CBL Medical Centre

CBL Medical Centre CBL Medical Centre for Healthier Life

ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး သက်ရှည်ကျန်းမာကြပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါသည်  ...
06/10/2025

ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး သက်ရှည်ကျန်းမာကြပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါသည်



ကင်ဆာရောဂါများနှင့် ပတ်သက်ပြီး တိကျသော ရောဂါရှာဖွေမှုများ၊ စစ်ဆေးစမ်းသပ်မှုများနှင့် ထိရောက်သော ဆေးသွင်းကုသမှုများ ပြုလု...
04/10/2025

ကင်ဆာရောဂါများနှင့် ပတ်သက်ပြီး တိကျသော ရောဂါရှာဖွေမှုများ၊ စစ်ဆေးစမ်းသပ်မှုများနှင့် ထိရောက်သော ဆေးသွင်းကုသမှုများ ပြုလုပ်လိုပါက CBL Medical Centre (ရန်ကုန်)တွင် ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ။

🌟ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများ
👩‍⚕️ဒေါက်တာရွှေစင်ဝင်း
M.B.,B.S, M.Med.Sc (Medical Oncology), MRCP (UK), Fellowship in Medical Oncology (Singapore)

👨‍⚕️ဒေါက်တာဟိန်းတေဇာစိုး
M.B.,B.S, M.Med.Sc (Medical Oncology), Dip.Med.Ed, Fellowship in Palliative Medicine (Singapore)

👩‍⚕️ဒေါက်တာလင်းလင်းကြည်
M.B.,B.S, M.Med.Sc (Radiation Oncology)

တိုင်ပင်ဆွေးနွေးပြသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664



👭ရင်သားကင်ဆာကို ကြိုတင်သိရှိပြီး ထိရောက်စွာ ကုသနိုင်ဖို့ ရင်သားကျန်းမာရေး စစ်ဆေးမှုများကို ပုံမှန်ပြုလုပ်လိုက်ပါ👭       ...
03/10/2025

👭ရင်သားကင်ဆာကို ကြိုတင်သိရှိပြီး ထိရောက်စွာ ကုသနိုင်ဖို့ ရင်သားကျန်းမာရေး စစ်ဆေးမှုများကို ပုံမှန်ပြုလုပ်လိုက်ပါ👭
ရင်သားကင်ဆာရောဂါဟာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီး၁သန်းကျော်တွင် ဖြစ်ပွါးလျက်ရှိပြီး ကင်ဆာကြောင့် အသက်ဆုံးရှုံးရခြင်းများရဲ့ ဒုတိယအကြောင်းအရင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးများဟာ မိမိကိုယ်တိုင် ရင်သားစမ်းသပ်မှုများကို လစဉ်ပြုလုပ်သင့်တဲ့အပြင် ရင်သားကျန်းမာရေး စစ်ဆေးမှုများကိုလည်း ပုံမှန်ပြုလုပ်ခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွါးနေခြင်းရှိ၊မရှိကို ကြိုတင်သိရှိနိုင်ပါတယ်။ ထိုသို့ကြိုတင်စစ်ဆေး သိရှိထားခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွါးလာပါက ထိရောက်မှန်ကန်သော ကုသမှုများကို အချိန်မီ ပြုလုပ်နိုင်ကာ ရောဂါကိုကုသပျောက်ကင်းနိုင်ပါတယ်။
အမျိုးသမီးများသည် အသက် ၄၀နှစ် နှင့်အထက်မှ စတင်၍ ရင်သားကျန်းမာရေး စစ်ဆေးမှုများကို နှစ်စဉ်ပြုလုပ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများမှ အကြုံပြုထားပါတယ်။ ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းဟာ ကုသမှုရလာဒ်ကောင်းများကို ရရှိစေနိုင်ရန် များစွာအထောက်အကူပြုပါတယ်။ မိမိကိုယ်တိုင်နှင့် မိမိချစ်ခင်ရသော မိသားစုဝင်များအတွက် ရင်သားကျန်းမာရေး စစ်ဆေးမှုများကို ခုပဲပြုလုပ်လိုက်ပါ။
CBL Medical Centre (ရန်ကုန်)ရဲ့ Breast Screening Packageကို ၁၆၀,၀၀၀ကျပ်ဖြင့် စစ်ဆေးပြီး ရင်သားကျန်းမာရေး စစ်ဆေးမှုကို ပြုလုပ်နိုင်ပါပြီ။ Breast Screening Packageကို စစ်ဆေးနိုင်ရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664



ကင်ဆာလူနာနှင့် အာဟာရ (၁) ကင်ဆာရောဂါကုသမှု ခံယူနေစဉ်မှာ ခွန်အားရှိနေဖို့၊ ကုသမှုဒဏ်တွေကို ခံနိုင်ဖို့ ပြန်လည်ကျန်းမာလာဖို...
30/09/2025

ကင်ဆာလူနာနှင့် အာဟာရ (၁)

ကင်ဆာရောဂါကုသမှု ခံယူနေစဉ်မှာ ခွန်အားရှိနေဖို့၊ ကုသမှုဒဏ်တွေကို ခံနိုင်ဖို့ ပြန်လည်ကျန်းမာလာဖို့အတွက် အစားအသောက် စားသောက်ပုံတွေကို ပြောင်းလဲရနိုင်ပါတယ်။ ကျန်းမာနေတဲ့သူတွေနဲ့ မတူဘဲ အသားဓာတ်ပိုပါတဲ့အစားအသောက်များ၊ ကယ်လိုရီများများပါနဲ့အစားသောက်များကို စားသောက်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ ကင်ဆာအမျိုးအစား၊ ဘေးထွက်ဆိုးကျိုးများပေါ် မူတည်ပြီးတော့ ခန္ဓာကိုယ် လိုအပ်ချက်များအလိုက် စားသောက်ဖို့ ကြိုးစားရတတ်ပါတယ်။
အာဟာရပြည့်ဝနေမှသာ ကင်ဆာရောဂါကုသမှုများကို အဆင်ပြေပြေနဲ့ ကျော်ဖြတ်နိုင်မှာပါ။ အာဟာရအနေနှင့်
• အသားဓာတ်
• အဆီဓာတ်
• ကစီဓာတ်
• ရေ
• Vitamin
• Minerals တွေ လိုအပ်ပါတယ်။
ဒီနေ့ကတော့ အသားဓာတ်အကြောင်းကို ရေးသားပေးပါမယ်။
အသားဓာတ်ကို ကြီးထွားဖို့၊ ခန္ဓာကိုယ်ရှိတစ်သျှူးတွေကို ပြန်လည်ပြုပြင်ဖို့နဲ့ ကိုယ်ခံအားစနစ်ပုံမှန်လည်ပတ်နိုင်ဖို့ လိုအပ်ပါတယ်။ အသားဓာတ်ပြည့်ဝမှုမရှိရင် ကြွက်သားတွေကို ချေဖျက်လိုက်ပြီး အသုံးပြုရပါတယ်။ ကြွက်သားတွေ နည်းလာတဲ့အခါ နလန်ထကြာရှည်တာ၊ ရောဂါပိုးမွှားဒဏ်တွေကို ခံနိုင်ရည်မရှိတာတွေ ဖြစ်လာပါတယ်။ ကင်ဆာရောဂါရှိတဲ့လူနာအနေနဲ့ သာမန်လူထက် အသားဓာတ်ပိုလိုအပ်ပါတယ်။ ခွဲစိတ်မှု၊ ကင်ဆာဆေးသွင်းကုသမှု၊ ဓာတ်ရောင်ခြည်ဖြင့်ကုသမှုတွေ အပြီးမှာ တစ်သျှူးတွေ အနာကျက်ဖို့၊ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ဖို့ အသားဓာတ်တွေ အများကြီးလိုအပ်ပါတယ်။ ကောင်းမွန်တဲ့ အသားဓာတ်တွေကို ငါး၊ ကြက်သား၊ အဆီမပါတဲ့အသား၊ ဥအမျိုးမျိုး၊ အဆီထုတ်ထားသော နို့ထွက်ပစ္စည်းများ၊ အစေ့အဆံများနှင့် ပဲအမျိုးမျိုးတို့ကနေ ရနိုင်ပါတယ်။
ဖြည့်စွက်အားဆေးတွေထက် သဘာဝအတိုင်း အစားအသောက်တွေကနေ အာဟာရ ရရှိခြင်းက ပိုကောင်းတဲ့အတွက် လူနာများအနေနဲ့ အာဟာရပြည့်ဝအောင် ကြိုးစားစားသောက်ဖို့ တိုက်တွန်းလိုပါတယ်။
ဘေးထွက်ဆိုးကျိုးများကြောင့် အစာမဝင်ဘူး၊ လူနာကိုယ်အလေးချိန် ကျကျလာတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သင်နှင့် သင်ချစ်ခင်ရသော မိသားစုဝင်များ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် လိုအပ်သော ဆေးပညာအကြံဉာဏ်များနှင့် ထိရောက်သော အထ...
26/09/2025

သင်နှင့် သင်ချစ်ခင်ရသော မိသားစုဝင်များ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် လိုအပ်သော ဆေးပညာအကြံဉာဏ်များနှင့် ထိရောက်သော အထူးကုသမှုများအတွက် CBL Medical Centre (ရန်ကုန်)တွင် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးနှင့် တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ။

🌟အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး
👩‍⚕️တွဲဖက်ပါမောက္ခ ဒေါက်တာအေးအေးဝင်း
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), FRCP (Edin), Ph.D (CTM, Mahidol)
🗓️တနင်္လာနေ့မှ သောကြာနေ့အထိ

တိုင်ပင်ဆွေးနွေးပြသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါသည်။

CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊
စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664



VACANCY ANNOUNCEMENTCBL Medical Centre (Yangon) တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းအလိုရှိပါသည်။Junior Accountant – 1...
20/09/2025

VACANCY ANNOUNCEMENT

CBL Medical Centre (Yangon) တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းအလိုရှိပါသည်။

Junior Accountant – 1 post

Job requirement
- Accounting နှင့်ပတ်သက်သော ဘွဲ့(သို့) Diploma (သို့) LCCI I&II ရရှိထားသူဖြစ်ရမည်။
- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂)နှစ်ရှိရမည်။
- Microsoft office ကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။
- ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရမည်။
- Team Work ဖြင့် အလုပ်လုပ်နိုင်သူဖြစ်ရမည်။

စိတ်ပါဝင်စားသူများအနေဖြင့် CBL Medical Centre (Yangon)သို့ လူကိုယ်တိုင်ဖြစ်စေ၊ Email မှတဆင့်ဖြစ်စေ October 15 ရက်နေ့နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Phone : 01 8388787
Email : admin@cbl.com.mm

🏥ကင်ဆာဝေဒနာရှင်များရဲ့ ကုသမှုခရီးစဥ်အတွက် CBL Chemotherapy Daycare Centre🏥         ကင်ဆာကုသမှုဆိုတာ ခရီးရှည်တခုသွားရသလို...
20/09/2025

🏥ကင်ဆာဝေဒနာရှင်များရဲ့ ကုသမှုခရီးစဥ်အတွက် CBL Chemotherapy Daycare Centre🏥
ကင်ဆာကုသမှုဆိုတာ ခရီးရှည်တခုသွားရသလိုပါပဲ။ ကင်ဆာကုသမှု ခရီးစဥ်တလျှောက်မှာ သက်တောင့်သက်သာ စိတ်ချမ်းသာစွာ မှန်ကန်ထိရောက်တဲ့ကုသမှုကို ခံယူနိုင်ဖို့ အရေးကြီးပါတယ်။ CBL Chemotherapy Daycare Centreမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကင်ဆာလူနာများကြုံတွေ့ရမည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို သေချာစွာ သိရှိနားလည်သည့်အတွက် ကင်ဆာဝေဒနာရှင်များအတွက် စိတ်သက်သာရာရပြီး မှန်ကန်ထိရောက်တဲ့ကုသမှုများ ရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

🤔CBL Chemotherapy Daycare Centre ကို ဘာလို့ရွေးချယ်သင့်ပါသလဲ?🤔
ပြည်တွင်းမှ ကင်ဆာအထူးကုဆရာဝန်ကြီးများ၊ စင်ကာပူနိုင်ငံမှ ကင်ဆာဆရာဝန်ကြီးများနှင့် ရောဂါအခြေအနေ၊ လိုအပ်သော စစ်ဆေးမှုများ၊ ကုသမှုနည်းလမ်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များအားလုံးကို သေချာဆွေးနွေးတိုင်ပင်နိုင်သည့်အတွက် လူနာများအနေဖြင့်
✅ဆေးကုသမှုမခံယူမီ ကင်ဆာကုသမှုခရီးစဥ်ကို သေချာစွာ သိရှိနိုင်ခြင်း
✅ရောဂါအတွက် နိုင်ငံတကာ စံနှုန်းအတိုင်း လိုအပ်သောစစ်ဆေးမှုများကို ပြည်တွင်းမှာသာမက အမေရိကန်၊ စင်ကာပူ၊ တောင်ကိုရီးယားနိုင်ငံများသို့ ပေးပို့စစ်ဆေးနိုင်ခြင်း
✅ဆေးကုသမှုမစတင်မီ ကင်ဆာကုသမှုအတွင်း ကြုံတွေ့နိုင်သည်များကို ဆရာဝန်များ၊ သူနာပြုများမှ သေချာစွာ ရှင်းလင်းပြောပြသည့်အတွက် လူနာအနေဖြင့် ဆောင်ရန်ရှောင်ရန်များကိုသိရှိပြီး ကင်ဆာကုသမှုတလျှောက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခြင်း
✅ဆေးသွင်းကုသစဥ်ကာလတလျှောက်တွင် တာဝန်ခံဆရာဝန်များမှ စဥ်ဆက်မပြတ် ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ပေးခြင်းများကြောင့် မိမိခံစားရသော ဝေဒနာများကို အချိန်နှင့်တပြေးညီ ကုသမှုရရှိနိုင်ခြင်း
✅ဆေးသွင်းကုသရာတွင် အန္တရာယ်ကင်းရှင်းစေရန် Biosafety Cabinetဖြင့် ဆေးများကို ပြင်ဆင်ပေးခြင်း
✅ဆေးသွင်းကုသသည့်အချိန်တွင် အေးချမ်းတိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်တွင် မိသားစုနှင့်အတူ စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်ခြင်း
✅လိုအပ်ပါက ကင်ဆာရောဂါတွင် ဖြစ်တတ်သည့် ဝေဒနာများအား အနည်းဆုံးဖြစ်အောင် Palliative Careအတွက် အိမ်တိုင်ရာရောက် ကုသမှုများကို ပြုလုပ်ပေးခြင်း
✅လူနာ၏မိသားစုဝင်များအနေဖြင့် ကင်ဆာနှင့်ပတ်သက်သော ကျန်းမာရေးစစ်ဆေးမှုများ၊ ကင်ဆာမျိုးရိုးဗီဇပါ၊မပါ စစ်ဆေးမှုများကိုလည်း အထူး‌ဈေးနှုန်းများဖြင့် စစ်ဆေးနိုင်ခြင်း ဝန်ဆောင်မှုများ ရရှိနိုင်ပါတယ်။
ကင်ဆာရောဂါဖြစ်နေပြီလို့ စသိလိုက်ရင် အရမ်းမစိုးရိမ်ပါနဲ့။ ကင်ဆာအမျိုးအစားပေါ်မူတည်ပြီး နောက်ဆုံးပေါ်ကုထုံးများနှင့် ခေတ်မီဆေးဝါးများရဲ့ အကူအညီများဖြင့် ကင်ဆာကုသမှုတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ဝေဒနာတွေ ခံစားနေရပြီဆိုရင် မပေါ့ဆကြပါနဲ့။ နီးစပ်ရာ ဆရာဝန် (သို့) CBL Medical Centre Yangon နဲ့ Mandalay များကို လာရောက်ပြီး ကျန်းမာရေးစစ်ဆေးကြည့်ခြင်းဖြင့် ကင်ဆာရောဂါဆိုးကြီးကို စောစီးစွာသိရှိကုသပျောက်ကင်းနိုင်ပါတယ်။

🤝CBL Chemotherpay Daycare Centre ကသင့်နဲ့အတူ ကင်ဆာကုသမှုခရီးစဥ်မှာ အတူလိုက်ပါ ကူညီပေးပါရစေ🤝
💪LET’S FIGHT CANCER TOGETHER 💪

CBL Medical Centre ကင်ဆာဆေးသွင်းကုသဌာန (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre ကင်ဆာဆေးသွင်းကုသဌာန (Mandalay)
အမှတ် - ဘီ ၃၀၊ ပတ္တမြားအိမ်ရာ၊
၇၃ လမ်း၊ ၁၁၁လမ်းနှင့် ၁၁၂ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777



ဆီးချိုဆေးများဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွါးခြင်းကို ကာကွယ်ရန်...
18/09/2025

ဆီးချိုဆေးများဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွါးခြင်းကို ကာကွယ်ရန်အတွက် အသုံးပြုပါတယ်။ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ ဆီးချိုဆေးများကို ရပ်လိုက်ပါက သွေးတွင်းသကြားဓါတ် ပုံမှန်ထက် ပြန်လည်မြင့်တက်လာနိုင်ပါတယ်။ ကောင်းမွန်စွာ ထိန်းချုပ်မှုမရှိသော သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်းဟာ အချိန်ကြာလာတာနှင့်အမျှ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပွါးနိုင်ပြီး အချို့သော နောက်ဆက်တွဲပြဿနာများမှာ အသက်အန္တရာယ်ရှိနိုင်သည့်အထိ ဆိုးရွားနိုင်ပါတယ်။
သွေးတွင်းသကြားဓါတ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်ပွါးနိုင်သော နောက်ဆက်တွဲရောဂါများမှာ
⚠️ရုတ်တရက် နှလုံးအမောဖောက်ခြင်း
⚠️လေဖြတ်ခြင်း
⚠️ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
⚠️မျက်ကြည်လွှာထိခိုက်ကာ အမြင်အာရုံချို့ယွင်းခြင်း
⚠️ခြေလက်အာရုံကြောများ ချို့ယွင်းပျက်စီးခြင်း
⚠️ကိုယ်ခံအားလျော့နည်းကာ အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်းစသည်တို့တွင် ပိုးဝင်ရန်လွယ်ကူခြင်း
⚠️သွားဖုံးသွေးယိုခြင်း
⚠️ကိုယ်ခန္ဓာ (အထူးသဖြင့် ခြေလက်တို့)တွင် အနာဖြစ်လွယ်ခြင်းစသည်တို့ ဖြစ်ပါတယ်။
ဆီးချိုရောဂါနှင့် ပတ်သက်၍ သွေးတွင်းသကြားဓါတ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်နှင့် ထိရောက်သော စောင့်ရှာက်ကုသမှုများကို ရယူလိုပါက CBL Medical Centre (ရန်ကုန်)တွင် ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာဇာခြည်ပြုံးနှင့် တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ။

👩‍⚕️ဒေါက်တာဇာခြည်ပြုံး
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), FRCP (Edin), Dr.Med.Sc (Endocrinology)

တိုင်ပင်ဆွေးနွေးပြသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်။
01 8377 878, 09 2611 66664



✨ သင့်ကျန်းမာရေး သင့်အနာဂတ် ✨ရောဂါကြီးအများစုဟာ ရောဂါရင့်မှပဲ ရောဂါလက္ခဏာပြတတ်ပါတယ်။ 💡 တစ်နှစ်တခါ ကျန်းမာရေးစစ်ဆေးပေးခြင...
15/09/2025

✨ သင့်ကျန်းမာရေး သင့်အနာဂတ် ✨
ရောဂါကြီးအများစုဟာ ရောဂါရင့်မှပဲ ရောဂါလက္ခဏာပြတတ်ပါတယ်။
💡 တစ်နှစ်တခါ ကျန်းမာရေးစစ်ဆေးပေးခြင်းဖြင့် ရောဂါတွေကို စောစောသိနိုင်ပြီး ထိထိရောက်ရောက် ကုသနိုင်ပါတယ်။
✅ အချိန်ခဏပဲ ပေးရတယ်
✅ ကုန်ကျစရိတ်လည်းသက်သာတယ်
✅ အနာဂတ်ကျန်းမာရေးအတွက် စိတ်အေးရတယ်
📅 အခုပဲ သီတင်းကျွတ် အထူးအစီအစဉ်အနေနဲ့ သီတင်းကျွတ် Health Screening Package ကို Buy 1 Get 1 ရယူပြီး မိသားစုမိတ်ဆွေမျာနှင့်အတူ ကျန်းမာရေးစစ်ဆေးလိုက်ပါ။

သီတင်းကျွတ် Health Screening Packageတွင် ပါဝင်သည့် စစ်ဆေးမှုများကို commentတွင် ကြည့်ရှုနိုင်ပါတယ်။

==================
CBL Medical Centre တွင် ကျန်းမာရေးစစ်ဆေးမှု Health Screening package များကို အသက်အရွယ်အလိုက် စစ်ဆေးမှုများ ပြုလုပ်နိုင်သလို တစ်ဦးချင်းစီ လိုအပ်ချက်အလိုက် ဆရာဝန်ကြီးများနှင့် တိုင်ပင်ပြီး စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

📅 ဆက်သွယ်စုံစမ်းရန်

CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ) နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre (မန္တလေး)
B-30 ၇၃လမ်း၊ ၁၁၁လမ်းနှင့် ၁၁၂လမ်းကြား, မင်္ဂလာပတ္တမြားအိမ်ရာ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777

💪🏻ကျန်းမာရေးပုံမှန်စစ်ဆေးခြင်းက သင့်ဘဝကို များစွာ အကျိုးရှိစေပါတယ်💪🏻      ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သူတွေရဲ့ စကားသံတွေက...
12/09/2025

💪🏻ကျန်းမာရေးပုံမှန်စစ်ဆေးခြင်းက သင့်ဘဝကို များစွာ အကျိုးရှိစေပါတယ်💪🏻

ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သူတွေရဲ့ စကားသံတွေကို မျှဝေပေးလိုက်ပါတယ်။

🩺: ”ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်တတ်တဲ့ သူငယ်ချင်းနဲ့ အဖော်အဖြစ်လိုက်လာရင်း မိမိကိုယ်တိုင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်မိတဲ့အခါ သွေးတိုးနှင့်ဆီးချိုရောဂါ စတင်ဖြစ်ပွါးနေတာကို သတိပြုမိခဲ့ပါတယ်။ ဒါကြောင့် ကျွမ်းကျင်ဆရာဝန်နဲ့ ရက်ချိန်းပုံမှန်ပြပြီး ညွှန်ကြားချက်အတိုင်း ဆေးတွေကို မပျက်မကွက်သောက်တယ်။ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်တာကြောင့် သွေးတိုးနှင့်ဆီးချိုရောဂါကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ပါပြီ။”

👩‍🦳: ”အမျိုးသမီးတွေဟာ အသက်၄၀နှစ်ကပြီး ရင်သားဓာတ်မှန်စစ်ဆေးသင့်တဲ့အကြောင်း ဆောင်းပါးဖတ်မိလို့ ရင်သားဓာတ်မှန်စစ်ဆေးခဲ့တဲ့အခါ သံသယဖြစ်စရာအကျိတ်ကို တွေ့ရှိခဲ့ပါတယ်။ ကင်ဆာကျိတ်ဟုတ်၊မဟုတ် သေချာအောင် လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆက်ပြီးပြုလုပ်တဲ့အခါ ကင်ဆာကျိတ်မဟုတ်ဘဲ ရိုးရိုးအကျိတ်ဖြစ်နေတာကို သိရှိခဲ့ရပြီး ခွဲစိတ်ဖယ်ရှားနိုင်ခဲ့လို့ စိတ်အေးခဲ့ရပါတယ်။ ခုတော့ ရင်သားဓာတ်မှန်စစ်ဆေးမှုအပြင် အခြားကျန်းမာရေးစစ်ဆေးမှုတွေကိုပါ နှစ်စဉ်ပုံမှန်ပြုလုပ်နေပါတယ်။”

🩸: ”အသည်းရောင်အသားဝါစီပိုးရှိနေမှန်း သိပေမယ့် သေချာကုသတာမျိုး မရှိခဲ့ပါဘူး။ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တဲ့အခါမှ အသည်းအင်ဇိုင်းတွေတက်နေတာ၊ စီပိုးအကောင်ရေအရမ်းများနေတာကို သိရပြီး ဆရာဝန်နှင့်ပြသကာ ကုသမှုကို ခံယူခဲ့ပါတယ်။ ထို့နောက်မှာတော့ ပိုးကောင်ရေလည်း စိတ်ချရတဲ့အဆင့်ထိ လျော့နည်းသွားပြီး အသည်းလုပ်ဆောင်ချက်တွေ ပြန်ကောင်းလာလို့ ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာခဲ့ပါတယ်။”

🫘: ”နှစ်စဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရင်း ကျောက်ကပ်မှာ အကျိတ်ရှိနေတာကို သိလိုက်ရလို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ကြည့်တဲ့အခါမှာ ကင်ဆာဖြစ်လာနိုင်တဲ့အကျိတ်မျိုးဖြစ်နေတာကို သိရှိခဲ့ရပါတယ်။ ခုလိုရောဂါကို အချိန်မီသိရှိပြီး အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့လို့ ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပါတယ်။”
ခုဖော်ပြထားတဲ့ အကြောင်းအရာလေးတွေကတော့ ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်တဲ့အခါ ဖြစ်ပွါးလာနိုင်တဲ့ရောဂါတွေကို အချိန်မီကြိုတင်သိရှိပြီး ပျောက်ကင်းအောင် ကုသနိုင်တဲ့အကြောင်းကို သတိပြုမိစေပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာပြတဲ့အထိ မစောင့်နေဘဲ ခုကတည်းက ကျန်းမာရေးစစ်ဆေးမှုတွေကို နှစ်စဉ်ပုံမှန်ပြုလုပ်ကြဖို့ အားပေးတိုက်တွန်းပါရစေ။
ကျွန်ုပ်တို့ CBL Medical Centreတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါလိပ်စာများနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊
စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre (Mandalay)
အမှတ် - ဘီ ၃၀၊ ပတ္တမြားအိမ်ရာ၊
၇၃ လမ်း၊ ၁၁၁လမ်းနှင့် ၁၁၂ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777




10/09/2025

သင်တကယ်ကျန်းမာရဲ့လား? နေ့စဉ်လှုပ်ရှားသွားလာနေနိုင်ပေမယ့် ရောဂါတွေ အစပျိုးနေတာကို သတိမထားမိဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးပုံမှန်စစ်ဆေးမှု ပြုလုပ်ပါ။

ခွဲစိတ်အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သော ကျန်းမာရေးအခြေအနေများဖြစ်သည့်🔹ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်နေရာတွင် ...
06/09/2025

ခွဲစိတ်အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သော ကျန်းမာရေးအခြေအနေများဖြစ်သည့်
🔹ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်နေရာတွင် အလုံးအကျိတ်စမ်းမိခြင်း
🔹ဝမ်း (သို့) ဆီးထဲတွင် သွေးပါခြင်း
🔹သည်းခြေကျောက်တည်ခြင်း
🔹အူကျခြင်း
🔹လိပ်ခေါင်းဖြစ်ခြင်း
စသည့် ရောဂါလက္ခဏာများအတွက် အသေးစိတ် တိုင်ပင်ဆွေးနွေးပြသလိုပါက CBL Medical Centre (ရန်ကုန်)တွင် အထွေထွေရောဂါ ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာစည်သူမြင့်နှင့် တိုင်ပင်ဆွေးနွေးပြသနိုင်ပြီ ဖြစ်ပါတယ်။

🌟အထွေထွေရောဂါ ခွဲစိတ်အထူးကုဆရာဝန်ကြီး
👨‍⚕️ဒေါက်တာစည်သူမြင့်
M.B.,B.S, M.Med.Sc (Surgery), Dr.Med.Sc (General Surgery)

တိုင်ပင်ဆွေးနွေးပြသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664



Address

No-24(1C) Nawarat Condo, Samone Street, Dagon Township
Yangon
11191

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959261166664

Alerts

Be the first to know and let us send you an email when CBL Medical Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to CBL Medical Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category