03/10/2025
Dumex တိုက်တဲ့ မေမေတွေ သတိထားလို့ရအောင်ပါ
စားသုံးသူများထံသို့အသိပေးချက်!!!
စားသုံးသူများ၏ ယုံကြည်စိတ်ချမှုနှင့် ဘေးကင်းလုံခြုံမှုတို့သည် ကျွန်ုပ်တို့ Danone ၏ အမြင့်မားဆုံး ဦးစားပေးမှုဖြစ်ပါသည်။
Dumex ကုန်ပစ္စည်းသည် နိုင်ငံတကာမှ အစားအသောက်လုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရသော အာဟာရကုန်ပစ္စည်းတစ်ခုအဖြစ် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၆၈)နှစ်ကျော်ကြာ ဂုဏ်ယူစွာဖြင့် ရပ်တည်နေပါသည်။
စျေးကွက်တွင် Dumex ကုန်ပစ္စည်းအတုများ ပြန့်နှံ့နေသည့်ကိစ္စရပ်နှင့်ပတ်သက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အများပြည်သူထံ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို သိရှိပြီးဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ဤကိစ္စကို အလေးထားဆောင်ရွက်နေပြီး FDA နှင့် စားသုံးသူရေးရာဦးစီးဌာန (DOCA) တို့နှင့်အတူ ပူးပေါင်းကာ လျင်မြန်ပြီး သင့်တော်သော အရေးယူမှုများကို ဆောင်ရွက်နေပါသည်။
ကျွန်ုပ်တို့သည် စားသုံးသူများကိုကာကွယ်ရန်၊ ပစ္စည်းစစ်မှန်မှုကိုသေချာစေရန်၊ အမြင့်ဆုံးအရည်အသွေးနှင့် ယုံကြည်မှုစံနှုန်းများကို ထိန်းသိမ်းရန်အတွက် အဓိကထားလုပ်ဆောင်နေပါသည်။
စားသုံးသူများအနေဖြင့် ပစ္စည်းစစ်မှန်မှုကိုသေချာစေရန် ဘူးပေါ်တွင် အောက်ပါအချက်အလက်များကို ပူးတွဲပါပုံထဲကအတိုင်း စစ်ဆေးနိုင်ပါသည်။
၁။ ဘူးအရှေ့မျက်နှာပြင်တွင် ရိုက်နှိပ်ဖော်ပြထားသော Dumex မြန်မာစာလုံး
- ဒူးမက် စာလုံးပေါင်းမှန်မမှန်စစ်ပေးပါ။
၂။ တရား၀င်ဖြန့်ဖြူးရောင်းချသူများနှင့် ထုတ်လုပ်သူ အချက်အလက်များ
✅ မိုးအေးရှား ကုမ္ပဏီလီမိတက် (အောက်မြန်မာပြည်အတွက် တရားဝင်ဖြန့်ဖြူးရောင်းချသူဖြစ်ပြီး ဘူးရဲ့ ဘေးဘက်ခြမ်းတွင် လိပ်စာ, ဖုန်းနံပါတ်များ ကိုရိုက်နှိပ်ဖော်ပြထားပါသည်။)
✅ ဒီကေအက်စ်အိပ်(ချ်) ( မြန်မာ) လီမိတက် (အထက်မြန်မာပြည်အတွက် တရားဝင်ဖြန့်ဖြူးရောင်းချသူဖြစ်ပြီး ဘူးရဲ့ဘေးဘက်ခြမ်းတွင် လိပ်စာ, ဖုန်းနံပါတ်များကို ရိုက်နှိပ်ဖော်ပြထားပါသည်။)
- ထုတ်လုပ်သူရဲ့အမည်နှင့် လိပ်စာကိုလည်း ဘူးရဲ့ ဘေးဘက်ခြမ်းတွင် တရားဝင် ရိုက်နှိပ်ဖော်ပြထားပါသည်။
၃။ Danone Logo နှင့် ဆက်သွယ်ရမည့်ဖုန်း
- Danone Logo နှင့် Careline ဖုန်းနံပါတ်များကို တရား၀င်ရိုက်နှိပ်ဖော်ပြထားပါသည်။
ပစ္စည်းစစ်မှန်မှုကို အတည်ပြုရန်ခက်ခဲပြီး ယုံကြည်စိတ်ချရမှုမရှိသော Online ရောင်းချသူများထံမှ ဝယ်ယူခြင်းကို စားသုံးသူများ မပြုလုပ်ရန် အထူးသတိပေးအကြံပြုအပ်ပါသည်။
မေးခွန်းများ (သို့မဟုတ်) သိရှိလိုသည် များရှိပါက ကျွန်ုပ်တို့၏ Careline ဖုန်း 099 7777 6666 (သို့ ) Dugro Myanmar page Messenger မှတစ်ဆင့် ရုံးချိန်အတွင်းတွင် ဆက်သွယ်နိုင်ပါသည်။
ကျွန်ုပ်တို့သည် “ကျန်းမာခြင်းကို အစားအစာမှတစ်ဆင့် လူအများဆီသို့ ပို့ဆောင်ပေးရန်” ဆိုသော Danone ၏ရည်မှန်းချက်အတိုင်း ဖြစ်ပေါ်လာသောအခြေအနေအပေါ် မူတည်၍ တာဝန်ယူမှုရှိစွာဖြင့် ပွင့်လင်းမြင်သာစွာ တင်ပြသွားပါမည်။