မိုး ဆေးဆိုင်

  • Home
  • မိုး ဆေးဆိုင်

မိုး ဆေးဆိုင် ဆေးနှင့် ဆေးဝါးပစ္စည်း

🍊🍊Vitacee ကို Australia နိုင်ငံတွင် ထုတ်လုပ်ပြီး အဆင့်မြင့်နည်းပညာဖြင့်ထုတ်လုပ်ထားတာကြောင့် နေ့စဥ်သောက်သုံးပါက1️⃣ကိုယ်ခံ...
12/06/2024

🍊🍊Vitacee ကို Australia နိုင်ငံတွင် ထုတ်လုပ်ပြီး အဆင့်မြင့်နည်းပညာဖြင့်ထုတ်လုပ်ထားတာကြောင့် နေ့စဥ်သောက်သုံးပါက
1️⃣ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း။
2️⃣စိတ်ဖိစီးမှုကို လျော့နည်းစေခြင်း။
3️⃣တုပ်ကွေးနှင့်ဖျားနာဝေဒနာများကို လျင်မြန်စွာသက်သာစေခြင်း။
4️⃣အသားအရည်ကို စိုပြေလှပစေခြင်းနှင့်
5️⃣ခွဲစိတ်လူနာများ အနာကျက်မြန်ခြင်း
အစရှိတဲ့ အကျိုးကျေးဇူးများကိုရရှိစေပါတယ်။
Antioxidant Actionလည်းပေးနိုင်တာကြောင့် အရွယ်တင်နုပျိုစေပါတယ်။သကြားနှင့်ဆားဓာတ်များမပါဝင်တာကြောင့် ဆီးချိုဝေဒနာရှင်များ သွေးတိုးဝေဒနာရှင်များလည်းစိတ်ချစွာသောက်သုံးနိုင်ပါတယ်။
#မိုးဆေးဆိုင်

#စည်ပင်သာယာစျေးတောင်ဘက်

#မြင်းခြံ

Ph 09772281816 ~ 09977738838

09/05/2024

*ဆေးဆိုင်အကူ(မ)ဝန်ထမ်း အလိုရှိသည်။

*ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။

*အခြေခံပညာ ၁၀ တန်းအဆင့်ရှိရမည်။

*အသက် ၂၀ မှ ၃၀ ကြားရှိရမည်။

* လစာ~ ညှိနှိုင်း

**မှတ်ချက် ~ ရေရှည်လုပ်မည့်သူသာဆက်သွယ်ရန်**

#မိုးဆေးဆိုင်
တောင်စျေး(တောင်ဘက်)ဆင်တိုင်းယဉ်စတိုးအရှေ့ဘက်
09-977738838
09-772281816

 #အပူဒဏ်ကာကွယ်ရေး           ရာသီဥတုအပူချိန်မှာ အလွန်မြင့်မားနေပြီး တချို့နေရာများ အပူချိိိန် ၄၁ Degree Centigrade အထိပူန...
05/04/2024

#အပူဒဏ်ကာကွယ်ရေး

ရာသီဥတုအပူချိန်မှာ အလွန်မြင့်မားနေပြီး တချို့နေရာများ အပူချိိိန် ၄၁ Degree Centigrade အထိပူနေပါတယ်
၄၁ Degree Centigrade ဆိုတာ 106 Degree Fahrenheit နီးပါးရှိပါတယ်
အားလုံးသိကြတဲ့အတိုင်း အပူ ဆိုတာများရာကနေ နည်းရာကို ကူးပြောင်းတာမလား
👉 ၃၇ Degree Centigrade (98.6 degrees Fahrenheit) ခန္ဓာကိုယ်အပူချိန် ရှိတဲ့ကျွန်တော်တို့ ကိုယ်တွင်းက အပူကို ပြင်ပကိုစွန့်ထုတ်နိုင်ဖို့မရှိပဲ
🚨🚨🚨 ပြင်ပ က အပူတွေက သာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲ ဝင်လာဖို့ ရှိတာ သတိပြုမိကြမယ်ထင်ပါတယ်
ခန္ဓာကိုယ်က အပူတွေ အပြင်ကိုမထုတ်နိုင်ရင် အပူချိိန် တဖြည်းဖြည်းတက်တက်လာပြီး Heat Related Illness- အပူဆိုင်ရာရောဂါတွေဖြစ်လာပါလိမ့်မယ်
#ဘာတွေခံစားရမလဲ ❓
- အာခေါင်ခြောက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခေါင်းမူးခြင်း
- ခေါင်းကိုက်ခြင်း
- မိတ်ဖုအယားဖုထွက်ခြင်း
- ချွေးမထွက်နိုင်တော့ခြင်း (ချွေးခြောက်ခြင်း)
- ကိုယ့်အပူချိန်မြင့်တက်ခြင်း
- ကြွက်တက်ခြင်း
- သတိလစ်ခြင်းမှသည်
- အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်

ဒီရက်ပိုင်းနေလို့မကောင်းတာကို Paracetamol တွေသောက်တာ အဖျားဖြတ်ဆေးဆိုတဲ့ (အကိုက်ခဲပျောက်ဆေးတွေ မထိုးကြပါနဲ့) 🙏🙏🙏

ကိုယ်တွင်းက အပူတွေကျဖို့က နည်းလမ်း (၂) ခုပဲရှိပါတယ်

1. ပတ်ဝန်းကျင်အပူချိန်ကို အေးအောင်လုပ်တာ
2. ချွေးထွက်ပြီးအပူတွေထုတ်တာ
__________
1. #ပတ်ဝန်းကျင်အပူချိန်ကို_အေးအောင်လုပ်တာ
- အေးတဲ့နေရာရှာနေကြပေါ့ (အပင်ရိပ် သစ်ရိပ်ဝါးရိပ်ပေါ့) အရိပ်ရှိတဲ့နေရာမှာပဲ နေသင့်တာပါ
- အိမ်ထဲမှာနေလည်း အေးတဲ့နေရာရှာနေကြပါ (ကျွန်တော်တို့ရန်ကုန်က အုတ်တိုက်ကျဉ်းကျဉ်းတွေမို့ အိမ်ထဲနေလည်း အပူချိိန်က မနည်းမနေပါပဲ)
- ပန်ကာ တို့ Aircon တို့ ဆိုတာကလည်း မီးလာမှ (မီးအားပြည့်မှ သုံးရတာမလား) အခု သူတို့တောင်ပူကျွတ်နေလို့ ယပ်ပြန်ခပ်ပေးနေရတယ်လေ😅😁

2. #ချွေးထွက်ပြီးအပူတွေထုတ်တာ
ပြင်ပ အပူချိန်မြင့်တဲ့အချိန် ကိုယ်တွင်းအပူတွေထုတ်ဖို့နည်းလမ်းကတော့ ချွေးထွက်တာပါ - ချွေးအငွေ့ပျံတာနဲ့အတူအပူတွေစုပ်သွားတာပေါ့
ချွေးထွက်ဖို့က ခန္ဓာကိုယ်ထဲ ရေအလုံအလောက်ရှိရပါတယ် ရေအလုံအလောက်ရှိဖို့
- ရေ အရည်များများသောက်ပါ ချွေးထွက်များလွန်းက ဓာတ်ဆားရည်ပါသောက်ပါ
- ရေဘယ်လောက်သောက်ရမှာလဲ ဆိုတာက (ကိုယ်ချွေးဘယ်လောက်ထွက်နေတာလဲ ဆိုတာမှ မှန်းလို့မှ မရတာ)ဆီး တစ်နေ့ တစ်လီတာအနည်းဆုံး သွားအောင်သောက်ပါ (နှစ်နာရီတစ်ခါလောက်မှ ဆီးမသွားရင် ရေအသားကုန်သာလိုက်သောက်ပါတော့)
- အရည်ဖြစ်ပေမယ့် (အရက် ဘီယာ ကော်ဖီ လက်ဖက်ရည်ကတော့ ရှောင်သင့်ပါတယ်)
____________
* နေအပူတိုက်ရိုက်ထိခြင်းကိုရှောင်ပါ အရိပ်ထဲပဲနေပါ
* မဖြစ်မနေအပြင်ထွက်ရလျှင်
- ထီး ဦးထုပ်သေချာဆောင်းပါ
- ပွပွချောင်ချောင် ချည်ထည်များကိုသာ ဝတ်ဆင်ပါ
- အရိပ်ထဲ နားနားပြီး သွားပါ
* နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း
* မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင်အောက်တွင် ရေမချိုးပါနှင့်
* ပူအိုက်လို့ဆိုပြီး ရေစိုဝတ်နဲ့နေတာ ၊ ရေစိုအဝတ်ခင်းအိပ်တာ ၊ ရေချိုးပြီး ရေခြောက်အောင်မသုတ်တာတွေ ရှောင်ရပါမယ်
_____________
လူက မူးရိပ်ရိပ်ဖြစ်လာပြီ ၊အာခေါင်တွေခြောက်ပြီး နေရတာမကောင်းဖြစ်လာလျှင် ရေနှင့်ဓာတ်ဆား အမြန်ဆုံးသောက်ပါ (အများကြီးသောက်ပါ)
အရေပြားက ပူကျွတ်နေပြီး ချွေးမထွက်တော့လျှင်
ကယောင်ကတမ်းဖြစ်လာလျှင် ပတ်ဝန်းကျင်ကိုအကူညီတောင်းပြီး ဆေးရုံအမြန်ပို့ပါ
လူနာက အသိရှိလျှင် ရေနှင့်ဓာတ်ဆား အမြန်ဆုံးတိုက်ပါ (အများကြီးတိုက်ပါ)
(အိမ်မှာ ဆေးရုံသွားဖို့စောင့်နေစဉ်/ဆေးရုံသွားတဲ့လမ်းမှာ) ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးပါ
__________
သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များ
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ
နာတာရှည်ရောဂါခံစားနေရသူများ အထူးသတိပြုကြပါ
ရေကိုအတိုင်းအတာနှင့်သောက်နေရတဲ့ နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်အားနည်းရောဂါ၊ အသည်းရောဂါ ရှင်များအနေနဲ့ တစုံတရာထူးခြားတာနဲ့ မိမိတို့၏ ဆရာဝန်များနှင့် ဆက်သွယ်တိုင်ပင်ကြပါ

(Photo credit; Freepik)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Credit... Dr. ဘုန်းစည်သူလွင်
11:55 pm/04.04.2024

တစ်‌နေ့တာလိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်နှင့် Coenzyme Q10 ပါဝင်တဲ့ Spektrum energy အားဆေး မိုး ဆေးဆိုင် မှာဝယ်ယူရရှိနိုင်ပ...
08/12/2023

တစ်‌နေ့တာလိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်နှင့် Coenzyme Q10 ပါဝင်တဲ့ Spektrum energy အားဆေး မိုး ဆေးဆိုင် မှာဝယ်ယူရရှိနိုင်ပါပြီ

လိုအပ်သောဆေးများ မှာယူလိုပါက

09-977738838/09-772281816 ကို ဆက်သွယ်မှာယူနိူင်ပါတယ်

#မိုးဆေးဆိုင်

#စည်ပင်သာယာစျေးတောင်ဘက်

#မြင်းခြံ

Fameဆေးဝါးများလည်း ဆိုင်မှာပြန်လည်ရောက်ရှိထားပါတယ် 🚨 #မိုးဆေးဆိုင် #စည်ပင်သာယာစျေးတောင်ဘက် #မြင်းခြံ📱09 977738838☎️09 77...
02/11/2023

Fameဆေးဝါးများလည်း ဆိုင်မှာပြန်လည်ရောက်ရှိထားပါတယ် 🚨

#မိုးဆေးဆိုင်

#စည်ပင်သာယာစျေးတောင်ဘက်

#မြင်းခြံ

📱09 977738838

☎️09 772281816

01/11/2023

အသည်းရောဂါက ဘာကြောင့်ဖြစ်ရတာလဲဆိုရင်... အောက်ပါအကြောင်းရင်း (၄) ချက်ကြောင့်ပါ။

1️⃣ နံပါတ်တစ်အချက်ကတော့ နေ့စဉ်လူနေမှုဘဝမှာ အသည်းကိုထိခိုက်စေမယ့် အပြုအမူတွေလုပ်မိနေတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
- ကိုလက်စထရောများတဲ့အစားအစာတွေ အစားများခြင်း
- ဆေးလိပ်/ အရက်/ ကွမ်းစွဲခြင်း
- အဆီများ၊ အငန်များတဲ့အစားအစာတွေအစားများခြင်း စတဲ့ လူနေမှုဘဝပုံစံတွေကြောင့် အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

2️⃣ ဒုတိယအချက်ကတော့ မျိုးရိုးဗီဇ/ မျိုးရိုးလိုက်ခြင်းကြောင့်လည်း အသည်းရောဂါဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မိဘမျိုးရိုးထဲမှာ မျိုးရိုးဗီဇကြောင့် အသည်းရောဂါဖြစ်ပွားတဲ့သူရှိနေ
မယ်ဆိုရင် သင့်ရဲ့အသည်းကျန်းမာရေးကိုလည်း ပိုပြီးတော့ ဂရုစိုက်ပေးသင့်ပါတယ်။

3️⃣ ရောဂါပိုးဝင်ခြင်း/ ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်လည်း အသည်းရောဂါဖြစ်စေနိုင်ပါတယ်။

4️⃣ ကိုယ်ခံအားစနစ်မှာ ရောဂါဖြစ်ခြင်းကြောင့်လည်း ခန္ဓာကိုယ်ရဲ့အကြီးမားဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းကို ထိခိုက်စေနိုင်ပါတယ်။

အဲ့ဒီ့ အချက်များထဲမှာမှ အဖြစ်များဆုံးကတော့...
နံပါတ်တစ်အချက်ဖြစ်တဲ့ "လူနေမှုဘဝပုံစံမှာ အသည်းကိုထိခိုက်စေမယ့်အပြုအမူတွေပြုလုပ်နေတာကြောင့် အသည်းရောဂါဖြစ်ပွားခြင်း"ပါပဲ။

မိုးဆေးဆိုင်မှာရရှိနိူင်သော Omega3 များ ငါးကြီးဆီထဲမှာ လူကြိုက်အများဆုံးလေး....စျေးမကြီးဘဲ ငါးကြီးဆီကာင်းကောင်းလေးသောက်လ...
02/10/2023

မိုးဆေးဆိုင်မှာရရှိနိူင်သော
Omega3 များ

ငါးကြီးဆီထဲမှာ လူကြိုက်အများဆုံးလေး....
စျေးမကြီးဘဲ ငါးကြီးဆီကာင်းကောင်းလေး
သောက်လို့ရတယ်နော်
အလုံးလိုက်မသောက်နိူင်ပါက ဖောက်ပြီး နွားနို့ (သို့)
ဖျော်ရည်ထဲသို့ ထည့်ရော၍သောက်နိူင်ပါတယ်
#မိုးဆေးဆိုင်
#စည်ပင်သာယာစျေးတောင်ဘက်
#မြင်းခြံ
📱09 977738838
☎️09 772281816

20/09/2023

Edited ~ ဝန်ထမ်းရသွားပါပြီ

*ဆေးရောင်းကျွမ်းကျင်(မ)တစ်ဦးအလိုရှိသည်။
*ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
*အခြေခံပညာ ၁၀ တန်းအဆင့်ရှိရမည်။
*အသက် ၂၀ မှ ၃၀ ကြားရှိရမည်။
*အရည်အချင်းပေါ်မူတည်၍ ထပ်တိုးလစာအပြင် Bonus ပါရရှိမည်။
*လစာ~ ညှိနှိုင်း
#မိုးဆေးဆိုင်
တောင်စျေး(တောင်ဘက်)ဆင်တိုင်းယဉ်စတိုးအရှေ့ဘက်
09-977738838
09-772281816

ဖြစ်တဲ့ ရောဂါနဲ့ သောက်တဲ့ဆေးမလွဲရလေအောင် ဆေးအမည်တွေကိုအသံထွက်နဲ့တကွ ဘာသာပြန်ပြီးရေးသားဖော်ပြပေးထားပါတယ်။postကို Like&Sha...
18/09/2023

ဖြစ်တဲ့ ရောဂါနဲ့ သောက်တဲ့ဆေး

မလွဲရလေအောင် ဆေးအမည်တွေကို

အသံထွက်နဲ့တကွ ဘာသာပြန်ပြီး

ရေးသားဖော်ပြပေးထားပါတယ်။

postကို Like&Share လုပ်ထားဖို့မမေ့နဲ့နော်

Pharmacy

#ဆေးဝါး
#ကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ
#ဗဟုသုတ

ခါးနာခြင်း/ကြွက်သားဒဏ်ဖြစ်ခြင်းနှင့်နာခြင်း/အရွတ်ဒဏ်ရာရခြင်း/လေးဘက်နာရောဂါကြောက့်အဆစ်အမြစ်နာခြင်းများအတွက် လိမ်းဆေးအမျို...
12/09/2023

ခါးနာခြင်း/ကြွက်သားဒဏ်ဖြစ်ခြင်းနှင့်နာခြင်း/အရွတ်ဒဏ်ရာရခြင်း/လေးဘက်နာရောဂါကြောက့်အဆစ်အမြစ်နာခြင်းများအတွက် လိမ်းဆေးအမျိုးမျိုးကိုလည်း🌧မိုး🌧ဆေးဆိုင်မှာ​စျးနူန်းချိုသာဖြင့်ဝယ်ယူရရှိနိုင်ပါသည်
Voltex(အဝါ)
Voltex(အပြာ)
Volta
Dolo Denk
Dits
Pudaren
Begesic
Unison Ointment
Chloram Ointment
#မိုးဆေးဆိုင်
#မြင်းခြံ
#တောင်စျေး(တောင်ဘက်)
☎09772281816
Viber-09977738838ကိုလည်းဆက်သွယ်မှာယူနိူင်ပါတယ်ရှင့်

အရေပြားပြသာနာအတွက်လိမ်းဆေးမျိုးစုံလည်း🌧မိုး🌧ဆေးဆိုင်မှာစျေးနူန်းချိုသာစွာဖြင့်ဝယ်ဝယ်အားပေးနိူင်ပါသည်💊💊Pai NeoPai MicoQua...
10/09/2023

အရေပြားပြသာနာအတွက်လိမ်းဆေးမျိုးစုံလည်း🌧မိုး🌧ဆေးဆိုင်မှာစျေးနူန်းချိုသာစွာဖြင့်ဝယ်ဝယ်အားပေးနိူင်ပါသည်
💊💊
Pai Neo
Pai Mico
Quadran
Gentalence-C
Fluocinonide(ငှက်နှစ်ကောင်)
Silkron
Skineal
Vivir
Bioplacenton
Betacloge
Zytee
Ketorex
Terbipac
Momate
Zema

Pharmacy

☎09772281816
Viber-977738838ကိုလည်းဆက်သွယ်မှာယူအားပေးနိုင်ပါတယ်ရှင့်
တောင်စျေး(တောင်ဘက်)

Moe  Pharmacy ရဲ့ချစ်မိတ်ဆွေ Customerများရှင့်😍😍Cal-D Glucoseပစ္စည်းလေးတွေဝင်ထားပါတယ်ရှင့်စျေးနှုန်းချိုသာစွာဖြင့်ဝယ်ယူအ...
09/09/2023

Moe Pharmacy ရဲ့

ချစ်မိတ်ဆွေ Customerများရှင့်😍😍

Cal-D Glucose

ပစ္စည်းလေးတွေဝင်ထားပါတယ်ရှင့်
စျေးနှုန်းချိုသာစွာဖြင့်ဝယ်ယူအားပေးနိုင်ပါပီရှင့်😊😊
pharmacy

#တောင်စျေးတောင်ဘက်
☎☎09772281816

ခမ်းခြောက်လို့ မရတာတွေထဲမှာ အချစ်တွေ ပြီးရင် ရေဓတ်တွေပဲ        ရှိပြီလား. ဂရုတစိုက်နဲ့ ရေကို ပုံမှန်လေးသောက်ဖို့ သတိပေးတ...
07/09/2023

ခမ်းခြောက်လို့ မရတာတွေထဲမှာ အချစ်တွေ ပြီးရင် ရေဓတ်တွေပဲ

ရှိပြီလား. ဂရုတစိုက်နဲ့ ရေကို ပုံမှန်လေးသောက်ဖို့ သတိပေးတတ်တဲ့ သူ😅

တစ်ယောက်နဲ့ တစ်ယောက် အမြဲချစ်နေနိုင်ဖို့ဟာလည်း ကျန်းမာနေဖို့လိုအပ်ပါတယ်။ နေပူပူ၊ မိုးသည်းသည်း၊ ဆောင်းအေးအေးလေး ဖြစ်နေပါစေ
အမြဲတစေ ဂရုတစိုက် စိတ်ပူပေး တတ်တဲ့ သူက လိုတယ်မဟုတ်လား

အချစ်တွေက ခမ်းခြောက်သွားလို့ မရသလိုပဲ ခန္ဓာကိုယ်ထဲက ရေဓာတ်ကလည်း နည်းပါးသွားလို့ မဖြစ်နိုင်ဘူးလေနော်

အချစ်တွေ မရှိတော့ရင် ဘဝကြီးက ခြောက်ကပ်သွားမှာဖြစ်သလို ရေဓာတ် ဆုံးရှုံးမှုများနေရင်လည်း မောပန်း နွမ်းလျပြီး အားအင်ဆုတ်ယုတ်သွားနိုင်ပါတယ်

ဒီတော့ နေ့ရက်တိုင်းမှာ အချစ်တွေ ပြည့်ဝဖို့ ကြင်နာသူလေး အနားမှာရှိနေဖို့ လိုအပ်မှာဖြစ်သလို နဲ့ ရေဓာတ် ပြည့်ဝဖို့ အတွက်ဆိုရင်လည်း ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ပြည့်ဝစွာပါဝင်နေတဲ့ Electral Forte လေးကို အမြဲတမ်း သောက်သုံးပေးဖို့ မမေ့ပါနဲ့နော်

ဓာတ်ဆားမှာဆို အီလက်ထရယ်ဖို့

06/09/2023
ဆောင်းအဝင်မှာ ရာသီတုတ်ကွေးမဖြစ်ဖို့ ဂရုစိုက်ကြပါနော် 📌📌ကလေးများရာသီတုတ်ကွေးနှင့်ဖျားနာခြင်းတို့အတွက်🌧မိုး🌧ဆေးဆိုင်မှရရှိ...
05/09/2023

ဆောင်းအဝင်မှာ ရာသီတုတ်ကွေးမဖြစ်ဖို့ ဂရုစိုက်ကြပါနော် 📌📌
ကလေးများရာသီတုတ်ကွေးနှင့်ဖျားနာခြင်းတို့အတွက်🌧မိုး🌧ဆေးဆိုင်မှရရှိနိုင်မည့် ပါရာစီတမော အရည်လေးတွေကိုပုံမှပြပေးထားပါတယ်ရှင့်
မှာယူလိုပါက
☎☎09772281816ကိုဆက်သွယ် မှာယူအားပေးနိုင်ပါတယ်ရှင့်
#မိုး
စည်ပင်သာယာဈေး တောင်ဈေး (တောင်ဘက်)
ဆင်တိုင်ယဉ်စတိုး(1)အရှေ့ဘက်
#မြင်းခြံမြို့

*ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲ*...ဆိုသူတွေအတွက်---------------------------------------------------------အရင်ဆုံးကိုယ်ဆ...
04/09/2023

*ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲ*...ဆိုသူတွေအတွက်
---------------------------------------------------------
အရင်ဆုံးကိုယ်ဆိုးတဲ့ချောင်းက အစိုလား အခြောက်လား သိရပါမယ်။
ယေဘုယျအားဖြင့် ချောင်းအစို-အခြောက်ပေါ်မူတည်ပြီး
သောက်ရတဲ့ဆေး ကွဲပြားသွားပါလိမ့်မယ်။

----------
ချောင်းစို
----------
ချောင်းစိုဆိုတာ သလိပ်ထွက်တဲ့ချောင်းပါ။ သလိပ်အကြည်ပဲဖြစ်ဖြစ် အစိမ်း အဝါရောင်ပဲဖြစ်ဖြစ် သလိပ်ပါပြီဆိုရင် ချောင်းစိုလို့ သတ်မှတ်ရပါမယ်။

ချွဲသလိပ်ကို အပြင်ရောက်အောင် ခပ်ထုတ်ပြီးဆိုးရတဲ့ချောင်းဖြစ်လို့ အရှိန်ပြင်းပြီး လူလည်း တအားပင်ပန်းပါတယ်။ 😓

အဲလိုချောင်းတွေမှာ ချွဲသလိပ်ပျော်ဆေးပါတဲ့ ချောင်းဆိုးပျောက်ဆေး သောက်ပေးရပါမယ်။ အဲဒီဆေးတွေမှာ ပါတဲ့ Acetylcysteine (သို့) Carbocysteine ဆိုတာက ချွဲသလိပ်ကို ချေဖျက်ပေးပါတယ်။ ချွဲသလိပ်ပျော်ပြီး အပြင်ထွက်သွားမှသာ သက်သာမှာပါ။

ဆေးဗူးပေါ်မှာ Productive Cough လို့ ရေးထားတတ်ကြပါတယ်။ Expectorant တို့ Mucolytic တို့လည်း ရေးထားတတ်ကြပါတယ်။

သလိပ်ထွက်တဲ့ ချောင်းစို ချောင်းဆိုးပျောက်ဆေး တွေက
ဆေးရည်ထဲမှာဆိုရင်
Woods အပြာရောင်ဗူး၊ Ascoril ဆေးရည်၊ Bisolvon ဆေးရည်၊ Flemex ဆေးရည်၊ Solmux ဆေးရည်၊ Bena ဆေးရည်၊ Herba cough ဆေးရည်

သောက်ဆေးတွေထဲမှာဆိုရင်
Solmux, Musol, Flemex, Muclear, Mucoclean

----------------
ချောင်းခြောက်
----------------
ချောင်းခြောက်ကတော့ သလိပ်မထွက်ဘဲ လည်ချောင်းယားပြီးဆိုးတဲ့ချောင်းပါ။

အအေးမိတာ၊ ဓာတ်မတည့်တာ၊ လေပြွန်ရောင်တာတို့ကြောင့် လည်ချောင်းယားပြီး ချောင်းဆိုးတာပါ။ နှာရည်တွေ အပြင်မယိုဘဲ လည်ချောင်းထဲ ယိုကျရင်လည်း လည်ချောင်းယားပြီး ချောင်းဆိုးတတ်ပါတယ်။

လည်ချောင်းတအားယားတော့ ဟန်မဆောင်နိုင် မထိန်းနိုင် မသိမ်းနိုင်ချောင်းဆိုးတတ်ကြပါတယ်။ 😣

အဲလိုချောင်းတွေမှာ ချောင်းဆိုးချင်စိတ် မဖြစ်အောင် ဟန့်တားပေးတဲ့ Dextromethorphan ပါတဲ့ ချောင်းဆိုးပျောက်ဆေး သောက်ပေးရပါမယ်။

ဆေးဗူးပေါ်မှာ Non-Productive Cough လို့ရေးထားတတ်ပါတယ်။ Dry Cough၊ Antihistamine ၊ Cough Suppressants နဲ့ Antitussive လို့လည်း ရေးထားတတ်ပါတယ်။ Antihistamine ပါလို့ အိပ်တော့ငိုက်တတ်ပါတယ်။

သလိပ်မထွက်တဲ့ ချောင်းခြောက် ချောင်းဆိုးပျောက်ဆေးတွေက
ဆေးရည်ထဲမှာဆိုရင်
Woods အနီရောင်၊ Chericof ဆေးရည်၊ Zecuf ဆေးရည်၊ Dantusil ဆေးရည်၊ Exicof ဆေးရည်၊ Atussin ဆေးရည်

သောက်ဆေးတွေထဲမှာဆိုရင်
Tussic, Atussin, Bronchest, Konidin, De-tussin

ဘယ်လိုပဲချောင်းဆိုးဆိုး...

ရေများများသောက်ပါ။ ရေဓာတ်များရင် အသက်ရှူလမ်းကြောင်းတစ်လျှောက် ပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကို ပျော်စေနိုင်ပါတယ်။
ရေနွေးပူပူသောက်ပါ။ ရေနွေးပူကလည်း ချွဲသလိပ်တွေကိုပျော်စေပါတယ်။
ခြေဖဝါးပရုတ်ဆီလူးပြီး ခြေစွတ်ဝတ်အိပ်ပါ။
ရင်ဘတ်နဲ့ လည်ချောင်းတလျှောက် ပရုတ်ဆီ ပါးပါးလူးထားပါ။ လည်ပင်းကို မာဖလာလေးပတ်အိပ်ပါ။
ရေနွေးငွေ့ရှူပါ။ ရေနွေးထဲ ရာပန်းဆီ ၂ စက်လောက် ထည့်ရှူပေးပါ။ အသက်ရှုလမ်းကြောင်းတစ်လျှောက် ပိုးတွေသန့်စင်ပေးပြီး ချွဲသလိပ်ပျော်စေပါတယ်။
ဆားရည်နွေးနဲ့ ပလုတ်ကျင်းပါ။ ဆားရည်နွေးက Virus ပိုးတွေ မကြိုက်တဲ့ Alkaline Environment ဖြစ်စေသလို လည်ချောင်းယားသက်သာစေတယ်။
လေသန့်စက် (Air Purifier) ရှိရင် အခန်းထဲ ဖွင့်ထားပါ။ ချောင်းဆိုးနှာစေးစေနိုင်တဲ့ Allergen တွေ၊ အမှုန်အမွှားတွေ၊ တော်ရုံပိုးမွှားတွေကို ဖယ်ပေးနိုင်ပါတယ်။ Mini လေသန့်စက်လေးတွေ Home Smart Home page မှာ In stock ရှိပါတယ်။ စျေး ၃ သောင်းကျော်လောက်ပဲ ရှိပါတယ်။
လည်ချောင်းယားရင် Menthol ပါတဲ့ ငုံဆေးလေးတွေ ငုံပေးပါ။ ကွမ်းရွက်ပုံ၊ မှန်ချို၊ တို့ကျောင်းသားလို ချောင်းဆိုးပျောက်ဆေးတွေလည်း ငုံပေးလို့ရပါတယ်။

သတိထားရမှာက

ချောင်းဆိုးတာ ၃ ပတ်ကျော်ထိမပျောက်ရင်
ရင်ဘတ်အောင့်ရင်
ကိုယ်အလေးချိန်သိသိသာသာလျော့ကျနေရင်
ကိုယ်အပူချိန်မြင့်တက်နေရင်
ချောင်းဆိုးပြီး သွေးပါရင်
နှုတ်ခမ်း၊ပါးစပ်နဲ့ လက်သည်းတွေ ပြာနှမ်းလာရင်
အသက်ရှူကျပ်လာရင်
ပုံမှန်မဟုတ်တဲ့ အသက်ရှူသံတွေထွက်လာရင်တော့ ဆေးခန်းပြသင့်နေပါပြီ။

အားလုံးပဲ ချောင်းဆိုးသက်သာ ကျန်းမာကြပါစေ
Crd #ဒေါက်တာနုမြတ်သိင်္ဂီဦး

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်...
03/09/2023

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ
လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်းအမြဲချုပ်
နေတယ်ဆိုရင်တော့ သတိထားပါ...

ဝမ်းမသွားတာကြာရင် ဘာဖြစ်မလဲဆိုတော့..

ဝမ်းမသွားတာကြာတဲ့အခါ အူထဲမှာရှိနေတဲ့အစားဟောင်း
တွေကို အူနံရံကစုပ်ယူပါတယ်။ အစာဟောင်းတွေထဲမှာ တာရှည်ခံတွေ ဥပမာ ခေါက်ဆွဲခြောက်၊ အားလူးကြော်၊ အခြားသော တာရှည်ခံ ဓာတုဆေးပါတဲ့မုန့်တွေ၊ ကော်ဖီ၊
အမြန်စားလို့ရတဲ့ ဝက်အူချောင်း ကြက်အူချောင်းလို ပြုပြင်ထားတဲ့အစားအစာတွေ၊ စမူဆာ အီကြာကွေး အစရှိတဲ့ဆီကြော်တွေ အကင်တွေ၊ အချိုရည်တွေ၊ မုန့်တွေ အစရှိတဲ့ သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ထား
တဲ့အစား အသောက်တွေဟာ ရက်တွေကြာလာတဲ့အခါ အူနံရံထဲကိုစိမ့်ဝင်ပါတယ်။

အူနံရံမှာရှိတဲ့ ဆဲလ်တွေဟာ ပြုပြင်ထားတဲ့အစား
အသောက်တွေ၊ ဓာတုဆေးဝါးတွေကြောင့် ဆဲလ်ဖွဲ့စည်း
ပုံ(Cellular Structure) တွေပျက်ပြီးတော့ ပုံမှန်မဟုတ်
တော့ဘဲ ရှိသင့်တဲ့အရွယ်အစားထက်ပိုကြီးထွားလာ
ပါတယ်။ အဲလိုကြီးထွားလာတာကို အကြိတ်အဖုတွေ
ထွက်တယ်၊ အသားပိုဖြစ်တယ်၊ ကင်ဆာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

အသားငါးတွေကို ရေခဲသေတ္တာထဲမှာ ပလက်စတစ်နဲ့ ထုပ်ပိုးတာဟာ အရမ်းအန္တရာယ်များပါတယ်။ရေခဲ
သေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်ပြီး သိုလှောင်ထားတာဟာ အစားအသောက်ထဲကို ပလပ်
စတစ်ထဲက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပျော်ဝင်
စေပါတယ်။ ပလပ်စတစ်တွင်ပါဝင်တဲ့ ကင်ဆာဖြစ်စေ
သည့် စတိုင်ရင်း(Styrene) ဓါတ်နဲ့ ဒိုင်အောက်ဇင်းဓါတ်
တွေဟာ အသားငါးတွေ အစားအသောက်တွေထဲကို စိမ့်ဝင်ပါတယ်။ အဲဒါတွေကို အပူပေးချက်ပြုတ်တာ ဆီနဲ့ချက်ပြုတ်တာဟာ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုး
မျိုး ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း နှင့် မျိုးပွားမှုကို
လည်း ထိခိုက်စေပါတယ်။

ကင်ဆာအကြိတ်အဖုတွေက အူလမ်းကြောင်းရဲ့ ပုံမှန်
လုပ်ငန်းတွေကို မလုပ်နိုင်အောင်နှောင့်ယှက်ပါတယ်။ အူတွေလှုပ်တာတွေ၊ အကျိအချွဲထုတ်ပေးတာတွေ၊ အစာဟောင်းတွေကို တွန်းထုတ်တာတွေ အစားဟောင်းရဲ့
အဟာရကို စုပ်ယူတာတွေ မလုပ်နိုင်တဲ့အခါ ဝမ်းပိုချုပ်
တာတွေနဲ့ အခြားအူလမ်းကြောင်းကျန်းမာရေး မကောင်း
တော့တာတွေ အာဟာရမပြည့်ဝတာတွေ ဖြစ်လာစေ
ပါတယ်။

အလုံးအကြိတ်တွေပိုကြီးလာတော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမကဘဲ အသက်ရှင်မှုအထိပါ အနှောင့်ယှက်ဖြစ်လာစေတော့တာပါပဲ။

အကြမ်းဖျဉ်းအားဖြင့် ကင်ဆာရောဂါလို့ ခေါ်ကြပါတယ်။

ကင်ဆာရောဂါဟာ အစားအသောက်အနေအထိုင်ကြောင့်
ဖြစ်တာနဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ကြပါတယ်။

ဝမ်းမှန်ဖို့ ခါးအောက်ပိုင်းလေ့ကျင့်ခန်းများများလုပ်ပါ။ လမ်းလျှောက်ပါ၊ တတ်နိုင်ရင် GYM ကစားပါ၊ အားကစားလုပ်ပါ။ ရေကို တစ်နေ့ ၃ လီတာလောက် သတိထားပြီး ရအောင်သောက်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ အစိမ်းရောင် အရွက်တွေများများစား
ပါ။ အစိမ်းရောင်အရွက်တွေမှာ ကင်ဆာဖြစ်စေတဲ့၊ ဓာတ်တိုးစေတဲ့ Radical တွေကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် Antioxidant တွေ အများကြီးပါပါ
တယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း ခန္ဓာကိုယ်ရဲ့ Immuse System ကို မြှင့်တင်ပေးပါတယ်၊ ရောဂါကာကွယ်တဲ့
စနစ်ကို မြင့်တက်စေပါတယ်။

ပြုပြင်ထားတဲ့ အသင့်စားလို့ရတဲ့ အစားအသောက်
တွေကိုရှောင်ပါ၊ ဆီကြော်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အကင်တွေရှောင်ပါ၊ အသီးအရွက်များများစားပါ၊ ဒိန်ချဉ်သောက်ပါ။ အစားအသောက်တွေကို ဆီနဲ့ကြော်
စားတာထက် ဆီးနည်းနည်းနဲ့ ရေနဲ့ချက်ပြုတ်စားပါ။

"ရသာရတနံ" လို့ခေါ်တဲ့ ပါးစပ်အလိုမလိုက်ပါနဲ့။

ကျန်းမာကြပါစေ။

#အူလမ်းကြောင်းမကောင်းလို့၈ကြိမ်ခွဲစိတ်ခန်းဝင်ဖူးသူ

Credit, Aung Khant

ကျန်းမာပျော်မွေ့ကြပါစေ

မိန်းကလေးအများစုကတော့ ကိုယ်ဝန်ရှိမရှိ ဆီးစစ်နည်းကို နည်းစနစ်ကျကျ စစ်တတ်ကြပေမယ့် သားသမီးရနိုင်မရနိုင်စစ်တဲ့  LH test စစ်န...
03/09/2023

မိန်းကလေးအများစုကတော့ ကိုယ်ဝန်ရှိမရှိ ဆီးစစ်နည်းကို နည်းစနစ်ကျကျ စစ်တတ်ကြပေမယ့် သားသမီးရနိုင်မရနိုင်စစ်တဲ့ LH test စစ်နည်းကိုတော့ အသေးစိတ်မသိကြတဲ့သူများမယ်ထင်ပါတယ်

LH test စစ်ဖို့ဆိုရင်တော့ပထမဆုံး မိမိရဲ့ ရာသီစက်ဝန်းကိုအသေအချာသိဖို့လိုပါတယ်နော် မသိသေးဘူးဆိုရင်လည်း တစ်လနှစ်လ စောင့်ကြည့်တွက်ချက်ကြည့်လို့ရပါတယ်ရှင့်

ရာသီစက်ဝန်းဆိုတာကတော့ ပထမဆုံးရာသီစလာတဲ့ရက်ကနေ နောက်တစ်ကြိမ်ရာသီမလာခင်ရက်အထိ ကြားရက်တွေကို ရာသီစက်ဝန်းတစ်ခုလို့သတ်မှတ်ပါတယ်ရှင့်

ရာသီစက်ဝန်းကတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး တချို့က 28ရက် တချို့လည်း 30/32/တချို့လည်း ရက် 40 အထိကြာတတ်ပါတယ်ရှင့်

ရာသီစက်ဝန်းတစ်ခုရဲ့ အလယ်ရက် မှာ မမျိုးဥအိမ်ကနေ သားသမီးရနိုင်တဲ့မျိုးဥတစ်ဥစကြွေပါတယ်ရှင့် မျိုးဥအိမ်က နှစ်ဖက်လုံးရှိပေမယ့် တစ်လမှာတစ်ဖက်ကနေ တစ်ဥပဲ ကြွေကျတာပါရှင့်မမျိုးဥရဲ့ သက်တမ်းက24 နာရီ တစ်ရက်ပဲရှိပါတယ် ကလေးရနိုင်တဲ့ရက်ကလည်း တစ်လလုံးမှာမှ အဲတစ်ရက်ပဲရှိပါတယ်LH testမှာ positive ပြတဲ့ရက်ထဲ(36 နာရီအတွင်း) အမျိုးသားနဲ့အတူတူနေရမှာပါရှင့်
တကယ်လို့ ဒီလထဲမအောင်မြင်ခဲ့ရင်လည်း စစ်ခဲ့တဲ့ ရက်လေးမှတ်ထားပြီးနောက်လနောက်လတွေမှာ ဆက်ကြိုးစားပေးပါနော်
မိခင်လောင်းအနေနဲ့ folic acid vitamin E နဲ့ zinc ဓာတ်ပါတဲ့ အားဆေးလေး ကြိုတင်သောက်သုံးထားသင့်ပါတယ်ရှင့် အောက်မှာ တော့မိမိရဲ့ရာသီစက်ဝန်းအလိုက် ဆီးစစ်ကြည့်ရမယ့်ရက်လေးတွေ တွက်ပြပေးထားပါတယ်ရှင့် တွက်ပြထားတဲ့ရက်ကနေ 5 ရက်ဆက်တိုက်အချိန်မှန်မှန် စစ်သွားရမှာပါရှင့်
သားသမီးရတနာများထွန်းကားနိုင်ကြပါစေနော်

Address


Telephone

+959977738838

Website

Alerts

Be the first to know and let us send you an email when မိုး ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မိုး ဆေးဆိုင်:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram