
30/04/2024
🌅ပူပြင်းသော နွေရာသီ နဲ့ အပူရှပ်ခြင်းအန္တရယ်
ရာသီ ဥတု အရမ်း ပူပြင်းလာသလို အပူရှပ်ခြင်း ပြသာနာ ဟာလည်း အတွေ့များလာပါတယ်။
🔥 အပူရှပ်ခြင်း ဆိုတာ ဘာလဲ??
😱သင်၏ ခန္ဓာကိုယ် အပူချိန် သာမာန်ထက်ပိုပြီး လွန်ကဲ မြင့်တက်လာခြင်း ကို ခေါ်ပါတယ်။
✅ဒီလို အရမ်းပူပြင်းတဲ့ ရာသီ မှာ အပူရှပ်ခြင်း Heat Stroke မဖြစ်အောင် ဘယ်လို နေထိုင်ကြရမလဲ ??
🌲 အရိပ်ရပြီး အေးမြသော နေရာတွင် နေရန်
🌲 မိမိ ၏ အသားကို နေရောင်ခြည်နဲ့ တိုက်ရိုကမထိတွေ့စေရန် လက်၊ လည်ပင်း ၊ ပုခုံး တို့ပါ လုံခြုံသော အရောင်ဖျော့သည့် ခပ်ပွပွ ချည်ထည် များသာ ဝတ်ဆင်ရန်
🌲နေ့လည် နေ့ခင်း အပြင်သွားပါက ထီး ၊ ဦးထုတ် ဆောင်းရန်
🌲 ရေများများသောက်ပေးရန်
✅ အပူရှပ်ခြင်း လက္ခဏာ တွေက ဘာတွေလဲ??
အပူရှပ်ခြင်း မဖြစ်ခင် အရင်ဆုံး
1. Heat cramps
2. Heat exhaustion
စတဲ့ လက္ခဏာ တွေ အရင်ကြုံရပါမယ်။
1. Heat cramps
ခန္ဓာကိုယ်ထဲမှာ ရေနဲ့ သတ္တုဓါတ်တွေစတင်နည်းပါးလာပြီဆိုတာ စပြတဲ့ ပြဿနာပါ
▶ ကိုယ်အပူချိန်တက်လာခြင်း
▶ ကြွက်သားတွေနာခြင်း
▶ကြွက်တက် ခြင်း များသောအားဖြင့် ခြေထောက်နဲ့ဝမ်းဗိုက်ကြွက်သားတွေမှာဖြစ်တာပါ။
အလွယ်ကူဆုံးကုသနည်းကတော့ အရိပ်ရတဲ့နေရာမှာနေပြီး ဓါတ်ဆားသောက်ပါ ။
2. Heat exhaustion
နေပူထဲမှာ အချိန်အကြာကြီး နေတာကြာလာရင် ချွေးထွက်လွန်လာရင် ဒီပြဿနာစဖြစ်ပါပြီ။
▶ခန္ဓာကိုယ်အေးစက်ပြီး ချွေးထွက် များလာခြင်း
▶ ခေါင်းကိုက် မူးဝေ အော့အန် စိတ်ရှုပ်ထွေးခြင်း
▶အသက်ရှုတာ မြန်ခြင်း ဖြစ်လာပါမယ်
ရှေးဦးသူနာကုသနည်းကတော့ အရိပ်ရပြီးအေးတဲ့နေရာမှာထားပါ။
လှဲနေရင်းခြေထောက်ကိုအပေါ်ထောင်ထားပေးပါ။
ထူထဲနေတဲ့အဝတ်တွေကိုချွတ်ပါ။ရေနဲ့ဓါတ်ဆားပြန်ဖြည့်ပေးပါ။
အဲ့ဒါမှအခြေနေမကောင်းသေးရင် ဆေးရုံသွားပါ။
🔥 Heat stroke အပူရှပ်ခြင်း
အန္တရာယ်အရှိဆုံးပါ။
အပေါ်ကနှစ်ခုကအရင်ဆုံးပြတဲ့ လက္ခဏာတွေဖြစ်ပြီး အဲ့ဒီအဆင့်တွေကို သေချာမကုသနိုင်ခဲ့ရင် heat stroke အဆင့်စပါပြီ။
ခန္ဓာကိုယ်ဟာ အပူချိန်ကိုမထိန်းနိုင်တော့ပါဘူး။ အပူချိန်ဟာ အမြင့်ဆုံးထိထိုးတက်သွားနိုင်ပါတယ်။
သွေးခုန်နှုန်းမြန်လာပါပြီ။
အဲ့လူကို ကိုင်ကြည့်ရင် ပူပူနဲ့ခြောက်ခြောက်ကပ်ကပ်ကြီးပါ။
အပူချိန်ကိုထိန်းညှိပေးဖို့ ချွေးမထွက်နိုင်တော့ပါဘူး။
သတိလစ်တာ တက်တာ အထိဖြစ်ပါတယ်။
အဲ့ဒီလို လက္ခဏာ တွေ ဖြစ်လာပါက လူနာကို
ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ရပါမယ်။
ဆေးရုံ မသွားခင် အရေးပေါ်ကုသမှု အနေဖြင့်
✅အရိပ်ရပြီး လေဝင်လေထွက် ကောင်းသောနေရာတွင်ထားပါ။
✅ယပ်တောင် ခပ်ခြင်း၊ ပန်ကာ ဖွင့်ခြင်း ၊ အဲယားကွန်း အခန်းတွင် ထားခြင်း တို့ ပြုလုပ်ပေးပါ။
✅လူနာ တစ်ကိုယ်လုံး အထူးသဖြင့် ဂျိုင်း ၊ လည်ပင်း ၊ ပေါင်ခြံကြား နေရာတွေကို ရေအေးအေးဖြင့် အပူချိန်မကျမချင်း ရေဖတ်တိုက်ပေးပါ။
✅လူနာ သတိရပါက ရေ ၊ ဓာတ်ဆားရေ တိုက်ပေးပါ
✅ အတက် လက္ခဏာ ဖြစ်လာပါက ဘေးစောင်းထားရန်
အပူရှပ်ခြင်း မဖြစ်အောင် ဘာတွေ ရှောင်ကြဉ်ရမလဲ? ?
✖ပူျပင်းသော နေရောင်အောက်တွင် အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်း
✖ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်းနေရောင်ခြည်နှင့် တိုက်ရိုက်ထိခြင်း တတ်နိုင်သမျှ ေရှာင်ကြဥ်ရန်
✖နေပူ ထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်း
✖အရက် အလွန် အကျွံသောက်ခြင်း
အပူရှပ်ခြင်း မဖြစ်အောင် ကြိုတင် ကာကွယ်ခြင်း က ကုသခြင်းထက် ပို၍ ထိရောက်ပါတယ်
Dr Chan Myae
M. B. ,B. S
M. Med. Sc ( Internal Medicine )
အထွေထွေရောဂါ အထူးကု သမားတော်
Chan Myae Online Clinic
☎09400731038