KK Clinic & Pharmacy

KK Clinic & Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KK Clinic & Pharmacy, Pharmacy / Drugstore, No. 21/A, Thanthumar Road, Yangonthit Ward, Thingangyun Township, Yangon.

25/08/2023
1300010ဗူးရှိ
21/03/2023

13000
10ဗူးရှိ

Discount item
18/03/2023

Discount item

24/10/2022

အစားစားပြီး ဘယ်လောက်ကြာမှ လေ့ကျင့်ခန်း ပြုလုပ်သင့်သလဲ? (Doing exercise after taking meal)........

အစားစားပြီးပြီးချင်းလေ့ကျင့်ခန်းပြုလုပ်တာက မကောင်းဘူးဆိုတာ လူတော်တော်များများသိကြပါတယ်။

စားပြီးကာစမှာ ဗိုက်တင်းနေရင်
🔺 ရင်ပြည့်တယ်၊
🔺 အိပ်ငိုက်တယ်၊
🔺 လေးလံတယ် စသဖြင့် ဖြစ်တတ်ကြတာမို့

အဲသည်အချိန် လေ့ကျင့်ခန်းပြုလုပ်လိုက်ရင်
✴ အမောမခံနိုင်တာ
✴ ဗိုက်အောင့်တာ၊
✴ ပျို့ချင်အန်ချင်တာတွေ ဖြစ်နိုင်ပါတယ်။

ဒါဆို အစာစားပြီး ဘယ်နှနာရီကြာမှ လေ့ကျင့်ခန်းပြုလုပ်ဖို့စိတ်ချရမလဲ?

➡ သည်မေးခွန်းကို အဖြေတစ်ခုတည်းနဲ့ ပြည့်စုံအောင်ဖြေဖို့ဆိုတာ မလွယ်ကူပါဘူး။

မိမိစားထားတဲ့
👉 အစားအစာအမျိုးအစား၊
👉 အစားအစာပမာဏ၊

မိမိပြုလုပ်မယ့်
👉 လေ့ကျင့်ခန်းအမျိုးအစား၊
👉 လေ့ကျင့်ခန့်းကြာချိန်၊

ပြီးတော့ မိမိမှာ
👉 ရောဂါအခံရှိမရှိ စတဲ့ကျန်း​မာရေးအခြေအနေတွေပေါ်မှာ မူတည်ပါတယ်။

အကြမ်းဖျင်းပြောရရင်တော့...

✅ အစားများများစားထားရင် (large meal) '၃နာရီ ၄နာရီ' ခြားပြီး ​မှ လေ့ကျင့်ခန်းလုပ်ပါ။

✅ အစားနည်းနည်းပဲစားထားရင်တော့ (small meal) '၁နာရီကနေ ၂နာရီ'ထိ ခြားပြီးမှ လေ့ကျင့်ခန်းလုပ်ပါ။

✅ အဆာပြေမုန့်လောက်ပဲစားထားရင်တော့ (light snacks) 'နာရီဝက် တစ်နာရီ'ခြားပြီးရင် လေ့ကျင့်ခန်းပြုလုပ်လို့ရပါပြီ။

Ref:
https://www.goodrx.com/well-being/movement-exercise/how-long-should-i-wait-to-exercise-after-eating

29/09/2022

🏘အိမ်ပင့် ကျန်းမာရေး စောင့်ရှောက်မှု🚕

🗓ကျွန်မတို့ တိုးတက်အထူးကုဆေးခန်းအနေနှင့် ဆေးခန်းစတင်ဖွင့်လှစ်ပြီး ၉လပြည့်အထိမ်းအမှတ်အနေနှင့် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ စတင်ပြီး တိုးတက်အထူးကုဆေးခန်းမိသားစုမှ
တိုးတက်အထူးကုဆေးခန်း၏ လူနာဟောင်း/လူနာသစ်များအတွက် အိမ်ပင့် ကျန်းမာရေး စောင့်ရှောက်မှုများအား သင့်တင့်သက်သာသော အထူးစျေးနှုန်းများနှင့် package များစီစဉ်ပေးထားကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် … 📢

📌ရရှိနိုင်မည့် အိမ်ပင့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများမှာ

👩🏻‍⚕️၁။ တတ်ကျွမ်းနားလည်သော အထူးကုသမားတော်ကြီးများကိုယ်တိုင် စမ်းသပ်ကုသမှုပေးခြင်း

🧑‍🦽🧑‍🦯၂။ လေဖြတ်လေဖြန်းလူနာများ နှင့် နာတာရှည် ဒူးနာခါးနာလူနာများအား ခေတ်မှီစက်ကိရိယာကြီးများနှင့် အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးအထူးကုဆရာကြီးများကိုယ်တိုင် ကုထုံးများနှင့်ကုသမှုပေးခြင်း

👨‍⚕️၃။ ကျွမ်းကျင်သော အထွေထွေရောဂါကု ဆရာဝန်များနှင့် ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်ခြင်း

🙋‍♀️၄။ နွေးထွေး ပျူငှါသော သူနာပြုအကူများ၏ ဂရုစိုက်ပြုစုကုသမှုပေးခြင်း

💉၅။ လူနာ၏ ကျန်းမာရေးအခြေအနေပေါ်မူတည်၍ လိုအပ်မည့် Drip များချိတ်သွင်းပေးခြင်း

💉၆။ အထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း အကြောဆေး အသားဆေးများထိုးနှံပေးခြင်း၊ Dripများ ချိတ်သွင်းပေးခြင်း

📇၇။ ECG (နှလုံးစက်ဆွဲပေးခြင်း)

🩸၈။ ဆီးချိုပမာဏစစ်ပေးခြင်း

🧪👩‍🔬၉။ ဆီး ဝမ်း သွေး ဓာတ်ခွဲစစ်ဆေးချက်များ ပြုလုပ်ပေးခြင်း

💉၁၀။ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း

🩹၁၁။ အနာဆေးထည့်ပေးခြင်း

စသဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေးအခြေအနေနှင့် အခက်အခဲများအား နေအိမ်၌သာနေ၍ သင့်တင့်သက်သာသော ကုန်ကျစရိတ်များနှင့် တိုးတက်အထူးကုဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် …💡

☎️အသေးစိတ် သိရှိ စုံစမ်းလိုပါက
ဖုန်း 09262989866 / 09262989391 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ....

✍️page messenger ကနေလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်.....

⛑တိုးတက်အထူးကုဆေးခန်း
အမှတ် ၂၅၅/ခ ၊ သံသုမာလမ်း ၊ သင်္ဃန်းကျွန်းမြို့နယ် ။
(သွပ်ဝိုင်းကြီးရပ်ကွက် ၊ သွားဆေးတက္ကသိုလ်လမ်းကူး)

23/04/2022

တိုးတက် (၂၄နာရီ) အထွေထွေရောဂါနှင့်အထူးကုဆေးခန်းတွင်
နောက်ဆုံးပေါ် Mindray Ultrasound စက်သစ်ကြီးဖြင့် ကြည်လင်ပြတ်သားသော တယ်လီဗေးရှင်းဓာတ်မှန် ပုံရိပ်များကို
အတွေ့အကြုံရှိ ဓာတ်မှန်ဆရာဝန်ကြီးများမှ
နေ့စဉ် ရိုက်ကူးပေးနေပါပြီ...

လူနာများအဆင်ပြေစေရန် ရိုက်ကူးမည့်အချိန်ကို
ကြိုတင် ဖုန်းဆက် bookingယူရန် လိုအပ်ပါသည်ရှင်...

Phone : 09 26298 9866, 09 26298 9391
Address: ၂၅၅(ခ)၊ သံသုမာလမ်း၊ သဃင်္န်းကျွန်းမြို့နယ်၊ (သွားဆေးတက္ကသိုလ်ရှေ့)

20/04/2022

မိတ်ဆွေများအားလုံးပဲ မဂ်လာပါ...

❓ မိမိတို့အိမ်မှာရှိတဲ့ လူမမာတွေအတွက် ပုံမှန်ဆေးကုသမှူခံယူဖို့ အခက်အခဲတွေ့နေပါသလား

❓ဆေးရုံဆေးခန်းခဏခဏမသွားနိုင်လို့ အိမ်မှာပဲသက်တောင့်သက်သာနဲ့ စိတ်ချရတဲ့ ကုသမှူမျိုး ရယူလိုပါသလား

❓ ဆေးရုံမှာကဲ့သို့ ပြည့်စုံတဲ့ဆေးကုသမှူမျိုး မိမိအိမ်မှာပဲရယူလိုပါသလား။

❓ အိမ်ပင့်ကုသမှူ​တခေါက်ချင်းစီ ခဏခဏခေါ် နေရလို့ ငွေကုန်ကြေးကျများနေပါသလား

ဒါတွေအားလုံးကို ဖြေရှင်းပေးနိုင်မယ့် ကျနော်တို့ Htun linn Rehab Serviceရဲ့

❇ "စဉ်ဆက်မပြတ်စောင့်ရှောက်မှူ Package Home Care Plan"❇ လေးနဲ့ မိတ်ဆက်ပေးပါရစေ။........

🔺 ပုံမှန်အိမ်ပင့်ကုသမှူတွေထက် သည်package home care plan က ဘယ်လိုအားသာချက်တွေရှိနိုင်မလဲ?

👉 Package အနေနဲ့ ယူပြီး ကုသနိုင်တာမို့ တစ်ခေါက်ချင်း အိမ်ပင့်တဲ့ ကုန်ကျစရိတ်ထက် ၅၀%ထိ သက်သာမှာဖြစ်ပါတယ်။

⚛(ဉပမာ. အိမ်ပင့်တခေါက်ချင်းစီအတွက် 'လေး သောင်းကျပ်' ကျသင့်လျှင်

၅ရက်စာ package ယူပါက

တစ်ရက်ကို'နှစ်သောင်းကျပ်'နဲ့

စုစုပေါင်း တစ်သိန်းကျပ် ကျသင့်မှာဖြစ်တာမို့

၅၀% ထိသက်သာသွားမှာဖြစ်ပါတယ်)

(ခရီးအကွာအဝေးနဲ့ လူနာကုသပေးရမှူပုံစံပေါ်မူတည်ကာ လူနာတယောက်ချင်းစီအတွက်ကုသသင့်တဲ့ ရက်အပိုင်းအခြား၊ package စျေးနှူန်း ပုံစံအသေးစိတ်ကို ကိုယ်အဆင်ပြေသလို ဆက်သွယ်စုံစမ်း ရွေးချယ်ရယူနိုင်ပါတယ်)⚛

👉 ဆရာဝန်နဲ့ ကုသမှူအဖွဲ့ဝင်တွေကိုယ်တိုင် အိမ်ကိုလာရောက်ကုသပေးမှာ အကြိုအပို့လုပ်ပေးစရာမလိုအပ်တော့ပါဘူး။

👉 နေ့စဉ် (သို့) တစ်ရက်ခြား (သို့) တစ်ပတ်တစ်ခါ စသဖြင့် လူနာအခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ package အလိုက် အချိန်မှန်လာရောက်ကြည့်ရှူကုသမှူပေးမှာဖြစ်ပါတယ်။

👉 Package ယူထားတဲ့ကာလအတွင်းမှာလည်း Online (သိူ့) ဖုန်းခေါ်ဆိုမှူများဖြင့် အခမဲ့ဆက်သွယ်တိုင်ပင်မေးမြန်းနိူင်ခွင့်လည်းရရှိမှာ ဖြစ်ပါတယ်။

👉 ဒါ့အပြင် ပုံမှန်လာရောက်ကြည့်ရှူချိန်မဟုတ်ဘဲ အရေးပေါ်လာရောက်ကြည့်ရှူပေးဖို့လိုတဲ့အခါမျိုးမှာလည်း အထူးစျေးနှူန်းနဲ့ ထပ်မံလာရောက်ကြည့်ရှူပေးသွားပါဉီးမယ်။

👉 ရက်ချိန်းပြန်​ပြရန် လွတ်သွားခြင်း/လိုသွားခြင်း၊ ဆရာဝန်ခဏခဏပြောင်းနေရသဖြင့် ကုသမှူအဆက်အစပ်ပြတ်ခြင်းမျိုးမရှိဘဲ လိုအပ်သော ဆေးကုသမှူကို (သတ်မှတ်ကာလ) course အပြည့်အစုံကို ဆေးရုံတက်ကုသရသကဲ့သို့ မိမိအိမ်မှာပဲ ကုသမှူခံယူနိုင်မှာ ဖြစ်ပါတယ်။

✳ ဒါကြောင့်မို့ လူနာကုသမှူကို ခဏတ​ဖြုတ်ရေတိုကုသပေးတာမျ်ုးမဟုတ်ပဲ စဉ်ဆက်မပြတ်ရေရှည်ထိထိရောက်ရောက်ကုသမှူမျိုး လိုအပ်ရင်တော့ အခု Package Home Care Plan လေးကို အမြန်ဆုံးရယူသုံးစွဲလိုက်ပါ ။ ✳......

🔺 ဘယ်လိုလူနာတွေအဓိကအသုံးပြုသင့်သလဲ?

✅ ဆေးရုံဆေးခန်းမှာအမြဲတက်ရောက်ကုသဖို့မလွယ်ကူတဲ့

✅ မိမိ အိမ်မှာပဲ​နေပြီး ပုံမှန်ဆေးထိုးဆေးသွင်းပြုလုပ်ပေးဖို့ လိုအပ်နေတဲ့

✅ ရေရှည် ပြန်လည်သန်စွမ်းရေး ကုသမှူခံယူဖို့လိုနေတဲ့

👉 နာတာရှည်ရောဂါဝေဒနါရှင်များ

👉 ခွဲစိတ်ပြီးကာစလူနာများ

👉 လူကြီးသူမများ

👉 ကင်ဆာရောဂါ‌‌ေ၀ဒနာရှင်များ

👉 မသန်စွမ်းရောဂါဝေဒနါရှင်များ

(လေဖြတ်ရောဂါ၊

ဉီးနှောက်အာရုံကြောရောဂါ၊

ကိုယ်ခနွာထိခိုက်ဒဏ်ရာရရောဂါ

အရိုးအဆစ်ကျီးပေါင်းနှင့်နာကျင်ကိုက်ခဲမှူရောဂါ

မွေးရာပါကလေး သူငယ်နာရောဂါစသည်) တို့ဖြစ်ပါတယ်......

အသေးစိတ်သိရှိလိုပါက ဤ page ၏ messenger chat box မှဖြစ်စေ၊ ဖုန်း 09799575294 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြနိးနိုင်ပါတယ်ခင်ဗျာ။

15/01/2022

'Rehabilitation in Primary Care' Online Course ကို

Live Sharing တုန်းက မတက်လိုက်ရတဲ့ ဆရာတွေ ဆရာမတွေအတွက်

Replay အေ နဲ့ အေးအေးဆေးဆေး Self-paced learning ပြန်လေ့လာလို့ရအောင်

Hexagon Medical Education မှ စီစဥ်ပေးကြောင်း သိရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ share လုပ်ပေးရပါတယ် ခင်ဗျာ။ 😊

အသေးစိတ်ကို အောက်ပါ link မှာ သွားရောက်ကြည့်ရှူနိုင်ပါတယ်။

https://www.facebook.com/957203781061542/posts/4728107290637820/

15/01/2022
09/11/2021

နာတာရှည်အိပ်ယာထဲလဲနေသောလူနာများနှင့်အကြောအဆစ်ရောဂါရှိသောဝေဒနာရှင်များ အတွက် ထိရောက်သောကုသမှုများရယူနိုင်ပါသည်။

https://www.facebook.com/Home-Care-Rehabilitation-Service-361880787794867/

အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးကုသမှူများ

Address

No. 21/A, Thanthumar Road, Yangonthit Ward, Thingangyun Township
Yangon

Telephone

+959772271718

Website

Alerts

Be the first to know and let us send you an email when KK Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram