My-Medicine

My-Medicine Telemedicine and Epharmacy

My-Medicine is an inclusive health-tech company offering millions of people in Myanmar real-time access to quality, affordable healthcare. Our digital health platform assists patients with telemedicine, telemonitoring, digital medical records and prescriptions, online drugstore with a pharmacist's consultation hotline, at-home nursing care, digital wellness programs, and most up-to-date healthcare information and webinars.

Something is coming………📣ဝန်ထမ်းများအတွက် လုပ်ငန်းခွင်တွင်း စောင့်ရှောက်မှုတွေကို My-Medicine ကယူဆောင်လာပါတော့မယ်...ပိုမို...
02/08/2025

Something is coming………📣
ဝန်ထမ်းများအတွက် လုပ်ငန်းခွင်တွင်း စောင့်ရှောက်မှုတွေကို My-Medicine ကယူဆောင်လာပါတော့မယ်...
ပိုမိုလွယ်ကူပြီး ပိုမိုထိရောက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက ဝန်ထမ်းများနဲ့ လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်နေပါပြီ…
Stay tuned … 😉

စူပါဟီးရိုးသားသားမီးမီးတို့အတွက် PNKids Gummyကလေးအားဆေးရွေးချယ်ရခက်နေတဲ့ ဖေဖေမေမေတို့အတွက် PNKids က ကူညီပါရစေ💖ကလေးလေးတွေ...
01/08/2025

စူပါဟီးရိုးသားသားမီးမီးတို့အတွက် PNKids Gummy

ကလေးအားဆေးရွေးချယ်ရခက်နေတဲ့ ဖေဖေမေမေတို့အတွက် PNKids က ကူညီပါရစေ💖
ကလေးလေးတွေအတွက် ဘယ်လိုပုံစံအားဆေးရွေးရမလဲ အမြဲခေါင်းခြောက်ခံစဉ်းစားနေရတဲ့ ဖေဖေမေမေတို့အတွက် PNKids Vitamin Power Squad နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်

ကလေးတိုင်း အားအင်ပြည့်ဝဖို့၊ စွမ်းရည်ပြည့်ဝဖို့နဲ့၊ တက်ကြွမှုရှိတဲ့ နေ့ရက်တွေအတွက် PNKids Multivitamin Gummy Heroes တွေက ကူညီပေးပါလိမ့်မယ်။

PNKids ရဲ့ အရသာရှိတဲ့ Vitamin Gummyလေးတွေဟာ ဘူးနဲ့ပဲဖြစ်ဖြစ်၊ အထုပ်လေးနဲ့ပဲဖြစ်ဖြစ် သယ်ရသိမ်းရလွယ်ကူတာကြောင့် သင့်ကလေးရဲ့ နေ့စဉ်လိုအပ်ချက်တွေကို အပြည့်အဝဂရုစိုက်ပေးမှာပဲဖြစ်ပါတယ်။

ကဲ...ဒါဆိုရင် PNKids ရဲ့ စူပါဟီးရိုးတွေကို တွေ့ဆုံကြည့်ရအောင်…

Gummy Girl & Gummy Boy
PNKids Gummy Girl (Pink) and Gummy Boy (Blue) ဟာဆိုရင် စူပါဟီးရိုးကြိုက်နှစ်သက်ကြတဲ့ သားသားမီးမီးတို့အတွက် သီးသန့်ထုတ်လုပ်ထားတာမို့ ကြိုက်နှစ်သက်ရာအရောင်လေးတွေနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

သားသားမီးမီလေးတွေ စူပါဟီးရိုးလိုမျိုး အားအင်တွေပြည့်ဝပြီး ကျန်းမာကြံ့ခိုင်ဖို့ဆိုရင်

👧 မီးမီးလေးတို့အတွက် Gummy Girl (Pink):
အရိုးသန်မာဖို့၊ ကိုယ်ခံအားမြှင့်တင်ဖို့ စွမ်းအင် တွေကို PNKids Gummy Girl က ပေးစွမ်းနိုင်ပါတယ်။

👦 သားသားတို့အတွက်Gummy Boy (Blue):
အာရုံစူးစိုက်ဖို့၊ တက်တက်ကြွကြွရှိပြီးကျန်းမာသန်စွမ်းစေဖို့ လိုအပ်တဲ့နေ့စဉ်ကာကွယ်မှု တွေကို PNKids Gummy Boy က ပေးစွမ်းနိုင်ပါတယ်။

အချိုဓာတ်သကြားဖုံးအုပ်ထားခြင်းမရှိဘဲ သဘာဝအသီးတွေရဲ့ချိုမြတဲ့အရသာနဲ့မို့ အန္တရာယ်ကင်းတဲ့ အာဟာရစွမ်းအားစစ်စစ်ကို သေချာရရှိစေမှာပဲဖြစ်ပါတယ်။

Packagingလေးတွေအနေနဲ့လည်း အိမ်မှာထားပြီးစားလို့ရတဲ့ ဘူးပုံစံ The Gummy Bottle Hero – (30ပါ နဲ့ 60 ပါ) ၂မျိုးလာပြီး ကျောင်းသွားချိန်၊ အပြင်သွားချိန်တိုင်း အိတ်ထဲထည့်ပေးလိုက်လို့ရတဲ့ အထုပ်ပုံစံ Sachet ထုပ်လေးတွေလဲရှိပါတယ်။

ဒါကြောင့် PNKids Gummy လေးတွေစားပြီး ကျန်းမာသန်စွမ်းကြရအောင် 💪

PNKids Multivitamin Gummy Heroes လေးတွေဝယ်ယူလိုပါက - https://mymedicine.com.mm/r/cnb

29/07/2025

အပျော်ကနေအပျက်မဖြစ်စေဖို့…

ဘာတွေသတိထားရမလဲ ဘာတွေသိထားသင့်လဲ ဆိုတာကို Dr.Phyo Tint Lwin က ဒီဗီဒီယိုလေးထဲမှာပြောပြပေးထားပါတယ်။

တိုးတိတ်တိုင်ပင်ရာဆေးခန်းတွင် ဆေးခန်းပြသလိုပါက - https://mymedicine.com.mm/r/FBJulyTTTPY

Check Now Testkit ဝယ်ယူလိုပါက - https://mymedicine.com.mm/r/GpS

မိမိက စပြီး ကာကွယ်ပါ: အသည်းရောင်အသားဝါရောဂါ 📉အသည်းရောင်အသားဝါရောဂါဆိုတာ အသည်းရောင်ရမ်းစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အသည်းခ...
28/07/2025

မိမိက စပြီး ကာကွယ်ပါ: အသည်းရောင်အသားဝါရောဂါ 📉

အသည်းရောင်အသားဝါရောဂါဆိုတာ အသည်းရောင်ရမ်းစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာအပါအဝင် အခြားသော ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ကူးစက်မှုနှုန်း မြန်ဆန်တဲ့အပြင်ကိုမှ ကူးစက်ပြီးအချိန်တော်တော်ကြာတဲ့အထိ ရောဂါလက္ခဏာတွေ သိသိသာသာမပြဘဲ တိတ်တဆိတ်ဖြစ်ပွားတတ်ကာ နှစ်စဉ် လူပေါင်း ၁.၃ သန်းခန့်ကို သေဆုံးစေပါတယ်။

ဒါကြောင့် အသက်ဆုံးရှုံးစေနိုင်တဲ့ ဒီရောဂါရဲ့ အန္တရာယ်ကို လူတွေသိလာအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို တီထွင်ခဲ့တဲ့ နိုဘယ်ဆုရှင် Dr. Baruch Samuel Blumberg ရဲ့ မွေးနေ့ဖြစ်တဲ့ ဇူလိုင်လ (၂၈) ရက်မှာ World Hepatitis Day အထိမ်းအမှတ်အနေနဲ့ကျင်းပပြီး အသိပညာပေးလှုပ်ရှားမှုတွေ နှစ်စဉ်လုပ်ဆောင်လေ့ရှိပါတယ်။

ကမ္ဘာတဝှမ်းမှာ ကမ္ဘာ့အသည်းရောင်အသားဝါနေ့ရဲ့ အထိမ်းအမှတ်ပွဲတွေလုပ်ဆောင်ကြပြီး အဓိကအားဖြင့်…
💠 အသည်းရောင်အသားဝါရောဂါ (Hepatitis) ရဲ့ အမျိုးအစားတွေဖြစ်တဲ့ Hepatitis (A, B, C, D, E) စတာတွေရှိကြောင်းနဲ့ ၎င်းတို့ရဲ့ကူးစက်ပုံ၊ ကာကွယ်နည်းနဲ့ ကုသနည်းတွေကို ပြည်သူတွေနားလည်စေရန်အသိပညာပေးခြင်း။
💠ရောဂါရဲ့ အစောပိုင်းအဆင့်မှာ လက္ခဏာမပြဘဲ တိတ်တဆိတ်ဖြစ်ပွားတတ်တာကြောင့် ပုံမှန်စစ်ဆေးမှုခံယူဖို့အရေးကြီးပုံကို အသိပညာပေးခြင်း။
💠 အသည်းရောင်အသားဝါရောဂါအတွက် ထိရောက်တဲ့ကာကွယ်ဆေးတွေရှိကြောင်းနဲ့ မွေးကင်းစကလေးငယ်တွေ ဘီပိုးကာကွယ်ဆေးထိုးဖို့နဲ့ အခြားသူတွေလည်း လိုအပ်ရင် ချက်ချင်းထိုးနှံဖို့ တိုက်တွန်းခြင်း။
💠 အထူးသဖြင့် စောစီးစွာသိမယ်ဆိုရင် ကုသပျောက်ကင်းနိုင်တဲ့ ဆေးဝါးတွေရှိနေပြီဖြစ်လို့ ကုသမှုခံယူဖို့ လိုအပ်သူတိုင်း ဆေးဝါးရရှိစေဖို့ကူညီဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများထံလမ်းညွှန် ချိတ်ဆက်ပေးခြင်း။
💠 အသည်းရောင်အသားဝါရောဂါနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ အယူအဆတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ပပျောက်အောင် အသိပညာပေးခြင်း စတာတွေကိုလုပ်ဆောင်ပါတယ်။

ကျွန်ုပ်တို့ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 အနေနဲ့လည်း ကမ္ဘာ့အသည်းရောင်အသားဝါနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် call center နံပတ် 5588 ကိုခေါ်ဆိုလိုက်တာနဲ့…
✅ လူကြီးမင်းသိလိုသမျှ အသည်းရောင်အသားဝါဆိုင်ရာ မေးခွန်းတွေကို ဆေးဝါးပညာရှင်များမှပြန်လည်ဖြေကြားပေးမယ်။
✅ ဆရာဝန်ညွှန်ကြားထားသည့် ဆေးဝါးများ၊ သုံးစွဲပုံနှင့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို ပြည့်ပြည့်စုံစုံ နားလည်စေရန် ရှင်းပြပေးမယ်။
✅ ဘယ်အချိန်မှာ ဆေးစစ်သင့်တယ်၊ ဘယ်လိုစစ်ဆေးမှုတွေလုပ်သင့်တယ်ဆိုတာကို သေချာသိအောင် ရှင်းပြပေးမယ်။
✅ အသည်းရောင်အသားဝါ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး တိကျ၊ ပြည့်စုံတဲ့ အချက်အလက်တွေနဲ့ ကာကွယ်ဆေးထိုးနှံဖို့လည်း လိုအပ်တဲ့ အကြံဉာဏ်တွေပေး ပေးသွားမှာပါ။

ကမ္ဘာ့အသည်းရောင်အသားဝါနေ့ရဲ့ ၂၀၂၅ ဆောင်ပုဒ် “𝐋𝐞𝐭'𝐬 𝐁𝐫𝐞𝐚𝐤 𝐈𝐭 𝐃𝐨𝐰𝐧” ဆိုတဲ့အတိုင်း အသည်းရောင်အသားဝါပိုးကို ရဲ့ ဆိုးကျိုးတွေကိုဖော်ထုတ်ပြီး ပပျောက်အောင်တိုက်ဖျက်ကြဖို့ တိုက်တွန်းရင်းနဲ့ လူကြီးမင်းတို့နဲ့အတူ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရှိနေကြောင်းအသိပေးလိုက်ပါတယ်🩵 💙

အသည်းရောင်အသားဝါရောဂါအကြောင်းနှင့် အခြားသိလိုသည်များရှိပါက 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

“အသည်းရောင်အသားဝါရောဂါကို အတူတိုက်ဖျက်ကြပါစို့💪”

#5588

သင့်အသည်းကို LiverCare ဖြင့် ကာကွယ်ပါ💪🏻ယနေ့ကျရောက်တဲ့ ကမ္ဘာ့အသည်းရောဂါများနေ့တွင် သင့်ခန္ဓာကိုယ်ရဲ့ သူရဲကောင်းကို ကာကွယ်...
27/07/2025

သင့်အသည်းကို LiverCare ဖြင့် ကာကွယ်ပါ💪🏻

ယနေ့ကျရောက်တဲ့ ကမ္ဘာ့အသည်းရောဂါများနေ့တွင် သင့်ခန္ဓာကိုယ်ရဲ့ သူရဲကောင်းကို ကာကွယ်လိုက်ပါ!
ဇူလိုင် ၂၈ ရက်ဟာ WHO မှအသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အသည်းရောဂါများနေ့ ဖြစ်ပြီး၊ အသည်းကျန်းမာရေးရဲ့ အရေးကြီးမှုကို အသိပညာပေးရန် အဓိကရည်ရွယ်ပါတယ်။ အသည်းဟာ အဆိပ်အတောက်စစ်ထုတ်မှုနဲ့ အာဟာရဓာတ်များကို ခန္ဓာကိုယ်တစ်ခုလုံးအတွက် စနစ်တကျထောက်ပံ့ပေးနေတဲ့အလုပ်တွေနဲ့ ရုန်းကန်နေရတဲ့ အရေးကြီးဆုံးအင်္ဂါတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ စိတ်ဖိစီးမှု၊ ဆေးဝါးများ၊ အစားအသောက်အမူအကျင့်မမှန်မှုတွေကြောင့် သင့်အသည်းဟာ ပျက်စီးနိုင်ပါတယ်။

ဒါကြောင့် ယနေ့ကမ္ဘာ့အသည်းရောဂါများနေ့ မှာ ကိုယ်တိုင်အတွက်တင်မကဘဲ ကိုယ်ချစ်ခင်လေးစားရတဲ့တစ်ခြားသူတွေအတွက်ပါ အသည်းကျန်းမာရေးကို ဦးစားပေးစဉ်းစားပေးဖို့ LiverCare ကနေ တိုက်တွန်းလိုက်ပါရစေ 💙

LiverCare ဟာ Antioxidants တွေနဲ့ ဆေးဖက်ဝင်အပင်များဖြင့် အသည်းဆဲလ်တွေကို ကာကွယ်ပေးပြီး အသည်းကိုပြန်လည်အားဖြည့်ပေးနိုင်ပါတယ်။

သာမန်အသည်းဆေးတွေထက် absorption ပိုကောင်းတဲ့ Phytosome Technology ကို အသုံးပြုထားတာ‌ကြောင့် အသည်းအင်ဇိုင်းတွေကို မြန်မြန်ဆန်ဆန် လျော့ကျလာစေနိုင်တဲ့အတွက် သင့်အသည်းကို အမြန်ဆုံးကာကွယ်စောင့်ရှောက်မှုပေးနိုင်တဲ့ တစ်ခုတည်းသောအသည်းအားဆေးပဲဖြစ်ပါတယ်။

အသက် ၃၀ ကျော်သူများ၊ နေ့စဥ် ဆေးဝါးပုံမှန်သုံးစွဲနေရသူများ (သို့မဟုတ်) လူမှုရေးအတွက် အရက် ဘီယာသောက်သုံးလေ့ရှိသူများအတွက် အသည်းကိုကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ LiverCare ကအထူးပဲသင့်လျော်ပါတယ်။

LiverCare ဝယ်ယူလိုပါက - https://mymedicine.com.mm/r/4QO

သင့်အသည်းကျန်းမာရေးကို ဦးစားပေးပါ။ ရောဂါကင်းဝေးတဲ့ မနက်ဖြန်အတွက် LiverCare ကိုစိတ်ချစွာ ရွေးချယ်လိုက်ပါ။

✨နေ့စဉ်ကျန်းမာရေး၊ အလှအပအတွက် – 𝗨𝗽 𝘁𝗼 𝟯𝟬% 𝗢𝗳𝗳 𝗣𝗮𝘆𝗱𝗮𝘆 𝗦𝗮𝗹𝗲 အထူးပရိုမိုးရှင်း ✨လစာထုတ်ရက်မှာ  𝗣𝗮𝘆𝗱𝗮𝘆 အထူးပရိုမိုရှင်းတွေနဲ...
25/07/2025

✨နေ့စဉ်ကျန်းမာရေး၊ အလှအပအတွက် – 𝗨𝗽 𝘁𝗼 𝟯𝟬% 𝗢𝗳𝗳 𝗣𝗮𝘆𝗱𝗮𝘆 𝗦𝗮𝗹𝗲 အထူးပရိုမိုးရှင်း ✨

လစာထုတ်ရက်မှာ 𝗣𝗮𝘆𝗱𝗮𝘆 အထူးပရိုမိုရှင်းတွေနဲ့ သင့်ကျန်းမာရေး၊ အလှအပနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက်လိုအပ်တဲ့ ပစ္စည်းတွေကိုအခုပဲ ဝယ်ယူလိုက်ပါ!🛒
ဘာတွေ လျှော့ဈေးရမလဲ❔

✨သင်နှင့် သင့် မိသားစုကျန်းမာရေးအတွက် ဆောင်ထားသင့်တဲ့ အာဟာရဖြည့်စွက်စာနဲ့ ဆေးဝါးတွေကို 𝗨𝗽 𝘁𝗼 𝟯𝟬% 𝗢𝗳𝗳 အထိလျှော့ဈေး

✨နေ့စဉ်သန့်ရှင်းလန်းဆန်းမှုနဲ့ ဆံပင်ကျန်းမာရေးအတွက်အတွက် ရေချိုးဆပ်ပြာနှင့် ခေါင်းလျှော်ရည်၊ အမျိုးသမီးလေးများအတွက် လစဥ်သုံးပစ္စည်းတွေအပြင် အသားအရေကို ထိန်းသိမ်းဖို့ ပစ္စည်းတွေနှင့် မွှေးရနံ့သင်းပျံ့စေမယ့်ရေမွှေးတွေကို 𝗨𝗽 𝘁𝗼 𝟭𝟬% 𝗢𝗳𝗳 အထိလျှော့ဈေး

✨𝗕𝗲 𝗬𝗼𝘂𝗿 𝗦𝗼𝘂𝗹𝗺𝗮𝘁𝗲 ပစ္စည်းများကို 𝟭𝟬% 𝗢𝗳𝗳 အထိလျှော့ဈေး

✨𝗕𝗶𝗼𝗱𝗲𝗿𝗺𝗮 ရဲ့ လူကြိုက်များတဲ့ Skin care တွေဖြစ်တဲ့ Sensibio Tonique Soothing & Moisturising Toner (Normal to Sensitive Skin) - 250 ml နဲ့ Sensibio Gel Moussant Gentle Soothing Micellar Foaming Gel Cleanser (Sensitive Skin) - 200 ml တွေကို 𝟭𝟱% 𝗢𝗳𝗳 အထိလျှော့ဈေးတွေရရှိမှာဖြစ်ပါတယ်။

ပရိုမိုးရှင်ကာလလေးကတေ့ ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့ အထိပဲဖြစ်လို့ 𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 𝗪𝗲𝗯𝘀𝗶𝘁𝗲, 𝗖𝗕 𝗣𝗮𝘆, 𝗠𝗶𝗻𝗶 𝗔𝗽𝗽 နဲ့ 𝗔𝗬𝗔 𝗣𝗮𝘆 တို့မှာ အတန်ဆုံးစျေးနှုန်းတွေနဲ့ သင့် Payday ကို ပိုပြီးပြည့်စုံစေဖို့ အခုပဲ အမြန်ဆုံး မှာယူလိုက်ပါ။ 🥳

ဝယ်ယူရန် 𝗟𝗶𝗻𝗸 -
https://mymedicine.com.mm/r/29c

ဆရာဝန်က ဘာပြောလိုက်လို့ ပုံထဲက လူနာ အံသြသွားတယ်ထင်သလဲ?????ပုံနှင့် အလိုက်ဖက်ဆုံးစာကို cmt မှာရေးပြီး ဖုန်း bill လက်ဆောင်...
24/07/2025

ဆရာဝန်က ဘာပြောလိုက်လို့ ပုံထဲက လူနာ အံသြသွားတယ်ထင်သလဲ?????

ပုံနှင့် အလိုက်ဖက်ဆုံးစာကို cmt မှာရေးပြီး ဖုန်း bill လက်ဆောင်ယူကြမယ်……
(၁) Post ကို public နှင့် share ပါ။
(၂)Post ရဲ့ comment မှာ ပုံနှင့် အလိုက်ဖက်ဆုံးစာ လေးကို ရေးပေးပါ။
(၃) comment များထဲမှ ပုံနှင့် အလိုက်ဖက်ဆုံးစာ ၃ ခုကို ရွေးပြီး ဖုန်း bill 5000 စီ ဆုလက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။

ပုံထဲက လူနာလို ပြောရခက်တဲ့ သူများကို မသိစေချင်တဲ့ ကျန်းမာရေး ပြဿနာတွေကို တိုးတိုးတိတ်တိတ်တိုင်ပင်ဖို့ဆို My-Medicine ရဲ့ တိုးတိတ်တိုင်ပင်ရာ ဆေးခန်းလေးကို သတိရလိုက်ပါနော်….
ဆေးခန်းပြသရန် link >>>> https://mymedicine.com.mm/r/FBJulyengagement

𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ ဖုန်းနံပါတ်- 5588 အကြောင်းသိပြီးပြီလား⁉️ကျန်းမာရေးအတွက် ဆေးခန်းပြဖို့ ဆရာဝန်ရွေးချယ်တာ၊ ရက်ချိန်းယူတာ၊ ဒ...
23/07/2025

𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ ဖုန်းနံပါတ်- 5588 အကြောင်းသိပြီးပြီလား⁉️

ကျန်းမာရေးအတွက် ဆေးခန်းပြဖို့ ဆရာဝန်ရွေးချယ်တာ၊ ရက်ချိန်းယူတာ၊ ဒါမှမဟုတ် ဆေးစစ်ပြီး ဆေးစစ်ချက်အဖြေတွေအတွက် ဆရာဝန်နဲ့ ပြန်ပြရတာ စတဲ့ အဆင့်ဆင့် လုပ်ဆောင်ရတာတွေက စိတ်ရှုပ်စရာကောင်းပါတယ်။

အခုတော့ ဒီလို စိတ်ရှုပ်ထွေးစရာ အသေးစိတ်ကိစ္စရပ်တွေကို ခေါင်းရှုပ်ခံစရာမလိုတော့ပါဘူး။ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ ဖုန်းနံပါတ်- 5588 ကိုဖုန်းခေါ်လိုက်ရုံနဲ့...

💙 အကောင်းဆုံးရွေးချယ်နိုင်အောင် ကူညီပေးမယ်
သင့်ကျန်းမာရေးပြဿနာအတွက် ဘယ်အထူးကုဆရာဝန်နှင့်ပြသရမလဲဆိုတာကို မသိဘဲဖြစ်နေတယ်ဆိုရင်တော့ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ ဖုန်းနံပတ် 5588 ကိုဖုန်းခေါ်ပြီး အခြေအနေကိုရှင်းပြလိုက်ရုံနဲ့ သင့်တော်တဲ့ အထူးဆရာဝန်ကြီးတွေနဲ့ လျင်မြန်လွယ်ကူစွာ ရွေးချယ်၊ ချိန်းဆိုနိုင်ဖို့ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ကကူညီပေးမှာပါ ✨

💙 ဆရာဝန်နှင့် ပြသပြီးနောက်လည်း အတူရှိမယ့် 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞
ဆေးခန်းပြပြီးနောက် ဆရာဝန်ညွှန်ကြားလိုက်တဲ့ ဆေးတွေကို ဘယ်လိုသောက်ရမလဲမသိတာ၊ မှားသောက်မိမှာကိုစိုးရိမ်လို့ ပြန်မေးချင်တာ (သို့) ဆရာဝန်ဆေးစာနှင့်ပတ်သက်ပြီးနားမလည်တာတွေအတွက်လည်း ကျွန်ုပ်တို့ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ ဆေးဝါးပညာရှင် (Pharmacists) တွေကကူညီဖို့ အသင့်ရှိနေပါတယ်💯

ဒီလောက်ဆိုရင်တော့ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ ဖုန်းနံပတ်- 5588 ဆိုတာ Call Center တစ်ခုဖြစ်ရုံသာမကဘဲ သင့်ကျန်းမာရေးအတွက် သေချာ ဂရုစိုက် ရှင်းပြပေးပြီးတော့ ကျန်းမာရေးအတွက်လုံးဝခေါင်းရှုပ်စရာမလိုအောင်ကို စီစဉ်ဆောင်ရွက်ပေးနေတယ်ဆိုတာသိကြလောက်ပြီလို့ထင်ပါတယ် 💙

ပိုမိုသိရှိလိုပါက 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#5588 #အိမ်ကနေဆေးကု

ဒီလက္ခဏာတွေခံစားနေရပြီဆိုရင် အထူးကုနဲ့ပြသင့်ပါတယ် ‼️အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေဆိုတာ လူတိုင်းနီးပါးဖြစ်နိုင်...
22/07/2025

ဒီလက္ခဏာတွေခံစားနေရပြီဆိုရင် အထူးကုနဲ့ပြသင့်ပါတယ် ‼️

အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေဆိုတာ လူတိုင်းနီးပါးဖြစ်နိုင်ခြေရှိပြီး ရောဂါအမျိုးအစားပေါ်မူတည်ပြီး ပြင်းထန်မှုတော့တွေကွာခြားနိုင်ပါတယ်။ အချို့က အသေးအမွှားဖြစ်ပြီး လွယ်လွယ်ကူကူကုသနိုင်ပေမယ့် အချို့ကတော့အသက်အန္တရာယ်ထိပါ ထိခိုက်နိုင်ပါတယ်။

🔸 မကြာခဏဗိုက်အောင့်ခြင်း/ လေပွခြင်း
🔸 ရုတ်တရက်ဝမ်းချူပ်ခြင်း/ ဝမ်းလျှောခြင်း
🔸 ဝမ်းသွားရာတွင်သွေးပါခြင်း
🔸 ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းခြင်း

ဒီလို ရောဂါလက္ခဏာတွေရဲ့နောက်မှာ ပြင်းထန်နောက်ဆက်တွဲတွေရှိလာနိုင်တာကြောင့် သာမန်လို့ယူဆပြီးပေါ့ဆမနေဘဲ Gastroenterologist (အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုဆရာဝန်) နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

အကယ်၍အထက်ပါရောဂါလက္ခဏာတစ်ခုခုကိုခံစားနေရတယ်၊ ဆေးခန်းသွားဖို့ကိုလည်းအချိန်မပေးနိုင်ဘူးဆိုရင်တော့ အွန်လိုင်းကနေတဆင့် ထိထိရောက်ရောက်တိုင်ပင်ဆွေးနွေးနိုင်မယ့် အောက်ဖော်ပြပါ အထူးကုသမားတော်ကြီးတွေ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 မှာရှိပါတယ်။

❇️ ဒေါက်တာ ကျော်ကိုကိုအောင်
အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုသမားတော်
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), MRCP (Edin), Dr.Med.Sc (Gastroenterology), Diploma in Medical Genetics

❇️ ဒေါက်တာ သန်းသန်းအေး
အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုသမားတော်
M.B.,B.S, M.Med.Sc (Int Med), MRCP, FRCP, Dr.Med.Sc (Gastroenterology), Dip.Med.Sc (Em Med)

❇️ ဒေါက်တာ ပန်းအိစံ
အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုသမားတော်
M.B.,B.S, M.Med.Sc (Internal Medicine), MRCP(UK), MRCP(Edin), Dr.Med.Sc (Gastroenterology), Advanced Endoscopy Training in AIG Hospitals (India)

ဆေးခန်းပြသလိုပါက - https://mymedicine.com.mm/r/FBJulyGIDoctors

အသေးစိတ်သိရှိလိုပါက 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#အစာအိမ်နှင့်အူလမ်းကြောင်း #ဗိုက်နာ #အစာအိမ်နာ

Flu Vaccine တုပ်ကွေးကာကွယ်ဆေးကို ဒီနှစ်မှာထိုးထားရင် နောက်နှစ်ပြန်ထိုးဖို့လိုအပ်ပါသလား❓My-Medicine ရဲ့ပရိတ်သတ်ကြီးရောဘယ်...
18/07/2025

Flu Vaccine တုပ်ကွေးကာကွယ်ဆေးကို ဒီနှစ်မှာထိုးထားရင် နောက်နှစ်ပြန်ထိုးဖို့လိုအပ်ပါသလား❓
My-Medicine ရဲ့ပရိတ်သတ်ကြီးရောဘယ်လိုထင်လဲ??
လိုအပ်တယ်ထင်လား မလိုအပ်ဘူးထင်လားလေးကို comment မန့်ပေးသွားကြပါဦးနော် 🩵

မိုးရာသီမှာလည်း ကျန်းမာရေးအတွက်ပူစရာမလိုတော့ပါဘူး 💙ပူပြင်းတဲ့နွေရာသီ ကုန်ဆုံးပြီးနောက် အေးချမ်းစိုစွတ်တဲ့ မိုးရာသီကို ရေ...
17/07/2025

မိုးရာသီမှာလည်း ကျန်းမာရေးအတွက်ပူစရာမလိုတော့ပါဘူး 💙

ပူပြင်းတဲ့နွေရာသီ ကုန်ဆုံးပြီးနောက် အေးချမ်းစိုစွတ်တဲ့ မိုးရာသီကို ရောက်ရှိလာပါပြီ။ ရာသီဥတုအပြောင်းအလဲနဲ့ စိုထိုင်းဆ များလာတာကြောင့် ရောဂါပိုးမွှားတွေ ပိုမိုပေါက်ဖွားလွယ်ပြီး ဝမ်းပျက်ဝမ်းလျှော၊ အအေးမိ၊ တုပ်ကွေးစတဲ့ ရောဂါတွေ အဖြစ်များလာပါတယ်။

ဒီလိုကူးစက်လွယ်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ရောဂါကူးစက်ခံလိုက်ရချိန်မှာ လွယ်လွယ်ကူကူနဲ့ ထိထိရောက်ရောက် ကုသနိုင်ဖို့ My-Medicine ကနေ Monsoon Illness Packages တွေ စီစဉ်ပေးထားပါတယ် 💙

၁။ ဝမ်းလျှောဝမ်းပျက် အသင့်ဆောင် Pack
ရုတ်တရက် ဝမ်းလျှောလို့ အခက်တွေ့နေစရာ မလိုတော့ပါဘူး! ဒီ Package က ဝမ်းလျှောခြင်းကြောင့် ဖြစ်တတ်တဲ့ ရေဓာတ်ဆုံးရှုံးမှုနဲ့ အူလမ်းကြောင်းပြဿနာတွေကို အမြန်ဆုံး သက်သာစေဖို့၊ လိုအပ်တဲ့ ဆေးဝါးတွေအားလုံးကို စုစည်းပေးထားပါတယ်။ အရေးပေါ်အခြေအနေတွေမှာ တစ်ခုချင်းစီ ရှာဖွေဝယ်ယူနေရတဲ့ အလုပ်ရှုပ်သက်သာစေဖို့အတွက် အထူးသင့်တော်ပါတယ်။

ပါဝင်သောပစ္စည်းများ:

Orasel Lemon ORS (၆ ထုပ်): ဝမ်းလျှောခြင်းကြောင့် ရေဓာတ်ဆုံးရှုံးမှုကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးပါတယ်။

Bio-Lact (၁ ကဒ်): အူလမ်းကြောင်းကျန်းမာရေးအတွက် Probiotic တွေကို အထောက်အကူပြုပါတယ်။

Siloxogene Tablet (၁ ကဒ်): အစာအိမ်ဝေဒနာတွေကို သက်သာစေပါတယ်။

Dicotil (၁ ကဒ်): ဝမ်းလျှောခြင်းကို သက်သာစေပါတယ်။

SE Hand Sanitizer 100ml (၁ ဘူး): ခရီးသွားရင်း၊ အပြင်သွားရင်း တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ လက်သန့်ဆေးရည်တို့ပဲ ဖြစ်ပါတယ်။

ဘယ်သူတွေအတွက်လဲ:

ခရီးသွားသူများ: ခရီးသွားရင်း အစားအသောက်၊ ရေသန့်ရှင်းမှုကြောင့် ဖြစ်တတ်တဲ့ ဝမ်းလျှောခြင်းအတွက် ကြိုတင်ပြင်ဆင်လိုသူများ။

ကလေးငယ်များရှိသော မိသားစုများ: ကလေးငယ်တွေ ဝမ်းလျှောတာ မြန်မြန်သက်သာဖို့ အိမ်မှာဆောင်ထားချင်သူများ။

အိမ်ရှင်မများ: အိမ်သုံးဆေးဝါးပစ္စည်းအဖြစ် အရေးပေါ် ဆောင်ထားလိုသူများ။

အပြင်များသူများ: တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ဂရုစိုက်သူတိုင်း။

၂။ အအေးမိ တုပ်ကွေး ကာကွယ် Pack
အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးစတဲ့ မိုးရာသီဖျားနာမှုတွေအတွက် ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ရောဂါဖြစ်လာခဲ့ရင် အထိရောက်ဆုံး ကုသနိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးမြင့် ဆေးဝါးတွေကို ဒီ Package ထဲမှာ အစုံအလင် ထည့်သွင်းပေးထားပါတယ်။ တစ်ခုချင်းစီ လိုက်ရှာဝယ်နေစရာမလိုဘဲ တစ်နေရာတည်းမှာ အလွယ်တကူ ရရှိနိုင်မှာပါ။

ပါဝင်သောပစ္စည်းများ:

Paracap (၁ ကဒ်): ဖျားနာခြင်းနဲ့ ကိုက်ခဲခြင်းအတွက်ပါ။

SE Hand Sanitizer 100ml (၁ ဘူး): ပိုးမွှားကင်းစင်ဖို့အတွက် လက်သန့်ဆေးရည်ပါ။

Sniz 10 (၁ ကဒ်): ဓာတ်မတည့်ခြင်းနဲ့ နှာရည်ယိုခြင်းကို သက်သာစေဖို့အတွက်ပါ။

Disposable Face Mask 10's (၁ ထုပ်): ပြင်ပရောဂါပိုးမွှား ကူးစက်တာကို ကာကွယ်ဖို့အတွက်ပါ။

Solmux 500 mg (၁ ကဒ်): ချောင်းဆိုးခြင်းကို သက်သာစေဖို့အတွက်ပါ။

ImunActiv (၁ ကဒ်): ကိုယ်ခံအားကို မြှင့်တင်ပေးဖို့အတွက်ပါ။

Mybacin Lozenge (၁ ကဒ်): လည်ချောင်းနာခြင်းကို သက်သာစေဖို့အတွက်ဆိုပြီး ပြည့်ပြည့်စုံစုံ ပါဝင်ပါတယ်။

ဘယ်သူတွေအတွက်လဲ?

ကျောင်းသူ/သားများ: ကျောင်းတက်ရင်း၊ စာသင်ခန်းထဲမှာ ရောဂါကူးစက်မှုမှ ကာကွယ်လိုသူများ။

ရုံးသမားများ: ရုံးခန်းတွင်း၊ လူစုလူဝေးထဲ သွားလာရင်း ရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ်လိုသူများ။

ကိုယ်ခံအားနည်းသူများ: မကြာခဏ အအေးမိ၊ တုပ်ကွေးဖျားနာတတ်သူများ။

ဖျားနာမှုအတွက် ကြိုတင်ပြင်ဆင်လိုသူတိုင်း: ရုတ်တရက် ဖျားနာခဲ့ရင် လိုအပ်တဲ့ ဆေးဝါးတွေ အသင့်ရှိနေစေချင်သူများ။

အထူးပရိုမိုးရှင်း
ဒီလိုမျိုး အရည်အသွေးမြင့် ဆေးဝါးမျိုးစုံ ပါဝင်ပြီး ပြည့်စုံတဲ့ package တစ်ခုစီအတွက် အထူးပရိုမိုးရှင်းဈေးနှုန်း ၁၅,၀၀၀ ကျပ် (𝟏𝟓,𝟎𝟎𝟎 𝐌𝐌𝐊) သာ ကျသင့်မှာဖြစ်ပါတယ်!

My-Medicine ရဲ့ ရောင်းအားအကောင်းဆုံး အရည်အသွေးမြင့် ဆေးဝါးတွေကို တစ်ခုချင်းစီ လိုက်ရှာစရာမလိုဘဲ အသင့်သုံး Package အနေနဲ့ ဈေးနှုန်းသက်သာစွာနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်!

ဘယ်နေရာတွေကဝယ်ယူလို့ရမလဲဆိုရင်တော့
My-Medicine Website, CB Pay, AYA Pay, KBZPay Mini App, KBZPay Market တွေမှာ အထူးပရိုမိုးရှင်းဈေးနှုန်းနဲ့ ဝယ်ယူနိုင်ပါတယ်။

ပရိုမိုးရှင်းကာလကတော့ ဇူလိုင် ၁၇ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ပဲနော် ✨

Package ဝယ်ယူရန် link - https://mymedicine.com.mm/r/deE

ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးကာကွယ်မှုပါပဲ။ ရုတ်တရက်ဖြစ်လာနိုင်တဲ့ ဖျားနာမှုအတွက် လိုအပ်တဲ့ဆေးပစ္စည်းအားလုံးကိုစုစည်းပေးထားလို့ အိမ်တိုင်းဆောင်ထားသင့်တဲ့ package လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဈေးလဲသင့်တင့်ပြီး ပရိုမိုးရှင်းလဲရှိတာကြောင့်အခုပဲ​ order မှာယူလိုက်ကြရအောင် 💙

အသေးစိတ်သိရှိလိုပါက 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ page Messenger (သို့) ဖုန်းနံပါတ် 5588 (Extension -1) (သို့) 09779995588 ကို အခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

မိသားစုတစ်စုလုံးအတွက်ကျန်းမာရေးစောင့်ရှောက်မှုကိုဘယ်လိုရယူမလဲ?သင့်မိသားစုဝင်တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေနဲ့ နေထိုင်...
15/07/2025

မိသားစုတစ်စုလုံးအတွက်ကျန်းမာရေးစောင့်ရှောက်မှုကိုဘယ်လိုရယူမလဲ?

သင့်မိသားစုဝင်တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေနဲ့ နေထိုင်မှုပတ်ဝန်းကျင်ကို အခြေခံပြီး ပြည့်စုံတိကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုပေးစွမ်းနိုင်တဲ့ အထူးကုဆရာဝန်ကို မိသားစုဆရာဝန် (Family Physician) လို့ခေါ်ပါတယ်။

မွေးကင်းစကလေးငယ်လေးတွေကနေစလို့ သက်ကြီးရွယ်အိုတွေအထိ အသက်အရွယ်မရွေး၊ ကျားမ မရွေး ကျန်းမာရေးစောင့်ရှောက်မှုပေးပါတယ်။ ဆီးချို၊ သွေးတိုးလိုမျိုး နာတာရှည်ရောဂါတွေကစပြီး ရာသီအလိုက်ဖြစ်တတ်တဲ့ တုပ်ကွေးလိုရောဂါတွေကိုပါ ကျွမ်းကျင်စွာ ကြိုတင်ကာကွယ် ကုသပေးနိုင်ပါတယ်။

အခြားဆရာဝန်တွေနဲ့ မတူတဲ့အချက်ကတော့ မိသားစုရဲ့ နေထိုင်မှုပုံစံ၊ မျိုးရိုးလိုက်တတ်တဲ့ရောဂါ စတာတွေကိုမှတ်တမ်းပြုစုပြီးတော့ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါတွေကိုကြိုတင်စစ်ဆေးပေးခြင်း (ဥပမာ- ကာကွယ်ဆေးထိုးခြင်း၊ ပုံမှန်ဆေးစစ်ခြင်း)နဲ့ ကျန်းမာတဲ့နေထိုင်မှုပုံစံအတွက်အကြံဉာဏ်ပေးခြင်း စတာတွေကိုအဓိကထားဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူနာ ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောင့်ကြည့်ကာကွယ်ပေးရုံတင်မကဘဲ ဆီးချို၊ သွေးတိုးနဲ့ စိတ်ကျန်းမာရေးလိုမျိုး မိသားစုရဲ့ဘက်စုံကျန်းမာရေးကိုပါခြုံငုံသုံးသပ်ပြီး စနစ်တကျကုသပေးခြင်းတွေ လုပ်ဆောင်ပေးပါတယ်။

ပြောရမယ်ဆိုရင်တော့ Family Physician ဆိုတာက မိသားစုဝင်တစ်ဦးချင်းစီရဲ့ကျန်းမာရေးတင်မကဘဲ မိသားစုတစ်ခုလုံးရဲ့ကျန်းမာရေးကိုပါ ဘက်စုံခြုံငုံပြီးကြည့်ရှုစောင့်ရှောက်ပေးခြင်း၊ ရောဂါကာကွယ်ခြင်းနဲ့ ကျန်းမာရေးမြှင့်တင်ခြင်းတွေကို အလေးထားဆောင်ရွက်ပေးတဲ့ ကျွမ်းကျင်ဆရာဝန်တစ်ဦးပါပဲ။

ဒီလို ကျွမ်းကျင်တဲ့ Family physician နဲ့ တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 မှာဈေးနှုန်းအသက်သာဆုံးနဲ့ အသင့်တော်ဆုံး “𝗠𝗼𝗻𝘀𝗼𝗼𝗻 𝗙𝗮𝗺𝗶𝗹𝘆 𝗣𝗮𝗰𝗸𝗮𝗴𝗲” ရှိပါတယ်။ အတွေ့အကြုံများစွာရှိတဲ့ မိသားစုကျန်းမာရေး အထူးကုဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေအလွယ်တကူဆွေးနွေးတိုင်ပင်လို့ရမှာဖြစ်ပြီးတော့
🔹 မိသားစုဝင် ၃ ဦးအတွက် - ၃၀,၀၀၀ ကျပ်
🔹 မိသားစုဝင် ၃ ဦးနှင့်အထက်အတွက် - ၅၀,၀၀၀ ကျပ်တည်းနဲ့ ၃ လတာ အကြိမ်ရေအကန့်အသတ်မရှိ ဆွေးနွေးတိုင်ပင်ခွင့်ရရှိမှာဖြစ်ပါတယ်။

ဆေးခန်းပြသရန် - https://mymedicine.com.mm/r/FbJulyFamilyPhysicianDoctors

အသေးစိတ်သိရှိလိုပါက 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ page Messenger (သို့) ဖုန်းနံပါတ် 5588 (Extension -1) (သို့) 09779995588 ကို အခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

#မိသားစုကျန်းမာရေး

Address

Yangon

Opening Hours

Monday 09:00 - 00:00
Tuesday 09:00 - 00:00
Wednesday 09:00 - 00:00
Thursday 09:00 - 00:00
Friday 09:00 - 00:00
Saturday 09:00 - 00:00
Sunday 09:00 - 00:00

Telephone

+959779995588

Website

http://t.me/mymedicinemm

Alerts

Be the first to know and let us send you an email when My-Medicine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to My-Medicine:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram