ကျန်းမာသုတ - Health education & Health Care

  • Home
  • ကျန်းမာသုတ - Health education & Health Care

ကျန်းမာသုတ - Health education & Health Care ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ရေးသားဖော်ပြနေသော page ဖြစ်ပါသည်။

11/09/2025
11/09/2025

☝️တစ်မိနစ်ပဲ အချိန်ပေးပါ
✅ တစ်မိနစ်နဲ့ ဆီးချိုဖြစ်နိုင်ခြေ အခမဲ့ စစ်နိုင်မယ့် telegram bot

ကျန်းမာသုတ ချန်နယ် ပျက်သွားလို့ Healthy Life Myanmar channel အသစ်ပြန်လုပ်ပြီး health education video တွေပြန်တင်နေပါတယ်။ ...
30/01/2025

ကျန်းမာသုတ ချန်နယ် ပျက်သွားလို့ Healthy Life Myanmar channel အသစ်ပြန်လုပ်ပြီး health education video တွေပြန်တင်နေပါတယ်။ Subscribe လုပ်ပေးကြပါအုံး။
Health education by Doctor AKS
https://youtu.be/l8p9-2bArsA?si=-l0_ASg9uLnDJR-E

27/01/2025

ပန်းသေပန်းညှိုးရောဂါ (Erectile Dysfunction) မဖြစ်အောင် အကြံပြုချက် ၅ ချက်ကို ရှင်းပြပါမယ်။

1. **ကျန်းမာရေးကောင်းမွန်စွာ ထိန်းသိမ်းပါ**: ကျန်းမာရေးကောင်းမွန်စွာ ထိန်းသိမ်းခြင်းက ပန်းသေပန်းညှိုးရောဂါကို ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စတဲ့ ရောဂါတွေကို ထိန်းချုပ်ထားဖို့ လိုအပ်ပါတယ်။

2. **ကျန်းမာသော အစားအသောက် စားပါ**: အဆီနည်းပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ပန်းသေပန်းညှိုးရောဂါကို ကာကွယ်နိုင်ပါတယ်။

3. **ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပါ**: ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ပါတယ်။ ဒါကလည်း ပန်းသေပန်းညှိုးရောဂါကို ကာကွယ်နိုင်ပါတယ်။

4. **စိတ်ဖိစီးမှု လျော့ပါးစေပါ**: စိတ်ဖိစီးမှုများခြင်းက ပန်းသေပန်းညှိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျော့ပါးစေဖို့ အနားယူခြင်း၊ မေ့လျော့ခြင်း၊ နှလုံးသွေးလည်ပတ်မှု ကောင်းမွန်စေဖို့ လေ့ကျင့်ခန်း ပြုလုပ်ခြင်း စတာတွေကို လုပ်ပါ။

5. **အရက်နှင့် ဆေးလိပ် သောက်သုံးခြင်း ရှောင်ပါ**: အရက်နှင့် ဆေးလိပ် သောက်သုံးခြင်းက သွေးလည်ပတ်မှုကို ထိခိုက်စေပြီး ပန်းသေပန်းညှိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ အရက်နှင့် ဆေးလိပ် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

ဒီအကြံပြုချက်တွေက ပန်းသေပန်းညှိုးရောဂါကို ကာကွယ်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။

01/06/2023

ဝမ်းပျော့ဆေး Biscodyl အကြောင်း ဆေးဝါးဆိုင်ရာ သိမှတ်စရာ

31/05/2023

ကျောက်ကပ်ထိခိုက်ပျက်စီးစေတဲ့ အပြုအမူ ၁၀ ခု _ ကျောက်ကပ်ထိမှာတကယ်ကြောက်ရင်ရှောင်ပါ

31/05/2023

ရေကြီးရေလျှံမှုဖြစ်ပြီးတဲ့ ဒေသတွေမှာ ပိုဖြစ်နိုင်ပြီး ၊ မြန်မာနိုင်ငံမှာလည်း တွေ့ရများတဲ့ Leptospirosis ရောဂါအကြောင်း။

ရာသီဥတုပူလာလို့၊ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်ရအောင် သတိပြုကာကွယ်ကြပါ။
01/04/2023

ရာသီဥတုပူလာလို့၊ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်ရအောင် သတိပြုကာကွယ်ကြပါ။

📢📢📢ရာသီဥတုပူလာပြီမို့ အပူကြောင့်ဖြစ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို သိထားပြီး ကာကွယ်နိုင်ဖို့မျှဝ....

31/10/2022

အစာမကြေဖြစ်ခြင်း (Dyspepsia/Indigestion)

အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေတက်၊ ပျို့အန်တာ၊ ရင်ခေါင်းအောင့်တာ နာတာတွေက လူတိုင်းနီးနီး ဖြစ်ဖူးတဲ့ ရောဂါလက္ခဏာတွေပါပဲ။

ဒါတွေအားလုံးကို အစာမကြေဖြစ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ထားပြီး ကုကြရတယ်။

အစာမကြေတာက ရောဂါနံမည် မဟုတ်သေးပါဘူး။ ရောဂါလက္ခဏာစု တခုပါ။

သူ့ကို ဖြစ်စေတဲ့ အကြောင်းတရားတွေက သက်သက်ရှိပါတယ်။ အစာမကြေဖြစ်တယ် ဘာကြောင့်ဖြစ်တာလဲဆိုတာ စမ်းသပ်စစ်ဆေးကြည့်ဖို့ လိုအပ်ပါသေးတယ်။

အစာမကြေဖြစ်တိုင်း လူတိုင်းကို အကုန် စစ်ဆေး စမ်းသပ်ရမှာလားဆိုတော့ မဟုတ်ပြန်ဘူး။

လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရမယ့် အချက်တွေနဲ့ ကိုက်ညီတဲ့သူတွေကို ခွဲထုတ်ပြီး ပြုလုပ်ရပါမယ်။

တကယ်တော့ အစာမကြေဖြစ်တဲ့သူ ၁၀ ယောက်မှာ တယောက်လောက်ပဲ ဆေးရုံဆေးခန်းကို လာပြတတ်ကြပါတယ်။ အဲ့ဒီထဲကမှ ၁၀ ယောက်မှာ တယောက်လောက်ကပဲ ဆိုးဆိုးဝါးဝါး နောက်ဆက်‌တွဲ ရောဂါတွေ စစ်ဆေးတွေ့ရှိတတ်ကြတာပါ။

အစာမကြေဖြစ်တယ်ဆိုတိုင်း ကြောက်နေဖို့ မလိုသလို၊ ပေါ့ဆလို့လည်း မရပါဘူး။

ဥပမာ။ အစာအိမ်ပိုးရှိတယ်ဆိုရင် စောစောကုရပါမယ်။ မကုရင် အစာအိမ်အနာဖြစ်တာ၊ အူသိမ်ဦးပိုင်းမှာ အနာဖြစ်တာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အစာအိမ်ရောင်တာ၊ အစာအိမ်ကင်ဆာဖြစ်တာတွေအပြင် တခြား အစာအိမ်အူလမ်းကြောင်းနဲ့ မဆိုင်တဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေ၊ သွေးရောဂါတွေ၊ အဆီပြဿနာတွေအပြင် အမှတ်မထင် ရုတ်တရက်သေဆုံးတာမျိုးတွေထိပါ ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် နာတာရှည် အစာအိမ်ရောင်တာကြောင့် သွေးအားနည်းတာတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဟုတ်ပြီ။ ဒီတော့ ကုကြပြီဆိုပါတော့။

ကုသနည်း မမှန်ပြန်ရင်လည်း ဒုက္ခရောက်ကြရဦးမယ်။
ဥပမာ။ PPIs တွေကို အလွန်အကျွံသုံးတာ၊ ဆေးပမာဏ အများကြီးသုံးတာ၊ အကြာကြီးသုံးတာကလည်း ဘေးဖြစ်စေပါတယ်။
ဥပမာ။ PPI ဆေးတွေကြောင့် အက်စစ်နည်း‌နေတာကို အက်စစ်ပြန်များအောင်လုပ်တဲ့ ဟိုမုန်းဆဲလ်တွေက တရားလွန် အလုပ်တွေလုပ်ရင်း ကင်ဆာပြောင်းသွားတာမျိုး။
ဒါ့အပြင် PPI တွေရဲ့ အာနိသင်ကြောင့် နှလုံးမှာ ပြဿနာတွေလည်း ဖြစ်စေပါတယ်။
ဒါအပြင် ရေရှည်သုံးရင် ကျောက်ကပ်ကို ထိခိုက်နိုင်ချေလည်း ရှိနေပြန်တယ်။

PPI တွေပဲဆိုးတာလားဆိုတော့ တခြားဆေးတွေကလည်း သူ့ဟာနဲ့သူ ဆိုးကျိုးတွေ ရှိနေပြန်ရော။
ဥပမာ။ Ranitidine နဲ့ ကင်ဆာနဲ့ ဆက်စပ်တာ တွေ့ရှိတယ်ဆိုတာမျိုး။

ဒါကြောင့် လူနာတွေကလည်း မြန်မြန်မပျောက်ချင်နဲ့။
ဆရာဝန်တွေကလည်း မြန်မြန် မပျောက်ချင်နဲ့။

ဆေးစာအုပ်လေးပြပြပြီး ဆေးဆိုင်မှာပဲ ဆေးတွေ အကြာကြီး ဝယ်သောက်မနေနဲ့။

နည်းမှန် လမ်းမှန်နဲ့ ကုသတာဟာ ဘေးကင်း စိတ်ချရဆုံးဖြစ်ပါတယ်။

ဒေါက်တာသန်းထိုက် (ဖြူး)

31/10/2022

Address


Telephone

+959767575706

Website

Alerts

Be the first to know and let us send you an email when ကျန်းမာသုတ - Health education & Health Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကျန်းမာသုတ - Health education & Health Care:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram