Nay La Pharmacy

Nay La Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nay La Pharmacy, Medical and health, Yangon.

🇬🇧Icona အမှတ်တံဆိပ် အရည်သွေးကောင်းမွန်သော ပစ္စည်းများ ကို ဆက်သွယ်မှာယူလိုပါက 💌နေလ ဆေးဆိုင် အမှတ် (၁၆).အလယ်ဗဟိုလမ်း၊(၁၆)ရ...
23/10/2022

🇬🇧Icona အမှတ်တံဆိပ် အရည်သွေးကောင်းမွန်သော ပစ္စည်းများ ကို ဆက်သွယ်မှာယူလိုပါက 💌
နေလ ဆေးဆိုင်
အမှတ် (၁၆).အလယ်ဗဟိုလမ်း၊(၁၆)ရပ်ကွက်၊လှိုင်မြို့နယ် ။
📞ph 09421084384 သို့ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးလျက်ရှိပါကြောင်း သတင်းကောင်းလေးပါးပါရစေရှင့် 📢📢

တစ်နေ့တာလုံး ဆည်းလည်းလေးတို့ရဲ့ ချစ်စရာရယ်မောသံလေးများနဲ့ ပြည့်စုံနေခြင်းဟာလည်း Icona ကပေးတဲ့ ဆုလာဘ်တစ်ခုပါပဲရှင် ။ 🥰❤

Icona လေးနဲ့သာအတူရှိရင် ကျွန်မတို့ ရင်သွေးငယ်လေး အားလုံးအတွက် နေ့ရောညပါ လုံခြုံမှုအပြည့် အ၀ရှိနေတော့ ရယ်မောသံများပြည့်စုံနေတာ ဟာ သိပ်တော့ မဆန်းဘူးပေါ့နော် ။

✨Premium Quality ဆိုတဲ့ အမည်အညီ တကယ်ကိုပဲ ထိမိကောင်းမွန်သော ထိပ်တန်းအဆင့် အရည်အသွေးကို အပြည့်အ၀ခံစားရစေပါတယ် 🥳

🔸Gel type ဖြစ်တဲ့ Super Absorption အမျိုးအစားဖြစ်ပြီး Indicator Line လေးပါ ပါ၀င်တဲ့အတွက် ဒိုက်ဘာ လဲပေးသင့်တဲ့အချိန်ကို အလွယ်တကူသိရှိနိုင်ခြင်း ၊
🔸ဒိုက်ဘာအသားအိစက်ညက်ညောပြီး ၀တ်ထားမှန်းမသိသာအောင် ပေါ့ပါးလွတ်လပ် မှုခံစားရခြင်း ၊
🔸Newborn ဆိုဒ်မှ 3Xl ဆိုဒ်အထိရှိပြီး မိမိရင်သွေးနှင့် ကိုက်ညီသော ဆိုဒ်အမျိုးအစားကို ရွေးချယ်သုံးစွဲနိုင်ပါတယ် ၊ မေမေရွေးချယ်ရခက်နေရင်လည်း Page chat box ကိုသွားပြီး Admin Team နဲ့တိုင်ပင်ပြီး အဆင်ပြေမယ့်ဆိုဒ်တစ်ခုကို ရွေးချယ်နိုင်ပါတယ်ရှင် ။

‘‘ဒါကြောင့် Icona ရှိရင် မေမေနဲ့အတူရှိနေသလိုပဲ နေ့ရော ညပါလုံခြုံစေမှာပါ…’’

Available Shop တွေမှာ မြို့နယ်အလိုက် ကိုယ်စားလှယ်ကြီးမျာ အသီးသီထားးရှိပြီး
🔸Thuwunna Dipa ဆိုင်ကြီးများ
🔸Orange Super Market
🔸Happy Baby
🔸Food Panda App
🔸Near Me App တို့တွင်လည်း ၀ယ်ယူနိုင်ပါတယ် ။




23/05/2022

#ဝမ်းပျက်တယ်_ဝမ်းလျှောတယ်
ဲ့_ဝမ်းပိတ်ဆေးသောက်ထားတယ်
ါ_သောက်လိုက်တာ_မသက်သာသေးလို့

ဝမ်းပျက်တာ လူတိုင်းနီးနီး ခံစားဖူးကြပါတယ်။

အကြိမ်အရည်အတွက် နဲ့ ပမာဏ အနည်းအများပေါ်မူတည်ပြီး ရေငတ်ရုံကနေ၊ ကြွက်တတ်၊ Shock ရ၊ သတိလစ်ပြီး အသက်ဆုံးရှုံး ရတဲ့ အထိပြင်းထန်ပါတယ်။

ဝမ်းပျက်ရတဲ့ အကြောင်းရင်းများစွာ ရှိပေမယ့်

အဖြစ်များတဲ့ အရည်တွေတလဟောသွားတတ်တဲ့ ဝမ်းပျက်ရောဂါ အကြောင်း ပြောပြသွားပါမယ်

---------- ----------

ကျွန်တော်တို့ရဲ့ အူလမ်းကြောင်း က စားလိုက်သမျှ အစာတွေကို ချေဖျက်ပေးပြီး၊ အဟာရတွေ၊ ရေတွေကို စုပ်ယူပါတယ်

မစုပ်ယူနိုင်တဲ့ အစာတွေ၊ အရွက်တွေ နဲ့ အူလမ်းကြောင်းက ဆဲလ်အသေတွေကို အူလမ်းကြောင်းကနေ ပဲ "ဝမ်း" အဖြစ်နဲ့ စွန့်ထုတ်ပါတယ်

ကျွန်တော် တို့ မသန့်တာစားတဲ့ အခါ၊ စားတဲ့အထဲ ပိုးတွေပါသွားတဲ့ အခါ

အဲ့ဒီ ပိုးတွေက ကျွန်တော်တို့ အူလမ်းကြောင်းရဲ့လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်ပါတယ်

ဘယ်လိုလဲဆိုတော့

သူတို့ထုတ်တဲ့ Toxin (အဆိပ်) က အူလမ်းကြောင်း မှာရှိတဲ့ ရေတို့၊ ဓာတ်ဆားဓာတ်(Electrolytes)တို့ စုပ်တဲ့ လမ်းကြောင်းတွေကို ပိတ်ပစ်လိုက်ပါတယ်

ရေတွေ၊ ဓာတ်ဆားတွေကို မစုပ်ယူ နိုင်တော့ အူလမ်းကြောင်းထဲမှာ ရေတွေနဲ့ အစာတွေ များပြီး ဗိုက်တင်း၊ဗိုက်ကယ်ခြင်း ဝေဒနာစဖြစ်လာပါတယ်

ရေတွေများပြီး မစုပ်နိုင်တဲ့ အူတွေဟာ တင်းပြီး၊ လှုပ်ရှားမှုများ လာတဲ့ အတွက် ဗိုက်က ရစ်ရစ်ပြီး နာလာပါတယ်

နောက်ဆုံး ဝမ်းလျောပါတယ်၊ ဝေါခနဲ ဝေါခနဲ နဲ့ တောက်လျှောက် လျှောပါတယ်

ခန္ဓာကိုယ်က လိုအပ်တဲ့ "ရေ" မစုပ်နိုင်တဲ့ အတွက် ရေငတ်ပါတယ်

ဓာတ်ဆားဓာတ်(Electrolytes) တွေက ကြွက်သားတွေ လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ဝမ်းလျှောတဲ့အထဲ ဓာတ်ဆားတွေ ပါသွားလို့ ကြွက်တတ် ပါတယ်

ကျွန်တော်တို့ ခန္ဓာကိုယ်က ရေနဲ့ ဖွဲ့စည်းထားတဲ့ အတွက်

ရေ တွေအများကြီး ထွက်သွားရင်

သွေးပေါင်တွေကျပြီး Shock ရပါမယ်

သွေးပေါင်ကျပြီး ကျောက်ကပ် ကို သွေးမရောက်ရင် ကျောက်ကပ် ပျက်ပါမယ်

နှလုံးက လည်း ကြွက်သား တစ်မျိုးဖြစ်တဲ့ အတွက် ဓာတ်ဆားတွေ အလွန်ဆုံးရှုံး လျှင် နှလုံး ဖောက်တတ်ပါတယ်

ခုလောက် ဆို ဝမ်းပျက်ရခြင်း ကို သိလောက်ပြီ ထင်ပါတယ်

>>>>>>>>>> ရှိတုန်း
ရေတွေ/ဓာတ်ဆားတွေ >>> မစုပ်နိုင်တုန်း

အဲ့တော့ အူတွေ တင်းသထက်တင်း လာတော့ ဗိုက်က အောင့် သထက်အောင့်လာ နောက်ဆုံး ဝမ်း ကပျက်တာက ပျက်မှာပဲ 👉 ပို ခံစားရတာပဲ ရှိတာ

အူတွေ တင်းလွန်းပြီး ဗိုက်ထဲ မှာတင် အူတွေ ပေါက်ထွက်ကုန်ရင် => သေပြီပေါ့ဗျာ

-

-

အဲ့တော့ ဝမ်းသွားတာ ကို ဝမ်းပိတ်ဆေး 💊 မသောက်ရရင် ဝမ်းလျှော တာ ဒီတိုင်းနေရမှာလား လို့ မေးစရာရှိလာရော

အပေါ်မှာ ပြောခဲ့သလို

ဖြစ်တဲ့ ပြဿနာ က
🧪 Toxin (အဆိပ်) နဲ့ ဝမ်းပျက်ပိုး 🦠ကြောင့်
👉👉👉 သူတို့က ဝမ်းနဲ့ အတူတူ ပါသွားမှာ

သူတို့မရှိတော့ရင်

ဝမ်းပျက်တာ ပြီးသွား/ပျောက်သွားမှာ

သူတို့က ဘယ်လောက်များပြီး ၊ ဘယ်တော့မှ ကုန်သွား မှာလဲ မသိတော့ 🤔🤔🤔 ဝမ်း ဘယ်တော့ ရပ်မလဲ မသိနိုင်ဘူးလေ

ခံစားရတဲ့ ရောဂါ လက္ခဏာ မှန်သမျှက ရေနဲ့ ဓာတ်ဆား ဆုံးရှုံး လို့ ဖြစ်တာ ဆိုတော့

👌 ရေ နဲ့ ဓာတ်ဆား ပြန်ဖြည့်ပေး ဖို့က (((အဓိက))) အကျဆုံး ပါပဲ

👍👍👍 ဓာတ်ဆားရည် 👍👍👍 သောက်ရမယ်၊

🤷‍♂️ ဘယ်လောက်သောက်ရမလဲ

👉 ဝမ်းသွား သလောက် ပြန်သောက်ရမယ်

သွားသလောက်သောက်နိုင်လေ၊ ဆုံးရှုံးသွားသလောက်ပြန် ဖြည့်နိုင်ရင် ခန္ဓာကိုယ်က ဝေဒနာ ခံစားရတာ နည်းမှာပါ

ကိုယ့်ဟာကိုယ် 💊 ဆေးသောက်ချင်သပ ဆိုရင် ( Probiotic သောက်လို့ရပါတယ်) ဝမ်းသွားများလို့ သေသွားတဲ့ ဗိုက်ထဲက Normal Flora လေးတွေ ပြန်ဖြည့်ပေးတာပါ

................

အရေးကြီးတာက

😰 သွားတာ များလွန်းလို့ ဓာတ်ဆားရည် ပြန်မသောက်နိုင်ဘူး၊
🤮 အန် လို့ ဓာတ်ဆားရည် မသောက်နိုင်ဘူး
🤒 အဖျားတတ်လာပြီ
🤒 ဖျားလို့ ဓာတ်ဆားရည် မသောက်နိုင်ဘူး
😨 များလွန်းလို့ ခြေဖျားလက်ဖျား အေးပြီး၊ အထိုင် အထ မူးနေပြီ
🤢 ဝမ်းကြီးပဲ သွားပြီး ဆီး မသွားတော့ဘူး
🥵 ဗိုက် အရမ်းအောင့်နေပြီ

အဲ့လိုဆိုရင်တော့

ဆေးရုံ ၊ ဆေးခန်း အမြန်ပြပါ

သွေးကြော 💧အတွင်းမှ 💧 အရည်ဓာတ်ပြန်ဖြည့်ရပါမယ်

>>>>>>>>>>>

ဝမ်းပျက်ဝမ်းလျှော ဖြစ်လျှင်

=> ***ဝမ်းပိတ်ဆေး #မသောက်ပါနဲ့

=> ဆရာဝန် 👨‍⚕️ မညွှန်းပဲ (မလိုအပ်ပဲ) #ပိုးသတ်ဆေး ဆိုတာတွေ မသောက်ပါနဲ့

=> (((အရေးကြီးဆုံး))) က {{{ #ဓာတ်ဆားရည်}}}သောက်ပါ၊ ဝမ်းသွားသလောက်ပြန်သောက်ပေးပါ

=> လက်ကို စင်ကြယ်စွာဆေးပါ

=> ယင်နားစာများ မစားပါနှင့်

=> အပူ၊ အစပ် ၊ အချဉ် မစားပါနဲ့ဦး

=> နို့နှင့် နို့ထွက် ပစ္စည်းများရှောင်ပါ

=> အရွက်မစားပါနဲ့

>>>>>>>>>>>

30/10/2021

💊💊မိတ်ဆွေများ သတိပြုဆင်ခြင်နိုင်ရန် နှင့်
မိမိတို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်စေရန် မျှဝေပါသည်။

🤱🏻မေမေ ဖေဖေတို့ရဲ့ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးအတွက် အရည်အသွေးပြည့်မီပြီး ဂျပန်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ခြောက်သွေ့ပြ...
27/10/2021

🤱🏻မေမေ ဖေဖေတို့ရဲ့ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးအတွက် အရည်အသွေးပြည့်မီပြီး ဂျပန်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ခြောက်သွေ့ပြီး ယိုစိမ့်မှု ကင်းစေတဲ့ Super Kiddy Baby Diaper လေးဟာဆိုရင် ဘေဘီလေးတွေကို အမြဲ သက်တောင့်သက်သာ ရှိနေစေမှာပါ။

✅Super Kiddy Diaper ဟာဆိုရင် ဂျပန်နည်းပညာနဲ့ ထုတ်လုပ်ထားပြီး အကောင်းဆုံးပစ္စည်းများကိုသာ အသုံးပြုထုတ်လုပ်ထားတဲ့အတွက် အရည်အသွေးကတော့ စိတ်ချယုံကြည်မှုကို အပြည့်အဝပေးစွမ်းနေမှာပါ။

⏰အချိန် (၈) နာရီကြာအသုံးခံပြီး ရေ (၆) ခွက်စာ စုပ်နိုင်ယူနိုင်မှုရှိတဲ့ Powerful Absorption Technology ကို အသုံးပြုထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အတွင်းအလွှာထဲကပါ စုပ်ယူပေးထားတာကြောင့် သားသားမီးမီးတို့ Super Kiddy Diaper ဝတ်ထားသမျှကာလပတ်လုံး ပေါ့ပါးလန်းဆန်းပြီး တက်ကြွလန်းဆန်းနေမှာ ဖြစ်ပါတယ်။

💨Diaper မှာ ဆိုရင်လည်း Air Circulation Liner ပါဝင်တဲ့အတွက်ကြောင့် လေဝင်လေထွက် ကောင်းပြီး ခြောက်သွေ့မှုကို အမြဲ ခံစားနေရမှာ ဖြစ်ပါတယ်။

👼🏻Super Kiddy Diaper လေးက ဘောင်းဘီပုံစံ လုပ်ထားတာ ဖြစ်ပြီး ခါးနေရာလေးမှာ ချုံ့နိုင်ဆန့်နိုင်တဲ့ ခါးပတ်ကြိုးလေးထည့်ပြီး ပြုလုပ်ပေးထားတာကြောင့် သားသားမီးမီးလေးတို့ လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားသွားလာနိုင်မှာ ဖြစ်ပါတယ်။

☁️ကလေးလေးတွေရဲ့ အသားအရေလေးတွေက အင်မတန်မှ နူးညံ့တာကို သိရှိနားလည်ထားတဲ့ Super Kiddy Diaper ကဆိုရင် ကလေးလေးတွေရဲ့ အသားအရေနဲ့ တိုက်ရိုက်ထိတွေ့နေရတာကြောင့် တကယ်ကို နူးညံ့ပါတယ်ဆိုတာထက်ကို ပိုနူးညံ့တဲ့ ချည်ဝါဂွမ်းသားလေးတွေကို အသုံးပြု ထုတ်လုပ်ထားပါတယ်။

🌈Super Kiddy Diaper မှာဆိုရင် စွတ်စိုမှုကို ပြပေးတဲ့ အဝါရောင်လိုင်းလေး ပါဝင်တဲ့အတွက်ကြောင့် သားသားမီးမီးလေးတို့ရဲ့ Diaper ကို လဲလိုက်ရတော့မလား မလဲရသေးဘူးလားဆိုတာကို မေမေ၊ ဖေဖေတို့ ခေါင်းရှုပ်စရာမလိုပဲ အဝါရောင်လိုင်းလေးက အပြာရောင်ပြမှုကို ကြည့်ပြီး အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်။

💁🏻‍♀️Super Kiddy Diaper ကို Small, Medium, Large, XL, XXL, ###L ဆိုပြီး ဆိုဒ် (6) မျိုး ထုတ်လုပ်ပေးထားပါတယ်ရှင်။

🚚Super Kiddy Diaper Pants လေးတွေကို ဆက်သွယ်ဝယ်ယူလိုပါက 👎👎

🌄 နေလ ဆေးဆိုင်
အမှတ် 16/A၊အလယ်ဗဟိုလမ်း
၁၆ ရပ်ကွက်၊ လှိုင်မြို့နယ်
☎️09421084384
တွင်ဝယ်ယူနိုင်ပါတယ်။

🌞 အိမ်အရောက် delivery service ဖြင့်လည်း ပို့ဆောင် ပေးနေပါကြောင်းသတင်းကောင်းလေးပါးပါရစေရှင်🥰🥰

09/10/2021

*** မျက်စိကျန်းမာ ( အပိုင်း - ၂ ) ***

သင့်မျက်စိ ကျန်းမာရေးအတွက် ဘာတွေလုပ်သင့်သလဲ ⚠️⚠️⚠️

🔴🔵အာဟာရပြည့်ဝအောင် စားပါ🫐🥦🥕

အထူးသဖြင့် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်၊ ငါး၊အစေ့အဆံ(အခွံမာသီး)၊ ဥ (ကြက်၊ငုံး)၊ ပဲအမျိုးမျိုး၊ အရည်ရွှမ်းသောအသီး စသည်တို့ကို မျှတစွာ စားသုံးသင့်ပါသည်။

🔴🔵ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ🚭

ဆေးလိပ်သောက်ခြင်းသည် အတွင်းတိမ်ဖြစ်ခြင်း၊ မျက်စိအမြင်အာရုံကြောပျက်စီးခြင်း၊ မျက်စိ အမြင်လွှာပျက်စီးခြင်း များကို ဖြစ်ပေါ်စေတတ်သည့်အပြင် အခြားသောရောဂါများ ဥပမာ-အဆုပ်ကင်ဆာ အစရှိသည်တို့နှင့်လည်း ဆက်စပ်နေတာကြောင့် လုံးဝရှောင်ကြဉ်သင့်ပါသည်။

🔴🔵နေကာမျက်မှန် တပ်ပါ🕶

မျက်စိကို အန္တရာယ်ဖြစ်စေသည့် UV အလင်းတန်းကို အပြည့်အဝ ကာကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို အပြင်ထွက်သည့်အခါတိုင်း တပ်သင့်ပါသည်။ မျက်ကပ်မှန်တပ်သည့်သူများအနေဖြင့်လည်း UV အကာအကွယ်ပါသည့် မျက်ကပ်မှန်အမျိုးအစားများ ဈေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်ပါသည်။

🔴🔵ကွန်ပျူတာ၊ ဖုန်းကို အချိန်ကြာရှည်စွာသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ📵

ကွန်ပျူတာ၊ ဖုန်း အစရှိသည့်တို့ကို အချိန်ကြာမြင့်စွာတောက်လျှောက်ကြည့်ပါက ရေရှည်တွင် အမြင်ဝါးခြင်း၊ မျက်ရည်ခမ်းခြောက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်ရိုးအောင့်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်စေပါသည်။
မဖြစ်မနေသုံးစွဲရန်လိုအပ်ပါက ၂၀/၂၀ နည်းစနစ်အရ မိနစ် ၂၀ သုံးစွဲပြီးတိုင်း ပေ ၂၀ အကာအဝေးကို စက္ကန့် ၂၀ ခန့် ကြည့်ရပါမည်။
နှစ်နာရီ သုံးပြီးတိုင်း ၁၅ မိနစ်ခန့် နားရပါမည်။
ကွန်ပျူတာ၊ ဖုန်း screen ကြည့်သည့်အခါ မျက်စိအတွက် အန္တရာယ်ရှိသည့်အလင်းတန်းကို ကာကွယ်ပေးသည့် မျက်မှန် (blue block)ကို အသုံးပြုသင့်ပါသည်။
မျက်ရည်တုမျက်စဉ်း (artificial tear)ကိုလဲ မျက်စိဆရာဝန်နှင့်တိုင်ပင်၍ သုံးနိုင်ပါသည်။

🔴🔵လုပ်ငန်းခွင်အလိုက် မျက်စိအန္တရာယ်အကာအကွယ်အသုံးပြုပါ⛷🥽

မိမိတို့၏ အလုပ်အကိုင်အမျိုးအစားပေါ် မူတည်၍ သက်ဆိုင်ရာ မျက်စိအန္တရာယ်အကာအကွယ်ကိုသုံးရပါမည်။ ဥပမာ- ဆိုင်ကယ်မောင်းသူ၊ ဖန်ရည်ကျိုသူ၊ ဂဟေဆော်သူ၊ အမှုန်အမွှား သို့မဟုတ် ဓါတုဆေးရည် အငွေ့ ကြား အလုပ်လုပ်သူ

🔴🔵မျက်စိဆရာဝန်နှင့် ပုံမှန် စစ်ဆေးမှု ခံယူပါ🏨🔎

နှစ်စဉ် သို့မဟုတ် ရောဂါအလိုက် သက်မှတ်ချိန်တွင် မျက်စိအထူးကုဆရာဝန်နှင့်စစ်ဆေးကုသမှုခံယူရပါမည်။ ရောဂါအခံရှိသော သူများအနေဖြင့် (ဥပမာ -ဆီးချို) ပုံမှန်စစ်ဆေးမှသာ မလိုလားအပ်သောအမြင်အာရုံဆုံးရှုံးမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

အထက်ပါ အချက် ၆ ချက်ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် သင့်မျက်လုံး အမြင်အာရုံ မဆုံးရှုံးအောင် ကာကွယ်ကြပါစို့ 👌🌈👀

#နေလ #မျက်မှန်

08/10/2021

#တစ်အိမ်လုံးပြန်ဖျားနေကြတယ်
#တချို့ကကိုဗစ်ဖြစ်ပြီးပြီ_ကျန်တဲ့သူက_ကာကွယ်ဆေးထိုးပြီးပြီ

#ကိုဗစ်ပြန်ဖြစ်နေတာလား ⁉️

အသက်ရှူလမ်းကြောင်းကနေ ဝင်ပြီး ခန္ဓာကိုယ်ကို ဒုက္ခပေးတတ်တဲ့ ပိုးမွှားတွေဖြစ်တဲ့

1. Covid-19
2. Rhinovirus 👉 ရာသီဖျား
3. Influenza 👉 တုပ်ကွေး
4. Bacteria တွေထဲက ဘာကြောင့်ပဲဖြစ်ဖြစ်

👉 နှာစေး နှာချေ နှာမွှန်မယ်
👉 ချောင်းဆိုးမယ် သလိပ်ထွက်မယ်
👉 လည်ချောင်းနာမယ်
👉 ဖျားမယ်

ဒီကောင်တွေကြောင့်ပဲ နည်းနည်းဆိုးပြီး Pneumonia အဆင့်ရောက်လို့
- Viral Pneumonia (Virus ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်း)
- Bacteria Pneumonia (Bacteria ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်း) ဖြစ်လာရင်

👉 အသက်ရှူကြပ်မယ် အသက်ရှူမြန်လာမယ်
👉 ချွဲတွေအများကြီး ထွက်လာမယ်
👉 မောမယ်

ဒီကောင်တွေကြောင့်ပဲ ပိုပိုဆိုးလာပြီး Respiratory Failure အဆင့်ရောက်ရင်

👉 Oxygen ကျမယ်
👉 အသက်မရှူနိုင်တော့ဘူး

အဲ့လို အဆင့်ဆင့် ဆိုးဆိုးသွားတာပါ။
ကိုဗစ်ကတော့ Respiratory failure အဆင့်ကို မြန်မြန်ရောက်တယ်ပေါ့။
ဘာအကောင်ကြောင့် ဖြစ်ဖြစ် ဒီလက္ခဏာ တွေပဲ၊

- အနံ့ပျောက်တာ နဲ့ အရသာပျောက်တာ ဆိုရင်တော့ ကိုဗစ်ဖြစ်ဖို့များတာပေါ့
အဲ့လိုမှ မဟုတ်ရင် Swab ယူစစ်မှပဲ #သေသေချာချာ ပြောနိုင်မှာလေ
Swab စစ်တာကလည်း ၄-၅ ထောင်တန် RDT တွေက စိတ်မှမချရတာ
သေချာချင်ရင်က (၂၀၀,၀၀၀) တန် RT-PCR စစ်ရတာ။
__________
အဲ့တော့ ကိုဗစ် ဖြစ်နိုင်တယ်/မဖြစ်နိုင်ဘူး ထိုင်ငြင်းနေမယ့် အစား
အရင်လုပ်နေကြအတိုင်း

✔️ မလိုအပ်ပဲ အိမ်ပြင်မထွက်ဘူးဗျာ (ကဲ ဖို့လိုအပ်လို့ Bar သွားထိုင်တယ် တို့ဘာတို့ မလုပ်နဲ့ပေါ့😅)
✔️ လိုအပ်လို့ ထွက်ရရင် Mask သေသေချာချာ တပ်မယ်ဗျာ (မေးမချိတ်ဘူး၊ ချွတ်ပြီးဘေးမချထားဘူး)
✔️ လက်ခဏခဏ ဆေးမယ်ဗျာ (ဟိုကိုင်ဒီကိုင် လျှောက်မကိုင်ဘူး)
✔️ ကိုယ်ခံအားကောင်းအောင်
- ကောင်းကောင်းစားမယ်၊ အစုံစားမယ် (အသီးအနှံများများစားမယ်)
- အိပ်ရေးဝ ဝ ၊ အိပ်ချိန်မှန်မှန် အိပ်မယ်
- စိတ်ဖိစီးမှုလျော့အောင်နေမယ်၊ ဘာသာရေး လုပ်မယ်

အဲ့ဒါတွေအပြင်
- ဖျားပြီ/နေမကောင်းဖြစ်ပြီ ဆိုတာနဲ့ (ကိုဗစ်မဟုတ်ပါဘူး ဆိုပြီး) အလုပ်တက်မပျက်၊ လူကြားထဲ ထွက်မပျက်တော့ မလုပ်သင့်ပါ
- ခွင့်ယူပါ၊ ကောင်းကောင်းနားပါ
(ခွင့်ယူတော့ ခင်ဗျားက လာကျွေးထားမှာလား ဆိုရင် ကျွန်တော်ကျွေးမထားနိုင်ပါဘူးဗျာ သင့်ဆီကနေရောဂါပျံ့မသွားစေဖို့က သင့်ရဲ့တာဝန်ခံမှု တာဝန်ယူမှု ပါပဲ)
- အိမ်သားတွေ နဲ့ ခွဲနေပါ။

__________
အခုဖြစ်နေတဲ့ ဖျားနာချောင်းဆိုး ဟာ ကိုဗစ်ဟုတ်သည်/မဟုတ်သည်ထက်
ကူးစက်နှုန်းတော့ တော်တော်များပါတယ်၊ တော်တော်များများပြန်ဖျားနေကြပါပြီ၊ လူနာကြည့်နေတဲ့ သူတွေသိပါတယ်။
Social Media တွေမှာလည်း သတိပေးတာတွေ ပြန်တွေ့လာပါပြီ

ကာကွယ်ဆေးက 100% ကိုဗစ် မဖြစ်တော့ဘူးလို့ အာမမခံသလို
သေတတ်တဲ့ရောဂါကလည်း ကိုဗစ် တစ်ခုတည်း မဟုတ်ပါဘူးဗျာ

#ဂရုစိုက်ကြပါ
(kitten photo credit; internet)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr ဘုန်းစည်သူလွင်
03:55 pm/07.10.2021

03/09/2021

#ကိုဗစ်ကရေကြိုက်တယ်_လူနာကရေအရမ်းချိုးချင်တာ
#ဆေးရုံကဆင်းလာပြီး_ရေချိုးလိုက်တာ_သွေးတွေခဲပြီး_ဆုံးသွားရော

#ရုတ်တရက်သေဆုံးခြင်း_နှင့်_ကိုဗစ်

ခေါင်းစဉ်လေးပဲ ဖတ်တဲ့သူတွေက ရေချိုးတဲ့သူတွေ သတိထားကြနော်ဆိုပြီး Share ကြမှာ မြင်ယောင်မိပါတယ် 😅

✴️ ကိုဗစ်ဖြစ်တဲ့လူတိုင်း ရုတ်တရက်သေဆုံးမှု ဖြစ်တာမဟုတ်ပါဘူး
✴️ ပြင်းထန်ကိုဗစ်ဖြစ်ပြီး Oxygen ကျတဲ့လူတိုင်း ရုတ်တရက်သေဆုံးမှု ဖြစ်တာမဟုတ်ပါဘူး
✳️ အလွန့်အလွန် ပြင်းထန်ကိုဗစ်ဖြစ်ပြီး Oxygen အရမ်းကျခဲ့တဲ့လူနာ ပြန်ပြီးသက်သာလာတဲ့ လူနာတွေထဲက လူနာအနည်းငယ် ပဲဖြစ်တာပါ ✳️

ကျွန်တော်စာရေးတဲ့ရည်ရွယ်ချက်က
👉 ကျန်းမာရေးအသိပညာ ကို ကျွန်တော်သိသလိုသိစေချင်တာရယ်
👉 မလိုအပ်ပဲ မဟုတ်ကဟုတ်ကတွေကို စိုးရိမ်ကြောက်ရွံ့မနေဖို့ နဲ့
👉 တကယ်စိုးရိမ်ရမယ့် လူတွေက ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်ကြဖို့ ပါ။
___________

#ရုတ်တရက်သေဆုံးမှုဟာ

#ရေချိုးတဲ့လှုပ်ရှားမှု နဲ့ပတ်သက်ကောင်း ပတ်သက်နိုင်ပေမယ့် ရေနဲ့ထိပြီး **သွေးခဲသွားတာတော့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။
___________
အလွန်ပြင်းထန်ကိုဗစ် လူနာ (Oxygen ကျလို့ ဆေးရုံတက်ရောက်ကုသရပြီး) ဆေးရုံဆင်းခွင့်ရလို့ အိမ်ပြန်လာတဲ့ လူနာများထဲက ကံဆိုးလှတဲ့ လူနည်းစု ဆုံးပါးသွားတတ်ပါတယ်။

ရုတ်တရက်သေဆုံးရတဲ့အကြောင်းရင်းတွေကတော့

1. အဆုတ်သွေးကြောထဲသွေးခဲပိတ်ခြင်း
2. နှလုံးသွေးကြောပိတ်ခြင်း
3. အဆုတ်ဒဏ်ရာကြီးလွန်း၍Oxygen ပြုတ်ကျခြင်း
4. နှလုံးကြွက်သားရောင်ပြီးနှလုံးအလုပ်မလုပ်ခြင်း
စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
___________
#ဘာလို့ရေချိုးတဲ့လှုပ်ရှားမှုနဲ့_ပတ်သက်နိုင်ရတာလဲ ⁉️

အလွန်ပြင်းထန်တဲ့ ကိုဗစ်ရောဂါ ခံစားထားရပြီး Oxygen ကျထားတဲ့လူနာဟာ လှုပ်ရှားရင် Oxygen ကျနေသေးပေမယ့် ပုံမှန်နားနေတဲ့အချိန်မှာ Oxygen 90 ဝန်းကျင်ပြန်ဖြစ်လာတဲ့ အခါ ဆေးရုံပေးဆင်းပါတယ်။

ဆေးရုံတက်နေစဉ်မှာ
- မျက်နှာသစ်လဲ ကုတင်ပေါ်မှာ
- ရေပတ်တိုက်လဲ ကုတင်ပေါ်မှာ
- ထမင်းစားလည်း ကုတင်ပေါ်မှာ
- ဆီးသွား ဝမ်းသွားလည်း ကုတင်ပေါ်မှာ ပဲဖြစ်လို့ အားစိုက်ရတဲ့ လှုပ်ရှားမှုမရှိပါဘူး။

1. ကိုဗစ်ကို မီးကုန်ရမ်းကုန် တိုက်ထုတ်ထားရတဲ့အတွက် လူနာဟာ အရမ်းကိုပင်ပန်းနွမ်းနယ်နေပါတယ်။
2. အဆုတ်ကလည်း ကိုဗစ်ကြောင့် ပျက်စီးနေလို့ Oxygen ကို ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကောင်းမထောက်ပံ့နိုင်ပါဘူး
3. ကိုဗစ်က ခန္ဓာကိုယ်တစ်ခုလုံးကို ရောင်ရမ်းမှုတွေဖြစ်စေတော့ နှလုံးကြွက်သားတွေလည်း ရောင်ရမ်းမှုဖြစ်ပါတယ်။
4. နှလုံးကြွက်သားတွေ ရောင်နေတဲ့အတွက် နှလုံးက ကောင်းကောင်းအလုပ်မလုပ်နိုင်ပါဘူး

အထက်ပါအချက်များကြောင့် ကျွန်တော်တို့က လူနာကို မလှုပ်နဲ့ မလှုပ်ရှားနဲ့ ငြိမ်ငြိမ်ပဲနေဆိုပြီး ညွှန်ကြားတတ်ပါတယ်။
လူနာကလည်း ဆရာဝန်စကားဆို ရှေ့မှာတော့အသေအချာနားထောင်တာမလား (ဆေးရုံမှာဆိုလေ)

ဒါပေမယ့် အိမ်လည်းရောက်ရော (တော်တော်လည်း သက်သာလာပြီဆိုတော့) လှုပ်ရှားတော့တာပေါ့။
(မိမိအိမ် အထပ်မြင့်ကို လှေကားတက်တာက ပါသေးတယ်)
ကာလရှည် ဆေးရုံတက်နေရတုန်း
- ရှုပ်ပွနေတဲ့ အိမ်ကို ရှင်းတယ်ဗျာ
- အိပ်ယာခင်းတွေ အဝတ်တွေ လျှော်တယ်ဗျာ
- အိပ်ယာတွေမပြီး နေထုတ်လှမ်းတယ်ဗျာ
အားလုံးလုပ်ပြီးတော့ မောပန်းချွေးတွေရွှဲနေတဲ့အချိန် လန်းသွားအောင်ရေချိုးပစ်လိုက်တာပေါ့။

အနောက်နိုင်ငံတွေက ရေချိုးတာက ရေပန်းလေးဖွင့်၊ ရေကန်လေးထဲ စိမ်ပြီး အေးအေးဆေးဆေးချိုးရတာလေ။ (သူတို့ဆီမှာ ရေချိုးရင်း ဆုံးသွားတယ်ဆိုတာ မရှိသလောက်ပါပဲ)

ကျွန်တော်တို့တွေက ရေကန်ထဲကရေကို ကုန်းပြီး ရေခွက်နဲ့ခပ်ပြီး တဝုန်းဝုန်း နဲ့ လောင်းချိုးကြတာမလား။ (အင်အားတွေအများကြီး စိုက်ထုတ်ရပါတယ်)

အဲ့လောက် အားတွေသုံးတဲ့အတွက်
- ဒဏ်ဖြစ်နေတဲ့အဆုတ်က လှုပ်ရှားနေတဲ့ ကြွက်သားတွေအားလုံးကို Oxygen ရောက်အောင်မပေးနိုင်ပါဘူး
- ကြွက်သားတွေ Oxygen မရတော့ ဦးနှောက်ကနှလုံးကို အတင်းညှစ်ခိုင်းပါတယ်
- ကြွက်သားတွေရောင်နေတဲ့ နွမ်းနယ်နေတဲ့နှလုံးဟာ အလုပ်အတင်းခိုင်းခံရတဲ့အခါ မလှုပ်နိုင်တော့ပါဘူး
- နှလုံးခုန်တွေအရမ်းမြန် ရင်ပတ်တွေအောင့်ပြီး SpO2 တွေ ရုတ်တရက် ၄၀-၅၀ ဝန်းကျင်ပြုတ် ကျသွားပါတယ်
- SpO2 40-50% မှာ ဦးနှောက်က Oxygen မရတော့တဲ့အတွက် သတိမရတော့ပါဘူး
အဲ့လိုနဲ့ ကိုဗစ်ကနေ ပြန်ပြီး သက်သာလာတဲ့ လူနာကို လက်လွှတ်လိုက်ရပါတယ်။

ဒါက အားသုံးတဲ့ လှုပ်ရှားမှုကြောင့် အဆုတ်နဲ့နှလုံးထိခိုက်ပြီး ရုတ်တရက်ဆုံးပါးရပုံပါ။
___________
အရမ်းကြောက်နေကြတဲ့ 👉 သွေးခဲပိတ်တယ်ဆိုတာက

တစ်နေရာရာ မှာခဲနေတဲ့ သွေးခဲလေးက ပြုတ်ပြီး အဆုတ်သွေးကြောမှာသွားဆို့တာပါ။
ဘာလှုပ်ရှားမှုမှ ကြီးကြီးမားမားမလုပ်လိုက်ရပါဘူး။

- ရင်ပတ်အောင့်တယ်
- အရမ်းမောလာတယ်
- SpO2 ကျတယ်
- သွေးပေါင်ကျတယ်
- ချောင်းဆိုးရင် သွေးပါတယ်

(အခုကျွန်တော်တို့ #ဗမှားပြည်က #ဗမှားလူမျိုး တွေဖြစ်နေတဲ့ ချောင်းဆိုးပြီးသွေးပါတာကတော့ မလိုအပ်ပဲ သွေးခဲမှာကြောက်ပြီး သွေးမခဲဆေးတွေထိုးကြ သောက်ကြတာကြောင့်ပါ)
___________
နှလုံးသွေးကြောပိတ်တဲ့အခါ

- ရင်ပတ်ကြီးက ဆွဲဆုပ်ထားသလို ဖိထားသလိုကြီးအောင့်ပါတယ်
- ချွေးစေးတွေပြန်ပြီး
- ပျို့အန်ပါတယ်
- သွေးပေါင်ကျနိုင်သလို/တက်လည်းတက်နေနိုင်ပါတယ်။
___________
သေမင်းနဲ့ ခက်ခက်ခဲခဲ တိုက်ယူထားရရတဲ့ အလွန်ပြင်းထန်ကိုဗစ် လူနာများ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အကြောင်းရင်းတွေပါ။

ရေနဲ့ထိပြီး အေးလို့ သွေးခဲသွားတယ် ဆိုတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ချိုးတဲ့ရေက ၂၃-၂၄ Degree လောက်ပဲရှိတာပါ
အေးတိုင်းသွေးခဲကြေးသာဆိုရင် ၁၀ Degree အောက်ရှိတဲ့ အနောက်နိုင်ငံက ကိုဗစ်လူနာတွေတစ်ယောက်မှအသက်ရှင်တော့ မှာ မဟုတ်ပါဘူး

မဟုတ်တာပြောတာတွေ ယုံကြည်မနေကြပါနဲ့။ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားပေးကြပါ။

အရေးတကြီးမှာလိုတာက #လှုပ်ရှားမှုတွေ (Activities တွေ) ကိုတော့ သတိထားပါ။
"Activities တွေ ၊ အားစိုက်တာတွေ Exertion တွေကြောင့် ဖြစ်ရတာပါ"
ကိုဗစ်ကနေ နလန်ထပြီး ဘယ်လိုလှုပ်ရှားရမလဲဆိုတာ Post တစ်ခုရေးထားပါတယ်။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
05:05 pm/ 03.09.2021

ထိခိုက်ဒဏ်ရာနှင့်မေးခိုင်ရောဂါ———————————————          အခုကာလမှာဆိုရင် ထိခိုက်ဒဏ်ရာအတွက် ရှေးဦးသူနာပြုစုနည်းတွေ လေ့လာနေ...
07/06/2021

ထိခိုက်ဒဏ်ရာနှင့်မေးခိုင်ရောဂါ
———————————————
အခုကာလမှာဆိုရင် ထိခိုက်ဒဏ်ရာအတွက် ရှေးဦးသူနာပြုစုနည်းတွေ လေ့လာနေကြတာတွေ့ရမှာပါ။ ကြီးမားတဲ့သွေးထွက်လွန်ဒဏ်ရာတွေဆိုရင်တော့ ကုသမှုခံယူကြမှာဖြစ်ပေမယ့် အသေးအဖွဲဒဏ်ရာလေးတွေဆို တချိုတွေသိပ်သတိမထားမိတတ်ကြပါဘူး။ ဒဏ်ရာအသေးလေးတွေကတစ်ဆင့်လည်း မေးခိုင်ရောဂါပိုးဝင်နိုင်ပါတယ်။ မေးခိုင်ရောဂါဟာ အသက်သေဆုံးတဲ့အထိ အန္တရာယ်ပေးနိုင်တာကြောင့် ဂရုစိုက်ဖိုလိုပါတယ်။ ဒါကြောင့် ဒဏ်ရာကတစ်ဆင့်ရနိုင်တဲ့ မေးခိုင်ရောဂါအကြောင်းသိကောင်းစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

💉 မေးခိုင်ရောဂါ ဘယ်လိုကူးစက်နိုင်သလဲ?

မေးခိုင်ရောဂါပိုး (ဆေးပညာအခေါ် Clostridium tetani လိုခေါ်တဲ့ ဘက်တီးရီးယားပိုး) ဟာ ဖုန်၊သဲ၊မြေကြီး၊အညစ်အကြေး စတဲ့နေရာတွေမှာနေပါတယ်။ ခန္ဓာကိုယ်မှာပေါက်ပြဲဒဏ်ရာရတဲ့အခါ (ဥပမာ သံစူးတာ၊ အပူလောင်တာ၊ ဗုံးစမှန်တာ၊ ပြတ်ရှဒဏ်ရာ) ပိုးတွေဟာ ဒဏ်ရာကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်၊ အဆိပ်တွေထုတ်လွှတ်၊ အာရုံကြောတွေကိုထိခိုက်စေပြီး မေးခိုင်ရောဂါကိုဖြစ်စေပါတယ်။ ဒဏ်ရာရပြီးရက်ပိုင်းအတွင်းရောဂါခံစားရတာမျိုးရှိသလို လတွေချီပြီးဒဏ်ရာမေ့မေ့ပျောက်ပျောက်ဖြစ်မှ ရောဂါပေါ်လာတာမျိုးလည်းရှိတတ်ပါတယ်။

💉 မေးခိုင်ရောဂါဖြစ်ရင် ဘာတွေခံစားရမလဲ?

ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ချွေးထွက်များမယ်၊ ကြွက်သားတွေတောင့်လာမယ်။ ပါးစပ်ဟမရတော့ဘဲ မေးရိုးခိုင်သွားတာကြောင့် “မေးခိုင်ရောဂါ” လို ခေါ်ကြတာပါ။ မျက်နှာကြွက်သားတွေတောင့်လာမယ်၊ လည်ပင်းတွေတောင့်လာမယ်၊ အစာမြိုရခက်လာမယ်၊ နောက်ပိုင်း တစ်ကိုယ်လုံးကကြွက်သားတွေ (ရင်ဘတ်၊ ဗိုက်၊ ခြေသလုံး၊ ကျော တွေ) တောင့်တင်းပြီး အကြောတွေဆွဲလာမယ်။ ကြွက်သားတွေတောင့်တဲ့အချိန်မှာ အရမ်းနာကျင်ခံစားရပါတယ်။ ဒီထက်ပြင်းထန်ရင်ကြွက်သားတွေပြတ်ထွက်တာ၊ အရိုးတွေကျိုးတာအထိ ဖြစ်နိုင်ပါတယ်။ လည်ချောင်းနဲ့အသက်ရှူကြွက်သားတွေပါ တောင့်တင်းလာမယ်ဆိုရင်တော့ အသက်ရှူလမ်းကြောင်းပိတ်ပြီး ချက်ချင်းအသက်ဆုံးရှုးနိုင်ပါတယ်။ နှလုံးကိုထိခိုက်ပြီး နှလုံးခုန်မမှန်တာ၊ သွေးပေါင်အတက်အကျတွေဖြစ်ရာကနေလည်း အသက်ဆုံးရှုးနိုင်ပါတယ်။

💉 ထိခိုက်ဒဏ်ရာရပြီဆိုရင် မေးခိုင်ပိုးမဝင်အောင် ဘယ်လိုကာကွယ်ကြမလဲ?

🔸 ဒဏ်ရာ
ဒဏ်ရာကိုသန့်ရှင်းစွာထားရပါမယ်။ အနာကို ရေသန့်သန့်နဲ့ရော၊ အရက်ပြန်နဲ့ပါဆေးပေးရပါမယ်။ အနာထဲမှာ အမှိက်သရိုက်တွေ၊ခဲလုံးတွေ၊အစအနတွေကျန်နေရင် ကုန်အောင်ဖယ်ပေးရပါမယ်။ အနာထဲကိုပိုးထပ်မဝင်အောင် သန့်ရှင်းတဲ့ပလာစတာ၊ပတ်တီးတိုနဲ့ အုပ်ပေးထားရပါမယ်။ အနာကျက်တဲ့အထိ ပုံမှန်အနာဆေးထည့်၊သန့်စင်ပေးတာမျိုးတွေ လုပ်ပေးရပါမယ်။ ခွဲခန်းဝင်ပြီးအနာသန့်စင်ဖို (Wound debridement) လိုတဲ့ဒဏ်ရာမျိုးဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းသွားပြီး ကုသခံရပါမယ်။ အနာကိုသေချာသန့်ရှင်းရေးမလုပ်ဘဲ အောင်းထားသလိုမျိုးဖြစ်ရင် ပိုးဝင်နိုင်ချေပိုများပါတယ်။

🔸 ပိုးသတ်ဆေး
လိုအပ်ရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပိုးသတ်ဆေးသောက်ဖို၊ထိုးဖို လိုပါမယ်။

🔸 မေးခိုင်ကာကွယ်ဆေး
ATT လို အများသိကြတဲ့ မေးခိုင်ရောဂါကာကွယ်ဆေးထိုးဖိုလိုနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီးထိုးပါ။

💉 ရောဂါလက္ခဏာပြလာရင် ဘာလုပ်ရမလဲ?

မေးခိုင်ရောဂါပိုးဝင်သွားပြီဆိုရင်တော့ ရောဂါပြင်းထန်မှုက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ပိုးသတ်ဆေး၊အဆိပ်ဖြေဆေးတွေထိုးပြီး သက်သာသွားတာမျိုးရှိသလို အသက်ရှူလမ်းကြောင်းထိခိုက်ပြီး အထူးကြပ်မတ်ကုသဆောင်မှာ အသက်ရှူပိုက်ထည့်ရတာ၊ လည်ပင်းပေါက်ဖောက်ပြီးစက်နဲ့အသက်ရှူရတာတွေအထိလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာပြလာပြီဆိုရင်တော့ ဆေးမြီးတိုတွေနဲ့ကုတာ၊ အိမ်မှာပိုးသတ်ဆေးသောက်ကြည့်တာမျိုးတွေ လုပ်မနေတော့ဘဲ ဆေးရုံဆေးခန်းကို တတ်နိုင်သမျှအမြန်ဆုံးသွားဖိုလိုပါတယ်။

ဒေါက်တာ မြ (ဆေး ၁)

မိတ်ဆွေတို့ရေအရည်သွေးကောင်းပြီး ဈေးနှုန်းချိုသာတယ်👍👍ပြည်တွင်းဖြစ်ကိုမှ အားပေးချင်တယ်ဆိုရင်တော့ SCT ကအသင့်တော်ဆုံးပါလို့ ...
29/04/2021

မိတ်ဆွေတို့ရေ
အရည်သွေးကောင်းပြီး ဈေးနှုန်းချိုသာတယ်👍👍
ပြည်တွင်းဖြစ်ကိုမှ အားပေးချင်တယ်ဆိုရင်တော့ SCT ကအသင့်တော်ဆုံးပါလို့ သတင်းကောင်းလေးပေးပါရစေနော်။

17/03/2021
Mask ကြောင့်ဖြစ်တဲ့ ဝက်ခြံ (သို့) Maskne_________________________________________COVID ကြောင့် အပြင်သွားရင် Mask ကမဖြစ်မ...
31/01/2021

Mask ကြောင့်ဖြစ်တဲ့ ဝက်ခြံ (သို့) Maskne
_________________________________________

COVID ကြောင့် အပြင်သွားရင် Mask ကမဖြစ်မနေ တတ်နေရတော့ တချို့လူတွေမှာ Mask ကြောင့်ဖြစ်တဲ့ Maskne လေးတွေ ထွက်လာတတ်ပါတယ်။

COVID အတွက် Mask ကလဲ အရေးကြီးသလို
ဝက်ခြံ ကင်းစင်အောင် new normal life မှာ ဘယ်လို ဆင်ခြင်နေထိုင် စားသောက်ကြမလဲ ဆိုတာ ဖတ်ကြည့်လိုက်ရအောင်...👇🏻

••••••••••

✅ Mask တပ်ရင် ဝက်ခြံ ပိုဆိုးတတ်စေလား ဆိုတော့
- ဟုတ်ပါတယ် ပိုဆိုးတတ်ပါတယ်
- ရောင်ရဲတဲ့ဝက်ခြံအပုန်းလေးတွေ၊ ဆားဝက်ခြံတွေကစပြီး အဆီဖု၊ ပြည်တည်နာတွေထိ ဖြစ်တက်ပါတယ်။

••••••••••

✅ Mask ကြောင့် ဘာလို့ ဝက်ခြံပိုထွက်ရလဲ ဆိုရင် -
အဓိက ၃ ချက်ရှိပါ တယ် ။

[ နံပါတ် (၁) ချက် ] - Mask က ကြာကြာတပ် တဲ့ခါ မျက်နှာက ပူအိုက်လာတယ်၊ အဲတော့ အဆီပိုပြန်လာမယ်။ နောက်ပြီး အသက်ရှုတာ စကားပြောတာကြောင့် စိုထိုင်းလာမယ်၊ အဲကနေတဆင့် ဝက်ခြံပိုးလေးတွေ ပွားလာစေပါတယ် ။ တခြားသောမွေညှင်းနုလေးပိုးလေးတွေပါ ဖြစ်လာတတ်ပါတယ်။ ကိုယ့်သွားနှင့်ခံတွင်း ကို သန့်ရှင်းရေး သေချာမလုပ်ထားရင်တော့ ပိုဆိုးတာပေါ့။

[ နံပါတ် (၂) ချက် ] - ဓါတ်မတည့် allergic / sensitive ဖြစ်တာ။ Mask မှာ ပါဝင်ထားတဲ့ ပစ္စည်း ၊ အရောင် ၊ အနံ့ တွေ နဲ့ ထိတွေ့ပြီး ဓါတ်မတည့်ဖြစ်ကာ အရေးပြား ယားလာ ရဲလာ တဲ့အခါ ဝက်ခြံပိုးက အကြိုက်တွေ့ပြီး ပိုပွားလာစေပါတယ်။

[ နံပါတ် (၃) ချက် ] - mask နဲ့ တိုက်ရိုက် ထိတွေ့တဲ့နေရာမှာ ထိပါများတော့ အရေပြားပွန်းပဲ့ လာစေပြီး ဝက်ခြံတွေ ပိုဆိုးလာပါတယ်။

••••••••••

✅ ဆိုတော့ အဲလိုတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာ ဆက်ဖတ်ကြည့်ရအောင် -

(1). ပထမဆုံး အနေနဲ့ Mask ရွေးပုံရွေးနည်း
__________________________________________
- mask ရွေးချယ်တဲ့အခါ ကိုယ်နဲ့ အဆင်ပြေနိုင်တဲ့ ခွဲခန်းသုံး surgical mask (သို့မဟုတ်) 100 % cotton ချည်သား စစ်စစ် ကို ရွေးသင့်ပါတယ် ။ 😉

(2) Skin Cares ရွေးတာ
________________________
- Step 1. >> Cleansing [ ဒီမှာသတိထားရမှာက Scrub/Exfoliating အရင်ကထက် ပိုသတိထားပါ ၊ နီလာယားလာရင်တော့ ရပ် ]
- Step 2. >> Toner [ သုံးနေကျ Toner ]
- Step 3. >> Moisturizer [ ပို ပြီးလိုလာပါပြီ ဘာလို့လဲဆိုတော့ အရေပြားလေးတွေ ပွန်းတာပဲ့တာရှိရင် သူက ကုသပေးမှာပါ ]
- Step 4. >> ဝက်ခြံပျောက်ဆေး [ လိမ်းလို့ ရပါတယ် သို့သော် မျက်နှာခြောက် လွယ်သော Retinoid(vitamin A), Benzoyl Peroxide,နှင့် တခြားသော acid များကိုတော့ သတိထား လျော့သုံးပေးပါ ]
- Step 5. >> Suncream
- Step 6. >> Powder
[ No make up , No Foundation ]
ပြီးရင်တော့ Mask တပ်လ်ို့ရပါပြီ ။ 😉

(3) Mask တပ်ပုံတပ်နည်း
__________________________
- တပ်တဲ့ခါ အရမ်းမတင်းကြပ်အောင် တပ်ရမယ်။
- ​သွားနှင့်ခံတွင်း သန့်ရှင်းဖို့လဲ အဓိကကျပါတယ် ။
- သွားနဲ့ခံတွင်းသန့်ရှင်းရေးအတွက် အခြေခံအနေနဲ့ နည်းမှန်လမ်းမှန်ဖြင့် သွားပုံမှန်တိုက်မယ်၊ အစာစားပြီးတိုင်း သွားမတိုက်နိုင်ရင်တောင် ပလုတ်ကျင်းပေးပါ၊ အချိုလျော့စား၊ သွားကျောက်မတည်အောင် ထိန်းသိမ်းပါ ။ 😉

(4) Mask ထိန်းသိမ်းပုံ
______________________
- တခါသုံး surgical mask တွေကိုတော့ တခါသုံးပြီးတာနဲ့ စွန့်ပစ်ပါ ( No Recycle ပေါ့... )။
- ချည်သား Mask ဆိုရင်တော့ လျှော်ပါ နေလှန်းပေးပါ ။
- လျှော်တဲ့အခါ ဆပ်ပြာမှုန့်တော့ သတိထားပေးပါနော်။ သူနဲ့ မတည့်ရင် allergy ထ မှာ စိုးလို့ ပါ ။ 😉

(5) အစားအသောက် နေထိုင်ပုံ
_____________________________
- ရေ တနေ့ 3L သောက်ပေးပါ
- အားရှိအောင် အသား၊အသီးအရွက်များများ စားပေးပါ
- ပုံမှန်အိပ်ကြပါ အိပ်ရေးဝအောင်လဲ အိပ်ကြအုန်း နော်
- လေ့ကျင့်ခန်း လုပ်ပေးပါ
- စိတ်(Mental) အတွက် မိမိကိုးကွယ်ရာ ဘာသာရဲ့တရားဓမ္မတွေ လေ့လာပါ
- ကောင်းတာလေးတွေ အပျော်လေးတွေ တွေးပါ
- တတ်နိုင်သလောက် Stress out ဖြစ်အောင်နေပါ 😉

(6) ဆောင်ရန် ရှောင်ရန်
_______________________
- လက်နဲ့ မျက်နှာကိုင်တာကို ရှောင်ပါ
- တတ်နိုင်ဆုံး အိမ်မှာပဲ့နေပါ
- အပြင်ကပြန်လာပြီးတိုင်း လက်ဆေးပါ 😉

••••••••••

🙏🏻 နောက်ဆုံးအနေနဲ့ ဆရာပြောချင်တာက -
Covid ရောဂါမကူးစက်အောင် တတ်နိုင်ဆုံး အိမ်မှာပဲ့နေပြီး ကိုယ်ခံအားကောင်းအောင် နေကြပါ

အကြောင်းအမျိူးမျိူးကြောင့် ကူးစက်ခံခဲ့သည်ရှိသော်လည်း စိတ်ဓါတ်မကျပဲ အကောင်းဆုံးရင်ဆ်ိုင် ကျော်လွှားနိုင်ကြပါစေလို့ ဆရာ ဆုတောင်းပေးပါတယ် ။ 🙏🏻

အားလုံးပဲ အန္တာရယ်ကင်းပြီး လှပနိုင်ကြပါစေ 🙏🏻

မေတ္တာဖြင့် -
Dr. Naing

#အရေပြားနှင့်အလှအပ #ဝက်ခြံ

💊💊Ferofort/ Ferro-denk/ Lactofer အစရှိတဲ့သံဓာတ်အားဖြည့်ဆေး(iron supplements)  တွေ အကုန်လုံးအတူတူပဲလား???Ferrovitသံဓာတ်သည...
15/01/2021

💊💊Ferofort/ Ferro-denk/ Lactofer
အစရှိတဲ့
သံဓာတ်အားဖြည့်ဆေး(iron supplements) တွေ အကုန်လုံးအတူတူပဲလား???
Ferrovit
သံဓာတ်သည် နေ့စဉ်ပမာဏ
အမျိုးသားတွေမှာ 80ကနေ180mcgအတွင်းလိုအပ်ပြီး
အမျိုးသမီးတွေ မှာတော့ 60ကနေ160mcg အထိ လိုအပ်ပါတယ်။

💊Ferrovit

Ferrovit မှာ အဓိကအားဖြင့်
Ferrous Fumarate (iron)....162mg
Folic acid.... 0.75mg
Vitamin B 12...7.5mcg ပါဝင်ပါတယ်။
ဆေးတောင့်တစ်တောင့်ဖြစ်ဖို့အတွက်ရယ် သောက်တဲ့အခါ အနံ့အရသာ အဝင်မဆိုးရလေအောင် Vanillin,aerosil200,lecithin,white beewax,hydrogenated vegetables oil,soyabean oil တို့ပါဝင်ပါတယ်။

💊Ferofort

Ferofortမှာက Dried ferrous sulphate(iron)...150mg
Foloc acid (vitamin B9)...0.5 mg
Vitamin C... 50mgတို့အဓိကပါဝင်ပြီး ကျန်တာတွေကိုတော့စာရှည်မှာစိုးတဲ့အတွက် အောက်မှာပုံလေးထည့်ပေးထားပါတယ်နော်။

💊Ferro-denk 50

သူကတော့ Ferrous fumerate(iron)... 50mgပါဝင်ပါတယ်။

💊Orofer

သူကတော့ အရည်ရော ဆေးတောင့်ရောအနေနဲ့လာပါတယ်။
ဆေးတစ်တောင့်မှာ
Fe (lll) hydroxide polymaltose complex( iron)..100mg
Folic acid... 550mg ပါဝင်ပါတယ်။

ဆေးရည် 5ml မှာတော့
Fe(lll) hydroxide polymaltose complex(iron)..50mg သီးသန့်ပါပါတယ်ရှင့်။

💊Lactofer

Fe(ll)glycinate(iron)...92mg
Equivalent iron...24mg
Folic acid...500mgနဲ့
နွားရဲ့နို့မှ ရတဲ့ Lactoferrin... 50mgပါဝင်ပါတယ်။

Lactoferrin ပါဝင်တဲ့အတွက် သံဓာတ်စုပ်ယူမှု ကိုပိုမိုအားကောင်းစေပါတယ်။
ကိုယ်ဝန်ဆောင်တွေ သောက်သုံးခြင်းဖြင့် မွေးဖွားလာမဲ့ ကလေးရဲ့ မွေးရာပါပြဿနာအချို့ကို ကာကွယ်ပေးနိုင်ပါတယ်။

အပေါ်မှာပြောပြခဲ့တဲ့
✅
သံဓာတ်အားဖြည့်ဆေး တွေကိုတော့
သံဓာတ်ချိူ့တဲ့သူများ၊ ရာသီသွေးများများဆင်းလေ့ရှိသူများ၊ကိုယ်ဝန်ကြောင့် သွေးအားနည်းခြင်း၊သွေးအားနည်း ရောဂါရှိသူများ သောက်သုံးနိုင်ပါတယ်ရှင်။

တစ်နေ့ ၁လုံးမှ၂လုံး အစာစားပြီးချိန်မှာသောက်သုံးသင့်ပါတယ်။

Capsule typeအပြင် နှစ်ဖက်ချွန်လို့ခေါ်တဲ့ ပုလင်းပုံစံလေးတွေနဲ့လာတဲ့ syrup လေးတွေလဲရ်ှပါသေးတယ်။

Newhem
tothema
traly iron. အစရှိတဲ့ သံဓာတ်ဖြည့်အရည်ပုလင်းလေးတွေပါ။
အဓိကအားဖြင့်
အခဲတွေကိုမသောက်နိုင်တဲ့ လူနာမျိုးတွေ
အစာပိုက်နဲ့ဆေးထည့်ရတဲ့ လူနာတွေ
chemotherapy ဆေးကုထုံးတွေ ခံယူနေရတဲ့ လူနာတွေအတွက် အသုံးများပါတယ်။
ဆေးတောင့် တွေထက်သံဓာတ်ပါဝင်မှုများတာကြောင့်ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။
အကယ်၍ အနံ့အရသာ က အရမ်းပျင်းလွန်းတာကြောင့်အရည်ကို မသောက်နိုင်ရင် gasမပါတဲ့အချိုရည် တစ်မျိုးမျိုးနဲ့ရောသောက်လို့ရပါတယ်။

သဘာဝ အသီးဖျော်ရည်တွေနဲ့သောက်ခြင်းအားဖြင့် သံဓာတ်အားဖြည့်ဆေးအရည်ကြောင့်သွားတွင်အရောင်စွန်းထင်းတာကိုသက်သာစေပါတယ်။

⛔
သံဓာတ်အားဖြည့်ဆေး က ဝမ်းချုပ်တတ်တာကြောင့် အမျှင်ဓာတ်များများပါတဲ့အသီးအနှံတွေစားသုံးပေးပါ။
ဝမ်းသွားတဲ့အခါမှာလဲ ပိုလျံတဲ့သံဓာတ်တွေကို ဝမ်းထဲကနေစွန့်ထုတ်တာကြောင့်
ဝမ်းအမဲရောင်အဖြစ်သွားတတ်ပါတယ်။
စိုးရိမ်စရာမလိုပါဘူးနော်။

သတိထားစရာ အချက်တွေကတော့..
⛔
Tetracycline(တက်ထရာ ဆိုင်ကလင်း)သောက်နေရတဲ့သူတွေ သံဓာတ်အားဖြည့်ဆေး သောက်မယ်ဆိုရင် ဆေးရဲ့အာနိသင်ပျက်ပြယ်သွားတတ်ပါတယ်။ဒါကြောင့်မလို့Tetracyclinesသောက်ပြီးလို့၂နာရီ၃နာရီကြာမှသာ သံဓာတ်အားဖြည့်ဆေး ကိုသောက်သုံးသင့်ပါတယ်။

⛔
Antacid(အစာအိမ်ဆေး) (or) လက်ဖက်ရည် တို့နဲ့ တွဲသောက်ရင် သံဓာတ်စုပ်ယူမှု လျော့ကျစေတဲ့အတွက် ရေနဲ့သာသောက်သုံးပေးရပါမယ်။

⛔
penicillamine သောက်နေရတဲ့သူတွေ သံဓာတ်အားဖြည့်ဆေး သောက်သုံးမယ်ဆိုရင် iron saltတွေက penicillamine ရဲ့အာနိသင်ကိုလျော့ကျစေနိုင်ပါတယ်။

⛔
တခါတလေမှာ အကြောင်းအမျိုးမျိုးကြောင့် မနက်စောစော သောက်လိုက်ရတဲ့အခါ မူးဝေနိုင်ပါတယ်။ ခေါင်းမူးလို့ဆေးကို နောက်နေ့မသောက်ပဲ မရပ်လိုက်ပါနဲ့နော်။ ဆေးသောက်ပြီးရင်အစာပြန်စားပေးပါ။

⛔
အေးမြခြောက်သွေ့သော သာမန်အပူချိန်တွင်သာ သိမ်းဆည်းရပါမယ်။
နေရောင်တဲ့တိုက်ရိုက်ထိတွေ့စေခြင်းကို ရှောင်ကျဉ်ရပါမယ်။
အအေးခန်း (refrigerator) ကိုထည့်သိမ်းဖို့တော့မလိုအပ်ပါဘူး။
သက်တမ်းအားဖြင့် ၂၄လ သက်တမ်းရှိပါတယ်။၂၄လ ကျော်သွားရင်တော့မသောက်သုံးသင့်ပါဘူး။

⛔
ခေါင်းမူးခြင်း၊ပျို့အန်ခြင်းတို့က စစသောက်ကာစမှာဖြစ်တတ်ပါတယ် မစိုးရိမ်ပါနဲ့ ဆက်သောင်လို့ရပါတယ်။ဆက်သောက်ရင်းသက်သာသွားမှာပါ။

⛔
သွေးခဏခဏသွင်းနေရတဲ့သူတွေ၊သံဓာတ်ချို့တဲ့ခြင်းကြောင့်မဟုတ်တဲ့သွေးအားနည်းရောဂါ၊ဆီးချိူ၊ သွေးတိုး၊အသည်းရောဂါ၊ကျောက်ကပ်ရောဂါ၊သံဓာတ် စုပ်ယူ မှု ထိန်းသိမ်းမှု တွင် ပြသနာရှိသူများ ကတော့ သံဓာတ်အားဖြည့်ဆေးသောက်မယ်ဆိုရင် ဆရာဝန် (or) ဆေးဝါးပညာရှင် (pharmacist)တို့ကိုမေးမြန်းပြီးမှသာသောက်သုံးသင့်ပါတယ်။

ပိုမိုကျန်းမာသောနေ့ရက်များဆီသို့..
Crd for all

🌞နေလ ဆေးဆိုင်
အမှတ် 16/A အလယ်ဗဟိုလမ်း
၁၆ရပ်ကွက်၊လှိုင်မြို့နယ်
📲 ၀၉၄၂၁၀၈၄၃၈၄

Address

Yangon

Telephone

+959421084384

Website

Alerts

Be the first to know and let us send you an email when Nay La Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram