Sandi Beauty

Sandi Beauty Healthy&Beauty✨

ခုတလော လူငယ်တွေထဲမှာ ကျောက်ကပ်ရောဂါ အဖြစ်များလာတာ တွေ့ရပါတယ်....ကျောက်ကပ် ရောဂါ က ဖြစ်ပြီ ဆိုရင် အတော်ကိုမလွယ်တဲ့ ရောဂါပ...
05/07/2025

ခုတလော လူငယ်တွေထဲမှာ ကျောက်ကပ်ရောဂါ အဖြစ်များလာတာ တွေ့ရပါတယ်....
ကျောက်ကပ် ရောဂါ က ဖြစ်ပြီ ဆိုရင် အတော်ကိုမလွယ်တဲ့ ရောဂါပါ....
လူလည်း ပင်ပန်းသလို ဆေးကုသစရိတ် လည်း များ၊ အစားအစာရှောင်ရတာတွေ လည်း များတာမို့ မဖြစ်ခင်ထဲ က ကြိုတင် ဂရုစိုက်တာ အကောင်းဆုံးပါ...

✅ ရေ ကိုပျမ်းမျှ အားဖြင့် အနည်းဆုံး ၂ လီတာ (သို့) ၈ ဖန်ခွက် သောက်ပါ၊ ရာသီဥတု ပူတဲ့ရက်၊ ချွေးထွက် များတဲ့ ရက်ဆို ဒီ ထက် ပိုသောက်ရပါမယ်

✅ ကျောက်ကပ် အားကောင်းစေတဲ့ ဘယ်ရီသီး၊ပန်းသီး၊ငါးအမျိုးမျိုး၊ကြက်ဥအကာ ၊ကြက်သွန်ဖြူ၊ ငရုတ်ပွသီး၊ သံလွင်ဆီ ၊ဂေါ်ဖီထုပ်၊ ပန်းပွင့် တို့ စားပေးပါ

✅ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ (မပြည့်ဝဆီ ပါဝင်မှုများတဲ့ )ဆီ ကို သုံးပါ

✅ အစေ့အဆန်လေးတွေ စားပေးပါ

✅ အသား စားရင် တတ်နိုင်သမျှ အဆီ ရှောင်ပါ (အနီရောင်အသားကို တပတ် ၂ရက်ခန့်သာစားပါ)

✅ အုတ်၊ ဂျုံကြမ်း၊ ပေါင်မုန့်ကြမ်း၊ whole grain တွေ စားပေးပါ

ရှောင်ရမှာတွေကတော့....
🚫 အငန် ဓာတ် တတ်နိုင်သမျှ လျော့ပါ ( တနေ့ကို ဆား လက်ဖက်ရည် ၁ဇွန်း ထက် ပို မသုံးပါနဲ့)
🚫 အချိုမှုန့် ကြက်သားမှုန့် နဲ့ အခြား အငန်ဓာတ် ဟင်းခတ်တွေ တတ်နိုင်သမျှ လျော့ပါ
🚫 အသင့်စား ခေါက်ဆွဲခြောက်ထုတ် sausage၊ bacon ၊ ချိစ်၊ အာလူးကြော်၊ fast-food
🚫 အချိုလွန်ကဲတဲ့ အစားအစာတွေ၊ gas ပါတဲ့ soft drink
🚫 ဓညင်းသီး
🚫 အရေးကြီးတာ အထိုင် များတဲ့ life style တတ်နိုင်သမျှ လျော့ဖို့လ်ိုပါတယ်၊ (ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး နာရီဝက်-၁ နာရီခန့် ရှိပါစေ)
🚫 ဆီးသွားချင်ရက်နဲ့ အလုပ်များလို့ အောင့်ထားတာ မျိုးတွေ မလုပ်ပါနဲ့
🚫 ဆေးတွေ အထူး သဖြင့် အက်ိုက်အခဲ ပျောက်ဆေး တွေ မလ်ိုအပ်ပဲသောက်ပါနဲ့
🚫 အဝမလွန်ပါစေနဲ့
🚫 ဆေးလိပ် အရက် တတ်နိုင်သမျှ လျော့ပါ

အောက်ပါ အချက်တွေ ကြုံရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပေးပါ....

❗ဆီးအရောင် ပြောင်းတာ၊ ဆီးသွားရင် သွေးပါတာ၊ အမြှပ်ထတာ၊ ဆီးသွားရခက်တာ၊ ဆီးခဏခဏ သွားတာ
❗အရေပြားခြောက်သွေ့ပြီးယားယံတာ
❗ခြေလက် တွေ ဖောရောင်လာတာ
❗အစားစားချင်စိတ် မရှိတာ
❗အမြဲ ပင်ပမ်းနွမ်းနယ်တာ၊ အိပ်ရေးမဝတာ
❗ကြွက်သားတွေ နာကျင်ကိုက်ခဲတာ

ရောဂါ ဖြစ်ပြီဆိုရင် ရောဂါပေါ် မူတည်ပြီး အစားအစာပမာဏ ရေပမာဏ စတာတွေ ကန့်သတ်ရတာမို့ မဖြစ်ခင်ထဲက ကြိုတင် ဂရုစိုက်တာ အကောင်းဆုံး ပါပဲရှင် ✅

 #ပန်းဂေါ်ဖီစိမ်း၏ကောင်းကျိုးများ💚💚💚💚💚💚💚💚💚- ပန်းဂေါ်ဖီစိမ်းတွင် သံဓါတ်၊ပရိုတင်းဓါတ်၊ဗီတာမင် အေ နှင့်  စီတို့များစွာပါ၀င်...
03/07/2025

