Phyae Swet Sar Project - ဖြည့်စွက်စာ ပရောဂျက်

  • Home
  • Myanmar
  • Wundwin
  • Phyae Swet Sar Project - ဖြည့်စွက်စာ ပရောဂျက်

Phyae Swet Sar Project - ဖြည့်စွက်စာ ပရောဂျက် ဉာဏ်ကန်ရှောက်တောကျေးရွာအတွင်းရှိ
သက်ကြီး အဖိုးအဖွားတိုင်းအတွက်
ဖြည့်စွက်စာပရောဂျက်ဖြစ်ပါသည်။

"လောကမှာ 'အမေ' ဆိုတဲ့ စကားလုံးက အတိုဆုံးဖြစ်ပေမဲ့ အမေ့ရဲ့ မေတ္တာကတော့ အရှည်လျားဆုံးပါပဲ။ ❤️သား/သမီးတို့ အမှားလုပ်ရင် နား...
10/05/2026

"လောကမှာ 'အမေ' ဆိုတဲ့
စကားလုံးက အတိုဆုံးဖြစ်ပေမဲ့
အမေ့ရဲ့ မေတ္တာကတော့ အရှည်လျားဆုံးပါပဲ။ ❤️

သား/သမီးတို့ အမှားလုပ်ရင် နားလည်ပေးဖို့
အဆင်သင့်ရှိနေတတ်တာ အမေ တစ်ယောက်တည်းပဲ ရှိပါတယ်။
ဘဝရဲ့ ခက်ခဲတဲ့ နေ့ရက်တိုင်းမှာ အမေ့ရဲ့ စိတ်ပူပေးမှုတွေ၊
ဆုတောင်းပေးမှုတွေကပဲ ရှေ့ဆက်ဖို့ ခွန်အားတွေ ဖြစ်စေခဲ့ရတာပါ။

ဒီနေ့ကျရောက်တဲ့ အမေများနေ့မှာတင်မကဘဲ
နေ့ရက်တိုင်းမှာ အမေ ကျန်းမာပါစေ၊ စိတ်ချမ်းသာပါစေ။
သား/သမီးတို့အတွက် အမြဲတမ်း အရိပ်ကောင်းတဲ့
သစ်ပင်ကြီးတစ်ပင်လို ထာဝရ ရှိနေပေးပါဦး အမေ။
Happy Mother's Day ပါ အမေ။
အမေ့ကို အရမ်းချစ်ပါတယ်! 🥰✨"


#အမေများနေ့ #ကျေးဇူးတော်ရှင်အမေ
#ဖြည့်စွက်စာပရောဂျက် #အာဟာရပရောဂျက်
#အဖိုးအဖွားအကျိုးပြုအာဟာရပရောဂျက်
#ကျေးလက်အခြေပြုအာဟာရပရောဂျက်

အလုပ်သမားထုကြီးရဲ့ ဂုဏ်သိက္ခာနဲ့ မေဒေးသမိုင်းကို ဂုဏ်ပြုခြင်း...ယနေ့ မေလ (၁) ရက်နေ့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အလုပ်သမားထု...
01/05/2026

အလုပ်သမားထုကြီးရဲ့ ဂုဏ်သိက္ခာနဲ့
မေဒေးသမိုင်းကို ဂုဏ်ပြုခြင်း...

ယနေ့ မေလ (၁) ရက်နေ့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့
အလုပ်သမားထုတစ်ရပ်လုံးရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့
"ကမ္ဘာ့အလုပ်သမားနေ့" သို့မဟုတ် "မေဒေး" နေ့ပဲ ဖြစ်ပါတယ်။

အလုပ်သမားနေ့ဆိုတာ အားလပ်ရက်တစ်ခုတင်မကဘဲ
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာ
မတရားတဲ့ အလုပ်ချိန်တွေနဲ့ ဖိနှိပ်မှုတွေကို တွန်းလှန်ပြီး
"တစ်နေ့ (၈) နာရီ အလုပ်လုပ်ရေး" အတွက်
အသက်ပေး တိုက်ပွဲဝင်ခဲ့ကြတဲ့ အလုပ်သမားရဲဘော်တို့ရဲ့
သမိုင်းဝင်နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

လောကကြီး သာယာလှပဖို့နဲ့ လူ့အဖွဲ့အစည်းရဲ့
ယန္တရားတွေ ပုံမှန်လည်ပတ်နိုင်ဖို့အတွက်
အခြေခံအကျဆုံးနဲ့ အရေးအပါဆုံး
အင်အားစုဟာ "အလုပ်သမား" တွေပဲ ဖြစ်ပါတယ်။

လယ်ယာမြေထဲက ချွေးစက်တွေ၊
စက်ရုံအလုပ်ရုံတွေက စက်သံတွေနဲ့
ရုံးခန်းတွေထဲက ကြိုးပမ်းအားထုတ်မှုတိုင်းဟာ
ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ထုဆစ်နေကြတာပါ။
ရိုးသားစွာ လုပ်ကိုင်စားသောက်ပြီး မိသားစုနဲ့
နိုင်ငံ့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ ပေးဆပ်နေကြတဲ့
အလုပ်သမားတိုင်းမှာ အစားထိုးမရတဲ့ တန်ဖိုးနဲ့
မြင့်မြတ်တဲ့ ဂုဏ်သိက္ခာကိုယ်စီ ရှိကြပါတယ်။

ဒီနေ့မှာတော့ ပင်ပန်းနွမ်းနယ်မှုတွေကို
ခဏတာဘေးဖယ်ပြီး စိတ်ရောကိုယ်ပါ
အနားယူနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အလုပ်သမားထုရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိပြီး၊
ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်တွေနဲ့အတူ ထိုက်တန်တဲ့
လူနေမှုဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ ကျွန်ုပ်တို့ရဲ့
နေ့စဉ်ဘဝတွေကို ချောမွေ့အောင် ဖန်တီးပေးနေတဲ့
သူရဲကောင်းများအားလုံးကို
လှိုက်လှဲစွာ ဂုဏ်ပြုရင်း ဦးညွှတ်လိုက်ရပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ အလုပ်သမားထုကြီးတစ်ရပ်လုံး
ဘေးကင်းကျန်းမာပြီး သာယာဝပြောကြပါစေ။ ✊✨



#ဖြည့်စွက်စာပရောဂျက် #အာဟာရပရောဂျက်
#ကျေးလက်အခြေပြုအာဟာရပရောဂျက်
#အဖိုးအဖွားအကျိုးပြုအာဟာရအစီအစဉ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ၊ ၁ ရက်နေ့မှစတင်၍အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော"ဖြည့်စွက်စာ"အာဟာရပရောဂျက်ဟာအသက်ကြီး အဖိုးအဖွားများနှ...
30/04/2026

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ၊ ၁ ရက်နေ့မှစတင်၍
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော
"ဖြည့်စွက်စာ"အာဟာရပရောဂျက်ဟာ
အသက်ကြီး အဖိုးအဖွားများနှင့်အတူ
လစဉ်လတိုင်း အတူရှိလာခဲ့တာ
၂၀၂၆ ခုနှစ်၊ မေလ၊ ၁ ရက်နေ့မှာဆိုရင်
ရက်ပေါင်း (၆၀၇) ရက်၊ လပေါင်း (၂၀) လပြည့်ခဲ့ပါပြီ။

စတင်ချိန်ကတည်းက ယနေ့ (၂၀)လပြည့်သည်အထိ
အခက်အခဲတွေကို ရင်ဆိုင်ကြရင်း အတူရှိနေပေးကြတဲ့
အဖွဲ့ဝင် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
အထူးကျေးဇူးတင်ပါကြောင်း ပြောပါရစေ။

💚ကူညီရှေ့ဆက် အဖိုးအဖွားတို့အတွက်
ဖြည့်စွက်စာ အာဟာရပရောဂျက်💚

#ဖြည့်စွက်စာပရောဂျက် #အာဟာရပရောဂျက်
#အဖိုးအဖွားအကျိုးပြုအာဟာရအစီအစဉ်
#ကျေးလက်အခြေပြုအာဟာရပရောဂျက်

ြည့်နေ့ရက်အထိမ်းအမှတ်

Phyae Swet Sar Project - ဖြည့်စွက်စာ ပရောဂျက် အဖွဲ့ဝင်များမှ ၂၀၂၆ ခုနှစ် ဧပြီလအတွက်လစဉ်ကြေးအလှူငွေ ထည့်ဝင်လှူဒါန်းမှုမျာ...
30/04/2026

Phyae Swet Sar Project -
ဖြည့်စွက်စာ ပရောဂျက်
အဖွဲ့ဝင်များမှ ၂၀၂၆ ခုနှစ်
ဧပြီလအတွက်
လစဉ်ကြေးအလှူငွေ
ထည့်ဝင်လှူဒါန်းမှုများအတွက်
ဤဂုဏ်ပြုမှတ်တမ်းလွှာများဖြင့်
မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။

၂၀၂၆ - ခုနှစ်၊ ဧပြီလ၊ ၃၀ရက်၊ ကြာသပတေးနေ့။

#ဖြည့်စွက်စာပရောဂျက် #လစဉ်ကြေး
#အလှူရှင်များ #ဧပြီလ
#ဂုဏ်ပြုမှတ်တမ်းလွှာ #ချီးမြှင့်ပေးခြင်း #လပြည့်နေ့
#ကဆုန်လပြည့် #ဗုဒ္ဓနေ့ #ဗုဒ္ဓ #နေ့ထူးနေ့မြတ် #အခါသမယ

ဖြည့်စွက်စာ အာဟာရပရောဂျက်၂၀၂၆ ခုနှစ်အတွင်း လစဉ်အလိုက်ဝင်ငွေ ထွက်ငွေ စာရင်းရှင်းတမ်းဖြစ်ပါတယ်။‌  #မတ်လအတွက် စာရင်းရှင်းတမ...
30/04/2026

ဖြည့်စွက်စာ အာဟာရပရောဂျက်
၂၀၂၆ ခုနှစ်အတွင်း လစဉ်အလိုက်
ဝင်ငွေ ထွက်ငွေ စာရင်းရှင်းတမ်းဖြစ်ပါတယ်။

‌ #မတ်လအတွက် စာရင်းရှင်းတမ်း။

အဖွဲ့ဝင်ကာ လစဉ်ကြေး ထည့်၍သော်လည်းကောင်း
အထိမ်းအမှတ်နေ့များအတွက်
သီးသန့်အလှူငွေသော်လည်းကောင်း
ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ပါပြီ။

ကူညီရှေ့ဆက် အဖိုးအဖွားတို့အတွက်
ဖြည့်စွက်စာ အာဟာရ ပရောဂျက်

ငွေစာရင်း ရှင်းတမ်းနှင့်ပက်သက်၍
မရှင်းလင်း၍သော်လည်းကောင်း
အသေးစိတ် သိရှိလို၍သော်လည်းကောင်း
ဆက်သွယ်မေးမြန်းလိုပါက
m.me/phyaeswetsarproject Messenger သို့
ဆက်သွယ်မေးမြန်းထားနိုင်ပါတယ်။
Admin Team မှ အတတ်နိုင်ဆုံး အမြန်ဆုံး
Reply ပြန်ပေးပါလိမ့်မယ်။


#ဖြည့်စွက်စာပရောဂျက် #ဖြည့်စွက်စာ
#ပရောဂျက် #မတ်လ #ဝင်ငွေ
#ထွက်ငွေ #စာရင်း #ရှင်းတမ်း

Phyae Swet Sar Project - ဖြည့်စွက်စာ ပရောဂျက်မှ၂၀၂၆ ခုနှစ်၊ ဧပရယ်လအတွင်း လှူဒါန်းထောက်ပံ့ခဲ့ပြီးသောအဖိုးအဖွားများ စာရင်း...
30/04/2026

Phyae Swet Sar Project - ဖြည့်စွက်စာ ပရောဂျက်မှ
၂၀၂၆ ခုနှစ်၊ ဧပရယ်လအတွင်း လှူဒါန်းထောက်ပံ့ခဲ့ပြီးသော
အဖိုးအဖွားများ စာရင်းဖြစ်ပါတယ်။

ဧပရယ်လ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/90axaKS-aZ8?si=2_KYg9IO4EUwicCN

၂၀၂၆ ခုနှစ်၊ မတ်လ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/-Hb3US_ZQj0?si=FmjDpq0h906g0jBk

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/rEGqqcTNqy8?si=iOxoJ-J-SI7Hwglt

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/RqR388hqog0?si=4l8QOjRLK8E2sxqN

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/0_6jQSRT-N0?si=1AH19R0e7sZekevX

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/vsGJYFpm-po?si=93Qgdm76RAmy0U3A

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/MLQFFKa-HmU?si=wJXtb8ZVuUYjcVzo

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/f6GG1_yX1mY?si=mz_MP8tb-lVk2tfL

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/CyKQc0_kVJc?si=jtdCSbJRnMxerijN

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/LNIdelja774?si=6xZZefgK092FCwP5

၂၀၂၅ ခုနှစ်၊ ဇွန်လ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/f4D2YbVk1sE?si=Cbe20Uy04cjB3L_J

၂၀၂၅ ခုနှစ်၊ မေလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/oeoCwva9aGU?si=bJWcoac0xqrsxGR5

၂၀၂၅ ခုနှစ်၊ ဧပရယ်လ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/HNQCveaCi0I?si=fq9beQXL_QPuSf5B

၂၀၂၅ ခုနှစ်၊ မတ်လ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/eyWIkwe4-1M?si=9CfLoXIbsP2Uu6-P

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/Vw7qAT37MTQ?si=fxTtk4eZZ1E5xN69

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/R_999nqi5sk?si=MRDz2YTRhZ1aNiEQ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/O9nXeUDW7QY?si=UAgSshwFHN49Dszz

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/eU33Gaj51LM?si=kU4v_VZbbrKJT8w_

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ လှူဒါန်းမှု
ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ယူကျု့လင့်ကိုနှိပ်ပါ။
https://youtu.be/Iw0JOz9qbBc?si=rDTmicTI5GVKFmHb

ပရောဂျက်မှ လှူဒါန်းထောက်ပံ့သွားမည့်
အဖိုးအဖွားအမည်စာရင်းများကို ဒီလင့်မှာဝင်ကြည့်ပါ။
https://docs.google.com/document/d/1KeOtlDpmJ-V4oPaciTl4I6TjqPqP6bg24v4Tl7GyjFI/edit?usp=drivesdk

ပရောဂျက်အကြောင်း အသေးစိတ် သိရှိနားလည်ဖို့
ဒီလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/ivFMwe9zJKhSt5Jv/?mibextid=oFDknk

အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ပါဝင် စာရင်းသွင်းဖို့
👉m.me/phyaeswetsarproject👈 နှိပ်လိုက်ပါ။

ဖြည့်စွက်စာ ပရောဂျက်
Social Media Link များစုစည်းမှုဖြစ်ပါတယ်။

💙page Link
Like & Follow& Share
https://www.facebook.com/phyaeswetsarproject

💜Messenger Community Channel Link
Jion to Community Channel
https://m.me/cm/AbbawCIvas_kSQEf/?send_source=cm%3Acopy_invite_link

🖤TikTok Account Link
Like & Follow & Share
https://www.tiktok.com/

❤️YouTube Channel Link
Like & Subscribe
https://www.youtube.com/

💙Telegram Channel Link
Jion to Channel
https://t.me/phyaeswetsarproject


#ဖြည့်စွက်စာပရောဂျက် #ဖြည့်စွက်စာ #ပရောဂျက်

30/04/2026

ဖြည့်စွက်စာ အာဟာရပရောဂျက်ရဲ့
၂၀၂၆ ခုနှစ် ဧပရယ်လ အာဟာရအလှူ
မှတ်တမ်းဗွီဒီယိုလေးဖြစ်ပါတယ်ခင်ဗျာ။

ယခုလို အလှူလေးဖြစ်မြောက်လာအောင်
လစဉ်လတိုင်း အလှူငွေများထည့်ပေးကြပါသော
လစဉ်ကြေးအလှူရှင် အဖွဲ့ဝင်များ
လစဉ်လတိုင်း ကိုယ်တိုင်ကိုယ်ကျ
တက်တက်ကြွကြွ သွားရောက်ကန်တော့
ပေးကြပါသော အဖွဲ့ဝင်များအားလုံးကို
ကျေးဇူးအထူးတင်ရှိပါကြောင်း
အလေးအနက်ထားပြောကြားပါရစေလားခင်ဗျာ။

📽️ - မှတ်တမ်း ဗွီဒီယို ရိုက်ကူး
မောင်စိုင်းညီညီ( ညီလင်းလတ် )
📽️တည်းဖြတ်၊ တင်ဆက်သူ။ မောင်ဟိန်းကိုလင်း
🎼 သီချင်းနာမည်။ ပရဟိတမောင်မာဃ
🎼တေးရေး။ မောင်ပုည
🎼တေးဆို။ စန္ဒယားကျော်ဇင်ထက်

#ဖြည့်စွက်စာပရောဂျက်
#အာဟာရပရောဂျက်
#အဖိုးအဖွားများအတွက်
#အာဟာရအစီအစဉ်
#အိုဗာတင်းအာဟာရလှူဒါန်းခြင်း
ုနှစ်_ဧပရယ်လ


 #ဧပရယ်လအတွက်_အိုဗာတင်းအာဟာရလှူဒါန်းခြင်းPhyae Swet Sar Project - ဖြည့်စွက်စာ ပရောဂျက် အဖွဲ့ဝင်များ၏ မတ်လစုငွေများဖြင့် ...
30/04/2026

#ဧပရယ်လအတွက်_အိုဗာတင်းအာဟာရလှူဒါန်းခြင်း

Phyae Swet Sar Project - ဖြည့်စွက်စာ ပရောဂျက်
အဖွဲ့ဝင်များ၏ မတ်လစုငွေများဖြင့် ၂၀၂၆ ခုနှစ်
ဧပရယ်လအတွက် ဉာဏ်ကန်ရှောက်တောကျေးရွာအတွင်းရှိ
အဖိုးအဖွား ( ၁၀ ) ဦးတို့အား အဖွဲ့ဝင်များ သွားရောက်
ကန်တော့ခဲ့ကြတဲ့ မှတ်တမ်းဓာတ်ပုံလေးများဖြစ်ပါတယ်
မှတ်တမ်းဓာတ်ပုံလေးတွေကို အားလုံးကြည့်ရှုနိုင်ကြစေဖို့
မျှဝေ‌ဖော်ပြပေးလိုက်တယ်ခင်ဗျာ။

မှတ်တမ်းဓာတ်ပုံ - မောင်စိုင်းညီညီ(ညီလင်းလတ်)
ဓာတ်ပုံတည်းဖြတ် - ကိုဟိန်းကိုလင်း

၁၃၈၈ ခုနှစ် ၊ ကဆုန်လဆန်း ၁၅ ရက်။
#ကဆုန်လပြည့်_ဗုဒ္ဓနေ့။

၂၀၂၆ ခုနှစ် ၊ ဧပရယ်လ ၊ ၃၀ရက် ၊ ကြာသပတေးနေ့။

#ဖြည့်စွက်စာပရောဂျက် #အာဟာရပရောဂျက် ုနှစ်
#ဧပရယ်လ #အိုဗာတင်း #အာဟာရ #လှူဒါန်းခြင်း
#ဉာဏ်ကန်ရှောက်တောကျေးရွာ #အဖိုးအဖွားများ

ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊ စံ မှတ်ရန်လကဆုန်။၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓနေ့မှာအဖိုးအဖွားများအားလုံးနှင့်အတူအဖွဲ့ဝင်မ...
29/04/2026

ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊ စံ မှတ်ရန်လကဆုန်။
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓနေ့မှာ
အဖိုးအဖွားများအားလုံးနှင့်အတူ
အဖွဲ့ဝင်များအားလုံး ဘေးရန်ကင်းကွာ
ကျန်းမာရွှင်လန်းကြပါစေကြောင်း
#ဖြည့်စွက်စာပရောဂျက်အဖွဲ့မှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

#ကဆုန်လပြည့် #ဗုဒ္ဓနေ့
#ဖွားတော်မူသောနေ့
#ပွင့်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
#ဗျာဒိတ်တော်ခံ‌ယူတော်မူသောနေ့
#လပြည့်နေ့ရက်မြတ်

ဒီပုံထဲက မြင်ရတဲ့ Ovaltine ကတော့ဖြည့်စွက်စာပရောဂျက်ရဲ့ အချစ်နဲ့ပြည့်နေတဲ့ လက်ဆောင်တစ်ခုပါ။လူကြီးမင်းတို့ရဲ့ လစဉ်လှူဒါန်း...
26/04/2026

ဒီပုံထဲက မြင်ရတဲ့ Ovaltine ကတော့
ဖြည့်စွက်စာပရောဂျက်ရဲ့
အချစ်နဲ့ပြည့်နေတဲ့ လက်ဆောင်တစ်ခုပါ။

လူကြီးမင်းတို့ရဲ့ လစဉ်လှူဒါန်းမှုတွေက
အဖိုးအဖွားတွေ အတွက် အာဟာရပြည့်ဝတဲ့
နေ့ရက်တွေကို ဖန်တီးပေးနေပါတယ်။

လစဉ် လက်လှမ်းမီအောင်
ပို့ဆောင်ပေးနေတဲ့ Ovaltine ဗူးတစ်ဗူးဟာ
ရိုးရိုး အိုဗာတင်းဗူးမျိုးမဟုတ်ပါဘူး…

👉 အားဖြည့်ပေးတဲ့ အာဟာရ
👉 ကျန်းမာရေးအတွက် အထောက်အကူ
👉 အချစ်နဲ့ဂရုစိုက်မှုကို ဖော်ပြတဲ့ လက်ဆောင်

အဖိုးအဖွားတွေ အပြုံးတွေထဲမှာ
သင်တို့ရဲ့ မေတ္တာတွေ ပေါင်းစည်းနေပါတယ် 💛

လစဉ် “အနည်းငယ်လှူဒါန်းမှုတစ်ခုက
ဘဝတစ်ခုကို ပိုမိုပျော်ရွှင်စေနိုင်ပါတယ်”
ဖြည့်စွက်စာပရောဂျက်နဲ့အတူ
မေတ္တာတွေ ဆက်လက်မျှဝေပေးကြရအောင်ပါ 🙏

ပါဝင်လှူဒါန်းလိုပါက {m.me/phyaeswetsarproject}

#ဖြည့်စွက်စာပရောဂျက်
#အဖိုးအဖွားအာဟာရ

#လှူဒါန်းမှု
💛

Address

Wundwin

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Phyae Swet Sar Project - ဖြည့်စွက်စာ ပရောဂျက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share