26/07/2023
မင်္ဂလာပါ ဖေဖေမေမေတို့ရေ
ဒီနေ့မှာ ကလေးလေးရဲ့ စဉ်းစားတွေးခေါ်တတ်လာနိုင်ခြင်းအကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။
ဖေဖေမေမေတို့ သိကြတဲ့အတိုင်းပဲ စဉ်းစားတွေးခေါ်တတ်ခြင်းဆိုတာက လူသားတွေနဲ့ တစ်ခြားသတ္တဝါတွေကို ကွဲပြားစေတဲ့ အဓိကအချက်ပါပဲ။
ဒီအချက်က ကလေးလေးအတွက်တော့ ဖေဖေမေမေတို့၊ကလေးထိန်း၊မောင်နှမတွေရှိတဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကဆက်ဆံရေးကနေ အစပြုပါတယ်ရှင်။
တစ်ခြားလူတွေက သူတို့ရဲ့ကိုယ်ပိုင် စိတ်၊အတွေးအခေါ်တွေ၊ရည်ရွယ်ချက်တွေအတိုင်း သူတို့တွေက ပြုမူကြတယ်၊တွေးခေါ်ကြတယ် ဆိုတာကို ကလေးလေးက တဖြည်းဖြည်းနဲ့ နားလည်လာမှာဖြစ်ပါတယ်။ ဒီနားလည်လာပြီးတဲ့နောက်မှာ ကလေးလေးက တစ်ခြားလူတွေရဲ့တုံ့ပြန်မှုတွေကို ခန့်မှန်းတတ်လာပြီး သူကိုယ်တိုင်က ဘယ်လိုပြုမူရမလဲဆိုတာကိုလည်း တွေးခေါ်တတ်လာမှာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ကလေးလေးက လူမှုဆက်ဆံရေးအတွက် သင်ယူတတ်မြောက်လာမှာ ဖြစ်ပါတယ်။
ကလေးလေးရဲ့ စဉ်းစားတွေးခေါ်တတ်လာခြင်းအကြောင်းကို အဆင့်နှစ်ဆင့် ခွဲခြားပြလို့ ရပါတယ်။
ပုံတစ်ပုံချင်းစီမှာ ဆက်လက်ဖတ်ပါ👇