#ပန်းဂေါ်ဖီစိမ်း၏ကောင်းကျိုးများ
💚💚💚💚💚💚💚💚💚

- ပန်းဂေါ်ဖီစိမ်းတွင် သံဓါတ်၊ပရိုတင်းဓါတ်၊ဗီတာမင် အေ နှင့် စီတို့များစွာပါ၀င်
ပါသည်။

- Phytochemicals ဒြပ်ပေါင်းနှင့် Antioxidants တို့ပါ၀င်သောကြောင့်ဖျား

နာခြင်းများကိုလည်းခုခံကာကွယ်ပေးနိုင်ပါသည်။

- ပန်းဂေါ်ဖီစိမ်းသည် အစာအိမ်ကင်ဆာရောဂါဖြစ်ပေါ်စေသော

ဘက်တီးရီး
ယားကိုကာကွယ်ပေးပါသည်။

- ကိုလက်စထရောကိုလည်းကျစေပြီး သွေးတိုးလည်းကျစေပါသည်။

- Antioxidants ပါ၀င်သောကြောင့်အိုမင်းရင့်ရော်မှုကိုလည်း သက်သာစေ
ပါသည်။

- ၎င်းတွင်ကယ်လ်စီယမ်နှင့်ဗီတာမင်များစွာပါ၀င်သောကြောင့်

အရိုးပွရောဂါ
ကိုလည်းကာကွယ်နိုင်ပါသည်။

- ပန်းဂ်ါဖီစိမ်းတွင်အမျှင်ဓာတ်များပါ၀င်သောကြောင့်လည်း အစာကြေ

လွယ်ပြီး ၀မ်းချုပ်ခြင်းမှလည်းကာကွယ်ပေးပါသည်။

- ဓာတ်မတည့်ခြင်းနှင့်ရောင်ရမ်းခြင်းကိုလည်းသက်သာပျောက်ကင်းစေပါသည်။

- သံဓါတ်ပါ၀င်သောကြောင့်လည်း သွေးအားနည်းရောဂါဖြစ်ခြင်းမှလည်းကာ
ကွယ်ပေးပါသည်

ဆလပ်ရွက်ကို စားပေးမယ်ဆိုရင်...💚💚💚💚💚💚💚💚💚    ဆလပ်ရွက်ကို ပထမဆုံး အီဂျစ်နိုင်နိုင်ငံမှာ ဘီစီ ၂၆၈၀ ခန့်က စတင်စိုက်ပျိုးခဲ့ကြ...
02/09/2024

ဆလပ်ရွက်ကို စားပေးမယ်ဆိုရင်...
💚💚💚💚💚💚💚💚💚

ဆလပ်ရွက်ကို ပထမဆုံး အီဂျစ်နိုင်နိုင်ငံမှာ ဘီစီ ၂၆၈၀ ခန့်က စတင်စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြပါတယ်။

အီဂျစ်ရဲ့ နံရံဆေးရေးပန်းချီတွေနဲ့ အုတ်ဂူတွေမှာ ဆလပ်ရွက်ပုံစံတွေ ရေဆွဲထားတာမျိုးတွေ တွေ့ရပါတယ်။

၁၉၀၀ ပြည့်နှစ်ပိုင်းတွေမှာတော့ အနောက်နိုင်ငံတွေက ဆလပ်ရွက်ကို စီးပွားဖြစ်စိုက်ပျိုးပြီး ပါကင်ထုပ်ကာ ရေလမ်းခရီးနဲ့ တင်ပို့ရောင်းချခဲ့ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတယ်

ဇီဝကမ္မဖြစ်စဉ်ဆိုတာက စားသုံးလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ် ပြောင်းလဲသွားခြင်းနဲ့ တခြား အရေးကြီးတဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်ပေးပါတယ်။

ဆလပ်ရွက်က ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတဲ့အပြင် မဂ္ဂနီဆီယမ်၊​ သံဓာတ်၊ ပိုတက်ဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့ B-Complex ဓာတ်တွေလည်း အများကြီး ပါဝင်နေပါတယ်။

နှလုံးပြဿနာတွေကို လျော့ချပေးပါတယ်

ဆလပ်ရွက်ထဲမှာ Beta Carotene ဓာတ်နဲ့ ဗီတာမင်စီတွေ ကြွယ်ဝစွာပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေ သွေးကြောထဲမှာ အနည်ကျမှုကို ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တွေကလည်း မကောင်းတဲ့ကိုလက်စထရောအဆင့်ကို လျော့ချပေးပါတယ်။

ဆီးချိုကို လျော့ချပေးပါတယ်

ဆလပ်ရွက်က ဆီးချိုဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့ချပေးနိုင်တာကြောင့် ဆီးချိုဖြစ်နိုင်ချေကို ကာကွယ်ပေးပါတယ်။

ကင်ဆာကို ကာကွယ်ပေးပါတယ်

ဆလပ်ရွက်က အထူးသဖြင့် သွေးကင်ဆာနဲ့ ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်

ကန်စွန်းဥစားခြင်း အကျိုးကျေးဇူးများ✨💛💛💛🍠💛💛💛ကန်စွန်းဥက ဗီတာမင်ဓာတ်အပြင် ကျွန်မတို့ ကျန်းမာရေးအတွက် ကောင်းတဲ့သတ္တုဓာတ်တွေ ...
03/08/2023

ကန်စွန်းဥစားခြင်း အကျိုးကျေးဇူးများ✨
💛💛💛🍠💛💛💛
ကန်စွန်းဥက ဗီတာမင်ဓာတ်အပြင် ကျွန်မတို့ ကျန်းမာရေးအတွက် ကောင်းတဲ့သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်ပါတယ်။ အားကစားသမားတွေရဲ့အကြိုက်ဆုံးအစားအစာလို့တောင်ပြောလို့ရပါတယ်။ ဒါပေမဲ့ ကန်စွန်းဥက ကယ်လိုရီပမာဏ များတဲ့အတွက် ဝစေနိုင်တဲ့ အစားအစာလို့ ထင်နေကြပါတယ်။ တကယ်တော့ ဒါ မမှန်ပါဘူး။ ကန်စွန်းဥက ရိုးရိုးအာလူးတွေယှဉ်ရင် ကျန်းမာရေးနဲ့ညီညွှတ်ပြီး ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့အစားအစာအဖြစ်လည်း သက်သပြချက်တွေရှိပါတယ်။

အမျှင်ဓာတ်ပါဝင်မှုမြင့်မား
ကန်စွန်းဥက ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့ အမျှင်ဓာတ်ပါဝင်မှုမြင့်မားပါတယ်။ ကန်စွန်းဥစားထားတာနဲ့ သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်နေသလိုခံစားရစေတဲ့အတွက် အစားခဏခဏမစားအောင် ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ကန်စွန်းဥကို စားသုံးတာက ဇီဝဖြစ်စဉ်တွေ၊ အစောခြေစနစ်တွေကို ကောင်းမွန်စေသလို ကိုယ်အလေးချိန်ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။

ကာဗွန်ဟိုက်ဒရိုတ် ကြွယ်ဝစွာပါဝင်
ကိုယ်အလေးချိန်ကျအောင် ကြိုးစားနေတဲ့သူတွေလည်း ကာဗွန်ဟိုက်ဒရိုတ်ကို လုံးဝလျစ်လျူရှုထားလို့မရပါဘူး။ ကာဗွန်ဟိုက်ဒရိုတ်က အမျိုးမျိုးသောလုပ်ဆောင်ချက်အတွက် သင့်ကို စွမ်းအင်ထောက်ပံ့ပေးထားပါတယ်။ သင့်ခန္ဓာကိုယ်က ကာဗွန်ဟိုက်ဒရိုတ်လုံလောက်စွာမရဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် တက်ကြွနေစေဖို့၊ ကျန်းမာနေစေဖို့ ခွန်အားရှိမှာမဟုတ်ပါဘူး။

ရေဓာတ်ပါဝင်မှုများ
ရေဓာတ်ကုန်ခန်းတာက သင့်ရဲ့ဇီဝဖြစ်စဉ်ကို နှေးသွားစေနိုင်ပါတယ်။ ကန်စွန်းဥကို စားပေးတာက သင့်ခန္ဓာကိုယ်ဆဲလ်တွေကို ပြန်လည်ရေဓာတ်ပြည့်လာစေပြီး ဇီဝဖြစ်စဉ်အားကောင်းစေပါတယ်။ ရေဓာတ်ပြည့်ဝနေမှ PH ပမာဏညီမျှအောင် သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးမှာဖြစ်ပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။

အန်တီအောက်စီဒန့် (Antioxidants) ကြွယ်ဝ
ကန်စွန်းဥက အန်တီအောက်စီဒန့်များစွာပါဝင်တဲ့အတွက် ကိုယ်အလေးချိန်မတက်အောင်လည်း သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

ကန်စွန်းဥဟာ ဟင်းပွဲနဲ့ အချိုပွဲတချို့မှာ တွေ့နေကျ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သဘာဝအလျောက် ချိုတဲ့အရသာရှိပြီး သကြားဓာတ်များစွာ ပါဝင်ပါတယ်။ ကန်စွန်းဥက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ အကုန်အကျသက်သာပြီး အမြင်အာရုံဝေဝါးမှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွင်းရောက်သွားရင် ဗီတာမင် A အဖြစ်သို့ ပြောင်းလဲတဲ့ beta-carotene ပမာဏမြောက်များစွာ ပါရှိပါတယ်။ ကန်စွန်းဥက အမျှင်ဓာတ် အရင်းအမြစ်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ ကန်စွန်းဥ တစ်လုံးစားခြင်းက အမျှင်ဓာတ် ၄ ဂရမ် ရရှိစေပါတယ်။

အမြင်အာရုံဆုံးရှုံးမှု ကာကွယ်ပေးတဲ့အပြင် ဗီတာမင် A က ကိုယ်ခံအားစနစ် တိုးမြင့်စေနိုင်ပြီး မျက်စိနဲ့ အရိုးတွေ ပိုမိုကျန်းမာစေနိုင်ပါတယ်


Face mask ကပ်ရင် လုပ်တတ်တဲ့အမှားများ❣❣❣❣❣❣❣❣❣✅ Face mask ကပ်ပြီး အသားရေဘာမှပြောင်းလဲမလာဘူးဆိုပြီးကြုံဖူးကြလား။ အဲတာဆို ဒ...
18/06/2023

Face mask ကပ်ရင် လုပ်တတ်တဲ့အမှားများ
❣❣❣❣❣❣❣❣❣

✅ Face mask ကပ်ပြီး အသားရေဘာမှပြောင်းလဲမလာဘူးဆိုပြီးကြုံဖူးကြလား။ အဲတာဆို ဒီအမှား 8 ချက်ကိုလုပ်မိနေလားပြန်စဉ်းစားပေးပါနော်

1️⃣ mask ကိုကြာကြာကပ်လေကောင်းလေ

-မှားပါတယ်။ ၁၅-၂၀ မိနစ်ကပ်ပေးရင်လုံလောက်ပါပြီ။ sheet mask ကိုခွ့ါပြီး အရည်တွေကိုစိမ့်ဝင်အောင် ပုတ်/ နှပ်နယ်တာများလုပ်သင့်ပါတယ်။

❗️ကြာကြာကပ်ရင်ဘာဖြစ်လည်း?

-Sheet mask ခြော-က်သွားရင် မိမိအသားရေထဲက ရေဓာတ်ကိုပါပြန်လည်စုတ်ယူသွားတာမို့ sheet မ​ခြော-က်ခင်ခွါပေးရမှာပါ။

2️⃣ Mask Sheet ကိုကပ်ပြီးပိုတဲ့အရည်ထဲပြန်ထည့်နောက်တစ်ခါပြန် သုံးခြင်း။

-ဒါလည်းမလုပ်သင့်ပါဘူး၊ လေနဲ့ထိတွေ့လိုက်ပြီ ဆိုကတည်းက oxidation ဖြစ်ပါပြီ၊ mask sheet မှာဖုန်တွေများကပ်နေခဲ့ရင် အခန့်မသင့်ရင် allergy ဖြစ်နိုင်ပါတယ်။ တစ်ကြိမ်ပဲကပ်ပြပီး ပစ်လိုက်ပါတော့။

- ပိုနေတဲ့ essence တွေကို ခြေထောက်၊ လည်ပင်းနဲ့ လက်တွေလိမ်းနိုင်ပါတယ်။

3️⃣ Mask မကပ်ခင် deep cleansing မလုပ်ခြင်း

- mask ကပ်တော့မယ်ဆို double cleansing လူပ် ထားမှအသားရေထဲ ပိုမို့စိမ့်ဝင်ကာအာနိသင်ပိုကောင်းပါတယ်။ scrub လုပ်နိုင်ရင်ပိုကောင်းပါတယ်။

4️⃣ Mask မကပ်ခင် Toner / essence မသုံးခြင်း။

- အသားရေက သန့်စင်ပြီးစိုစွတ်နေဖို့ လိုအပ်တာမို့ Toner / treatment essence ကို သုံးပြီးမှ ကပ်ပေးသင့်ပါတယ်။ ဒါမှမဟုတ် Facial mist တစ်ခုခုလည်းဖြန်းပေးနိုင်ပါတယ်။

5️⃣ Mask ကပ်ပြီး moisture မလိမ်းခြင်း။

- mask ကပ်ပြီးသွားရင် ပိုနေတဲ့ essence တွေကိုစိမ့်ဝင်အောင်လိမ်းပြီးတာနဲ့ serum & cream လိမ်းပေးရပါမယ် ဒါမှသာ skin ရဲ့ moisture ကိုထိမ်းသိန်းပေးပြီးmask ထဲမှာပါတဲ့ treatment essence ရဲ့အာနိသင်ကို restore လုပ်ပေးပါတယ်။

6️⃣ Mask ကပ်ပြီးနောက်ရက်ကို peeling / scrub တွေလုပ်ခြင်း

- mask ကပ်ပြီးအသားရေကနုညံ့နေတာမို့ နောက်ရက်တွေမှာ peeling တွေ scrub တွေလိုလုပ်တာမျိုးရှောင်ပေးရပါမယ်၊ အသားရေဒဏ်ဖြစ်သွားနိုင်ပါတယ်။

7️⃣ Mask ကပ်ပြီးနောက်ရက် Sunscreen သေချာမလူးခြင်း

ဒါကတော့နေ့တိုင်းလူးရမှာပါ သတိလက်လွတ်ဖြစ်သွားမှာဆိုးလို့ပါ။

8️⃣ မျက်နှာပြန်သစ်ချတာ။

- တစ်ကယ်တော့ sheet mask အများစုတွေကပြန်သစ်ဖို့မလိုအပ်ပါဘူး။ သူမှာပါတဲ့အရည်တွေသေချာစိမ့်ဝင်အောင်လုပ်ပေးရမှာပါ။
အရမ်းစေးကပ်လို့ မနေတက်ရင်တော့ mask sheet ခွါပြီး ၁၅ မိနစ်လောက်သေချာနှိပ်နယ်ပီးရင် ရေ သီးသန့်နဲ့ပဲဆေးချပါ ။ ❗️ဆပ်ပြာမသုံးရပါဘူး

တရားထိုင်ခြင်းအကျိုး💚💚💚💚💚💚💚တရားထိုင်ခြင်း(Meditation)ဟာ ကောင်းတဲ့အလုပ်တစ်ခုဖြစ်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။သ...
04/05/2023

တရားထိုင်ခြင်းအကျိုး
💚💚💚💚💚💚💚

တရားထိုင်ခြင်း(Meditation)ဟာ ကောင်းတဲ့အလုပ်တစ်ခုဖြစ်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။

သိပ္ပံနည်းကျ လေ့လာမှုအရ တရားထိုင်ခြင်းဟာ လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုး အများကြီးပေးနိုင်တယ် ဆိုတာကိုလေ့လာတွေ့ရှိထားပါတယ်။ တရားထိုင်ခြင်းရဲ့ ကောင်းကျိုးတွေ ကို အောက်မှာဖော်ပြထားပါတယ်။

တရားထိုင်တဲ့အချိန်မှာ ခန္ဒာကိုယ်တစ်ခုလုံးပြောင်းလဲမှုဖြစ်ပြီး ခန္ဒာကိုယ်အထဲမှာရှိတဲ့ ဆဲလ်တစ်ခုစီမှာ ပရာနာ (prana) လို့ခေါ်တဲ့ခွန်အားတွေနဲ့ ပြည့်နှက်စေပါတယ်။

ဒါကြောင့် စိတ်ကိုပျော်ရွှင်စေတဲ့အပြင်၊ ငြိမ်းချမ်းမှုကို ရရှိစေယုံသာမက ခွန်အားတိုးပွားပြီး စိတ်အားထက်သန်မှုကိုလဲ တိုးပွားစေတယ်။

တရားထိုင်ခြင်းအားဖြင့် ရရှိနိုင်တယ့် ရုပ်ပိုင်းဆိုင်ရာကောင်းကျိုးများမှာ-

သွေးတိုးခြင်းကိုလျှော့ချပေးတယ်။

သွေးတွင်းမှာရှိတဲ့ လက်တေ့အက်စစ်ပါဝင်မှုကိုလျှော့ချပေးတယ့် အပြင် စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်တယ်။

အကြောတင်းခြင်းများကို လျှော့ချပေးနိုင်ပြီး ခေါင်းကိုက်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်သားနှင့် အဆစ်များနာကျင်ခြင်းကို လျှော့ချပေးနိုင်တယ်။

လုပ်ဆောင်မှုများကို တိုးတက်စေတယ်။

ကိုယ်ခံအားကို ပိုမိုတိုးပွားလာစေတယ်။

ခန္ဒာကိုယ်တွင်းရှိ ခွန်အားကိုတိုးပွားစေတယ်။

စိတ်ပိုင်းဆိုင်ရာကောင်းကျိုးများမှာ-

ဦးဏှောက်လှိုင်းတွေကို အကောင်းဆုံးအနေအထားသို့ရောက်ရှိစေတဲ့့အတွက် စိတ်ခံစားမှုမှာ နူးညံ့သိမ့်မွေ့ လာစေသလို လန်းဆန်းတက်ကြွနေစေတယ်။

စိုးရိမ်ကြောင့်ကြမှုကိုလျှော့ချပေးတယ်။

စိတ်တည်ငြိမ်မှုကို တိုးတက်လာစေတယ်။

တီထွင်နိုင်စွမ်းကိုတိုးတက်လာစေတယ်။

ပိုမို ပျော်ရွှင်မှုလာစေတယ်။

ထိုးသွင်းသိမြင်နိုင်စွမ်းကို တိုးတက်လာစေတယ်။

စိတ်ကို ရှင်းလင်းစေပြီး တည်ငြိမ်အေးချမ်းမှုကိုရရှိစေတယ်။

တရားထိုင်ခြင်းဟာ အာရုံစူးစိုက်မှုကို ပိုကောင်းစေတဲ့အပြင် စိတ်ကို သက်တောင့်သက်သာ အနေအထားကို ရောက်ရှိစေတဲ့အတွက် စိတ်ကို ထက်မြက်လာစေတယ်။

စိတ်ထက်မြက်မှုမရှိရင် စိတ်တင်းကြပ်နေပြီး ဒေါသထွက်လွယ်လာမှာဖြစ်တဲ့အပြင် စိတ်ကို ရှုပ်ထွေးစေမှာ ဖြစ်တယ်။

ထက်မြက်တဲ့ စိတ်နဲ့ ပိုမိုကောင်းမွန်တဲ့ အသိတရားက လူတစ်ယောက်ကို အကောင်းဆုံး အနေအထားကို ရောက်ရှိစေမှာအမှန်ပင်ဖြစ်တယ်။

တရားထိုင်ခြင်းဟာ အတွင်းစိတ်ကသာ မိမိကို ပျော်ရွှင်မှု ပေးနိုင်တယ်ဆိုတာကို သိရှိနားလည်စေတယ်။

တခြားကောင်းကျိုးတွေကတော့-

မိမိကိုယ်ကိုပိုမို သိရှိနားလည်စေတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာစေမည်။

ကိုယ့်ကိုယ်ကို ပိုလေ့လာစေတဲ့အတွက် ကိုယ့်အကြောင်းကို ပိုသိမြင်လာလေဖြစ်တယ်။

မှတ်ဥာဏ်လဲ ပိုကောင်းလာစေပါတယ်။

တရားထိုင်ခြင်း၏ ကောင်းကျိုးများအားရရှိစေရန်အတွက် ပုံမှန်တရားထိုင်ဖို့လိုအပ်ပါတယ်။ တစ်နေ့ကို မိနစ် အနည်းငယ် တရားထိုင်ရင်တောင် လုံလောက်ပါတယ်။

နေ့တိုင်း တရားစထိုင်ဖြစ်လာပြီဆိုရင် တရားထိုင်တာဟာ တစ်နေ့လုံးလုပ်ရတဲ့ အလုပ်တွေမှာ အကောင်းဆုံးအလုပ်တစ်ခုဖြစ်လာနိုင်ပါတယ်။

နေ့စဉ် အလုပ်များနေရင် အချိန်နည်းနည်းလောက်ပေးပြီး တရားထိုင်ကြည့်ပါ။

လုပ်နေတဲ့ အလုပ်တွေ၊ လေ့လာနေတဲ့ ပညာတွေမှာ အကျိုးရှိစေမှာ အမှန်ပါ။ ကိုယ့်ဘဝကို အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံးဖြစ်စေဖို့ တရားထိုင်ကြပါစို့နော်

မျက်နှာသစ် တတ်ပြီလား သဲလေးတို့ရေဖတ်ကြည့်နော်💗💗💗💗💗💗💗အသားအရေမထိခိုက်အောင်မျက်နှာ ကို ဘယ်လို သစ်ကြမလဲ ဆိုတာကို ဆက်လက်ဖော်ပြ...
22/04/2023

မျက်နှာသစ် တတ်ပြီလား သဲလေးတို့ရေ
ဖတ်ကြည့်နော်
💗💗💗💗💗💗💗
အသားအရေမထိခိုက်အောင်မျက်နှာ ကို ဘယ်လို သစ်ကြမလဲ ဆိုတာကို ဆက်လက်ဖော်ပြပါမယ်

၁။ ပထမ ဆုံး အသုံးပြုမယ့် မျက်နှာသစ်ဆေးဟာ ကိုယ့်နဲ့ သင့်တော်တာဖြစ်ရပါမယ်။ဥပမာ ဝက်ခြံ ထွက်လွယ်တဲ့ အသားအရေအတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆေး ဟာ ခြောက်သွေ့တဲ့ အသားအရေ အတွက် မသင့်တော်ပါဘူး။

၂။မျက်နှာသစ်တဲ့ရေရဲ့ အပူချိန်ဟာ လည်း အရေးပါ ပါတယ်။ရေအေး နဲ့ သစ်ရမလား ရေနွေးနဲ့ သစ်ရမလား ဆိုရင်တော့ မပူလွန်း မအေးလွန်းတဲ့ ရေဟာ အသင့်တောာ်ဆုံးပါ။

၃။မျက်နှာ ကို ရေနဲ့ ဆပ်ပြာနဲ့ အပြ် Scrub သုံးတာတွေ brush နဲ့ တိုက်တာတွေ ဟာ လည်း အသားအရေကို ကြမ်းတမ်းစေတာမို့ ရှောင်ကျဉ်သင့်ပါတယ်

၄။ မျက်နှာကို မိမိ လက်ချောင်းထိပ်လေးတွေ နဲ့ပဲ နူးနူးညံညံ့ အဝိုင်းပုံ လှည့်ပြီး သစ်ပေးနိုင်ပါတယ်

၅။အချိန်အကြာကြီး ဆပ်ပြာ နဲ့ ပွတ်ဆေးနေတာမျိုးလည်းရှောင်ကျဉ်သင့်ပါတယ်။

ကျီးပေါင်း လေ့ကျင့်ခန်း save ထားပါနော်အားလုံးကျန်းမာအသက်ရှည်ကြပါစေ❤✨
06/03/2023

ကျီးပေါင်း လေ့ကျင့်ခန်း save ထားပါနော်
အားလုံးကျန်းမာအသက်ရှည်ကြပါစေ❤✨

ဇီးသီးစားခြင်း၏ အကျိုးကျေးဇူးများ                                      🍒🍒🍒🍒🍒🍒🍒🍒🍒မြန်မာလူမျိုးတွေ အရမ်းကြိုက်ပြီး အစိမ်းအ...
22/01/2023

ဇီးသီးစားခြင်း၏ အကျိုးကျေးဇူးများ 🍒🍒🍒🍒🍒🍒🍒🍒🍒
မြန်မာလူမျိုးတွေ အရမ်းကြိုက်ပြီး အစိမ်းအတိုင်း ဖြစ်စေ ၊ သုပ်၍ ဖြစ်စေ ၊ ယိုထိုး၍ ဖြစ်စေ စားလေ့ ရှိကြတဲ့ ဇီးသီးရဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင့်

၁။ အိုမင်းရင့်ရော်မှုကို လျော့ကျစေပါတယ်
ဇီးသီးမှာပါတဲ့ သဘာ၀ဖလေဖွိုးနွိုက် အင်တီအောက်ဆီးဒင့်တွေဟာ ခန္ဓာကိုယ်ရှိ free radicals များကို တွန်းလှန်နိုင်ပြီး အိုမင်းမှုနဲ့ အိုမင်းမှုကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးအကြောင်းဖြစ်တာနဲ့ ပါးရေတွန့်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။ သွားပိုးစားခြင်းမှ ကာကွယ်ပေးပါတယ်
ဇီးသီးမှာပါတဲ့ vitamin A ဟာ အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင်
သွားပိုးစားခြင်းနဲ့ အဆုတ်ကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၃။ မှတ်ဉာဏ်ကောင်းစေပါတယ်
ဇီးသီးထဲတွင် ပါရှိသော Asphenols က ဦးနှောက်နဲ့ ဆက်စပ်လျက်ရှိသော ဆဲလ်များကို ပုံမှန် အလုပ်လုပ်စေကာ ၊ ဦးနှောက်ကို ကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားလဲ တိုးတက်လာစေပါတယ်။

၄။ အရိုးပွခြင်းမှ ကာကွယ်ပေးပါတယ်
ဇီးသီးဟာ အရိုးများကို သိပ်သည်းစေပြီး ၊ သွေးဆုံးပြီး အမျိုးသမီးကြီးများကို အရိုးကြွတ်/အရိုးပွခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၅။ ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်
ဇီးသီးမှာပါတဲ့ ချေဖျက်လွယ်သော အမျှင်ဓာတ်တွေဟာ အူတွေကို သန့်စင်စေပြီး ၊ အစာချေစနစ်ကို ကောင်းမွန်စေလို့ ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၆။ သွေးတိုးကို ထိန်းပေးပါတယ်
ဇီးသီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်က နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်လို့ နှလုံးနဲ့ သွေးတိုးအတွက် အထူးကောင်းမွန်ပါတယ်။

စာဖတ်သူများ ကျန်းမာအသက်ရှည်ကြပါစေရှင့်🙏


စာရေးဆရာ အကြည်တော် ခံစားခဲ့ရတဲ့အစာရေမြိုပြွန်ကင်ဆာ ဆိုတာဘာလဲ.?အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆ...
11/11/2022

စာရေးဆရာ အကြည်တော် ခံစားခဲ့ရတဲ့အစာရေမြိုပြွန်ကင်ဆာ ဆိုတာဘာလဲ.?

အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန်တစ်လျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာ က ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ်၆ချိတ်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်ပါတယ်။

ဘယ်သူတွေမှာဖြစ်မှာလဲ။

အစာရေမျိုပြွန် မှာရှိတဲ့ဆဲလ်တွေကို ခဏခဏဆွမိလို့ ဆဲလ်တွေ ခဏခဏပျက်စီးရင်ပိုဖြစ်ပါတယ်။ ဥပမာ

* GERDလို့ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ရောဂါ
* စားချဉ်ရည်ခဏခဏပြန်တက်လို့ ဆဲလ်တွေပျက်စီးတာ (Barretts esophagus)
* ဆေးလိပ်အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ်သောက်တာ၊ဆေးရွက်ကြီးငုံတာ
* အဝလွန်တာ
* အရက်သောက်တာ
* သည်းခြေရည်ပြန်တက်တာ
* Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာတွေ အစာအိမ်ထဲမရောက်တဲ့ရောဂါ)
* အလွန်ပူတဲ့အရည်တွေကို အရသာခံသောက်တာ
* အသီးအရွက်အစားနည်းတာ
* ရင်ဘတ်အပေါ်ပိုင်းကို ခဏခဏဓာတ်ရောင်ခြည်သင့်တာ

ဘာလက္ခဏာတွေပြမှာလဲ။

အစောပိုင်းမှာဘာမှဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်းကြာလာရင်တော့

* အစာမျိုရခက်ပါမယ်။

စစချင်းတော့ အစာလည်ပင်းမှာကပ်နေတယ်လို့ ပြောပါမယ်။ အစာစားရင်သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရခက်ပါမယ်။ ဒီထက်ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ကနေ ရေတောင် ကောင်းကောင်းမျိုနိုင်မှာမဟုတ်ပါဘူး။

* စားပြီးသားအစာတွေ ဒီတိုင်းပြန်ထွက်လာပါမယ်။
* အစာမကြေတာ၊ ရင်ပူတာဖြစ်ပါမယ်။
* ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်ပါမယ်။
* တဖြည်းဖြည်းပိန်လာပါမယ်။
* အန်ပါမယ်။
* ဝမ်းဗိုက်အပေါ်ပိုင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေအောင့်ပါမယ်။
* ချောင်းဆိုးမယ်။
* အသံပြောင်းလာမယ်။
* သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်းလာမယ်။

နောက်ဆက်တွဲဘာဖြစ်မှာလဲ။

* အစာရေမျိုပြွန်ပိတ်တာ

ကျဉ်းနေရင် နှာခေါင်းပိုက်ကနေအစာထည့်လို့ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝပိတ်သွားရင်တော့ ဗိုက်ကနေအပေါက်ဖောက်ပြီး အစာထည့်ရပါမယ်။

* ကင်ဆာဆဲလ်တွေပျံ့သွားတဲ့အခါ နာပါမယ်။
* တခြားနေရာတွေကို ပျံ့သွားနိုင်ပါတယ်။
* ကင်ဆာကြိတ်ကနေ တစိမ့်စိမ့်သွေးထွက်နေတတ်ပါတယ်။

ကုသနည်းများ

ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်၍ ကုသနည်းများစွာရှိပါသည်။

* ခွဲစိတ်နည်း
* ဓာတ်ရောင်ခြည်ပြနည်း
* ဆေးသွင်းနည်း
* Targeted therapy
* Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။

ကာကွယ်နည်းများ

အစာရေမျိုပြွန်ကင်ဆာဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်

* ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။
* အရက်လျှော့သောက်ပါ။ အရက်မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။
* အသီးအရွက်များများစားပါ။
* အဝမလွန်အောင်ထိန်းပါ။


18/07/2022

❤❤❤❤❤❤❤
၁။ ကျောက်ကပ် အားကောင်းအောင်
ခြေဖျားထောက် လမ်းလျှောက်ပါ။

၂ ။အသည်း အားကောင်းအောင်
ချိုင်း အောက်ကို
လက်ခုပ် နဲ့ ပုတ်ပေးပါ။

၃။ နှလုံး အားကောင်းအောင်
တံတောင်ဆစ် အကွေးချိုင့် ထဲကို
လက်ခုပ်ဖြင့် ပွတ်ပေးပါ။

၄ ။အစာအိမ် အားကောင်းအောင်
ချက် ဘေးပတ်ပတ်လည်
လက်ဖြင့် ပွတ်ပေးပါ။

၅။ကျော မာဆက်လုပ်ဖို့
အိပ်ယာထ
ဒူးနှစ်ဖက်ပိုက်ပြီး ထပြီးရင်
နောက်ကိုဖြေးဖြေး လှန်ပေးပါ။

၆။ ဦးဏှောက်
အာရုံကြောလန်းဆန်းပြီး
သွေးလှည့်ပတ်မူ့ အားကောင်းစေဖို့
ငယ်ထိပ် ကို လက်ခုပ် နဲ့
ဖြေးဖြေးပုတ်ပေးပါ။

တမျိုး ၅၀စီ လုပ်ပါ။

ကျန်းမာပျော်ရွှင်
ရောဂါကင်းဝေးကြပါစေ။ ___________________________________
# #ပေးပါသည်
ကျန်းမာရေးဗဟုသုတများ ___________________________________ တဆင့်ပြန်လည်မျှဝေပါတယ်

သားအိမ်ကျန်းမာစေရန် စားသင့်သော အစားအစာ (၅) မျိုး❤❤❤❤❤❤❤❤❤သားအိမ်ဟာ အမျိုးသမီးခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂ...
17/06/2022

သားအိမ်ကျန်းမာစေရန် စားသင့်သော အစားအစာ (၅) မျိုး
❤❤❤❤❤❤❤❤❤

သားအိမ်ဟာ အမျိုးသမီးခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါတယ်။ သားအိမ်ဟာ အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့ရဲ့ အဓိကနေရာကနေပါ၀င်တဲ့အတွက် သူ ကျန်းမာရေးကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ အောက်ပါတို့ဟာ သားအိမ်ကျန်းမာ စေဖို့အတွက် စားသုံးသင့်တဲ့ ထိပ်တန်းအစားအစာတွေပါ။

► အမျှင်ဓာတ်ပါ၀င်မှုများသော အစားအစာများ

အမျှင်ဓာတ်ပါ၀င်မှုများတဲ့ အစားအစာတွေကို စားသုံးတာက ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို စွန့်ပစ်ဖို့ ကူညီနိုင်ပါတယ်။ အမျှင် ဓာတ်စားမိလို့ တစ်နေ့ ၀မ်း နှစ်ကြိမ်၊ သုံးကြိမ် သွားတာလောက်ကို စိတ်မပူပါနဲ့။ သူက ခန္ဓာကိုယ်အတွင်းက ပိုလျှံနေတဲ့ အီစထရိုဂျင်တွေကိုလည်း ဖယ်ရှားပေးပါ တယ်။ ဒီလိုဖယ်ရှားလိုက်တာကြောင့် ကိုယ်တွင်းမှာ သားအိမ်အလုံးမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံနဲ့ ကောက်နှံတစ်ခု လုံးပါ၀င်စာတွေမှာ အမျှင်ဓာတ်တွေ များစွာ ပါ၀င်တာကြောင့် သူတို့ကို စားသုံးပေးပါ။ ဓာတုပစ္စည်းနဲ့ ပိုးသတ်ဆေးတွေ အသုံးမပြုထားတဲ့ အော်ဂဲနစ်အစားအစာကို ရွေး ချယ်တာက ကလေးရနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။
အမျှင်ဓာတ်ပါ၀င်မှုများတဲ့အစားအစာ စားသုံးရင် တစ်နေ့ကို ရေ ၈-၁၀ ခွက်အ ထိ သောက်ဖို့ မမေ့ပါနဲ့။ အစာခြေစနစ်အတွင်း အမျှင်ဓာတ်တွေ အလွယ်တကူ ရွေ့ လျားနိုင်ဖို့အတွက်ပါ။

► နို့နှင့် နို့ထွက်ပစ္စည်းများ

နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲနဲ့ ထောပတ်လိုမျိုး နို့နဲ့နို့ထွက်ပစ္စည်းတွေကို သားအိမ် ကျန်းမာရေးအတွက် နေ့စဉ် စားပေးဖို့ လိုအပ်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ တွေ များစွာ ပါ၀င်ပါတယ်။ ကယ်လ်စီယမ်ဟာ အရိုးကျန်း မာရေးကို အထောက်အကူပြုပြီး ဗီတာမင် ဒီ ကတော့ သားအိမ်အလုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ က ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူ မှုအတွက် ကူညီပေးပါတယ်။

► အစိမ်းရောင်အစားအစာများ

ဟင်းနုနယ်၊ ဖက်ယားရွက်၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီိ စိမ်း ၊ ကိုက်လန်လိုမျိုး အစိမ်းရောင်အရွက် တွေက သားအိမ်အတွင်း အယ်လ်ကာလီညီညွတ်မျှတမှုရှိအောင် ကူညီပေးပါ တယ်။ ဒါ့အပြင် အာရုံကြောစနစ် လုပ်ဆောင်ချက်ကောင်းမွန်စေနိုင်ပါတယ်။ ဒီအစိမ်းရောင် အရွက်တွေမှာ ဖောလစ်အက်စစ်လည်း ပါ၀င်တဲ့အတွက် သင့်သားအိမ်က ကျန်းမာ တဲ့ သန္ဓေသားရရှိဖို့အတွက် အဆင်သင့်အနေအထားကို ရောက်ရှိစေနိုင်ပါတယ်။

► အစေ့အဆန်များ

အစေ့အဆန်တွေက ခန္ဓာကိုယ်အတွင်း ဟော်မုန်းထုတ်လုပ်မှုကောင်းမွန်ဖို့ အတွက် လိုအပ်ပါတယ်။ ဗာဒံစေ့၊ သီဟိုဠ်စေ့နဲ့ ဂုန်လျှော်စေ့လိုမျိုး အစေ့အဆန် တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ကျန်းမာရေးကောင်းမွန်စေတဲ့ ကိုလက်စထရော တွေ များစွာ ပါ၀င်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ သားအိမ်အလုံးမဖြစ် အောင်နဲ့ သားအိမ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာရေး ကောင်းစေတဲ့ ကိုလက်စထရောက သွေးတွင်းကိုလက်စထရောအဆင့်တွေ ပုံမှန်ဖြစ် အောင် ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် သူတို့က ပေါင်မပြည့်ကလေး ဒါမှမဟုတ် လမစေ့ကလေးတွေ မမွေးဖွားအောင်လည်း ကာကွယ်ပေးပါတယ်။

► ရှောက်သီး/သံပရာသီး
ရှောက်သီး၊ သံပရာသီးမှာ ဗီတာမင် စီ တွေ များစွာ ပါ၀င်တဲ့အတွက် ခုခံအား စနစ်တွေ မြှင့့်တင်ဖို့ ကူညီပေးနိုင်တဲ့အတွက် သားအိမ်ရဲ့ ခုခံအား လည်း ကောင်းမွန် လာနိုင်ပါတယ်။ သားအိမ်ခုခံအား ကောင်းလာတာကြောင့် သားအိမ်အတွင်း ဘက် တီးရီးယားလို ရောဂါပိုးမ၀င်ရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မနက်အိပ်ရာ ထခါစမှာ ရေနွေးတစ်ခွက်ထဲကို ရှောက်ရည်ညှစ်သောက်ပေးပါ။

Address


Website

Alerts

Be the first to know and let us send you an email when Sandi Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram