Shwe Thway Clinic

Shwe Thway Clinic ရွှေသွေးဆေးခန်းအား နေ့စဥ် နံနက် ၇နာရီမှ ည ၇နာရီအထိပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။

30/03/2023

မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ ရွှေသွေးအထူးကုဆေးခန်းသို့ ဆီးချိုသွေးချိုနှင့် အထွေထွေရောဂါကု သမားတော်ကြီး Dr. စော နှင့် ဓါတ်မှန်ပါရဂူ တို့ ၁.၄.၂၀၂၃ ရက်နေ့ စနေနေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ သမားတော်ကြီးများနှင့် ပြသလိုသူများ ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ။
ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေခင်ဗျာ။

မိဘပြည်သူများရှင်ရွှေသွေးအထွေထွေရောဂါအထူးကုဆေးခန်းတွင် အပတ်စဥ် စနေနေ့ တိုင်းအထူးကုဆရာဝန်ကြီးများ လာရောက် စမ်းသပ်ကုသပေးခဲ...
02/02/2023

မိဘပြည်သူများရှင်
ရွှေသွေးအထွေထွေရောဂါအထူးကုဆေးခန်းတွင် အပတ်စဥ် စနေနေ့ တိုင်းအထူးကုဆရာဝန်ကြီးများ လာရောက် စမ်းသပ်ကုသပေးခဲ့ပါသည်

ယခု (၄.၂.၂၀၂၃) စနေနေ့တွင်လည်း
အထွေထွေရောဂါအထူးကု သမားတော်ကြီးဒေါက်တာစောကိုယ်တိုင်လာရောက်စမ်းသပ်ကုသပေးမည်ဖြစ်ပြီး Ultrasound
တယ်လီဗေးရှင်းစက်ဖြင့်ရောဂါရှာဖွေလိုသူများအတွက်လည်း တယ်လီဗေးရှင်းဓါတ်မှန်ဆရာဝန်ကြီးဒေါက်တာဝင်းဟိန်းမှ လာရောက်စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။

ထို့အပြင်ခေတ်မီ Digital X- ray စက်ဖြင့် ဓာတ်မှန်ရိုက်ခြင်းနောက်ဆုံးပေါ် စက်များဖြင့် ဓါတ်ခွဲရောဂါရှာဖွေခြင်းများကိုလည်း ဆေးခန်းဖွင့်ချိန် အတွင်းတိကျမြန်ဆန်စွာ
ဆောင်ရွက်ပေးနေပါသည်။

ကြိုတင်ဘွတ်ကင်ပေးလိုသူများ နှင့် အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

ရွှေသွေးအထူးကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ် ၇၄ သီရိမဂ်လာလမ်း ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ဝါးခယ်မမြို့

09899319959 09421421611 09421421622

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သော အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သည့် ရန်ကုန်မြိ...
20/01/2023

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သော အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သည့် ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုသမားတော်ကြီး နှင့် Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်) ဆရာဝန်ကြီးများ နှင့်စမ်းသပ်ကုသလိုပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ရျ်ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်☺️☺️☺️

ခေတ်မီ Digital X- ray စက်ဖြင့် ဓာတ်မှန်ရိုက်ခြင်းနောက်ဆုံးပေါ် စက်များဖြင့် ဓါတ်ခွဲရောဂါရှာဖွေခြင်းများကိုလည်း ဆေးခန်းဖွင့်ချိန် အတွင်းတိကျမြန်ဆန်စွာ
ဆောင်ရွက်ပေးနေပါသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အခြားသောရောဂါများရှာဖွေစမ်းသပ်လိုသူများအတွက် Ultrasound စက်ဖြင့်ဓာတ်မှန်ဆရာဝန်ကြီး မှ အပတ်စဉ်စနေနေ့တိုင်း စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။

ထို့အပြင် ဆီးချို ၊ သွေးတိုး ၊နှလုံး ၊ ကျောက်ကပ် ၊ အသည်း အစရှိသော အထွေထွေ ရောဂါများအတွက်
အထွေထွေရောဂါအထူးကုဆရာဝန်ကြီး မှ အပတ်စဉ်စနေ နေ့တိုင်းတွင် လာရောက်စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကြိုတင်ဘွတ်ကင်ပေးလိုသူများ နှင့် အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

ရွှေသွေးအထူးကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ် ၇၄ သီရိမဂ်လာလမ်း ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ဝါးခယ်မမြို့

09899319959 09421421611 09421421622

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သည့် ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုသမားတော်ကြီး နှင့် Ultrasound (တယ်လီဗေးရှင်း...
23/12/2022

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သည့် ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုသမားတော်ကြီး နှင့် Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်) ဆရာဝန်ကြီး များမှ အပတ်စဥ်လာရောက်စမ်းသပ်ကုသပေးနေကျဖြစ်သော (၂၄.၁၂.၂၂)စနေ နေ့ အစား (၂၆.၁၂.၂၂)တနလာ် နေ့တွင်လာရောက်စမ်းသပ်စစ်ဆေးကုသပေးမည်ဖြစ်ပါသဖြင့် ဆရာဝန်ကြီးများနှင့်ပြသလိုပါက အောက်ပါလိပ်စာ များအတိုင်း လူကိုယ်တိုင်ဖြစ်စေ ဖုန်းနှင့် ဆက်သွယ်၍ဖြစ်စေ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

ရွှေသွေးအထူးကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ် ၇၄ သီရိမဂ်လာလမ်း ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ဝါးခယ်မမြို့

09899319959 09421421622. 094214421611

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သည့် အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သော ရန်ကုန်မြိ...
08/12/2022

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သည့် အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သော ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုသမားတော်ကြီး နှင့် Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်) ဆရာဝန်ကြီး တို့မှလာရောက်စမ်းသပ်ကုသပေးမည်ဖြစ်ပါသဖြင့် ဆရာဝန်ကြီးများနှင့်ပြသလိုပါက အောက်ပါလိပ်စာ များအတိုင်း လူကိုယ်တိုင်ဖြစ်စေ ဖုန်းနှင့် ဆက်သွယ်၍ဖြစ်စေ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

ရွှေသွေးအထူးကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ် ၇၄ သီရိမဂ်လာလမ်း ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ဝါးခယ်မမြို့

09899319959 09421421622. 094214421611

24/11/2022

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သည့် အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သော ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုသမားတော်ကြီး နှင့် Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်) ဆရာဝန်ကြီး တို့နှင့်စမ်းသပ်ကုသလိုပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ရျ်ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်☺️☺️☺️

ရွှေသွေးအထူးကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ် ၇၄ သီရိမဂ်လာလမ်း ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ဝါးခယ်မမြို့

09899319959 09421421622. 094214421611

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သော အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သည့် ရန်ကုန်မြိ...
01/10/2022

