The Hope

The Hope Center of Empowerment 🍀

“စိတ်ကျန်းမာရေးနဲ့ ပါတ်သက်ပြီး လူတွေအမှားများနေတဲ့ အယူအဆတချို့"ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ စိတ်ကျန်းမာရေးအကြောင...
04/05/2025

“စိတ်ကျန်းမာရေးနဲ့ ပါတ်သက်ပြီး လူတွေအမှားများနေတဲ့ အယူအဆတချို့"

ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ စိတ်ကျန်းမာရေးအကြောင်း ပြောဆိုဆွေးနွေးတာကို တစ်ခါတစ်ရံ ရှက်တတ်၊ ကြောက်တတ်၊ ဖုံးကွယ်တတ်ကြပါတယ်။
အထူးသဖြင့် အယူအဆလွဲမှားမှုတွေကြောင့် လူတွေဟာ ကိုယ့်စိတ်ဒဏ်ရာကို ကုသဖို့ ဝန်လေးနေတတ်ကြပါတယ်။
ဒီတစ်ခါတော့ ကြားရလေ့ရှိတဲ့ အယူအဆမှားတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

❌ အယူအဆလွဲ (၁): "စိတ်ရောဂါသည်တွေပဲ ဆရာဝန်ဆီသွားရတာ"
✅ အမှန်တရား: စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်တာက စိတ်ရောဂါရှိမှသွားရတာ မဟုတ်ပါဘူး။
စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ အိမ်ထောင်ရေး/ အလုပ်ခွင်ပြဿနာ၊ စိတ်ထိခိုက်စရာတွေကြုံတဲ့အခါ အထောက်အကူရယူဖို့ သွားတာပါ။ ဒါက ကိုယ့်ကိုယ်ကိုဂရုစိုက်တဲ့ လုပ်ရပ်တစ်ခုပါ။

❌ အယူအဆလွဲ (၂): "အမျိုးသမီးတွေကပဲ စိတ်အားငယ်တတ်လို့ ဆွေးနွေးတိုင်ပင်ကြတာ။ ယောကျာ်းလေးတွေအတွက် ဒါတွေမလိုဘူး။”
✅ အမှန်တရား:စိတ်ခံစားချက်ဆိုတာ လူတိုင်းမှာရှိပါတယ်။ အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။
အခက်အခဲကို ဝန်ခံပြီး အကူအညီတောင်းတာက အားနည်းခြင်းမဟုတ်၊ ရဲရင့်ခြင်းပါ။

❌ အယူအဆလွဲ (၃): "စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေက အကူအညီမလိုဘူး"
✅ အမှန်တရား: တကယ့် စိတ်ဓာတ်ကြံ့ခိုင်သူဆိုတာ ကိုယ့်အခက်အခဲကို ကိုယ်တိုင်သိပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ ရှာဖွေတတ်သူတွေပါ။
ကိုယ်တစ်ယောက်တည်း ရုန်းကန်နေမယ့်အစား ကျွမ်းကျင်သူနဲ့ တိုင်ပင်တာက ပိုပြီးထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။

လူမှုအသိုင်းအဝိုင်းမှာ 'ကိုယ့်စိတ်နဲ့ ပါတ်သက်ရင် သူများကို မပြောနဲ့' ဆိုပြီး ပြောလေ့ရှိပါတယ်။ အားနည်းချက်လို့ ထင်လို့ပါ။

ဒါပေမယ့် စိတ်ထဲက ခံစားချက်တွေကို ဖွင့်ဟဝေမျှတာက စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ကိုယ့်ရဲ့ ပြဿနာကို နားလည်သူတစ်ယောက်နဲ့ ဆွေးနွေးတာက သင့်ကို ပိုမိုစိတ်သက်သာရာရစေပြီး လွတ်လပ်ပေါ့ပါးစေနိုင်ပါတယ်။

💚စာဖတ်သူ ပါတ်ဝန်းကျင်မှာ ဒီလိုအယူအဆတွေ ကြားဖူးပါသလား?
💚ကိုယ်တိုင် (သို့) မိတ်ဆွေတစ်ယောက်ယောက် အကူအညီလိုနေရင် ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်။

ဒီနေ့ခေတ်မှာ "အချိန်နဲ့အမီ အလုပ်တွေပြီးအောင် လုပ်နေရတယ်"ဆိုတဲ့ ဖိစီးမှုက အတော်လေး များနေပါတယ်။ ကျွန်တော်တို့ဟာ  workload...
02/05/2025

ဒီနေ့ခေတ်မှာ "အချိန်နဲ့အမီ အလုပ်တွေပြီးအောင် လုပ်နေရတယ်"ဆိုတဲ့ ဖိစီးမှုက အတော်လေး များနေပါတယ်။ ကျွန်တော်တို့ဟာ workload တွေများ၊ deadline တွေကြပ်လာအခါ စိတ်ဖိစီးမှုတွေ ဖြစ်လွယ်လာကြပါတယ်။

သင်သိပါလား?
- လူ ၅ ယောက်မှာ ၁ ယောက်က work-related stress ကြောင့် ကောင်းစွာအိပ်မပျော်ခြင်း , စိတ်ပူပန်မှု (anxiety) ဖြစ်နေတတ်ပါတယ်။
- Multitasking လုပ်တာကလည်း long term productivity ကို 40% အထိ ကျစေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

ဒါဆို အလွယ်ကူဆုံး ဘယ်လိုကိုင်တွယ်မလဲ?

✅ "တစ်ချိန်တည်းမှာ တစ်ခုပဲ focus လုပ်ပါ" - အရေးကြီးဆုံးအလုပ်တွေကို အစဉ်လိုက်လုပ်ပြီး “one task at a time”နည်းကို သုံးကြည့်ပါ။

✅ "အနားယူဖို့ မမေ့ပါနဲ့" – Short breaks (5-10 mins)ယူပြီး စိတ်ကို refresh လုပ်ပါ။

✅ “No to overworking!"– တစ်နေ့ကို ၈ နာရီ-၉ နာရီထက် ပိုအလုပ်လုပ်တာက ကြိုးစားတဲ့ပုံဖြစ်စေပေမဲ့ တကယ်က ရေရှည်မှာတော့ productivity ကို ကျစေနိုင်ပါတယ်။

စာဖတ်သူလဲ အလုပ်ကြောင့် စိတ်ဖိစီးမှုကို ကောင်းစွာ ကိုင်တွယ်နိုင်ပါစေခင်ဗျာ။


🌿 ဒီနေ့တွေက ခက်ခဲနေပေမယ့်... ဒီအခက်အခဲလည်း ကျော်ဖြတ်ပြီးသွားမှာပါ 🌿အခုလို အချိန်တွေမှာ စိတ်ပင်ပန်း၊ နွမ်းနယ်၊ ထိခိုက်နာက...
23/04/2025

🌿 ဒီနေ့တွေက ခက်ခဲနေပေမယ့်... ဒီအခက်အခဲလည်း ကျော်ဖြတ်ပြီးသွားမှာပါ 🌿

အခုလို အချိန်တွေမှာ စိတ်ပင်ပန်း၊ နွမ်းနယ်၊ ထိခိုက်နာကျင်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ဝန်ခံလို့ရပါတယ်။

ကိုယ့်ဘာသာ ရင်ဆိုင်ရတာ မလွယ်တဲ့အခါ... မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။

ဒီအခက်အခဲတွေက ယာယီပါ။ ဘယ်လိုမှ မပြောင်းလဲနိုင်ဘူးလို့ ထင်ရတဲ့အချိန်တောင်... တကယ်က အရာရာ ပြန်ကောင်းလာမယ့်နေ့ရှိပါတယ်။

ဒီလမ်းကို အတူဖြတ်သန်းဖို့...
သင့်ရဲ့ပင်ပန်းမှု၊ ထိခိုက်နာကျင်မှုတွေကို ဖွင့်ဟပြောဆိုဖို့ ဘေးကင်းတဲ့နေရာ လိုအပ်နေရင်... ကျွန်တော်တို့ ဒီမှာရှိပါတယ်။


⚠️ Hypervigilance (ဘေးအန္တရာယ်ကို အလွန်အမင်း သတိထားမိနေခြင်း)  Hypervigilance ဆိုတာ “ဘေးအန္တရာယ်ကို အလွန်အမင်း သတိထားပြီ...
21/04/2025

⚠️ Hypervigilance (ဘေးအန္တရာယ်ကို အလွန်အမင်း သတိထားမိနေခြင်း)

Hypervigilance ဆိုတာ “ဘေးအန္တရာယ်ကို အလွန်အမင်း သတိထားပြီး တုန့်ပြန်နေတဲ့ အခြေအနေ” ဖြစ်ပါတယ်။ ငလျင်ဘေးကြီးကြောင့် လူတော်တော်များများကြုံတွေ့နေရမယ် ထင်ပါတယ်။

🫨Hypervigilance ရဲ့ လက္ခဏာများ
- Phantom quakes (ငလျင်မလှုပ်ဘဲ လှုပ်သလို ခံစားရခြင်း)
- အိပ်မပျော်ခြင်း / အိပ်ရခက်ခြင်း
- အသံကျယ်တာ၊ ကားအရှိန်မြှင့်မောင်းသံတွေကို လွန်ကဲစွာ ထိတ်လန့်ခြင်း
- "အကယ်၍…ဖြစ်ခဲ့ရင်" ဆိုတဲ့ စိုးရိမ်စိတ်တွေ များနေခြင်း

❓ဘာကြောင့်ဖြစ်ရတာလဲ???
ဦးနှောက်ထဲက “Amygdala” (ကြောက်စိတ်ကို ခံစားရတဲ့ အစိတ်အပိုင်း) က ပုံမှန်ထက် အလုပ်များနေပြီး တချိန်လုံး အန္တရာယ်ရှိမှာကို စောင့်ကြည့်နေတာကြောင့်ဖြစ်ပါတယ်။
Cortisol, Adrenaline လို Stress Hormones တွေလည်း များနေတတ်ပါတယ်။

💪🏻ဘယ်လိုသက်သာအောင်လုပ်မလဲ?
- မေ့ပျောက်အောင် အာရုံပြောင်းပါ
(ဥပမာ - 5-4-3-2-1 Technique - အနီးအနားက အရာ ၅ ခုကိုကြည့်၊ အသံ ၄ မျိုးကိုနားထောင်၊ အရာဝတ္ထု၃ ခုကိုထိတွေ့ခံစား၊ အနံ့ ၂ ခုကိုရှူ၊ အရသာ ၁ ခုကိုသတိရပါ။)
- တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း


⁉️ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ?
တစ်လအတွင်း အလိုလို သက်သာသွားတတ်ပေမယ့်… တစ်လကျော်သည်အထိ ဆက်ဖြစ်နေရင် PTSD (စိတ်ဒဏ်ရာ) ဖြစ်နိုင်ခြေရှိတာကြောင့် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်…

အန္တရာယ်ကင်းပြီး စိတ်ချမ်းသာကြပါစေ။ 💙


သင်္ကြန် အားလပ်ရက်ကြီး ကုန်ဆုံးပြီး အခုတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ပြန်စဖို့ အချိန်ရောက်ပါပြီ! အားလပ်ရက်မှာ မိမိကိ...
20/04/2025

သင်္ကြန် အားလပ်ရက်ကြီး ကုန်ဆုံးပြီး အခုတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ပြန်စဖို့ အချိန်ရောက်ပါပြီ!

အားလပ်ရက်မှာ မိမိကိုယ်ကို သေချာဂရုစိုက် အနားယူမှုတွေနဲ့ အားအင်ပြည့်ဝလာပြီဆိုတော့… အကောင်းဆုံးပုံစံနဲ့ အသစ်တစ်ဖန် စတင်ကြပါစို့💪🏻

ဒီနှစ်သစ်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေတစ်ခုချင်းစီက သင့်ဘဝစာအုပ်ရဲ့ စာမျက်နှာတစ်ခုချင်းစီပါပဲ။
ဒီစာမျက်နှာတွေကို အရောင်အသွေးစုံစုံ၊အမှတ်တရကောင်းတွေ အပြည့်နဲ့ဖြစ်အောင် ဖြည့်ကြတာပေါ့။

💪 မင်းလုပ်နိုင်တယ်။
💪 ငါလုပ်နိုင်တယ်။
💪 တို့တွေအတူလုပ်နိုင်ပါတယ်။

စိတ်လက်ပေါ့ပါးပြီး ယုံကြည်မှုအပြည့်နဲ့ စတင်လိုက်ကြရအောင်!

📩 ဘဝခရီးမှာ ပင်ပန်းနွမ်းနယ်လို့ တိုင်ပင်ဆွေးနွေးလိုပါက ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်။

*

17/04/2025
ပြီးခဲ့တဲ့ တစ်ပိုင်းမှာ ကျွန်တော်တို့ The Hope မှ PTSD ဆိုတာဘာလဲ ဆိုတဲ့ အကြောင်းလေးကို ဝေမျှပေးခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာတ...
08/04/2025

ပြီးခဲ့တဲ့ တစ်ပိုင်းမှာ ကျွန်တော်တို့ The Hope မှ PTSD ဆိုတာဘာလဲ ဆိုတဲ့ အကြောင်းလေးကို ဝေမျှပေးခဲ့ပါတယ် ။

ဒီတစ်ခေါက်မှာတော့ PTSD မဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဖေးမကြမလဲဆိုတာကို ထပ်မံဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ် ။

ကျွန်တော်တို့လူသားတွေဟာ ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်တွေ ၊ ဆုံးရှုံးမှုတွေ ကြုံရတိုင်း PTSD ဆိုတဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခုကို ရောက်သွားကြတာတော့မဟုတ်ပါဘူး ။

လူတွေဟာ စိတ်မကောင်းစရာ ဝမ်းနည်းစရာ အခြေအနေတစ်ခုကို ကြုံလိုက်ရပီဆိုရင် “Acute stress condition”တစ်ခုကို မလွဲမသွေ ခံစားကြရမှာပဲ ဖြစ်ပါတယ် ။ အဲဒီအချိန်မှာ မိမိစိတ်ကို သင့်တော်တဲ့ နည်းလမ်းတစ်ခုခုနဲ့ ကုစားလိုက်နိုင်တာမျိုးဖြစ်ဖြစ် အချိန်အတိုင်းအတာ တစ်ခုကို ဖြတ်ကျော်ပီးသွားပဲဖြစ်ဖြစ် PTSD ဆိုတဲ့အဆင့်ကို မရောက်နိုင်တော့ပဲ ပုံမှန်စိတ်အခြေအနေတစ်ခုကို ပြန်လည်ရောက်ရှိကြမှာပဲဖြစ်ပါတယ် ။
ဒါကြောင့်မလို့ ယခုကြုံတွေ့နေရတဲ့ ငလျင်ဘေးအန္တရာယ်အတွင်း ကျွန်တော်တို့တွေ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမ ပေးနိုင်မယ့် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ နည်းလမ်းလေးအချို့ကို ဝေမျှပေးလိုက်ပါတယ် !

1️⃣စိတ်ချ လုံခြုံမှုပေးနိုင်မည့် နေရာလေးတစ်ခု စီစဉ်ပေးပါ။

ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိမှသာ စိတ်ပိုင်းဆိုင်ရာသက်တောင့်သက်သာဖြစ်စေမှာပါ။ ဘေးအန္တရာယ်ကို ကြုံတွေ့ခံစားခဲ့ရသူတွေဟာ အမြဲဆိုသလို နောက်ထပ်အန္တရာယ်ကြုံတွေ့လာရမှာကို တွေးကြောက်နေမိတတ်ပါတယ် (ဥပမာ ငလျင်ထပ်လှုပ်မှာ ကြောက်နေသလိုမျိုး ၊ ငလျင်မလှုပ်ပဲ လှုပ်နေတယ်လို့ ခံစားနေမိခြင်း ) ။
ဒါ့ကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော လုံခြုံမှု ပေးနိုင်မဲ့ နေရာများကို ဆောင်ရွက်ပေးရပါမည် ။

2️⃣သူတို့ခံစားချက်များကို အသိအမှတ်ပြုပေးပါ။

သူတို့ပြောသမျှ ရင်ဖွင့်သမျှကို လေးလေးနက်နက်နဲ့ သေချာဂရုစိုက်နားထောင်ပေးပါ။

🗣️ဘယ်လိုစကားလေးတွေ ပြောပေးကြမလဲ

✅မင်းအခု လုံခြုံသွားပါပီ (လုံခြုံစိတ်ချရတဲ့နေရာကို ရောက်နေပီဆိုတာ မကြာမကြာ သတိပေး ပေးပါ)

✅ မင်း အဆင်ပြေရဲ့လား !

✅ငါ မင်းအတွက် ဘာကူညီပေးရမလဲ , ငါအခု မင်းအတွက် ကူညီပေးနိုင်တာ ဘာရှိမလဲ !

✅ငါ မင်းရဲ့ခံစားရတာကို ကောင်းကောင်းနားလည်ပါတယ် ။

✅ဒီအဖြစ်အပျက်ကို လက်ခံနိုင်အောင် ငါတို့ကြိုးစားကြမယ် ၊ ငါတို့အတူတူကျော်ဖြတ်နိုင်မှာပါ !

✅ဒီအချိန်မှာ မင်းခံနိုင်ရည်ရှိရှိနဲ့ ကျော်ဖြတ်နိုင်တာမြင်ရတာ ငါဝမ်းသာပါတယ် !

🚫ဘယ်လိုစကားလေးတွေကို သတိထားပီး ဆင်ခြင်ကြမလဲ ?

❎ဘယ်လိုတွေဖြစ်ပျက်သွားတာလဲ (အဖြစ်အပျက်ကို တိတိကျကျ မေးနေမိတာမျိုး)

❎မင်းဘာကြောင့်စိတ်ညစ်နေတာလဲ (သူတို့ကြုံခဲ့ရတဲ့အဖြစ်အပျက်ကြီးကို ပြန်မြင်ယောင်စေလာသလို ပြန်တွေးမိစေနိုင်ပါတယ်)

❎သူများတွေဆို မင်းတို့ထက်တောင် ပိုဆိုးတယ် မင်းတို့က တော်ပါသေးတယ် ! ( ကိုယ်ကတော့ စိတ်သက်သာပါစေတော့ ပြောလိုက်ပေမယ့် သူ့အတွက်ကတော့ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်နေတာ ဖြစ်တဲ့အတွက် သူ့ရဲ့ခံစားချက်ကို ပေါ့ပေါ့လေးတွေးတယ်လီု့ အထင်လွဲသွားနိုင်ပါတယ်)

❎အချိန်တစ်ခုရောက်ရင် အဆင်ပြေမှာပါ ( အချိန်ကြာလာတာနဲ့အမျှ trauma တွေဟာ ပြန်အဆင်ပြေသွားတာမဟုတ်ဘဲ ရှေ့ဆက်လျှောက်ရင်း trauma တွေနဲ့ နေသားကျသွားတာမျိုးပဲ ရှိပါတယ်။ ဘယ်လိုပဲ နေသားကျနိုင်ပါစေ၊ ဖြစ်နေတဲ့အချိန်မှာ အမှန်တကယ် အဆင်မပြေနေတာမို့ ဒီလိုစကားမျိုးရှောင်ကြဉ်သင့်ပါတယ်)၊

❎အချိန်တန်ရင် ပီးသွားမှာပါ ! မေ့ပျောက်ဖို့ပဲ ကြိုးစားရမှာပဲ ! ( သူတို့ရဲ့ ခံစားချက်ကို အလေးအနက်မထားရာရောက်တဲ့ အမြင်ကိုရောက်သွားနိုင်လို့ပါ )

❎ဘယ်လောက်တောင်ဆိုးတာလဲ ? ဘယ်သူတွေ ထိခိုက်တာမြင်လိုက်သေးလဲ ? ( သူကြုံခဲ့ရတဲ့ အဖြစ်အပျက်ရဲ့ အဆိုးဆုံးမြင်ကွင်းတွေဆီကို စိတ်ကိုတွန်းပို့လိုက်သလို ဖြစ်နိုင်တာမလို့ပါ )

ငလျင်ကြီးပီးတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းသည် အရေးကြီးသော အကူအညီ တစ်ခုဖြစ်ပါသည် ။ သင့်အနေဖြင့် မိမိနဲ့နီးစပ်ရာ ပတ်ဝန်းကျင် မိတ်ဆွေများကို ဒီအချက်လေးတွေကို သတိပြုပြီး ကူညီဖေးမကြမယ်နော် !

ကျွန်တော်တို့ အားလုံး ဒီကပ်ဆိုးကြီးကနေ အတူတူကျော်လွှားကြပါမယ် 💪🏻

၂၀၂၅ ခုနစ် မတ်လ (၂၈) ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မြေငလျင်ကြီးဟာ ကျွန်တော်တို့အားလုံးအတွက် လွန်စွာ စိတ်ထိ...
06/04/2025

၂၀၂၅ ခုနစ် မတ်လ (၂၈) ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မြေငလျင်ကြီးဟာ ကျွန်တော်တို့အားလုံးအတွက် လွန်စွာ စိတ်ထိခိုက်ကြေကွဲဝမ်းနည်းစရာတွေကို သယ်ဆောင်လာခဲ့ပါတယ်။

ပြည်သူတော်တော်များများရဲ့ အသက်၊အိုးအိမ်တွေ၊ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေကို ဆုံးရှုံးရတဲ့ သတင်းတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကနေ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိသလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုလည်း မလွဲမသွေရနိုင်တာမလို့ PTSD ( Post Traumatic Stress Disorder ) ဆိုတဲ့ စိတ်ကျန်းမာရေးပြသနာ အကြောင်းကို မျှဝေးပေးချင်ပါတယ် ။

What is PTSD ?

ကျွန်တော်တို့ လူသားတွေဟာ မမျှော်လင့်ထားတဲ့
- သဘာဝဘေးအန္တရာယ်ဆိုးတွေ၊ အဖြစ်အပျက်တွေနဲ့ ရုတ်တရက်ကြုံတွေ့ကြတဲ့အခါမျိုး
- မိမိချစ်ခင်ရတဲ့သူတွေကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အခါမျိုးတွေမှာ ဖြစ်တတ်တဲ့ စိတိပိုင်းဆိုင်ရာထိခိုက်မှုပြသနာ ဖြစ်ပါတယ်။

ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ ?

-အတိတ်ကဖြစ်ရပ်တွေကို ပြန်လည်ခံစားမိနေခြင်း ၊ ပြန်တွေးမိနေခြင်း
-ကောင်းစွာအိပ်မပျော်ခြင်း (တခါတရံ အိပ်မက်ဆိုးများကြောင့် အိပ်ရမည်ကိုပင် ကြောက်ရွံ့နေမိခြင်း)
-စိတ်ခံစားမှုများပြင်းထန်ခြင်း (စိတ်တိုလွယ်ခြင်း၊စိတ်မရှည်ခြင်း)
-ဆန့်ကျင်ဘက်အတွေးများတွေးမိခြင်း
-မည်သည့်အရာမှမလုပ်ချင် မကိုင်ချင်ဖြစ်ကာ စိတ်ဓာတ်ကျဆင်းခြင်း တွေဖြစ်နိုင်ပါတယ်။

လူတော်တော်များများဟာ စိတ်ထိခိုက်စရာကြုံပီးနောက်ပိုင်း အချိန်အတိုင်းအတာ တစ်ခုရောက်လျှင် စိတ်ဒဏ်ရာများရဲ့ သက်ရောက်မှု ထိခိုက်မှုတွေမှ သက်သာရာရနိုင်ပါတယ်။

ဒီလိုမှ မဟုတ်ပဲ လူတစ်ချို့မှာတော့ အဲဒီစိတ်ဒဏ်ရာများကို ကြာရှည်ခံစားရပီး အချိန်အတော်ကြာ PTSD လက္ခဏာတွေကို ခံစားကြရပါတယ်။

ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေဟာအချိန်အတိုင်းအတာတစ်ခုကျော်လွန်သည့်တိုင်အောင် ဆက်ရှိနေပီးလက္ခဏာတွေဟာ နေ့စဉ်ရှင်သန်မှုဘဝကို ထိခိုက်လာတာ ၊ လူမှုဆက်ဆံရေးမှာပါ အဆင်မပြေမှုတွေကြုံလာရလျှင် ကျွမ်းကျင် နားလည်တဲ့ စိတ်ကျန်းမာရေးဆရာဝန် ၊ စိတိကျန်းမာရေးပညာရှင်တွေနဲ့ သေချာပြသပီးကုသမှု ခံယူသင့်ပါတယ်။
နောက်နေ့တွေမှာလည်း
PTSD ဖြစ်မလာအောင် ဘယ်လိုကာကွယ်နိုင်မလဲ ?
ဘယ်လိုမျိုးဖေးမကူညီပေးနိုင်မလဲ?
ဆိုတာကို ဆက်လက်မျှဝေပေးသွားပါမယ်။

လူကြီးမင်းတို့ စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်ပါက The Hope မှ ဆရာ/ဆရာမများမှ အားလုံးရဲ့ ပြန်လည်ထူထောင်ရေးမှာ တစ်တပ်တအားပါဝင်ကူညီပေးမယ်ဆိုတာလဲ ပြောပြလိုပါတယ်…

ကျွန်တော်တို့အတူ ပြန်လည်ထူထောင်ကြပါမယ် 🙏


The Hope မှ ဆရာဆရာမများ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန် တို့မှာ စိတ်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေအတွက် အဆင်သင့်ရှိ...
06/04/2025

The Hope မှ ဆရာဆရာမများ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန် တို့မှာ စိတ်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေအတွက် အဆင်သင့်ရှိနေကြပါတယ်…

မန္တလေးမှာ Dr. Yan Naung Aye
နေပြည်တော်မှာ Dr. Shwe Yamin Oo
ရန်ကုန်မှာ Dr. Pyae Sone Aye တို့မှ Mental Health ဆိုင်ရာ ကူညီစောင့်ရှောက်မှုများပေးလျက်ရှိပါတယ်…

တကယ်လို့များ အကူအညီလိုအပ်တယ်ဆိုရင် ကျွန်မတို့ The Hope Team ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင်…

Hot Line - 09971977799

ငလျင်ဘေးထပ်ကြုံလာလျှင် သတိပြုနိုင်ရန်‼️ တစ်ယောက်ချင်းစီတိုင်းဘေးကင်းလုံခြုံကြပါစေ 🙏
28/03/2025

ငလျင်ဘေးထပ်ကြုံလာလျှင် သတိပြုနိုင်ရန်‼️

တစ်ယောက်ချင်းစီတိုင်းဘေးကင်းလုံခြုံကြပါစေ 🙏

05/03/2025

ပျောက်ဆုံးမှုတွေကြားမှာ တစ်ယောက်တည်းလမ်းရှာဖွေနေရမတော်တဆလမ်းပျောက်နေပြီလား?

ပျောက်ဆုံးမှုတွေကြားမှာ တစ်ယောက်တည်းလမ်းရှာဖွေနေရတာ ပင်ပန်းနေပြီလား..?
အမှန်တရားကို နည်းမှားလမ်းမှားတွေနဲ့ အဖြေရှာနေရတာ စိတ်ဓာတ်ကျနေပြီလား?

ဒါတွေအတွက် The Hope က မင်းကိုလမ်းပျောက်မသွားအောင် အမှန်တရားဆီသွားဖို့ လမ်းညွှန်ပေးမှာပါ။

✨ Counseling Service – စိတ်ဖိစီးမှုတွေကြားမှာ မင်းကိုနားထောင်ပေးမယ့် နေရာ။
✨ Coaching Service – အခက်အခဲတွေကြားမှ မှန်ကန်တဲ့အဖြေကိုရှာဖွေနိုင်အောင် လမ်းညွှန်ပေးမယ့် ဝန်ဆောင်မှု။
✨ Consulting Service – ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုတွေကို ပြန်လည်ကုသဖို့ တာဝန်ယူမယ့် ဝန်ဆောင်မှု။

သင်တစ်ယောက်တည်းမဟုတ်ပါဘူး...
အတူတူ ဖြေရှင်းဖို့ The Hope ရှိနေပါပြီ။

🤝 The Hope က သင့်အနားမှာ 🤝
Phone ☎️ 095600421



၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော  (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ကို " The Hope “ မိသားစုမှ ချစ်ရသော မိတ်...
12/02/2025

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ကို " The Hope “ မိသားစုမှ ချစ်ရသော မိတ်ဆွေ Customer များနဲ့အတူ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။

Address

C-24 ၊ဘုရင့်နောင်လမ်း ၊ ပင်လုံအိမ်ယာ၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံ ( AYA Bank ဘေးကပ်ရပ်)

Telephone

+9595600421

Website

Alerts

Be the first to know and let us send you an email when The Hope posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram