Tet Nay Lin Family Medicine Clinic

  • Home
  • Tet Nay Lin Family Medicine Clinic

Tet Nay Lin Family Medicine Clinic မိသားစုတိုင်းအတွက်အရည်အချင်းပြည့်ဝသောမိသားစုဆေးပညာဆရာဝန်လိုအပ်ပါသည်

 #ီအခန်းလေးထဲမှာလူနာတွေများစွာကုသပေးခဲ့ပြီးပြီ။တပည့်ပေါင်းများစွာကိုလည်းပညာရင်နို့ တိုက်ကျွေးခဲ့ဘူးပြီးပြီ။ လွန်ခဲ့တဲ့ ၂...
11/12/2023

#ီအခန်းလေးထဲမှာလူနာတွေများစွာကုသပေးခဲ့ပြီးပြီ။တပည့်ပေါင်းများစွာကိုလည်းပညာရင်နို့ တိုက်ကျွေးခဲ့ဘူးပြီးပြီ။ လွန်ခဲ့တဲ့ ၂၃နှစ်ပေါ့။၂၀၀၀ပြည့်နှစ်
စက်ာပူပညာ​ တော်သင်ခရီးစဥ်အပြီးတွေ့ခဲ့ရတဲ့ဆေးခန်းတွေကိုလေးစားအတုယူရင်းတည်ဆောက်ခဲ့ရတယ်။ GP clinic ဆိုရင် ရုပ်မြင်သံကြားလို့မြင်ကြတဲ့ လိုက်ကာလေးတချပ်ဆွဲကာရင်ပြီးပြီလို့မြင်ကြတဲ့အတွေးအခေါ်တွေကြားကရုန်းထွက် Family Medicine Clinic တခုရယ်လို့ သေသေချာချာ တည်ဆောက်ခဲ့ရတယ်။ CCTV ဆိုတာတွေခေတ်မစားခင်ကထဲက ကျနော့်ဆေးခန်းမှာတပ်ခဲ့တယ်။ ကိုဗစ်ကျမှခေတ်စားလာတဲ့နဖူးတိုင်း infrared thermometer တွေ အဲဒီခေတ်မှာသုံးခဲ့တယ်။
ကျနော့်ဇနီးသည်ရဲ့ကူညီပံပိုးမှုတွေကတော့အားလုံးရဲ့အသက်ပဲ။ အဲဒီခေတ်ကဆရာဝန်ဆိုရင် attache case တွေနဲ့ housecall လိုက်ကြတာ။ singapore ရောက်တော့မှ call bag လို့ခေါ်တဲ့ Doctor's bag ကိုတွေ့ဝယ်ခဲ့ရတယ်။ Family Medicine ဆိုတာဘယ်လိုမျိုးလဲနားလည်ခဲ့ရတယ်။ ဒါနဲ့ reference books တွေကို Barabasar complex ၄ထပ်က Yunnun bookstore မှာအကုန်ဝယ်ရ ပထမဆုံးဝယ်တာ John Murtagh စာအုပ်ပေါ့ အဲဒီမှာနေရင်းလေ့လာရင်းအများကြီးသိခဲ့ရတယ်။ အဲဒီမှာကျနော့်ဆရာတွေ ​ြ​​ဖစ်တဲ့ Prof Goh နဲ့ Prof Cheong သူငယ်ချင်း Dr Julian Lim တို့တွေနဲ့လေ့လာခဲ့ရတယ်။ နောက်ပိုင်းကိုယ့်ဆရာတွေမြန်မာနိုင်ငံကိုလာပြီး Family Medicine တိုးတက်ရေးတွေအများကြီးလုပ်ကြတယ်။ ဒီအခန်းလေးမှာ Singapore ကသူငယ်ချင်းတွေလာဆွေးနွေးကြကြည့်ကြတယ်။ ကိုယ့်ဆေးခန်းလေးဟာ မြန်မာ Family Medicine လောကသားတွေအတွက် Model တခုဖြစ်ခဲ့ရတယ်။ ဒီအခန်းလေးကိုပြင်ဆင်တာအဲဒီခေတ်မှာသိန်း ၃၀လောက်ကုန်ကျတာ်။ အခုခေတ်စျေးနဲ့ဆိုတွက်ကြည့်ပေါ့။ ဘာပဲ​ဖြစ်ဖြစ်ကျနော့်အခန်းလေးကိုကျနော်သဘောကျတယ်။
ဒီအခန်းလေးထဲမှာကျနော့်ကိုချစ်ခင်အားကိုးလာပြီးဆေးကုသကြတဲ့ကျနော့်လူနာတွေအားလုံး ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့မရှိရင်ယနေ့ကျနော်ဖြစ်မလာနိုင်ဘူးလေ။

 #ဒီမနက်၈နာရီလောက်မှာဖုန်းcallဝင်လာပါတယ်မတွေ့တာကြာပြီဖြစ်တဲ့ငယ်သူငယ်ချင်းတယောက်ဆီကပါ။အကြောင်းကတော့ သူ့ရဲ့သူငယ်ချင်းတယောက...
05/06/2023

#ဒီမနက်၈နာရီလောက်မှာဖုန်းcallဝင်လာပါတယ်
မတွေ့တာကြာပြီဖြစ်တဲ့ငယ်သူငယ်ချင်းတယောက်ဆီကပါ။
အကြောင်းကတော့ သူ့ရဲ့သူငယ်ချင်းတယောက်အမေရိကန်မှာနေတဲ့သူ ကျနော့်ရဲ့ပညာပေးဆောင်းပါးတွေဖတ်ရင်းသူ့အမေကိုပြချင်လို့ဆေးခန်းလိပ်စာမေးတာပါ။
မနက်ဆေးခန်းဖွင့်တော့သူပါ ပါလာပြီးသားအမိနှစ်ယောက်လာပြကြတာပါ။ သူကအမေရိကန်ကနေပြန်လာတာဖြစ်လိမ့်မယ်။ သူမှာအမေရဲ့ဆေးမှတ်တမ်း သူ့ရဲ့ဆေးမှတ်တမ်းတွေအထူကြီးပါလာပါတယ်။ ကျနော်တို့ရဲ့ Family Medicine မှာ Thick file syndrome လို့ခေါ်သလို Fat envelop syndrome လို့လဲခေါ်ပါတယ်။ သူပြောတာက ဆေးတွေပြန်ညှိချင်လို့ပါတဲ့။
ဆေးမှတ်တမ်းတွေအားလုံးကိုယူကြည့်ရပါတယ်။ သူ့မိခင်က အသက် ၈၀ ဆိုတော့ ထုံးစံအတိုင်းရောဂါတွေအများကြီးနဲ့ အထူးကုမျိုးစုံပြထားပြီးဆေးတွေသောက်နေရတာအများကြီးပါ။ ဆရာဝန်တဦးကို ၄မျိုးဆိုရင်တောင်ဆရာဝန်၅ဦးဆိုတော့အမျိုး၂၀လောက်ရှိပယတယ်။ ဒါကို polypharmacy လို့ခေါ်ပါတယ်။ အကြမ်းပျင်းဆေး ၅မျိုးထက် ပိုသောက်နေရင် polypharmacy လို့ခေါ်ပါတယ်။ အသက်ကြီးတဲ့ ၆၀ အထက်လူတွေမှာ polypharmacy ဟာတကဲ့ အန္တရာယ်များပါတယ်။ ဘာတွေဖြစ်တတ်သလဲဆိုတော့ ပထမဆုံးဆေးရဲ့ဘေးထွက်ဆိုးကျိုး adverse drug reaction(ADR)တွေပိုဖြစ်လာတတ်တယ်။ ဆေးတခုနဲ့တခု ဓာတ်ပြုမှု drug drug interaction တွေလဲပိုများလာတယ်။ ဒါ့အပြင် လိမ့်ကျချော်လဲခြင်း(falls)
တွေ ပိုပြီးအင်အားချိနဲ့အိပ်ရာထဲလဲတာ (fraility)
ပိုပြီးဆိုးတာကအသေအပျောက်နှုန်းတွေတက်လာတယ်။ ဆေးတွေများများသောက်လေမြန်မြန်သေလေဆိုတာအထူးသတိပေးချင်ပါတယ်။ မြန်မာနိုင်ငံလိုနိုင်ငံမှာအထူးကုပေါင်းများစွာနဲ့ကုသလေ့ရှိတော့ ဒီလို polypharmacy တွေအများကြီးတွေ့ရပါတယ်။ အမေရိကန်မှာနေတဲ့သားဖြစ်သူက ဒါကိုသိထားတဲ့အတွက်တကူးတကန့်လာပြတာပါ။
ဒါကိုကုသဖို့ဆရာဝန်တွေသိထားသင့်တဲ့ tools တွေရှိပါတယ်။ Beer's criteria /STOPP guidelines/ Drug burden index ဆိုတာတွေနဲ့ဆန်းစစ်ရပါမယ်။ ဒီနေရာမှာအသေးစိတ်မရေးပြတော့ပါဘူး။ အတိုချုပ်ပြောရရင်သူ့ရဲ့မှတ်တမ်းတွေကိုအကုန်ကြည့်ရပါမယ်။အကြာကြီးကြည့်နေရရင်ဒီလူနာတယောက်ထဲနဲ့ဆေးခန်းချိန်ကုန်သွားမှာဖြစ်တဲ့အတွက်
အချိန်တိုအတွင်းကြည့်နိုင်တဲ့ knowledge နဲ့ skill တွေရှိရပါမယ်။
ကျနော်ပြန်ကြည့်ပြီးပြန်ရှင်းပြတယ် ဘယ်ဆေးကသောက်ဖို့တကယ်လိုတယ် ဘယ်ဆေးကမလိုလို့ဖြုတ်ပါမယ်။ နောက်ဆုံး ဆေး၄မျိုးနဲ့စီစဥ်ပေးလိုက်ပါတယ်။
ဒီဆောင်းပါးလေးရေးရတဲ့ရည်ရွယ်ချက်က ဆေးတွေတထုပ်ကြီးမသောက်ပါနဲ့။ အထူးသဖြင့်အသက်ကြီးလူနာများအတွက်ပါ။

26/05/2023
Quality Health Care အရည်အချင်းပြည့်ကျန်းမာရေးစောင့်ရှောက်မှု Ultimate Family Medicine Based Care ပြီးပြည့်စုံသော မိသားစု...
25/05/2023

Quality Health Care
အရည်အချင်းပြည့်ကျန်းမာရေးစောင့်ရှောက်မှု
Ultimate Family Medicine Based Care
ပြီးပြည့်စုံသော မိသားစုကျန်းမာရေးစောင့်ရှောက်မှု
ရရှိနိုင်ရန်
Tet Nay Lin FMC ကိုဆက်သွယ်ကြပါစို့
လိပ်စာ
အမှတ်၃၅/ ၁၄၀လမ်း
မအူကုန်းရပ်ကွက် တာမွေမြို့နယ် ယုဇနပလာဇာအနီး
ph 01293443
ဆေးခန်းဖွင့်ချိန်
မနက် ၉ မှ ၁၁ နာရီ ၃၀ မိနစ်
ညနေ ၅ နာရီမှ ၇ နာရီ(တနဂ်နွေမှအပ)

Address


Opening Hours

Monday 09:00 - 11:30
17:30 - 19:00
Tuesday 09:00 - 11:30
17:30 - 19:00
Wednesday 09:00 - 11:30
17:30 - 19:00
Thursday 09:00 - 11:30
17:30 - 19:00
Friday 09:00 - 11:30
17:30 - 19:00
Saturday 09:00 - 11:30
17:30 - 19:00
Sunday 09:00 - 11:30

Telephone

+951293443

Website

Alerts

Be the first to know and let us send you an email when Tet Nay Lin Family Medicine Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tet Nay Lin Family Medicine Clinic:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram