ခဏတာအရိပ်ဆေးရုံ-Prometheus

ခဏတာအရိပ်ဆေးရုံ-Prometheus Charity

ဆေးရုံကို တစ်နှစ်ထက်တစ်နှစ် ပို၍ ပို၍ ပုံစံကျနအောင် တည်ဆောက်နေပါတယ် 💪ဝတ်စားဆင်ယင်မှုကစလို့ လူနာတွေ ယုံကြည် လေးစား အားကို...
03/03/2026

ဆေးရုံကို တစ်နှစ်ထက်တစ်နှစ် ပို၍ ပို၍ ပုံစံကျနအောင် တည်ဆောက်နေပါတယ် 💪

ဝတ်စားဆင်ယင်မှုကစလို့ လူနာတွေ ယုံကြည် လေးစား အားကိုးလိုစိတ်ဖြစ်အောင် တဖြည်းဖြည်းပြုပြင်လာခဲ့ပါတယ် 🙏

ဒါကတော့ ဒီနှစ်ထပ်ပေါင်းထည့်ဖြစ်တဲ့ တတိယမြောက်ဝတ်စုံလေးပါ 😉

ဘယ်လိုပဲကြည့်ကြည့် အလယ်ကထိုင်နေတဲ့ ဆရာလေးကတော့ အချောဆုံးပါပဲ 😌😌

Admin - Dr. PK

ဆေးရုံက စရိတ်မျှပေးစနစ်နဲ့သွားနေပါတယ်။တချို့ကလည်း အခမဲ့စနစ်ကနေ ငွေကြေးကောက်ခံတော့ ပြောကြတာလေးတွေလည်းရှိတာပေါ့။မြေပြင်မှာ...
17/02/2026

ဆေးရုံက စရိတ်မျှပေးစနစ်နဲ့သွားနေပါတယ်။
တချို့ကလည်း အခမဲ့စနစ်ကနေ ငွေကြေးကောက်ခံတော့ ပြောကြတာလေးတွေလည်းရှိတာပေါ့။
မြေပြင်မှာ FOC(အခမဲ့) ပေးနေသေးတာက တစ်နေ့ကို အနည်းဆုံး သုံးပုံတစ်ပုံဆိုတော့ ဆေးဖိုးက ကာတောင် မကာမိတဲ့နေ့တွေမှ အများကြီးပါ။
(အခြား အထွေထွေကုန်ကျစရိတ်ကတော့ ဝန်ထပ်ပိတာပေါ့လေ)

ဒီပုံလေးကတော့ ကျွန်တော်ဆေးဝယ်ဖို့ အချိတ်အဆက်ယူမယ့် ခရီးမထွက်ခင်နေ့က နံနက်ပိုင်း ၁၁ နာရီမှာ ရိုက်ခဲ့တဲ့ပုံပါ။
FOC patient ကတော့ ပုံပါအတိုင်းပါပဲ။

အခု ဆေးကို စျေးသက်သက်သာသာနဲ့ဝယ်လို့ရတဲ့နေရာကို ရောက်နေပါတယ်။
အခုအချိန်လာကူကြရင် အရမ်းအရမ်း အလွန့်အလွန်ကို ကျေးဇူးတင်မိမှာပါ 🙏🫡

Admin - Dr. PK

ပဲဆေးပြား။ဒီအရပ်တွေမှာ ပဲတို့ နှမ်းတို့အစရှိသဖြင့် လှောင်တဲ့အခါ ဂိုဒေါင်ထဲ ပိုးမကျအောင် ထားရတဲ့ ဆေးပြားပါ။အရမ်းပြင်းပါတယ...
06/02/2026

ပဲဆေးပြား။

ဒီအရပ်တွေမှာ ပဲတို့ နှမ်းတို့အစရှိသဖြင့် လှောင်တဲ့အခါ ဂိုဒေါင်ထဲ ပိုးမကျအောင် ထားရတဲ့ ဆေးပြားပါ။

အရမ်းပြင်းပါတယ်။ ဂိုဒေါင်ခပ်သေးသေးဆို ၁ ပြားတည်းနဲ့တင် လောက်တယ်လို့ ကြားဖူးပါတယ်။
အဲဒါကို လူက သောက်တယ်ဆိုရင်တော့ တွက်ကြည့်ပေါ့။

ကျွန်တော် ဒီရောက်ကတည်းက အဲဒါသောက်ပြီး ဆေးရုံရောက်လာလို့ အသက်မီတာ ၂ ယောက်ပဲရှိသေးတယ်။ အဲဒီ ၂ ယောက်တောင် ဆေးပမာဏနည်းပြီး ရေများများနဲ့ဖျော်တာမို့။

ဟိုအရင်တစ်နှစ်က ကျွန်တော် “သမုဒယသစ္စာ ပစ္စယာ ပဲဆေးပြား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝတ္ထုတိုတောင် ရေးခဲ့ရသည်အထိ အတော်အန္တရာယ်များတဲ့ဆေးပြားပါ။

သက်ဆိုင်ရာ လူကြီးမင်းများအနေနဲ့ ပဲဆေးပြားအပါအဝင် ဓါတုပိုးသတ်ဆေးတွေကို ကန့်သတ်ချက်နဲ့ ရောင်းပေးသင့် ထိန်းချုပ်သင့်ပါပြီ။

(ယခု ပုံပါ အမျိုးသမီးကတော့ လွန်ခဲ့တဲ့ ၃ ရက်လောက်က ဆေးရုံရောက်ပြီး ဖြေဆေးတွေထိုးပေမယ့်လည်း မမီလိုက်သူတစ်ဦးပါ)

Admin - Dr. PK

ဒီစာက သိပြီးသူတွေအတွက်မဟုတ်ပါ ခင်ဗျာ။ကိုယ့်ဆီကို သတိလစ်ပြီးရောက်လာမယ်။ လူနာကလည်း အရက်အရမ်းသောက်တဲ့သူဆို RBS(random blood...
04/02/2026

ဒီစာက သိပြီးသူတွေအတွက်မဟုတ်ပါ ခင်ဗျာ။

ကိုယ့်ဆီကို သတိလစ်ပြီးရောက်လာမယ်။ လူနာကလည်း အရက်အရမ်းသောက်တဲ့သူဆို RBS(random blood sugar) ဖောက်စစ်ကြည့်ပါ။ သွေးတွင်းသကြားဓါတ်ကျနေဖို့များပါတယ်။ ဖောက်စစ်ဖို့ စက်မရှိရင်လည်း အခုပြောမယ့်ဟာသာ လုပ်လိုက်ပါ။

Injection IV glucose ကိုသာ B1 နဲ့ရောပြီး ထိုးပေးလိုက်ပါ။
(အဓိကလိုတာက glucose ပါ။ B1 က glucose လောင်ကျွမ်းဖို့ ခန္ဓာကိုယ်မှာ လက်ကျန်မရှိမှာစိုးလို့ ထိုးရတာပါ။ B1 လက်ကျန်နည်းရင် အာရုံကြော ပြဿနာတွေလည်းဖြစ်လာနိုင်လို့ပါ)

လူနာက ဆေးထိုးပြီး ၅ မိနစ်အတွင်း သတိရလာစေရပါမယ်။
လူနာစောင့်တွေကို “ဟပ်ချလောင်း” ဆိုပြီး မျက်လှည့်ပြလိုက်သလိုဖြစ်သွားလို့ အရမ်း ဝမ်းသာကျေးဇူးတင်သွားစေရမယ် 😎

ကိုယ့်ဆီက ဆရာ၊ ဆရာမတွေကတော့ ဒီ trend ကို အတော်မိနေပြီ။ ဒီနေ့ အဲဒီလိုလူနာရောက်လာတော့ ကိုယ်မကြည့်ရသေးခင် အကုန်ပြင်ပြီးနေပြီ 😅


ကိုယ်ရောက်တာနဲ့ တန်းထိုး။ လူနာက ၃ မိနစ်နေတော့ သတိရ။ ထပြီးလမ်းလျှောက်😎

ကဲ!!! ဆေးမစွမ်းပေဘူးလား 😅😅

Admin - Dr. PK

" ရေ "        ပြည့်တဲ့ အိုးတွေထဲ အပြိုင်အဆိုင် လောင်းကြလေတော့မပြည့်တဲ့ အိုးတွေမှာခမ်းလို့ ခြောက်လို့။ဆောင်းမှာ ဟန်ဆောင်အ...
03/02/2026

" ရေ "


ပြည့်တဲ့ အိုးတွေထဲ
အပြိုင်အဆိုင် လောင်းကြလေတော့
မပြည့်တဲ့ အိုးတွေမှာ
ခမ်းလို့ ခြောက်လို့။

ဆောင်းမှာ ဟန်ဆောင်အေးပြထားရသမျှ
လာမယ့်နွေမှာ
အက်ကွဲလေမလား....................
ရပ်စဲလေမလား။

ဂီတ(၃.၂.၂၀၂၆)

ယနေ့ ကျရောက်တဲ့ မွေးနေ့ရှင်လေးကတော့ ဆရာမ စန်းစန်းဝေ ဖြစ်ပါတယ် ခင်ဗျ 🎉🎂🎁ဆရာမလေးရေ…..ယနေ့ မွေးနေ့လေးလို နှစ်စဉ်နှစ်တိုင်း ...
03/02/2026

ယနေ့ ကျရောက်တဲ့ မွေးနေ့ရှင်လေးကတော့ ဆရာမ စန်းစန်းဝေ ဖြစ်ပါတယ် ခင်ဗျ 🎉🎂🎁

ဆရာမလေးရေ…..
ယနေ့ မွေးနေ့လေးလို နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်ချမ်းသာမှုလေးတွေနဲ့ အမြဲကြုံရပါစေနော် 🤗🤗

မွေးနေ့ကိတ်ကို ဆောင်းတွင်းနံနက် ဝေလီဝေလင်းမှာ သွားယူပေးတဲ့ သူ့ရဲ့ အဟမ်း အဟမ်းနဲ့ တပည့်နောက်တစ်ယောက်ကိုလည်း ကျေးဇူးတင်ပါတယ်။
ကြိုးစားကြတယ်နော် 😅😅😅

Admin - Dr. PK

Sunday က OPD ပိတ်ရက်လေးဆိုတော့ မနေ့ညက သန်းခေါင်ကျော်အထိ ရုပ်ရှင်ကြည့်ဖြစ်တယ်။ရုပ်ရှင်ကြည့်ပြီးတော့ အားရပါးရ အိပ်မယ်ဟေ့ဆိ...
01/02/2026

Sunday က OPD ပိတ်ရက်လေးဆိုတော့ မနေ့ညက သန်းခေါင်ကျော်အထိ ရုပ်ရှင်ကြည့်ဖြစ်တယ်။

ရုပ်ရှင်ကြည့်ပြီးတော့ အားရပါးရ အိပ်မယ်ဟေ့ဆိုပြီး အိပ်ဖြစ်လိုက်တယ်။ ဒါပေမဲ့အိပ်ပြီး သိပ်မကြာဘူး စက်ထဲကနေ မမွေးနိုင်တဲ့ မဗိုက်ရောက်တယ်ဆိုပြီး သတင်းပို့လာတယ်။
ဒါနဲ့ပဲ အရေးပေါ်ခွဲလိုက်ကြရတယ်။
ဖွင့်လိုက်တော့ သားအိမ်က Uterine Rupture ရပြီး ကွဲနေတယ်။

Uterine Rupture ရစေနိုင်တဲ့ အကြောင်းအရာတွေထဲကမှ အောက်က အချက် (၄) ချက်ကြောင့် ကွဲသွားတာဖြစ်ဖို့များတယ်။

1. Previous Uterine Surgery(ယခင်သားအိမ်ခွဲစိတ်ဖူးတာ
2. Abnormal Presentation( ကလေးအနေအထားမမှန်တာ)
3. Big baby (ကလေးကြီးတာ)
4. Prolong Labour Time(ကလေးညှစ်မွေးချိန်ကြာတာ)

Sterilization (သားကြောဖြတ်ဖို့)လုပ်တော့ ဘယ်ဘက် သားဥပြွန်မှာလည်း ရေအိတ်တည်နေလို့ ရေအိတ်ပါ အစစ်ဖြတ်ထုတ်ပေးခဲ့ရသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆေးရုံကို လာဖို့ဆုံးဖြတ်ခဲ့တာ သူတို့မှန်သွားတယ်။ နို့မဟုတ်ရင် အမေရော ကလေးပါ အသက်ဆုံးရှုံးရနိုင်တယ်။

အဓိပ္ပါယ်မဲ့ခဲ့တဲ့ (၅)နှစ်မြောက်နေ့မှာ အဓိပ္ပါယ်ရှိတာလေးတော့ လုပ်နိုင်ခဲ့ကြတယ် 💪

(P.S - ဒီရက်ပိုင်း မွေးတာတွေက heavyweight champion တွေချည်းပဲ။ သူလေးလည်း ၉ ပေါင်ကျော်နဲ့ 😄)

Admin - Dr. PK

ဗုံးကျဲတိုက်ခိုက်ခံရ (၁)နှစ်ပြည့်———————————————ဒီနေ့ကတော့ ပထမအကြိမ်လေကြောင်းတိုက်ခိုက်ခံလိုက်ရလို့ ကိုယ်တွေရဲ့ဌာနေ ဆေးရ...
31/01/2026

ဗုံးကျဲတိုက်ခိုက်ခံရ (၁)နှစ်ပြည့်
———————————————

ဒီနေ့ကတော့ ပထမအကြိမ်လေကြောင်းတိုက်ခိုက်ခံလိုက်ရလို့ ကိုယ်တွေရဲ့ဌာနေ ဆေးရုံလေးကို စွန့်ခွါခဲ့ရတာ (၁)နှစ်ပြည့်တဲ့ နေ့ပေါ့။
ကိုယ့်ရဲ့ ကိုက် (၅၀)သာသာမှာ ဗုံးကျကွဲခဲ့ပြီး မ ေ-သ မပျောက်ခဲ့တဲ့ နေ့ဆိုရင်လည်းဟုတ်တယ်။ ကိုယ့်လူတချို့ဆို ၁၀ ကိုက်သာသာမှာ။

ဌာနေကို စွန့်ခွါခဲ့ရပေမဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဗုံးစထိမှန်လို့ အရေးပေါ်ခွဲရမယ့်လူနာတွေကိုတော့ စွန့်ခွါလို့ မရခဲ့ပါဘူး။
ဒီတော့ ပထမပုံမှာမြင်တဲ့အတိုင်း တောထဲ အဆင်ပြေရာနေရာတွေမှာ တဲထိုးခွဲစိတ်ခဲ့ရတာပါပဲ။

ဒုတိယပုံကတော့ လက်ရှိ ခွဲစိတ်နေရတဲ့ အနေအထားလေးပေါ့။

ကျွန်တော်တို့သာ လွယ်လွယ်နဲ့အရှုံးပေးခဲ့ရင် ဒုတိယပုံ မပြောနဲ့ ပထမပုံတောင် ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။

တော်လှန်ရေးကတော့ ဘယ်လောက်ကြာမည်မသိ။
ကျွန်တော်တို့သိတာကတော့ မှန်ကန်တဲ့ တော်လှန်ရေးဖြစ်နေသရွေ့ ကျွန်တော်တို့တွေ ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ပါကြောင်း 💪✊

Admin - Dr. PK

Admin - Dr. PK

အသိပေးကြေညာချက်                 ——————————-               မိမိတို့ ခဏတာအရိပ်(PROMETHEUS) ဆေးရုံသည် စတင်ထူထောင်သည့် ၂၀၂၂ ...
29/01/2026

အသိပေးကြေညာချက်
——————————-

မိမိတို့ ခဏတာအရိပ်(PROMETHEUS) ဆေးရုံသည် စတင်ထူထောင်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ တော်လှန်ရေးရဲဘော်များ၊ စစ်ဘေးဒုက္ခသည်ပြည်သူများနှင့် ရဟန်းရှင်လူ အပေါင်းတို့အား ပရဟိတ(အခမဲ့) ဆေးကုသပေးခဲ့သည်ကို အားလုံးသိရှိကြပြီးဖြစ်ပါသည်။ သို့သော်လည်း ယခုအချိန်အခါတွင် ဆေးဖိုးငွေလှူဒါန်းသူ အလှူရှင်မရှိသလောက်နည်းပါးသွားသည့်အပြင် ဆေးနှင့်အထွေထွေကုန်ကျစရိတ်များ အဆမတန် မြင့်တက်လာသည့်အတွက် မိမိတို့ ဆေးရုံအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန်မဖြစ်တော့သည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဆေးရုံရေရှည်ရပ်တည်နိုင်ရေးအတွက် မိမိတို့ဆေးရုံအနေဖြင့် ယခင်လို (အခမဲ့) ဝန်ဆောင်မှုကို လူနာတိုင်းအား ပေးအပ်သည့်စနစ်မှသည် ပူးတွဲပါစာမျက်နှာတွင်ပါရှိသည့် လူနာများကိုသာ ပေးအပ်သည့်စနစ်သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ပါကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

အခမဲ့ ဆေးကုသခွင့်ရရှိနိုင်သူများ
————————————————

၁။ တော်လှန်ရေးရဲဘော်များ
၂။ တော်လှန်ရေးရဲဘော်၏ မိဘ၊ ဇနီး၊ ခင်ပွန်း အစရှိသူများ
၃။ တော်လှန်ရေးရဲဘော်၏ သားသမီး၊ ညီအစ်ကို၊ မောင်နှမများ (အိမ်ထောင်စု
ဝင်ငွေ မခွဲထားသေးသူများ)
၄။ CDM ဝန်ထမ်းများ
၅။ အရပ်ဘက် တော်လှန်ရေးအဖွဲ့အစည်းများတွင် လစာမဲ့ (တန်းပြည့်) တာဝန်ထမ်းဆောင်နေသူများ
၆။ စားဝတ်နေရေးအလွန်ခက်ခဲကြောင်းကိုသက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ထောက်ခံပေးသူများ

ဒီနေ့မှာတော့ လာရောက်လှူဒါန်းသူ မရှိသလောက်ရှားပြီး ခက်ခဲနေတဲ့ စစ်ရှောင်အဖွဲ့တစ်ဖွဲ့ရှိရာဆီ ကလေး အဝတ်အစားလေးတွေ သွားရောက်လ...
27/01/2026

ဒီနေ့မှာတော့ လာရောက်လှူဒါန်းသူ မရှိသလောက်ရှားပြီး ခက်ခဲနေတဲ့ စစ်ရှောင်အဖွဲ့တစ်ဖွဲ့ရှိရာဆီ ကလေး အဝတ်အစားလေးတွေ သွားရောက်လှူဒါန်းဖြစ်ခဲ့ကြပါတယ်။

အလှူရှင်အနေနဲ့ကတော့ ယခင် “ကလေး-ကဘော်ညီအစ်ကိုများ” ဆီက လက်ကျန်ပိုက်ဆံရယ် အလှူရှင်တချို့ဆီကဟာရယ်ကိုပေါင်းလိုအပ်တာကိုတော့ ဆေးရုံကနေ စိုက်ပြီး ပူးပေါင်းလှူဒါန်းဖြစ်ခဲ့ကြပါတယ်။

စစ်ရှောင်အဖွဲ့တွေက သူတို့ဆီ လာတဲ့သူမရှိတဲ့အတွက် ကျွန်တော်တို့က လာရောက်လှူဒါန်းပေးလို့ဆိုပြီး ပျော်ရွှင်ဝမ်းသာနေကြပါတယ်😃

စိတ်ရှည်လက်ရှည်နဲ့ တစ်ဦးချင်းဆီကို အရွယ်နဲ့ကိုက်မကိုက်၊ fashion ကျ မကျအထိ စဉ်းစားပြီး ကူညီပေးခဲ့ကြတဲ့ ကိုယ့်အဖွဲ့က ဆရာလေး၊ ဆရာမလေးတွေကိုလည်း ချီးကျူး ကျေးဇူးတင်မိပါတယ် 🤗

အင်္ကျီလေးတွေက လှလှလေးတွေဆိုပြီး တခါတည်း ဝတ်ဆင်အားပေးကြတာတွေလည်းရှိပါတယ်။ နောက်ဆုံးပုံက ကလေးလိုပေါ့😄😄

အလှူရှင်တွေကိုရော လက်ခံပေးကြတဲ့ အလှူခံပုဂ္ဂိုလ်တွေကိုရော ဝမ်းသာကျေးဇူးတင်လျှက်ပါ ခင်ဗျ 😊🙏

Admin - Dr. PK

လက်ဝှေ့ပွဲ (၁) ပွဲ ထိုးလိုက်ရသလိုပါပဲ။ကျွန်တော်ရော assist ဝင်တဲ့ ဆရာ၊ ဆရာမတွေရော အတော်ပြိုင်းသွားကြတယ်။ဆေးခန်းပိတ်ခါနီးလ...
24/01/2026

လက်ဝှေ့ပွဲ (၁) ပွဲ ထိုးလိုက်ရသလိုပါပဲ။
ကျွန်တော်ရော assist ဝင်တဲ့ ဆရာ၊ ဆရာမတွေရော အတော်ပြိုင်းသွားကြတယ်။

ဆေးခန်းပိတ်ခါနီးလေးမှာ ကျောက်သယ်ကားကြီးတစ်စီး ဆေးခန်းရှေ့ ထိုးရပ်လာတယ်။
လူက ၁၀ ယောက်ကျော်လောက်ဆင်းလာတော့ ရွာထဲလက်နက်ကြီးများကျလေသလားပေါ့။
ပြီးတော့ သေချာကြည့်မှ ခေါင်းဆောင်မင်းသမီး မဗိုက်ကို ခြံရံပြီး ဝင်လာကြတာတွေ့တော့မှ ဪ…လာပြန်လေသပေါ့ နောက်တစ်ဗိုက်လို့ နားလည်သွားရတယ်။

ဆေးခန်းထဲရောက်တာနဲ့ history ယူတော့ အတူပါလာတဲ့ သားဖွားဆရာမက သူ ရမလားလို့ ရွာမှာမွေးပေးနေတာတဲ့။ မရလောက်တော့တာနဲ့ ဆရာတို့ဆီ ခေါ်လာခဲ့တာပါတဲ့။

ကိုယ်လည်း စမ်းသပ်စစ်ဆေးကြည့်လိုက်တော့ ကလေးက ရေမွှာပေါက်ပြီး ခေါင်းကဆံပင်တွေပါ စမ်းမိနေပြီ။ ဒါပေမဲ့ high head ဖြစ်နေပြီး pain contraction က သိပ်မကောင်း၊ အသက်ကလည်း ၄၁ နှစ်ဖြစ်နေလေတော့ Emergency LSCS (အရေးပေါ်ခွဲစိတ်မွေးဖွားခြင်း) လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

အမေက အရပ်လည်းရှည်၊ လူကလည်း ခပ်ထွားထွားဆိုတော့ Big mother - Big baby ဆိုတဲ့ စကားအရ ဗိုက်ခွဲဓါးကြောင်းကို သာမန်ထက်ပိုချဲ့ ခွဲဖြစ်တယ်။
ဒါပေမဲ့လည်း ကလေးရဲ့ position က မမှန် အရမ်းလည်း ထွားနေလေတော့ ရုန်းရင်းဆန်ခတ်နဲ့ တော်တော်ကို ခက်ခက်ခဲခဲ ထုတ်ယူလိုက်ကြရတယ်။ ကလေးထွက်အပြီးမှာ အားတွေကုန်သွားသလို ခံစားရပြီး ခြေလက်တွေပါတုန်နေလေတော့တယ်။

ထုတ်ယူချိန်နည်းနည်းကြာတော့လည်း စိုးရိမ်မိသွားတယ်။ ကလေးက ရပါတော့မလားလို့။
ထွက်ထွက်ချင်းမှာလည်း ကလေးကမငို၊ color ကလည်း မကောင်းဆိုတော့ စိတ်ထဲတော့ မရနိုင်လောက်တော့ဘူးထင်တယ်ဆိုတဲ့ဘက် အတော်ကြီးစိုးသွားတယ်။

ကလေးကောက်တဲ့အထဲ လက်ထောက်ဆရာလေးပါနေလေတော့ အရင်လို သိပ်မကောင်းတဲ့ကလေးဆို အမေနဲ့ကလေးကြားဗျာမများရပေမဲ့ အမေဗိုက်ကို ပြန်ပိတ်နေရင်း သေချာနားစွင့်နေမိတယ်။

၂မိနစ်လောက်နေတော့ အူဝဲ… ဗြဲ… ဆိုတဲ့ အသံကိုကြားလိုက်ကာမှပဲ ကျန်နေတဲ့ ဗိုက်ကို စိတ်ချလက်ချ ပြန်ပိတ်နိုင်လိုက်တော့တယ်။

ကလေးထွက်ထွက်ချင်း Golden one minute ကို ကောင်းကောင်း အသုံးချပြီး အသက်ကယ်ပေးနိုင်ခဲ့တဲ့ ကိုယ့်ဆရာ၊ ဆရာမတွေကို ချီးလည်းကျူးမိ၊ ကျေးဇူးလည်း တင်မိတယ်။

ကလေးက ယောက်ျားလေး၊ ၁၀ ပေါင်ပါတဲ့ဗျား 😃

ပင်ပန်းရကျိုးနပ်ခဲ့ရပြန်တဲ့ ညလေးတစ်ညပါပဲ 😊😊

Admin - Dr. PK

Happy Birthday To You 🥳 (1.1.2026)ဒီတစ်ခါ မွေးနေ့ရှင်လေးကိုတော့ back date နဲ့ ပြန်တင်ပါရစေ။ဒီဆရာမလေး မွေးနေ့ကတော့ ဆေးရုံ...
23/01/2026

Happy Birthday To You 🥳 (1.1.2026)

ဒီတစ်ခါ မွေးနေ့ရှင်လေးကိုတော့ back date နဲ့ ပြန်တင်ပါရစေ။
ဒီဆရာမလေး မွေးနေ့ကတော့ ဆေးရုံနှစ်ပတ်လည်ရက်နဲ့တိုက်နေတာမို့ အလုပ်များတာနဲ့ မတင်ဖြစ်ခဲ့တာပါ 🤗

ကိုယ့်ရဲ့ မွေးနေ့လေးမှာ မွေးပေးထားတဲ့ မေမေကိုယ်တိုင်က surprise လုပ်ထားတဲ့ birthday cake လေးကို သယ်လာပေးတော့ သူပျော်ပြီပေါ့ 😃🎂🎉

ဆရာမ ဇိုယာရေ…
ဆေးရုံက စီစဉ်ပေးတဲ့ ပထမဆုံးမွေးနေ့ကိတ်လေးနဲ့အတူ ဒီနှစ်မှာ အံ့ဩပျော်ရွှင်ခဲ့ရသလို နောက်နှစ်တွေတိုင်းမှာလည်း ခုလိုအပြုံးပန်းများဝေပြီး အမြဲပျော်ရွှင်နိုင်ပါစေဗျား 😊🙏

Admin - Dr. PK

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ခဏတာအရိပ်ဆေးရုံ-Prometheus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category