Swe Mon Pharmacy, Wetlet

Swe Mon Pharmacy, Wetlet လိုအပ်သောဆေးများမှာယူနိုင်ပါသည်။

သီတင်းကျွတ်အမှီ တစိသောင်းတန်ဆေးခြင်းလေးတွေနဲ့ လူကြီးမိဘတွေကို ကန်တော့လိုက်ကြတော့နော်✨🤩မိမိထည့်လိုတဲ့ဆေးလေးတွေနဲ့လည်း ပြင...
08/10/2022

သီတင်းကျွတ်အမှီ တစိသောင်းတန်ဆေးခြင်းလေးတွေနဲ့ လူကြီးမိဘတွေကို ကန်တော့လိုက်ကြတော့နော်✨🤩
မိမိထည့်လိုတဲ့ဆေးလေးတွေနဲ့လည်း ပြင်ခိုင်းလို့ ရပါတယ်ဗျ ။
ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ😇

အဝေးရောက်နေသူ သား နိုင်နိုင်မှမိခင် ဒေါ်မူမူ ( တောင် ထန်းကြီး) ရွာသို့သီတင်းကျွတ်ဂါရဝပြုရာတွင် ( Swe Mon Pharmacy.: Wet ...
07/10/2022

အဝေးရောက်နေသူ သား နိုင်နိုင်မှ
မိခင် ဒေါ်မူမူ ( တောင် ထန်းကြီး) ရွာသို့
သီတင်းကျွတ်ဂါရဝပြုရာတွင်
( Swe Mon Pharmacy.: Wet Let) မှ မှာယူအားပေးသောကြောင့် ကျေးဇူးတင်ပါတယ်ခင်ဗျ။

မိဘကျေးဇူး အထူးသိတတ်သူ ကိုနိုင်နိုင် ကျန်းမာ ချမ်းသာ ဘေးရန်ကင်းဝေးပါစေကြောင်း ဆွေမွန် ဆေးဆိုင် မိသားစုမှ ဆုမွန်တောင်းအပ်ပါသည်။

✨အဝေးရောက်နေသူများ ဝက်လက်က မိဘတွေကို ကန်တော့ချင်ရင် ကျွန်တော်တို့ဆိုင်မှာ မှာယူပေးပို့ခိုင်းနိုင်ပါတယ်။✨

Kpay Wave pay percentမယူပါ။🤩

အစားအသောက်ပျက်တယ်ပြောသူတွေအတွက် ဆရာကြီးတွေ ညွှန်းပေးတတ်တဲ့ဆေးလေး 1ကဒ်မှ 1100 ဆိုတော့ သောက်ပျော်ပီလေ နော်စားဝင်အိပ်ပျော်တ...
24/08/2022

အစားအသောက်ပျက်တယ်ပြောသူတွေအတွက် ဆရာကြီးတွေ ညွှန်းပေးတတ်တဲ့ဆေးလေး

1ကဒ်မှ 1100 ဆိုတော့ သောက်ပျော်ပီလေ နော်

စားဝင်အိပ်ပျော်တာတော့ မင်မင်ကိုယ်တိုင် ကိုယ်တွေ့မို့ ဝယ်ပါဝယ်ပါလို့ ဇွတ်မပြောတော့ဖူး 😉

☎️ 09-757969990 ကို ဖုန်းဆက်ပီး မှာယူနိုင်ပါတယ်
Mandalay မြို့တွင်း Deli အပ်ပေးသည်

thanks 🙏

မျောက်ကျောက်ရောဂါလက္ခဏာတွေက ဘာတွေလဲ???===============================🙈 မျောက်ကျောက်ရောဂါ၏ လက္ခဏာများမှာ ပုံမှန်အားဖြင့် ...
08/06/2022

မျောက်ကျောက်ရောဂါလက္ခဏာတွေက ဘာတွေလဲ???
===============================

🙈 မျောက်ကျောက်ရောဂါ၏ လက္ခဏာများမှာ ပုံမှန်အားဖြင့်

- အဖျားတက်ခြင်း၊
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
- ကြွက်သားများကိုက်ခဲခြင်း၊
- ခါးနာခြင်း၊
- အားနည်းခြင်း/အားမရှိသလိုဖြစ်ခြင်း
- လင့်အကျိတ်များ ဖူးရောင်ခြင်း နှင့်
- အရေပြားတွင် အဖုအပိမ့်များ (သို့မဟုတ်) အနာများထွက်ခြင်း.....

စသည်တို့ဖြစ်တတ်သည်။

🙈 အဖုအပိမ့်များသည် အများအားဖြင့် အဖျားစတင်ပြီး တစ်ရက်မှ သုံးရက်အတွင်း ပေါ်လာတတ်သည်။

🙈 အနာများသည် ပြန့်ပြူး (သို့မဟုတ်) အနည်းငယ် ကျယ်နိုင်ပြီး အရည်ကြည် (သို့မဟုတ်) အဝါရောင်အရည်များဖြင့် ပြည့်နေနိုင်သည်။ ထို့နောက် အပေါ်ယံလွှာမာ​ကျော၊ ခြောက်သွေ့ပြီး လျော့သွားနိုင်သည်။

🙈 မျောက်ကျောက်ရောဂါဖြစ်ပွားသော လူတစ်ဦးတွင် အဖုအပိမ့်၊အနာ အရေအတွက်မှာ အနည်းငယ်မှ ထောင်ဂဏန်းအထိ ရှိနိုင်သည်။

🙈 အဖုအပိမ့်များသည် မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးများပေါ်တွင် အများအပြားပေါက်တတ်သည်။ ထို့ပြင် ပါးစပ်၊ လိင်အင်္ဂါနှင့် မျက်လုံးတို့တွင်လည်း တွေ့ရှိနိုင်သည်။

🙈 ရောဂါလက္ခဏာများသည် ပုံမှန်အားဖြင့် (၂) ပတ်မှ (၄) ပတ်ကြားကြာပြီး ကုသမှုမခံယူဘဲ သူ့အလိုလို ပျောက်သွားတတ်သည်။

🙈 သင့်တွင် မျောက်ကျောက်ဖြစ်နိုင်သည့် လက္ခဏာများရှိသည်ဟု ထင်ပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံမှ အကြံဉာဏ်ရယူပါ။ သင်သည် မျောက်ကျောက်ဟု သံသယရှိသူ (သို့မဟုတ်) အတည်ပြုထားသော မျောက်ကျောက်ရှိသူနှင့် နီးကပ်စွာ ထိတွေ့ဖူးပါက ၎င်းတို့အား အသိပေးပါ။

crd Healthy and Happy

သင် ⚠️လည်ချောင်းနာပီးဘီလား ❓
01/03/2022

သင် ⚠️

လည်ချောင်းနာပီးဘီလား ❓

 ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩ...
24/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိလေးတွေ အစရှိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမထွက်တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာဖြစ်တဲ့ နှာစေး၊ နှာခေါင်းပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာတတ်ကြတာ

အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မသေမပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ်အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲကဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်းကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အတိုင်း ကိုဗစ်က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုးပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ်အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberationတွေနဲ့ ပြောချင်တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီနေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက်ဖက်က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုးရောက်ချိန် ကာကွယ်ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကိုဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ အားနည်းတာလောက်ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆိုတော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်ယူတော့မှ တွေ့ရတာတွေ ရှိတယ်လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံနာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်းနေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊ လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန်က ညွှန်းကြားပါလိမ့်မယ်၊ Cetrizine တို့ Burmetonတို့ တခြားDecongestantလိုမျိုးတွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

#ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကတော့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသွားမှာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံးကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည်ပြောနိုင်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

:Dr. Hadee Maung (9.2.2022)

P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့

Research paperတွေ စုပေးထားတဲ့ Articleပါ Not Ref

ဒီနေ့ရောက်တဲ့ ဆေးလေးတွေပါ။လိုအပ်တာရှိရင် Helloလိုက်ပါရှင့်။09954077000 or page cb.ဆွေမွန်ဆေးဆိုင်၊အမှတ် ၂၊ဘောဂဗလရပ်၊ဘုရာ...
17/01/2022

ဒီနေ့ရောက်တဲ့ ဆေးလေးတွေပါ။
လိုအပ်တာရှိရင် Helloလိုက်ပါရှင့်။
09954077000 or page cb.
ဆွေမွန်ဆေးဆိုင်၊အမှတ် ၂၊ဘောဂဗလရပ်၊ဘုရားကြီးအနီး၊ဝက်လက်။

အရမ်းအမေးများတဲ့   လေး ရောက်ပါပြီရှင့်၁၅လုံးပါ တစ်ကဒ်ကို ၃၆၀၀ပါဆွေမွန်ဆေးဆိုင်၊ဝက်လက်မှာ ဝယ်ယူရရှိနိုင်ပါပြီ။
17/01/2022

အရမ်းအမေးများတဲ့ လေး ရောက်ပါပြီရှင့်
၁၅လုံးပါ တစ်ကဒ်ကို ၃၆၀၀ပါ
ဆွေမွန်ဆေးဆိုင်၊ဝက်လက်မှာ ဝယ်ယူရရှိနိုင်ပါပြီ။

ကိုယ်ဝန်ဆောင် မိခင်များအတွက် မျှဝေလိုက်ပါတယ်နော်...ဒါနဲ့ စကားမစပ် မိခင်နှင့်ကလေးဘဝအစဉ်ကျန်းမာလှပစေမယ့် OBIMIN (အိုဘီမင်)...
13/01/2022

ကိုယ်ဝန်ဆောင် မိခင်များအတွက် မျှဝေလိုက်ပါတယ်နော်...

ဒါနဲ့ စကားမစပ် မိခင်နှင့်ကလေးဘဝအစဉ်ကျန်းမာလှပစေမယ့် OBIMIN (အိုဘီမင်) ကိုယ်ဝန်ဆောင်အားဆေးကို ဆွေမွန်ဆေးဆိုင်မှာ ဝယ်ယူရရှိနေပီဖြစ်လို့ လက်မနှေးပဲ အမြန်သာ မှီဝဲလိုက်ပါတော့ မေမေတို့ရှင်... 🤰🏼 ❤️ 👶🏻

***မိခင်နှင့်ရင်သွေးဘဝ ကျန်းမာဖို့ အိုဘီမင်ကိုသောက်ကြစို့*** 👨‍👩‍👦

Contact Number - 📲 09954077000

👼ချန်ပီယံလေးတို့ရဲ့ ထမင်းကျွေးချိန်တွေက မေမေတို့ အတွက် စိတ်အညစ်ရဆုံး အချိန်တွေ ဖြစ်နေရပြီလား ❓ 💁🏻‍♀️မေမေတို့ အားလုံးရဲ့ ...
12/01/2022

👼ချန်ပီယံလေးတို့ရဲ့ ထမင်းကျွေးချိန်တွေက မေမေတို့ အတွက် စိတ်အညစ်ရဆုံး အချိန်တွေ ဖြစ်နေရပြီလား ❓

💁🏻‍♀️မေမေတို့ အားလုံးရဲ့ အခက်အခဲကို ကူညီဖို့အတွက် အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေသော Lysine ပါ၀င်သည့်အပြင် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေနိုင်တဲ့ ဗီတာမင်ဓာတ်များ ပါ၀င်သည့် ဘူးပုံစံအသစ်၊ ထုတ်ပိုးမှုပုံစံအသစ်ဖြင့် ပြောင်းလဲထုတ်လုပ်ထားသော Champs MultiVitamin Plus Folic Acid & Lysine လေးက အသင့်ရှိလို့နေပါပြီရှင် 🤗🤗



ဆွေမွန်ဆေးဆိုင် ဝက်လက်မှာ ဝယ်ယူအားပေးနိုင်ပါတယ်။

Fameက ထုတ်တဲ့ Urocrushဆေးလေး ရှိပါတယ်။တစ်ဘူးကို ၆၀၀၀ကျပ်ပါ။လိုအပ်သူများဝယ်ယူနိုင်ပါပြီ။Can order via page ဆွေမွန်ဆေးဆိုင...
09/01/2022

Fameက ထုတ်တဲ့ Urocrushဆေးလေး ရှိပါတယ်။
တစ်ဘူးကို ၆၀၀၀ကျပ်ပါ။
လိုအပ်သူများဝယ်ယူနိုင်ပါပြီ။
Can order via page
ဆွေမွန်ဆေးဆိုင်၊အမှတ်၂၊ဘောဂဗလရပ်၊ဘုရားကြီးအနီး၊ဝက်လက်မြို့။

Solmux 2မျိုးလုံး ရှိတယ်နော်မင်မင်တို့ဆိုင်မှာ ဝယ်ယူနိုင်ပါပြီ။ဆွေမွန်ဆေးဆိုင်၊အမှတ်၂၊ဘောဂဗလရပ်၊ဘုရားကြီးအနီး၊ဝက်လက်မြို...
07/01/2022

Solmux 2မျိုးလုံး ရှိတယ်နော်
မင်မင်တို့ဆိုင်မှာ ဝယ်ယူနိုင်ပါပြီ။
ဆွေမွန်ဆေးဆိုင်၊အမှတ်၂၊ဘောဂဗလရပ်၊ဘုရားကြီးအနီး၊ဝက်လက်မြို့။

Enervon-CAdminတို့ ငယ်ငယ်ကတည်းက အရမ်းရောင်းရတဲ့ အားဆေးလေး။ဖန်ပုလင်းနဲ့ ထုတ်ကတည်းကရောင်းရလာတာ အခုဆို ကဒ်လေးနဲ့ ဆယ်လုံးတစ်...
05/01/2022

Enervon-C
Adminတို့ ငယ်ငယ်ကတည်းက အရမ်းရောင်းရတဲ့ အားဆေးလေး။
ဖန်ပုလင်းနဲ့ ထုတ်ကတည်းကရောင်းရလာတာ အခုဆို ကဒ်လေးနဲ့ ဆယ်လုံးတစ်ကဒ် ဝယ်လို့ရနေပြီ။
ENERVON-Cမှာ
Vitamin C 500 mg
Vitamin B complex မျိုးစုံ ပါဝင်တာကြောင့်ကိုယ်ခံအားကောင်းမွန်စေပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပါတယ်။
ဆွေမွန်ဆေးဆိုင်၊ဝက်လက်မြို့မှာ ဝယ်ယူနိုင်ပါပြီရှင်။

ရေနွေးအိတ်လေးတွေလည်း ရှိပါတယ်။😇လျှပ်စစ်နဲ့ရိုးရိုးဆိုပြီး ရှိပါတယ်။👀လျှပ်စစ်ရေနွေးအိတ်လေးက မသုံးခင် ၃မိနစ်ခန့် ပလပ်ထိုးပ...
02/01/2022

ရေနွေးအိတ်လေးတွေလည်း ရှိပါတယ်။
😇လျှပ်စစ်နဲ့ရိုးရိုးဆိုပြီး ရှိပါတယ်။
👀လျှပ်စစ်ရေနွေးအိတ်လေးက မသုံးခင် ၃မိနစ်ခန့် ပလပ်ထိုးပေးပြီး သုံးရပါတယ်ရှင့်။
လျှပ်စစ်ရေနွေးအိတ်လေးတွေက တစ်အိတ်ကို ၄၅၀၀ပါ။
👀ရိုးရိုးရေနွေးအိတ်လေးတွေက sizeအကြီးနဲ့ medium 2မျိုး ရှိပါတယ်။
ရိုးရိုးရေနွေးအိတ်Sizeအကြီးလေးက တစ်အိတ်ကို ၃၃၀၀ပါ။medium sizeလေးတွေက တစ်အိတ်ကို 2600ပါ။
❗️ရေနွေးအိတ်မှာ ထည့်တဲ့ရေနွေးက ၉၀•C ခန့်သာရှိသင့်ပါတယ်။
❌ပွက်ပွက်ဆူနေသော ရေနွေးကို အသုံးမပြုသင့်ပါ။ ကလေးငယ်များ အသုံးမပြုသင့်ပါ❌
📍ဆွေမွန်ဆေးဆိုင်၊အမှတ်၂၊ဘောဂဗလရပ်၊ဘုရားကြီးအနီး၊ဝက်လက်မြို့။

ဒီနေ့ give awayလေးမှာ လက်ဆောင်ခြင်းလေးမဲပေါက်သွားတာကတော့ Ma Ni Larပါရှင့်။နောက်ထပ် ၃၀၀၀တန် billနှစ်ကဒ်ကို ဖောက်ပေးခဲ့တာမ...
01/01/2022

ဒီနေ့ give awayလေးမှာ လက်ဆောင်ခြင်းလေးမဲပေါက်သွားတာကတော့ Ma Ni Larပါရှင့်။
နောက်ထပ် ၃၀၀၀တန် billနှစ်ကဒ်ကို ဖောက်ပေးခဲ့တာမှာတော့ ပထမတစ်ကဒ်ကို ကို Thein Zaw Minပေါက်သွားပါတယ်။ဒုတိယတစ်ကဒ်ကို မ Phoo Phooပေါက်ပါတယ်ရှင့်။
နောက်ထပ် Give awayတွေမှာလည်း ပါဝင်ကံစမ်းကြပါဦးနော်။အာလုံးပဲ ကျေးဇူးတင်ပါတယ်။
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေရှင်။🧡

01/01/2022

1.1.2021giveawayလေးပါ ။Adminတို့ ပါဝင်ကံစမ်းထားတဲ့သူများထဲမှ အချက် သုံးချက်နဲ့ ကိုက်ညီတဲ့သူ ၄၄ယောက် ရှိပါတယ်။ခု ၁၅၀၀၀တန် လက်ဆောင်ခြင်းလေး မဲဖောက်ပေးပါမယ်။မပေါက်တဲ့လူတွေလည်း စိတ်မညစ်နဲ့နော် ၃၀၀၀တန် ဖုန်းကဒ်နှစ်ကဒ်ပါ ထပ်ဖောက်ပေးမှာပါ။

ဆီးချိုသမားတွေအတွက် ဆိုင်မှာရှိတဲ့ ဆေးလေးတွေပါ။လိုအပ်တာရှိရင် ဝယ်ယူအားပေးနိုင်ပါတယ်။Can order via page ဆွေမွန်ဆေးဆိုင်၊အ...
30/12/2021

ဆီးချိုသမားတွေအတွက် ဆိုင်မှာရှိတဲ့ ဆေးလေးတွေပါ။
လိုအပ်တာရှိရင် ဝယ်ယူအားပေးနိုင်ပါတယ်။
Can order via page
ဆွေမွန်ဆေးဆိုင်၊အမှတ်၂၊ဘောဂဗလရပ်၊ဘုရားကြီးအနီး၊ဝက်လက်။

နာနတ်သီးအားဆေးလို့ ဝယ်သူတွေ သိကြတဲ့ VitamaKSကလေးအားဆေးလေး ပြန်ရောက်ပြီနော်။ဒီတစ်ခေါက်က ဘူးသေး ၆၀mlလေးတွေပါ။တစ်ဘူးကို ၁၇၀...
29/12/2021

နာနတ်သီးအားဆေးလို့ ဝယ်သူတွေ သိကြတဲ့ VitamaKSကလေးအားဆေးလေး ပြန်ရောက်ပြီနော်။
ဒီတစ်ခေါက်က ဘူးသေး ၆၀mlလေးတွေပါ။
တစ်ဘူးကို ၁၇၀၀ပါရှင့်။
👶👧🏼သောက်နေကြသားသားမီးမီးလေးတွေရေ လာဝယ်လို့ရပြီနော်။
Can order via page
ဆွေမွန်ဆေးဆိုင်၊အမှတ် ၂၊ဘောဂဗလရပ်၊ဘုရားကြီးအနီး၊ဝက်လက်မြီု.။

Address

Swe Mon Pharmacy, No2 Bawgabala Quarter, Pagoda Street
Wetlet

Telephone

+959954077000

Website

Alerts

Be the first to know and let us send you an email when Swe Mon Pharmacy, Wetlet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Swe Mon Pharmacy, Wetlet:

Share