Soe Win Oo

Soe Win Oo အရေပြား ၊ အလှအပ ၊ ဂီတ ၊ ခရီးသွားခြင်း နှင့် ကိုယ်ပိုင် ဘလောဂ်

အရေပြားဆရာဝန်နှင့် ကလေးငယ်များတွင် အရေပြားပြဿနာအဖြစ်များစေသော အကြောင်းရင်းများအကြောင်း အမေးအဖြေဒေါက်တာ စိုးဝင်းဦးကလေးတွေ...
01/12/2024

အရေပြားဆရာဝန်နှင့် ကလေးငယ်များတွင် အရေပြားပြဿနာအဖြစ်များစေသော အကြောင်းရင်းများအကြောင်း အမေးအဖြေ
ဒေါက်တာ စိုးဝင်းဦး

ကလေးတွေဟာ လူကြီးတွေထက် အရေပြားပြဿနာတွေ ပိုဖြစ်လွယ်ပါသလား။
မှန်ပါတယ်။
မျက်မှောက်ခေတ်ရဲ့ တိုးတက်လာသော လူနေမှုစနစ်အရ အသုံးအဆောင်၊ ပစ္စည်းတွေဟာ များပြားလာပြီး ပိုရှုပ်ထွေးလာပါတယ်။ အဲဒီအသုံးအဆောင်တွေ၊ ပစ္စည်းတွေမှာ သဘာဝပစ္စည်းများရော၊ ဓာတုပစ္စည်းများပါ ပေါင်းစပ်ပါဝင်နေကြပါတယ်။ ကလေးငယ်တွေဟာ လူကြီးတွေနဲ့ မတူကွဲပြား အလွယ်တကူ ထိခိုက်လွယ်တဲ့အတွက် အရေပြားပြဿနာတွေ ပိုဖြစ် လွယ်ပါတယ်။

အခုခေတ်မှာ ကျန်းမာရေးအသိပညာ တိုးပွားလာတဲ့အတွက် တချို့မိဘတွေဟာ ကလေးငယ်ငယ်အရွယ်ကတည်းက နေကာလိမ်းဆေး ပုံမှန်လိမ်းပေးလာတာ တွေ့ရပါတယ်။ အဲဒါကို ဆွေးနွေးပေးပါ။
ခေတ်ရဲ့ တိုးတက်မှုနဲ့အညီ နေကာလိမ်းဆေးကို လူကြီးများမှာသာမက ကလေးများမှာပါ သုံးစွဲလာကြတယ်။ နေကာလိမ်းဆေးများဟာ ကောင်းတယ်။ ကလေးတွေရဲ့ နုနယ်တဲ့ အသားအရေကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ပေးတယ်။ ဒါပေမဲ့ တချို့ပစ္စည်းများဟာ ထိခိုက်ခံစားလွယ်တဲ့ အရေပြားကို ဒုက္ခပေးတတ်တယ်။ အထူးသဖြင့် PABA လို့ခေါ်တဲ့ Para-aminobenzoic Acid ဖြစ်ပါတယ်။
ဒါကြောင့် မသုံးခင် ပါဝင်တဲ့ပစ္စည်းများကို ဖတ် ကြည့်သင့်တယ်။ (၆)လကျော်တဲ့ ကလေးငယ်တွေကို နေကာနံပါတ် SPF 30 အထက် နေကာလိမ်းဆေး လိမ်းပေးနိုင်တယ်။ (၆)လအောက် ကလေးငယ်တွေအတွက် နေကာလိမ်းဆေးသုံးတာကိုတော့ ကျွမ်းကျင်သူတွေက သိပ်အားမပေးကြဘူး။

ပိုးသတ်ဆေးပါဝင်တဲ့ ဆပ်ပြာတွေလည်း အကြီးအကျယ် ကြော်ငြာနေကြပါတယ်။ တကယ်ကောင်းပါသလား။
နားထောင်လို့တော့ ကောင်းတယ်။ ဆပ်ပြာမှာ ပိုးသတ်ဆေးပါလို့ သန့်ရှင်းပေးရုံတင်မက ပိုးမွှားတွေလည်း သေစေနိုင်တယ်ပေါ့။
ဒါပေမဲ့ လုံးဝအကောင်းချည်းတော့ မဟုတ်ဘူးနော်။ ဆပ်ပြာမှာပါနေကျ ပိုးသတ်ဆေး Triclosan ဟာ ကလေးငယ်အချို့ကို မတည့်တာ ဖြစ်စေတတ်တယ်။ တကယ်တော့ ပိုးသတ်ဆေးပါမှ မဟုတ်ပါဘူး။ ရိုးရိုးဆပ်ပြာတွေလည်း ပိုးမွှားကင်းစေ၊ သန့် စင်စေပါတယ်ဆိုတာ ပြောပါရစေ။

ကလေးငယ်တွေနဲ့ လိုးရှင်းတွေအကြောင်းလည်း ပြောပြပေးပါ။
ကလေးအသားကို လိုးရှင်းလိမ်းပေးတာ ကောင်းတယ်။ ဒါပေမဲ့ လိုးရှင်းမှာပါတဲ့ အနံ့ကြောင့် မတည့်တာဖြစ်တတ်တယ်။ အထူးသဖြင့် ယားနာဖြစ်နေတဲ့ ကလေးများမှာ ပိုပြီးဖြစ်တတ်ပါတယ်။
အနံ့တွေအပြင် လိုးရှင်းတာရှည်ခံအောင်သုံးတဲ့ Parabens နဲ့ Phthalates တွေဟာလည်း ဟိုမုန်း ပြဿနာဖြစ်စေနိုင်တယ်။ ဒါကြောင့် ကလေးအသားခြောက်ရင် သတိထားပါ။ ဆပ်ပြာပျော့ပျော့ကိုပဲသုံးပါ။ ကြမ်းကြမ်းမပွတ်ပါနဲ့၊ ခပ်ဖွဖွတိုက်ပါ။ ရေသုတ်ရင် ဖွဖွဖိသုတ်ပါ။ ဘယ်လို လိုးရှင်းလိမ်းရမလဲဆိုတာ ဆရာဝန်ကို မေးထားပါ။

ကလေးအနှီး၊ သေးခံ၊ ဒိုင်ပါတွေကလည်း မကြာမကြာ ပြဿနာဖြစ်တတ်တော့ ရှင်းပြပေးပါဦး။
တိုးတက်နေတဲ့ခေတ်မှာ သာမန်အဝတ်အနှီးတွေအပြင် တစ်ခါသုံးအနှီး (Diaper) တွေလည်း အလွန်အသုံးများလာတယ်။ အဲဒါတွေမှာ အရက်ပြန်၊ အရက်ပြန်လို ပစ္စည်းတွေနဲ့ အနံ့တွေပါတယ်။ မတည့်တာဖြစ်တတ်တယ်။ တစ်ချို့ဆို အနှီးလောင်တတ်တယ်။ အနှီးနဲ့ ထိတွေ့နေတဲ့ တင်ပါး၊ ခါး၊ ပေါင်တစ်ဝိုက်မှာ အလားဂျစ်ယားနာဖြစ်စေတတ်တယ်။ အဲလိုအချိန်မှာ အဝတ်အနှီးသုံးပါ။ ဖွဖွသုတ်ပါ။ ဆရာဝန်ကိုပြပြီး အနှီးလောင်သက်သာဆေးလိမ်းနိုင်ပါတယ်။

အဝတ်လျှော်ဆပ်ပြာမှုန့်နဲ့ မတည့်တာမျိုး မဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲ။
အဝတ်လျှော်ဆပ်ပြာမှုန့်မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် တုံ့ပြန်ယားနာ ဖြစ်တတ်တယ်။ တုံ့ပြန်ယားနာဆိုတာ အဲဒီဓာတုပစ္စည်းတွေကို ကလေးအရေပြားက သာမန်ထက် ပိုမိုလွန်ကဲစွာ တုံ့ပြန်ပြီး ယားနာကွက်တွေပေါ်လာတာပါ။ နဂိုအလာဂျစ်ယားနာအခံရှိတဲ့ ကလေးတွေမှာ ပိုဖြစ်လွယ်ပါတယ်။ ဒါကြောင့် ရေမွှေး၊ ရနံ့၊ ဆိုးဆေးမပါတဲ့ ဆပ်ပြာမှုန့်ပျော့ပျော့ကိုသာ သုံးပါ။ အဲဒါအပြင် ကလေးအဝတ်နဲ့ အိပ်ရာ စတဲ့ အဝတ်အထည်တွေလျှော်တဲ့အခါ ဆပ်ပြာမှုန့် အြွကင်းအကျန်မရှိအောင် ရေစင်စင်ဆေးပါ။

အဝတ်ပျော့ဆေးတွေရောသုံးသင့်သလား။
ကိုယ့်ကလေးက မတည့်တာဖြစ်တတ်ရင် အဝတ်ပျော့ဆေးတွေသုံးတာ တတ်နိုင်သလောက်ရှောင်ပါ။ အဝတ်ပျော့ဆေးမှာ Limonene နဲ့ Benzyl Acetate ရနံ့နဲ့ ဓာတုပစ္စည်းတွေပါတယ်။ သူတို့က မတည့် တာဖြစ်တတ်တယ်။ အရေပြားအပြင် မျက်လုံး၊ နှာခေါင်းနဲ့ လည်ချောင်းပြဿနာတွေ ဖြစ်စေနိုင်တယ်။ အဝတ်လျှော်တဲ့အခါ အဝတ်ပျော့ဆေးအစား မုန့်ဖုတ်ဆော်ဒါ(သို့) ရှာလကာရည်တစ်ခွက်လောက် ရောနှောပြီး သုံးနိုင်တယ်။

ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေအကြောင်းပဲ ရှင်းပြပါ။
ကလေးအတွက်သုံးတော့မယ်ဆိုရင် ရှန်ပူနဲ့ ဆံပင် ပျော့ဆေးတွေမှာ ရေးထားတာတွေကို ဖတ်ကြည့်ပါ။ တချို့ ဓာတုပစ္စည်းနဲ့ ရနံ့တွေက ကလေးခေါင်းမှာ အရေပြားပြဿနာဖြစ်နိုင်တယ်။ ဖော်မယ်ဒီဟိုက် (Formaldehyde)၊ Phthalates နဲ့ Dioxane စတာတွေပါ။ ဒါကြောင့် ရနံ့နဲ့ ဓာတုပစ္စည်းအနည်းဆုံး ပါဝင်တဲ့ သဘာဝပစ္စည်းတွေကိုသုံးပါ။

အိမ်သုံး သန့်ရှင်းရေးပစ္စည်းတွေဟာလည်း ကလေးတွေကို အရေပြားပြဿနာဖြစ်စေတတ်တယ်လို့ သိရပါတယ်။ အဲဒါကိုလည်း ရှင်းပြပေးပါဦး။
ကြမ်းတိုက်ဆေး၊ အိမ်သန့်ရှင်းရေးပစ္စည်းတွေမှာ ပါဝင်တဲ့ ဖီနောပစ္စည်းများ (Alkylphenal Ethoxylates) စတာတွေဟာ ကလေးအသားနဲ့ထိရင် အရေပြားကနေတစ်ဆင့် ကိုယ်ခန္ဓာထဲကို စုပ်ယူစေပြီး ဟိုမုန်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်တယ်။ အမိုးနီး ယား (Amonia) လိုပစ္စည်းကတော့ အသက်ရှုကျပ်တာ၊ နှာရည်ယိုတာ၊ အရေပြားလောင်တာ၊ မျိုချရင်း အဆိပ်သင့်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကလေးအတွက်ဆိုရင် ဓာတုပစ္စည်းနည်းတဲ့ သန့်ရှင်းရေးပစ္စည်းတွေသုံးပါ။ ဒါမှမဟုတ် ရေ၊ ရှာလကာရည်၊ မုန့်ဖုတ်ဆော်ဒါ စတာတွေနဲ့ပဲ သန့်ရှင်းရေးလုပ် ပါ။

ခြင်မကိုက်အောင် လိမ်းတဲ့ဆေး၊ အင်းဆက်ပိုး ကာကွယ်ဆေးတွေရော သုံးသင့်ပါသလား ပြောပြပေး ပါ။
ခြင်မကိုက်အောင်၊ အင်းဆက်ပိုးမကိုက်အောင် လိမ်းဆေး၊ ဖျန်းဆေးတွေကို အခုခေတ်မှာ လွယ်လွယ် ဝယ်ယူအသုံးပြုနေကြပြီ။ အင်းဆက်ပိုးမလာအောင် အသားမှာ လိမ်းပေး၊ ဖျန်းပေးရတာပါ။ အဲဒီဆေးတွေ မှာ ပါဝင်တဲ့ PEET ခေါ် ဓာတုပစ္စည်းက ပြဿနာ ဖြစ်တတ်တယ်။ အဲဒါနဲ့ နေကာလိမ်းဆေး ရောလိမ်းမိ ရင်လည်း နေကာလိမ်းဆေး အာနိသင်လျော့စေတယ်။ ဒါကြောင့် PEET ၃၀ ရာခိုင်နှုန်းအောက်သာပါဝင်တဲ့ အင်းဆက်ပိုးကာကွယ်လိမ်းဆေးများသုံးပါ။ အသက် နှစ်လအောက်ကလေးတွေမှာ ဒီဆေးတွေ လုံးဝမသုံးရပါဘူး။

နောက်ဆုံးမေးချင်တာက ကြွက်သတ်ဆေး၊ ကြမ်းပိုးသတ်ဆေး၊ ပိုးသတ်ဆေးတွေ အကြောင်းပါ။
ကလေးငယ်တွေ လမ်းမလျှောက်တတ်ခင်မှာ လေးဖက်ထောက်သွားမယ်၊ ဝမ်းလျားမှောက်သွားမယ်၊ ကြမ်းပြင်ပေါ်မှာနေတဲ့အချိန်က များတယ်။ ဒါကြောင့် ကြမ်းပြင်ပေါ်က မတည့်တာတွေဟာ ပါးစပ်ထဲကို လွယ်လွယ်ဝင်စေနိုင်တယ်။ ကြမ်းပိုး သတ်ဆေး၊ ကြွက်သတ်ဆေး၊ ပိုးဟပ်မလာအောင် တားတဲ့ မြေဖြူမှုန့် စတာတွေဟာ ထိမိ၊ မျိုချမိရင် အရေပြားနဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တယ်။ ဒါကြောင့် ကလေးငယ်ရှိရင် အခြားပစ္စည်းတွေသာမက ကြမ်းပြင်တွေကိုပါ သန့်ရှင်းလုံခြုံအောင် တားဖို့ မမေ့သင့်ပါဘူး။

#ဒေါက်တာစိုးဝင်းဦး
အရေပြားအထူးကုဆရာဝန်ကြီး

12/09/2024
သင့်မျက်နှာက ပြောပြနေသည့် သင့်ကျန်းမာရေး*******ဒေါက်တာစိုးဝင်းဦးအရေပြားအထူးကုဆရာဝန်ကြီး------------------------------ ခန...
15/11/2023

သင့်မျက်နှာက ပြောပြနေသည့် သင့်ကျန်းမာရေး
*******
ဒေါက်တာစိုးဝင်းဦး
အရေပြားအထူးကုဆရာဝန်ကြီး
------------------------------

ခန္ဓာကိုယ်မှာ အမှတ်မိလွယ်ဆုံးနေရာဟာ သင့်မျက်နှာပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက တစ်ဦးချင်း ခွဲခြားရ ခက်ခဲပေမဲ့ မျက်နှာကတော့ ခွဲခြားလို့ အကောင်းဆုံးပါ။ ဒါကြောင့်လည်း မှတ်ပုံတင်၊ လိုင်စင်ဓာတ်ပုံတွေမှာ မျက်နှာပုံကိုပဲ အဓိက အမှတ်အသားပြု ရိုက်ကူးခွဲခြားထားကြတာပါ။
အဲဒီလို တစ်ဦးနှင့်တစ်ဦး ခွဲခြားနိုင်ရုံတင်မကဘဲ သင့်မျက်နှာဟာ သင့်ကျန်းမာရေးအကြောင်းကို ပြောပြနေတယ်ဆိုတာ ယုံပါသလား။ ဟုတ်ပါတယ်။ သေချာကြည့်ရှု ခွဲခြားမယ်ဆိုရင် မျက်နှာအရေပြားဟာ ကျန်းမာရေးအကြောင်း တချို့သောအရာတွေကို ပြောပြနေပါတယ်။

အသားဝါတာ၊ မျက်လုံးတွေဝါတာ
အရေပြားနဲ မျက်လုံးတွေ ဝါလာတာဟာ ကိုယ်တွင်းမှာ ပြဿနာအချို့ ရှိနေပြီဆိုတာကို ပြပါတယ်။ သွေးနီဥဆဲလ်တွေ ပြိုကွဲပျက်စီးပြီး ထွက်လာတဲ့ ဘေးထွက်ပစ္စည်းဟာ သွေးကနေ တစ်ဆင့် အရေပြားနဲ့ မျက်လုံးတွေမှာ ထင်ကျန်နေခဲ့တဲ့အခါ အသားဝါမျက်လုံးတွေ ဝါလာပါတယ်။ မွေးကင်းစ ကလေးငယ်တွေမှာ အသည်းက ရာနှုန်းပြည့် အလုပ်မလုပ်နိုင်သေးတဲ့အခါ အသားဝါတတ်ပါတယ်။ လူကြီးတွေမှာတော့ အသားဝါတာဟာ အရေးကြီးပါတယ်။ အသည်းရောင်ပြီး အသားဝါလေ့ရှိပါတယ်။ အသည်းတင်မကဘဲ သည်းခြေအိတ်၊ ပန်ကရိယ စတာတွေမှာ ရောဂါဖြစ်ရင်လည်း အသားဝါပါတယ်။ အရက်ကြောင့် အသည်းပျက်စီးရင်လည်း အသားဝါပါတယ်။ ဒါကြောင့် အသားဝါတာဟာ အရေးကြီးပါတယ်။

မှဲ့
မျက်နှာမှာ မှဲ့တွေပေါ်တတ်ပါတယ်။ အဖုအလုံး စိတ်နေနဲ့ ရှိသလို ရိုးရိုးအစက်အကွက်လေးတွေပုံစံလည်း ရှိပါတယ်။ အညို၊ အမည်း အရောင်တွေ များတယ်။ မှဲ့အများစုဟာ စိုးရိမ်ဖို့မလိုပါဘူး။ ဒါပေမဲ့ မှဲ့ပုံစံ ပြောင်းလာလို့ဆိုပြီး လာပြကြတဲ့သူတွေ အများကြီးပဲ။ ဆရာဝန် ကို မပြခင် ဟောဒီအချက်တွေနဲ့ အရင် စစ်ဆေးကြည့်နိုင်တယ်။

A,B,C,D,E လို့ အလွယ်မှတ်ရအောင်။
A= Asymmetry - ဘေးနှစ်ဘက်မညီညာပါ။
B = Border - နှုတ်ခမ်းသားတွန့်နေတာပါ။
C = Color - မှဲ့အရောင် မညီညာတာပါ။
D = Diameter - မှဲ့အရွယ်အစား ပဲစေ့ (သို့) ၆မီလီ မီတာထက် ကြီးနေတာပါ။
E = Evolving - ရက်သတ္တပတ်အနည်းငယ်အတွင်း မှဲ့ပုံစံပြောင်းလာတာပါ။
ဒါတွေရှိရင်တော့ ကျွမ်းကျင်သူထံ အမြန်ပြသပါ။

နှုတ်ခမ်းရေယုန်
နှုတ်ခမ်း၊ ပါးစပ်၊ နှာခေါင်းတစ်ဝိုက်မှာ အရည်ကြည်ဖုလေးတွေ အစုလိုက် ပေါက်လာတယ်။ နာလည်းနာတယ်။ အဲဒါ ရေယုန်ပါ။ ရေယုန်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ ထိတွေ့မှုနဲ့ ကူးစက်လာတာပါ။ ပြီးရင် ဗိုင်းရပ်စ်ပိုးက ကိုယ်ခန္ဓာထဲမှာ အောင်းနေတယ်။ ဖျားနာတဲ့အခါ စိတ်လှုပ်ရှားတဲ့အခါ၊ ပင်ပန်းနွမ်းနယ်တဲ့အခါ၊ နေရောင်ခြည် ကြာကြာထိတွေ့တဲ့အခါ၊ လစဉ်ဓမ္မတာပေါ်တဲ့အခါ စတဲ့ တစ်ခုခုမှာ ပြန်ပြန်ပေါ်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ သူ့ဟာသူ ပျောက်သွားတယ်။ ဖြစ်တာဆိုးတယ်။ ခဏခဏ ပြန်ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြပါ။

နှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်း
လူတိုင်းလိုလို နှုတ်ခမ်းခြောက်ဖူးကြမှာပါ။ အထူးသဖြင့် ဆောင်းရာသီမှာ ပိုဆိုးတာပေါ့။ ခြောက်ရုံတင်မကဘူး။ ကွဲအက်ပြီး သွေးထွက်တာမျိုးတောင် ဖြစ်တတ်တယ်။ နှုတ်ခမ်းအဆီလိမ်းလိုက်ရင် ပြန်ကောင်းသွားတယ်။ ဒါပေမဲ့ တခြားအကြောင်းတွေကြောင့် နှုတ်ခမ်း ခြောက်တာ၊ ကွဲတာတွေလည်း ရှိတယ်။ ရေသောက်နည်းလို့ ရေဓာတ် ခန်းခြောက်တဲ့အခါ အလာဂျီဓာတ်မတည့်တာမျိုး၊ အလှကုန်မတည့် တာမျိုး၊ သောက်ဆေးတွေကြောင့် စတာတွေကြောင့်လည်း ဖြစ်တတ် တယ်။

မျက်နှာပေါ်က လိပ်ပြာပုံစံအနီကွက်
ဆေးပညာနဲ့ ရင်းနှီးတဲ့သူတွေ ဒါကို ကောင်းကောင်းသိတယ်။ မျက်နှာပေါ်မှာ အနီကွက်ပေါ်တိုင်း စိုးရိမ်စရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလို လိပ်ပြာပုံအနီကွက်ပေါ်လာရင်တော့ သတိထားပေတော့။ ပါးနှစ်ဖက်နဲ့ နှာခေါင်းမှာ လိပ်ပြာပုံစံ အနီကွက်ဟာ Lupus ခေါ် အရေပြားလေးဖက်နာရဲ့ လက္ခဏာတစ်ခုပါ။ ကိုယ်ခန္ဓာရောဂါခုခံမှု စနစ်မှာ ပြဿနာဖြစ်နေတယ်ဆိုတာ ပြတယ်။ ဒီလို အနီကွက်အပြင် ဖျားခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ လက်ချောင်း၊ ခြေချောင်းတွေ အအေးနဲ့ တွေ့တဲ့အခါ ပြာနှမ်းခြင်းတွေပါ ဖြစ်တတ်တယ်။ ဒါကြောင့် ဒီလို အနီကွက်ထွက်ရင် ကျွမ်းကျင်သူနဲ့ သေချာစစ်ဆေးသင့်တယ်။

မလိုအပ်သော အမွေးအမှင်များ
အမွေးဆိုတာ ပေါက်သင့်တဲ့နေရာမှာ ပေါက်မှ ကြည့်လို့ကောင်း တယ်။ ဥပမာ ဦးခေါင်း၊ မုတ်ဆိတ် စတာမျိုးပေါ့။ မပေါက်သင့်တဲ့နေရာမှာ ပေါက်ရင် ကြည့်ရဆိုးတယ်။ ဥပမာ အဘိုးကြီးတွေ မျက်ခုံး မွှေးတွေ ရှည်လာတာမျိုး၊ နားထဲမှာ အမွေးပေါက်တာမျိုး၊ အမျိုးသမီးတွေ မေးစေ့မှာ အမွေးပေါက်တာမျိုးပေါ့။ အဲလိုပဲ လူလတ်ပိုင်း အမျိုးသမီးတွေ သားဥအိမ်မှာ အရည်အိတ်တည်ရင် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေ ပေါက်တတ်တယ်။ စတီးရွိုက်လိမ်းဆေးသောက်ဆေးတွေကြောင့်လည်း အဲလိုနေရာတွေမှာ အမွေးတွေ ပေါက်တတ်တယ်။

မျက်ခွံတွဲခြင်း
ဆေးပညာအရ မျက်ခွံတွဲတာကို ptosis (သို့) blephroptosis လို့ ခေါ်တယ်။ တစ်ဖက် (သို့) နှစ်ဖက်လုံး ဖြစ်တတ်တယ်။ သိပ်ဆိုးရင် မျက်လုံးပိတ်ပြီး မမြင်ရဘူး။ မွေးကတည်းက ပါလာပြီး မစိုးရိမ်ရတာလည်း ရှိတယ်။ ဒါမှမဟုတ် ဦးနှောက်၊ အာရုံကြောနဲ့ မျက်လုံးပြဿနာတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေဖြစ်တဲ့အခါ နာရီအတော်ကြာ၊ ရက်အတော်ကြာ၊ အရာဝတ္ထု နှစ်ခုမြင်၊ ကြွက်သားအားနည်း၊ အစာမျိုရေမျိုရခက်၊ ခေါင်းအရမ်း ကိုက်တာမျိုးတွေလဲဖြစ်ရင် သတိထားရမယ်။ လေဖြတ်တာရဲ့ လက္ခဏာတွေပါ။

မျက်နှာတစ်ခြမ်းရွဲ့ ခြင်း
သင့်ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု လှုပ်လို့မရဘူး ဆိုရင်တော့ အရေးကြီးပြီ၊ ဆေးကုသမှုချက်ချင်းခံယူသင့်တယ်။ မျက်နှာတစ်ခြမ်း ရွဲ့ရင် လေဖြတ်တာမျိုးကြောင့် ဖြစ်တတ်သလို ဗိုင်းရပ်စ်ပိုးကြောင့် မျက်နှာ၊ အာရုံကြောရောင်ပြီး ကြွက်သားလှုပ်မရတာမျိုးလည်း ရှိတယ်။ ဒါကို Bell's Palsy လို့ ခေါ်တယ်။ ရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်ကောင်းသွားတယ်။

အခြားလက္ခဏာများနှင့် တွဲပေါ်သော မျက်နှာတစ်ခြမ်းသေခြင်း
လေဖြတ်ရင် ဒါမျိုးဖြစ်တယ်။ မျက်နှာတစ်ခြမ်း လှုပ်လို့မရဘူး။ မျက်ရည်တွေကျ၊ သွားရည်တွေကျတယ်၊ မျက်နှာတစ်ခြမ်းသေတယ်လို့ ခေါ်တယ်။ ဦးနှောက်သွေးကြောပေါက်လို့ (သို့) ပိတ်လို့လေဖြတ်တာပါ။ မျက်နှာတစ်ခြမ်း ရုတ်တရက်လှုပ်လို့မရတော့ဘူး။ အဲဒါ အပြင် လက်၊ ခြေတွေ ထုံတာ၊ ကျင်တာ၊ စကားမပီတာ၊ မျက်လုံးဝါတာ၊ ခေါင်းမူးတာ၊ ရေနဲ့ အစာရေမျိုရခက်တာတွေပါ ရောနှောဖြစ်တတ်တယ်။

မျက်ခွံပေါ်က အဝါဖတ်တွေ
အပေါ်မျက်ခွံ၊ အောက်မျက်ခွံရဲ့ ထောင့်တွေမှာ အဝါဖတ်တွေ ကပ်နေသလိုမျိုး ဖြစ်နေတယ်။ အဲဒါ မျက်ခွံမှာ ကိုလက်စထရော အဆီစုတာပါ။ xanthelasma လို့ ခေါ်တယ်။ နာကျင်မှုမရှိဘူး၊ ဒုက္ခမပေးဘူး။ ဒါပေမဲ့ ကြည့်မကောင်းတာမျိုး ရှိတယ်။ မကြိုက်ရင် ခွဲထုတ်လိုက်လို့ ရတယ်။ ဒါပေမဲ့ သင့်သွေးထဲမှာ ကိုလက်စထရော အဆီများနေနိုင်တယ်။ နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ စစ်ဆေးသင့်တယ်။

အောက်မျက်ခွံမို့ခြင်း
အောက်မျက်ခွံမှာ အရည်လိုဟာမျိုးစုလာပြီဆိုရင် မျက်ခွံမို့ပြီး ဖောင်းလာပါတယ်။ လူအိုက်စွတ်စိုတဲ့ ရာသီ၊ အိပ်ရေးပျက်ခြင်း၊ အငန်စားတာများခြင်းနဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဒါမျိုးဖြစ်တတ်တယ်။ အသက်ကြီးလေ ပိုဖြစ်လွယ်လေပါ။ မျက်ခွံတင်မကဘဲ မျက်လုံးတွေပါ နီရဲတာ၊ ယားယံတာတွေ ဖြစ်တယ်ဆိုရင်တော့ အစားအသောက်၊ မိတ်ကပ်၊ ရေမွှေး၊ အလှကုန်၊ ပန်းဝတ်မှုန် စတာတွေကြောင့် အလာဂျီဖြစ်တာ၊ ရောဂါပိုးကူးစက်တာတွေကြောင့် ဖြစ်တတ်တယ်ဆိုတာ သိထားသင့်တယ်။

တင်းတိပ်
မျက်နှာမှာပေါ်လာတဲ့ အညို၊ အမည်းအကွက်တွေဟာ တင်းတိပ်ဖြစ်ဖို့ များတယ်။ အလှဖျက်တယ်၊ ကြည့်ရတာဆိုးတယ်။ ကိုယ်ဝန်ဆောင်တာ၊ မီးဖွားတာ၊ ဟော်မုန်းပြောင်းလဲမှု၊ သန္ဓေတားဆေး၊ နေရောင်ခြည် ထိတွေ့မှုများတာတွေကြောင့် ဖြစ်လေ့ရှိတယ်။ အလှအပပြဿနာဖြစ်လို့ နေကာလိမ်းဆေး၊ အရောင်ချွတ်ဆေး၊ ပီးလင်း (Peeling) ဆေးလိမ်းခြင်း၊ လေဆာစတာတွေနဲ့ ကုသရတယ်။

ဆံပင်ကွက်ပြီး ကျွတ်ခြင်း
မျက်ခုံးမွေးတွေ၊ မျက်တောင်တွေ ကျွတ်တယ်။ ဆံပင်လည်း ကွက်ပြီး ကျွတ်တယ်၊ ကျွတ်တဲ့နေရာမှာ လည်း ပြောင်ချောနေတယ်။ ဆံပင်အမြစ်ကနေ ကျွတ်ထွက်သွားလို့ ချောနေတာပါ။ ဆံပင်ကွက် ကျွတ်တယ်လို့ ခေါ်တယ်။ ဖြစ်တဲ့အကြောင်းရင်း အတိအကျ မသိပေမဲ့ ကိုယ်ခန္ဓာခုခံမှုစနစ် အပြောင်းအလဲကြောင့် ဖြစ်တာ များတယ်။ ဒါပေမဲ့ ကိုယ်တွင်းရောဂါ ဆိုးဆိုးဝါးဝါးဖြစ်လေ့မရှိဘူး။ လအနည်းငယ်ကြာရင် ပြန်ပေါက်လာကြတယ်။ လိမ်းဆေး၊ သောက်ဆေးနဲ့တွဲလျက် ကုရင်တော့ ပိုမြန်မြန်ပျောက်တယ်။

#ဒေါက်တာစိုးဝင်းဦး
#အရေပြားအထူးကုဆရာဝန်ကြီး

18/09/2022
23/07/2022
25/04/2022
19/04/2022

Hiruscar Kids’ ရဲ့ သိလိုရာမေး သားသားမီးမီးတို့အတွက် အရေပြားကျန်းမာရေး အစီအစဉ် ( ဒုတိယပိုင်း )
ဖေဖေမေမေတို့ရေ...
သားသားမီးမီးလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေနဲ့ ပတ်သက်ပြီး သိလိုသမျှမေးခွန်းလေးတွေကို ဒီ postရဲ့ Commentမှာ မေးမြန်ထားနိုင်ပါတယ်ရှင်☺️☺️☺️
မေးမြန်းထားတဲ့ မေးခွန်းလေးတွေကို စုစည်းပြီးတော့ အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးနဲ့အတူ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ကနေ လာမယ့် ဧပရယ်လ ၂၄ရက်နေ့ တနင်္ဂနွေနေ့ မှာ Videoကနေတဆင့် ပြန်လည်ဖြေကြားပေးသွားမှာဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်ရှင်။
*** ဒီအစီအစဉ်ကိုတော့ Hiruscar Kids မှ အဓိက ကူညီပံ့ပိုးပေးထားပါတယ်ရှင် ***

15/04/2022
ဖေဖေမေမေတို့ရေ...သားသားမီးမီးလေးတွေမှာ ဖြစ်တတ်တဲ့အရေပြားပြဿနာတွေနဲ့ ပတ်သက်ပြီး သိလိုတဲ့အကြောင်းအရာလေးတွေကို ဒီပိုစ့်ရဲ့ ...
05/04/2022

ဖေဖေမေမေတို့ရေ...
သားသားမီးမီးလေးတွေမှာ ဖြစ်တတ်တဲ့အရေပြားပြဿနာတွေနဲ့ ပတ်သက်ပြီး သိလိုတဲ့အကြောင်းအရာလေးတွေကို ဒီပိုစ့်ရဲ့ Comment မှာ မေးမြန်းထားနိုင်ပါတယ်ရှင်...
လာမယ့် ဧပြီလ ၁၅ရက်နေ့ သောကြာနေ့မှာတော့ အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးနဲ့အတူ သရုပ်ဆောင် မနန်းမြတ်ဖြိုးသင်းတို့ကနေ ဖေဖေ၊မေမေတို့ သိလိုတဲ့ မေးခွန်းလေးတွေကို ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ပေးကြဖို့ မမေ့ကြနဲ့နော်...🤩🤩🤩

Hiruscar Kids အကြောင်း
Hirusar Kids မှာ အစွမ်းထက် မော်လီကျုး ၅ မျိုးပါဝင်ပြီး သားသားမီးမီးတို့ရဲ့ နူးညံ့တဲ့အသားအရေအတွက် ရှားစောင်းလက်ပတ် အပြင် နှံစားပြောင်း အနှစ် အဓိကပါဝင်တာကြောင့် ရေဓါတ်ကို ဖြည့်တင်းပေးပြီး အမာရွတ်ကြောင့် ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး ယားယံခြင်းများကိုလည်း သက်သာစေပါတယ်။
ကလေးတွေမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စဖြစ်ခဲ့တဲ့ အမာရွတ်တွေ၊ ခြင်တွေ၊ အင်းဆက်ပိုးမွှားတွေ ကိုက်ရာက ကျန်ခဲ့တဲ့ကုတ်ခြစ်ရာတွေနဲ့ ရေကျောက်ပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေအတွက် အသုံးပြုနိုင်ပါတယ်။
အသက် ၂နှစ်နှင့်အထက် ကလေးငယ်တွေကို စသုံးပေးနိုင်ပြီး သွေးထွက် ဒဏ်ရာတွေပေါ်ကို လိမ်းလို့မရပါဘူး။ အနာကျက်ပြီဆိုမှပဲ Hiruscar Kids ကို စလိမ်းလို့ရမှာဖြစ်သလို ကလေးရဲ့မျက်လုံးနဲ့ ပါးစပ်ထဲကို မဝင်စေဖို့ကိုလည်း အထူးသတိပြုရမှာဖြစ်ပါတယ်ရှင်…

19/01/2022

အမည်းစက်အမာရွတ်တွေ အမြန်ဆုံးပျောက်ကင်းစေမယ့်နည်းလမ်းများ
~~~~~~~~~~~~~~~~~
· အမည်းစက်အမာရွတ်တွေရဲ့ ဒုက္ခ
· ဒီပြဿနာတွေရဲ့ တရားခံက ဘာတွေလဲ
· အမည်းစက်အမာရွတ်တွေမဖြစ်အောင် ဘာတွေရှောင်မလဲ
· မြန်မြန်ပျောက်စေမယ့် နည်းလမ်းတွေ
စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အရေပြားအထူးကုဆရာဝန် ဒေါက်တာစိုးဝင်းဦးမှ လာမယ့် စနေနေ့ည( ၇ ) နာရီမှာ မျှဝေပေးသွားမှာဖြစ်တာကြောင့်မလို့ စောင့်မျှော်ကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်…

“ မေးချင်ရာမေး - လက်အရေပြား ကျန်းမာရေး “
12/10/2021

“ မေးချင်ရာမေး - လက်အရေပြား ကျန်းမာရေး “

ဒီတစ်ပတ်အတွက် အမေးအဖြေ အစီအစဉ်အချိန်လေးရောက်ရှိလာပြီဘဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ 'လက်အရေပြားကျန်းမာရေးနဲ့ပတ်သက်ပြီး' သိလိုရာမေးမြန်းလိုတာလေးတွေကို ကွန့်မန့်မှာ အောက်တိုဘာလ (၁၄) ရက် နေ့ အထိမေးမြန်းထားနိုင်ပါတယ်။

မေးခွန်းလေးတွေရဲ့အဖြေကိုတော့ Dr. စိုးဝင်းဦး (အရေပြားအထူးကုဆရာဝန်ကြီး) မှ အောက်တိုဘာလ (၁၅) ရက်နေ့တွင်ပြန်လည်ဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်။



Address

Yangon
11151

Alerts

Be the first to know and let us send you an email when Soe Win Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram