Dr.Smith Digital Blood Pressure Monitor

  • Home
  • Dr.Smith Digital Blood Pressure Monitor

Dr.Smith Digital Blood Pressure Monitor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Smith Digital Blood Pressure Monitor, Medical and health, .

🌕 တန်ဆောင်မုန်းလပြည့်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပါတယ်။အကြောင်...
01/11/2025

🌕 တန်ဆောင်မုန်းလပြည့်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပါတယ်။
အကြောင်းကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပလေ့ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်ဟာ ဘုရားရှင်ကို ဆီမီးထွန်းညှိပူဇော်တဲ့ပွဲတော်ဖြစ်သလို ကထိန်သင်္ကန်းကပ်လှူခွင့်ရတဲ့ နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဖြစ်ပါတယ်….။

ဒါ့အပြင် တန်ဆောင်မုန်းလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် အဇာတသတ်မင်းကြီးအမှူးပြုတဲ့ ပရိသတ်တို့ကို သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူတဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်လို့လည်း သိရပါတယ်🙏🏻

🔸 အဇာတသတ်မင်းကြီးဟာ မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရနေတဲ့အချိန် တန်ဆောင်မုန်းလပြည့်ညရဲ့ အေးချမ်းသာယာကြည်လင်မှုကို မြင်တွေ့ရတဲ့အခါ အခုလိုနေ့မျိုးမှာ ဘယ်လိုရဟန်းသာမဏေ ၊ ဗြဟ္မဏတို့ထံ ဆည်းကပ်ရင် ကောင်းမလဲဆိုတာကို တွေးတောမိပြီး မင်းချင်းတို့ကို ဖွင့်ဟတိုင်ပင်မိခဲ့တယ်လို့ ဆိုကြပါတယ်။
မင်းလိုလိုက်အကြိုက်ဆောင်တတ်တဲ့ မင်းချင်းတွေက သူတို့ကိုးကွယ်ဆည်းကပ်တဲ့ မိစ္စာဒိဌိဆရာကြီး ၆ ဦးကို ညွှန်ပြရာ အဇာတသတ်မင်းက နားမဝင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ နှုတ်ဆိတ်နေတဲ့ ဗုဒ္ဓဘာသာဝင်ဆေးဆရာ ဇီဝကကို မေးမြန်းခဲ့ရာ ဆေးဆရာ ဇီဝကက ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ချီးမွမ်းပြီး ဘုရားရှင်ကို ဆည်းကပ်ဖို့ လျှောက်တင်ခဲ့ပါတယ်။

🔸 အဇာတသတ်မင်းကြီးလည်း ဝမ်းသာအားရဖြစ်ပြီး ဆင်မြင်းဗိုလ်ပါခြံရံကာ ဆရာဇီဝကရဲ့ ဥယျာဉ်တော်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ထံကို ကြွချီခဲ့တယ်လို့ ဆိုပါတယ်။ ဥယျာဉ်တော်ထဲမှာ ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ကို ဖူးတွေ့တဲ့အခါ အဇာတသတ်မင်းကြီးက မေးမြန်းလျှောက်ထားမှုတွေ ပြုလုပ်ခဲ့ပြီး မြတ်စွာဘုရားရှင်က သာမညဖလသုတ်တော်ကို ဟောကြားတော်မူခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဆိုထားပါတယ်🙏🏻
🌕တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

ဒါ့အပြင် ကထိန်သင်္ကန်းတွေဆက်ကပ်လှူဒါန်းကြတဲ့ ကထိန်ပွဲတော်ကလည်း တန်ဆောင်မုန်းလရဲ ကျင်းပမြဲဖြစ်တဲ့ ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလဟာ ကထိန်သင်္ကန်းတွေ ကပ်လှူကြတဲ့ ကာလဖြစ်ပါတယ်။

ဒါအပြင် တန်ဆောင်မုန်းလမှာ ကထိန်ပွဲအပြင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းတဲ့ ပွဲတော်တွေကိုပါ ကျင်းပကြလေ့ရှိပါတယ်။ နေ့မကူး ၊ ရက်မကူးစေပဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တဲ့အတွက် မသိုးသင်္ကန်းလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ မသိုးသင်္ကန်းရက်လုပ်မှုကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းကနေ လပြည့်နေ့ အာရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြလေ့ရှိပါတယ်။ မသိုးသင်္ကန်းကပ်လှူပွဲတွေကို နိုင်ငံတစ်ဝန်းဘုရားစေတီတွေမှာ ကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။

🎈အထင်ကရ အရှိဆုံးပွဲတော် နောက်တစ်ခုလဲ ထပ်ရှိနေပါသေးတယ်။ ဒါကတော့ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပွဲဖြစ်ပါတယ်။ ထိုကဲ့သို့ တန်ဆောင်တိုင် လပြည့်ညများမှာ တောင်ကြီးမြို့တွင် မီးပုံးများကို ပြုလုပ်ကာ မြို့လုံးကျွတ် စည်းကားသိုက်မြိုက် စွာ ဘုရားရှင်ကို ပူဇော်ကြလေ့ရှိပါတယ်။ ဒါ့အပြင် တန်ဆောင်မုန်းလနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်ပွဲတော်တစ်ခုကတော့ ကျီးမနိုးပွဲ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ည လူအများအိပ်ချိန်ကနေ နံနက် အာရုဏ်မတက်မီကလအထိ ပြုလုပ်ကြလေ့ရှိပါတယ်။
သူခိုးကြီးညလို့လည်း ခေါ်ဆိုကြပြီး ရပ်ကွက်အတွင်း ၊ ကျေးရွာအတွင်းမှာ အရာဝတ္ထုတွေကို ရွှေ့ထားတာ ၊ တစ်စုံတစ်ယောက်ကို နောက်ပြောင်တာ စတဲ့အပြုအမူတွေနဲ့ ရိုးသားစွာနောက်ပြောင်ကျီစယ်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

📌 ထိုကဲ့သို့သော ရက်ထူးရက်မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေနှင့် အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် နိုဝင်ဘာလ ၂ ရက်နေ့ (တနင်္ဂနွေနေ့) မှ နိုဝင်ဘာလ ၄ ရက်နေ့ (အင်္ဂါနေ့) အထိ 𝐃𝐫.𝐒𝐦𝐢𝐭𝐡 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
#တန်ဆောင်တိုင် #ရုံးပိတ်ရက် #သွေးတိုးစေသောအစားအစာများ #သွေးပေါင်ကျခြင်း #နှလုံးကျန်းမာရေး #ကာကွယ်ခြင်းသည်ကုသခြင်းထက်သာ၏ #သွေးတိုးရောဂါ #သွေးဖိအား

📣 သတိပေးချက်! သွေးပေါင်ချိန် အတက်၊အကျ ကို မစောင့်ပါနဲ့ —မူးနေမှ စစ်မယ်ဆိုရင် နောက်ကျသွားပါပြီ 💔သွေးပေါင်ချိန် အတက်၊အကျ က...
30/10/2025

📣 သတိပေးချက်! သွေးပေါင်ချိန် အတက်၊အကျ ကို မစောင့်ပါနဲ့ —မူးနေမှ စစ်မယ်ဆိုရင် နောက်ကျသွားပါပြီ 💔

သွေးပေါင်ချိန် အတက်၊အကျ ကို "အသံတိတ်လူသ-တ်သမား" လို့ တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့...
• ❌ မမြင်ရ၊ မခံစားရ - သွေးတိုးခြင်း (သို့) သွေးပေါင်ကျခြင်းဟာ ရောဂါလက္ခဏာကြီးကြီးမားမား မပြဘဲ နှစ်ပေါင်းများစွာကြာအောင် တိတ်တဆိတ် ရှိနေနိုင်တယ်။
• 🚨 အန္တရာယ်ပိုကြီးတယ် - လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်းလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်လို့ အသက်အန္တရာယ်ရှိပါတယ်။

မိသားစုအတွက် စိတ်အေးချမ်းသာလိုရင်...
သင့်ရဲ့ နေ့ရက်တိုင်းမှာ “Dr.Smith ” ကို သုံးပြီး သွေးပေါင်ချိန်ဖိအားကို စောင့်ကြည့်ပါ။ ကျန်းမာရေးပြဿနာတွေကို စောစောသိ၊ စောစောကုသနိုင်ဖို့အတွက် ပုံမှန်တိုင်းတာတာဟာ အရေးကြီးဆုံး ကာကွယ်ခြင်းပါပဲ။
သွေးဖိအားအတက်အကျ ရှိတယ်လို့ သံသယရှိရင် (သို့) ရောဂါရှိပြီးသားဆိုရင်၊ ဆရာဝန်နဲ့ အချိန်မီတိုင်ပင်ပါ။ ပုံမှန်စစ်ဆေးခြင်းနဲ့ ကျန်းမာတဲ့လူနေမှုပုံစံက သင့်အသက်ကို ကယ်တင်နိုင်ပါတယ်။

❤️ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ပါ!

#သွေးဖိအား #သွေးတိုးရောဂါ #ကျန်းမာရေးသတိပေးချက် #နှလုံးကျန်းမာရေး #ကာကွယ်ခြင်းသည်ကုသခြင်းထက်သာ၏ .Smith #သွေးတိုးစေသောအစားအစာများ #သွေးပေါင်ကျခြင်း

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း🙏🏻မင်္ဂလာပါရှင်၊လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…လာမည့် အောက်တိုဘာလ ၂၀ ရ...
19/10/2025

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း

🙏🏻မင်္ဂလာပါရှင်၊
လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…
လာမည့် အောက်တိုဘာလ ၂၀ ရက် (တနင်္လာနေ့) သည် ဒေဝါလီနေ့ အစိုးရရုံးပိတ်ရက် ဖြစ်ပါသောကြောင့်၊ ကျွန်ုပ်တို့၏ ရုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးလုပ်ငန်းများကို အောက်တိုဘာလ ၂၁ ရက် (အင်္ဂါနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်စတင်မည် ဖြစ်ပါသည်။
ရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စများရှိပါက 09946500500 သို့ ဆက်သွယ်နိုင်ပါသည်။

မိတ်ဟောင်း ၊မိတ်သစ်၊ customer များအားလုံး ဒေဝါလီပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ဒေဝါလီနေ့ #ရုံးပိတ်ရက် #သွေးတိုးစေသောအစားအစာများ #သွေးပေါင်ကျခြင်း

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဆိုရင် အရသာမရှိဘူးလို ထင်နေတာလား❓တကယ်တော့ သွေးတိုးကျစေဖိုအတွက် ဆိုဒီယမ်ဓာတ်နည်းပြီး...
13/09/2025

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဆိုရင် အရသာမရှိဘူးလို ထင်နေတာလား❓တကယ်တော့ သွေးတိုးကျစေဖိုအတွက် ဆိုဒီယမ်ဓာတ်နည်းပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေက ကျွန်တော်တို့ မြန်မာတွေရဲ့ ပါးစပ်နဲ့ ကိုက်ညီမှု ရှိမနေပြန်ပါဘူး။
ဒါကြောင့် အရသာလည်းရှိရမယ်၊ မြန်မာအကြိုက်လဲ ဖြစ်ရမယ်၊ ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိစေမယ့်
မြန်မာ့ရိုးရာအစားအစာတွေကို ပြောပြပေးပါမယ်နော်….။

🛑 သွေးတိုးမတက်စေတဲ့ အသုပ်စုံများ
မြန်မာ့အစားအစာထဲမှာ အသုပ်တွေက လူကြိုက်များပါတယ်။ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေနဲ့ သုပ်ထားတဲ့အတွက် ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။

✅ ပဲသုပ်၊ လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ သခွားသီးသုပ်: ဒီအသုပ်တွေမှာ ပါဝင်တဲ့ ပဲနဲ့ ဟင်းသီးဟင်းရွက်တွေက ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာပါဝင်ပြီး သွေးတိုးကို ထိန်းချုပ်ပေးနိုင်ပါတယ်။

🔸ပြင်ဆင်နည်း: အသုပ်တွေကို သုပ်တဲ့အခါ ဆား၊ ငါးငံပြာရည် လျှော့သုံးပြီး သံပရာရည်၊ ပဲဆီ၊ မြေပဲလှော်တိုနဲ့ အရသာဖြည့်စွက်နိုင်ပါတယ်။ ပုစွန်ခြောက်အစား ပဲကြော်၊ မြေပဲဆံလိုမျိုး အဆာပလာတွေ အစားထိုးနိုင်ပါတယ်။

🛑 ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းချိုနဲ့ အသီးအရွက်ဟင်းများ
ဟင်းချိုနဲ့ အသီးအရွက်ဟင်းတွေကလည်း သွေးတိုးရှိသူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။

✅ အသီးအရွက်ဟင်းချို: ပုံမှန်ဟင်းချိုထဲမှာ ပါဝင်တဲ့ အသားတွေအစား မှို ၊ ကန်စွန်းရွက်၊ ဗူးသီး၊ ခဝဲသီး စတဲ့ အရွက်တွေကို ထည့်ပြီး ချက်စားနိုင်ပါတယ်။

🔸ငါးဖယ်/ပဲကြာဆံဟင်း: ငါးဖယ်နဲ့ ပဲကြာဆံဟင်းလို ဟင်းရည်တွေက အရသာရှိပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ အသားအစား ငါးဖယ်၊ ငါးအသားလွှာတွေ ထည့်သွင်းပေးနိုင်ပါတယ်။

🔸ကြက်သား၊ ငါးဟင်းလျာများ: ကြက်သားကို အဆီမပါတဲ့အပိုင်း ရွေးချယ်ပြီး ဆီအနည်းငယ်နဲ့ ချက်စားနိုင်ပါတယ်။ ငါးကိုလည်း ပေါင်းပြီးဖြစ်စေ၊ ဟင်းချိုချက်ပြီးဖြစ်စေ စားသုံးနိုင်ပါတယ်။

🚫သိထားသင့်တဲ့အချက်: ဟင်းချက်တဲ့အခါ အချိုမှုန့်၊ ဆီ၊ ဆား၊ ငါးငံပြာရည် စတာတွေကို လျှော့သုံးတာက အရေးကြီးပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်း စတာတွေကို ပိုမိုအသုံးပြုပေးခြင်းဖြင့် အရသာကို ထူးခြားအောင် ဖန်တီးနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဟာ အရသာမရှိဘူးဆိုတဲ့ အယူအဆကို ပြောင်းလဲပစ်ဖို အချိန်တန်ပါပြီ။ အစားအသောက်ကို ဂရုစိုက်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို ကာကွယ်နိုင်ပါတယ်။

သင်အကြိုက်ဆုံး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းပွဲက ဘာလဲ❔ Comment မှာ ဝင်ရောက် ဖြေဆိုပေးသွားကြပါဦးနော်…။

🚨 ဒီလိုမျိုး ဗဟုသုတ အကြောင်းအရာတွေ ၊ ပညာပေး အစီအစဉ်တွေကို တင်ဆက်ပေးသွားမယ့် Dr.Smith ရဲ့ Page လေးကိုလည်း Like & Follow လုပ်ပေးခဲ့ပါဦးနော်..။

#အိမ်မှာ #သွေးတိုးစေသောအစားအစာများ #သွေးပေါင်ကျခြင်း #ကျန်းမာရေးစစ်ဆေးခြင်း #သွေးပေါင်ချိန်စက်

⏳ နေ့စဉ်ဘဝမှာ အလေ့အကျင့်ကောင်းလေးတွေ ဖန်တီးပြီး သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ပါတယ်….။ ⬇️ အောက်မှာ ဖော်ပြထားတဲ့ ရိုးရှ...
05/09/2025

⏳ နေ့စဉ်ဘဝမှာ အလေ့အကျင့်ကောင်းလေးတွေ ဖန်တီးပြီး သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ပါတယ်….။

⬇️ အောက်မှာ ဖော်ပြထားတဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေကို နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးမယ်ဆိုရင် သွေးတိုးကျစေဖို အထောက်အကူပြုမှာပါ။

⭕️ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးပါ

သင့်တစ်နေ့တာ အစားအသောက်တွေထဲမှာ အသီးအရွက်နဲ့ အသီးအနှံတွေကို များများထည့်စားပါ။ အသီးအနှံတွေမှာ ပိုတက်ဆီယမ် (potassium) ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။ ဆားကိုလည်း လျှော့စားဖို အရေးကြီးပါတယ်။ အသင့်စား အစားအစာတွေနဲ့ အချိုရည်တွေမှာလည်း ဆားဓာတ်နဲ့ သကြားဓာတ်တွေ များပြားတာကြောင့် တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

⭕️ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ ဒါမှမဟုတ် ရေကူးတာလိုမျိုး လေ့ကျင့်ခန်းမျိုးကို လုပ်ပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို လျှော့ချပေးနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန်လမ်းလျှောက်ပေးတာကနေ စတင်နိုင်ပါတယ်။

⭕️ စိတ်ဖိစီးမှုကို ထိရောက်စွာ စီမံခန့်ခွဲပါ

စိတ်ဖိစီးမှု များနေချိန်မှာ သွေးဖိအားက မြင့်တက်လာတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချဖို နည်းလမ်းတွေ ရှာဖွေသင့်ပါတယ်။ တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ သီချင်း နားထောင်တာ ဒါမှမဟုတ် ဝါသနာပါရာတစ်ခုခုကို လုပ်ဆောင်တာမျိုးတွေက စိတ်ကို ငြိမ်သက်အေးချမ်းစေပြီး သွေးတိုးကို ထိန်းပေးနိုင်ပါတယ်။

⭕️ အိပ်ရေးဝဝအိပ်ပါ

အိပ်စက်မှုက ခန္ဓာကိုယ်နဲ့ စိတ်ကို ပြန်လည်လန်းဆန်းစေပြီး သွေးဖိအားကိုလည်း ထိန်းပေးပါတယ်။ ညဘက်ဆိုရင် အိပ်ချိန်ဟာ ပုံမှန် ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်သင့်ပါတယ်။ အိပ်ရေးမဝတာက သွေးတိုးနဲ့ ဆက်စပ်နေနိုင်တာကြောင့် အိပ်ချိန်ကို အလေးထားဖို လိုအပ်ပါတယ်။

ဒီအကြံပြုချက်တွေထဲက ဘယ်ဟာကို သင် အရင်ဆုံး စလုပ်ကြည့်မလဲ? ဆိုတာ Comment မှာ မှတ်ချက် ပေးသွားကြပါဦးနော်။

#သွေးတိုးစေသောအစားအစာများ #သွေးပေါင်ကျခြင်း #မနက်ခင်းမှာစစ်လိုက်ပါ #ကျန်းမာရေးစစ်ဆေးခြင်း #အိမ်မှာ #သွေးပေါင်ချိန်စက်

🧑‍⚕️သွေးတိုးအကြောင်း လူသိနည်းတဲ့ အယူအဆမှားများ…သွေးတိုးရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပေမဲ့...
16/08/2025

🧑‍⚕️သွေးတိုးအကြောင်း လူသိနည်းတဲ့ အယူအဆမှားများ…

သွေးတိုးရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပေမဲ့ သူ့အကြောင်းကို မှားယွင်းစွာသိရှိနေကြတာတွေ အများကြီးရှိပါတယ်။ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဒီရောဂါအကြောင်းကို အမှန်အတိုင်းသိရှိထားဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာတော့ သွေးတိုး နဲ့ပတ်သက်ပြီး လူအများဆုံး မှားတတ်တဲ့ အယူအဆ တွေကို ဖြေရှင်းပေးသွားပါမယ်။

1️⃣ “အသက်ကြီးမှသာ သွေးတိုးဖြစ်တတ်တယ်”
🔺ဒီအယူအဆက လုံးဝမှားပါတယ်။ အသက်ကြီးသူတွေမှာ သွေးတိုးဖြစ်နိုင်ခြေ ပိုများတာ မှန်ပေမဲ့ အသက်ငယ်ရွယ်သူတွေ၊ ဆယ်ကျော်သက်တွေနဲ့ ကလေးတွေမှာတောင် သွေးတိုးဖြစ်နိုင်ပါတယ်။ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်များတာ၊ အဆီဓာတ်နဲ့ ဆားဓာတ်များတဲ့ အစားအသောက်တွေ စားသုံးတာတွေကြောင့် အသက်ငယ်ငယ်နဲ့လည်း သွေးတိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်မရွေး သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

2️⃣ “သွေးတိုးရှိရင် ခေါင်းမူး၊ ဇက်ကြောတက်တတ်တယ်”
🔺ဒီလိုခံစားရတိုင်း သွေးတိုးနေပြီလို့ ယူဆလို့မရပါဘူး။ သွေးတိုးရောဂါရဲ့ အန္တရာယ်အရှိဆုံးအချက်ကတော့ လက္ခဏာမပြတတ်တာ ပါပဲ။ လူနာအများစုဟာ သွေးပေါင်ချိန် အရမ်းများနေရင်တောင် ဘာလက္ခဏာမှ မပြတတ်ကြပါဘူး။ ဒါကြောင့် သွေးတိုးကို "တိတ်တဆိတ် လူသ-တ်သမား " (Silent Killer) လို့တောင် ခေါ်ကြတာပါ။ တကယ်လို့ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ ဖြစ်ပြီဆိုရင်တောင် အတိအကျသိရဖို့အတွက် သွေးပေါင်ချိန် တိုင်းတာကြည့်ဖို့ လိုအပ်ပါတယ်။

3️⃣ “သွေးပေါင်ကျဆေး သောက်နေရရင် ရပ်လို့မရတော့ဘူး”
🔺ဒီအချက်က အမှန်တစ်ဝက်၊ အမှားတစ်ဝက်ပါ။ သွေးတိုးကျဆေးကို ဘဝတစ်လျှောက်လုံး သောက်ရတတ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း စနစ်တကျ သောက်သုံးပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်မယ်၊ အစားအသောက် ဆင်ခြင်မယ်ဆိုရင် ဆေးပမာဏ လျှော့ချလို့ရနိုင်သလို အခြေအနေကောင်းလာရင် ဆေးရပ်နားလို့လည်း ရနိုင်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်လိုက်တာမျိုးကတော့ အလွန်အန္တရာယ်များပါတယ်။

4️⃣ “သွေးတိုးရှိရင် ဆားလျှော့စားရုံနဲ့ ရပြီ”
🔺ဆားလျှော့စားတာက သွေးတိုးကို ထိန်းချုပ်ရာမှာ အလွန်အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆားတစ်ခုတည်းကြောင့် ဖြစ်ရတာမျိုးတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ စိတ်ဖိစီးမှုများတာ၊ အစားအသောက်ပုံစံ မမှန်တာ၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်တာ စတဲ့ အချက်တွေကလည်း သွေးတိုးကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆားလျှော့စားရုံတင်မကဘဲ ဘဝနေထိုင်မှုပုံစံကိုပါ ပြောင်းလဲဖို့ လိုအပ်ပါတယ်။

အထက်ပါအယူအဆမှားတွေကို သိရှိထားခြင်းဖြင့် သွေးတိုးရောဂါကို ပိုမိုမှန်ကန်စွာ ကာကွယ်၊ ကုသနိုင်မှာ ဖြစ်ပါတယ်။

သင်သိထားတဲ့ တခြားအယူအဆမှားတွေရော ရှိသေးလား?
Comment မှာ မန့်ပေးခဲ့ကြပါဦးနော်…။

#သွေးတိုးစေသောအစားအစာများ #မနက်ခင်းမှာစစ်လိုက်ပါ #သွေးပေါင်ကျခြင်း #သွေးပေါင်ချိန်စက် #ကျန်းမာရေးစစ်ဆေးခြင်း #အိမ်မှာ

🏥 ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာပဲ သွေးပေါင်ချိန်တိုင်းတာခြင်းရဲ့ အားသာချက်များ! 👩‍⚕️သွေးတိုး/သွေးကျ ရှိသူတွေအတွက် သွေးပေါ...
25/07/2025

🏥 ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာပဲ သွေးပေါင်ချိန်တိုင်းတာခြင်းရဲ့ အားသာချက်များ! 👩‍⚕️

သွေးတိုး/သွေးကျ ရှိသူတွေအတွက် သွေးပေါင်ချိန်ကို ပုံမှန်စောင့်ကြည့်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ ဆေးခန်းသွားပြီးတိုင်းတာရတာက အချိန်ကုန်သလို အလုပ်ရှုပ်တယ်လို့ ခံစားရဖူးလား။ ဒါဆိုရင် အိမ်မှာပဲ မိမိဘာသာ သွေးပေါင်ချိန်တိုင်းတာခြင်းက ဘယ်လိုကောင်းကျိုးတွေ ပေးလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

🔸 အိမ်မှာတိုင်းတာခြင်းက ပိုလွယ်ပြီး ပိုအဆင်ပြေပါတယ်!
ဆေးခန်းမှာဆိုရင် ဖွင့်ချိန်ပိတ်ချိန်ရှိသလို တန်းစီစောင့်ရတာမျိုးတွေနဲ့ အချိန်ကုန်တတ်ပါတယ်။ အိမ်မှာဆိုရင်တော့ ကိုယ်အားတဲ့အချိန်၊ ကိုယ်လိုတဲ့အချိန်တိုင်း စိတ်ကြိုက်တိုင်းတာနိုင်တာပေါ့။

🔸 ကိုယ်ပိုင်လွတ်လပ်မှုအပြည့်နဲ့ စိတ်အေးလက်အေး တိုင်းတာနိုင်ပါတယ်!
ဆေးခန်းလို လူများတဲ့နေရာမျိုးမှာ တိုင်းတာတာထက် ကိုယ့်အိမ်မှာ စိတ်အေးလက်အေး၊ သက်တောင့်သက်သာ တိုင်းတာရတာက ပိုပြီးလွတ်လပ်မှုရှိပါတယ်။

🔸 ငွေကုန်ကြေးကျ လည်း သက်သာစေပါတယ်!
တစ်ခါပဲ သွေးပေါင်ချိန်တိုင်းစက်ဝယ်ထားရုံနဲ့ ရေရှည်အတွက် ဆေးခန်းသွားစရိတ်တွေ၊ ကားခတွေ သက်သာစေပါတယ်။

🔸 "White-coat" သွေးတိုးကို ရှောင်ရှားနိုင်ပါတယ်!
တစ်ချို့သူတွေက ဆေးခန်းရောက်ရင် စိတ်လှုပ်ရှားပြီး သွေးပေါင်ချိန်တက် တတ်ကြပါတယ်။ ဒါကို "White-coat hypertension" လို့ ခေါ်ပါတယ်။ အိမ်မှာ စိတ်ဖိစီးမှုမရှိဘဲ တိုင်းတာတဲ့အခါ ပိုပြီးတိကျတဲ့ သွေးပေါင်ချိန်ကို သိနိုင်ပါတယ်။

🔸 သွေးပေါင်ချိန်အတက်အကျကို တိတိကျကျ သိနိုင်ပါတယ်!
နေ့စဉ်ပုံမှန် အိမ်မှာတိုင်းတာခြင်းအားဖြင့် ကိုယ့်ရဲ့သွေးပေါင်ချိန် ဘယ်လိုအတက်အကျရှိလဲဆိုတာကို အမှန်အတိုင်း သိနိုင်ပြီး လိုအပ်တဲ့ ကျန်းမာရေးစီမံခန့်ခွဲမှုကို ပိုကောင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အိမ်မှာပဲ သွေးပေါင်ချိန်တိုင်းတာခြင်းက သင့်အတွက် အချိန်ကုန်သက်သာစေရုံသာမက စိတ်ကို လွတ်လပ်စေပြီး ပိုပြီးတိကျတဲ့ ရလဒ်တွေကိုလည်း ပေးစွမ်းနိုင်တာကို တွေ့ရမှာပါ။

ဒါဆို သင်ရော...
အိမ်မှာပဲ သွေးပေါင်ချိန်တိုင်းတာကို ပိုသဘောကျလား? ကွန်မန့်မှာ ပြောပြခဲ့ဦးနော်!

#အိမ်မှာ သွေးပေါင်ချိန်ခြင်း Vs ဆေးခန်းမှာ သွေးပေါင်ချိန်ခြင်း #မနက်ခင်းမှာစစ်လိုက်ပါ #သွေးပေါင်ကျခြင်း #သွေးပေါင်ချိန်စက် #ကျန်းမာရေးစစ်ဆေးခြင်း #သွေးတိုးစေသောအစားအစာများ

အာဇာနည်‌နေ့ ရုံးပိတ်ရက် ကြေညာခြင်း~~~~~~~~~~~~~~~~~~~~~~~~~~~~~~~𝐃𝐫.𝐒𝐦𝐢𝐭𝐡 အား အစဉ်တစိုက် အားပေးလာကြသော မိတ်ဟောင်း မိတ်သစ...
19/07/2025

အာဇာနည်‌နေ့ ရုံးပိတ်ရက် ကြေညာခြင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

𝐃𝐫.𝐒𝐦𝐢𝐭𝐡 အား အစဉ်တစိုက် အားပေးလာကြသော မိတ်ဟောင်း မိတ်သစ်များ ခင်ဗျာ
၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ (စနေနေ့) သည် ◤အာဇာနည်‌နေ့ ◢ ဖြစ်တဲ့အတွက် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ရုံးချုပ်နှင့် ရုံးခွဲများ အားလုံး ပိတ်ထားမည် ဖြစ်ပြီး ပစ္စည်းပို့ဆောင်ခြင်း ၊ ငွေကောက်ခံခြင်း ၊ စာပြန်ခြင်း ဝန်ဆောင်မှုများ ခေတ္တ ရပ်နားထားမည်ဖြစ်ကြောင်း ကြိုတင် အသိပေး ကြေညာအပ်ပါသည်။

#အာဇာနည်နေ့ #ရုံးပိတ်ရက် #ဗိုလ်ချုပ်အောင်ဆန်း #ဝါဆိုလပြည့်နေ့ #သွေးပေါင်ချိန်စက် #ဗုဒ္ဓနေ့ #မနက်ခင်းမှာစစ်လိုက်ပါ #ရုံးပိတ်ရက်ကြေညာခြင်း #သွေးပေါင်ကျခြင်း #ကျန်းမာရေးစစ်ဆေးခြင်း #အသုံးပြုပုံအဆင့်ဆင့် #နှစ်သစ်အတွက်

📣 ရုံးပိတ်ရက် အသိပေးကြေညာခြင်း 📣ဝါဆိုလပြည့်နေ့ (ဇူလိုင် ၉ ရက် ဗုဒ္ဓဟူးနေ့) ဟာ ရုံးပိတ်ရက်ဖြစ်ပါကြောင်း ကြေညာအပ်ပါတယ်ခ င်...
09/07/2025

📣 ရုံးပိတ်ရက် အသိပေးကြေညာခြင်း 📣

ဝါဆိုလပြည့်နေ့ (ဇူလိုင် ၉ ရက် ဗုဒ္ဓဟူးနေ့) ဟာ ရုံးပိတ်ရက်ဖြစ်ပါကြောင်း ကြေညာအပ်ပါတယ်ခ င်ဗျာ။ ဒါကြောင့် 𝐃𝐫.𝐒𝐦𝐢𝐭𝐡 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံး ပိတ်ထားမည် ဖြစ်ပါကြောင်း ကြိုတင်လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျ🙏🏻
အဆိုပါရုံးပိတ်ရက်အတွင်း သိလိုသောအကြောင်းအရာများအား 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗮𝗻𝗴𝗲𝗿 တွင်မေးမြန်းထားနိုင်ပြီး ရုံးဖွင့်ရက်(ဇူလိုင်လ ၁၀ရက်နေ့) တွင် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျ။

🙏🏻ဝါဆိုလပြည့်နေ့ရဲ့ အနှစ်သာရက ဘာလဲဆိုတော့ မြတ်စွာဘုရားရှင်ရဲ့ သန္ဓေတည်ခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ပဉ္စဝဂ္ဂီငါးဦးတို့ ရဟန်းအဖြစ်ကို ရောက်ရှိခြင်း စတဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေ စုပေါင်းဆုံစည်းတဲ့ အခါသမယပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့လေးမှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး စိတ်ရောကိုယ်ပါ ချမ်းသာသုခ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!
အားလုံးပဲ ဝါဆိုလပြည့်နေ့မှာ ကုသိုလ်လည်းယူ၊ အနားလည်းယူပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ! 🙏

#ဝါဆိုလပြည့်နေ့ #သွေးပေါင်ကျခြင်း #သွေးပေါင်ချိန်စက် #ကျန်းမာရေးစစ်ဆေးခြင်း #မနက်ခင်းမှာစစ်လိုက်ပါ #ရုံးပိတ်ရက်ကြေညာခြင်း #ရးပိတ်ရက် #ရုံးပိတ်ရက် #ဗုဒ္ဓနေ့

Address


Telephone

+959946500500

Website

Alerts

Be the first to know and let us send you an email when Dr.Smith Digital Blood Pressure Monitor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram