REVAN Medical, Myanmar

  • Home
  • REVAN Medical, Myanmar

REVAN Medical, Myanmar A care that never quits ....🇲🇲

ပစ္စည်းကောင်းလို့ ရောက်ရောက်ချင်း တန်းယူသွားကြတာမို့ - နှစ်လုံး ပဲ နောက်ဆုံး instock ကျန်ပါမယ်စျေးတန်တန်နဲ့ ပစ္စည်းကောင်...
24/08/2021

ပစ္စည်းကောင်းလို့ ရောက်ရောက်ချင်း တန်းယူသွားကြတာမို့ - နှစ်လုံး ပဲ နောက်ဆုံး instock ကျန်ပါမယ်

စျေးတန်တန်နဲ့ ပစ္စည်းကောင်းကောင်း ကိုရွေးချယ်ပါ

ကျန်းမာ ချမ်းသာ ကြပါစေဗျာ

🅨🅐🅢🅔🅔 🅜🅞🅓🅔🅛 🅨🅢- ➑⓿⓿ 🏥 Medical Grade - 10 L Dual FlowOxygen concentrator 👉 Oxygen Purity Test in 10 Liter မှာစမ်းတာ      ...
01/08/2021

🅨🅐🅢🅔🅔 🅜🅞🅓🅔🅛 🅨🅢- ➑⓿⓿

🏥 Medical Grade - 10 L Dual Flow
Oxygen concentrator

👉 Oxygen Purity Test in 10 Liter မှာစမ်းတာ
Oxygen 95.3% ☑️ ထွက်ပါတယ်

▪️Compressor - Germany Imported Pure
Copper Oil Free Compressor

▪️Molecular Sieve - Z12-07, USA Imported

▪️Filter - USA Imported HEAP High Efficiency
Filter

👉Stock မကြာခင် ရောက်ပါမယ် - မန္တလေး !!

👉Stock ရောက်တာနဲ့ စျေးနှုန်းချိုသာစွာ ဝယ်နိုင်
အောင် ပြန်တင်ပေးပါမယ်

REVAN Medical, Myanmar
A care that never quits !


▪️ Covid ဖြစ်ပီးတဲ့ သူဟာ Covid Antibody       ထွက်တယ်ဆိုရင် (၆ လ - ၉ လ) အတွင်းCovid   ပြန်ကူးနိုင်ချေ မရှိသလောက်နည်းပါတယ...
29/07/2021

▪️ Covid ဖြစ်ပီးတဲ့ သူဟာ Covid Antibody
ထွက်တယ်ဆိုရင် (၆ လ - ၉ လ) အတွင်းCovid ပြန်ကူးနိုင်ချေ မရှိသလောက်နည်းပါတယ်

သူမကူးနိုင်သလို 😷

▪️Asymptomatic Carrier လို့ခေါ်တဲ့ ကိုယ့်မှာ
ဘာလက္ခဏာမှ မပေါ်ဘဲ မိသားစု ကိုကူးနိုင်တဲ့ သူလဲ
မဖြစ်နိုင်တော့ပါဘူး

▪️သူကနေ တစ်ဆင့် ကူးနိုင်တာဆိုလို့ - ခန္ဓာကိုယ် ပေါ် ( သို့မဟုတ် ) လူအသုံးအဆောင် တစ်ခုခု ပေါ်ကနေ တစ်ဆင့်ပဲ ပိုးက ကပ်ပါလာပီး ကူးနိုင်ပါတယ်

အဲ့တာလဲ - ကူးနိုင်ခြေ နည်းပါတယ်

Covid ဖြစ်ပီးပြန်ကျန်းမာပီးတဲ့သူဟာအိမ်တစ်အိမ်မှာ စျေးဝယ် ဆေးဝယ် အလုပ်ထွက်လုပ် လုပ်ဖို့
စိတ်ချရသူဖြစ်ပါတယ်

▪️လက်ကို သေချာဆေးတာ

▪️အပြင်က ပြန်လာတဲ့ ပစ္စည်းတိုင်းကို ပိုးသတ်တာ

▪️ပြန်လာရင်အဝတ်များကိုဆပ်ပြာချက်ချင်းစိမ်တာ

▪️ဖြစ်နိုင်ရင် ရေချိုးလိုက်တာမျိုး လုပ်သင့်ပါတယ်

ကျနော်တို့ မိတ်ဆွေသူငယ်ချင်း တွေထဲ မှာရော
ကျနော့ လူနာတွေ ထဲမှာရော

ကူးပီး သားသူ ပြန်ကောင်းပီးသားသူအပြင်ထွက်ရာက တစ်ဆင့် အိမ်က မိသားစု ကို ပြန်ကူးတာမျိုး မတွေ့ရသေးပါဘူး - ဂရုစိုက်တာတော့ မမှားပါဘူး

▪️သူက ၉၉ ငါကျ ၉၇  - မကောင်းတော့ဘူးလား👉 ၉၄ နဲ့ ၉၉ ကြား ဆိုရင် က်ို ပုံမှန် လူကောင်းရဲ့   သွေးတွင်းအောက်စီဂျင်ပမာဏ ဖြစ်နေပ...
29/07/2021

▪️သူက ၉၉ ငါကျ ၉၇ - မကောင်းတော့ဘူးလား

👉 ၉၄ နဲ့ ၉၉ ကြား ဆိုရင် က်ို ပုံမှန် လူကောင်းရဲ့ သွေးတွင်းအောက်စီဂျင်ပမာဏ ဖြစ်နေပါပီ

▪️စိတ်မပူပါနဲ့

အရေးကြီးတာက တိုင်းတဲ့ စက် မှန်ကန်ပီး ယုံကြည်ရဖို့ လိုပါတယ်

REVAN Medical, Myanmar

Medical Grade နဲ့ Non-Medical Grade Oxygen Concenterator တလုံးဝယ်မယ်ဆိုရင် ဘာတွေ သိထားသင့်ပြီး. . သတိထားကြည့်ရမလဲ?Concen...
29/07/2021

Medical Grade နဲ့ Non-Medical Grade Oxygen Concenterator တလုံးဝယ်မယ်ဆိုရင် ဘာတွေ သိထားသင့်ပြီး. . သတိထားကြည့်ရမလဲ?

Concenterator ဆိုတာ O2 ထုတ်တဲ့စက်ဖြစ်ပြီး အိုးတွေနဲ့မတူတာက O2 မကုန်သွားဘဲဖြည့်စရာမလိုဘဲသုံးနိုင်ပါတယ်
စက်ထဲမှာ regulator ပါပြီးဖြစ်တဲ့အတွက် water tank ကိုတပ်ပြီး တိုက်ရိုက်သုံးနိုင်ပါတယ်. .

medical grade O2 concenterator တလုံးမှာ . . .
_ အရေးကြီးဆုံးက oxygen purity ပါ. . စက်ကထွက်တဲ့ သန့်စင်တဲ့ O2 % ပါ . . medical grade O2 concenterator တလုံးရဲ့ O2 purity ဟာ 90%ထက် မနည်း 96% ထက်မများသင့်ပါဘူး. .

_ flow rate မှန်ကန်ဖို့ _ outlet pressure stable ဖြစ်ဖို့ အရေးကြီးပါတယ်. . O2 စက်တွေမှာ 1-10L per minute ပေးလို့ရပါတယ်. . flow meter ပြတဲ့ အတိုင်း flow အမှန်တကယ် ထွက်နေဖို့အရေးကြီးပါတယ်. . အထူးသဖြင့် covid မှာ high flow O2 ပေးတဲ့အခါကိုယ် flow meter မှာတင်သလောက်ထွက်ဖို့အရေးကြီးပါတယ်. . flow range များတဲ့ စက်ကိုရွေးချယ်သင့်ပါတယ် (eg: 1-10L/min)
3/5/7/8/10 L စသည်ဖြင့် ရွေးချယ်မယ်ဆို 10L ထိပေးနိုင်တာကို covid ကာလမှာဝယ်သင့်ပါတယ်

_ service and spare parts အရေးကြီးပါတယ် air filter/ bacterial filter တွေ parts ရှိရပါတယ်. . လဲကိုလဲရပါတယ်. . သုံးတဲ့ပါတ်ဝန်းကျင်ပေါ်မူတည်ပါတယ်. . များသောအားဖြင့် 6-12 လကြာရင် filter တွေလဲရပါတယ်. . ဆေးပြီးပြန်သုံးလို့ရတာရှိသလို မရတဲ့ filter တွေရှိပါတယ်. . pressure sensor/ O2 sensor တွေလိုအပ်လာရင် လဲဖို့ပစ္စည်းလိုပါတယ်. . စက် error တက်ရင် ဘာဖြစ်လည်း ကြည့်ပေးနိုင်တဲ့ service ရှိရင်ကောင်းပါတယ်. . အသုံးပြုပြီး အချိန်တခုကြာရင် O2 purity/ flow sensor နဲ့ pressure တွေပြန် maintenance check/ calibrate လုပ်ပေးနိုင်တာရှိရင်ကောင်းပါတယ်. .

_ Single or double inhalation လာပါတယ်
single ဆို တယောက်တည်းရှုလို့ရမှာဖြစ်ပြီး double ဆိုနှယောက်တချိန်တည်းသုံးနိုင်ပြီး/ 2 line inhalation လည်းသုံးနိုင်ပါတယ်. . ခုလို shortage ဖြစ်ချိန် double ပိုရွေးသင့်ပါတယ်

_ noise level _ db နဲ့ပြပါတယ် 37~50 db လောက်ရှိကြပါတယ်. . စက်တိုင်းအသံထွက်တယ်ဆိုပေမယ့် သေချာနားထောင်ကြည့်ရင်ကွာပါတယ်. . စက်အတူတူကို 5L စက်နဲ့ 10L စက်နဲ့ noise ကွာပါတယ်. . အချိန်အကြာပြီး patient နားကပ်ပြီးဖွင့်ထားမှာ ဖြစ်တဲ့အတွက် ညအချိန်နဲ့ နေမကောင်းချိန်ဆို အသံငြိမ်လေကောင်းလေးပါဘဲ

_ alarm; Oxygen percent ကျသွားရင် alarm ပေးတာပါသင့်ပါတယ်. . power failure alarm/ high pressure low pressure alarm/ over heat/ SpO2 alarm တို့စသည်ဖြင့်ပါပါတယ်

_ SpO2 monitor (သွေးတွင်း O2 level တိုင်းတာ) ပါရင်ပိုကောင်းပါတယ်. . မပါလည်း pulse oximeter နဲ့တိုင်းရပါတယ်. . SpO2 စက်အသေးလေးတွေက spot check ဖြစ်ပြီး monitor ကတော့ continuous monitoring ဖြစ်ပါတယ်. . O2 ပေးထားတဲ့အချိန်မှာ SpO2 ကို check လုပ်ကိုလုပ်နေရပါမယ်
_ other features တွေ nebulizer/ integrated UPS/ battery back up/ monitor display စတာတွေပါလာတာတွေပေါ်မူတည်ပြီးလည်းစျေးကွာပါတယ်

_ ISO/ FDA / FAA/ EC/ CE certificate တွေရှိတဲ့စက်မျိုးကိုရွေးချယ်သင့်ပါတယ်. .

_ နောက်တခုသိထားသင့်တာက catalogue တွေ specification တွေဆိုတာက စာရွက်ပေါ်ကကိုယ်ရေးချင်သလိုရေးရပါတယ်. . စက်က တကယ့် spec data နဲ့ကိုက်ဖို့အရေးကြီးပါတယ်. . O2 analyser တို့/meter တို့နဲ့ စစ်ဆေးနိုင်ပေမယ့် စက်တိုင်းမလွယ်ပါဘူး. .

အဲ့တော့ အသုံးများတဲ့ စက် service နဲ့ spare partsပေးနိုင်တာမျိုးကို ရွေးသင့်ပါတယ်. . မဟုတ်ရင် filter လေးဝယ်မရလို့ O2 purity မကောင်းတာ သုံးလည်းမထူးတာတွေဖြစ်နိုင်ပါတယ်. .

အခုအချိန် something is better than nothing ဆိုပေမယ့်လည်း တကယ်အသုံးတည့်ဖို့လည်းလိုအပ်တာမို့
လိုအပ်တာလေးတွေ ယေဘုယျသိထားသင့်ပါတယ်. .

oxygen concenterator ဆောင်ထားသင့်လားဆိုရင်
အရင်တုန်းကတော့ မလိုပေမယ့် ခုခြေနေနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးမကောင်းသူတွေ ရောဂါအခံရှိသူတွေကတော့ ဆောင်ထားသင့်ပါတယ်. . cylinder ရော စက်ရောဆောင်ထားနိုင်ရင်လည်းကောင်းတာပေါ့. .

Credit

အခု ဝယ်ထားကြတဲ့ Concentrator တွေမှာSafeguard သုံးရမလား ?Stabilizer သုံးရမလား ?စက်နဲ့ လူနာနဲ့ ဘယ်သူကိုကယ်မှာလဲ?Internatio...
29/07/2021

အခု ဝယ်ထားကြတဲ့ Concentrator တွေမှာ
Safeguard သုံးရမလား ?
Stabilizer သုံးရမလား ?

စက်နဲ့ လူနာနဲ့ ဘယ်သူကိုကယ်မှာလဲ?

International မှာတော့ Hospital Safety Codes တွေမှာ Safeguard (over/under voltage protector)
တွေသုံးစရာမလိုအောင် Facility ကိုပြင်ထားပါလို့ဆိုပါတယ်။ ဆိုတာက Safeguard မသုံးရဘူး။ WHO က Medical Equipment တွေအတွက်ထုတ်ထားတဲ့ Guideline မှာလဲဒီလိုပဲပြေထားပါတယ်။

ဒီစက်တွေက ICU တွေ OT တွေ ထဲမှာ Professional တွေသုံးတဲ့စက်ပါ။ အခုတော့ အိမ်မှာ ရေခဲသေတ္တာအဝတ်လျှော်စက်တွေဘေးရောက်နေပါပြီ။ ဒီစက်က Medical Equipment တွေရဲ့
Category အုပ်စုတွေထဲမှာ အရေးအကြီးဆုံး အုပ်စုဖြစ်တဲ့ Therapeutic Equipment ထဲပါပါတယ်။
ဆိုလိုတာက ရောဂါရှာဖွေရေးလို စက်မျိုးတွေထက် ပိုပြီး
Critical ဖြစ်တဲ့ တိုက်ရိုက်ကုသရေးစက်ပါ။ အရမ်းအရေးကြီးတဲ့ စက်မျိုးထဲပါပါတယ်။ ဒါပေမယ့် နည်းပညာပိုင်းတော့ အနိမ့်ပိုင်းထဲမှာပါပါတယ်။

Safeguard ဆိုတာမီးအား လွန်/မီးအားကျမှာဖြတ်တောက်ပေးတာကြောင့် လူနာသုံးနေရင်း ဖြတ်ချလိုက်ရင် စက်ရပ်သွားမှာပါ။ မရပ်ရင်လည်း အထဲက Compressor မော်တာ လောင်နိုင်ပါတယ်။ အထဲမှာ မော်တာမလောင်အောင် ပြုလုပ်ထားတဲ့ Protective ပစ္စည်းမရှိပါဘူး။ သို့သော် Short Circuit ဖြစ် ရင်ဖြုတ်ချမယ့် Breaker သေးသေးလေးပါတတ်ပါတယ်။ ဒါက အထဲမှာ ကြိုးပူးပြီး လျှော့ခ် ဖြစ်မှ ဖြတ်မှာပါ။ မီးအားကျ/လွန်ရင် လုံးဝ မဖြတ်ပါဘူးခင်ဗျာ။ overload ဖြစ်လည်းဖြတ်ချင်မှပါမယ် အားကိုးလို့မရပါ။ အခုက သွင်းနေတာ ဘယ်နိုင်ငံ Brand လဲဆိုတာသိကြမှာပေါ့။ 🙄

နောက်တစ်ခုက Medical Grade ကြီးဆိုပြီးအထဲက ကွန်ပရက်ဆာကို ဘယ်လိုပိုပြီးကောင်းအောင် အဆင့်မြှင့်ထားတယ်တို့ဘာတို့က မဟုတ်ပါဘူး။ oil free compressor
ပါပဲ။ 220V ကိုတိုက်ရိုက်ကျွေးထားတာပါ။ frequency inverter လိုမျိုးနဲ့ မီးအားဘယ်လောက်လာလာ Optimization လုပ်ပေးမှာမဟုတ်ပါဘူး။ oxygen plant က ကွန်ပရက်ဆာတွေမှာပဲ ဒါမျိုးနဲ့မောင်းတာ။ မီးအားကျရင်လောင်မှာပါပဲ။ မီးအား 180V to 235V ရှိနေတဲ့အိမ်ဆိုရင်တော့ တန်းသုံးနိုင်ပါတယ်။။

နောက်တစ်ခုက oil free compressor ဆိုတော့ပိုဆိုးတာပေါ့။ သူက ပြသနာဇာတ်လမ်းကတစ်ပုဒ်ပါ။

အခုက စက်ကိုကယ်မှာလား လူနာကိုကယ်မှာလား?
ဒီစက်သုံးနေတာ လူနာကိုကယ်ဖို့ပါ။
ဒါပေမယ့် ဒီစက်ပျက်သွားရင် လူနာကိုပါမကယ်နိုင်တော့ဘူးလေ။ အသစ်ထပ်ဝယ်ဖို့လည်းမလွယ်ဘူးလေ။ နောက်မေးတတ်ကြတာက compressor ကကွိုင်ပြန်ပတ်နိုင်လား > No ပါ။

အဲ့တော့ အသက်ကိုညာဏ်စောင့်ဆိုသလိုပဲပေါ့။
International တွေဘာတွေညာတွေ ဒီအချိန်လုပ်ရမယ့် အချိန်မဟုတ်ဘူးဗျ။ လုပ်လိုရတာတစ်ခုရှိတယ်
Safeguard ကို မီးအား ဖြတ်မယ့် voltage setting ပြောင်းနိုင်တဲ့ ပစ္စည်းမျိုးမှာ Cutoff voltage ကို 165 V ထားမလား?
နဂို 175V မှာထားရင် ခဏခဏဖြတ်ချမယ့်အိမ်တွေ အရေးကြီးရင် 165V ထားပါ။ ဒီနေရာမှာ Maximum 600W ပဲရှိလို့မလောင်နိုင်ပါဘူး။ 2Hp ရေတင်တဲ့ ကွန်ပရက်ဆာအကြီးကြီးတောင် 165V ထိမလောင်ပါ။ ဒါက မတတ်သာတဲ့အဆုံးဖြေရှင်းနည်းပြောတာပါ။ ပုံမှန်က 220V +/-20% ပါ။ ဒီပစ္စည်းကလည်းဝယ်ရထပ်ခက်ဦးမှာပါ။

စိတ်ချလက်ချ သုံးချင်ရင် Voltage Stablizer မီးအားမြှင့်စက် သုံးနိုင်ပါတယ်။ မီးအားမြှင့်စက်ကို ပိုပြီး Recommend ပေးပါတယ်။ သူကမှ Solution ပါ။

မီးအားအကျ 160V ပဲရှိတဲ့အိမ်တွေဆို 1500VA to 2500VA လောက်သုံးနိုင်ပါတယ်။ ဒီထက်ကျရင် 2500VA to 3500VA သုံးပါ။
မီးအားမြှင့်စက်ရဲ့ Quality ကိုတော့သေချာရွေးချယ်ကြပါ။
မီးအားမြှင့်စက်ကြောင့် နောက်ထပ်ပြသနာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာနိုင်လို့ပါ။

credit

တတိယလှိုင်း နဲ့ စတုတ္ထလှိုင်း ထပ်သွားနိုင်သည်။အတတ်နိုင်ဆုံးမကူးအောင်ကာကွယ်ကြပါ။ အအိပ်အစားမှန်အောင်လုပ်ပါ။တရားမှတ်ပါ။ Be ...
28/07/2021

တတိယလှိုင်း နဲ့ စတုတ္ထလှိုင်း ထပ်သွားနိုင်သည်။

အတတ်နိုင်ဆုံးမကူးအောင်ကာကွယ်ကြပါ။
အအိပ်အစားမှန်အောင်လုပ်ပါ။
တရားမှတ်ပါ။ Be positive💪💪

တတိယလှိုင်း၏ Peak & Plateau Phase(လှိုင်းထိပ်ဆုံး နှင့် လှိုင်းခုံးကာလ) သည် အနည်းဆုံး သုံးလ ကြာမည် ဖြစ်သည်။
၂၀၂၁ ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ တို့ ဖြစ်သည်။

စတုတ္ထလှိုင်းသည် ဥရောပ၊ ဂျပန်နှင့် အမေရိကတို့တွင် စနေပြီ ။

အောက်တိုဘာလ(မိုးအကုန်၊ ဆောင်းအကူး)တွင် မြန်မာနိုင်ငံသို့ ကိုရိုနာ စတုတ္ထလှိုင်း ရိုက်ခတ်နိုင်သည်။
ထိုကြောင့် တတိယလှိုင်း နှင့် စတုတ္ထလှိုင်း ထပ်သွားနိုင်(overlapping ဖြစ်သွားနိုင်)။

ဖြစ်ပေါ်လာနိုင်မှု။

၁။ ယခင် လှိုင်းသုံးခုတွင် ကူးစက်ပြီးသူများ စတုတ္ထလှိုင်းဒဏ်ကို ခံနိုင်ရည် ရှိမည်ဟု ခန့်မှန်းရသည်။

၂။ အဆိုးမြင်ရရင် သွေးလွန်တုပ်ကွေးကဲ့သို့ ပထမတကြိမ်ဝင်ပြီး ဒုတိယအကြိမ်၊ တတိယအကြိမ်တို့တွင် မျိုးကွဲထပ်မံကူးစက်ပါက ပိုမိုဆိုးဝါးသကဲ့သို့ ကိုရိုနာတွင်လည်း ဗီဇတူ မျိုးကွဲများ ထပ်မံ ကူးစက်ပါက အလားတူ ပိုမိုဆိုးဝါးမှု ဖြစ်နိုင်သည်။

၃။ ဆောင်းတွင်းတွင် ရှိရင်းစွဲ နမိုးနီးယား(အဆုတ်ရောင်ကပ်ရောဂါ)ကပ် ဖြစ်တတ်ရာ ကိုရိုနာနဲ့ ပေါင်းပြီး လူကြီးလူလတ်လူငယ်ကလေး အရွယ်အားလုံးကို နှိပ်စက်နိုင်သည်။

အကြံပြုချက်

ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ ငွေကြေးတို့ကို စိစိစစ်စစ် ကြိုတင်ရှာဖွေစုဆောင်းထားသင့်ပါသည်။

Credit Dr Htein Linn Aung

Oxygen Concentrator အသုံးပြုနည်းလမ်းညွှန်🚨လိုအပ်ချက်များ ကြိုတင်စစ်ဆေးခြင်း- အိမ်၏ မီးအားသည် 220 V ဝန်းကျင်တွင် ရှိနေရပါ...
28/07/2021

Oxygen Concentrator အသုံးပြုနည်းလမ်းညွှန်

🚨လိုအပ်ချက်များ ကြိုတင်စစ်ဆေးခြင်း

- အိမ်၏ မီးအားသည် 220 V ဝန်းကျင်တွင် ရှိနေရပါမည်။ ရှိမနေပါက မီးအားမြှင့်စက် ကြိုတင်ပြင်ဆင်ပါ။
- Safe Guard နှင့်သာ အသုံးပြုပါ။ ပလပ်ခုံတွင် တိုက်ရိုက်သွယ်တန်း၍ အသုံးမပြုရ။
- Oxygen concentrator သည် ပတ်ဝန်းကျင်ရှိ လေထဲမှ အောက်စီဂျင်ကို စစ်ယူခြင်းဖြစ်သောကြောင့် လေဝင်လေထွက်ကောင်းမွန်သော အခန်းတွင်သာ အသုံးပြုပါ။

🚨စတင်တပ်ဆင်ခြင်း

- စက်ကို နံရံမှ အနည်းဆုံး ၂ ပေ ခွာထားပါ။
- စက်ရှိနေသောနေရာ ဝန်းကျင်တွင် လေထုညစ်ညမ်းစေသော ဓာတုပစ္စည်းများမရှိစေရ (ဥပမာ - ခြင်ဆေး၊ Air freshener)
- စက်တွင်ပါသော ရေဗူးကို Full အမှတ်အထိ ရေသန့်/ရေကျက်အေးဖြင့် ဖြည့်ပါ။
- စက်မျက်နှာစာတွင် Oxygen outlet ဟုရေးထားသောအပေါက်ကိုသာ ရေဗူးနှင့် ဆက်ပါ။
(Nebulizer (သို့) Atomizer ဟုရေးထားသောအပေါက်ကိုလုံးဝ အသုံးမပြုရ။ အောက်စီဂျင်မထွက်ပါ)
- အသင့်ပါလာသော အသက်ရှူပိုက်ကို ရေဗူးနှင့်ချိတ်ဆက်ပါ။
- Oxygen ထွက်နှုန်းချိန်ညှိသည့် Flow meter ကို အနှုတ်လက္ခဏာဖက်သို့ အဆုံးထိလှည့်ပိတ်ထားပါ
- စက်ကို Power ဖွင့်ပါ။
- ၁၀ မိနစ်စောင့်ပါ။
- လိုအပ်သော Flow rate ရသည်အထိ တဖြည်းဖြည်း တိုးသွားပါ။
- အဆင့် အားလုံးပြီးလျှင် လူနာ၏နှာခေါင်းနှင့် အသက်ရှူပိုက်တပ်ဆင် အသုံးပြုနိုင်ပါပြီ။

🚨 အသက်ရှူပိုက်ရွေးချယ်ခြင်း

- 5L/min အထိ အသက်ရှူပိုက် (နှာခေါင်းပိုက်) ကို အသုံးပြုနိုင်ပါသည်။
- 6L/min နှင့်အထက် ဆိုပါက Oxygen Mask ကို အသုံးပြုပါ။

🚨 စက်ကို ထိန်းသိမ်းခြင်း

- ရေဗူးအတွင်းမှရေကို တစ်ရက်တစ်ခါလဲပါ
- စက်ကို ၄ နာရီ ဆက်တိုက် အသုံးပြုပြီးတိုင်း ၁၅ မိနစ်ခန့်အနားပေးပါ

🚨 အထွေထွေ အကြံပြုချက်

- Oxygen concentrator သည် လျှပ်စစ်မီးရှိမှသာ အသုံးပြုနိုင်သည့်အတွက် မီးစက် (သို့) Oxygen Cylinder (အောက်စီဂျင်အိုး) ကို ကြိုတင်ရှာဖွေထားပါ။
- Oxygen concentrator သည် အတန်အသင့် အောက်စီဂျင်လိုအပ်မှုအတွက် အထောက်အကူဖြစ်နိုင်သော်လည်း စိုးရိမ်ရသောအခြေအနေတွင်ရှိသည့် လူနာအတွက် လုံလောက်ခြင်း မရှိသောကြောင့် Cylinder (အောက်စီဂျင်အိုး)များကို လောက်ငှအောင်ရှာဖွေထားပါ။
- အိမ်တွင်ကုသခြင်းထက် ဆေးရုံတက်၍ကုသနိုင်ရန် လမ်းကြောင်းများကို ကြိုတင်ချိတ်ဆက်ထားပါ။
- မိမိ ယုံကြည်စိတ်ချရသော ဆရာဝန် တစ်ဦးတည်းနှင့်သာ ပြသပါ။ ဆရာဝန် ညွှန်ကြားချက်များကို အတိအကျလိုက်နာပါ။

စိတ်ကြိုက်ကူးယူဖော်ပြနိုင်ပါသည်။

တစ်ကယ်ဖြစ်ပြီးသားသူတွေကသတိပေးတယ် အစ်မ လျှောက်မဝယ်နဲ့နော်တဲ့ သူတို့အိမ်မှာ 5L 8L တွေတကယ်အောက်စီဂျင်လိုတဲ့အခါပေးလို့မရဘူး ...
28/07/2021

တစ်ကယ်ဖြစ်ပြီးသားသူတွေကသတိပေးတယ် အစ်မ လျှောက်မဝယ်နဲ့နော်တဲ့

သူတို့အိမ်မှာ 5L 8L တွေတကယ်အောက်စီဂျင်လိုတဲ့အခါပေးလို့မရဘူး အလကားဖြစ်ကုန်တာ Liter တစ်ခုထဲကြည့်မဝယ်နဲ့…

ပြီးတော့ စက်ပြန်သန့်ဖို့ လေ ပြန်သန့်ရှင်းရေးလုပ်တာတွေလည်းအရေးကြီးတယ်

အောက်က အချက်တွေရှိတဲ့ဟာနဲ့ စိတ်ချယုံကြည်ရတဲ့ ဟာပဲဝယ်ပါတဲ့

နို့မို့ဆို ပိုက်ဆံလည်းကုန် စိတ်လည်းညစ်ရတယ် တကယ်အသုံးတဲ့တဲ့ပစ္စည်းထပ်ဝယ်ဖို့မလွယ်သလိုပိုက်ဆံလည်းအရမ်းကုန်ပါမယ်တဲ့ အပူပေါ်အပူဆင့်နေရမယ်နော်တဲ့…

Oxygen concentrator ရောင်းတဲ့သူတွေကလည်းသေချာနားလည် ပြီး သေချာသိ မှ သွင်းပေးပါနော်

oxygen concentrator ဆိုပြီးသွင်းမလာကြပါနဲ့ 10Lဆိုပြီးလည်းမရောင်းကြပါနဲ့….

မရှိတာထက်စာရင်ဆိုတာက တကယ်ဖြစ်ရင်သုံးလို့မရတာပါ။
​
Oxygen Concentrator စက်က Liter တစ်ခုထဲပေါ်မှာ အခြေခံတာမဟုတ်ဘူး

အောက်ကရေးပြထားတဲ့ အချက် (၄) ချက်ပေါ်မှာ အခြေခံတာ

Concentration (%)
* 90% -96% ရရင် ဝယ်
*အဲ့လောက်မှ မရရင် မဝယ်နဲ့
*အပြင်အလကားရတဲ့လေသာရှူကြ

Output Pressure (kpa)
* 30kpa - 60kpa ရရင် ဝယ်
* အဲ့ဒါအဆုတ်အတွက်အကောင်းဆုံး Range
* အဲ့ထက် ပိုနေ/ လိုနေလဲ အဆင်မပြေ

Flow rate (liter/min)
* Medical grade မှာ တစ်မိနစ်တိုင်း 1 liter ကနေ 5 liter အထိပေးလဲ concentration 96% မှာ အငြိမ်ရှူနေရုံပဲ (10 liter ဆိုတာမပါဘူးနော် သေချာကြည့်)
* Non Medical မှာတော့ တစ်မိနစ်တိုင်း liter များလေလေ concentration ကျလေလေပါပဲ
* အဲ့တော့ အပြင်မှာ အလကားရတဲ့လေကလဲ 25% ရနေတာပဲလေ ငွေနဲ့ဝယ်ရှူမနေနဲ့

Consumption (Watt)
* 300W - 400W လောက်ရမှဝယ်ကြ
* အဲ့လောက် watt ရမှ Compressor ကကောင်းကောင်းအလုပ်လုပ်နိုင်မှာ
* အဲဒါမှ လိုချင်တဲ့ Oxygen Pure (%) ထိရောက်အောင်လုပ်ပေးနိုင်မှာ
* အဲ့လောက်မှ မရရင် compressor အတွက်က အပိုပဲ ဝယ်မနေနဲ့

10 Liter က covid အတွက်ပိုကောင်းတယ်လို့
ဘယ်သူညှော်တာလဲ
သူများက 10 Liter ဆိုတိုင်း 10 Liter နေကြတာ
ကိုယ်ကဘာအတွက်တုန်းမှာလဲ သေချာစဉ်းစား သေချာရွေး
10 Liter ဆိုပြီး စျေးတွေအဆမတန်တင်ရောင်းနေကြ
ဘယ်နိုင်ငံကမှ လက်မခံတဲ့ တရုတ်နိုင်ငံကတချို့စက်တွေကို Online Shopping မှာ အဝတ်အစားဝယ်သလိုနဲ့အလုအယက်ဝယ်နေကြတဲ့ ငါတို့ပြည်သူတွေကိုသနားလွန်းလို့ပါ



Medical Grade များသာဝယ်ဖို့လိုပါတယ်

ဆရာတစ်ယောက် ဖြေပေးထားတဲ့ ဟာ လေးပါ တစ်စုတည်း ဖတ်လို့ရအောင် edit ပေးထားပါတယ်Oxygen Concentrator  #စက်အားပိုးသန့်စင်ခြင်းOx...
28/07/2021

ဆရာတစ်ယောက် ဖြေပေးထားတဲ့ ဟာ လေးပါ တစ်စုတည်း ဖတ်လို့ရအောင် edit ပေးထားပါတယ်

Oxygen Concentrator #စက်အားပိုးသန့်စင်ခြင်း

Oxygen concentrator မှာ ပိုးသန့်စင်ရန်စဉ်းစားဖို့ (၁) စက်အပြင်ပိုင်း၊ (၂) လေစစ်ဇကာ filters များ၊ (၃) mask နဲ့ လေရှုပြွန် cannula and tubing (၄) ရေအိုး water trap humidifiers (၅) စက်အတွင်းပိုင်း ဆိုပြီး (၅) ပိုင်းခွဲစဉ်းစားပါမယ်။

ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက်မသုံးခင်မှာဖြစ်စေ၊ အခြားနေရာကသယ်ယူလာတာဖြစ်စေ #ပိုးသတ်ပြီးမှသုံးစွဲသင့်ပါတယ်။

ပိုးသန့်စင်မယ့်သူဟာ #လူနဲ့ဝေးရာမှာ mask နဲ့လက်အိတ်သေချာဝတ်ပြီးမှ ပိုးသန့်စင်သင့်ပါတယ်။

(၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေးမပါတဲ့ဆပ်ပြာရည်စိမ်ထားတဲ့အဝတ်နဲ့သုတ်နိုင်ပါတယ်။ ပြီးတာနဲ့ kitchen tower စက္ကူလိပ်နဲ့ရေပြန်သုတ်နိုင်ပါတယ်။

စက်ကိုအသုံးပြုနေစဉ်မှာ ရေစိုအဝတ်နဲ့သန့်စင်ခြင်း #မပြုလုပ်ပါနဲ့။

အဓိကကလက်ကိုင်တွေ၊ setting ချိန်တဲ့နေရာတွေ လက်နဲ့ထိတွေ့နိုင်တဲ့နေရာတွေမှာ ပိုးသန့်စင်ပစ်ရမှာဖြစ်ပါတယ်။

(၂) Filters လေစစ်စကာတွေကို ဖြုတ်ထုတ်ပါ။ ဖုန်ခါသန့်စင်ပြီး ချွတ်ဆေးမပါတဲ့ဆပ်ပြာရည်ထဲမှာ ၂ မိနစ်ခန့်စိမ်ပါ။ ပြီးရင်ပိုက်ခေါင်းအောက်ကရေနဲ့ပြန်ဆေးပစ်ပါ။

တတ်နိုင်ရင် UV light ခရမ်းလွန်ရောင်ခြည်ဖြစ်ဖြစ်၊ နေရောင်ထဲမှာ မိနစ် ၂၀ လောက်ထားပြီးဖြစ်ဖြစ် ပိုးသတ်ပါ။

လေသလပ်ခံကာ #လုံးဝခြောက်သွေ့သွားမှပြန်လည်တပ်ဆင်သုံးစွဲပါ။ မခြောက်သွေ့လို့ စက်အတွင်းသို့ရေမှုန်ရေမွှားပါသွားတာ မကောင်းပါ။

ဆေးရုံလိုနေရာများမှာသုံးဖို့ filter အပိုဝယ်ထားသင့်ပါတယ်။

အထဲမှာ HEPA လို့ခေါ်တဲ့ လေစစ်ဇကာပါပါတယ်။ အဲ့ဒါကိုသေချာဖြုတ်ပြီး ဘရပ်ရှ်လေးနဲ့သန့်စင်ရပါတယ်။

ဖုန်ထဲမှာလူနာကရှုထုတ်ထားတဲ့ #ဗိုင်းရပ်စ်ပိုးတွေကပ်နေနိုင်တာကြောင့် mask နဲ့ goggles 🥽 တပ်ပြီးမှဖုန်သန့်စင်သင့်ပါတယ်။

(၃) လေရှုပြွန် cannula and tubing နဲ့ mask ကို နောက်တစ်ယောက်ပြန်သုံးရန် သန့်စင်ဖို့က #လက်တွေ့မကျပါဘူး။ နောက်တစ်ယောက်သုံးရင် #အသစ်လဲပါ။

Cannula ထိပ်နဲ့ mask ကို တစ်ယောက်တည်းသုံးရင်တောင်မှ ❌ ကြမ်းပြင်၊ စားပွဲခုံ၊ အိပ်ရာပေါ်စသည်တို့အပေါ်မှာမချမိဖို့ ဂရုစိုက်ပါ။ အဲ့လိုချမိရင် ရောဂါပိုးကိုဒါရိုက်ရှုမိသလိုဖြစ်စေပါတယ်။

မျက်နှာပြင်တစ်ခုခုပေါ် ချမိတယ်ဆိုရင် ဆပ်ပြာရည်ပါတဲ့ရေနွေးထဲမှာစိမ်ပါ။ ပြီးရင်ရေနဲ့ဆေးပါ။ ပြီးရင် (white vinegar ၁ ဆ - ရေ ၃ ဆ) ပါတဲ့ရေနွေးထဲ မိနစ် ၂၀ စိမ်ပြီးခြောက်အောင်သုတ်ပြီးမှ သုံးပါ။

အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။

UV အလင်းရောင် (သို့မဟုတ်) နေရောင်ထဲထားပြီးလည်း ပိုးသတ်နိုင်ပါတယ်။

ဒါက cannula ထိပ်နဲ့ mask ကိုသာဆေးကြောသန့်စင်ဖို့ပြောတာဖြစ်ပြီး tubing ပြွန်ရှည်ကိုလုံးဝရေမစိမ်ရပါ။ ❌

ပြွန်ထဲရေဝင်သွားရင် ခြောက်သွေ့အောင်လုပ်ရတာအရမ်းခက်ပါတယ်။

လူနာတစ်ယောက်တည်းသုံးတာတောင်မှ လူနာကနေမကောင်းဖျားနာမှုရှိခဲ့ရင် cannula နဲ့ mask ကိုအသစ်လဲလှယ်သင့်ပါတယ်။

(၄) ရေအိုး water trap humidifiers ကိုလည်း အပေါ်ကနည်းအတိုင်းဆေးကြောနိုင်ပါတယ်။ လူနာပြောင်းရင် ကျိန်းသေပိုးသတ်ဖို့လိုပါတယ်။ လူနာမပြောင်းရင်တောင် ၅ ရက်တစ်ခါလောက်ဆေးပေးပါ။

အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။

အဲ့ဒီ humidifier ပလတ်စတစ်ဘူးလေးထဲထည့်တဲ့ရေဟာ ရေသန့်ဖြစ်ရပါမယ်။ ကြိုချက်ထားတဲ့ရေသန့်ဖြစ်ရင်ပိုကောင်းပါတယ်။ အဲ့ဒီရေကို ထပ်ထပ်ဖြည့်တာထက် #နေ့စဉ်အသစ်လဲလှယ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

ရေမသန့်ခဲ့ရင်၊ ဘူးမသန့်ခဲ့ရင် mucormycosis လို့ခေါ်တဲ့ Covid လူနာမှာနောက်ဆက်တွဲမှိုနက်ရောဂါဖြစ်တတ်ပါတယ်။

ဟုတ်ပြီ။ အပေါ်က အဆင့် (၄) ဆင့်နဲ့စက်အပြင်လည်းသန့်ပြီ။ လေစစ်ဇကာတွေလည်းသန့်ပြီ။ လေရှုပြွန်ကလည်းအသစ်သုံးထားပြီးပြီ။ ရေဘူးကိုလည်းသေချာဆေးပြီးရေအသစ်လဲလှယ်ပြီးပြီ။

ဒါဆိုရင် လူနာတစ်ယောက်နဲ့တစ်ယောက်မကူးစက်ဘူးလို့ ၁၀၀ % သေချာပြီလား❓

Filter ဘယ်လောက်ကောင်းသလဲပေါ်မှာမူတည်ပါတယ်။ ကျနော့်အယူအဆကိုပြောပါမယ်။

အရင်လူနာရှုထုတ်သမျှလေဟာ စက်ပတ်ဝန်းကျင်ကိုရောက်သွားမှာပါ။ စက်ကအဲ့ဒီလေကိုစုပ်ယူပြီး နိုင်ထရိုဂျင်ဖယ်ထုတ်ကာ အောက်ဆီဂျင်ကိုစုစည်းပေးလိုက်တာပါ။

အဲ့ဒီတော့ စက်ရဲ့ Filter တွေက ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကိုမစစ်ထုတ်ပေးနိုင်ဘူးဆိုရင် စုပ်ယူတဲ့လေနဲ့အတူအထဲကိုဝင်သွားမှာဖြစ်ပါတယ်။

စက်ထဲက ဇီယိုလိုက်ဇကာနဲ့ပိုက်ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိရှိကောင်းရှိနေနိုင်ပါတယ်။ စက်အထဲပိုင်းကိုသန့်စင်ဖို့မဖြစ်နိုင်ပါ။

အဲ့လိုပါသွားခဲ့ရင်တော့ အနည်းဆုံး (၅) ရက်ခန့်ထားပြီးမှသုံးသင့်ပါတယ်။

Richard Myo Thant
12-July-2021

Address


Telephone

+959968885667

Website

Alerts

Be the first to know and let us send you an email when REVAN Medical, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to REVAN Medical, Myanmar:

  • Want your practice to be the top-listed Clinic?

Share