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သော အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သည့် ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုသမားတော်ကြီး နှင့် Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်) ဆရာဝန်ကြီး တို့ ရောက်ရှိပြီး စမ်းသပ်ကုသမှု့များစတင်ပြုလုပ်ပေးနေပါပီခင်ဗျ😊😊😊

အထူးကုဆရာဝန်ကြီးများနှင့်စမ်းသပ်ကုသလိုပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ရျ်ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်☺️☺️☺️

ခေတ်မီ Digital X- ray စက်ဖြင့် ဓာတ်မှန်ရိုက်ခြင်းနောက်ဆုံးပေါ် စက်များဖြင့် ဓါတ်ခွဲရောဂါရှာဖွေခြင်းများကိုလည်း ဆေးခန်းဖွင့်ချိန် အတွင်းတိကျမြန်ဆန်စွာ
ဆောင်ရွက်ပေးနေပါသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အခြားသောရောဂါများရှာဖွေစမ်းသပ်လိုသူများအတွက် Ultrasound စက်ဖြင့်ဓာတ်မှန်ဆရာဝန်ကြီး မှ အပတ်စဉ်စနေနေ့တိုင်း စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။

ထို့အပြင် ဆီးချို ၊ သွေးတိုး ၊နှလုံး ၊ ကျောက်ကပ် ၊ အသည်း အစရှိသော အထွေထွေ ရောဂါများအတွက်
အထွေထွေရောဂါအထူးကုဆရာဝန်ကြီး မှ အပတ်စဉ်စနေ နေ့တိုင်းတွင် လာရောက်စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကြိုတင်ဘွတ်ကင်ပေးလိုသူများ နှင့် အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

ရွှေသွေးအထူးကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ် ၇၄ သီရိမဂ်လာလမ်း ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ဝါးခယ်မမြို့

09899319959 09421421611 09421421622

30/09/2022

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သည့် အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သော ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုသမားတော်ကြီး နှင့် Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်) ဆရာဝန်ကြီး
များနှင့်စမ်းသပ်ကုသလိုပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ရျ်ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်☺️☺️☺️

ရွှေသွေးအထူးကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ် ၇၄ သီရိမဂ်လာလမ်း ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ဝါးခယ်မမြို့

09899319959 09421421622. 094214421611

06/09/2022

ရွှေသွေးအထွေထွေရောဂါ အထူးကုဆေးခန်းတွင် နေ့စဉ် နံနက် (၇)နာရီမှစ၍
ည(၇)နာရီ အထိပိတ်ရက်မရှိ ပြန်လည်ကုသမှု့ပေး
နေပြီဖြစ်ပါသည် ။

ခေတ်မီ Digital X- ray စက်ဖြင့် ဓာတ်မှန်ရိုက်ခြင်းနောက်ဆုံးပေါ် စက်များဖြင့် ဓါတ်ခွဲရောဂါရှာဖွေခြင်းများကိုလည်း ဆေးခန်းဖွင့်ချိန် အတွင်းတိကျမြန်ဆန်စွာ
ဆောင်ရွက်ပေးနေပါသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အခြားသောရောဂါများရှာဖွေစမ်းသပ်လိုသူများအတွက် Ultrasound စက်ဖြင့်ဓာတ်မှန်ဆရာဝန်ကြီး မှ အပတ်စဉ်စနေနေ့တိုင်း စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။

ထို့အပြင် ဆီးချို ၊ သွေးတိုး ၊နှလုံး ၊ ကျောက်ကပ် ၊ အသည်း အစရှိသော အထွေထွေ ရောဂါများအတွက်
အထွေထွေရောဂါအထူးကုဆရာဝန်ကြီး မှ အပတ်စဉ်စနေ နေ့တိုင်းတွင် လာရောက်စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကြိုတင်ဘွတ်ကင်ပေးလိုသူများ နှင့် အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

ရွှေသွေးအထူးကုဆေးခန်း ၊
ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ၊ဝါးခယ်မမြို့ ။

09- 421 421 611 , 09- 421 421 622,
09 -899 319959

14/08/2022

Creatinine ဆိုတာ ဘာလဲ။
ကျောက်ကပ်ပျက်စီးရင် Creaetinine ဘာလို့တက်လဲ။

Creatinine က ကျောက်ကပ်ပျက်စီးရင်တက်တယ်။ ပြန်ရောကျနိုင်လား။

Creatinine ဆိုတာဘာလဲ။

Creatinine ဆိုတာ ကျောက်ကပ် လုပ်ငန်းဆောင်တာ ကို တိုင်းတာ ရာမှာ အလွန်အရေးပါ သော အရာဖြစ်ပါတယ်။။ ဘာလို့လဲ ဆိုတော့ Creatinine က ကျောက်ကပ်က မစွန့်ရင် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းမှ ဓာတ်ဖြိုခွဲ၍ မရသလို စွန့်ထုတ်လို့ လည်း မရနိုင်လို့ပါ။ ဒါကြောင့် သွေးအတွင်း Creatinine ဓာတ် များလာပြီ ဆိုရင် အကြမ်းဖျင်းအားဖြင့် ကျောက်ကပ် မကောင်းလို့ သွေးထဲ မှ Creatinine ဓာတ်ကို မစွန့်ထုတ်နိုင်လို့ ယူဆလို့ ရပါတယ်။

Creatinine ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ။

Creatinine ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ကြွက်သားများမှ တစ်ဆင့် Energy ထုတ်သုံးသော အခါတွင် ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းအဖြစ် Creatinine ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ထို Creatinine သည် ခန္ဓာကိုယ် အတွက် အစိတ် အတောက်ဖြစ်ပါတယ်။ ထို အဆိပ် အတောက်များကို သွေးမှ တစ်ဆင့် ကျောက်ကပ်သို့ ရောက်ရှိသွားပြီး ကျောက်ကပ်မှ ပြန်လည် စွန့်ထုတ်ရပါတယ်။ ကျောက်ကပ်တစ်ခုတည်းမှ သာ Creatinine ကို ဖျက်စီး စွန့်ထုတ်၍ မရသော ကြောင့် ကျောက်ကပ်မကောင်းလျှင် သွေးအတွင်း Creatinine များနေမည်ဖြစ်ပါတယ်။

Creatinine သည် ကြွက်သားများမှ Energy သုံးလျှင် စွန့်ထုတ်သော ဘေးထွက် ပစ္စည်းဖြစ်သောကြောင့် ယောကျာ်းများတွင် မိန်းမထက်စာလျှင် သွေးအတွင်း Creatinine ပိုများပါသည်။ ကျန်းမာသန်စွင်းသော ကြွက်သားတောင့်တင်းသော အားကစားသမားများတွင် Creatinine သာမန်ထက် ပိုများတတ်ပါတယ်။ သို့သော်လည်း ပုံမှန်ဖြစ်ပါတယ်။ ကျောက်ကပ်မကောင်းသော သူများအနေဖြင့် သာ Creatinine များနေတတ်ပါတယ်။

Creatinine များနေရင် ပြန်ကျတတ်သလား။ ပုံမှန်အတိုင်းပြန်ဖြစ်နိုင်လား။

ပြန်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ကျောက်ကပ် ပျက်စီးခြင်း အပေါ်မူတည်ပါတယ်။ ကျောက်ကပ်က ဘာကြောင့်ပျက်စီးတာလဲ။ ရုတ်တရက် အကြောင်းအရင်းးတစ်ခုခု ကြောင့် ကျောက်ကပ်ပျက်စီးတာလား။ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကြောင့် ကျောက်ကပ်ပျက်စီးတာလား။

ရုတ်တရက် အကြောင်းအရင်း တစ်ခုခုကြောင့် ကျောက်ကပ်ပျက်စီး တာဆိုရင်တော့ ထိုအကြောင်းအရင်းကို ကုသလိုက်ရင်တော့ ကျောက်ကပ် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာပြီး Creatinine က ပုံမှန် ပြန်ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် မြွေကိုက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကျောက်ကပ်ရောင်ရောဂါ အချို့တို့တွင် ကျောက်ကပ်အား ပြန်လည် ကောင်းမွန်အောင် ကုသလျှင် ဖြည်းဖြည်းချင်း ကျောက်ကပ်သည် ပြန်လည် ကောင်းမွန်သွားတတ်ပါတယ်။

နာတာရှည် ကျောက်ကပ် ပျက်စီးခြင်းကြောင့် တက်လာတဲ့ Creatinine ဆိုရင်တော့ ပုံမှန် Level အတွင်း ပြန်ရောက်ဖို့ တော့ ခက်ပါတယ်။ ထပ်ပြီး တော့ ကျောက်ကပ်မပျက်စီးအောင် ထိန်းသိမ်းရင်း Creatinine Level ထပ်ပြီး တက်မလာအောင် ထိန်းသိမ်းပြီး ကုသရတာမျိုး ပါ။ နောက်ဆုံး ကျောက်ကပ်လုံးဝပျက်စီး သွားရင်တော့ ကျောက်ကပ် အစားထိုး ကုသရတာမျိုးရှိပါတယ်။ အစားထိုးမကုသနိုင်ရင်တော့ ကျောက်ကပ်ဆေးပြီး ခန္ဓာကိုယ် ထဲ မှ အဆိပ်အတောက်တွေကို ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်နာတာရှည်ကျောက်ကပ် ပျက်စီးခြင်းက ပိုပြီး အန္တရာယ်များပြီး ကုသရလည်းခက်ပါတယ်။ သို့သော်လည်း နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဆိုသည့် အတိုင်း ဖြည်းဖြည်းချင်းပျက်စီးတာပါ။ နှစ်နှင့် ကြာအောင် အချိန်ယူပြီး ပျက်စီးတာပါ။ ချက်ချင်းပျက်စီးတာ မဟုတ်တဲ့ အတွက် ကြိုတင်ကာကွယ်ဖို့ အချိန်တွေ အများကြီး ရှိပါတယ်။ မကာကွယ်လို့ ဂရုမစိုက်လို့သာ အခုလို ကျောက်ကပ်လုံးဝ ပျက်စီးတဲ့အခြေအနေ နောက်ကြောင်းပြန်လှည့်လို့ မရတဲ့ အခြေအနေမျိုးဖြစ်သွားတာပါ။

ဒါကြောင့် ဘယ်လို နာတာရှည် ကျောက်ကပ်ရောဂါတွေ ဖြစ်တတ်လဲ။ ဘယ်လို သတိပြုရမလဲ။ ဘယ်လို ကာကွယ် ပြုမူနေထိုင်ရမလဲ ဆိုတာ အသေးစိတ် ဆက်လက်ဖတ်ရှု လိုက်ရအောင်။

နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေသော အကြောင်း များမှ

၁။ ဆီးချိုရောဂါ

၂။ သွေးတိုးရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးခြင်း အသေးစိတ်အား အောက်ဖော်ပြပါ Link အား နှိပ်၍ အသေးစိတ် ဖတ်ရှုနိုင်ပါပြီ။

၃။ အသက်အရွယ်ကြီးခြင်း

အသက် ၇၅ နှစ်ကျော်လာလျှင် ကျောက်ကပ်သည် အသက်အရွယ်ကြောင့် အလုပ်လုပ်နိုင်သော တစ်ရှူး များလျော့ နည်းလာပါသည်။ သို့ သော် အခြားရောဂါအခံ များမရှိလျှင် အဆင့် တက်သွားခြင်းမရှိဘဲ လူကောင်း ကဲ့သို့ နေနိုင်ပြီး ရောဂါအခံ တစ်မျိုးမျိုး ၊ ဆီးချို သွေးတိုး၊ အကိုက်အခဲပျောက်ဆေး များရေရှည် သောက်ခြင်းတို့ရှိပါက ပိုဆိုးသွားတတ်ပါသည်။

၄။ ကျောက်ကပ်ရောင်ရောဂါများ

ကျောက်ကပ်ရောင်ရောဂါများသည် အသက်အရွယ်မရွေးတွင်ဖြစ်တတ်ပြီး အကြောင်းရင်းများမှာ လည်း အလွန်များပြားတတ်ပါသည်။ တစ်ခါတရံတွင် အကြောင်းရင်းမရှိဘဲ ကျောက်ကပ်ရောင် ခြင်းမျိုးပင်ရှိတတ်ပါသည်။ ကျောက်ကပ်ရောင်ခြင်းသည်အထက်ရှိ ရောဂါ များနှင့် မတူဘဲ ကျောက်ကပ်နှင့် ပတ်သတ်သည့် လက္ခဏာများခံစားသိရှိတတ်ပါသည်။ ဆီးတွင်းသွေးပါခြင်း၊ ဆီးအရောင်နောက်ခြင်း၊ဆီးသွားသည့် ပမာဏ နည်းသွားခြင်း၊ သွေးတိုးထိန်းမရခြင်း ၊ ခြေလက်များဖောရောင်လာခြင်းတို့ သည် ကျောက်ကပ်ရောင်နေခြင်းကိုပြသည့် လက္ခဏာများဖြစ်ပါသည်။

၅။ အကိုက်အခဲပျောက်ဆေးများပုံမှန်သောက်ခြင်း

ဒူးနာ၊ခါးနာ၊ လေးဘက်နာ စသည့် ကိုယ်လက်နာကျင်ခြင်းအမျိုးမျိုးသည် နာတာရှည်ဖြစ်နေသောလူများတွင် အကိုက်အခဲပျောက်ဆေး များကို နှစ်မျိုးထက်ပို၍ စပ်ပြီး စွဲသောက်ကြခြင်းကြောင့် ကြာလာသော အခါကျောက်ကပ်ပျက်စီးခြင်းဖြစ်ရပါသည်။ အကိုက်အခဲပျောက်ဆေး များသည် ကျောက်ကပ်သို့ သွေးစီးဆင်း မှုကို နည်းစေပြီး ကျောက်ကပ်ရှိ အလုပ်လုပ်သော တစ်ရှူ း များကို သွေးငတ်၍ ကြွေကျပျက်စီးခြင်း ကိုဖြစ်ပေါ် စေပါသည်။ ထို့ကြောင့် အကိုက်အခဲ ပျောက်ဆေး များကို မိမိသဘောဖြင့် မသောက်ဘဲ ကျွမ်းကျင်သော သမားတော် နှင့် ပုံမှန် ကျောက်ကပ်စစ်ဆေးခြင်းပြုလုပ်ပြီး မှသာ သောက်သုံးသင့်ပါသည်။ အကိုက်အခဲပျောက်စေသောတိုင်းရင်းဆေးများ၊ သစ်ဥသစ်ဖု များမှ ပြုလုပ်ထားသော အကိုက်အခဲပျောက်ဆေး များကို မှီဝဲလိုပါကလည်း အလွန်အကျွံရေရှည် မသောက်သုံးဘဲ မိမိ ကျောက်ကပ် ဓာတ်ကိုမကြာခဏ ပြန်လည်စစ်ဆေးနေသင့် ပါသည်။

၆။ ကျောက်ကပ်တွင် ရေအိတ်များပါလာခြင်း

ကျောက်ကပ်တွင်းရေအိတ်များပါလာခြင်းသည် မျိုးရိုးလိုက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး မိဘတွင်ရှိနေပါက မိမိတို့ မောင်နှမသားချင်းအားလုံး အာထရာဆောင်းကိုပုံမှန် နှစ်စဉ် ရိုက်၍ စစ်ဆေးနေသင့်ပါသည်။ ကျောက်ကပ်တွင်းရေအိတ်များသည်တိုးပွားလာတတ်ပြီး ကျောက်ကပ်၏ ပုံမှန် အလုပ်လုပ်နိုင်သော တစ်ရှူ း များ တစ်နေ့တစ်ခြားဆုံးရှုံး လာခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပေါ်ပါသည်။ ကာကွယ်နိုင်သော နည်းလမ်းလည်း မရှိသေးသော်လည်း မိမိ ၏ သွေး ပေါင် ပြောင်းလဲ မှု ရှိသည် နှင့်၊ ကျောက်ကပ်ဓာတ် Creatinine တက်လာသည် နှင့် စတင် ကုသ မှု ခံယူထားလျှင် ကျောက်ကပ်ပျက်စီးခြင်းကို အထိုက်အလျောက် တားဆီးနိုင်မည်ဖြစ်ပါသည်။

၇။ မကြာခဏ ဆီးလမ်းကြောင်းပိုး၀င်ရာမှ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
ဆီးလမ်းကြောင်းတွင်း မကြာခဏ ပိုး၀င်တတ်သူများတွင် ဆီးလမ်းကြောင်းသည် ပိုး၀င်တိုင်း တစ်ခါရောင် တစ်ခါ အနာပြန်ကျက်ဖြစ်ရသည့် အတွက် ဆီးလမ်းကြောင်းတွင် အမာရွတ် များကျန် ခဲ့ ပြီး ထို အမာရွတ် တစ်ရှူ းသည် ဆီးလမ်းကြောင်းပိတ်ခြင်းကိုဖြစ်စေပါသည်။ ထို အခါ အညစ်အကြေး ဆီး များသည် အောက်ဘက်သို့ မစီးဆင်းနိုင်တော့ဘဲ ကျောက်ကပ် ထဲတွင် အောင်းနေပြီး ကျောက်ကပ်ရေဖြင့် ဖောင်းခြင်း၊ ထိုမှတစ်ဆင့် ပြည်တည်ခြင်းတို့ဖြစ်ပေါ် ပြီး ကျောက်ကပ် ပျက်စီး ခြင်းဖြစ်ပါသည်။

ကျောက်ကပ်ရောဂါ သည် ခဏတာပြသနာမဟုတ်။မိသားစုထဲတွင်တစ်ယောက် ကျောက်ကပ်ပျက်စီးသည် နှင့်
နာတာရှည်ကုသရန်လိုသည်သာမက ပျက်စီးပြီး မှ ကုသသည့် အတွက် ငွေကုန်ကြေးကျမြောက်မြားစွာ ကုန်ကျခြင်း၊ စိတ်ရောလူပါပင်ပန်းခြင်းတို့ဖြစ်ကြရပါသည်။ နာတာရှည် ကျောက်ကပ်ဖြစ်ရသည့် အကြောင်းရင်း များကို ကြည့်လိုက်လျှင် လည်း မိမိ အချိန်မီကာကွယ် ခဲ့ လျှင် ဖြစ်လာမည်မဟုတ်သော အကြောင်း များဖြစ်သည်ကများသည်။ သို့ဖြစ်ရာ ကျောက်ကပ် ရောဂါ ကို ပေါ့ဆမနေဘဲ မိမိတွင် သွေးတိုး၊ ဆီးချို တစ်မျိုးမျိုးရှိသည်ဖြစ်စေ၊ အကိုက်အခဲပျောက်ဆေး များသောက်နေရသည်ပင်ဖြစ်စေ၊ ကျောက်ကပ်ရောဂါ ဖြစ်ဖူးလျှင်ဖြစ်စေ ၊ လူကောင်းပကတိဖြစ်စေကာမူ ကြိုတင်စစ်ဆေးထားရန်လိုအပ်သော စစ်ဆေးမှု တစ်မျိုးဖြစ်ပါသည်။

ကျောက်ကပ်ဓာတ်စစ်ဆေးခြင်းတွင်မည်သည်တို့ပါ၀င်သနည်း။

၁။Ultrasound ရိုက်ပြီး ကျောက်ကပ်ကောင်းမကောင်းစစ်ဆေးခြင်း
Ultrasound ရိုက်ခြင်းသည် ကျောက်ကပ်စစ်ဆေးခြင်းတွင် အလွန်ပင် အရေးပါသော စစ်ဆေးခြင်းဖြစ်ပါသည်။ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဖြစ်သည့် အခါတွင် ကျောက်ကပ်သည် Ultrasound တွင် မူလထက် အရွယ်အစားသေးနေမည်ဖြစ်ပါသည်။ အခြားသော နာတာရှည်ကျောက်ကပ်အမျိုးအစား များဖြစ်စေသည့် ကျောက်ကပ်ရေအိတ် တည်ခြင်း အစရှိသည် တို့ကို တိတိကျကျ သိရှိနိုင်ပါသည်။ ရေအိတ် အရွယ်အစားအား တိတိကျကျတိုင်းတာနိုင်ပါတယ်။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း များကို လည်း ရှာဖွေနိုင်ပါတယ်။ ကျောက်ကပ်ရောင်မရောင်အား လည်း သိရှိနိုင်ပါတယ်။ ထို့ကြောင့် Ultrasound ရိုက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ အတော်များများအား သိရှိနိုင်ပြီး Ultrasound ရိုက်၍ ပုံမှန် Normal Result ထွက်ပါက အလွန်ကောင်းသော အဖြေဖြစ်ပါတယ်။ ဒါကြောင့် Ultrasound ရိုက်ခြင်းသည် လည်း ကျောက်ကပ်စစ်ဆေးခြင်းအတွက် အရေးကြီးသော စစ်ဆေးမှု ဖြစ်ပါတယ်။

၂။ Urea &Eletrolyte, Creatinine
ကျောက်ကပ်ဓာတ် နှင့် ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်များပါ၀င်ပါသည်။ Urea နှင့်Creatinine ဟုခေါ်သော ကျောက်ကပ်ဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးတစ်မျိုးပင် ဖြစ်သည်။ Creatinine သည် သွေးထဲတွင် ရှိပြီး ကျောက်ကပ်မှခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ပေးရသောပစ္စည်းဖြစ်ပါသည်။ သွေးထဲတွင် Creatinine များနေပါက ကျောက်ကပ် မှ Creatinine ကို ကောင်းစွာ မစွန့်ထုတ်ပေးနိုင်ခြင်းကို ပြပြီး တစ်နည်းအားဖြင့် ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကိုပြပါသည်။ နှလုံးရောဂါ၊သွေးတိုးရောဂါရှိသူများ နှင့် ဆီးချို ရောဂါရှိသူများတွင် ကျောက်ကပ် ထိမထိစစ်ဆေးသင့်သော အရာဖြစ်ပြီး သွေးကျဆေးစွဲသောက်နေရသူများတွင်လည်း ၆လ ၁ နှစ် ကြာတစ်ခါ ပြန်လည်စစ်ဆေးနေသင့်သော အရာလည်းဖြစ်ပါသည်။
ဆားဓာတ်များတွင် ဆိုဒီယမ်(Na)၊ ပိုတက်ဆီယမ်(K)၊ ကလိုရိုက်(Cl)၊ ဘိုင်ကာဗွန်နိတ်(HCO3) တို့ပါ၀င်ပါသည်။ ခန္ဓာကိုယ်၏ဆားဓာတ်ညီမျှမှု ကို ထိန်းသိမ်းပေးသည်မှာလည်း ကျောက်ကပ်ဖြစ်သောကြောင့် ကျောက်ကပ် ကောင်းမကောင်းစစ်ဆေးမှုတွင် ပါ၀င်ပါသည်။ထို မညီမျှမှုများတစ်ခုခုရှိနေပါက
ဆီး နှင့်ကျောက်ကပ် အထူးကုသမားတော် နှင့်သေချာပြသပြီး မိမိကျောက်ကပ်အခြေအနေကိုပြသအကြံဥာဏ်ရယူသင့်ပါသည်။

၃။Urine RE (ဆီးစစ်ဆေးခြင်း)
ဆီးကို စစ်ဆေးခြင်းဖြင့် ဆီးထဲတွင် သွေးပါမပါ၊ ဆီးထဲတွင် အသားဓာတ်မည်မျှ ကျနေသနည်းအား သိရှိနိုင်ပါသည်။ ကျောက်ကပ်ရောဂါအများစုသည် ဆီးအတွင်းသွေးပါခြင်းနှင့် ဆီးအသားဓာတ်တို့နှင့် ဆက်စပ်သည့်အတွက် ကျောက်ကပ်ရောဂါရှိမရှိအား စစ်ဆေးရာတွင် ဆီးစစ်ခြင်းသည် အလွန်အထောက် အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုအပြင် ဆီးလမ်းကြောင်းပိုးဝင်မဝင်ခြင်းအားလည်း သိရှိနိုင်ပါသည်။ သွေးချိုဝေဒနာရှင်မျာမှာလည်း သွေးတွင်းသကြားဓာတ် အလွန်များသည့်အခါတွင် ဆီးအတွင်း သကြားဓာတ်ပါလာခြင်းအား ပမာဏ မည်မျှပါသနည်းအား တိုင်းတာနိုင်ပါသည်။ အသည်းရောင်အသားဝါ ဖြစ်နေသော သူများတွင် လည်း အသားဝါသည့် ဓာတ်အား ဆီးအတွင်း တိုင်းတာသိရှိနိုင်ပါသည်။ ထို့ကြောင့် ဆီးစစ်ဆေးခြင်းသည် ကျောက်ကပ်နှင့် ပက်သက်သော ရောဂါအတော်များများအား ဖော်ပြနိုင်သောကြောင့် ကျောက်ကပ်အတွက် အထောက်အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။

Crd, Family Doctor

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သော အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သည့် ရန်ကုန်မြိ...
13/08/2022

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သော အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သည့် ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုသမားတော်ကြီး နှင့် Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်) ဆရာဝန်ကြီး တို့ ရောက်ရှိပြီး စမ်းသပ်ကုသမှု့များစတင်ပြုလုပ်ပေးနေပါပီခင်ဗျ😊😊😊

အထူးကုဆရာဝန်ကြီးများနှင့်စမ်းသပ်ကုသလိုပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ရျ်ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်☺️☺️☺️

ခေတ်မီ Digital X- ray စက်ဖြင့် ဓာတ်မှန်ရိုက်ခြင်းနောက်ဆုံးပေါ် စက်များဖြင့် ဓါတ်ခွဲရောဂါရှာဖွေခြင်းများကိုလည်း ဆေးခန်းဖွင့်ချိန် အတွင်းတိကျမြန်ဆန်စွာ
ဆောင်ရွက်ပေးနေပါသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အခြားသောရောဂါများရှာဖွေစမ်းသပ်လိုသူများအတွက် Ultrasound စက်ဖြင့်ဓာတ်မှန်ဆရာဝန်ကြီး မှ အပတ်စဉ်စနေနေ့တိုင်း စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။

ထို့အပြင် ဆီးချို ၊ သွေးတိုး ၊နှလုံး ၊ ကျောက်ကပ် ၊ အသည်း အစရှိသော အထွေထွေ ရောဂါများအတွက်
အထွေထွေရောဂါအထူးကုဆရာဝန်ကြီး မှ အပတ်စဉ်စနေ နေ့တိုင်းတွင် လာရောက်စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကြိုတင်ဘွတ်ကင်ပေးလိုသူများ နှင့် အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

ရွှေသွေးအထူးကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ် ၇၄ သီရိမဂ်လာလမ်း ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ဝါးခယ်မမြို့

09899319959 09421421611 09421421622

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သည့် အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သော ရန်ကုန်မြိ...
30/07/2022

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သည့် အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သော ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုသမားတော်ကြီး နှင့် Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်) ဆရာဝန်ကြီး တို့ ရောက်ရှိပြီး စမ်းသပ်ကုသမှု့များစတင်ပြုလုပ်ပေးနေပါပီခင်ဗျ😊😊😊

အထူးကုဆရာဝန်ကြီးများနှင့်စမ်းသပ်ကုသလိုပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ရျ်ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်☺️☺️☺️

ခေတ်မီ Digital X- ray စက်ဖြင့် ဓာတ်မှန်ရိုက်ခြင်းနောက်ဆုံးပေါ် စက်များဖြင့် ဓါတ်ခွဲရောဂါရှာဖွေခြင်းများကိုလည်း ဆေးခန်းဖွင့်ချိန် အတွင်းတိကျမြန်ဆန်စွာ
ဆောင်ရွက်ပေးနေပါသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အခြားသောရောဂါများရှာဖွေစမ်းသပ်လိုသူများအတွက် Ultrasound စက်ဖြင့်ဓာတ်မှန်ဆရာဝန်ကြီး မှ အပတ်စဉ်စနေနေ့တိုင်း စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။

ထို့အပြင် ဆီးချို ၊ သွေးတိုး ၊နှလုံး ၊ ကျောက်ကပ် ၊ အသည်း အစရှိသော အထွေထွေ ရောဂါများအတွက်
အထွေထွေရောဂါအထူးကုဆရာဝန်ကြီး မှ အပတ်စဉ်စနေ နေ့တိုင်းတွင် လာရောက်စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကြိုတင်ဘွတ်ကင်ပေးလိုသူများ နှင့် အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

ရွှေသွေးအထူးကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ် ၇၄ သီရိမဂ်လာလမ်း ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ဝါးခယ်မမြို့

09899319959 09421421611 09421421622

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သော အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သော ရန်ကုန်မြို...
30/07/2022

ရွှေသွေးအထူးကုဆေးခန်း၏ အထူးအစီအစဉ်ဖြစ်သော အပတ်စဉ်စနေနေ့တိုင်းလူနာများကို စမ်းသပ်ကုသမှု့ပြုလုပ်ပေးနေကြဖြစ်သော ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုသမားတော်ကြီး နှင့် Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်) ဆရာဝန်ကြီး တို့ ရောက်ရှိပြီး စမ်းသပ်ကုသမှု့များစတင်ပြုလုပ်ပေးနေပါပီခင်ဗျ😊😊😊

အထူးကုဆရာဝန်ကြီးများနှင့်စမ်းသပ်ကုသလိုပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ရျ်ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်☺️☺️☺️

ခေတ်မီ Digital X- ray စက်ဖြင့် ဓာတ်မှန်ရိုက်ခြင်းနောက်ဆုံးပေါ် စက်များဖြင့် ဓါတ်ခွဲရောဂါရှာဖွေခြင်းများကိုလည်း ဆေးခန်းဖွင့်ချိန် အတွင်းတိကျမြန်ဆန်စွာ
ဆောင်ရွက်ပေးနေပါသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အခြားသောရောဂါများရှာဖွေစမ်းသပ်လိုသူများအတွက် Ultrasound စက်ဖြင့်ဓာတ်မှန်ဆရာဝန်ကြီး မှ အပတ်စဉ်စနေနေ့တိုင်း စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။

ထို့အပြင် ဆီးချို ၊ သွေးတိုး ၊နှလုံး ၊ ကျောက်ကပ် ၊ အသည်း အစရှိသော အထွေထွေ ရောဂါများအတွက်
အထွေထွေရောဂါအထူးကုဆရာဝန်ကြီး မှ အပတ်စဉ်စနေ နေ့တိုင်းတွင် လာရောက်စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကြိုတင်ဘွတ်ကင်ပေးလိုသူများ နှင့် အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

ရွှေသွေးအထူးကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ် ၇၄ သီရိမဂ်လာလမ်း ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ဝါးခယ်မမြို့

09899319959 09421421611 09421421622

28/07/2022

(သက်စောင့်ဆေးများဖြင့် အသက် မပျောက်စေလို)
**********************************************

တနေ ့တခြား တိုးတက်ခေတ်မှီ လာတဲ့ ယနေ ့ကမ္ဘာကြီးမှာ ရုပ်ဝတ္တုတွေ တိုးတက်လာတာနဲ ့အမျှအနာမျိုး(၉၆)ပါးထက်မက သော ရောဂါဝေဒနာများလည်း ပေါ်လာလျှက် ရှိနေပါတယ်။ ယခုခေတ် လူအများစုဟာ ဗီတာ မင်ဖြည့်တင်းဖို ့အတွက် ဗီတာမင် ဆေးပြားတွေ အပေါ်မှီခိုလာကြကြောင်း၊ သို ့သော် ၄င်းဗီတာ မင်ဖြည့်တင်းဖို ့အကောင်းဆုံး နည်းဟာ အစား အစာထဲကနေ သဘာဝ ဗီတာမင် ရယူနည်း ဘဲ ဖြစ်ပါကြောင်း ကျန်းမာရေး ဆေးသုတေသီ များက အောက်ပါအတိုင်း အကြံပြုထား ကြပါတယ်။

(က) ဗီတာမင်အေ ဆေးပြား စားတာထက်၊ အစား အစာထဲမှာပါတဲ့ သဘာဝ ဗီတာမင်အေကို ခန္ဓာကိုယ် ထဲရှိသွေးရည်ဟာ (၁.၅၄ ဆ) ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်ကြောင်း

(ခ) ဗီတာမင်ဘီဝမ်း ဆေးပြား စားတာထက်၊ အစားအစာထဲမှာ ပါတဲ့ သဘာဝ ဗီတာမင် ဘီဝမ်း ကို ခန္ဓာကိုယ်ထဲရှိ သွေးရည်ဟာ (၁.၃၈ ဆ) ပိုမို၍စုပ်ယူနိုင်ပြီး၊အချိန်ကာလအားဖြင့်ခန္ဓာကို်ယ်ထဲမှာ(၁.၂ရဆ)ပို၍ ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ကြောင်း

(ဂ) ဗီတာမင်စီ ဆေးပြားစားတာထက်၊ အစား အစာထဲမှာပါတဲ့ သဘာဝ ဗီတာမင်စီကို ခန္ဓာကိုယ်ထဲရှိ အနီရောင်သွေးဆဲများက (၁.၇၄ ဆ) ပို၍ စုပ်ယူနိုင်ကြောင်း၊ ဒါ့ပြင် အစား အစာမှရတဲ့ သဘာဝဗီတာမင်စီ ကို တစ်လလောက် ဖြည့်တင်းတဲ့အခါ ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့ LDL ကိုလက်စထရောပမာဏ သိသိသာသာ ကျဆင်းလာနိုင်ကြောင်း၊ ဗီတာမင်စီဆေးပြား စားရုံဖြင့်တော့ ၄င်းကဲ့သို ့အစွမ်းအကျိုး အာနိသင်ကို အပြည့်အဝ ရရှိနိုင်မှာမဟုတ်ကြောင်း

(ဃ) အရွယ်ရောက်ပြီးသူ တယောက်အတွက် ဗီတာမင်အီး တနေ ့တာ လိုအပ်ချက်ပမာဏမှာ၁၅ဝယူနစ်ဖြစ်ကြောင်း၊အကယ်၍၄င်းပမာဏ ထက်ကျော်ပြီး ဗီတာမင်အီးကို စားသုံးပါက လူ ကိုဘေးဖြစ်စေနိုင်ကြောင်း၊ ယနေ ့ဆေးစျေးကွက်မှာ ဗီတာမင်ဆေး တောင့် တချို ့့တွင် ၄၀၀ ယူနစ်ပါ ရှိနေခြင်းမှာအသက်အန္တရယ်အတွက်စိုးရိမ်ရပါကြောင်းသုတေသနလေ့လာ တွေ ့ရှိ ချက် မှတ်တမ်းများ အရ လေ့လာ သိရှိရပါတယ်။

ဗီတာမင်ဆေးပြားများ မှီဝဲသုံးစွဲဖို ့လိုအပ်ပါက

(က) ဦးစွာပထမ မိမိမှာ ဗီတာမင်ချို ့တဲ့သော လက္ခဏာများ ရှိ/မရှိကို စမ်းစစ် ဖို့လို်ပါတယ်

(ခ) ဗီတာမင်ဆေးဝါးများ၏ အကျိုးအာနိသင်၊ သုံးစွဲပုံနည်းလမ်း၊ သုံးစွဲရမည့်ပမာဏ နှင့် သုံးစွဲပြီးနောက် ခံစားရမှု အခြေအနေ ထူးခြားဖြစ်စဉ်များကိုလည်း တိတိကျကျ သုံးသပ်တတ်ဖို ့လိုပါတယ်

(ဂ) ဗီတာမင်ဆေးပြားတွေကို ဆရာဝန် ညွှန် ကြားချက် မပါဘဲ မိမိသဘောဖြင့် လက်လွတ်စပယ် မသုံးသင့် သလို၊ အားဆေးအဖြစ် ကာလတာရှည် မသုံးစွဲသင့်ပါဘူး။

အကယ်၍ ဗီတာမင်ဆေးပြားများကို ကာလ တာရှည်လွန်ကဲစွာ သုံးစွဲမိပါက အောက်ပါဘေးထွက် ဆိုးကျိုး များကို ခံစားရနိုင်တာ ကြောင့် အထူး သတိပြုသင့်ပါတယ်။

(ဗီတာမင် အေ)

အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် နေ ့စဉ်သုံးစွဲမှုအမြင့်ဆုံးပမာဏမှာ ၁ဝမီလီဂရမ် ဖြစ်ပါတယ်။ကာလတာရှည်လွန်ကဲစွာသုံးစွဲမိပါကခံစားရမည့် ဘေးထွက်ဆိုးကျိုးမှာခံတွင်းပျက်၍ကိုယ်အလေးချိန်ကျဆင်းခြင်း၊ပျို ့အန်ခြင်း၊ သွေးအားနည်းခြင်း၊ ဆံပင် အ ရောင်မွဲခြောက်ခြင်း၊ အကြောင်းမဲ့ ဆံပင် ကျွတ်ခြင်း၊ အသားအရေခြောက်သွေ ့ယားယံ ခြင်း၊ ခြေလက် ထုံ၍ နာကျင်ခြင်း၊ မျက်စိပြူခြင်း၊ မခံ မရပ်နိုင်အောင် ခေါင်းကိုက်ခဲခြင်းတို ့ဖြစ်တတ်ပါတယ်။

(ဗီတာမင် စီ )

အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် နေ ့စဉ်သုံးစွဲမှု အမြင့်ဆုံး ပမာဏမှာ ၁ ဂရမ် ဖြစ်ပါတယ်။ ကာလ တာရှည်လွန်ကဲစွာ သုံးစွဲမိပါက ခံစားရမည့် ဘေးထွက်ဆိုးကျိုးမှာ ဝမ်းလျှော ဝမ်းပျက်ခြင်း၊ အစာအိမ်အက်ဆစ်အထွက်များ၍အစာအိမ်အချဉ်ပေါက်ခြင်း၊ ကျောက်ကပ် ကျောက် တည်ခြင်း၊အမျိုးသမီးတချို ့သန္ဓေမအောင်ခြင်းတို ့ဖြစ်တတ်ပါတယ်။

(ဗီတာမင် ဒီ )

အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် နေ ့စဉ်သုံးစွဲမှု အမြင့်ဆုံး ပမာဏမှာ၄၀ မိုက်ခရိုဂရမ် ဖြစ်ပါ တယ်။ ကာလတာရှည် လွန်ကဲစွာ သုံးစွဲမိပါက ခံစားရမည့် ဘေးထွက်ဆိုးကျိုးမှာ ကိုယ်ရည်ကိုယ်သား ပူခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အစာစားချင်စိတ် ကုန်ခမ်းလာပြီး ကိုယ်အလေးချိန်ကျလာခြင်း၊အသည်းကြီးခြင်း၊ ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်နိုင်တော့ခြင်း၊အရိုးထုထည်ပွလာပြီး အရိုးကြွပ်ဆတ်ခြင်း တို ့ဖြစ်တတ်ပါတယ်။

(ဗီတာမင် အီး)

အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် နေ ့စဉ်သုံးစွဲမှုအမြင့်ဆုံးပမာဏမှာ ၂ဝဝမီလီဂရမ် ဖြစ်ပါတယ်။ကာလတာရှည်လွန်ကဲစွာသုံးစွဲမိပါကခံစားရမည့် ဘေးထွက် ဆိုးကျိုးမှာ သွေးပြန်ကြောပိတ်ဆို ့ခြင်း၊ သွေးတိုးခြင်း၊ကြွက်သား အားနည်းခြင်း၊တကိုယ်လုံးကိုကိုင်ရိုက်ခံထားရသကဲ့သို ့မလှုပ်ချင်မသယ် ချင်ဖြစ်လာခြင်း၊ ရင်သားကြီးလာခြင်း တို ့ဖြစ်တတ်ပါတယ်။

ဗီတာမင်ဆေးဝါးများကို အောက်ပါ ဆေးသောက်နည်းလမ်းညွှန်အတိုင်း သောက်ပေးသင့်ပါတယ်။

>

ထမင်းမစားခင်နာရီဝက်အလိုမှာဆေးသောက်ပါ။ထမင်းမစားခင် ၂-မိနစ်လောက်အလိုမှ အချိန်ကပ်၍ မသောက်ပါနှင့်။ (အကြောင်းကတော့ အစာနဲ ့ဆေးသောက်ချိန်နီးတဲ့အခါ၊ အချို့ ့သောဆေးများက အစား အစာထဲရောပါပြီး၊ ဆေးစွမ်း သတ္တိဓာတ်ပြယ်သွားစေလို့ပါဘဲ)



ထမင်းစားပြီးနောက် ၅မိနစ်(သို ့မဟုတ်)၁ဝမိနစ်ခန် ့ကြာမှဆေးသောက်ပါ။ (အကြောင်းကတော့ အချို့ဆေးများက အစာအိမ်ကို အနှောင့်အယှက်ပြု၍ မအီမသာဖြစ်စေသလို၊အချို့ဆေးများကလည်းအစာဟောင်းနှင့်ရော၍မစင်အဖြစ်ပါသွား တာကြောင့်ဆေး မတိုးနိုင်တော့ပါဘူး)



ဆေးသောက်ရန် အကောင်းဆုံးအချိန်က နေ ့လည်စာ ထမင်းစားပြီး နောက် ၅ မိနစ် (သို ့မဟုတ်) ၁ဝမိနစ်ခန် ့ကြာမှ သောက်ရမှာ ဖြစ်ပါတယ်။ ဗိုက်ထဲအစာမရှိဘဲ (လုံးဝ) အားဆေးမသောက်ပါ နှင့်။ (အကြောင်းကတော့ အထူးသဖြင့် ဗီတာမင်ဘီ နှင ့်စီအားဖြည့်ဆေးများဟာ ဆီးအဖြစ် ချက်ချင်းစွန် ့ ပါသွားတဲ့ အတွက်ဆေးအာနိသင် ပျက်ပြယ်သွားကာ သောက်သမျှ အားဆေး အချည်းနှီးဖြစ်စေပါတော့ တယ်)



နေကောင်း သွားသည့်တိုင်အောင် သောက်လက်စဆေးကို ရပ်မပစ်ပါနှင့်၊ ဆရာဝန် ညွှန်ကြားသည့် အတိုင်း ဆေးပတ်လည်အောင် ဆက်သောက်ပါ။ (အကြောင်းကတော့ ဥပမာ အဖျား ကျသွားသော်လည်း၊ ခန္ဓာ ကို်ယ်ထဲမှာ ငုပ်လှိျူးကျန်ရစ်နေသေးတဲ့အင်အားကြီးအဖျားပိုးကလူကိုထပ်မံဖျားနာစေ တတ် လို ့အမြစ်ပြတ် ချေမှုန်း သည့်အနေဖြင့် ဆေးညွှန်းကုန်အောင် ဆက်သောက်ပါ)



ဆေးဝါးများကို နွားနို့နှင့်တွဲဖက်မသောက်သင့်ကြောင်းစာဖတ်ပရိတ်သတ် များကြားဖူးကြမယ်ထင်ပါသည်။အဘယ့်ကြောင့်မသောက်သင့်ပါသလဲ? ရောဂတစ်ခုခုအတွက်ခံတွင်းမှမျိုချ သောက်သုံးလိုက် သော သောက်ဆေး များကိုအစာအိမ်မှအက်ဆစ်ဓာတ်ပြု၍အစာချေဖျက်ပေးပြီး၊သက်ဆိုင်ရာ ရောဂါ ထံသို ့သွေးစီးကြောင်းများမှတဆင့်အနာနှင့်ဆေးတွေ ့စေ၍ ဝေဒနာ သက်သာလာစေပါတယ််။ နွားနို ့ တစ်မျိုးတည်းသာ သောက်ပါက နို ့ ထဲတွင်ပါရှိ သော ကယ်လ်စီယမ်နှင့် အဟာရဓာတ်တို ့ကို အစာအိမ်မှ ဓာတ်ပြု၍ ခွန်အားဖြစ်စေသည်မှာ မှန်သော်လဲ၊ အကယ်၍ တက်ထွာ ဆိုက္ကလင်း(tetracycline) အပါအဝင် ၄င်းနှင့်အာနိသင်တူသောပဋိဇီဝဆေးဝါးများကို နွားနို ့ဖြင့် ရောသောက်မိပါက၊ နို ့ထဲတွင် ပါရှိသော ကယ်လ်စီယမ်ဓာတ်ကဟန့်တားစေသောအစွမ်းရှိသဖြင့် ဆေးမတိုးစေနိုင် တော့ပါဘူး။ ထို ့အတူ ကော်ဖီ၊ လ္ဘက်ရည်နှင့် အချိုရည်တို ့တွင် ပါရှိသော ကဖိန်းဓာတ်များကလည်းခန္ဓာကိုယ်မှ ဆေးဝါးကိုစုပ်ယူနိုင်မှု နှောင့်နှေးစေပါတယ်။ ဒါကြောင့် မည်သည့်ဆေးဝါး အတွက်ဖြစ်စေ သောက်ရေ တစ်မျိုး တည်းဖြင့် သောက်သုံးခြင်းသည်သာ အမှန်ကန်ဆုံးဖြစ်ပြီး၊ အစာမစားခင် (သို ့မဟုတ်)စားပြီးနောက်ပိုင်း ဆေးဝါးသောက်သုံးခြင်းကအကောင်းဆုံးဖြစ်ပါကြောင်း အိန္ဒိယ နိုင်ငံ မှ Dr.Sharib Azmi က အကြံပြုထားပါကြောင်း။
Crd

ရွှေသွေးအထွေထွေရောဂါ အထူးကုဆေးခန်းတွင် နေ့စဉ် နံနက် (၇)နာရီမှစ၍
ည(၇)နာရီ အထိပိတ်ရက်မရှိ ပြန်လည်ကုသမှု့ပေး
နေပြီဖြစ်ပါသည် ။

ခေတ်မီ Digital X- ray စက်ဖြင့် ဓာတ်မှန်ရိုက်ခြင်းနောက်ဆုံးပေါ် စက်များဖြင့် ဓါတ်ခွဲရောဂါရှာဖွေခြင်းများကိုလည်း ဆေးခန်းဖွင့်ချိန် အတွင်းတိကျမြန်ဆန်စွာ
ဆောင်ရွက်ပေးနေပါသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အခြားသောရောဂါများရှာဖွေစမ်းသပ်လိုသူများအတွက် Ultrasound စက်ဖြင့်ဓာတ်မှန်ဆရာဝန်ကြီး မှ အပတ်စဉ်စနေနေ့တိုင်း စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။

ထို့အပြင် ဆီးချို ၊ သွေးတိုး ၊နှလုံး ၊ ကျောက်ကပ် ၊ အသည်း အစရှိသော အထွေထွေ ရောဂါများအတွက်
အထွေထွေရောဂါအထူးကုဆရာဝန်ကြီး မှ အပတ်စဉ်စနေ နေ့တိုင်းတွင် လာရောက်စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကြိုတင်ဘွတ်ကင်ပေးလိုသူများ နှင့် အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

ရွှေသွေးအထူးကုဆေးခန်း ၊
ကွမ်ရင်စီမယ်တော်ကျောင်းရှေ့ ၊ဝါးခယ်မမြို့ ။

09- 421 421 611 , 09- 421 421 622,
09 -899 319959

Address

Wakema
10201

Telephone

+959421421611

Website

Alerts

Be the first to know and let us send you an email when Shwe Thway Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Thway Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category