Beauty & Healthy Life by maythu

Beauty & Healthy Life by maythu ပစ္စည်းမှာယူရန် chat box (or) ☎️0️⃣9️⃣9️⃣8️⃣8️⃣8️⃣2️⃣6️⃣9️⃣8️⃣9️⃣ဆက်သွယ်ပါရှင့်။

09/02/2024
💙💙💙
06/02/2024

💙💙💙

05/02/2024

လူကျင့်ဝတ်နဲ့ဆိုင်လား😁

📱 မိုဘိုင်းဖုန်း အသုံးများခြင်းကြောင့် ဖြစ်နိုင်သော ကျန်းမာရေးပြဿနာများ ‼️--------------------နည်းပညာများတိုးတက်လာခြင်း ...
03/02/2024

📱 မိုဘိုင်းဖုန်း အသုံးများခြင်းကြောင့် ဖြစ်နိုင်သော ကျန်းမာရေးပြဿနာများ ‼️

--------------------

နည်းပညာများတိုးတက်လာခြင်း နှင့် ကပ်ရောဂါကာလ အိမ်တွင်းပုန်းရသော အခြေအနေများကြောင့် ယနေ့ခေတ်မှာ လူတိုင်းဟာ မိုဘိုင်းဖုန်းအသုံးပြုမှုများလာတာကို တွေ့ရပါတယ်။
မိုဘိုင်းဖုန်းများဟာ လျှပ်စစ်သံလိုက်လှိင်း (Electromagnetic radiation) ကို ထုတ်လွှတ်ပါတယ်။ အဆိုပါလှိင်းများကြောင့် ခေါင်းကိုက်ခြင်း နှင့် ဦးနှောက်အကျိတ်များ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသော်လည်း ဖြစ်နိုင်ခြေက အောက်ပါအချက်များပေါ် မူတည်ပြီး ကွာခြားပါတယ်။
• ဖုန်းအသုံးပြုမှု ကြာချိန်
• ဖုန်းနှင့် ခန္ဓာကိုယ်အကွာအဝေး
• ဖုန်းတိုင်များနှင့် အကွာအဝေး
ထိုအပြင် ဖုန်းအသုံးပြုမှုများခြင်းကြောင့် မျက်လုံးကျိန်းစပ်ခြင်း၊ မျက်စိမှုန်ခြင်း၊ လက်နာကျင်ကိုက်ခဲခြင်း၊ ဇက်ကြောတက်ခြင်း၊ ဇက်ကျီးပေါင်းရောဂါများ စသည် ဖြစ်နိုင်ခြေများပါတယ်။


#ကျန်းမာရေးဗဟုသုတ
&healtybymaythu

✅ သားသားမီးမီးတို့ကို နေပူဒဏ်မှ ကာကွယ်ပါ ✅-------------------●  နေပူပြင်းချိန် (မနက် ၁၀ နာရီမှ ၅ နာရီ) တတ်နိုင်သမျှ အပြင...
03/02/2024

✅ သားသားမီးမီးတို့ကို နေပူဒဏ်မှ ကာကွယ်ပါ ✅

-------------------

● နေပူပြင်းချိန် (မနက် ၁၀ နာရီမှ ၅ နာရီ) တတ်နိုင်သမျှ အပြင်မထွက်ပါနှင့်။
● လေဝင်လေထွက်ကောင်းသော နေရာ၊ နေရိပ်ထဲတွင် ထားပါ။
● အပြင်ထွက်သောအခါ ဦးထုပ်၊ ထီးဆောင်းပေးပါ။
● ချွေးစုပ်သော ၊ လေဝင်လေထွက်ကောင်းသော ချည်သား ဝတ်ဆင်ပေးပါ။
● အရောင်ဖျော့ဖျော့ ပွပွ အဝတ်အစားများ ဝတ်ဆင်ပေးပါ။
● အသားအရေကို နေရောင်ခြည် တိုက်ရိုက်မထိတွေ့ပါစေနှင့်။ အပြင်ထွက်သောအခါ လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပေးပါ။


#ကျန်းမာရေးဗဟုသုတ

&healthybymaythu

02/02/2024

ကြောက်ပါတယ်ဆို ...😂


&healthybymaythu

⚠️အားနာတတ်လား❓⚠️သည်းခံတတ်လား❓⚠️ခံစားလွယ်လား❓ အယ့်အချက်တွေရှိနေလို့....  &healthybymaythu
02/02/2024

⚠️အားနာတတ်လား❓
⚠️သည်းခံတတ်လား❓
⚠️ခံစားလွယ်လား❓

အယ့်အချက်တွေရှိနေလို့....


&healthybymaythu

အလှအပကြိုက်လို့ပါ ယောက်ျားရယ် 😂
01/02/2024

အလှအပကြိုက်လို့ပါ ယောက်ျားရယ် 😂

ဆားနင်းခြင်းအကျိုးကျေးဇူး🔸🔸🔸🔸🔸🔸🔸🔸🔸ဆားကြမ်းလေးနင်းတာပါပဲ...ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆိုတစ်လလောက် အသုံးပြုလို့ရပါတယ်......
03/03/2022

ဆားနင်းခြင်းအကျိုးကျေးဇူး
🔸🔸🔸🔸🔸🔸🔸🔸🔸

ဆားကြမ်းလေးနင်းတာပါပဲ...
ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်....

နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ
ထွက်စေသည်။

ညဘက် နင်းပုံနင်းနည်းကတော့
ခြေထောက်ကို.. ပေါင်ရင်းကစပြီး
ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ။
(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ။

နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်ကချွေးများ ထွက်လာတာ တွေ့ရပါမယ်။
မိနစ် ၃၀ -၄၀ ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ

ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်။

အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ ဆံပင် မကျွတ်တော့ပဲ
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။

-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး

(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။

(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။

(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။

(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။

(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။

(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။

(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။

(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။

ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။

ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။
ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပြီး အပူကင်းပါစေ...
-to-owner

08/11/2021

‼ #အစာအိမ်သမားများတွက်ဆောင်ရန်_ရှောင်ရန်များ ‼

သင်ဟာ အစာအိမ်သမားတစ်ယောက်ဖြစ်တယ်ဆိုရင် ပထမဆုံး မပေါ့ဆပါနဲ့လို့ ပြောချင်ပါတယ်

တခြားအဂ်ါအစိတ်အပိုင်းကို အစားထိုးပြန်လှဲနိုင်တဲ့အခြေနေရှိပေမဲ့ အစာအိမ်ကိုတော့ ပြန်လှဲနိုင်ဖို့ဆိုတာ % အရမ်းနည်းပါတယ်

❌ ရှောင်ရန်အရာများ ❌
- အရက် ဘီယာ ​ဆေးလိပ်လုံးဝရှောင်ပါ
- gas ပါတဲ့အရည်တွေမသောက်ပါနဲ့
- ပူလွန်းစပ်လွန်းသောအစာများရှောင်ပါ
- သားစိမ်းငါးစိမ်းတွေ မစားပါနဲ့
- ကဖိန်းဓာတ်ပါတဲ့အရာများတတ်နိုင်သလောက်ရှောင်ပါ
- ဆိုဒါပါဝင်သောအရည်များရှောင်ပါ
- အကိုက်အခဲပျောက်ဆေးတွေ အဓိကရှောင်ပါ (ထိုးဆေးတွေဆိုပိုဆိုးပါတယ်)

✅ ဆောင်ရန်အချက်များ ✅
- အချိန်မှန်မှန်စားပါ
- အပူအအေးမျသောအစားကိုပိုစားပါ
- အစာချေလွယ်သော အစာများရွေးစားပါ
- ဟင်းသီးဟင်းရွက်ကိုဦးစားပေးစါးပါ
- ကိုက်ခဲလာလျှင် သဘာဝနည်းဖြင့်သာသက်သာမှုယူပါ


📌ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး❌အမျိုးသမီးတွေဟာ ရာသီလာနေပြီဆိုတာနဲ့ ခံစားရတတ်တဲ့ ဗိုက်ပွခြင်း၊ နာကျင်ကိုက...
21/09/2021

📌ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး❌

အမျိုးသမီးတွေဟာ ရာသီလာနေပြီဆိုတာနဲ့ ခံစားရတတ်တဲ့ ဗိုက်ပွခြင်း၊ နာကျင်ကိုက်ခဲခြင်းဝေဒနာတွေ သက်သာစေဖို့ဆေးဝါးတွေ၊ အစားအစာတွေကို အားကိုးတတ်ကြပါတယ်။ ဒါလေးနဲ့သက်သာတယ်ကြားရင် စားကြည့်လိုက်၊သောက်ကြည့်လိုက်နဲ့ စုံလို့ပါပဲ။ ဒါပေမယ့် အဲဒီလို သက်သာစေတယ်ဆိုတဲ့ အစားအစာတချို့ကနောက်ပိုင်းမှာ ရာသီလာစဉ်ဝေဒနာကို ဒီထက်တောင်ပိုဆိုးစေနိုင်တာတွေ ရှိပါတယ်။

လက်ဖက်မစားရဘူး၊ လက်ဖက်ရည်မသောက်ရဘူးဆိုပြီးပြောလေ့ရှိကြပေမယ့် တကယ်တမ်းမစားသင့်တဲ့အရာတွေကိုတော့ မသိလိုက်ဘဲ စားမိနေကြပါတယ်။ အစားအစာရွေးချယ်မှုမှားတဲ့အခါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်လို့ရှောင်သင့်တဲ့ အစားအစာတွေကိုဖော်ပြလိုက်ပါတယ်။

✅(၁) ပြုပြင်စီမံထားတဲ့အစားအစာများ

ဗိုက်ပွနေတဲ့ဝေဒနာရဲ့ တရားခံကို သိပါရဲ့လား။ အငန်ဓါတ်ကဲတဲ့ စားစရာတွေပေါ့။ပြုပြင်စီမံထားတဲ့စားစရာတွေဟာ အငန်ဓါတ်ပါဝင်မှုအများဆုံးအရင်းအမြစ်တွေဖြစ်ပါတယ်။ ထုပ်ပိုးပြီးရောင်းချတဲ့ ရယ်ဒီမိတ်အစားအသောက်တွေကိုရှောင်ပါ။ အာလူးကြော် လိုမျိုး သရေစာတွေအပြင် ဆိုင်ကဝယ်စားတဲ့ အစားအစာတွေကိုလည်းရှောင်ပါ။

✅(၂) အယ်ကိုဟောနဲ့ကဖင်းဓါတ်

ကဖင်းနဲ့ အယ်လ်ကိုဟောပါဝင်တဲ့သောက်စရာတွေက ဆီးရွှင်စေပါတယ်။ ဒါပေမယ့် ကဖင်းဓါတ်က ခန္ဓါကိုယ်ကို မကောင်းတဲ့သက်ရောက်မှုရှိစေနိုင်ပြီး ဝိုင်၊ဘီယာနဲ့ အရက်တွေကိုလည်း ရာသီလာစဉ်အတွင်းရှောင်ထားသင့်ပါတယ်။ကော်ဖီတအားသောက်ချင်နေတယ်ဆိုရင်ရေတွေအဝသောက်လိုက်ပါ။ရေကမှ ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်တင်းပေးနိုင်ပြီး လုပ်ဆောင်ချက်တွေချောမွေ့စေမှာဖြစ်ပါတယ်။

✅(၃) အကြော် အလှော်များနဲ့ ဆီကြော်မုန့်များ

အချိန်ကြာကြာကြော်ထားတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေကိုရှောင်သင့်ပါတယ်။ သူတို့က အက်စထရိုဂျင်ဟော်မုန်းပမာဏကိုမြင့်တက်စေနိုင်လို့ပါ။ အက်စထရိုဂျင်ပမာဏကို တည်ငြိမ်အောင်ထိန်းညှိနိုင်ရင် ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

✅(၄) အဆီများတဲ့အသားများ

အဆီများတဲ့အသားတွေက ရာသီကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်တဲ့ပြည့်ဝဆီတွေပါဝင်မှုများပါတယ်။ အဲဒိအဆီတွေမှာပါတဲ့arachidonic acid ကprostaglandinsတွေထွက်ရှိစေပြီးprostaglandinsတွေကြောင့် သားအိမ်ကျုံ့စေခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေဖြစ်စေပါတယ်။ အဆီများတဲ့စားစရာတွေ စားသုံးခြင်းကြောင့် ရာသီလာတဲ့ပထမရက်မှာပဲ ဗိုက်ပွခြင်း၊ ရင်သားတင်းပြီးနာကျင်ခြင်း၊ဝက်ခြံထွက်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

✅(၅) နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းတွေက ဗိုက်ပွခြင်းကို ပိုဆိုးစေရုံမက နာကျင်ကိုက်ခဲမှုကိုပါပြင်းထန်လာစေနိုင်ပါတယ်။ နွားနို့၊ ချိစ်၊ရေခဲမုန့် တို့လို စားစရာတွေမှာomega-6 fatty acid တစ်မျိုးဖြစ်တဲ့ arachidonic acid၊ ပါဝင်ပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုနဲ့ရောင်ရမ်းခြင်းတို့ကို ပိုဆိုးစေနိုင်ပါတယ်။

✅(၆) အချိုဓါတ်

ရာသီလာချိန်မှာဆို သွေးတွင်းသကြားဓါတ်က ရိုလာကိုစတာလို ထိုးတက်သွားတာပဲ လို့ ဆရာဝန်တွေကပြောပါတယ်။ အချိုများတာတွေ ပိုစားမိရင် နဂိုကမှမြင့်တက်နေတဲ့ သကြားဓါတ်ကို မီးလောင်ရာလေပင့်သလိုဖြစ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သကြားဓါတ်ကရောင်ရမ်းမှုကိုအားပေးလို့ နာကျင်ကိုက်ခဲမှုဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Address

Yangon

Telephone

+959988826989

Website

Alerts

Be the first to know and let us send you an email when Beauty & Healthy Life by maythu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share