စွမ်းဆေးခန်းနှင့်ဆေးဆိုင်

  • Home
  • စွမ်းဆေးခန်းနှင့်ဆေးဆိုင်

စွမ်းဆေးခန်းနှင့်ဆေးဆိုင် For Save Our Life

Composition - Pantoprazole 40mgအစာအိမ်နှင့်အူလမ်းကြောင်းအနာကုသရေးဆေး (ထိုးဆေး) ဖြစ်ပြီး ဆေးတစ်ပုလင်းတွင် Pantoprazole 40...
07/03/2024

Composition - Pantoprazole 40mg

အစာအိမ်နှင့်အူလမ်းကြောင်းအနာကုသရေးဆေး (ထိုးဆေး) ဖြစ်ပြီး ဆေးတစ်ပုလင်းတွင် Pantoprazole 40mg ပါဝင်ပါတယ် ။

တစ်ဘူးမှာ 1 vial နှင့်အတူ water for injection 10ml 1bot ပါဝင်ပါတယ် ။

လက်လီ လက္ကားမှာယူရရှိနိုင်ပါသည်။

Inj: Furosemide 20mg ပြန်ရပါပြီ
08/01/2024

Inj: Furosemide 20mg ပြန်ရပါပြီ

ဗိုက်ဘာလို့ အောင့်ရတာလဲ?---------------------------------------------ဗိုက်နာတယ်၊ ဗိုက်အောင့်တယ် ဆိုတာ လူတိုင်းဖြစ်ဖူးနေတ...
04/01/2024

ဗိုက်ဘာလို့ အောင့်ရတာလဲ?
---------------------------------------------
ဗိုက်နာတယ်၊ ဗိုက်အောင့်တယ် ဆိုတာ လူတိုင်းဖြစ်ဖူးနေတဲ့ အရာတစ်ခုပါ။ ဗိုက်အောင့်တယ်ဆိုတာနဲ့ လူတိုင်းက လေအောင့်တာကို ပဲ အရင်ပြေးမြင်ကြပြီး အစာအိမ်အောင့်တယ်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ သင့်ကို ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တွေ အများကြီးရှိပါတယ်။ သူတို့က ဘာတွေလဲဆိုတာ ကြည့်ကြရအောင်။

ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တွေက ဘာတွေလဲ
ဗိုက်ထဲမှာ အစာအိမ်နဲ့ အူတင် မဟုတ်ဘဲ တခြား ကလီစာတွေလည်းရှိတာကြောင့် ဗိုက်နာတာကိုဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ခုပြောပြပေးမှာကတော့ သူတို့ကဘာတွေလဲ။ ဘယ်လို လက္ခဏာတွေ ရှိတတ်လဲ ဆိုတာပါ။

၁။ အစာအိမ်အောင့်တာ

အစာမကြေ လေအောင့်တယ်ဆိုတာ အဖြစ်အများဆုံး ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တစ်ခုပါ။ ဗိုက်ဆာလာရင် ဗိုက်ထဲ ဟာတာတာဖြစ်ပြီး နာလာတာ၊ စားပြီးရင်လည်း အစာမကြေဘဲ ဗိုက်ထဲလေပွပြီးအောင့်နေတတ်တာမျိုးပါ။

၂။အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာ

အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာကြောင့် ရင်ပူပြီး ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါသေးတယ်။

၃။အစာအဆိပ့်သင့်တာကြောင့် ဝမ်းလျှောတာ

စားလိုက်တဲ့ အစားအသောက်တွေ မသန့်ရှင်းလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့သူတိုင်း ဗိုက်ရစ်နာတာကို ခံစားဖူးကြမှာပါ။

၄။ အူရောင်တာ

ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ နံရံတွေ ရောင်ပြီး ဗိုက်အောင့်တတ်ပါတယ်။ အူရောင် နေတဲ့အချိန်ဆို ဗိုက်ကြီးကလည်း အမြဲ တင်းနေတတ်ပါတယ်။

၅။Irritable Bowel Syndrome

အူလှုပ်ရှားမှု မူမမှန်တဲ့ရောဂါဟာ ဗိုက်အောင့်တတ်စေတဲ့ အကြောင်းအရင်းများစွာထဲက တစ်ခုပါ။ IBS ရောဂါနဲ့ မတည့်တဲ့၊ လေထစေတဲ့ ပဲတို့၊ နို့တို့ စားမိရင် ပိုဖြစ်တတ်ပါတယ်။

၆။အူအတက်ရောင်တာ

အူအတက်ရောင်တယ်ဆိုတာ လူတွေကို တော်တော်များများကို ဒုက္ခပေးနေတဲ့ ဗိုက်အောင့်တဲ့ပြဿနာတစ်ခုပါ။ အူအတက်ရောင်တဲ့ လက္ခဏာတွေမှာဆို ဗိုက်အောင့်မယ်၊ ပျို့အန်မယ်၊ ကိုယ်ပူမယ် စတဲ့ သုံးမျိုးပါရပါမယ်။

၇။အူပုပ်တာ

အကြောင်းကြောင်းကြောင့် အူဆီကို သွားတဲ့ သွေးတွေ ကောင်းကောင်း မရောက်နိုင်တော့တဲ့အခါ အူတွေပုပ်ပြီး ဗိုက်အောင့်တဲ့ ဝေဒနာအပြင် ဗိုက်တစ်ပြင်လုံး တောင့်နေတာကို ခံစားရမှာပါ။

၈။အစာမကြေတာ
အစာမကြေတာကြောင့် ဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်းမှာ လေထိုးလေအောင့်တာအပြင် အီလည်လည် ခံစားမှုကိုပါခံစားရမှာပါ။

၉။အမျိုးသမီးများဓမ္မတာ ကြောင့် ကိုက်ခဲတာ

ရာသီလာချိန်မှာ ကိုက်ခဲတဲ့ ဝေဒနာကို မိန်းကလေးတိုင်း ခံစားဖူးတတ်ကြမှာပါ။ ဒါကလည်း ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တစ်ခုပါပဲ။

၁၀။ သည်းခြေမှာ ကျောက်တည်တာ

သည်းခြေမှာ ဖြစ်တတ်တဲ့ ကျောက်လေးတွေကြောင့် သင်အစာမကြေ ရင်ပြည့်သလို ခံစားရမယ့်အပြင် ဗိုက်အောင့်တာကိုပါ ခံစားရမှာပါ။

၁၁။အသည်းရောင်အသားဝါကြောင့် အော့င်တာ

ဗိုက်ရဲ့ ညာဘက်အခြမ်းမှာ အောင့်တဲ့ ဝေဒနာကိုခံစားရပြီး မျက်လုံးတို့ အသားတို့လည်း အဝါရောင် ပြောင်းလာမယ်ဆိုရင် သင် အသည်းရောင်တာ ဖြစ်ဖို့များပါတယ်။

၁၂။ဆီးကျောက်တည်တာ

ဆီးကျောက်တည်ရင် ဆီးသွားတဲ့အချိန်မှပဲ နာကျင်တဲ့ ဝေဒနာကို ခံစားရတာ မဟုတ်ပါဘူး။ ကျောက်ကပ်ရှိတဲ့ ခါးနောက်နား နှစ်ဘက်လုံး ဒါမှမဟုတ် တစ်ဘက်ချင်းစီကနေ အောင့်တတ်ပါတယ်။

၁၃။ မုန့်ချိုအိတ်ရောင်တာ

ဆီးချိုရောဂါ မဖြစ်အောင်လို့ ထိန်းပေးနေတဲ့ အင်ဆူလင်ထုတ်တဲ့နေရာ မုန့်ချိုအိတ် ရောင်ရင်လည်း ဗိုက်အောင့်တဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်။

၁၄။သားဥအိမ်မှာတည်နေတဲ့ အရည်အိတ်ကွဲ သွားတာ

မိန်းကလေးအများစုမှာဖြစ်တတ်ကြတဲ့ သားဥအိမ်အရည်အိတ်က အရမ်းကြီးသွားတဲ့အခါ ပေါက်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်ဆို ဗိုက်မခံမရပ်နိုင်အောင် အောင့်မယ့်အပြင် သွေးတွေလည်းယိုတတ်လို့ ရေဓာတ်ခမ်းခြောက်ပြီး ရှော့ခ်ပါရသွားနိုင်ပါတယ်။

၁၅။ကင်ဆာ

ကင်ဆာရောဂါ ရင့်လာတာနဲ့ အမျှ အကျိတ်က ဟိုဖိ ဒီဖိနဲ့ ဗိုက်နာတတ်ပါတယ်။ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ သားဥပြွန်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာတို့ဟာ နာမည်ကြီးကင်ဆာတွေပါ။

ဒါတွေကတော့ အစာခြေစနစ်နဲ့ ဆိုင်တဲ့ အကြောင်းရင်းတွေပါ။ အစာခြေစနစ်နဲ့ မဆိုင်ဘဲ နှလုံးသွေးကြောကျဉ်းတာ၊ အဆုတ်ရောင်တဲ့ ရောဂါတွေမှာလည်း ဗိုက်အောင့်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။
ဘယ်လို အချိန်ဆို ဆရာဝန်ဆီသွားပြရမလဲ။

သာမာန် လေထိုး၊ လေအောင့်တာလောက်ကတော့ ဆေးစားဆေးသောက်လိုက်ရင် ပျောက်ပေမယ့် ချက်ချင်း ဆေးကုသမှု ခံယူသင့်တာတွေလည်းရှိပါတယ်။ ကိုယ်ဗိုက်အောင့်တာလည်း ၁ရက်နဲ့ အထက် ဖြစ်နေမယ်၊ နာလိုက်ပျောက်လိုက်နဲ့ ကောင်းကောင်းမသက်သာပဲ ဖြစ်နေမယ်၊ ဗိုက်ကတစ်ချိန်လုံး မခံမရပ်နိုင်အောင် အောင့်နေမယ်၊ ဗိုက်အောင့်တာ အပြင် ဖျားမယ်၊ နာမယ်၊ ပျို့အန်တာတွေရှိမယ်၊ ဝမ်းမည်းမည်းတွေသွားမယ်၊ ဝမ်းသွားရင်သွေးပါမယ်၊ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားမယ်ဆိုရင်တော့ ပေါ့ဆမနေဘဲ ဆရာဝန်ဆီချက်ချင်းသွားသင့်ပါတယ်။

Thin Yadanar@Frances

လူကြီးမင်းတို့အတွက်   (အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု)==================================📣အကြောင်းအမျိုးမျိုးကြောင...
04/01/2024

လူကြီးမင်းတို့အတွက်
(အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု)
==================================
📣အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ၊ဆေးခန်း
သွားရောက်ပြရန် အခက်အခဲရှိသူများအတွက်....

📌အိမ်တိုင်ရာရောက်ရရှိနိုင်သော အထူးကျန်းမာရေးဝန်ဆောင်မှုများဖြစ်သည့်

✅အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများပေး
ခြင်း။

✅အိမ်တိုင်ရာရောက်ဆေးသွင်း၊ဆေးချိတ်
ပြုလုပ်ပေးခြင်း။

✅အိမ်တိုင်ရာရောက် အစာပိုက် ၊ ဆီးပိုက်
တပ်ဆင်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း။

✅အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံပေး
ခြင်း။

✅အနာသန့်စင်၍ဆေးထည့်(Dressing)
ပြုလုပ်ပေးခြင်း။

✅ အခြားလိုအပ်သော ကျန်းမာရေးတိုင်ပင်
ဆွေးနွေးမှုစသည့် ဝန်ဆောင်မှုများကို
လူကြီးမင်းတို့အတွက် ကျွန်တော်တို့
စွမ်းဆေးခန်းတွင် ရရှိနိုင်ပါသည်။

အအေးမိ-နှာစေး-ချောင်းဆိုးခြင်းအတွက် ကာကွယ်ရန်နည်းလမ်းများအအေးမိဖျားနာခြင်းကြောင့် အသက် အန္တရာယ်မစိုးရိမ်ရသောငြား၊ အဖျားပ...
31/12/2023

အအေးမိ-နှာစေး-ချောင်းဆိုးခြင်းအတွက် ကာကွယ်ရန်နည်းလမ်းများ
အအေးမိဖျားနာခြင်းကြောင့် အသက် အန္တရာယ်မစိုးရိမ်ရသောငြား၊ အဖျားပျောက်ပြီး ချောင်းတဟွတ်ဟွတ်စွဲကျန်ရစ်ခဲ့ကာ မိသားစုဝင် များနှင့် ပတ်ဝန်းကျင်ရှိသူများ ကို လက်ဆင့်ကမ်းမကူးစက်ရလေအောင် ကာကွယ်နည်းလေးပြောပြပေးချင်ပါတယ်

အခုလိုချမ်းအေးလှတဲ့ကာလတွေမှာရာသီဖျား (ခေါ်) အအေးမိ၍နှာစေးချောင်းဆိုးခြင်းများ ဖြစ်လာ ကြပါပြီ။ ပြင်ပ နှင့်ထိတွေ့ဆက် ဆံနေရသော အလုပ်သမားဝန်ထမ်းများသာမက၊ ကျောင်းနေ ရွယ်ကလေးများအားလုံး ကိုယ်ခံအားမကောင်းရင်၊ ကူးစက်ရာသီ ဖျားပိုးမွှားများ အလွယ်တကူ ကူးစက်ကာ အလုပ်ပျက်/ကျောင်းပျက်ဖြင့် စိတ်ညစ်စရာပါ။ အအေးမိဖျားနာခြင်းကြောင့် အသက် အန္တရာယ်မစိုးရိမ်ရသောငြား၊ အဖျားပျောက်ပြီး ချောင်းတဟွတ်ဟွတ်စွဲကျန်ရစ်ခဲ့ကာ မိသားစုဝင် များနှင့် ပတ်ဝန်းကျင်ရှိသူများ ကို လက်ဆင့်ကမ်းမကူးစက်ရလေအောင် အောက်ပါနည်းလမ်း (၁၆)သွယ်ဖြင့် မျှဝေလိုက်ရပါသည်။

၁) အစိမ်းရောင်များများစားပါ။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ စားပေးခြင်းက ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါ တယ်။ အထူးသဖြင့် ပန်းဂေါ်ဖီစိမ်း ထဲတွင်ပါရှိသော ဓာတုဓာတ်ပေါင်းစုက အအေးမိ၍တုပ်ေ ကွးနှ င့် ကူးစက်ဖျားနာများကို ကောင်းစွာတိုက်ထုတ်ပေးနိုင်သဖြင့် ပန်း ဂေါ်ဖီစိမ်းကိုဂျင်းတပြား ရိုက်၍ရောနှောကြော်စားရန် Cambridgeတက္ကသိုလ်ရှိ အာဟာရဗေဒပညာရှင်များက အကြံပြု ထားကြ၏။

၂) အားဆေးမှီဝဲပါ။

အအေးမိတုပ်ကွေးဖျားနာခြင်းအတွက် ဗီတာမင်စီ တစ်ခုတည်းမလုံလောက်ပါဘူး။ ဗီတာမင် ဒီ အပါအဝင် အခြားဗီတာမင်နှင့် သတ္တုဓာတ်တို့ ပါဝင်သော အစားအသောက်များ မျှတစွာစားပေး ရပါမယ်။ ကျွန်မတို့နေ့စဉ်စားသောက်သော အစားအစာများ ထဲတွင် ထိုဓာတ်များတပြိုင်နက် တည်း လုံလောက်စွာမရနိုင်သဖြင့် ဖြည့်စွက်စာအဖြစ် အားဆေးမှီဝဲပေးဖို့လိုပါတယ်။

၃) အိပ်ရေး၀၀အိပ်ပါ။

တစ်နေ့လျှင် ၈-နာရီနှင့်အထက် အိပ်ရေး၀၀အိပ်စက်ခြင်းက သွေးးတိုးရောဂါနှင့် အဝလွန်ခြင်း ကို ကာကွယ်ပေးရုံသာမက၊ အအေးမိနှာစေးကဲ့သို့ အသက်ရှုလမ်းကြောင်းမှ ကူးစက်ရောဂါ ပိုးများ ကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ၇ နာရီ ထက် လျော့နဲစွာအိပ်စက်သူများကို၊ ၈ နာရီနှင့်အထက် အိပ်စက်သူများနှင့် နှိုင်းယှဉ်ပါက၊ အအေးးမိကူးစက်ရောဂါ ဖြစ်နိုင်ချေ အလား အလာ ၃-ဆမျှပိုကြောင်း အမေရိကန်ဆေးသုတေသီများက အကြံပြုထားပါတယ်။

၄) ပဋိဇီဝဆေးဆောင်ထားပါ။

ယခုလိုမိုးဦးရာသီမှာ ကိုယ်ခံအားနည်းသော ကလေးများ နှင့် သက်ကြီးရွယ်အိုများတွင် ဗိုင်းရပ်စ် ပိုးကူး စက်လွယ်သဖြင့် အိမ်မှာ အအေးမိတုပ်ကွေးဖျားနာပျောက်ဆေး အဆင်သင့်ဆောင်ထား ပါ။ လိုအပ်ပါက နီးစပ်ရာ ဆေးခန်းတွင် ဆရာဝန်နှင့်သေချာစွာပြသပါ။

၅) နံနက်စာစားပါ။

နံက်စာပုံမှန်စားသူများဟာ၊ နံက်စာလုံးဝမစားသူများထက် အအေးမိကူးစက်ရာဂါဖြစ်နိုင်ခြေ နည်း ပါးကြောင်း Cardiff University ရှိ အမေရိကန်ဆေးတက္ကသိုလ်မှ အကြံပြုထားပါတယ်။ အထူးသဖြင့် ကိုယ်ခံအားကောင်းစရေန် နံက်စာထဲမှာ ဗီတာမင်ဘီ အုပ် စုများ၊ သံဓာတ် နှင့် သွပ်ဓာတ်ပါရှိသော အစားအစာများကို စားပေးကြရန် ဆေးသုတေသီများက ထပ်လောင်း အတည်ပြုထား ပါတယ်။

၆) လက်ဆေးပါ။

ဆေးသိပ္ပံပညာရှင်များ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ အအေးမိဗိုင်းရပ်ပိုးရှိသောသူ ကိုင်တွယ် ထား သည့် တံခါးလက်ကိုင်ဘု များပေါ်တွင် ကျန်ရှိခဲ့သည့် ဗိုင်းရပ်ပိုးမွှားများသည် ၂၄ နာရီကျော် သည်ထိ အသက်ရှင်နိုင်ကြသည်ဟုဆို၏။ ထို့ကြောင့် အများ သုံးတံခါးလက်ကိုင်ဘု များ၊ အေ ရာင်း စင်တာရှိပစ္စည်းထဲ့တွန်းလှည်းများ၊ တံခါးလက်ရန်းများကို တစ်ခါသုံးတစ်ရှုးဖြင့် ကိုင်တွယ် ပါ။ ၎င်းတို့ကို ကိုင်တိုင်တွယ်ပြီးနောက် မိမိ၏ မျက်လုံး-နှာခေါင်းတို့ကို မတို့ထိကြဘဲ ဆပ်ပြာ သုံး ၍ လက်စင်စင် ဆေးကြောပါ။

၇) လက်ကို ဖွက်(ဝှက်) ထားပါ။

အအေးမိဝေဒနာခံစားရသူ၏ လက်-ခံတွင်း-နှာရည်တို့မှ ကူးစက်ပျံ့ပွားစေနိုင်သဖြင့်၊ ရောဂါရှိသူ ၏ လက်နှင့် ၎င်း၏ အခြား အသုံးအဆောင်ပစ္စည်းများကို မကိုင်တွယ်မထိမိပါစေနှင့်။ နှာချေေ ချာင်းဆိုးသောအခါတွင်လည်း ကျမ္မာရေးအသိဖြင့် လက် (သို့ မဟုတ်) လက်ကိုင်ပုဝါ (သို့မ ဟုတ်) တခါသုံးတစ်ရှုးအုပ်ပါ။ ကလေးငယ်များကို ဖက်ရမ်းနမ်းရှုပ်ခြင်းမပြုရ။

၈) ပလုပ် (အာလုပ်) ကျင်းပါ။

ရေအေးအေးဖြင့် ပလုပ်(အာလုပ်)ကျင်းခြင်းက လည်ချောင်း/လည်မျိုတို့မှ အချွဲအကျိများ နှင့် ဗိုင်းရပ်စ်များကို သန့်စင်ပေးသ ဖြင့်၊ ဂျပန်ရိုးရာကုထုံးများတွင် နံက်အိပ်ယာထသွားမတိုက်မှီ တချိန်၊ နေ့လည်စာ နှင့် ညစာစားပြီးချိန် စုစုပေါင်း တစ်နေ့ ၃-ကြိမ် မျှ ရေအေးဖြင့် အာလုပ် ကျင်းေ လ့ရှိသည်။ ထိုသို့ပြုကျင့်ခြင်းက အအေးမိနှာစေးချောင်းဆိုးခြင်းကို ၃၆%မျှ လျော့ချ ပေးနို င်သည် ဟု ဂျပန်ဆေးသုတေသီများကဆို၏။

၉) ဟင်းခတ်အမွှေးအကြိုင်ဆောင်ပါ။

ငရုပ်သီးအခြောက်မှုန့်ထဲတွင်ပါရှိသော capsaicin ဓာတ်ဟာ အင်းဆက်ပိုးမွှားများကိုသေစေ သည့်ပြင်၊ အသက်ရှု လမ်းကြောင်း ကိုပွင့်လန်းလာစေသလို၊ ကြက်သွန်ဖြူထဲရှိ allicin ဓာတ်က လည်း အအေးမိ ဗိုင်းရပ်စ်ပိုးများကို တိုက်ဖျက်ပေးပါတယ်။ ထို့ပြင် အအေးမိတုပ်ကွေး နှင့် ေ ချာင်း ဆိုးခြင်းအတွက် ဂျင်းပြုတ်ရည်က အကောင်းဆုံးဆေးတစ်ခွက်ဟု တရုပ်ဆေးသုတေသီ များက ဆိုထားပါတယ်။

၁၀) အရက်အလွန်အကျွံမသောက်ပါနှင့်။

အချို့သော ယမကာလုင်များကလည်း မိုးအေးအေးကိုအကြောင်းပြ၍၊ အရက်ကိုဆေးဖြစ်ဝါးြ ဖစ်မှီဝဲကြ သည်။ လိုအပ်သည်ထက် ပိုမိုသောက်သုံးပါက၊ အသည်းကိုထိခိုက်စေသည့်ပြင် ပင်ပန်း အားယုတ်၍ အအေးမိကူးစက်ပိုးတို့ကို ခံနိုင်ရည်မရှိတော့ပေ။

၁၁) ရေသောက်မပျင်းပါနှင့်။

ခန္ဓာကိုယ်တွင်းရေဓာတ်အလုံအလောက်ရရှိမှသာ စားထားသမျှအာဟာရများကိုစုပ်ယူနိုင်ပြီး၊ ခွန်အားအဖြစ်ပြောင်းလဲပေး ရုံသာ မက၊ ခန္ဓာကိုယ်တွင်း မသန့်စင်သောအညစ်အကြေးများ ကို ချွေး၊ သွေး၊ သလိပ်၊ ဆီး၊ ဝမ်း အဖြစ် ကူညီစွန့်ထုတ်ပေးပါတယ်။ ဓာတ်ကြီး ၄-ပါးညီမျှရင်ြ ဖင့် ကိုယ်ခံအားကောင်းကာ ပြင်ပကူးစက်ရောဂါများလည်း အလွယ်တကူဝင်မလာနိုင်တော့ပါဘူူး။

၁၂) လမ်းမှန်မှန်လျှောက်ပါ။

တစ်နေ့လျှင် အနဲဆုံးနာရီဝက်ခန့်လမ်းမှန်မှန်လျှောက်ခြင်းက ဇီဝကမ္မလုပ်ဆောင်ချက်ကိုေ ကာင်းကျိုးပြုြ ပီး၊ ပြင်ပရောဂါများကို လည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

၁၃) အဖြူရောင်သကြားရှောင်ပါ။

အရောင်ချွတ်ထားသော အဖြူရောင်သကြားများက ကိုယ်ခံစွမ်းအားကို လုံးဝကောင်းကျိုးမပြုပါ။

၁၄) မျက်လုံးကိုကာကွယ်ပါ။

အကယ်၍ အအေးမိ/တုပ်ကွေးရှိသူက၊ မိမိရှေ့တွင်နှာချေလာပါက၊ မျက်နှာကိုတစ်ဘက် သို့လွှဲ ထား လိုက်ပါ (သို့မဟုတ်) မျက်လုံးကိုပါ ပိတ်ထားပါ။ သင့် နှာခေါင်းသာမက၊ မျက်လုံးကလ ည်းေ လထဲရှိဗိုင်းရပ်ပိုးများကိုစုပ်ယူနိုင်စွမ်းရှိလို့ပါဘဲ။

၁၅) အကောင်းမြင်စိတ်ဓာတ်မွေးမြူပါ။

ဒေါသထွက်ခြင်း၊ အဆိုးမြင်စိတ် စသည့် စိတ်ပိုင်းဆိုင်ရာအတက်အကျကြောင့် cortisol ဟိုမုန်း ထွက်ရှိလာကာ၊ ထိုဓာတ်က ကိုယ်ခံစွမ်းအားကျဆင်းစေပါတယ်။

၁၆) ယူကလစ်ပင်ကိုဆောင်ပါ။

ယူကလစ်ပင်၏ အဆီဟာ အအေးမိ/နှာစေး/ချောင်းဆိုးခြင်းအတွက်၊ ပိုးသတ်ဆေးအဖြစ်အလွန် အသုံး တည့်သည့်အတွက် ယူကလစ်ဆီကို ရှုဆေးအဖြစ်လည်းကောင်း၊ ယူကလစ်ပင်အ ရွက်နှင့်ကိုင်းတို့ကို ရေနွေးဖြောရေချိုး၍လည်းကောင်း အီတလီ နိုင်ငံရိုးရာကုထုံးများတွင် အသုံးပြုလေ့ရှိကြ၏။

အထက်ပါနည်းလမ်း (၁၆) သွယ်ကို လက်ကိုင်ထား၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ကို ကျမ္မာရေး အသိဖြင့် ကြိုတင်ကာကွယ် နိုင်ကြပါစေ

(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)

Happy New Year 🎊 2024 🎊မင်္ဂလာ ရှိသော 2024 နှစ်သစ် အချိန်ခါသမယမှာ မြန်မာပြည်သူပြည်သားများ အားလုံး ဘေးအန္တာရယ် များကင်းရှ...
31/12/2023

Happy New Year 🎊 2024 🎊

မင်္ဂလာ ရှိသော 2024 နှစ်သစ် အချိန်ခါသမယမှာ မြန်မာပြည်သူပြည်သားများ အားလုံး
ဘေးအန္တာရယ် များကင်းရှင်းပြီး
ကျန်းမာ ပျော်ရွင်ချမ်းမြေ့ပါစေကြောင်း
စွမ်းဆေးခန်းနှင့်ဆေးဆိုင်မိသားစုမှ
နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည်ခင်ဗျာ..🙏🙏🙏

09/06/2023

Prim E. နဲ့ဆို နာကျင်စရာ တွေမရှိတော့ဘူး😍

Prim E =12400ks
Enat 400(Vitamin E) = 13800ks

အများစျေးသိလိုပါက
☎ 09796731408

09/06/2023

မိုးတွေ ပြိုဆင်းလာတဲ့နေ့က
အလွမ်းတွေရဲ့ စည်းချက်ကို
ကော်ဖီပူပူလေး သောက်ရင်း
နားထောင်ကြည့်မိတယ်💔💔💔

YeLynn

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959676455548

Alerts

Be the first to know and let us send you an email when စွမ်းဆေးခန်းနှင့်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to စွမ်းဆေးခန်းနှင့်ဆေးဆိုင်:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram