09/03/2025
နွေရာသီနှင့်အပူလျှပ်အန္တရာယ် ☀️🥵
ရာသီဥတုကလည်းတဖြေးဖြေးပိုပူလာပြီဖြစ်တဲ့အတွက် အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) နဲ့ Heat Stroke များမဖြစ်အောင်ကာကွယ်ရမည့်နည်းလမ်းများကိုမျှဝေပေးလိုပါတယ်
အရေးကြီးဆုံးအချက်က အပြင်ထွက်မယ်ဆို ထီး ၊ ဦးထုပ် ၊ ရေ မပါမဖြစ်ယူသွားရပါမယ်။
1. 💧ရေများများသောက်ပါ ၊ ရေငတ်မှသောက်တာမျိုးမဟုတ်ပဲ ပုံမှန်လေးသောက်ပေးရမှာဖြစ်ပါတယ်။
2. 👚ပေါ့ပေါ့ပါးပါးဖြစ်မည့်အဝတ်ထည်များကိုဝတ်ဆင်ပါ။
3. ⛅️SPF 30 ပါတဲ့ sunscreen များလိမ်းပါ။
4. အပူပြင်းသည့်အချိန်များဖြစ်သည့် နေ့လည် ၁၂ မှညနေ ၄ နာရီထိအပြင်ထွက်ခြင်းကိုရှောင်ပါ
5. 🏃♀️ပြင်းထန်တဲ့အားကစားပြုလုပ်ခြင်းများရှောင်ပါ။
6. 🏡 မိမိအိမ်ကိုအေးအောင်ထားပါ။
အပူကြောင့်ပင်ပန်းနွမ်းနယ်တဲ့ (Heat Exhaustion) လက္ခဏာများဖြစ်တဲ့
- ခေါင်းမူးပြီးအားနည်းချင်း
- ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- သွေးခုန်နှုန်းမြန်လာခြင်း
- အသက်ရှူရခက်လာခြင်း
- မူးမေ့ခြင်း
- ကြွက်တက်ခြင်း
စသည်များဖြစ်လာပါက အရင်ဆုံး လူနာကို အေးတဲ့နေရာသို့ရွှေ့ပါ။
အဝတ်ထည်များထူထပ်နေလျှင် သက်တောင့်သက်သာဖြစ်အောင်ချွတ်ပေးပါ။
ရေအေး သို့မဟုတ် ဓာတ်ဆားရည် များတိုက်တိုက်ပါ။
ရေအေးအေးနှင့်ရေချိုးခြင်းများလည်းပြုလုပ်ပေးနိုင်ပါတယ်။
အကယ်ရျ်ခန္ဓာကိုယ်မှ အပူချိန် ၄၀ ဒီဂရီအထက်ဖြစ်လာခြင်း၊ သတိမေ့လာခြင်း စသည်များဖြစ်လာပါက Heat Stroke ဖြစ်နိုင်ပါတယ်။
ဘယ်လိုလူတွေမှာပိုဖြစ်နိုင်လည်းဆိုလျှင်
1. အသက် ၇၅ နှစ်အထက်လူကြီးများနှင့် ကလေးအငယ်လေးများ
2. ကိုယ်ဝန်ဆောင်များ
3. အဝလွန်နေသူများ
4. အားကစားလှုပ်ရှားမှုနည်းသူများ
5. ကျန်းမာရေးရောဂါအခံရှိသူများဖြစ်ပါတယ်။
မိမိပတ်ဝန်းကျင်တွင်ထိုသို့ Heat Stroke များဖြစ်လာပါက
1. နီးစပ်ရာဆေးရုံဆေးခန်းများပို့ဆောင်ခြင်း
2. အေးမြသောနေရာတွင်ထားခြင်း
3. သတိရှိလျှင်ရေအေး သိုမဟုတ် ဓာတ်ဆားရည်များတိုက်ခြင်း
4. ရေအေးဝတ်များဖြင့်ရေပတ်တိုက်ခြင်းများပြုလုပ်ပေးနိုင်ပါတယ်။
အပူလွန်ကဲမှုနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးများကိုဝေမျှပေးခြင်းဖြစ် မိသားစုဝင်တိုင်း တစ်ဦးတစ်ယောက်စီတိုင်း အပူဘေရအန္တရာယ်မှကင်းဝေနိုင်ကျပါစေ။
သင့်မိသားစုကျန်းမာရေးအတွက် မြင့်မိုရ်ဆေးခန်းမှ အဆင်သင့်ရှိနေလျှက်