင့်စွင့်ခိုင်☺️

Hello December !🌸 Pick A Pile 🌺 General Readingချစ်ခြင်းများစွာဖြင့်ဆရာမ စွင့်စွင့်ခိုင် ☺️
29/11/2023

Hello December !

🌸 Pick A Pile
🌺 General Reading

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင် ☺️

🍀 အကြိုက်ဆုံး နံပါတ်က ပြောတဲ့ သင့်အကြောင်း ☺️ # Creditချစ်ခြင်းများစွာဖြင့် ဆရာမ စွင့်စွင့်ခိုင် ☺️
28/11/2023

🍀 အကြိုက်ဆုံး နံပါတ်က ပြောတဲ့ သင့်အကြောင်း ☺️

# Credit

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင် ☺️

⭐ ဒီည နောက်ဆုံးညလေးပါနော် ⭐🍀 messenger မှာ SS ပြပီး မေးခွန်း မဖြေရသေးတဲ့ သူရှိရင် လာပြောပေးကြပါအုံးနော်☺️ချစ်ခြင်းများစွ...
26/11/2023

⭐ ဒီည နောက်ဆုံးညလေးပါနော် ⭐

🍀 messenger မှာ SS ပြပီး မေးခွန်း မဖြေရသေးတဲ့ သူရှိရင် လာပြောပေးကြပါအုံးနော်☺️

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင် ☺️

🌻ပညာဒါန 🌻

⭐ Healer By Swint - page လေး တစ်လပြည့် အထိမ်းအမှတ် နဲ့ တန်ဆောင်မုန်းလပြည့်နေ့ ပံ့သကူ အလှူလေးပါရှင်☺️

⏰ (24,25 & 26) ရက် အထိသာ

💡Page လေးကို Like,Follow & Share လေး လုပ်ပေးပီး messenger မှာ SS ပြရျ် သိလိုသော မေးခွန်း (၂)မေးလို့ ရပါတယ်ရှင်

🤩လူဦးရေ ကန့်သတ်မထားပါဘူးနော်၊messenger မှာ SS ပြပီး သိလိုသော မေးခွန်း (၂)ခုကို နာမည် ၊ နေ့နံ နဲ့ အတူ တခါတည်း ရေးပေးထားပါနော်၊ ကြည့်တဲ့အချိန်မှာ တခါတည်း ပြည့်စုံသွားစေရန်အတွက်ပါ၊

🙏ကြည့်ပီးတဲ့ သူလေးတွေက Share တဲ့အခါ စွင့်ခိုင် ကို review လေးတွေ ရေးပေးပါနော် 😘

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

🌻ပညာဒါန 🌻⭐ Healer By Swint - page လေး တစ်လပြည့် အထိမ်းအမှတ် နဲ့ တန်ဆောင်မုန်းလပြည့်နေ့ ပံ့သကူ အလှူလေးပါရှင်☺️⏰ (24,25 & ...
23/11/2023

🌻ပညာဒါန 🌻

⭐ Healer By Swint - page လေး တစ်လပြည့် အထိမ်းအမှတ် နဲ့ တန်ဆောင်မုန်းလပြည့်နေ့ ပံ့သကူ အလှူလေးပါရှင်☺️

⏰ (24,25 & 26) ရက် အထိသာ

💡Page လေးကို Like,Follow & Share လေး လုပ်ပေးပီး messenger မှာ SS ပြရျ် သိလိုသော မေးခွန်း (၂)မေးလို့ ရပါတယ်ရှင်

🤩လူဦးရေ ကန့်သတ်မထားပါဘူးနော်၊messenger မှာ SS ပြပီး သိလိုသော မေးခွန်း (၂)ခုကို နာမည် ၊ နေ့နံ နဲ့ အတူ တခါတည်း ရေးပေးထားပါနော်၊ ကြည့်တဲ့အချိန်မှာ တခါတည်း ပြည့်စုံသွားစေရန်အတွက်ပါ၊

🙏ကြည့်ပီးတဲ့ သူလေးတွေက Share တဲ့အခါ စွင့်ခိုင် ကို review လေးတွေ ရေးပေးပါနော် 😘

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

🌺 Current Feeling 🌺🍀General Reading လေးပါရှင်🥰ချစ်ခြင်းများစွာဖြင့်ဆရာမ စွင့်စွင့်ခိုင်
22/11/2023

🌺 Current Feeling 🌺

🍀General Reading လေးပါရှင်🥰

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်

💡ကံနိမ်နေသူများအတွက်အမြန်ဆုံးကံမြှင့်နည်းပါ1- မိဘအဝတ်အစားလျှော်ပါ။2- မိဘကို ပြုစုပါ။3- မိဘကိုနေ့စဉ် ကန်တော့ပါ။4- မိမိအိမ...
20/11/2023

💡ကံနိမ်နေသူများအတွက်အမြန်ဆုံးကံမြှင့်နည်းပါ

1- မိဘအဝတ်အစားလျှော်ပါ။

2- မိဘကို ပြုစုပါ။

3- မိဘကိုနေ့စဉ် ကန်တော့ပါ။

4- မိမိအိမ်ကို သန့်ရှင်းပါ။

5- မိမိအိမ်မျက်နှာစာကို သန့်ရှင်းပါ။

6- ဘုရားကျောင်းဆောင် သန့်ရှင်းပါ။

7- ဘုရားရောင်တော် ဖွင့်ပါ။

8- ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ်ကပ်ပါ။

9- ဘုရား တရား သံဃာ ဂုဏ်တော်ပွားပါ။

10- လမ်းပေါ်ရှိ အမှိုက်သရိုက် ဆူးများမရှိအောင်
လှည်းကျင်းပါ။

11- စေတီပရဝဏ် တံမြက်လှည်းကုသိုလ်ယူပါ။

12- ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေးလုပ်ပါ။

13- အများသုံးအိမ်သာ သန့်ရှင်းရေးလုပ်ပါ။

14- မြောင်းဆယ် မြောင်းဖော် မြောင်းတူးပါ။

15- ရေကန်ဆယ်ပါ။

16- ရေတွင်း ရေကန် ရေ အလှူပြုပါ။

17- လမ်းမှာ အမှတ်တမဲ့တွေ့ရတဲ့
ဆာလောင်နေသူ လူ/တိရိစ္ဆာန်ကို ဒါနပြုပါ။

18- ပံ့သကူ ပစ်ပါ။

19- ကုသိုလ်ပြုစာရင်းမှတ်ပြီး ပြန်လည်ပီတိပွားပါ။

20- သစ်ပင်စိုက်ပါ။

21- အရိပ်လှူပါ။

22- ညောင်ထောက်ပါ။

23- လေလွင့်တိရိစ္ဆာန်များကို ဒါနပြုပါ။

24- အရူးကျွေးပါ။

25- တံတားထိုးပါ၊ လှူပါ။

26- ခေါင်းဆေးမင်္ဂလာပြုပါ။

27- ရဟန်းဒကာ ခံယူပါ။

28- ရေနစ်တိရိစ္ဆာန်လေးများအား ဆယ်ပါ။

29- ကံငါးပါး လုံပါ။

30- စိတ်ကောင်းမွေးပါ။

31- ဝစီဒုစရိုက် ရှောင်ပါ။

32- သူတစ်ပါးကျေးဇူးကို သိတတ်ပါ။

33- သူတော်ကောင်းတရား(၇)ပါးကို ကျင့်သုံးပါ။

အထက်ပါအလုပ်တွေကို
ဘာပဲလုပ်လုပ် ပြီးပြီးရော
မလုပ်ပါနဲ့။
သဒ္ဓါ ပီတိလေးပွားပြီး
စေတနာ၃တန်နဲ့
‌သေချာရအောင်လုပ်ပါ။
မုချ ကံမြင့်လာပါလိမ့်မယ်။

ပြန်လှယ်မျှဝေပါသည်🙏

ချစ်ခြင်းများစွာဖြင့်
ဆရာမစွင့်စွင့်ခိုင်☺️

⭐ခုနှစ်ရက်သားသမီး တပတ်စာငွေကြေးကံ⭐💡General Reading💡☘️တနဂ်နွေ - ရပ်ဝေးမှ ငွေရရှိမည်။ အလှအပ၊ အသုံးအဆောင်များ ဝယ်ယူမှုကြောင...
20/11/2023

⭐ခုနှစ်ရက်သားသမီး တပတ်စာငွေကြေးကံ⭐
💡General Reading💡

☘️တနဂ်နွေ - ရပ်ဝေးမှ ငွေရရှိမည်။ အလှအပ၊ အသုံးအဆောင်များ ဝယ်ယူမှုကြောင့် ငွေကုန်ကြေးကျများမည်။လက်ထဲ ငွေသီးနေမဲ့ အပတ်ဖြစ်မည်။ 😁

☘️တနလ်ာ -စုပေါင်းစပ်ပေါင်း လုပ်ငန်း လုပ်ငန်းများမှ ငွေဝင်မည်။ဝင်ငွေ နဲ့ ထွက်ငွေ မျှတနေမည့် အပတ် ဖြစ်မည်။

☘️အဂ်ါ - အပြိုင်အဆိုင်ကြားမှ မိမိကိုယ်ပိုင် အစွမ်းအစဖြင့် ငွေဝင်မည်။စောင့်ဆိုင်းခြင်း၊ စိတ်ရှည်သည်းခံခြင်း၏ ရလဒ်ကို ခံစားရမည်။

☘️ဗုဒ္ဓဟူး - ကာလအတန်ကြာ ရင်းနှီးမြှုပ်နှံထားသော ငွေများ၏ အကျိုးရလဒ်ကို လက်တွေ့မြင်တွေ့သိရှိရမည်။
ချင့်ချိန်ရျ် ငွေသုံးစွဲပါရန်။

☘️ကြာသပတေး - ရှိရင်းစွဲအနေအထားထက် ပိုမြင့်သော အနေအထားသို့ ငွေကြေးနှင့် ထိုးဖောက်နိုင်သော ကာလဖြစ်မည်။ ငွေကြေးကံမြင့်မားမည်။

☘️သောကြာ- မိမိကိုယ်ပိုင်ဥာဏ် အစွမ်းအစနှင့် ငွေ​ဝင်မည်။ပြန့်ကြဲနေသော ငွေများ ပြန်ရမည်။

☘️စနေ- မိမိကျွမ်းကျင်သော လုပ်ငန်း၊ လက်မှုပညာ လုပ်ငန်းများ နှင့် အကျိုးပေးရျ် ငွေဝင်မည်။ စိတ်ရှည်မှု၊တိကျသော ရည်မှန်းချက်များကြောင့် ငွေကြေးတိုးတက်မည်။

ချစ်ခြင်းများစွာဖြင့်
ဆရာမစွင့်စွင့်ခိုင် ☺️

🍀   " ပံ့သကူ "ဆိုတဲ့...စကားလုံးလေးဟာ...အတော်များများ ကြားဘူးကြပြီးသားဖြစ်ပြီး...မြန်မာတွေနားနဲ့ မစိမ်းလှပါဘူး....။သို့သေ...
19/11/2023

🍀 " ပံ့သကူ "ဆိုတဲ့...စကားလုံးလေးဟာ...အတော်များများ ကြားဘူးကြပြီးသားဖြစ်ပြီး...မြန်မာတွေနားနဲ့ မစိမ်းလှပါဘူး....။သို့သော်လည်း.....ပံ့သကူနဲ့ပတ်သက်ပြီးတော့....လူအများနားလည်ထားကြတာကတော့....အခါကြီး ရက်ကြီးတွေမှာ....လမ်းဆုံလမ်းခွတွေလူသူလေးပါး အသွားအလာများတဲ့နေရာတွေမှာ မနက်အစောကြီး(ကျီးမနိုးခင်)ထပြီးမည်သူမျှမမြင်အောင် ငွေ/ပစ္စည်း တခုခုကို ပစ်ချထားခဲ့ရမယ်...ဒီလို ပြုလုပ်ခြင်းအားဖြင့်....ပြုလုပ်သူမှာလည်း ငွေကြေးဥစ္စာတွေ တိုးပွားလာလိမ့်မယ်......ဆိုတာလောက်ကိုဘဲ...အများစုက ကြားဘူးနားဝရှိနေခဲ့ကြတာဖြစ်ပါတယ်။ဒါဟာ.....တစိတ်တပိုင်းအနေနဲ့တော့ မှန်ပါသော်လည်း..တကယ့်ပံ့သကူ အစစ်ရဲ့ အဓိပ္ပါယ် ရည်ရွယ်ချက်အပြည့်အစုံကတော့....ဒီထက်မက အဓိပ္ပါယ် ခံယူချက်ရည်ရွယ်ချက်က များစွာ ကျယ်ပြန့်လှပါတယ်၊
💡မှတ်ချက်...။ ။ပံသကူမှန်းသိအောင်_ပစ္စည်းမှာပံ့သကူလို့စာရေးသားချိတ်ဆွဲထားကြစေလိုပါတယ်
တတ်နိုင်သူတွေက_လေးနေရာလောက်ကို
ပံ့သကူပစ်ကြပါ_များများပစ်လေ_ကောင်းလေပါဘဲ။ ပစ်တဲ့အခါမှာ....ငွေဆိုလည်း. .. ၁၀၀၀/၅၀၀၀/၁၀၀၀၀ /၁၀၀၀၀၀ စသည်ဖြင့် မိမိတတ်စွမ်းသလို..... အဝတ်အထည်ဆိုလည်း....
လတ်ဆတ်သစ်လွင်သောအဝတ်အထည်မျိုး.....စသည်ဖြင့် ဖြစ်ကြစေလိုပါတယ်....ဒါမှ အကျိုးပိုကြီးမှာဖြစ်ပါကြောင်းနဲ့....ငွေနဲ့အတူအဝတ်အထည် လည်းမပါမဖြစ်ပါရပါ မယ်လို့....ပြောပါရစေ.....။
⭐အရေးကြီးတဲ့အချက်...
ပံ့သကူနဲ့ပတ်သက်ပြီး...အရေးအကြီးဆုံးအချက်နဲ့ကုသိုလ်အရစေဆုံး ကုသိုလ်အကြီးစေဆုံးတစ်ချက်ကိုမိတ်ဆွေများသိစေဖို့ နောက်ဆုံးအနေနဲ့ အသိပေးပြောကြားပါရစေ....။
အဲဒါကတော့....ရဟန်းတော်တို့သီတင်းသုံးကြတဲ့...ဘုန်းကြီးကျောင်းတွေမှာ....မဖြစ်မနေ((ရဟန်းတော်တို့ မြင်သာမယ့်နေရာမျိုးပေါ့))ရဟန်းတော်တို့နဲ့ပတ်သက်တဲ့...ထီး ဖိနပ် ယပ် သင်္ကန်းဆွမ်းဆန် ပိဋကတ်၃ပုံစာအုပ် ကျမ်းစာအုပ်((ဝတ္ထုငွေလုံးဝမပါရ)) စသည်ဖြင့်...ရဟန်းတော်တို့နဲ့အပ်စပ်ရာကိုပံသကူအလှူပါဘုရား...လို့စာရေးသားပြီး..အခင်း၁ခုဖြင့် ပံ့သကူထားပေးကြမယ်ဆိုရင်တော့....ဒီပံ့သကူဟာ...သာမန်ပံ့သကူမျိုးမဟုတ်တော့ဘဲလွန်စွာအကျိုးကြီးသော.....မဟာပံ့သကူ......ဖြစ်ပါကြောင်း....အသိပေးပြောကြားရင်းနဲ့..... လူတို့အား စွန့်လှူသော ပံ့သကူကုသိုလ်ဒါနသည်၎င်း
ရဟန်းတော်တို့အားပေးလှူသော..
မဟာပံ့သကူ ကုသိုလ်ဒါနသည်၎င်း.....
ရရှိကြသူ ရဟန်းရှင်လူအပေါင်းတို့အား
မထင်မှတ်ဘဲ လွန်စွာအံ့ဩဝမ်းသာ
ကြည်နူးစေသည့်ကုသိုလ်ဖြစ်သည့်အတွက်....တူသောအကျိုးအနေဖြင့် ထိုသို့ ပံ့သကူဒါနကို ပြုခဲ့ကြသူတို့မှာလည်း ငွေကြေးအဝတ်အထည်စည်းစိမ်ဥစ္စာတို့ဟာ ထီပေါက်သလိုမျိုး ဝမ်းသာစရာကောင်းလောက်အောင်အံ့ဩစရာကောင်းလောက်အောင် အရပ်လေးမျက်နှာကနေ မထင်မှတ်ထားဘဲနဲ့ ကြိုတင်မမျှော်လင့်ထားဘဲနဲ့ ဝင်လာမစဲ တသဲသဲဖြစ်လာကြမှာ ရရှိလာကြမှာ....ဖြစ်ပါတယ်လို့
အသိပေးလိုပါတယ်။
သို့သော်.....ဒီနေရာမှာ...
မဖြစ်မနေသိထားရမှာကတော့..ပံ့သကူပစ်တဲ့အခါ....မိမိရဲ့အကျိုးစီးပွားဖြစ်ထွန်းဖို့ဆိုတဲ့စိတ်မျိုးနဲ့တော့မပစ်ပါနဲ့...အဲဒီလိုစိတ်နဲ့ပစ်ရင်တော့...ထားရှိတဲ့စိတ်က အကြောင်းမမှန်တာကြောင့် အကျိုးပေးလည်းမသန်တော့ပါဘူး....အယုတ်အလတ်အမြတ်မရွေး မိမိပေးလှူတဲ့
ပံ့သကူကြောင့် ရရှိသွားကြသူတို့ အဆင်ပြေကြပါစေဝမ်းမြောက်ကြည်နူးပျော်ရွှင်ကြပါစေဆိုတဲ့....
ကုသိုလ်စေတနာစိတ်မျိုးနဲ့သာ
ပေးလှူပါမှ ပံသကူအစစ်လည်းဖြစ်ပြီး
အကျိုးလည်းကြီးစွာပေးပါလိမ့်မယ်ဆိုတာ...ကြပ်ကြပ် သတိချပ်ကြဖို့ လိုပါတယ်လို့......ပြောကြားရင်း..... သူတစ်ပါးကို_ထီပေါက်သလိုဝမ်းသာရအောင်
မလုပ်ပေးခဲ့ဘူးဘဲနဲ့တော့_မိမိကိုယ်တိုင်လည်းထီပေါက်သလို_ဝမ်းသာခွင့်ရဖို့_မဖြစ်နိုင်ပါဘူး......ဆိုတဲ့.....ဓမ္မဓိဌာန်ကျကျ စကားလေးနဲ့အတူ....ာလေးကိုနိဂုံးချုပ်လိုက်ပါတယ်။

🍀တနေ့တာလုံး ကံကောင်းခြင်းတွေနဲ့အတူ ငွေကြေးတွေ အဆင်ပြေကြပါစေ 🥰ချစ်ခြင်းများစွာဖြင့်ဆရာမ စွင့်စွင့်ခိုင်☺️
17/11/2023

🍀တနေ့တာလုံး ကံကောင်းခြင်းတွေနဲ့အတူ ငွေကြေးတွေ အဆင်ပြေကြပါစေ 🥰

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်☺️

💡ငွေယိုပေါက်တွေ များနေတာ၊ မလိုအပ်ပဲ ပိုက်ဆံတွေ ထွက်နေတာတွေ🏡 အိမ်မှာ စက်ပစ္စည်းတွေ တခုပီး တခု ပျက်နေတာတွေ ၊ အပျက်အစီး မျာ...
16/11/2023

💡ငွေယိုပေါက်တွေ များနေတာ၊ မလိုအပ်ပဲ ပိုက်ဆံတွေ ထွက်နေတာတွေ
🏡 အိမ်မှာ စက်ပစ္စည်းတွေ တခုပီး တခု ပျက်နေတာတွေ ၊ အပျက်အစီး များနေတာတွေ ရှိနေရင် ...
🍀လေလွင့်ပြုန်းတီးမှုတွေ ရပ်စေရန် ၊ ​ခြိုးခြံချွေတာခြင်းဆိုတဲ့ အဓိပ္ပါယ်ရတဲ့ Temperance ကတ်လေး ဆောင်ထားလို့ ရတယ်နော် ☺️
🙏 ဆရာကြီး အဘမင်းသိခ်ရဲ့ နည်းလေးပါရှင့်၊
⭐ငွေကြေးအတွက်ဆို ပိုက်ဆံအိတ်ထဲ ဆောင်ထားလို့ ရသလို့၊ ပစ္စည်းတွေ ပျက်နေလဲ အဲပစ္စည်းတွေရဲ့ အနီးတဝိုက်မှာ ဆောင်ထားနိုင်ပါတယ်ရှင်

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်☺️

💰16.11.2023 အတွက် ငွေကြေးကံ💰💡General Reading💡တနလ်ာ သားသမီးများအတွက် - မြုပ်နေတဲ့ ငွေကြေးတွေ ပြန်ပေါ်မည်၊အကြံသစ်နဲ့ ဆောင်...
15/11/2023

💰16.11.2023 အတွက် ငွေကြေးကံ💰
💡General Reading💡

တနလ်ာ သားသမီးများအတွက် - မြုပ်နေတဲ့ ငွေကြေးတွေ ပြန်ပေါ်မည်၊အကြံသစ်နဲ့ ဆောင်ရွက်သောကိစ္စမှ အောင်မြင်မှု ရရှိမည်၊ အမျိုးသမီး တစ်ဦးဆီမှ အကူအညီ ရတတ်မည်၊

အဂ်ါသားသမီးများ အတွက်- လုပ်ရင်းကိုင်ရင်း အရင်းအနှီး ပြတ်တောက်သွားသူများ ဆက်လက်လုပ်ကိုင်ရန် ငွေပေါ်မည်၊ဆုံးဖြတ်ချက်ခိုင်မာခြင်း၊ ရှုမြင်သုံးသပ်ချက် မှန်ကန်ခြင်းကြောင့် ငွေဝင်မည်။

ဗုဒ္ဓဟူး သားသမီးများအတွက်- ရပ်ဝေးမှ ငွေရရှိမည်၊စီးပွားကံ၊ လုပ်ငန်းကံ တက်လမ်းပွင့်သော အနေအထားရှိမည်။လူမျိုးခြား၊ ဘာသာခြား ထံမှ ကူညီမှု ရရှိတတ်မည်။

ကြသပတေးသားသမီးများအတွက်- ဝင်ငွေ နဲ့ ထွက်ငွေ မျှနေတတ်သည်၊ လုပ်အားကြောင့်သာ မက ကံကြောင့်ပါ ငွေဝင်မည်။

သောကြာသားသမီးများအတွက်- ပရိယာယ်၊အကြံသစ်၊ နည်းပညာတို့ကြောင့် ငွေဝင်လမ်း ပွင့်မည်၊ငွေကြေးကိစ္စ စကားပြောဆိုမှု အောင်မြင်မည်။

စနေသားသမီးများအတွက်- ငွေဝင်မည် မမြဲပါ၊ အများအမြင်တွင် မြောက်များစွာ ငွေဝင်မည်ဟု ယူဆထားသော်လည်း မိမိတွင် လက်တွေ့ နာရီမခြား ပြန်ထွက်ကိန်းရှိမည်၊ ပင်ကိုယ်အရည်အသွေးဖြင့် ငွေဝင်မည်။

တနဂ်နွေသားသမီးများအတွက်- တစ်ပါးသူ အကျိုး ကြားဝင်ဆောင်ရွက်ပေးရင်း ငွေဝင်ပါမည်၊ကြန့်ကြာနေသောငွေ မြုပ်နေသောငွေ ပြန်ပေါ်မည်၊

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်☺️

❤️❤️❤️ Single လေးတွေအတွက် current feeling ❤️❤️❤️📸 Pick A Photo - 1 ,2 & 3💡General Reading လေးပါရှင်ချစ်ခြင်းများစွာဖြင့်...
14/11/2023

❤️❤️❤️ Single လေးတွေအတွက် current feeling ❤️❤️❤️

📸 Pick A Photo - 1 ,2 & 3
💡General Reading လေးပါရှင်

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင် ☺️

☘️ကံ ဆိုတာ အလုပ်ပါ၊☘️🌺ကံ ကို Action အနေနဲ့ မြင်ပါတယ်၊ ဒါဆို ကံ၏ အကျိုး ကို Re-action လို့ လက်ခံမိပြန်တယ်၊ကိုယ်လုပ်တဲ့ ကု...
13/11/2023

☘️ကံ ဆိုတာ အလုပ်ပါ၊☘️

🌺ကံ ကို Action အနေနဲ့ မြင်ပါတယ်၊ ဒါဆို ကံ၏ အကျိုး ကို Re-action လို့ လက်ခံမိပြန်တယ်၊ကိုယ်လုပ်တဲ့ ကုသိုလ်၊ အကုသိုလ် က ကိုယ်နဲ့ပဲ ဆိုင်တယ်လေ၊ ကိုယ့်ဆီပဲ ပြန်လာမှာပါ၊

🌺 လူတော်တော်များများက ကံကို Luck လို့ သတ်မှတ်ကြတာ တွေ့ရတယ်၊
ဒါလဲ မှားနေတာရယ်တော့ မဟုတ်ပါဘူး၊သတ်မှတ်ချက်တခု ထဲကပါပဲ၊
🌺 ကံတွေ ပိုကောင်းစေချင်တယ်၊ ကံညံ့တာတွေ ပြေစေချင်လို့ ယတြာချေကြတယ်၊ စွင့်ခိုင်ကတော့ ယတြာဆိုတဲ့ သဘောကို ကုသိုလ်လေးတွေနဲ့ ပြန်ချိတ်ဆက်ပေးတာ ပိုသဘောကျတယ်၊ မသိစိတ်ထဲက ကောင်းတဲ့energy တွေကို ပြန်နှိုးပေးတဲ့ အနေနဲ့ ပြုလုပ်ပေးတာပါ၊
🌺 ယုံကြည်မှု၊တာဝန်အရ လုပ်တာထက် ပီတိစိတ်နဲ့ ပြုလုပ်တဲ့ ကုသိုလ် အဟုန်က စွမ်းအားပိုမြန်တယ် ထင်လို့ပါ၊
🌺 ကျန်တာကတော့ လူကြီးမင်းတို့ရဲ့ ကံအကျိုးဆက်တွေနဲ့လဲ သက်ဆိုင်ပါလိမ့်မယ်နော်၊
🌺 ကိုယ့်ခံယူချက်လေးတွေ လာရှင်းပြပေးတာပါ၊ 😊🥰

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်☺️

⭐ကိုယ်ပိုင်စီးပွားရေး လုပ်နေသူများအတွက် လစဥ် (သို့) အပတ်စဥ် ရှေ့ရေး ကံကြမ္မာ ကြည့်ပေးခြင်း၊ ငွေကြေးကံကြည့်ပေးခြင်း၊ လိုအ...
12/11/2023

⭐ကိုယ်ပိုင်စီးပွားရေး လုပ်နေသူများအတွက် လစဥ် (သို့) အပတ်စဥ် ရှေ့ရေး ကံကြမ္မာ ကြည့်ပေးခြင်း၊ ငွေကြေးကံကြည့်ပေးခြင်း၊ လိုအပ်ပါက ယတြာ ပေးခြင်း၊ အဆောင်ကတ် များလဲ စီမံပေးပါတယ်ရှင်
❤️ငွေကြေး၊ အိမ်ထောင်ရေး၊အချစ်ရေး စိတ်သောကခံစားနေရသူများကိုလဲ ကတ်နမိတ်လေးနှင့်အတူ အကြံပေးခြင်း၊ယတြာနှင့်အဆောင်ကတ်လေးတွေ လဲ စီမံပေးပါတယ်

ချစ်ခြင်းများစွာဖြင့်
ဆရာမစွင့်စွင့်ခိုင်☺️

💰တပတ်အတွင်း ငွေကြေးကံ နမိတ်   ⏰(13.11.2023 - 17.11.2023)  🍀 Pick A Pile No. - 1, 2 & 3   ⭐ General Reading  🥰 တပတ်ပြည့်လ...
12/11/2023

💰တပတ်အတွင်း ငွေကြေးကံ နမိတ်
⏰(13.11.2023 - 17.11.2023)
🍀 Pick A Pile No. - 1, 2 & 3
⭐ General Reading


🥰 တပတ်ပြည့်လို့ ကိုက်ညီမှုလေးတွေရှိရင် comment လေး ရေးပေးစေချင်ပါတယ်ရှင့်

ချစ်ခြင်းများစွာဖြင့်
ဆရာမစွင့်စွင့်ခိုင် ☺️

🍀 ဘာလုပ်လုပ် အဆင်မပြေဘူး၊ အတိုက်အခံ၊ အနှောင့်အယှက်တွေ ရှိနေတယ်၊ စကားပြောလဲ အရာမရောက်ဘူး၊ အပူတွေ တပူပီး တပူ ကြုံနေရသူတွေ၊...
11/11/2023

🍀 ဘာလုပ်လုပ် အဆင်မပြေဘူး၊ အတိုက်အခံ၊ အနှောင့်အယှက်တွေ ရှိနေတယ်၊ စကားပြောလဲ အရာမရောက်ဘူး၊ အပူတွေ တပူပီး တပူ ကြုံနေရသူတွေ၊ ကံနိမ့်နေတာလား ထင်နေတဲ့သူတွေ ရှိနေမယ် ဆိုရင်
အိမ်မှာ ရှိတဲ့ အိမ်သာ ကိုဖြစ်စေ၊ အများသုံး အိမ်သာ ဖြစ်စေ၊ ဘုရားကျောင်းကန်က အိမ်သာကို ဖြစ်စေ ပီတိစိတ်လေးနဲ့ သန့်ရှင်းရေး လုပ်ပေးစေချင်တယ်နော် 😊
🍀 ကံတရားတွေ ကုသိုလ်စိတ်လေးနဲ့အတူ မြင့်မားလာနိုင်ကြပါစေ 🙏

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင် ☺️

🍀 ပြုတဲ့ ကုသိုလ်ကံတွေ အကျိုးပေး မြန်ကြပါစေ🙏🍀ငွေကြေး ကံကောင်းနိုင်ကြပါစေ 🥰⭐ like and share လေး လုပ်ပေးကြအုံးနော် 😘 ချစ်ခြ...
11/11/2023

🍀 ပြုတဲ့ ကုသိုလ်ကံတွေ အကျိုးပေး မြန်ကြပါစေ🙏
🍀ငွေကြေး ကံကောင်းနိုင်ကြပါစေ 🥰

⭐ like and share လေး လုပ်ပေးကြအုံးနော် 😘

ချစ်ခြင်းများစွာဖြင့်
ဆရာမ စွင့်စွင့်ခိုင်☺️

Address


Telephone

+95 9401227576

Website

Alerts

Be the first to know and let us send you an email when Healing by Swint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healing by Swint:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Practice
  • Videos
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share