Thukha-သုခ Diagnostic and Health Care Center

Thukha-သုခ Diagnostic and Health Care Center Provides a professional health care services, Pharmacy,laboratory testing and clinical laboratory.

သုခ မှ အလုပ်ခေါ်ပါတယ်ရှင့် 🔔သုခ ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း တွင် တာဝန်ထမ်းဆောင်ရန်။📌သူနာပြုအကူ - ၂ ဦး (ကျား/မ)- သွ...
08/06/2025

သုခ မှ အလုပ်ခေါ်ပါတယ်ရှင့် 🔔
သုခ ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း တွင် တာဝန်ထမ်းဆောင်ရန်။

📌သူနာပြုအကူ - ၂ ဦး (ကျား/မ)
- သွက်လက်၍ ဆက်ဆံရေးကောင်းသူဖြစ်ရမည်။
- အကျင့်စာရိတ္တကောင်းမွန်ပြီးရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- ဆေးရုံ၊ ဆေးခန်း လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။

📌 သူနာပြု - ၁ ဦး (ကျား/မ)
- သူနာပြုသင်တန်းဆင်းပြီးသူ၊ လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
-အကျင့်စာရိတ္တကောင်းမွန်ပြီးရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
-အသင်းအဖွဲ့နှင့်လုပ်ကိုင်တတ်သူ ဖြစ်ရမည်။

အလုပ်ချိန် - 8:30 AM to 6 PM( တစ်ပတ်မှာတစ်ရက် ပိတ်ရက်ရှိပါမယ်)

လျှောက်ထားလိုသူများသည် CV Form၊ သင်တန်းဆင်း Certificate မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ နှင့်အတူ Viber-095418383 ,09965430840, 09781999277 (သို့မဟုတ်) healthcarethukha@gmail.com မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။

သုခ ရောဂါရှာဖွေရေးနှင့် ကုသရေးစင်တာ
၁၄၂-၁၄၄၊ ဗိုလ်တထောင်ဘုရားလမ်း အလယ်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်
09 965 430 840

💦💦💦 သင်္ကြန်ပိတ်ရက် ကြေငြာခြင်း 💦💦💦သုခ Diagnostic and Healthcare Centre အား ၁၃.၄.၂၀၂၅ မှ ၁၇.၄.၂၀၂၅ ထိ သင်္ကြန်ပိတ်ရက်အဖြ...
07/04/2025

💦💦💦 သင်္ကြန်ပိတ်ရက် ကြေငြာခြင်း 💦💦💦

သုခ Diagnostic and Healthcare Centre အား ၁၃.၄.၂၀၂၅ မှ ၁၇.၄.၂၀၂၅ ထိ သင်္ကြန်ပိတ်ရက်အဖြစ်သတ်မှတ်ပါကြောင်း မိတ်ဆွေတို့အားအသိပေးအကြောင်းကြားအပ်ပါတယ်။
၁၈.၀၄ .၂၀၂၅ မှ စတင်ပြီး ဆီး၊ဝမ်း၊သွေး စစ်ဆေးမှုများ၊အထူးကုဆရာဝန်ကြီးများနှင့်ပြသခြင်းများအတွက် ဝန်ဆောင်မှုများကိုပါပြန်လည်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။

မြန်မာနှစ်သစ်ကူးမှာ မိတ်ဆွေများအားလုံးကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်❣️

သုခ Team

Eid Mubarak! May this blessed occasion bring you strength in difficult times, healing for those who are suffering, and p...
31/03/2025

Eid Mubarak! May this blessed occasion bring you strength in difficult times, healing for those who are suffering, and peace to your hearts and homes. Our thoughts and prayers are with you. Stay strong and may Allah’s blessings be with you always. May this Eid bring you strength, healing, and peace.

Thukha Health Care

30/01/2025

We are hiring!!
- Runner (ကျား/မ) အမြန် အလိုရှိသည်။

ဗိုလ်တထောင်မြို့နယ် အနီးအနား နေထိုင်သူအား ဦးစားပေးခေါ်ပါမည်။

သုခ ရောဂါရှာဖွေရေးနှင့် ကုသရေးစင်တာ
၁၄၂-၁၄၄၊ ဗိုလ်တထောင်ဘုရားလမ်း အလယ်ဘလောက်၊ ဗိုလ်တထောင်မြို့နယ် သို့ ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်သလို၊
09 965 430 840 သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Call now to connect with business.

31/12/2024

ဆေးခန်းပိတ်ရက် ကြေငြာခြင်း

ဇန်နဝါရီလ ( ၁.၁.၂၀၂၄ )နေ့ တွင်ဆေးခန်းပိတ်မည်
ဖြစ်ပြီး ဇန်နဝါရီလ ( ၂ ) ရက်နေ့တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်‌ကြောင်း အသိပေးအပ်ပါသည်။
အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်လိုပါကသုခ ရောဂါရှာဖွေရေးနှင့် ကုသရေးစင်တာ page messenger မှ ဖြစ်စေ၊ hot line ဖုန်းနံပါတ် 09965430840မှ ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင် ။

ဒီရက်ပိုင်း ဆေးခန်းလာပြတဲ့ လူနာတွေကြားမှာ စိတ်ပူနေကြတဲ့ 𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬 အကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်….𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬 ဟာ အစာအိ...
15/12/2024

ဒီရက်ပိုင်း ဆေးခန်းလာပြတဲ့ လူနာတွေကြားမှာ စိတ်ပူနေကြတဲ့ 𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬 အကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်….

𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬 ဟာ အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးတာကြောင့် အရပ်မှာတော့ အစာအိမ်ပိုး၊ အစာအဆိပ်သင့်တဲ့ပိုး ဆိုပြီး ခေါ်ဝေါ်နေတာတွေ ကြားဖူးကြမှာပါ…

𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬 ဟာ ကာလဝမ်းရောဂါလိုပဲ ပိုးရှိတဲ့ အစားအသောက်တွေကို စားမိ၊ သောက်မိရင် ကူးစက်နိုင်ပါတယ်။
ရောဂါပိုး ကူးပြီး (၂၄) နာရီ မှ (၄၈) နာရီအတွင်း လက္ခဏာတွေပြလာမယ်၊ (၃) ရက်ခန့်ကြာရင် သက်သာသွားပါတယ်…

𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬 ရဲ့ လက္ခဏာတွေကတော့
(၁) ကိုယ်ပူပြီး ဖျားမယ်
(၂) ခေါင်းအရမ်းကိုက်မယ်
(၃) ကိုယ်လက်တွေ ကိုက်ခဲမယ်
(၄) အန်မယ်
(၅) ဝမ်းပျက် ဝမ်းလျှောမယ်
(၆) ဗိုက်အောင့်မယ်

ဘယ်လိုကာကွယ်ကြမလဲဆိုရင် - အိမ်သာအသုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာဆေးပါ၊ အစားအသောက် မချက်ပြုတ်ခင် လက် အပြင် ချက်မည့် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ချက်ပြုတ်ရာမှာသုံးမည့် ပစ္စည်းတွေကိုလည်း ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောခြင်းဖြင့် ကာကွယ်နိုင်ပါတယ်…

အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကိုယ်တိိုင် အစားအသောက်ချက်ပြုတ်ခြင်း မပြုလုပ်ခြင်းဖြင့် မိသားစုကို ကာကွယ်ပါ၊

အမှတ် (၁၄၂-၁၄၄)၊ ဗိုလ်တထောင်ဘုရားလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်
𝟎𝟗 𝟗𝟔𝟓 𝟒𝟑𝟎𝟖𝟒𝟎

သုခ ရောဂါရှာဖွေရေးနှင့် ကုသရေးစင်တာတွင်𝐑𝐮𝐧𝐧𝐞𝐫 (အမျိုးသား) (၁) ဦး𝐍𝐮𝐫𝐬𝐞 𝐚𝐢𝐝𝐞 (၁) ဦး𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐖𝐨𝐫𝐤𝐞𝐫 (အမျိုးသား) (၁) ဦး𝐋𝐚𝐛...
06/11/2024

သုခ ရောဂါရှာဖွေရေးနှင့် ကုသရေးစင်တာတွင်
𝐑𝐮𝐧𝐧𝐞𝐫 (အမျိုးသား) (၁) ဦး
𝐍𝐮𝐫𝐬𝐞 𝐚𝐢𝐝𝐞 (၁) ဦး
𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐖𝐨𝐫𝐤𝐞𝐫 (အမျိုးသား) (၁) ဦး
𝐋𝐚𝐛 𝐢𝐧-𝐜𝐡𝐚𝐫𝐠𝐞 (𝐩𝐚𝐫𝐭-𝐭𝐢𝐦𝐞) (၁) ဦး အလိုရှိပါသည်။

သင်သည် အလုပ်ကြိုးစားပြီး အသင်းအဖွဲ့နဲ့ အလုပ်လုပ်နိုင်သူဆိုရင် 𝐡𝐞𝐚𝐭𝐥𝐡𝐜𝐚𝐫𝐞𝐭𝐡𝐮𝐤𝐡𝐚@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦 ကို အခုပဲ 𝐂𝐕 တင်လိုက်ပါ….

အမှတ် ၁၄၂-၁၄၄၊ ဗိုလ်တထောင်ဘုရားလမ်း အလယ်ဘလောက်၊ ဗိုလ်တထောင်မြို့နယ် သို့ကိုယ်တိုင်လာရောက် လျှောက်လို့ရပါတယ်နော်….

🙏🙏🙏  သီတင်းကျွတ်လပြည့်နေ့  (အဘိဓမ္မာအခါတော်နေ့) 🙏🙏🙏  "သုခ ရောဂါရှာဖွေရေး နှင့် ကုသရေးစင်တာ" မှ မိတ်ဟောင်း မိတ်သစ်တို့အား...
17/10/2024

🙏🙏🙏 သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) 🙏🙏🙏

"သုခ ရောဂါရှာဖွေရေး နှင့် ကုသရေးစင်တာ" မှ မိတ်ဟောင်း မိတ်သစ်တို့အား သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ ကိုယ်စိတ်နှလုံး အေးချမ်းပြီး ကောင်းမှုကုသိုလ်များပြုလုပ်နိုင်ကြပါစေကြောင်းမေတ္တာပို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်.

အမှတ် ၁၄၂-၁၄၄၊ ဗိုလ်တထောင်ဘုရားလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 𝟎𝟗 𝟗𝟔𝟓 𝟒𝟑𝟎 𝟖𝟒𝟎

#𝐭𝐡𝐚𝐝𝐢𝐧𝐠𝐮𝐲𝐭𝐟𝐞𝐬𝐭𝐢𝐯𝐚𝐥
#သီတင်းကျွတ်လပြည့်နေ့
#ယုံကြည်စိတ်ချ_သုခ
#မှန်ကျတိကျ_သုခ

Happy Thadingyut Holiday Everyone 🪔 ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယမှာ သုခမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ...
16/10/2024

Happy Thadingyut Holiday Everyone 🪔

ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယမှာ သုခမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်း၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း သုခမိသားစု မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် 🙏 🙏 🙏



အဖြစ်များတဲ့သွေးတိုးရောဂါ အကြောင်းသိကောင်းစရာအသက်ရလာတာနဲ့အမျှ ပတ်ဝန်းကျင်မှာ နှလုံး၊သွေးတိုး၊ ဆီးချို အစရှိတဲ့ ရောဂါတွေအ...
12/10/2024

အဖြစ်များတဲ့သွေးတိုးရောဂါ အကြောင်းသိကောင်းစရာ
အသက်ရလာတာနဲ့အမျှ ပတ်ဝန်းကျင်မှာ နှလုံး၊သွေးတိုး၊ ဆီးချို အစရှိတဲ့ ရောဂါတွေအကြောင်း ကြားလာကြရပါတယ်။ အဲဒီ့ထဲကမှ သွေးတိုးရောဂါဟာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တာမှန်ပေမယ့်လဲ ကြိုတင်ပြီးဂရုစိုက်ကာကွယ်တဲ့ရောဂါတစ်မျိုးလဲဖြစ်ပါတယ်။
-သွေးတိုးနေမှန်းဘယ်လိုသိနိုင်မလဲ?
✅ပုံမှန်သွေးပေါင် ချိန် သည် 140/ 90 mmHg အတွင်းရှိပြီး အဲဒီ့ထက် များနေရင်တော့ သွေးတိုး တယ်လို့သတ်မှတ်နိုင်ပါတယ်။
-သွေးတိုးရောဂါလက္ခဏာတွေကဘာတွေလဲ?
ခေါင်းမခံမရပ်ဖြစ် အောင် ထိုးကိုက်ခြင်း၊ခေါင်းမူးခြင်း၊ရင်ဘတ်အောင့်ခြင်း၊အသက် ရှုရခက်ခြင်း၊ပျို့အန်ခြင်း ၊ရေအလွန်အမင်းဆာခြင်းနှင့်အမြင်ဝါးခြင်းအစရှိတဲ့လက္ခဏတွေကို ခံစားရတတ်ပါတယ်။
-ဘယ်လိုလူတွေမှာအဖြစ်များလဲ?
✅အသက်အရွယ် ကြီးသူများ၊သွေးတိုးရောဂါမျိုးရိုး ဗီဇရှိသူများ၊အဝလွန်ရောဂါရှိသူများ၊အထိုင်များသူ များ၊အငံဓါတ် ကို အလွန်အကျွံစားသုံးသူများနှင့် အရက် အလွန် အကျွံသောက်သုံးသူများမှာ အဖြစ်များတတ် ပါသည်။
-ဘယ်လိုကာကွယ်ကုသ နိုင်လဲ?
✅နေထိုင် မှု ပုံစံ ကို ပြောင်းလဲပေးခြင်းဖြင့်
သွေးတိုးရောဂါကိုကုသနိုင်ပါသည် ။ဥပမာ -
ဆား လျော့စားခြင်း ၊အဝမလွန်အောင်ကိုယ်လက်လေ့ကျင့်ခန်းများပြု လုပ်ပေးခြင်းအရက်သေစာ နဲ့ဆေးလိပ်လျော့သောက်ခြင်း ဖြင့်လျော့ချနိုင် ပါတယ်။သို့ပေမယ့်လဲ သွေးအလွန်တိုးနေသောတချို့ လူနာတွေမှာတော့ နီးစပ်ရာဆေးရုံ၊ဆေးခန်းမှကျွမ်းကျင် ဆရာဝန် များနှင့်အမြန်ဆုံးပြသပြီးလိုအပ်သောဆေးဝါးများသောက်သုံးဖို့လိုအပ်ပါတယ်ရှင်။
မိတ်ဆွေတို့အနေနဲ့ အရေးပေါ်ကျန်းမာရေးအတွက် တိုင်ပင် ဆွေးနွေးလိုပါကကျွန်မတို့ သုခ page မတ်ဆင်ဂျာကနေ consultation ပြုလုပ်နိုင်ပြီး အထူးကုဆရာဝန်ကြီးများနဲ့ပြသလိုပါက hotline no: 09 965430840 ကနေလဲ ဆက်သွယ်နိုင်ပါတယ်နော်။


#ယုံကြည်_စိတ်ချ_သုခ
#မှန်ကန်_တိကျ_သုခ

#သွေးတိုး

၁၇.၁၀.၂၀၂၄ နေ့မှာ ကျရောက်မည့် အဘိဓမ္မာအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ ကြာသပတေးနေ့မှာ "သုခ ရောဂါရှာဖွေရေး နှင့် ကုသရေးစ...
12/10/2024

၁၇.၁၀.၂၀၂၄ နေ့မှာ ကျရောက်မည့် အဘိဓမ္မာအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ ကြာသပတေးနေ့မှာ "သုခ ရောဂါရှာဖွေရေး နှင့် ကုသရေးစင်တာ" အနေဖြင့် မိတ်ဆွေတို့ကို ကျန်းမာရေး ဝန်ဆောင်မှုပေးရာမှ တစ်ရက်တာ ခွင့်ယူပါရစေရှင့်....

သီတင်းကျွတ်လပြည့်နေ့ တစ်ရက်ပဲ ပိတ်တာမလို့၊ ၁၈.၁၀.၂၀၂၄ သောကြာနေ့ဆို ပုံမှန်အတိုင်း မနက် (၈း၃၀) မှ ည (၇) နာရီအထိ ကျန်းမာရေးဝန်ဆောင်မှု ပြန်လည်ပေးသွားမှာ ဖြစ်ပါတယ်နော်....

အမှတ် ၁၄၂-၁၄၄၊ ဗိုလ်တထောင်ဘုရားလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 𝟎𝟗 𝟗𝟔𝟓 𝟒𝟑𝟎 𝟖𝟒𝟎

#ယုံကြည်စိတ်ချ_သုခ
#မှန်ကျတိကျ_သုခ

𝐖𝐨𝐫𝐥𝐝 𝐁𝐫𝐞𝐚𝐬𝐭 𝐂𝐚𝐧𝐜𝐞𝐫 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐌𝐨𝐧𝐭𝐡- အောက်တိုဘာလ ရင်သားကင်ဆာဂရုပြု လရင်သားအကျိတ်တိုင်းဟာ ကင်ဆာရောဂါ မဟုတ်ဘူးဆိုတာ သိပါသလ...
11/10/2024

𝐖𝐨𝐫𝐥𝐝 𝐁𝐫𝐞𝐚𝐬𝐭 𝐂𝐚𝐧𝐜𝐞𝐫 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐌𝐨𝐧𝐭𝐡- အောက်တိုဘာလ ရင်သားကင်ဆာဂရုပြု လ
ရင်သားအကျိတ်တိုင်းဟာ ကင်ဆာရောဂါ မဟုတ်ဘူးဆိုတာ သိပါသလား
မိတ်ဆွေတို့ရဲ့ ရင်သားမှာ အလုံးအကျိတ်စမ်းမိတယ်လို့ သံသယရှိရင် ကျွမ်းကျင်ဆရာဝန်နဲ့ သေချာပြသစစ်ဆေးပြီး ကုသမှုယူသင့်ပါတယ်နော်....
ရင်သားအကျိတ်ဟာ အဆီကျိတ်ကြောင့်လည်း ဖြစ်နိုင်သလို၊ ကင်ဆာ အကျိတ်ဆိုခဲ့ရင်လည်း စောစီးစွာသိနိုင်လျှင် လွယ်လွယ်ကူကူ အောင်အောင်မြင်မြင် ကုသနိုင်တာမလို့၊ ရင်သားမှာ အကျိတ်ရှိတယ်လို့ သံသယ ရှိတာနဲ့ ဆရာဝန်နဲ့ ပြသဆွေးနွေးစစ်ဆေးဖို့ လိုပါတယ်…
အသေးစိတ် တိုင်ပင်ဆွေးနွေးကုသလိုပါက 𝟎𝟗 𝟗𝟔𝟓 𝟒𝟑𝟎 𝟖𝟒𝟎 ကို ဆက်သွယ်နိုင်သလို၊ အမှတ် ၁၄၂-၁၄၄၊ ဗိုလ်တထောင်ဘုရားလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ရှိ "သုခရောဂါရှာဖွေရေး နှင့် ကုသရေးစင်တာ" သို့လည်း လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်.....
ရင်သားကင်ဆာ ဟာ အမျိုးသမီးတွေပဲ မဟုတ်၊ အမျိုးသားတွေလည်း ဖြစ်နိုင်တာမလို့၊ ဂရုစိုက်ဖို့လိုတယ်ရှင့်....
#ယုံကြည်စိတ်ချ_သုခ
#မှန်ကျတိကျ_သုခ
#𝐁𝐫𝐞𝐚𝐬𝐭𝐂𝐚𝐧𝐜𝐞𝐫𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬
#𝐏𝐢𝐧𝐤𝐎𝐜𝐭𝐨𝐛𝐞𝐫

Address

142/144, Botahtaung Pagoda Road(Middle Block), Botahtaung Tsp
Yangon

Telephone

+959965430840

Website

Alerts

Be the first to know and let us send you an email when Thukha-သုခ Diagnostic and Health Care Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thukha-သုခ Diagnostic and Health Care Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram