Thein Gi

Thein Gi အမျိုးသမီးတိုင်း လှပကြတယ် ဒါပေမယ့်အဲဒီအလှတရားကိုမြင်အောင်ကြည့်တက်တဲ့ပတ်ဝန်းကျင်ကောင်းတော့ရှိရမယ်🦋

25/06/2025
ကောင်းမွန်တဲ့ မွတ်စလင်မ်ဆိုတာ......💗 ကိုယ့်ကိုကို ကောင်းမွန်သထက်ကောင်းမွန်အောင် ကြိုးစားပြုပြင်နေထိုင်ဖို့ကို ဘယ်တော့မှ ...
15/10/2024

ကောင်းမွန်တဲ့ မွတ်စလင်မ်ဆိုတာ......

💗 ကိုယ့်ကိုကို ကောင်းမွန်သထက်
ကောင်းမွန်အောင် ကြိုးစားပြုပြင်နေထိုင်ဖို့ကို ဘယ်တော့မှ မရပ်တန့်သူ

💗 သောင်ဗာဟ်ပြုခြင်းကို ဘယ်တော့မှ မရပ်တန့်သူ

💗 ဒိုအာတောင်းခံခြင်းကို မရပ်တန့်
သူ

💗 မိမိ ဘဝကို ဆဘရ် ၊ ရူကူရ်
၊ သဝကွလ် တို့နှင့် လျှောက်လှမ်းသူ

💗 အလ္လာဟ့် အသနားတော် အပေါ်
၌ မည့်သည့်အခါမှ မျှော်လင့်ချက် ကင်းမဲ့ခြင်းမဖြစ်သူ

ဖြစ်ပါတယ်.......

လှပသောနေ့သစ်လေးပါ......

မှန်ကန်ကောင်းမွန်တဲ့ မွတ်စ်လင်မ်တစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်ကြပါစို့ 😇

လေးစားခြင်းဖြင့်
Zara Abdullah

ချစ်ညီအစ်မများ.... သင်တို့ရဲ့ ချစ်စရာသမီးလေးများကို.... 💫  ဘယ်လို က ရမလဲ ဆိုတာ မသင်ပါနဲ့..👑  ဘယ်လို ဆွလာသ် ဝတ်ပြုရမယ်   ...
19/09/2024

ချစ်ညီအစ်မများ....
သင်တို့ရဲ့ ချစ်စရာသမီးလေးများကို....

💫 ဘယ်လို က ရမလဲ ဆိုတာ မသင်ပါနဲ့..
👑 ဘယ်လို ဆွလာသ် ဝတ်ပြုရမယ်
ဆိုတာကို သင်ကြားပေးပါ...

💫 ဘယ်လို သီချင်းဆိုရမယ်ဆိုတာကို
မသင်ပါနဲ့.....
👑 ဘယ်လို ကုရ်အာန်သေလာဝသ်
လုပ်ရမယ်ဆိုတာကို သင်ကြားပေးပါ...

💫 ဘယ်လို အသားအရေ ထိန်းသိမ်း
ရမယ်...ဘယ်လို ပေါင်းတင်ရမယ်
ဆိုတာ မသင်ပေးပါနဲ့....
👑 ဘယ်လို ဝူဇူပြုရမယ်ဆိုတာ သင်ကြား
ပေးပါ.....

💫 ဘယ်လို မိတ်ကပ် လိမ်းရမယ်ဆိုတာ
မသင်ပါနဲ့.....
👑 ဘယ်လို ဟိဂျဗ် ၊ နိကားဗ် ဝတ်ရမယ်
ဆိုတာ သင်ကြားပေးပါ.....

💫 ဘယ်လို ဓာတ်ပုံရိုက်ရမလဲ..ဘယ်လို
ပို့စ်ပေးရမယ်ဆိုတာ မသင်ပါနဲ့....
👑 ဘယ်လို ပရ်ဒါ ပြုရမယ်ဆိုတာ
သင်ကြားပေးပါ....

💫 ဘယ်လို သရုပ်ဆောင်တွေ ၊
အဆိုတော်တွေကို role model
လုပ်ရမယ် အတုခိုးရမယ်ဆိုပြီး
မသင်ပါနဲ့.....
👑 ဘယ်လို မိခင်မွန်ကြီးတွေကို စံပြထား
ရမယ်....ဘယ်လို လိုက်နာကျင့်သုံး
ရမယ်ဆိုတာ သင်ကြားပေးပါ....

ဒီနေ့ သင် သင်ကြားပေးသမျှအရာအားလုံး
နဲ့ပတ်သတ်တဲ့ မေးခွန်းတွေကို ကမ္ဘာ့တရားခွင်နေ့ မှာ သင်ကိုယ်တိုင်
ဖြေကြားရမှာမို့ပါ.....

လေးစားစွာဖြင့်
Zara Abdullah

ကျွန်မတို့ နှလုံးသားက ဘယ်လောက်တောင်သေးငယ်သလဲဆိုရင်ဇိကိရ်ကိုတောင် ရေတွက်ပြီးစိပ်ကျတယ်........အတိုင်းအဆမဲ့ ပေးတော်မူတဲ့အရှ...
22/08/2024

ကျွန်မတို့ နှလုံးသားက
ဘယ်လောက်တောင်
သေးငယ်သလဲဆိုရင်
ဇိကိရ်ကိုတောင် ရေတွက်ပြီး
စိပ်ကျတယ်........

အတိုင်းအဆမဲ့ ပေးတော်မူတဲ့
အရှင့်ရဲ့ နာမတော်ကို
ကျွန်မတို့က အတိုင်းအတာနဲ့
ဖတ်ရွတ်နေတာကို
စဥ္းစားမိတိုင်း ရှက်ရွံ့မိပါတယ်.....😔

အသနားတော်နဲ့ စိတ်ရှည်လက်ရှည်
အချိန်တွေပေးထားတဲ့ အရှင်အတွက်
ကျွန်မတို့မှာ ပြန်ပေးတာ
အချိန်တွေနည်းပါးနေပါလား
ဆိုတာကို တွေးလိုက်မိတိုင်း ရှက်ရွံ့မိပါတယ်......😔

ရောဂါအပေါင်းကနေ
ကာကွယ်ပေးထားတဲ့ အရှင့်ရဲ့
အမိန့်တွေကိုတောင် ခေါင်းကိုက်လို့
ခေါင်းမူးလို့ ၊ နေမကောင်းလို့
ဆိုတဲ့ အကြောင်းပြချက်တွေ ၊ ဆင်ခြေဆင်လက်တွေနဲ့
သွေဖြည်နေမိတာတွေကို
တွေးလိုက်မိတိုင်း ရှက်ရွံ့မိပါတယ်........😔

ပြုပြင်ရမှာတွေ
ပြုပြင်စရာတွေ......
ပြင်ဆင်ရမှာတွေ
ပြင်ဆင်စရာတွေကို.......
စဥ္းစားမိတိုင်း ကိုယ့်မှာ
အချိန်ရှိပါ့မလား လို့
တွေးရင်း ထိတ်လန့်မိပါတယ်....😔

လေးစားခြင်းဖြင့်
🦋 𝚉𝚊𝚛𝚊 𝙰𝚋𝚍𝚞𝚕𝚕𝚊𝚑༊*·˚

08/08/2024

Be a good person
in real life,not in social media.

08/08/2024

လမ်းဆုံးရင်ရွာတွေ့လိမ့်မယ်
"""""""""""""""""""""""""""""
သင်ကောင်းတာ ဘယ်လောက်ပဲလုပ်လုပ်
ကောင်းအောင်ဘယ်လိုပဲနေနေ
ပြောဆိုဝေဖန်နေကြမယ့်
သင့်ရဲ့ပရိသတ်တွေကတော့
ရှိနေပြီးသားပါပဲ။

သူတစ်ပါးရဲ့အထင်အမြင်တွေကို
သိပ်အလေးမထားပါနဲ့။

တစ်ခါတလေ တစ်ချို့အရာတွေအတွက်
မျက်စိမှိတ်
နားပိတ်
ပါးစပ်ကို စေ့ထားနိုင်ပါမှ
အေးချမ်းမှုကို ရတာ
အဆင်ပြေတာ
အမှိုက်တွေ ဦးနှောက်ထဲမဝင်တာ။

သူများကိုယ့်ကို မကောင်းဘူးလို့ပြောတိုင်း
ကိုယ်က မကောင်းတဲ့သူဖြစ်သွားတာ
မဟုတ်သလို....

သူများကောင်းတယ်လို့
ပြောတိုင်းလည်း
ကိုယ်က လူကောင်းဖြစ်မသွားပါဘူး။

အရေးကြီးတာက
ကိုယ်ကောင်းနေဖို့ပဲ လိုတာပါ။

သာမန်ပုထုဇဥ် အလွှာပေါင်းစုံ
အရောင်မျိုးစုံအောက်မှာ
သင်ဘာပဲလုပ်လုပ်
ကဲ့ရဲ့ ပြစ်တင် ဝေဖန်ခံရခြင်းတွေကတော့
ရှိနေအုံးမှာပဲ။

အဲ့ဒိတော့
ကိုယ့်လုပ်ရပ် မှန်ကန်နေရင်
ဘယ်သူမကောင်းပြောပြော
ခေါင်းလေးတောင်
စောင်းငဲ့မကြည့်လိုက်ပါနဲ့

ဘယ်သူက ဘာဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

(6_2_24)

ကြုံရပေါင်းမနည်းသော ဖြစ်စဥ်...😁နွားတစ်ကောင်က သခင်ခိုင်းတာတွေ လုပ်ပြီးအလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ်..တဲ့။ခွေးတစ...
19/07/2024

ကြုံရပေါင်းမနည်းသော ဖြစ်စဥ်...😁

နွားတစ်ကောင်က
သခင်ခိုင်းတာတွေ လုပ်ပြီး
အလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ်..တဲ့။

ခွေးတစ်ကောင်က
လာပြီး နှုတ်ဆက်တယ်။
"ကိုနွား နေမကောင်းဘူးလား" ပေါ့။
နွားက
"ပင်ပန်းလို့ပါကွာ။
မနက်ဖြန်တစ်ရက်လောက် နားရရင်
ကောင်းမှာပဲကွာ" လို့ ပြောလိုက်တယ်။
ညည်းလိုက်တယ် ဆျိုပါတော့။

အဲ့ဒါကို ခွေးက ကြောင်နဲ့တွေ့လို့
ပြောတဲ့အခါကျတော့
"နွားက ပြောတယ်။
ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက်
နားချင်တယ်တဲ့။
သခင်ကလည်း အရမ်းခိုင်းလွန်းတယ် ထင်ပါတယ်ကွာ"တဲ့။
သခင်က အရမ်းခိုင်းလွန်းတယ်
ထင်တယ်
ဆိုတဲ့သူ့ရဲ့ comment ပါ ပါသွားပြီ။

ဒါကို ကြောင်က ဆိတ်ကို ပြန်ပြောတဲ့အခါကျတော့
"နွားကို သခင်က အရမ်းခိုင်းလွန်းတော့
ပင်ပန်းလွန်းလို့ မနက်ဖြန်ကစပြီး
အလုပ်မလုပ်ချင်တော့ဘူးလို့ ပြောတယ်"
ဆိုပြီး စကားက ပြောင်းသွားတယ်။

တစ်ခါ ဆိတ်က ကြက်ကို ပြောတဲ့အခါကျတော့
"နွားက မနက်ဖြန် သခင်အတွက်
အလုပ်မလုပ်ပေးချင်တော့ဘူး။
ခိုင်းလွန်းလို့ သခင့်ကို မကျေမနပ်
ဖြစ်နေတယ်"လို့ဖြစ်သွားပြန်ရော..တဲ့။

ကြက်က ဝက်ကို တဆင့်ထပ်ပြောတဲ့အခါကျတော့
"နွားက မနက်ဖြန်ကစပြီး
သခင်ခိုင်းတာတွေ မလုပ်တော့ဘူး။
သခင့်ကိုမကျေနပ်ဘူး။ သခင်အသစ် ရှာချင်နေတယ်လို့ကြားတယ်"ဆိုပြီး စကားက ကားသွားပြီ။

သခင်ရဲ့မိန်းမက ဝက်စာ လာကျွေးတဲ့အချိန်မှာ
ဝက်က ပြောတယ်တဲ့။
"သခင်မ..နွားက အချိုးတွေပြောင်းနေပြီ။
သခင်မတို့ကို မကျေနပ်ဘူး။
သခင်မတို့အလုပ်တွေကို
မနက်ဖြန်ကစပြီး လုပ်မပေးတော့ဘူးလို့
ပြောနေတယ်နော်" ပေါ့။

မိန်းမကလည်း သူ့ယောက်ျားကို ပြန်ပြောတာပေါ့။
"ရှင့်နွားက ရှင့်ကိုသစ္စာဖောက်သွားပြီနော်၊
မနက်ဖြန်ကစပြီး ရှင်ခိုင်းတာတွေ လုပ်မပေးတော့ဘူးလို့ ပြောနေတယ်"တဲ့။

အဲ့ဒီအခါ ယောက်ျားက
"သစ္စာဖောက်တော့လည်း
အသားပေါ် ရောင်းလိုက်ရုံပေါ့ကွာ"တဲ့။
အဲ့ဒါနဲ့ပဲနောက်နေ့မှာ နွားဟာ အသတ်ခံလိုက်ရရော..တဲ့။

တကယ်တော့ နွားပြောတာက
"ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက် နားရရင်ကောင်းမယ် " ဒါလေးပဲ။
သူ့ရဲ့ဆန္ဒကို သူပြောရုံလေးပဲ။
သခင်ကို ထိခိုက်ပြောတာလည်း မပါဘူး။

ဒါပေမယ့် စကားတွေက ချဲ့ကားရင်းနဲ့
နောက်ဆုံးမှာ ဒီစကားလေးအတွက်
သူ အသတ်ခံလိုက်ရတယ်...တဲ့။

ဆက်စပ်ပြီး ပြန်တွေးကြည့်တော့
ဟုတ်နေတာပဲ။
ငါတို့လည်း တစ်ခါမက ကြုံခဲ့ဘူးတာပဲ။
နွားလို အသက်သေအောင် အသတ်မခံရပေမယ့်
ကိုယ်တကယ်မပြောခဲ့တဲ့ စကားတွေအတွက်၊
ကိုယ်တကယ်မလုပ်ခဲ့တဲ့ အပြုအမူတွေအတွက်
ဘဝသေအောင်၊နာမည်သေအောင်ထိ
အသတ်ခံခဲ့ရဘူးတာပဲ။

တစ်ယောက်တည်း မနေနဲ့၊
တစ်ယောက်တည်း မကြံနဲ့၊
တစ်ယောက်တည်း မခံစားနဲ့
တိုင်ပင်ပါ၊အကြံဥာဏ်တောင်းပါ၊
ရင်ဖွင့်ပါလို့တော့ ပြောကြတာပဲ။
ပြောမိ ပြန်တော့လည်း ရေရောခံရရင်၊
ကိုယ့်စကားကို ပုံဖျက်ခံလိုက်ရရင်
ကိုယ်ပဲ ခံရပြန်ရော။

အခုလို....
လူမှုကွန်ရက် ယဉ်ကျေးမှုထွန်းကားတဲ့ခေတ်မှာ
ပိုသိသာတယ်။
ဖေ့စ်ဘုတ်မှာ မင်းပြောချင်တာတစ်ခုခုကိုရေးပြီး
တင်ကြည့်လိုက်ပါလား။
မင်းပေးချင်တဲ့မက်ဆေ့ခ်ျကို လူတိုင်းသိချင်မှ သိတာ။
မင်းမျှော်လင့်မထားတဲ့ရှုဒေါင့်က အမြင်တွေနဲ့ပေးတဲ့ comments တွေ မင်းတွေ့လိမ့်မယ်။

အဲ့ဒီတော့ကွာ...
ကိုယ်လည်း စိတ်ချလက်ချ မပြောရဲ၊
ကိုယ်ကြားသမျှကိုလည်း မယုံရမှတော့
နားရောပါးစပ်ရော ပိတ်ထားတာ ကောင်းပါတယ်။
လောကမှာ သိစရာတွေကတော့ အများကြီးပဲ။
လိုက်လို့ကို မကုန်နိုင်ဘူး။
ဒါပေမယ့်
အကုန်သိစရာမှ မလိုတာ။
မသိမဖြစ် သိသင့်တာလောက်ပဲ သိရင်တော်ပြီပေါ့။
crd:

"ဒိုအာရဲ့အစွမ်းဟာ နဖူးစာကိုတောင် ပြောင်းလဲပစ်နိုင်တယ်"ပင်ပန်းအောင်ကြိုးစားတိုင်းလည်း ကိုယ် မက်မောပြီးလိုချင်နေတဲ့အရာတွေတ...
02/07/2024

"ဒိုအာရဲ့အစွမ်းဟာ နဖူးစာကိုတောင် ပြောင်းလဲပစ်နိုင်တယ်"

ပင်ပန်းအောင်ကြိုးစားတိုင်းလည်း ကိုယ် မက်မောပြီးလိုချင်နေတဲ့အရာတွေတာမရခဲ့ရင်

ကျွန်တော်တို့ ပြောနေကြစကားတစ်ခုက "ငါ့နဖူးစာမှာ မရေးထားလို့" ဆိုတဲ့စကားပဲ

အလ္လာဟ်အရှင်မြတ် အမိန့်ရှိတော်မူသည်

အကယ်၍ နဖူးစာမှာရေးထားတဲ့ အတိုင်းသာ အရာအားလုံးဖြစ်လာခဲ့မယ်ဆိုရင်

ငါအရှင်ဟာ လူသားတွေကို ဒိုအာတောင်းဖို့ သင်ပေးမှာမဟုတ်ဘူး။

Address

Yangon

Telephone

+959965074419

Website

Alerts

Be the first to know and let us send you an email when Thein Gi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram