easy health

easy health Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from easy health, Family medicine practice, 25, U Chit Maung Road, Bahan Township, Yangon.

ခါးနာရောဂါများ(၁) ဒဏ်ကြောင့် ဖြစ်သော ခါးနာ၊(၂) ကျီးပေါင်းတက်၍ ဖြစ်သော ခါးနာ၊(၃) အသက်အရွယ် ကြောင့် ဖြစ်သော ခါးနာ၊(၄) ကျော...
13/07/2023

ခါးနာရောဂါများ

(၁) ဒဏ်ကြောင့် ဖြစ်သော ခါးနာ၊
(၂) ကျီးပေါင်းတက်၍ ဖြစ်သော ခါးနာ၊
(၃) အသက်အရွယ် ကြောင့် ဖြစ်သော ခါးနာ၊
(၄) ကျောက်ကပ် စသော ကိုယ်တွင်း ကလီစာ တစ်ခုခု ချို့ယွင်း သဖြင့် ဖြစ်ပေါ် လာသော ခါးနာ၊
(၅) ပိုးကြောင့် ဖြစ်သော ခါးနာ (ဥပမာ- ခါးရိုးဆစ် တီဘီရောဂါ) တို့မှာ အဖြစ်များတတ်ပါတယ်။

ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အလုပ်တွေများလွန်းလို့ ကွန်ပြူတာရှေ့ထိုင်လိုက်တာနဲ့ တော်တော်နဲ့ ပြန်မထဖြစ်ကြဘူးမလား။ ဒီလိုနေတာကြာသွားရင်၊ အထိုင်များလို့ ခါးနာတာက အဖြစ်များပေမယ့်
🔸 ခါးထဲက စူးကနဲနာကျင်မယ်။
🔸 ခါးပတ်လည် ကျောဘက်တစ်ခုလုံး နေရာအနှံ့ကနေ တစ်ဆစ်ဆစ်နာနေမယ်။
🔸 ခါးနာတာမပျောက်ပဲ ခြေသလုံးတွေ ပေါင်တွေထဲကပါ နာလာမယ်။
🔸 ပေါင်ခြံ ဒါမှမဟုတ် ပေါင်ရင်းက ထုံနေမယ် ဒါမှမဟုတ် တဆစ်ဆစ် စူးပြီး နာနေမယ်
🔸 ခါးနာနေတာ သုံးရက်နှင့် အထက် ကြာလာပြီ ဆိုရင်တော့ ပေါ့ပေါ့မနေပဲ အမြန်ဆုံးကုသဖို့ လိုအပ်နေပါပြီနော်။

ခါးနာတာနဲ့ အခြားအရိုးအကြောရောဂါတွေအတွက် တိုင်ပင်ချင်တယ်ဆိုရင်တော့ ဆေးခန်းခွဲတွေမှာ အရိုးအကြောခွဲစိတ်အထူးကု ဆရာ ‌ဒေါက်တာစိုးမိုးဇော် M.B.,B.S, M.Med.Sc(Ortho) နှင့် တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာနေ့တိုင်း (ပိတ်ရက်မရှိ) ရောက်ပြသနိုင်ပါတယ်နော်။

‍⚕️ ဒေါက်တာ စိုးမိုးဇော်
M.B.,B.S, M.Med.Sc(Ortho)
ပြသနိုင်သည့်နေ့များ - တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာနေ့တိုင်း (ပိတ်ရက်မရှိ)
ကြိုတင်ရက်ချိန်းရယူလိုပါက cb (သို့) ph- 09798112185 ကို ဆက်သွယ်ပြီး ကြိုတင် ရက်ချိန်းရယူနိုင်ပါတယ်။

ဆေးခန်းလိပ်စာကတော့
🔷Green Signal Clinic by easy health - အမှတ် (၆၁) ၊ ၁၂၅ လမ်း ၊ သပြေလမ်းရပ်ကွက် ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

#ဒေါက်တာစိုးမိုးဇော် #လွယ်ကူသက်သာကျန်းမာစွာ #ခါးနာ‌ #အထိုင်များ

မရှောင်လွှဲနိုင်တဲ့ မိုးကြောင့် တုပ်ကွေး မကွေးကျရလေအောင်🌨အခုရာသီအချိန်မျိုးမှာ များသောအားဖြင့် မိုးမိလာလို့အိမ်ပြန်ရောက်...
10/07/2023

မရှောင်လွှဲနိုင်တဲ့ မိုးကြောင့် တုပ်ကွေး မကွေးကျရလေအောင်

🌨အခုရာသီအချိန်မျိုးမှာ များသောအားဖြင့် မိုးမိလာလို့အိမ်ပြန်ရောက်တဲ့အခါ အမှုမဲ့အမှတ်မဲ့နေတတ် ကြပါတယ်။အဲ့လိုနေရင်း အအေးမိခြင်း၊နှာစေး၊ချောင်းဆိုး၊လည်ချောင်းနာခြင်းများ ခံစားရပြီး နောက်ဆက်တွဲ တုပ်ကွေး၊ဖျားနာခြင်းဝေဒနာများအထိ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို ခံစားရပြီဆို အလုပ်ပျက်အကိုင်ပျက်၊ လူလဲ ပင်ပန်းရတာမို့ ဒီလိုမျိုးမဖြစ်ရအောင် အတတ်နိုင်ဆုံး ကာကွယ်ထားကျပါနော်။

👉မိုးမိလာတာနဲ့ ခြောက်သွေ့အောင်နေခြင်း
👉နွေးနွေးထွေးထွေး အိပ်စက်အနားယူခြင်း
👉အပြင်သွားလာရလျှင် Mask တပ်ထားခြင်း
👉ရာသီတုတ်ကွေးကာကွယ်ဆေး ထိုးနှံထားခြင်းတို့ကို ပြုလုပ်ထားသင့်ပါတယ်နော်။

easy health ဆေးခန်းတွေမှာ FDA အသိအမှတ်ပြု Vaxigrip Tetra 2023 တုပ်ကွေးကာကွယ်ဆေးများကို ဆရာဝန်များကိုယ်တိုင် ထိုးနှံပေးနေပါတယ်။
မိမိတို့ရင်သွေးငယ်များကို အသက်(၆)လမှ စတင် ထိုးနှံပေးနိုင်တာမို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တုပ်ကွေးကာကွယ်ဆေး ကြိုတင်ထိုးထားပေးကျပါနော်။
စက်ရုံ၊အလုပ်ရုံများ၊ ရုံးခန်းများနှင့် အပြင်သွားလာရအဆင်မပြေသူများအတွက်လည်း အိမ်တိုင်ရာရောက်လိုက်လံထိုးနှံပေးနေတာမို့ hotline ph – 09751848871 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။
#လွယ်ကူသက်သာကျန်းမာစွာ

Easy healthဆေးခန်းများမှ အထူးကုသမားတော်ကြီးများသွားရလာရလွယ်ကူ‌တဲ့ easy health ဆေးခန်းခွဲတွေမှာ🔹နှလုံး၊🔹️အသည်း၊🔹️အဆုတ်၊🔹️...
07/07/2023

Easy healthဆေးခန်းများမှ အထူးကုသမားတော်ကြီးများ

သွားရလာရလွယ်ကူ‌တဲ့ easy health ဆေးခန်းခွဲတွေမှာ
🔹နှလုံး၊
🔹️အသည်း၊
🔹️အဆုတ်၊
🔹️အစာအိမ်၊
🔹️အူလမ်းကြောင်း၊
🔹️ဆီးနှင့်ကျောက်ကပ်၊
🔹အရိုးအကြော၊
🔹️ဦးနှောက်နှင့်အာရုံကြော၊
🔹️စိတ်ရောဂါ၊
🔹️သားဖွားမီးယပ်၊
🔹️ဟောမုန်းပြဿနာ၊
🔹️အရေပြားရောဂါ၊
🔹️ဆီးချိုသွေးချို၊
🔹️ကလေးအထူးကု၊
🔹️ရင်ခေါင်းအထူးကု၊
🔹️ကင်ဆာအထူးကုသမား‌‌ေတာ်ကြီးများနှင့် ပြသနိုင်သလို လိုအပ်သော X-Ray, Ultrasound, ECGနှင့် သွေးဖောက်သွေးစစ်ဝန်ဆောင်မှုမျာလည်းရယူနိုင်ပါတယ်ရှင့်။🥰

👉ဆေးခန်းလဲမလာချင် ဆရာဝန်အိမ်ပင့်ဖို့လဲ အဆင်မပြေသူများအတွက် ကိုယ်ဆွေးနွေးလိုသော ပြဿနာများကို သက်ဆိုင်ရာဆရာဝန်များနှင့် ဖုန်းမှတစ်ဆင့် ဆွေးနွေးမှုရယူနိုင်သော Teleconsultation ဝန်ဆောင်မှုလည်းရတာကြောင့် အခက်အခဲမရှိသိလိုသည်များကို ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင့်။💜

🏥ဆေးခန်းလိပ်စာကတော့
🔹️ မင်္ဂလာတောင်ညွန့်မြို့နယ်မှာဆိုရင်
👉Green Signal Clinic by easy health - အမှတ် (၆၁) ၊ ၁၂၅ လမ်း ၊ သပြေလမ်းရပ်ကွက် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ။
☎ဖုန်း -018619278 ၊ 09796766300 ၊ 09798112185။
ဆေးခန်းဖွင့်ချိန် - နေ့လည် ၁၁ နာရီမှ ညနေ ၆ နာရီအထိ။
#လွယ်ကူသက်သာကျန်းမာစွာ

သားဖွားနှင့် မီးယပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး AP ဒေါက်တာ ဒေါ်မေလွင်အောင်နှင့် Greensignal by easyhealth ဆေးခန်းတွင် လာရောက...
04/07/2023

သားဖွားနှင့် မီးယပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး AP ဒေါက်တာ ဒေါ်မေလွင်အောင်နှင့် Greensignal by easyhealth ဆေးခန်းတွင် လာရောက်ပြသတိုင်ပင်နိုင်ပါပြီ။

👩‍⚕️ AP ဒေါက်တာ ဒေါ်မေလွင်အောင် (သားဖွားနှင့်မီးယပ်အထူးကု)
M.B.,B.S(Ygn), M.Med.Sc(OG) အထူးကုဆရာဝန်ကြီး၊တွဲဖက် ပါမောက္ခ
ဗဟို အမျိုးသမီးဆေးရုံကြီး
ပြသနိုင်သည့်နေ့များ - On Call

💜Easy Health ဆေးခန်းတွေမှာ သားဖွားမီးယပ်ဆရာဝန်မကြီးများက
ပိတ်ရက်မရှိ တိုင်ပင်ဆွေးနွေးပေးနေတာကြောင့်
အမြန်ဆုံးလာရောက်ပြသနိုင်ပါတယ်နော်။

လာရောက်ပြသချင်တယ်ဆိုရင် ဆေးခန်းလိပ်စာကတော့
🏥 မင်္ဂလာတောင်ညွန့်မြို့နယ်မှာဆိုရင်
Green Signal Clinic by easy health - အမှတ် (၆၁) ၊ ၁၂၅ လမ်း ၊ သပြေလမ်းရပ်ကွက် ၊
မင်္ဂလာတောင်ညွန့်မြို့နယ် ။
ဖုန်း -018619278 ၊ 09796766300 ၊ 09798112185။
ဆေးခန်းဖွင့်ချိန် - နံနက် ၉ နာရီမှ ညနေ ၈ နာရီအထိ။
#ဒေါက်တာဒေါ်မေလွင်အောင်

ဆီးချို၊သွေးချိုနှင့်ဟော်မုန်းဆိုင်ရာဆွေးနွေးကုသလိုသူများအတွက်ဆရာကြီး ‌ဒေါက်တာ ဦးတင်ဝင်းအောင် နှင့်အပတ်စဥ် တနင်္လာ၊ဗုဒ္...
01/07/2023

ဆီးချို၊သွေးချိုနှင့်ဟော်မုန်းဆိုင်ရာဆွေးနွေးကုသလိုသူများအတွက်
ဆရာကြီး ‌ဒေါက်တာ ဦးတင်ဝင်းအောင် နှင့်အပတ်စဥ် တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာနေ့တိုင်း Greensignal by easyhealth ဆေးခန်းတွင် လာရောက်ပြသတိုင်ပင်နိုင်ပါပြီ။

👨‍⚕️ ဒေါက်တာ ဦးတင်ဝင်းအောင်
M.B.,B.S, M.Med.Sc(Int:Med),
M.R.C.P(UK), Dr. Med.Sc,(Endocrinology)
ပြသနိုင်သည့်နေ့များ - တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ (အပတ်စဥ်)
ကြိုတင်ရက်ချိန်းရယူလိုပါက cb (သို့) ph- 09798112185 ကို ဆက်သွယ်ပြီး ကြိုတင် ရက်ချိန်းရယူနိုင်ပါတယ်။

ဆေးခန်းခွဲလိပ်စာကတော့
Green Signal Clinic by easy health - အမှတ် (၆၁) ၊ ၁၂၅ လမ်း ၊ သပြေလမ်းရပ်ကွက် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ။
ဖုန်း -018619278 ၊ 09796766300 ၊ 09798112185။
ဆေးခန်းဖွင့်ချိန် - မနက် ၉ နာရီမှ ညနေ ၈ နာရီအထိ။
#လွယ်ကူသက်သာကျန်းမာစွာ #သွေးတိုး #ဆီးချို #ဒေါက်တာဦးတင်ဝင်းအောင်

Social Anxiety ဟာ ပြင်းထန်တဲ့ အခြေအနေရောက်နေရင်တော့ Treatment ယူဖို့ လိုအပ်ပါပြီ။ Treatment ယူပြီး ဖြည်းဖြည်းချင်း အဆင်ပ...
30/06/2023

Social Anxiety ဟာ ပြင်းထန်တဲ့ အခြေအနေရောက်နေရင်တော့ Treatment ယူဖို့ လိုအပ်ပါပြီ။ Treatment ယူပြီး ဖြည်းဖြည်းချင်း အဆင်ပြေသွားတဲ့ သူတွေ အများကြီး ရှိတာမို့လို့ စတင်ဖို့ကို မကြောက်ပါနဲ့နော်။ ပြီးတော့ mental heal ကလည်း အမြဲ အသင့်ရှိနေပါတယ်။

ဒါ့အပြင် လူကိုယ်တိုင် လာရောက်တိုင်ပင် Counseling ယူချင်တယ်ဆိုရင်
mental heal နဲ့ easy health တို့ ပူးပေါင်းပြီး offline counseling service စီစဉ်ထားပါတယ်။
Counseling service ယူဖို့ အတွက် chat box မှာ လာရောက် မေးမြန်းနိုင်ပါတယ်။
mental heal

လူတွေနဲ့ ဝေးဝေးမှာ နေချင်လာတဲ့အခါ......

လူတွေဟာ တစ်ယောက်ကို တစ်ယောက် စိတ်ကုန်သွားတဲ့ အခါမှာ နောက်တစ်ယောက်ကို ထပ်ယုံကြည်ဖို့ ခက်ခဲကြပါတယ်။ တစ်ခါတစ်လေမှာ သူတို့ကြောင့်ပဲ ကိုယ့်ကိုယ်ကို တစ်ယောက်တည်း ပိတ်လှောင်‌နေတတ်ကြပြီး အချိန်ကြာလာတာနဲ့ အမျှ လူတွေနဲ့ ဝေးကွာလာပါတော့တယ်။ ဒီလိုနဲ့ စကားပြောဆိုဆက်ဆံဖို့ဟာလည်း တစ်ဖြည်းဖြည်းနဲ့ ခက်ခဲလာပါ‌တော့တယ်။

ဒီနေ့ မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Social Phobia ပဲ ဖြစ်ပါတယ်။ Social Phobia ကတော့ အားလုံး သိကြတဲ့အတိုင်း ပတ်ဝန်းကျင်နဲ့ စကားပြောဆက်ဆံရမှာကို ကြောက်ရွံ့ခြင်းပါပဲ။ Social Phobia က Social Anxiety ကနေ လာပြီး ပိုပြင်းထန်လာတဲ့ အခါမှာ Social Phobia ဒါမှမဟုတ် Social Anxiety Disorder ဆိုပြီး ခေါ်ကြပါတယ်။

Social Anxiety အဖြစ်များတဲ့ သူတွေကတော့ တစ်မူထူးခြားတဲ့ Personality နဲ့ Trait လေးတွေ ရှိကြပါတယ်။

❄️ ရှက်ကြောက်ခြင်း
ရှက်တတ်တဲ့ သူတွေက လူသစ်တွေနဲ့ တွေ့ဆုံတဲ့ နေရာမှာ ဒါမှမဟုတ် လူအများကြီးရှိတဲ့ နေရာမှာ စတဲ့ လူမှုဆက်ဆံရေးအ‌ချို့မှာ သက်သောင့်သက်သာဖြစ်လေ့မရှိကြပါဘူး။

❄️ Perfectionism
ဘယ်နေရာမှာမဆို Perfect ဖြစ်ချင်တဲ့ သူတွေကလည်း သူတို့ရဲ့ မပြည့်စုံတဲ့ နေရာတွေကို မြင်သွားပြီး မကောင်းမြင်ခံရမှာ၊ အပြစ်ပြောခံရမှာကို ကြောက်လေ့ရှိကြပါတယ်။ Perfectionism က စံနှုန်း မြင့်မြင့်ထားတာကို ပြောတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ စံနှုန်း မြင့်မြင့်ထားခြင်းက ဘဝအတွက် ပိုကောင်းလာစေတဲ့ တွန်းအားတွေကို ပေးပေမယ့် Perfectionism ကတော့ ကိုယ့်ကိုယ်ကို အရမ်းကြီး ဆုံးဖြတ်ဝေဖန်နေတာကို ပြောတာ ဖြစ်ပါတယ်။

❄️ Introversion
Introversion ကိုတော့ လူတိုင်း သိကြမယ်ထင်ပါတယ်။ Introvert ဖြစ်တဲ့ သူတွေက Extrovert တွေနဲ့ ယှဉ်ရင် တစ်ယောက်တည်း နေတတ်ကြပါတယ်။ ဒါပေမယ့် Introvert ဖြစ်တိုင်းလူမှုဆက်ဆံရေးတွေကို ကြောက်ဖို့ မလိုပါဘူးနော်။ 🙋🏻‍♀️

ပြီးတော့ Social Phobia တွေက
🖊️ ‌စကား စတင်ပြောဆိုတာတွေ
🖊️ လူအများကြီးရှေ့မှာ စကားပြောဆိုရတာတွေ
🖊️ ဖုန်းပြောတာတွေ
🖊️ မိတ်ဆွေအသစ်တွေနဲ့ တွေ့ရတာတွေကို ကြောက်ရွံ့တတ်ကြပြီး ရှောင်ကြဉ်လေ့ရှိတတ်ကြပါတယ်။

ဒါပေမယ့်လည်း Social Phobia တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြလို့ တရားသေတော့ မှတ်ထားလို့ မရပါဘူး။ လူနှစ်ယောက်၊ သုံးယောက်လောက်နဲ့ စကားပြောဆိုဆက်ဆံရတာ‌တွေကို ကြောက်ရွံ့ပေမယ့် လူထောင်ချီတဲ့ ပွဲတွေမှာ Presentation ကို ကောင်းကောင်းပြောနိုင်ကြတဲ့ သူတွေလည်း ရှိကြပါတယ်။ ဒါမှမဟုတ် လူအနည်းငယ်လောက်နဲ့ ပြောဆိုဆက်ဆံရတာမှာ အဆင်ပြေပြီး လူအများကြီး ရှိလာတဲ့ အခါမှာ ခြေတုန်လက်တုန်ဖြစ်ပြီး ကောင်းကောင်းမပြောနိုင်ကြတဲ့ သူတွေလည်း ရှိကြပါတယ်။

လူမှုဆက်ဆံရေးတွေမှာ သက်သောင့်သက်သာမဖြစ်ဘဲ ကြောက်လာတဲ့အခါမှာ
🌀 အသက်ရှူကြပ်လာတာတွေ
🌀 အသံတုန်လာ‌တာတွေ
🌀 ခြေတွေ၊ လက်တွေ တုန်လာတာတွေ
🌀 မျက်လုံးတွေ ဝေဝါးပြီး ကောင်းကောင်းမမြင်ရတော့တာတွေ
🌀 ချွေးထွက်လွန်တာတွေ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီထက်ပိုပြီး ပြင်းထန်တဲ့အခါမှာ‌တော့ Panic Attack ထိ ဖြစ်စေနိုင်ပါတယ်။

လူမှုဆက်ဆံရေးတွေကို ရှောင်ကြဉ်လာတဲ့အခါမှာလည်း
🔹အထီးကျန်ခြင်း
🔹စိတ်ဓာတ်ကျခြင်း
🔹‌မူးယစ်ဆေးအလွန်အကျွံသောက်သုံးခြင်း‌ စတာတွေ ဖြစ်လာနိုင်တာမို့လို့ Social Phobia ကို အရေးမကြီးဘူးလို့ သတ်မှတ်လို့ မရပါဘူးနော်။

Social Phobia တွေအတွက် Meditation နဲ့ Psychotherapy (Talk Therapy) က အသင့်တော်ဆုံးဖြစ်ပါတယ်။

ကိုယ်တိုင် ကြိုးစားကြည့်ချင်ရင်တော့

💙 Negative အတွေးတွေ ရှိနေရင် အရင်ဖျောက်ကြည့်ပါ။

💙 ယုံကြည်ရတဲ့ သူနဲ့ Communicate လုပ်ကြည့်ပါ။

Social Anxiety ဟာ ပြင်းထန်တဲ့ အခြေအနေရောက်နေရင်တော့ Treatment ယူဖို့ လိုအပ်ပါပြီ။ Treatment ယူပြီး ဖြည်းဖြည်းချင်း အဆင်ပြေသွားတဲ့ သူတွေ အများကြီး ရှိတာမို့လို့ စတင်ဖို့ကို မကြောက်ပါနဲ့နော်။ ပြီးတော့ mental heal ကလည်း အမြဲ အသင့်ရှိနေပါတယ်။ တခြား စိတ်ပိုင်းဆိုင်ရာ အကူအညီ‌တွေအတွက်လည်း အသက်သာဆုံး ​နှုန်းနဲ့ စီစဉ်ထားတာမို့လို့ Treatment ယူချင်ပါက Page Messenger မှာ ဝင်ရောက်စာရင်းသွင်းလို့ ရပါတယ်ရှင့်။ 🙆🏻‍♀️





သားဖွားနှင့် မီးယပ် အထူးကု ဒေါက်တာ ဒေါ်သန္တာလွင်နှင့် အပတ်စဥ် အင်္ဂါနှင့် သောကြာ နေ့တိုင်း easy health (၁၂၅လမ်း ဆေးခန်းခ...
28/06/2023

သားဖွားနှင့် မီးယပ် အထူးကု ဒေါက်တာ ဒေါ်သန္တာလွင်နှင့် အပတ်စဥ် အင်္ဂါနှင့် သောကြာ နေ့တိုင်း easy health (၁၂၅လမ်း ဆေးခန်းခွဲ)တွင် လာရောက်ပြသတိုင်ပင်နိုင်ပါပြီ။

‍⚕️ ဒေါက်တာ ဒေါ်သန္တာလွင်
M.B.,B.S(Ygn), M.Med.Sc(OG), Consultant OG

ပြသနိုင်သည့်နေ့များ - အင်္ဂါ၊ ကြာသာပတေး (အပတ်စဥ်)

ကြိုတင်ရက်ချိန်းရယူလိုပါက cb (သို့) ph- 09798112185 ကို ဆက်သွယ်ပြီး ကြိုတင် ရက်ချိန်းရယူနိုင်ပါတယ်။
ဆေးခန်းခွဲလိပ်စာကတော့
Green Signal Clinic by easy health - အမှတ် (၆၁) ၊ ၁၂၅ လမ်း ၊ သပြေလမ်းရပ်ကွက် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ။
ဖုန်း -018619278 ၊ 09796766300 ၊ 09798112185။
ဆေးခန်းဖွင့်ချိန် - မနက် ၉ နာရီမှ ညနေ ၈ နာရီအထိ။
#လွယ်ကူသက်သာကျန်းမာစွာ #အမျိုးသမီးကျန်းမာရေး #ဒေါက်တာဒေါ်သန္တာလွင်

သားဖွားနှင့် မီးယပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး Professor ဒေါက်တာ ဒေါ်ခင်ပြုံးကြည်နှင့် အပတ်စဥ် တနင်္လာ၊ ကြာသာပတေး၊ စနေနေ့တိ...
25/06/2023

သားဖွားနှင့် မီးယပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး Professor ဒေါက်တာ ဒေါ်ခင်ပြုံးကြည်နှင့် အပတ်စဥ် တနင်္လာ၊ ကြာသာပတေး၊ စနေနေ့တိုင်း Greensignal by easyhealth ဆေးခန်းတွင် လာရောက်ပြသတိုင်ပင်နိုင်ပါပြီ။

👩‍⚕️ Professor ဒေါက်တာ ဒေါ်ခင်ပြုံးကြည်
M.B.,B.S, M.Med.Sc(OG), Dr. Med.Sc(OG), MRCOG(UK), DFFP (UK)

ပြသနိုင်သည့်နေ့များ - တနင်္လာ၊ ကြာသာပတေး၊ စနေ (အပတ်စဥ်)

ကြိုတင်ရက်ချိန်းရယူလိုပါက cb (သို့) ph- 09798112185 ကို ဆက်သွယ်ပြီး ကြိုတင် ရက်ချိန်းရယူနိုင်ပါတယ်။
ဆေးခန်းခွဲလိပ်စာကတော့
Green Signal Clinic by easy health - အမှတ် (၆၁) ၊ ၁၂၅ လမ်း ၊ သပြေလမ်းရပ်ကွက် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ။
ဖုန်း -018619278 ၊ 09796766300 ၊ 09798112185။
ဆေးခန်းဖွင့်ချိန် - မနက် ၉ နာရီမှ ညနေ ၈ နာရီအထိ။
#လွယ်ကူသက်သာကျန်းမာစွာ #အမျိုးသမီးကျန်းမာရေး #ဒေါက်တာဒေါ်ခင်ပြုံးကြည်

ခဏခဏ မိန်းမကိုယ် ယားယံနေရတဲ့ အကြောင်းရင်းမိန်းကလေးတယောက်အတွက် တကိုယ်ရည်သန့်ရှင်းလှပနေဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ တကိုယ...
22/06/2023

ခဏခဏ မိန်းမကိုယ် ယားယံနေရတဲ့ အကြောင်းရင်း

မိန်းကလေးတယောက်အတွက် တကိုယ်ရည်သန့်ရှင်းလှပနေဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ တကိုယ်လုံးလှနေအောင် ဝတ်၊ ကျော့နေအောင် ဆင်ပြီးမှ အပြင်ထွက်ပါပြီတဲ့ . . . မိန်းမကိုယ်ယားယံလာပြီဆိုရင် လူကြားထဲရောက်တဲ့အချိန် ‌အတော်အခက်တွေ့ကြပါတယ်။
ဒီလိုယားယံတာတွေ ခဏခဏဖြစ်နေမယ်ဆိုရင်လည်း ပြသနာရှိနေပါပြီနော်။ ဘာလို့ မိန်းမကိုယ် ယားယံရလည်းဆိုတော့

၁. ဆပ်ပြာနဲ့ တကိုယ်ရည် သန့်စင်ဆေးရည်တွေနဲ့ ဓာတ်မတည့်တာ
၂. မိန်းမကိုယ်မှာ မှိုစွဲတာ၊ ဘက်တီးရီးယား
ပိုးဝင်တာ🦠🦠
၃. စိတ်ဖိစီးမှုများခြင်း
၄. ဆီးချိုရောဂါ ရှိခြင်း
၅. အတွင်းခံကျပ်ကျပ် ဝတ်ခြင်း
၆. သန္ဓေတား သောက်ဆေး သောက်နေတာတွေကြောင့် ယားယံတတ်ပါတယ်။

ဒီလိုယားယံရာကနေလည်း ပိုးဝင်ကူးစက်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ဒီလို ယားယံနေရင် ပေါ့ပေါ့ဆဆ မနေသင့်ပဲ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူသင့်နေပါပြီနော်။
Easy Health ဆေးခန်းတွေမှာ (OG) ဆရာမကြီးများက ပိတ်ရက်မရှိ တိုင်ပင်ဆွေးနွေးပေးနေတာကြောင့် အမြန်ဆုံးလာရောက်ပြသနိုင်ပါတယ်နော်။
လာရောက်ပြသချင်တယ်ဆိုရင် ဆေးခန်းလိပ်စာတွေကတော့
ဆေးခန်းလိပ်စာတွေကတော့

🏥 မင်္ဂလာတောင်ညွန့်မြို့နယ်မှာဆိုရင်
Green Signal Clinic by easy health - အမှတ် (၆၁) ၊ ၁၂၅ လမ်း ၊ သပြေလမ်းရပ်ကွက် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ။
ဖုန်း -018619278 ၊ 09796766300 ၊ 09798112185။
ဆေးခန်းဖွင့်ချိန် - နံနက် ၉ နာရီမှ ညနေ ၈ နာရီအထိ။
#လွယ်ကူသက်သာကျန်းမာစွာ #အမျိုးသမီးကျန်းမာရေး

ဘယ်လိုလူတွေမှာ နှလုံးရောဂါဖြစ်လေ့ရှိသလဲ❓နှလုံးရောဂါဆိုတာ နှလုံးအိမ်ပျက်စီးတာကိုခေါ်တာပါ။နှလုံးအိမ်ဟာသွေးရဲ့ထိန်းညှိရာနေရ...
19/06/2023

ဘယ်လိုလူတွေမှာ နှလုံးရောဂါဖြစ်လေ့ရှိသလဲ❓

နှလုံးရောဂါဆိုတာ နှလုံးအိမ်ပျက်စီးတာကိုခေါ်တာပါ။
နှလုံးအိမ်ဟာသွေးရဲ့ထိန်းညှိရာနေရာပါ။သွေးကိုသန့်စင်ပေးတဲ့နေရာပါ။ဒါကြောင့်မသန့်စင်တဲ့သွေး ရောက်လာပြီဆိုရင် နလုံးရောဂါဖြစ်ဖို့ နှလုံးအားနည်းဖို့များသွားပါပြီ
🔸သွေးတိုးရောဂါ
🔸ဆီးချိုရောဂါ
🔸ဆေးလိပ်သောက်ခြင်း
🔸ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
🔸သွေးအတွင်း အဆီဓာတ် မြင့်မားခြင်း
🔸ကိုယ်အလေးချိန်များနေခြင်း
🔸အဆီများသော အစားအစာများ အပါအဝင် ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများ စားသုံးလေ့ရှိခြင်း
🔸စိတ်ကျရောဂါဖြစ်ခြင်း
🔸မိသားစုရာဇဝင်ရှိခြင်း
🔸အရက်အလွန်အကျွံသောက်ခြင်း
🔸သွေးလေးဘက်နာလို့ လူသိများကြတဲ့ Rheumatoid arthritis, Lupus erythematosus ခေါ် ရောဂါများ
🔸Type A personality ခေါ်တဲ့ စိတ်တိုတတ်၊ ရန်လိုတတ်၊ စိတ်ဆတ်သူ
စသည်တို့မှာ အဖြစ်များတတ်ပါတယ်။
နှလုံးရောဂါအမျိုးအစားကွဲများအထဲတွင်
🔸သေဆုံးမှုနှုန်း အများဆုံးကတော့ ရုတ်တရတ်နှလုံးအောင့်၍သေဆုံးခြင်း
🔸 (Heart Attack)လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းဆိုတဲ့ ရောဂါပဲဖြစ်ပါတယ်။
နှလုံးရောဂါတွေဟာ အသက်အရွယ်နှင့် မဆိုင်ပဲ အသက်ကြီးကြီးငယ်ငယ် ဖြစ်တတ်တဲ့ ရောဂါမျိုးဖြစ်တဲ့အတွက် အချိန်မလွန်ခင် သိရလေအောင် သတိထားကုသသင့်ပါတယ်။
💓easy health ဆေးခန်းတွင်
▫ကျွမ်းကျင်သော နှလုံးအထူးကုဆရာဝန်ကြီးများနှင့်
တိုင်ပင်ဆွေးနွေးကုသခြင်း
▫Echo ရိုက်ကူးခြင်း
▫ECG ရိုက်ကူးခြင်း
▫သွေးစစ်ဆေးခြင်းစတဲ့ ကျန်းမာရေးဝန်ဆောင်မှုများကို
တိကျသေချာသော စစ်ဆေးမှုများနှင့် နွေးထွေးပျူငှာသောဝန်ဆောင်မှုများနှင့်အတူ
ပြသတိုင်ပင်ဆွေးနွေးနိုင်ပါပြီ
🏥ဆေးခန်းလိပ်စာကတော့
🔹 မင်္ဂလာတောင်ညွန့်မြို့နယ်မှာဆိုရင်
👉Green Signal Clinic by easy health
အမှတ် (၆၁) ၊ ၁၂၅ လမ်း ၊ သပြေလမ်းရပ်ကွက် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ။
☎️ဖုန်း -018619278 ၊ 09796766300 ၊ 09798112185။
ဆေးခန်းဖွင့်ချိန် - နေ့လည် ၉ နာရီမှ ညနေ ၈ နာရီအထိ။

#လွယ်ကူသက်သာကျန်းမာစွာ #နှလုံးရောဂါ #နှလုံးအထူးကု

မိုးဖွဲဖွဲနဲ့ ပါလာတဲ့ တုပ်ကွေးဖျားနာ ကြိုတင်ကာကွယ်ပါမိုးရာသီရောက်လာတာနဲ့ မိုးမိ အအေးပတ်တာမျိုး၊ တုတ်ကွေးဖျားနာတွေ အဖြစ်မ...
16/06/2023

မိုးဖွဲဖွဲနဲ့ ပါလာတဲ့ တုပ်ကွေးဖျားနာ ကြိုတင်ကာကွယ်ပါ

မိုးရာသီရောက်လာတာနဲ့ မိုးမိ အအေးပတ်တာမျိုး၊ တုတ်ကွေးဖျားနာတွေ အဖြစ်များလာပါပြီနော်။ သားသား၊မီးမီးလေးတွေလည်း ကျောင်းတက်ရတဲ့အခါ မိုးမိဖျားနာတာမျိုးမဖြစ်ရလေအောင် တုပ်ကွေး ကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပါတယ်နော်

တုပ်ကွေးကာကွယ်ဆေးဟာ ဒီနေ့ထိုး ဒီနေ့ မကာကွယ်နိုင်ပါဘူး!!
အနည်းဆုံး ၂ပါတ် ကြာမှ ကာကွယ်မှု ပေးနိုင်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးရဲ့ အာနိသင် မပျက်စီးအောင်လည်း သင့်တော်တဲ့ အအေးချိန်မှာ အမြဲ ထားရပါတယ်။

Easy Health ဆေးခန်းတွေမှာ ၂၀၂၃ အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး အသက် ၆လမှ စ၍ ထိုးနှံနိုင်ပါပြီ။
ပြင်သစ်နိုင်ငံထုတ် Vaxigrip Tetra 2023 ဟာဆိုရင်
1. A/H1N1(pdm09)
2. A/H3N2
3. B/Michigan
4. B/Phuket
Strain တွေကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေးကို
တစ်နှစ်ပတ်လုံးကာကွယ်ပေးနိုင်ပါတယ် ။
‼လတ်တလောဖျားနာနေသူ၊ ကြက်ဥအကာနဲ့ဓာတ်မတည့်သူများမှ လွဲပြီး
ကျန်သူများအားလုံး ထိုးနှံနိုင်ပါတယ်။ ဓာတ်မတည့်ခြင်းမရှိသလောက်နည်းပါတယ်။
▫ကျောင်းနေအရွယ်ကလေးငယ်များနဲ့ နာတာရှည်ရောဂါရှိသူများ
(နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုးဆီးချို၊ အသည်းရောဂါ၊ ကင်ဆာလူနာများ) နဲ့
သက်ကြီးရွယ်အိုများ အနေနဲ့ ထိုးထားသင့်တဲ့ ကာကွယ်ဆေးလဲဖြစ်ပါတယ်။
▫Flu Vaccine (ရာသီတုပ်ကွေးကာကွယ်ဆေး)နဲ့ ပတ်သတ်ပြီး
အခြားသိလိုသည်များကိုလဲ Chat Box မှာ အသေးစိတ်ဆွေးနွေးမေးမြန်းနိုင်ပါတယ်နော်။
✅Vaxigrip Tetra (Register)
Cold Chain ရော ပစ္စည်းအရည်အသွေးရော အာမခံပါတယ်ရှင်။
အိမ်တိုင်ရာရောက်လည်း cold chainစနစ်ဖြင့် လိုက်လံထိုးနှံပေးနေပါတယ်။
✅စက်ရုံ၊အလုပ်ရုံနှင့် ကုမ္မဏီများအတွက်လည်း အထူးဈေးနှုန်းနှင့်
စီစဉ်ပေးနေတာမို့ chat box (သို) ဖုန်း - 798112185 ကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
#လွယ်ကူသက်သာကျန်းမာစွာ #မိုးရာသီတုပ်ကွေး

ကိုယ်ကိုတိုင် အာရုံစူးစိုက်မှုအားနည်းလာပြီး ပျော်ရွှင်မှု မရှိသလိုခံစားလာရပြီဆိုရင် Depression လို့ခေါ်တဲ့ စိတ်ပိုင်းဆို...
15/06/2023

ကိုယ်ကိုတိုင် အာရုံစူးစိုက်မှုအားနည်းလာပြီး ပျော်ရွှင်မှု မရှိသလိုခံစားလာရပြီဆိုရင် Depression လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖျားနာမှုကို ခံစားနေရတာကြောင့်ဘဲ ဖြစ်ပါတယ်။
Depression ကြောင့်ဖြစ်လာတဲ့ လက္ခဏာတွေကို သတိမပြုမိရင် အဲ့ Depression အသေးစားကနေ နောက်ပိုင်း မိမိကိုယ်ကို ထိခိုက်အောင် လုပ်မိတာမျိုးတွေထိပါ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုယ်ဟာ Depression ကိုခံစားနေရမှန်း သတိပြုမိပြီဆိုရင် အပေါ်က ပြောပြခဲ့တဲ့ အချက်တွေအတိုင်း ပြုပြင်နေထိုင်သင့်သလို လုံခြုံမှု ရပ်ဝန်းငယ် ဖြစ်တဲ့ mental heal ကလည်း သင်တို့ရဲ့ဘေးမှာ ရှိနေပေးမှာဖြစ်ပါတယ် 🫂
ဒါ့အပြင် Emotional Support အတွက် Counseling ယူချင်တယ်ဆိုရင်
mental heal နဲ့ easy health တို့ ပူးပေါင်းပြီး offline counseling service စီစဉ်ထားပါတယ်။

Counseling service ယူဖို့ အတွက် chat box မှာ လာရောက် မေးမြန်းနိုင်သလို အောက်ပါ လင့်မှတဆင့်လည်း ဝင်ရောက် လေ့လာနိုင်ပါတယ်ရှင်။

https://www.facebook.com/mentalhealmm/posts/pfbid087Yd2D94gguQwi2mPyZi9DRW9bWKJySi65o6xsegmiThTJgVtKZwb2rv6hbmZzbzl





ခုခေတ်မှာ Depression ဆိုတဲ့ စကားလုံးက လူတွေရဲ့ နှုတ်ခမ်းဖျားမှာ ခနခန အသုံးပြုလာတယ်ဆိုတာ သတိထားမိမှာပါ။

ကိုယ်ကိုတိုင် အာရုံစူးစိုက်မှုအားနည်းလာပြီး ပျော်ရွှင်မှု မရှိသလိုခံစားလာရပြီဆိုရင် Depression လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖျားနာမှုကို ခံစားနေရတာကြောင့်ဘဲ ဖြစ်ပါတယ်။

Depression ကြောင့်ဖြစ်လာတဲ့ လက္ခဏာတွေကို သတိမပြုမိရင် အဲ့ Depression အသေးစားကနေ နောက်ပိုင်း su***de တာမျိုးတွေထိပါ ဖြစ်တတ်ပါတယ်။

Depression ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ -
🚩 ချစ်ရတဲ့သူတွေကို ‌ဆုံးရှုံးခြင်း
🚩 ကလေးဘဝ တုန်းက စိတ်ဒဏ်ရာများ ရခဲ့ခြင်း
🚩 ကွာရှင်းပြတ်စဲခြင်း
🚩 Relationship နဲ့ပတ်သက်တဲ့ ပြဿနာများ ကြုံတွေ့လာရခြင်း
🚩 လျစ်လျူရှုခံရခြင်း
စတဲ့ ပြဿနာတွေအပြင် တခြားသော အကြောင်းအရင်းတွေကလည်း Depression ကိုဖြစ်စေတတ်ပါသေးတယ်။

Depression ကိုစတင်ခံစားလာရပြီဆိုရင်
🌡️ စိတ်တိုလွယ်ခြင်း
🌡️ အကြောင်းမဲ့ ဝမ်းနည်းတတ်လာခြင်း
🌡️ အိပ်မပျော်ခြင်း (သို့) အလွန်အမင်း အိပ်စက်တတ်လာခြင်း
🌡️ အစာစားချင်စိတ်လျော့နည်းလာခြင်း
🌡️ ကိုယ်အလေးချိန် မမှန်ခြင်း
🌡️ ကိုယ့်ကိုကိုယ် အပြစ်တင်တတ်လာခြင်း
🌡️ Su***de ဖို့စိတ်ကူးခြင်း
🌡️ ခေါင်းကိုက်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ စတင်ခံစားရတတ်ပါတယ်။

ဒါဆို ကိုယ်ကိုတိုင်က Depression ခံစားနေရမှန်းသိပြီဆိုရင် ဘယ်လိုသက်သာအောင် နေထိုင်ကြမလဲ ❓

📍 အဆက်အသွယ်မပြတ်ဘဲ နေပါ
ကိုယ်တစ်ယောက်ထဲနေရင် အထီးကျန်သလိုခံစားလာရပြီး Depression ဖြစ်ဖို့ အလားအလာများပါတယ်။ ဒါကြောင့် ကိုယ်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူ အချိန်ဖြုန်းပြီး သူတို့ကို ရင်ဖွင့်တိုင်ပင်တာမျိုးကလည်း စိတ်ကို ပေါ့ပါးစေပါတယ်။

📍 တက်တက်ကြွကြွ နေပါ
တစ်နေ့ကို မိနစ် ၂၀ လောက် လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ အပြင်လမ်း ထွက်လျှောက်ခြင်းကလည်း Depression လျော့နည်းအောင် ကူညီပေးပါတယ်။

📍 ကျန်းမာအောင် နေထိုင်စားသောက်ခြင်း
တစ်ချို့လူတွေက စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အစာမစားချင်သလို ခံစားရပြီး ကိုယ်အလေးချိန်လည်း နည်းသွားနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်‌ကျနေတဲ့အချိန်မှာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ချင့်ချိန်ပြီးနေသင့်ပါတယ်။

📍 အရက် အလွန်အကျွံ မသောက်ပါနဲ့
အချို့လူတွေက စိတ်ခံစားမှုကို ဖုံးကွယ်ဖို့ နဲ့ အချိန်ကုန်သက်သာဖို့အတွက် နည်းလမ်းတစ်ခုအနေဖြင့် ပုံမှန်ထက်ပိုပြီး အရက်ကို သောက်ကြပါတယ်။ ဒါပေမယ့် အရက်က ကိုယ့်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မကူညီနိုင်သလို ကိုယ့်ကို ပိုစိတ်ဓာတ်ကျစေနိုင်ပါတယ်။

📍 အချိန်သတ်သတ်မှတ်မှတ် ထားပါ
လူတွေဟာ စိတ်ဓာတ်ကျတဲ့အခါ အိပ်ရေးမဝတာတွေ၊ အိပ်မပျော်တာ၊ အိပ်ယာထနောက်ကျတာ စတာတွေခံစားရတတ်ပါတယ်။ ဒါကြောင့် ကိုယ်က စိတ်ဓာတ်ကျနေပြီဆိုရင် ပုံမှန်အချိန်အတိုင်း အိပ်ရာထပြီး တတ်နိုင်သမျှ ကိုယ့်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ပါ။

ဒါကြောင့် ကိုယ်ဟာ Depression ကိုခံစားနေရမှန်း သတိပြုမိပြီဆိုရင် အပေါ်က ပြောပြခဲ့တဲ့ အချက်တွေအတိုင်း ပြုပြင်နေထိုင်သင့်သလို လုံခြုံမှု ရပ်ဝန်းငယ် ဖြစ်တဲ့ mental heal ကလည်း သင်တို့ရဲ့ဘေးမှာ ရှိနေပေးမှာဖြစ်ပါတယ် 🫂

ဒါ့အပြင် Emotional Support အတွက် Counseling ယူချင်တယ်ဆိုရင် mental heal ရဲ့ Page Chat Box ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်း‌နိုင်ပါတယ် 🌻




Address

25, U Chit Maung Road, Bahan Township
Yangon
11201

Telephone

+959772317688

Website

Alerts

Be the first to know and let us send you an email when easy health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram